HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်



ဘောင်ကျဉ်းလာသည့် သာသနာ
~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံတွင် သံဃာအင်အား
လေးသိန်းကျော်ငါးသိန်းနီးပါးခန့်
ရှိသည်ဟု ခန့်မှန်းရ၏။ ထိုအထဲတွင် နှစ်သိန်းကျော်က ရဟန်းတော်များဖြစ်ပြီး ကျန်နှစ်သိန်းကျော်က ကိုရင်သာမဏေများ ဖြစ်ကြ၏။ ငါးသောင်းနီးပါးခန့်သည်
တောထွက်တောင်ပြန် ရဟန်းများသာဖြစ်ကြ၏။
သံဃာများလာသည်နှင့်အမျှ သာသနာတော်တွင် ဗရုတ်သုက္ခနိုင်လှသော ရဟန်းသံဃာများလည်း ဒုနဲ့ဒေးပင်ရှိလာလေ၏။ ဝိနည်းသိက္ခာနှင့်အညီနေထိုင်၍ စာပေပရိယတ်သင်ကြားနေကြသည့် ရဟန်းသာမဏေများမှာ ထိုဗရုတ်သုက္ခနိုင်လှသော ရဟန်းသာမဏေများကြောင့်
အရှက်ရမျက်နှာပျက်ရသည့်အဖြစ်အပျက်များ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိ၏။
အချို့သောရဟန်းဆိုးရဟန်းညစ်များကြောင့် အကျင့်သိက္ခာနှင့်ပြည့်စုံသည့် ရဟန်းသံဃာများကိုပါ ဒါယကာ ဒါယိကာမများက အထင်မြင်သေးလာကြသည်ကို ရင်နာဖွယ်တွေ့မြင်နေရလေ၏။


စာရေးသူသည် ရန်ကုန်မှ မန္တလေးသို့ မီးရထားဖြင့် ခရီးသွားစဉ် ခေတ်ပညာတတ်
ဒေါက်တာ ဆိုသူနှင့်အတူထိုင်ခဲ့ရ၏။ ခရီးသွားရင်း အချင်းချင်းမိတ်ဆက်၍ စကားလက်ဆုံကျလာ သောအခါ ခေတ်ပညာတတ် ဒေါက်တာဆိုသူဒါယကာက ရဟန်းသံဃာတော်များ၏ အားနည်းချက်များကို ရင်ဖွင့် လျှောက်ထားလေတော့၏။ စာရေးသူလည်း မျက်နှာပူပူနှင့်ပင် နားထောင်နေလိုက်ရ၏။

သူက “သံကိုသံဖျက်၍ သံချေးတက်ရကြောင်း၊ မြတ်စွာဘုရား၏သာသနာတော် ကိုလည်း သာသနာတွင်းသား ရဟန်းများပင် ဖျက်ဆီးမှာဖြစ်ကြောင်း” လျှောက်ထားခဲ့လေ၏။ မိမိက
ထိုဒေါက်တာဒကာလေးအား သာသနာတော်ကို ကြည်ညို၍ ဆည်းကပ်ကိုးကွယ်သည့်အခါ လူကိုမကြည့်ဘဲ မူကိုသာကြည့်သင့်ကြောင်း၊ လူ၏အပြုအမူသည် ဘာသာတရား၏အနှစ်သာရနှင့်
လုံးဝမသက်ဆိုင်ကြောင်း၊ မိမိတို့ကြည့်ရမည်မှာ ဘာသာတရား၏ အနှစ်သာရပိုင်းသာဖြစ်ကြောင်း၊ ထို့ကြောင့် ဗရုတ် သုက္ခနိုင်လှသော ရဟန်းသာမဏေများကြောင့် ဘာသာတရားကို

 

ဘုရားလက်ထက်တော်က ကောသလတိုင်း သာဝတ္တိပြည်၌ လူဦးရေ ၇-ကုဋေရှိသည်။ ၅-ကုဋေမှာ အရိယာဖြစ်၍ ကျန် ၂-ကုဋေမှာ ပုထုဇဉ်များဖြစ်ကြ၏ ။ သာဝတ္တိပြည် အနာထပိဏ်နှင့် ၀ိသာခါတို့သည် သာသနာကို ထောက်ပံ့ရာ၌ ထင်ရှားသူနှစ်ဦးဖြစ်သည်။

ကျောင်းဒကာကြီး အနာထပိဏ်

အနာထပိဏ်၏ ငယ်မည်မှာ သုဒတ္တဖြစ်၍ ရာဇဂြိုလ်သူ သူဌေးဝိသာလ၏ နှမ ပုညလက္ခဏာနှင့် ထိမ်းမြားခဲ့သည်။ ကာဠမည်သော သားနှင့် မဟာသုဘဒ္ဒါ ၊ စူဠသုဘဒ္ဒါ သုမနာသာသမီးသုံးယောက် ထွန်းကားခဲ့သည်။ ဘုရားရှင်သည် ဒုတိယ၀ါအဖြစ် ရာဇဂြိုလ်၌ သီတင်းသုံးတော်မူသော နှစ်မှာပင် အနာထပိဏ်သည် ရာဇဂြိုလ်သို့ အရောင်းအ၀ယ်သွားရာမှ မြတ်စွာဘုရားအား ဖူးတွေ့ရပြီး သောတာပန်အရိယာ ဖြစ်ခဲ့သည်။

