HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်


"မဟာဗုဒ္ဓ၀င်၊စတုတ္ထတွဲ"-စာမျက်နှာ(၅၅) ၌ ပါရှိသော "ဗုဒ္ဓ"မြတ်စွာဘုရား "ကသိဘာရဒ္ဓါဇ ပုဏ္ဏားကြီး"ထံကြွရောက်၍ တရားဟောချေ ချွတ်ရသည့် အကြောင်းကို ဖတ်ရပါသည်။

"ဗုဒ္ဓ"မြတ်စွာဘုရားရှင်သည် "ကသိဘာရဒ္ဓါဇ ပုဏ္ဏားကြီး"ကျွတ်တမ်းဝင် မည့်အရေးကို မြင်တော်မူသဖြင့် ထို "ပုဏ္ဏားကြီး" လယ်ထွန်မင်္ဂလာ ကျင်းပနေရာဌာန သို့ ကြွရောက်ပြီး ဆွမ်းရပ်တော်မူပါသည်။

"ဗုဒ္ဓ" မြတ်စွာဘုရားရှင် ဆွမ်းလာရပ်သည်ကို "ပုဏ္ဏားကြီး" မြင်လေလျှင်-

"ဤ ရဟန်း ဂေါတမ သည် အကယ်၍ စီးပွားဖြစ်ထွန်းရေးအလုပ်ကိုလုပ်ခဲ့ လျှင် ဇမ္ဗူဒိပ် တစ်ကျွန်းလုံး၌ လူတကာတို့၏ ဦးခေါင်းထက်ဝယ် ပတ္တမြား ဥသျှောင်သဖွယ်ဖြစ်ပေလိမ့်မည်။ထိုသို့ဖြစ်ပါလျှက် ဤ ရဟန်းဂေါတမ
သည် ပျင်းရိ သည့်အတွက် အလုပ်အကိုင်များကိုမလုပ်ဆောင်ဘဲ လူအ များ၏ လယ်ထွန်မင်္ဂလာသဘင်စသည်တို့ ၌ ဆွမ်းခံ၍ စားသောက်ပြီး
လျှင် ကိုယ် ခန္ဓာ ကြံ့ခိုင်ရေးကိုသာ အသားပေးလျက် လှည့်လည် ကျက် စားနေဘိ၏" ဟု အကြံအစည်မှားဖြစ်ကာ ဗုဒ္ဓမြတ်စွာဘုရားရှင်ကို "အလုပ်လုပ်ရမှာပျင်း၍ ရဟန်းဝတ်သူ၊ စားပြီးအိပ်နေသူ၊အလုပ်လက်
မဲ့ဖြစ်သူ" ဟု စိတ်ထဲက စွပ်စွဲလေသည်။

မျက်မှောက်ခေတ်တွင်လည်း သာသနာတော်နှင့်အလှမ်းဝေးကြသူများက ရဟန်းတော်များကို "ကသိဘာရဒ္ဓါဇ ပုဏ္ဏားကြီး"စွပ်စွဲသလိုမျိုး စွပ်စွဲတတ် ကြပါသည်။ ထို့ပြင်"အိပ်လို ရဟန်း၊ စားလိုမှန်း၊ပုစ္ဆန်း လုပ်ပါလေ"ဟူသော "က၀ိလက္ခဏာသတ်ပုံသံပေါက်(ပိုဒ်ရေ-၇၂၇)"ကလည်းစားပြီးအိပ်နေလို လျှင်"ရဟန်းပြုပါ၊သင်္ကန်းဝတ်ပါ၊ ဘုန်းကြီးလုပ်ပါ" ဟု တိုက်တွန်းနေ သယောင် ထင်ရသည်။

ရဟန်းဝတ်ခြင်းသည် ပျင်းလို့ဝတ်ခြင်းမဟုတ်ပါ။ သူ့အဆိုအတိုင်းဝတ်
သည်ပင်ထားဦး ရဟန်းဝတ်ရခြင်းသည် မလွယ်ကူပါ။ "ဘာကြောင့်မလွယ် ကူသလဲ" ဟု မေးလာသော် မလွယ်ကူလို့ပဲဟုသာပြောရန်ရှိပါသည်။
မလွယ်ကြောင်းကိုစာနှင့်ရေးပြရုံနှင့် အပြည့်အစုံသိနိုင်မည်မဟုတ်။
သိချင်ရင် ကိုယ်တိုင်ဝတ်ကြည့်မှသာဟုဆိုရမည်ဖြစ်သည်။ အကယ်၍
ပျင်း၍ ၀တ်သည်ဆိုပါလျှင် ရဟန်းဘ၀သည်အပျင်းပြေသည်။ ပျော်စ ရာကောင်းသည်။ အလုပ်ငြိမ်းသည် ဟု အဓိပ္ပါယ်ရသည်။