သာဝတ္တိပြည်သို့ ကြွရောက် သီတင်းသုံးပါရန်လည်း ဘုရားရှင်အား ပင့်လျှောက်ခဲ့သည်။
သူဌေးကြီးသည် သာဝတ္တိပြည် ဇေတမင်းသား၏ ၁၆-ပယ် ကျယ်သော ဥယျာဉ်မြေကို ငွေ အသပြာ ၁၈-ကုဋေဖြင့်ဝယ်ယူကာ ‘ဇေတ၀န်’အမည်ဖြင့် ကျောင်းတော် ဆောက်လှူသည်။ ဂန္ဓကုဋီကျောင်းတော် အပါအ၀င်ကျောင်းပေါင်း များစွာကို အလုပ်သမား တစ်ထောင်ဖြင့် ခြောက်လ ဆောက်လုပ်ရသည်၊ ၁၈-ကုဋေကုန်ကျလေသည်။ ဇေတ ၀န်ကျောင်းတော်ကြီး ပြီးစီးသောအခါ ဘုရားရှင်ကို ပင့်ဖိတ်ပြီး ၁၈-ကုဋေအကုန်ခံ၍ ခမ်းနားစွာ ရေစက်ချပွဲ ကျင်းပလှူဒါန်းသည်၊ သံဃာတော်တစ်ထောင် နေ့စဉ်ဆွမ်းကပ်သည်။
အိမ်ရှိအမှုထမ်းအားလုံး ဥပုသ်နေ့တွင်ရှစ်ပါးသီလစောင့်ထိန်းကြရသည်။ နို့စို့ကလေး များပင် မွန်းလွဲချိန်၌ နို့မတိုက်ဘဲ ပါးစပ်ကို ရေပတ်တိုက်ပြီး စတုမဓုကိုသာ ခွံ့ကျွေးရသည်။ ၅၄-ကုဋေသော အသပြာငွေကို သာသနာတော် အတွက် လှူဒါန်းခဲ့သော သူဌေးကြီး ဖြစ်လေသည်။
အနာထပိဏ်နှင့် ၀ိသာခါကျောင်းအမကြီးတို့အိမ်၌ သံဃာတစ်ထောင်စီ သီတင်း



ကောသလမင်းကြီးသည် တစ်နေ့တွင် လင်ရှိမယားတစ်ယောက်ကို မတရားသော နည်းဖြင့်ရရန် ကြံစည်နေရာ ညသန်းခေါင်းယံထိ ရောက်သွားတော့သည်။ ညသန်းခေါင်းရောက်သည် နှင့် ဒု၊ သ၊ န၊ သော ဟူသော အသံကြီး လေးမျိုးကို ကြားရသဖြင့် တစ်ညလုံး အိပ်မပျော်နိုင်ဖြစ် ခဲ့ရပါသည်။ မိုးလင်းသောအခါမှ မလ္လိကာဒေ၀ီ၏ အကြံပေးမှုဖြင့် ဘုရားထံမှောက် အရောက်သွားကာ ညက အသံနက်ကြီးများ အကြောင်းကို မေးလျှောက်ပါသည်။ ထိုအခါ မြတ်ဗုဒ္ဓက-
ဒီအသံနက်ကြီးလေးခုသည် အသင်မင်းကြီး၏ အသက်အန္တရာယ်အတွက်မဟုတ်၊ လူ့ဘ၀က ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ကြသော သူဌေးသားလေးယောက် လောဟကုမ္ဘီငရဲအိုးသို့ ကျရောက်ရာ နှစ်ပေါင်းများစွာကြာမှ အိုးနှုတ်ခမ်းပေါ်သို့ ခေါင်းလေး တစ်ခါသာ ပေါ်နိုင်သည်။ ထိုသို့ ပေါ်ချိန်ကလေးတွင် မိမိတို့၏ မိုက်ပြစ်များ၊ လူ့ဘ၀တန်ဖိုးများကို ပြောဆိုကြရာ ဆုံးအောင်မပြောနိုင်ဘဲ တစ်ယောက်လျှင် စကားတစ်လုံးစီသာပြောဆိုပြီး ငရဲအိုးတွင် ပြန်၍နစ်ကြရသည်ဟု ရှင်းပြတော်မူပါသည်။ ၄င်းအသံလေးမျိုးတွင် သော ဟူသော စကားလုံး အဓိပ္ပါယ်သည်...
ငါသည် ဤငရဲဘေးကြီးမှ လွတ်မြောက်၍ အလွန်ရခဲသော လူ့ဘ၀ကို ပြန်၍များရခဲ့လျှင် သူတော်ကောင်းများ၏ တရားကိုလည်း ကောင်းစွာ နာယူပါ့မယ်။ ငါးပါးသီလ၊ ရှစ်ပါးသီလကိုလည်း ပြည်စုံအောင် စောင့်ထိန်းပါတော့မယ်။ ကုသိုလ်တရားမှန်သမျှ အလုံးစုံကို ကြိုးစားအားထုတ်ပါတော့မည်ဟု..ဆိုခြင်းပင်ဖြစ်သည်။

ဘုရားရှင်၏ ကျေးဇူးကြောင့် ငရဲပြည်မှ နောင်တသံကို ဖတ်ရှုကြားနာကြရသော ကျမတို့သည်လည်း လူ့ဘ၀တန်ဖိုးကို လူ့ဘ၀မှာပင် စောစောစီးစီးသိရသဖြင့် ကျေးဇူးများလှပါသည်။ သိပြီးနောက် လည်း ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ တန်ဖိုးကိုလည်း သိဖို့လိုအပ်ပါတယ်။ထို့ကြောင့် အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီးက-

အကယ်၍သာ၊ မြတ်ဗုဒ္ဓါသည်
လူ့ရွာထင်ရှား၊ မပွင့်ငြားက
ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀၊ မသိရ၊ များလှအပြစ်တွေ
ယခုခါသော်၊ မြတ်ဇိနော်သည်
ပွင့်ပေါ်ထင်ရှား၊ ဟောညွှန်ကြား၍
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ သိကြရ၊များလှကျေးဇူးပေ..ဟု စပ်ဆိုတော်မူခဲ့ပါသည်။


ညခင်းရဲ့လမင်း


၁။ အ၀ိဇ္ဇာအဏ္ဍကောသမှိ ၊ သတ္တေ တဏှာဇလမ္ဗုဇေ ။
တမှာ ဌာနာ နိက္ခာမေသိ ၊ ဒေသနာဉာဏ တေဇသာ ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။
( မြတ်စွာဘုရားသည် ) အ၀ိဇ္ဇာဥခွံအတွင်း၌ ဖြစ်ကုန်သော သတ္တ၀ါများနှင့် တဏှာတံလျပ်၌ ဖြစ်ကုန်သော သတ္တ၀ါတို့ကို ဒေသနာဉာဏ်တန်ခိုးဖြင့် ထိုနေရာမှ ထွက်မြောက်စေတော်မူပြီ။ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ မှတ်ချက်။ ။ တဏှာဇလာဗုဇေ-ဟုရှိခဲ့သော် တဏှာ-တည်းဟူသော သားအိမ်၌ ဖြစ်ကုန်သော-ဟု မြန်မာပြန်ပါ။

၂။ မဟာမောဟန္ဓကာရေန ၊ အဘိဘူတေ မဟာဇနေ ။
ပညာစက္ခုံ လဘာပေသိ ၊ ဉာဏာလောကေန သော ဇိနော ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။
( မြတ်စွာဘုရားသည် ) မောဟမှောင်ကြီး ဖိစီးနှိပ်စက်ခြင်း ခံနေရသော သတ္တ၀ါများကို ဉာဏ်တော်တည်းဟူသော အလင်းရောင်ဖြင့် ပညာမျက်လုံးကို ရစေတော်မူပြီ။ ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၃။ ရာဂါဒိအဂ္ဂိဇာလေဟိ ၊ ဍဍ္ဎကာယံ မဟာဇနံ ။
နိဗ္ဗာပေသိ နရနာထော ၊ အဋ္ဌမဂ္ဂင်္ဂ၀ါရိနာ ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။
လူသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ရာဂစသော မီးလျှံတို့ဖြင့် ပူလောင်သော ကိုယ်ရှိသော သတ္တ၀ါများကို မဂ္ဂင်ရှစ်ပါးတည်းဟူသော ရေစင်ဖြင့် ငြိမ်းစေတော်မူပြီ။ ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၎။ စတုရောဂေဟိ ၀ုယှန္တေ ၊ ဂမ္ဘီရေ သံသာရဏ္ဏဝေ ။
ဥတ္တာရေသိ မဟာဝီရော ၊ ဓမ္မနာဝါယ နာယကော ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။
ကြီးမြတ်သော လုံ့လရှိတော်မူသော လူသုံးပါးတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူသော မြတ်စွာဘုရားသည် အလွန် နက်စောက်သော သံသရာတည်းဟူသော သမုဒ္ဒရာ၌ သြဃလေးပါးတည်းဟူသော ရေအလျဉ်တို့ဖြင့်