ထိုသို့ ဆိုလျှင် ယောက်ျားတိုင်း ရဟန်းဝတ်ကြလိမ့်မည်။ ၀တ်ကြပါသလား။ မ၀တ်ကြပါ။ ထိုသို့ဝတ်နိုင်စွမ်းမရှိ ခြင်း ကပင် ရဟန်းဘ၀သည် အပျင်း မပြေကြောင်း၊မလွယ်ကူကြောင်း အဖြေပေးနေသလိုဖြစ်နေသည်။

ရဟန်းဝတ်မည့်သူသည် "နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေပစ္စည်းဥစ္စာ
ကိုလည်းကောင်း၊ဆွေစဉ်မျိုးဆက်ကို လည်းကောင်းစွန့်လွှတ်နိုင်ရမည်။ အပူဒဏ်,အအေးဒဏ်,ဆာလောင်မွတ်သိပ်မှု,မှက်၊ခြင်၊ယင်၊လေ၊နေပူ၊မြွေ၊
ကင်း၊သန်းတို့၏ဒဏ်ကိုခံနိုင်ရမည်။ကိုယ်မှာဖြစ်သောဝေဒနာ၊ပြင်းထန
ကြမ်းကြုတ်ခါးစပ်သောဝေဒနာ၊သာယာမှုကင်းသော ဝေဒနာ၊နှစ်သက်
စရာမကောင်း သေလောက်အောင်ဆင်းရဲသောဝေဒနာများကိုလည်း
သည်းခံ နိုင်ရမည်"ဟု ဗုဒ္ဒမြတ်စွာက ဟောခဲ့ပါသည်။ ထို့ကြောင့် ဤဒဏ် များကို ခံနိုင်ဦးမည်မဟုတ်သော အသက်နှစ် ဆယ်မပြည့်သူများကို ရဟန်းဝတ်ခွင့်မပေးခဲ့။

ရဟန်းဟူသည် "ဦးခေါင်း၊ခြေ၊လက်နှင့် တစ်ကွ မျက်စိ,နား,နှာခေါင်း,ပါးစပ် ပါ မကျန် ထိန်းချုပ်မှုရှိရ၏။ မိမိစိတ် ရှိတိုင်းပြုမူ လှုပ်ရှား၍ မရပါ။ ခံစားချင် တိုင်း ခံစားခွင့်မရှိပါ။မတင့်တယ်၊မစင်ကြယ်မှုဟူသမျှကိုရှောင်ကြဉ်စောင်
ထိန်းရပါမည်။စိတ်ပိုင်းရော၊ရုပ်ပိုင်းပါ ယဉ်ကျေးပြီးအဆင့်တန်းမြင့်မှု ရှိရပါသည်။"ဤသည်မှာ ရဟန်းဘ၀ကို အကျဉ်းရုံးပြီးရုပ်လုံးဖော်ပြ လိုက်ခြင်းမျှသာဖြစ်ပါသည်။

ထိုသို့ဆိုသဖြင့် ရဟန်းဟူသမျှ ခြောက်ပြစ်ကင်းသဲလဲစင်အကောင်းကြီးဟု မဆိုလိုပါ။သိက္ခာပုဒ်မစောင့်စည်းသော "စုန်းပြူး"များလည်း အနည်း ငယ် ရောပွမ်းနေခြင်းကိုကား ၀န်ခံရပါမည်။

ထို့ကြောင့်"မဟာဂန္ဓာရုံဆရာတော်(အရှင်ဇနကာဘိဝံသ)"က (တစ်ဘ၀ သံသရာ-၄၈၀) ၌ "ရဟန်းဘ၀ဆိုတာ ကတော့ လူဝတ်ကြောင်များရဲ့ လုပ်စာကို စား,၀တ်,နေ,ရလို့ သီလမစင်ကြယ်ရင်အပါယ်ကျဖို့သေချာပါ
တယ် ဒါကြောင့်ရဟန်း၊သာမဏေဘ၀နဲ့ပေါ့ပေါ့နေမယ့်အစားလူဝတ်ကြောင် ဘ၀ဖြင့်နေခြင်းကတွက်ခြေကိုက်တယ်လို့ဆိုပါတယ်။ယောက်ျားဖြစ်ပါလျှက်သူများလုပ်စာကိုမှီခိုပြီးအချောင်စားနေခြင်းဟာလဲယောက်ျားမပီသ
ရာရောက်ပါတယ်"ဟူ၍လည်းကောင်း။

စာရေးဆရာဒေါက်တာအောင်ကျော်(သွား-ဆရာဝန်)က (ပေါ့ပေါ့လေး မတွေးပါနဲ့)အမည်ရ ဓမ္မဆောင်းပါးတွင် "ရဟန်းသံဃာများအပေါ် အထင်လွဲ၊အမြင်လွဲကာ ပေါ့ပေါ့ကလေး ပြောကြသူများသည် သူတို့ ကိုယ်နှိုက်က လေ့လာမှုနည်းပါးသောကြောင့်ဖြစ်ရသလို သာသနာ့ဝန် ထမ်းရဟန်းတစ်ချို့၏နေထိုင်မှုပေါ့လျော့သောကြောင့် လည်းအပြစ် ဆိုဖွယ်ရာပါဝင်နေပါသည်" ဟူ၍လည်းကောင်း သတိပေးကြ၊ဝေဖန် ကြခြင်း ဖြစ်ပါသည်။

"အနေကျပ်၊အသေချောင်,အနေချောင်၊အသေကြပ်"ဟုအဆိုရှိပါသည်။
ဝိနည်းကိုမစောင့်ရှောက်ဘဲအပျင်းပြေရုံဝတ်လာသော ရဟန်းအတွက် ဤဘ၀ အနေချောင်၍ပျော်စရာကောင်းမည် ဖြစ်သော်လည်း၊ သေသော
အခါ ဒုဂ္ဂတိဘ၀ သို့ ရောက်ပါလိမ့်မည်။

အချို့ ရဟန်းတော်များသည် သမထ၊၀ိပဿနာ ဘာဝနာများ ကျင့်ကြံပွား များ အားထုတ်နေပါသည်။အချို့ ရဟန်းတော်များကမူ ပရိယတ္တိစာပေ များကို သင်ယူ၊ကိုယ်တိုင် စာချ ပေးနေကြပါသည်။ထိုရဟန်းတော်များအား
ဆွမ်း စသည် လောင်းလှူပါက လောကစည်းစိမ်များတိုးပွားရုံသာမက တမလွန်ဘ၀ ၌နတ်ရွာသုဂတိသို့ရောက်ရှိခြင်းနှင့် မဂ်ဖိုလ်နိဗ္ဗာန်ထိ ပါကောင်းကျိုးများရရှိနိုင်ပါသည်။ ဤသို့ကောင်းကျိုးချမ်းသာများပေးခြင်း သည်ပင်လျှင် လူသားတို့ အကျိုးစီးပွားကိုဆောင်ရွက်ခြင်း၊အလုပ် လုပ်ပေးခြင်းပင်ဖြစ်လေသည်။

ကောင်းကျိုးချမ်းသာများကိုပေးခြင်း(ဖြစ်စေခြင်း)၊တရားထူးများ
ရစေခြင်းဖြင့်ဗုဒ္ဓမြတ်စွာဘုရားရှင်၏လူသားတို့၏အကျိုးစီးပွားဆောင်ရွက်
ပုံမှာ အထူးပြောစရာ မလိုတော့ပါ။

နိရောဓ သမာပတ်မှ ထတော်မူလာ သော အရှင်သာရိပုတ္တရာမထေရ် မြတ် ကြီးအား ဒန်ပူ၊မျက်နှာသစ်တော်ရေ၊ ဆွမ်း လှူဒါန်းလိုက်ရသဖြင့် ဆင်းရဲသား မောင်ပုဏ္ဏ နှင့် မယ် ဥတ္တရာ တို့မှာ ထိုးပြီးသားထယ်ခဲ များ က ရွှေတုံးများက ရွှေတုံးများ ဖြစ်သွားကာ ချက်ချင်း သူဋ္ဌေးဘ၀ ရောက် သွားကြပါသည်။