၁။ မာရ်နတ်သားကို အောင်တော်မူခြင်း


ဘုရားအလောင်းတော်သည် ‘အသားအသွေးတွေ ခန်းခြောက်ပြီး အရေ ကြော အရိုးချည်းသာ ကျန်ချင်ကျန်ပါ စေ၊ ဘုရား မဖြစ်သမျှ ငါမထ’ ဟု စိတ်ကို အခိုင်အမာ ဆုံးဖြတ်၍ အပရာဇိတ ပလ္လင်ထက်၌ ထိုင်တော်မူလေ သည်။ထိုစဉ်ဝသ၀တ္တီနတ်ဘုံမှ မာရ်နတ် သည် ‘သိဒ္ဓတ္ထမင်းသားသည်ငါ၏နယ်ပယ် ဘုံသုံးပါးမှလွတ်မြောက်ရန်ကြိုးပမ်းနေလေပြီး၊သူအားငါ၏နယ်ပယ်မှလွတ်မြောက်ခွင့်မပေး နိုင်’ဟုကြံစည်ကာ နတ်စစ်သည်တို့ကိုဦးဆောင်လျက်ဘုရားအလောင်းတော်အား တိုက်ခိုက်ရန်စစ် ချီလာသည်။ နတ်စစ်သည်တို့ကား စကြ၀ဠာ တံတိုင်း အထိပြည့်ကျပ်နေလေသည်။ရုပ်အဆင်း အမျိုးမျိုး မျက်နှာပုံအမျိုးမျိုးရှိ နတ်စစ် သည်များ သည်အမျိုးမျိုးသော လက်နက်များကိုစွဲကိုင်ချီတက်လာကြသည်။ မာရ်နတ် သည်ဂီရိမေခလာ ဆင်ကို တက်စီး ပြီးလက်ရုံး လက်နက် အသီးသီး စွဲကိုင်ထားသည်။မာရ်စစ်သည်တို့၏ စစ်ချီကြွေးကြော်သံကားသိမ့်သိမ့် ရိုက် ခတ်နေသည်။
ထိုအချိန်တွင် ဘုရားအလောင်းတော်အနီး၌ သိကြားမင်းသည် အတောင်နှစ်ရာရှိ ၀ိဇယုတ္တရ ခရုသင်းကို မှုတ်လျက် မဟာကာဠနဂါးမင်းသည် ဘုရားအလောင်းတော်၏ ဂုဏ်တော်ဖွဲ့များကို ရွတ်ဆိုသီကျူးလျက် သဟမ္ပတိဗြဟ္မာမင်းကမူ ထီးဖြူကြီးကို ဆောင်းမိုးပေးလျက် အသီးသီး ပူဇော်ကြခိုက်ဖြစ်၏ ။
မာရ်စစ်တပ်ကြီး ချီတက် ရောက်ရှိလာသောအခါ ယင်းတို့သုံးဦးသည် သင့်လျော်ရာ အရပ်သို့ ရှောင်ဖယ်သွား ကြသည်။ အပရာဇိတပလ္လင်ပေါ်တွင် ဘုရားအလောင်းတော် တစ်ပါး တည်းသာ ကျန်ရစ်ခဲ့လေသည်။
မာရ်နတ်က သူ၏စစ်သည်များအား ‘‘အမောင်တို့….သိဒ္ဓတ္ထမင်းသားသည် ပြိုင်ဘက်ကင်းသူဖြစ်၍ ငါတို့သည် သူ၏ရှေ့တည့်တည့်မှ မတိုက်ခိုက်ဝံ့ကြသော်လည်း သူ၏ နောက်ဘက်မှ တိုက်ခိုက်ကြစို့’’ ဟုဆိုလေသည်။
ဘုရားလောင်းတော်ကား ‘ဤမာရ်စစ်သည်များသည် ငါ့ကိုတိုက်ခိုက်ရန် လာကြခြင်း ဖြစ်သည်။ ဤအရပ်၌ ငါ၏ မိဘဆွေမျိုးလည်းမရှိ၊ ကာလကြာမြင့်စွာ ဖြည့်ကျင့်ခဲ့သော ပါရမီဆယ်ပါးသာရှိသည်။ ပါရမီအင်အားဖြင့်သာ ဤစစ်ပွဲကို ငါရင်ဆိုင်ရတော့မည်’ ဟုကြံစည်ကာ ပါရမီတော် ဆယ်ပါးကို ဆင်ခြင်လျက် နေလေသည်။
မာရ်နတ်သည် ဘုရားလောင်းတော် ပြေးစေရန် သစ်ပင်တောတောင် ရွာငယ် ရွာကြီးများပင် မှုန့်မှုန့်ညက်ညက် ကြေပျက်စေနိုင်သော လေမုန်တိုင်းကြီးကို ဘုရား အလောင်းတော်ထံသို့ လွှတ်လိုက်သည်။ ထိုမုန်တိုင်းသည် ဘုရားအလောင်းတော်၏ ပါရမီတန်ခိုးကြောင့် သင်္ကန်းစွန်းမျှကိုပင် မလှုပ်ခါစေနိုင်ပေ။
ထို့နောက် ဘုရားအလောင်းတော်ကို ရေဖြင့် ဖုံးလွှမ်းနှစ်သတ်မည်ဟု ကြံစည်၍ မိုးကြီး သည်းစွာ ရွာသွန်းစေပြန်သည်။ မိုးရေလှိုင်းကြီးသည် အလွန်ကြီးမား ပြင်းထန်သော်လည်း ဘုရားအလောင်းတော်၏ သင်္ကန်းစွန်းကို သော်မျှ မစိုစွတ်စေနိုင်။ ထို့ပြင် ကျောက်တုံးမိုး၊ ဓားလက်နက်မိုး၊ မီးကျီးမိုး၊ ပြာပူမိုး၊ သဲမိုး ရွှံ့ညွန် မိုးကြီးတို့ကို တစ်ခုပြီးတစ်ခု ဆက်တိုက်ရွာချ၏ ။ သို့သော်လည်း မာရ်နတ်သည် ဘုရားလောင်းတော် အား ထိခိုက်ကြောက်ရွံအောင် မစွမ်းဆောင်နိုင်ချေ။ ထို့နောက် ဘုရားအလောင်းတော် ကြောက်ရွံ ထွက်ပြေးစေရန် အလွန်ကြီးမားသော အမိုက်မှောင်ထုကြီးချလိုက်ပြန်၏။ ထိုအမိုက်မှောင်ထုကြီးသည်လည်း ဘုရားအလောင်း တော်ကို မလွှမ်းမိုးနိုင်ပြန်ချေ။
ထိုသို့ အမျိုးမျိုးတိုက်ခိုက်၍ မအောင်မြင်နိုင်သောအခါ မာရ်နတ်သည် သူ၏စစ်သည်များအား ‘သိဒ္ဓတ္ထကို ဖမ်းကြ၊သတ်ကြ ၊ပြေးအောင်လုပ်ကြ’ ဟုအော်ဟစ်အမိန့်ပေးပြန်သည်။ သူကိုယ်တိုင်လည်း ဂီရိမေခလာဆင်ကို တက်စီးကာ စက်ယန္တရားလက်နက်ကို စွဲကိုင်ပြီး-
‘‘ဟယ် သိဒ္ဓတ္ထ……ဤပလ္လင်မှထလော့၊ ဤပလ္လင်သည် သင့်ပလ္လင်မဟုတ်၊ ငါ့ပလ္လင်သာဖြစ်သည်’’ ဟုဆိုသည်။
ဘုရားအလောင်းတော်က‘‘ဟယ်မာရ်နတ်….သင်သည် ပါရမီဆယ်ပါးအပြားသုံးဆယ် တို့ကို မဖြည့်ကျင့်၊ စွန့်ခြင်း ကြီးငါးပါးကိုလည်းမဖြည့်၊ စရိယာသုံးပါးကိုလည်းမကျင့်။ ငါသည်သာ ထိုအရာအားလုံးတို့ကို ဖြည့်ကျင့်ခဲ့သူ ဖြစ်၍ ဤပလ္လင်သည် သင့်ပလ္လင်မဟုတ်၊ ငါ့ပလ္လင်သာဖြစ်သည်’’ ဟုမိန့်ဆိုသည်။
ထိုစကားကိုကြားလျှင် မာရ်နတ်သည် ဒေါသကို မချုပ်တည်းနိုင်ဘဲ ဘုရားအလောင်းတော်ကို စက်လက်နက်ဖြင့် ပစ်ခတ်သည်။ မာရ်စစ်သည် တို့ကလည်း မိမိတို့ဆိုင်ရာ လက်နက်များဖြင့် ပစ်ခတ်ကြသည်။ ဘုရားအလောင်း တော်ကား ဖြည့်ကျင့်တော်မူခဲ့သော ပါရမီတော်တို့ကိုသာ ဆင်ခြင်တော်မူနေ၏။ ထိုပါရမီစွမ်းရည်တန်ခိုး ကြောင့် မာရ်စစ်သည်တို့ ပစ်ခတ်သမျှ လက်နက်များ အချည်းနှီးသာဖြစ်သွားသည်။ နောက်ဆုံးတွင် ဘုရားအလောင်းတော် ‘‘ဤပလ္လင်သည် သင်ပြုခဲ့သောဒါနကြောင့် ဖြစ်ပေါ်လာသော ပလ္လင်မဟုတ်၊ သင့်ဒါန ကြောင့် ပေါ်ပေါက်လာသော ပလ္လင်ဖြစ်ကြောင်း သင့်မှာပြသစရာ သက်သေမရှိ’’ ဟုမာရ်နတ်အား မိန့်ဆိုသည်။ မာရ်နတ်က သူ၏စစ်သည်များအား သက်သေညွှန်ပြရာ စစ်သည်များက မာရ်နတ်၏ ပလ္လင်ဖြစ်ကြောင်း သက် သေခံကြသည်။ ထိုအခါ ဘုရားအလောင်းတော်က သင်္ကန်းအကြားမှ လက်ယာ လက်ကိုထုတ်ကာမဟာ ပထ၀ီ မြေကြီး အား လက်ညှိုးညွှန်ပြီး-
‘‘ဤပလ္လင်သည် ငါပြုခဲ့သော ပါရမီကြောင့် ပေါ်ပေါက်လာသော ပလ္လင်ဖြစ်သည်။ အခြားသော ဘ၀များစွာက ပြုခဲ့သော ပါရမီများကို ထားဘိဦး၊ ဝေဿန္တရာမင်းဘ၀က ခုနစ်ကြိမ်တိုင်တိုင် အလှူကြီးပေးလှူစဉ် မဟာပထ၀ီမြေကြီးသည် ခုနစ်ကြိမ်တိုင်အောင် လှူပ်ခဲ့ဖူးလေပြီ၊ ဤမဟာပထ၀ီမြေကြီးသည် ငါ၏ သက်သေဖြစ်ပေ၏’’ ဟုမဟာပထ၀ီမြေကြီးကို သက်သေထူသည်။ မဟာပထ၀ီမြေကြီးသည် ဘုရားအလောင်းတော်၏ ပါရမီစွမ်း အားကို သက်သေခံသောအားဖြင့်ပြင်းထန်စွာ လှုပ်ခါမြည်ဟီးလေ၏။ မာရ်နတ်နှင့် စစ်သည်များသည်လည်း ကြောက်ရွံထိတ်လန့်ကာ ခြေဦးတည့်ရာသို့ထွက်ပြေးကြလေသည်။
ထို့သို့ ဘုရားအလောင်းတော်က မာရ်စစ်တပ်ကို အပြီးသတ် အောင်မြင်လိုက်သောအခါ နင်္ဂါး၊ ဂဠုန်