နိရောဓ သမာပတ်မှပင်ထတော်မူသော အရှင်မဟာကဿပမထေရ်ကြီး အား ပေါက်ပေါက်များလှူဒါန်းလိုက်သဖြင့် လယ်စောင့်အမျိုး သမီးကလေး မှာ ထိုဘ၀မှကွယ်လွန်သောအခါ တာဝတိံ သာနတ်ပြည်ရောက်ခဲ့ပါသည်။

သုဘူတိမထေရ် သည် ဆွမ်းခံကြွရာတွင် အိမ်တိုင်းအိမ်တိုင်း ၌ မေတ္တာ ဈန်ဝင်စားရာမှ ထ ပြီးမှ ဆွမ်းကိုအလှူခံလေ့ရှိပါသည်။ "ဤသို့ မေတ္တာပွား ၍အလှူခံသည်ရှိသော် ဆွမ်းဒကာတို့အားအကျိုးများပေလိမ့်မည်"
ဟုမထေရ် နှလုံးသွင်းတော်မူပါသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်က "လက်ဖျစ်တစ်တွတ်မျှလည်း မေတ္တာဘာဝနာကိုပွား များသောရဟန်းကို မြတ်စွာဘုရား အဆုံးအမ ကို လိုက်နာသော ရဟန်း ၊ပြည်သူတို့၏ ဆွမ်းကို အချည်းအနှီးမဖြစ်စေမူ၍ စားသုံးသောရဟန်းဟူ၍
ဆိုထိုက်ကြောင်းဟောတော်မူပါသည်"(အံ၊၁။စာ-၉။အစ္ဆရာ သင်္ဃာတ၀ဂ္ဂ)

"အိပ်လို ရဟန်း၊ စားလိုမှန်း၊ပုစ္ဆန်း လုပ်ပါလေ"ဟူသော "က၀ိလက္ခဏာ သတ်ပုံ သံပေါက်(ပိုဒ်ရေ-၇၂၇)"၏တွင် ဆိုလိုသည့်အဓိပ္ပါယ် မှာ [လူထွက်လိုသော]"စစ်ကိုင်းတိလောကဂုရုချောင်းဆရာတော်လောင်းလျာ"
အားအမျိုးသ မီးတစ်ဦးမှ လျှောက်ထားသည့် "ရဟန်းမည်သည်ကား သူလှူသော အ၀တ်အစား၊သူလှူသော အရိပ်သင်္ခန်းကို သုံးဆောင် စားသောက်၍ ချမ်းသာစွာနေထိုင်ရပေသည်။စာပေကျမ်းဂန်သင်လိုလျှင်
လည်း သင်ရ၏။ မသင်လိုလျှင်လည်း သင်္ကန်းကြီးကိုခြေကန်ကာသာအိပ်လို သမျှ အိပ်နေရသည်" ဟူသောစကားကိုရည်ရွယ်စပ်ထားဖြင်းဖြစ်လေသည်။

ထိုစကားရပ်၌"စားပြီးအိပ်ချည်းနေလိုလျှင် ရဟန်းပြုပါ။ဘုန်းကြီးဝတ်ပါ"ဟု တိုက်တွန်းလိုခြင်းမဟုတ်ပေ။ "ရဟန်းဘ၀ဟူသည်စားဝတ်နေရေး အတွက် ဘာပူပန်မှုမှမရှိဘဲ ကြောင့်ကြမဲ့နေထိုင်နိုင်သောဘ၀မျိုးဖြစ်၍ နောက်ဆုံးဘာအလုပ်မှမလုပ်ဘဲအိပ်နေလိုလျှင်အိပ်နေနိုင်သောဘ၀မျိုးဖြစ်ပါသည်"ဟုပျင်းရိတတ်သောရဟန်းတော်များအတွက်စကားကုန်ပြောဆိုထားခြင်းမျိုးသာဖြစ်လေသည်။တကယ်တမ်းတွင်မူပရိယတ္တိ၊ပဋိပတ္တိတစ်မျိုးမျိုးကိုလုပ်ကြရမည်သာဖြစ်လေသည်။