ဒါကတော့ ကျွန်တော် ဒီ blog လေးအတွက် ပြုလုပ်ထားတဲ့ android apk လေးပါ... ထည့်ပြီး သုံးမဲ့သူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ... အမှတ်တရလေး အနေနဲ့ ပြုလုပ်ပြီး upload တင်ထားလိုက်ပါတယ်... သူငယ်ချင်းတွေကိုလည်း ထည့်ထားပြီးကြည့်မယ်ဆိုရင် အင်တာနက် ကွန်နက်ရှင်လည်း အစားသက်သာတဲ့အတွက် ဒီဟာလေးနဲ့ အသုံးပြုဖို့ အကြံပြုပါတယ်... အဲလိုမှမဟုတ်ပဲ... www.zmohazylife.com ဒါမှမဟုတ် google reader ကတစ်ဆင့်ဖတ်မယ်ဆိုလည်း ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဆိုဒ်လေးကိုဝင်ရောက် လည်ပတ်နေတာဖြစ်တဲ့အတွက် အားလုံး အတူတူပါပဲ...
ဒီ blog လေးက ဘာသာရေးသီးသန့်နယ်မြေတစ်ခုလို ကျွန်တော်ကြိုးစားဖန်တီးထားတဲ့အတွက် ကျွန်တော့အတွက် တာဝန်ကြီးလှပါတယ်... အဲဒါကြောင့် ကျေးဇူးပြုပြီး မရိုင်းပါနဲ့... ရိုင်းချင်ဆဲချင်ရင် အင်တာနက်မှာ နေရာတွေ တစ်ပုံကြီးရှိပါတယ်... ကျွန်တော့်ဘလောခ့်မှာမှ လာပြီး ရိုင်းတယ် ဆဲတယ်ဆိုရင် တိုက်ဆိုင်မှုမဟုတ်ဘူးလို့ ကျွန်တော်က သတ်မှတ်မှာဖြစ်တဲ့အတွက် cbox or comment များကို ခွင့်မပြုခြင်း... ဖျက်ပစ်ခြင်း များပြုလုပ်သွားမှာဖြစ်ပါတယ်... ဝေဖန်အကြံပေးမှု ထောက်ပြသင်ပြမှု အမှားအယွင်း ပြင်ဆင်ပေးမှု အားလုံးကိုတော့ ၀မ်းသာစွာကြိုဆိုလျက်ပါခင်ဗျ...

ဒေါင်းလုပ်ဆွဲမယ်ဆိုရင် အောက်က လင်ခ့်မှာဆွဲလိုက်ပါခင်ဗျ... mirror ကနေတဆင့်တင်ထားပေးတာဖြစ်လို့ အခက်အခဲရှိရင် comment ပေးခဲ့ကြပါဦး...


အားလုံးရဲ့သူငယ်ချင်း

ဇင်မျိုး

ဒီနေ့ post အရှည်ရေးဖို့ အချိန်မရနိုင်ခဲ့ဘူး... ဒါပေမယ့် ကိုယ့် ဘလောခ့်မှာ အမှတ်တရကော အငြိုးအတေးပါ ဖြစ်အောင် တင်ထားလိုက်တယ်... ၂၈.၁၁.၂၀၁၂ မှာ လက်ပတောင်းကြေးနီစီမံကိန်း သံဃာထု နဲ့ လူထု (အထူးသဖြင့် ဘုရားသားတော်တွေ) ကိုဖြိုခွင်းပုံ ရင်ထဲ အသည်းထဲက နာကျဉ်းတယ်... ဒီနေ့ကို ငါဘယ်တော့မှ မမေ့ဘူး... တခါတည်းဒီနေရာကနေပြောလိုက်ပါတယ်... သံဃာနဲ့ဒကာ ဆိုတာခွဲမရပါဘူး... ဒကာတွေ ခံစားနေရတဲ့ ဒုက္ခတွေကို သံဃာတွေက ၀င်ပါပေးနေတာပါ... အကယ်၍ ဟိုအာချောင် ဒီအာချောင် လုပ်ချင်တဲ့သူတွေ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်... ပြောချင်တယ်ဆိုရင် တခါတည်းစဉ်းစားဖို့လာဖို့က ဒကာဆိုတာ သံဃာမရှိလို့ဖြစ်မလား... သံဃာ ဆိုတာ ဒကာမရှိရင်ရောဖြစ်မလား ဆိုတာပါပဲ...

အစိုးရရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်ကိုလည်း လုံးဝ အထင်မကြီးသလို စိတ်လည်းမ၀င်စားပါဘူး... အကယ်၍ ယခု ထုတ်သုံးလိုက်တဲ့ ပစ္စည်းတွေသာ ရခိုင်အရေးမှာ ချက်ခြင်းထုတ်သုံးမယ်ဆိုရင် ရခိုင်အရေးအခင်း မဖြစ်ပေါ်လာနိုင်ဘူးဆိုတာ ဒီလူတွေသိကြပါရဲ့လား... မဆီမဆိုင် ဆွဲတွေးတယ်ထင်ရင်လည်း ဂရုမစိုက်ပါဘူး...အခုသုံးလိုက်တဲ့ ပစ္စည်းတွေရဲ့ ပြင်းထန်မှုကို
ပြောချင်တာပါ...

သမ္မတဦးသိန်းစိန် ကိုယုံကြည်ခဲ့မိတာတွေ ဒီကိစ္စမှာ လုံးဝကို သဲထဲရေသွန်ဖြစ်သွားပါပြီ... ခြေမ မကောင်းခြေမ လက်မ မကောင်းလက်မပါပဲ... ဒီကိစ္စကြောင့် လုံးဝအယုံအကြည်မဲ့သွားပါပြီ...

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မုံရွာကို ရောက်သွားပြီး ညှိနှိုင်းမှုတွေ ပြုလုပ်ပေးမယ်... မိန့်ခွန်းပြောမယ် ဆိုတာ သိရလို ၀မ်းသာမိပေမယ့်... အခါနှောင်းသွားခဲ့ပါပြီ...

ဒီနေ့ မကျေနပ်ခြင်းတွေ အပြည့်နဲ့ ဒီပိုစ့်ကိုတင်ပါတယ်... အမှတ်တရ မှ အငြိုးအတေးဆီသို့...

(ဓါတ်ပုံများကို ဒီနေရာကနေပဲ ခွင့်တောင်းပါတယ်... အားလုံး ခွင့်ပြုပေးကြပါ...)
















အားလုံးကိုလဲ ဒီဓါတ်ပုံလေးတွေ သိမ်းထားစေချင်ပါတယ်... တစ်ချိန်ချိန်လိုအပ်လာရင် ထုတ်ပြပြီးရှင်းဖို့ လိုတဲ့အခါ သုံးကြရအောင်ပါ...။

သူငယ်ချင်းအားလုံးရဲ့...

ဇင်မျိုး...




တန်ဆောင်မုန်း လပြည့်နေ့(သာမညဖလအခါတော်နေ့)
တန်ဆောင်မုန်း လပြည့်နေ့တွင် မြတ်စွာဘုရားက အဇာတသတ် မင်းအား သာမည ဖလ သုတ္တန်ကို ဟောကြား တော် မူသောကြောင့် ဤနေ့တိုင်းတွင် သာမည ဖလ အခါတော်နေ့ အထိမ်းအမှတ်ကို ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ပါသည်။
၁။ သာမည ဖလ ဆိုသည်မှာ ရဟန်းပြုရခြင်း၏ အကျိုးဟု အဓိပ္ပာယ် ရပါသည်။

၂။ ရဟန်း ပြုရခြင်း၏ အကျိုးကို ဟောကြားသော နေ့ဖြစ်၍ ဤနေ့ကို သံဃာတော်များ၏ နေ့ဟု ခေါ်ဆိုနိုင်ပါသည်။

၃။ သာမည ဖလသုတ်သည် ဒီဃနိကာယ် သီလခန္ဓ၀ဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

၎။ သာမည ဖလသုတ်သည် ရဟန်း သံဃာတော်များ အဖို့ ကြေးမုံမှန်ချပ်ကြီး သဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။

၅။ သာမည ဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီးသဖွယ် ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမား များ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊ မှန်မမှန်ကို ဤ သုတ္တန်ဖြင့် ချိန်ကိုက် ကြည့်နိုင်ပါသည်။(သည်အချက်ကို ထောက်ထားပြီး မိဘ ဆရာများကို ပြန်လည် ဝေဖန်မိရုံဖြင့်ပင် အပြစ်ကြီးသည်ဟု မျက်စိမှိတ် ဟောပြောနေသော အချို့ တရားဟော ဓမ္မကထိကများကို သတိထားဖွယ် ဖြစ်ပါသည်။ မြတ်စွာဘုရား၏ တရားတော်သည် မည်သူ့အပေါ်မှ ဘက်မလိုက်ဘဲ အပြန်အလှန် ဝေဖန် ဆန်းစစ်ခွင့် ရှိသည်ကို မျှတစွာ တွေ့နိုင်ပါသည်။ ခွန်မြလှိုင်၏ စကားချပ်)

၆။ အဇာတသတ် မင်းသားသည် ဒေ၀ဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္မိသာရ မင်းကြီးကို သတ်မိသောကြောင့် ကံကြီး ထိုက်ပြီး အိပ်မပျော်သော ဝေဒနာ စွဲကပ်ခဲ့ပါသည်။

၇။ ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏ အကြံပြုချက်အရ တိတ္ထိ ဆရာကြီး ၆ယောက်တို့ထံ သွားရောက်ပြီး ရဟန်းပြုခြင်း (သာမညဖလ) ၏ အကျိုးကို စုံစမ်းမေးမြန်းရာ ကျေနပ်လောက်သော အဖြေကို မရရှိခဲ့ပါ။

၈။ နောက်ဆုံး သမားတော်ကြီး ဇီဝက၏ အကြံပေးချက်အရ ရာဇဂြိုဟ် မြို့အနီး ဇီဝက လှူထားသော သရက် ဥယျာဉ်တော်၌ သီတင်းသုံးလျက် ရှိသော မြတ်စွာဘုရားထံ သွားရောက်လျှောက်ထားသော အခါမှ သူသိလိုသော ရဟန်း ပြုခြင်းအကျိုး (သာမညဖလ)ကို သိရှိရပါတော့သည်။

၉။ အဇာတသတ်မင်းသည် သာမညဖလသုတ်တော်ကို ကြားနာရသည့်အချိန်မှ စပြီး ဗုဒ္ဓ သာသနာတော်ကို သက်ဝင် ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာ သုံးပါးကို အကြည်ညိုဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

၁၀။ အဇာတသတ်မင်းသည် သာမညဖလသုတ် တရားတော်ကို ကြားနာရ၍ သူ့အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ် ကြီးလေးသော မဟာ အ၀ီစိ ငရဲတွင် မကျရောက်တော့ဘဲ အပြစ်ဒဏ် ပေါ့သော လောဟကုမ္ဘီ ငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ ၀ိဇိတာဝီ မည်သော ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်တမ်းဝင်ရ ပါလိမ့်မည်။

၁၁။ ဤနေ့တွင်ဟောကြားသော သာမညဖလ သုတ်တော်ကြောင့် အဇာတသတ် မင်းတရားသည် ပထမ သင်္ဂါယနာတင် မင်းတရား အဖြစ် ခံယူခဲ့ခြင်း၊ မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊ ဗုဒ္ဓသာသနာနှစ်ကို အတိအကျ သတ်မှတ်ခဲ့ခြင်း၊ သာသနာပြု လုပ်ငန်းကြီး သုံးရပ်ကိုလည်း လုပ်ဆောင်သွားခဲ့ခြင်းတို့မှာ ဗုဒ္ဓဘာသာဝင်များ အတွက် ကျေးဇူး ကြီးလှပါသည်။

၁၂။ ပိဋကတ်တော်များ မပျက်စီးရအောင် သင်္ဂါယနာ အဆက်ဆက်တင်၍ ယနေ့ထက်တိုင် ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါသည်။

၁၃။ အဇာတသတ်မင်း စုဆောင်းထားသော ဓာတ်တော်များကို ရှာဖွေ၍ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထား၍ သာသနာ ပြုခဲ့သောကြောင့် နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိ နေကြခြင်း ဖြစ်ပါသည်။

၁၄။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏ ကျေးဇူးနှင့် သာမညဖလသုတ်တော်တို့ ၏ အကျိုးဆက်ဟု ဆိုနိုင်ပါသည်။
( သာသနာရေး ၀န်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ နိုင်ငံတော် ပိဋကတ်တိုက် စာကြည့်တိုက်မှူး ဘဒန္တ ပညာသာမိ (မာဂဓီ- သာစည်) ဆရာတော် ရေးသားပြုစုတော်မူသော အခါတော်နေ့များ စာအုပ်မှ


( 1 ) www.wiradhamma.com
( 2 ) www.ashintejaniya.com
( 3 ) www.ashinpanna.com
( 4 ) www.ashinnipuna.com 
( 5 ) www.thuthayet.com
( 6 ) www.ashinsumana.com
( 7 ) www.sarpayalin.com
( 8 ) www.zmohazylife.com
( 9 ) www.3rdthameetaw.com
(10) www.myittaryik.com

Domain Name စုစုပေါင်း (၁၀) ခုကို (၃)နှစ်စာလှူခဲ့တာပါ… အလှူမတည်ကြိုးစားပြုလုပ်သူကတော့ ကိုစွယ်စုံကျမ်းhttp://www.zwmnna.com/2012/11/blog-post_18.html?utm_source=BP_recent ဖြစ်ပါတယ်… ကိုစွယ်စုံကျမ်းမှတဆင့် လှူဒါန်းသူများကိုလည်း သာဓုအနုမောဒနာ ခေါ်ဆိုလိုက်ပါတယ်…

ကျွန်တော် ဒီဘလောခ့်လေးကို စလုပ်ကတည်းက ဘာသာရေးဘလောခ့်အနေနဲ့ စခဲ့တာဖြစ်ပြီးတော့တောက်လျှောက်ဘာသာရေး ဘလောခ့်အနေနဲ့ ရှေ့ဆက်သွားကြိုးစားတင်ဆက်သွားဖို့ စိတ်ဆုံးဖြတ်ပြီးသားပါ… ဒါပေမယ့် Domain Name လှူမယ့် အလှူရှင်ပေါ်ပေါက်လာဖို့တော့ မစဉ်းစားခဲ့ဖူးပါဘူး… ကိုယ်တိုင်ဝယ်ယူပြီးလုပ်မယ်လို့ စဉ်းစားထားပေမယ့် အခြေအနေ (ငွေကြေးမဟုတ်)က မပေးတဲ့အတွက် မလုပ်ဖြစ်ခဲ့သေးတာပါ… ၂၀၁၃ ဇန်န၀ါရီမှာ Domain Name ၀ယ်မယ်လို့ စိတ်ထဲဆုံးဖြတ်ထားခဲ့ပေမယ့်
ကောင်းမှုကုသိုလ်ရဲ့အကျိုးအားဖြင့် မထင်မှတ်ပဲ ကျွန်တော်ဝယ်ခါနီးမှာပဲ အလှူရှင်ပေါ်လာခဲ့ပါတယ်… လှူဒါန်းဖို့ ဆက်သွယ်လာပေးခဲ့သူက အပေါ်မှာပြောခဲ့တဲ့ ကိုစွယ်စုံကျမ်းပါပဲ… တကယ့်အင်တိုက်အားတိုက်ပါပဲ သူကြိုးစားဆက်သွယ်ခဲ့တဲ့ ဆိုဒ်တွေမနည်းပါဘူး… ကျွန်တော်လည်း


ဂေါတမဘုရား ဗုဒ္ဓဝင်ဖြစ်စဉ်အကျဉ်းချုပ်...

၁။ ဗျာဒိတ်ခံယူသောဘဝ - သုမေဓာရသေ့ဘဝ

၂။ ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာဘုရားမှ အစပြု၍ ကဿပ ဘုရားရှင်အထိ ၂၄-ဆူ

၃။ ပါရမီဖြည့်ဖကိ(ဗျာဒိတ်ခံစဉ်) - သုမိတ္တာအမျိုးသမီး (ယသောဓရာအလောင်း)

၎။ ပါရမီဖြည့်ရာကာလ - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း သုမေဓာဘဝမှ ဝေသန္တရာမင်းအထိ

၅။ ပါရမီဖြည့်ရခြင်း ရည်ရွယ်ချက် - သတ္တဝါများ အကျိုးဆောင်ရန်

၆။ ပဋိသန္ဓေမယူမီဘဝ - သေတကေတုအမည်ရှိ နတ်သားဘဝ

၇။ ဘုရားဖြစ်ရန် ပဋိသန္ဓေယူရန် တောင်းပန်လျှောက်ထားသူ - စကြာဝဠာတိုက်တစ်သောင်းမှနတ်ဗြဟ္မာများ

၈။ ကြည့်ခြင်း၅ပါး - (၁)အခါကာလ (၂)ကျွန်း (၃)အရပ် (၄)အမျိုး (၅)မယ်တော်၏အသက်       (ဖွားမြင်ပြီး ၇-ရက်သာနေသူ)

၉။ နေပြည်တော် - ကပိလဝတ် (သက္ကလတိုင်း မဇ္စိုမဒေသ)

၁၀။ မိဘအမည် - သုဒ္ဓေါဓနမင်း၊ မာယာဒေဝီမိဖုရား

၁၁။ မိထွေတော် - ပဇာပတိဂေါတမီ

၁၂။ သန္ဓေယူသောနေ့ - မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့

၁၃။ ဖွားမြင်သောနေ့ - မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်၊ သောကြာနေ့

၁၄။ ဖွားမြင်ရာဌာန - လုမ္ဗိနီဥယျာဉ် ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်အကြား

၁၅။ ဖွားဖက်တော်၇-ပါး - (၁)ညီတော်အာနန္ဒာ (၂) ဗောဓိပင် (၃)ကာဠုဒါယီအမတ်




၁။ ဤလောက၌ သူတော်ကောင်း ယောက်ျားမြတ်သည် -
သူတစ်ပါး၏ ဂုဏ်မဲ့စကား (မကောင်းကြောင်း)ကို၊ မေးသော်လည်း ထင်ရှားစွာပြု၍မပြော။ မမေးလျှင်ကား၊ အထူးဆိုဖွယ်ရာမရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍မေးလျှင် (သူ့စကားကို အခြေတည်၍ စဉ်းစားဖို့မေးလျှင်)၊ သူတပါး၏ ဂုဏ်မဲ့ကို၊ လျှော့ဖော့၍ ဆိုင်းဆိုင်းတွတွဖြင့် မပြည့်မစုံ အကျယ်မဖွင့်ဘဲ ပြောဆိုတတ်၏။
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။

၂။ နောက်တမျိုးကား၊ သူတော်ကောင်းယောက်ျားမြတ်သည် -
သူတစ်ပါး၏ ဂုဏ်ရှိစကားကို၊ မမေးသော်လည်း ထင်ရှားစွာပြု၍ ပြောတတ်၏။ မေးလျှင်ကား၊ အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍ မေးလျှင်၊ သူတစ်ပါး၏ဂုဏ်ကို၊ မလျှော့မဖော့ဘဲ မဆိုင်းမတွပင်၊ ပြည့်ပြည့်စုံစုံ အကျယ်တ၀င့် ပြောဆိုတတ်၏၊
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင်ဖြစ်၏။

၃။ နောက်တမျိုးကား သူတော်ကောင်း ယောက်ျားမြတ်သည် -
မိမိ၏ ဂုဏ်မဲ့စကားကို၊ မမေးသော်လည်း ထင်ရှားစွာပြု၍ ပြော၏၊ မေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍ မေးလျှင်၊ မိမိ၏ဂုဏ်မဲ့ကို မလျှော့မဖော့ဘဲ မဆိုင်းမတွပင်၊ ပြည့်ပြည့်စုံစုံ အကျယ်တ၀င့် ပြောဆိုတတ်၏၊
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။

၎။ နောက်တမျိုးကား၊ ပညာရှိ ယောက်ျားမြတ်သည် -
မိမိ၏ဂုဏ်ကို မေးသော်လည်း၊ ထင်ရှားစွာပြု၍ မပြော။ မမေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍မေးလျှင်၊ မိမိ၏ဂုဏ်ကို လျှော့ဖော့၍ ဆိုင်းဆိုင်းတွတွဖြင့်၊ မပြည့်မစုံ အကျယ်မဖွင့်ဘဲ ပြောဆိုတတ်၏၊
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။

( စတုက္က အင်္ဂုတ္တိုရ်၊ ဒု ပဏ္ဏာသက ၊ ၃-အပဏ္ဏက၀ဂ်၊ ၃-သပ္ပုရိသသုတ်။ )

စိမ့်စမ်းရေ ဆိုဒ်မှကူးယူတင်ပြသည်...။