ရဟန်းဘ၀ဆိုသည်မှာ အလုပ်လက်မဲ့ဘ၀မျိုးမဟုတ်ပါ။ စားပြီးအိပ်နေ ရသောဘ၀မဟုတ်ပါ။ အလုပ်ရှိကြပါသည်။ လုပ်ကြဖို့လည်းလိုပါသည်။ ရဟန်းတော်များသည် ပရိယတ္တိ၊ပဋိပတ္တိ ကိုသင်ယူအားထုတ်ကြပါသည်။ ဒကာ၊ ဒကာမများပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းရကျိုးနပ်အောင်
မေတ္တာပို့သပေးကြရပါသည်။ဘာသာရေးစာပေ၊ ကျမ်းဂန်များကိုလည်း
စွမ်းနိုင်သမျှသင်ကြား၊သင်ယူ၊ဟောကြားရပါသည်။

"ပဗ္ဗိဇ္ဇိတ ဘာဝေါ ဒုလ္လဘော"ဟု ဗုဒ္ဓမြတ်စွာဘုရားရှင်ကဟောကြားတော်မူ သည့်အတိုင်း ရဟန်းဘ၀ ရရှိနိုင်ရေးမှာ ခက်ခဲလွန်းလှပါသည်။
မြင့်မြတ်သော ရဟန်းဘ၀သို့ တက်ရောက်နိုင်ရန် ရဟန်းလောင်းပုဂ္ဂိုလ် အတွက် သတ်မှတ်ထားသော အရည်အချင်းများ ရှိပါသည်။၎င်းတို့မှာ-

(၁) နူနာ စသော ရောဂါကြီးများမရှိရ

(၂) လူသားစစ်စစ် ဖြစ်ရမည်။

(၃) ယောက်ျား စစ်စစ်ဖြစ်ရမည်။

(၄) ကျွန်အဖြစ်မှ လွတ်မြောက်ရမည်။

(၅) ကြွေးမြီ ကင်းရှင်းရမည်။

(၆) မင်းခယောက်ျားမဟုတ်ရ။

(၇) မိဘ ခွင့်ပြုသူဖြစ်ရမည်။

(၈) အသက်(၂၀)ပြည့်ပြီးသူ ဖြစ်ရမည်။

(၉) ကိုယ်ပိုင်သပိတ်၊သင်္ကန်းပြည့်စုံရမည်။

(၁၀) အပြစ်ကြီးငယ်ကို အနီးကပ်ကြည့်ရှုဆုံးမမည့် ဆရာလည်းရှိရမည် .. စသည်တို့ဖြစ်ပါသည်။

ရဟန်းဘ၀ရရှိရန် အဘယ်မျှ ခက်ခဲပါသနည်း ဆိုသော် လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်တော်မူစဉ် ကာလ အတွင်း မြတ်စွာဘုရား အလောင်းတော် ကိုယ်တိုင်ပင်လျှင် ရဟန်းဘ၀ (၉)ဘ၀သာ ရရှိခဲ့ဖူးသည်။

ဗုဒ္ဓမြတ်စွာဘုရားသည် သုမေဓာ ရသေ့ဘ၀၊ဒီပင်္ကရာမြတ်စွာဘုရားထံ နိယျာတဗျာဒိတ်ခံယူစဉ်မှ ကဿပဘုရားရှင်ပွင့်တော်မူသည်အထိ လေး အသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ကာလအတွင်း ၌-

(၁) ကောဏ္ဍည (၂) သုမင်္ဂလ (၃) သုမေဓာ (၄) သုဇာတ (၅) ဖုဿ (၆) ဝေဿဘူ (၇) ကကုသန် (၈) ကော
ဏာဂမန (၉) ကဿပ -

ဟူသောဘုရားရှင်တို့လက်ထက် ၌ သာ ရဟန်းဘ၀ဖြစ်ကြောင်းပြဆို ချက်ဖြစ်သည်။

ရဟန်းများစောင့်စည်းရသော သိက္ခာပုဒ်(၂၂၇)သွယ်၊အကျယ် ကုဋေ ကိုးထောင်ကျော်ရှိအကျင့်သီလများသည် မလွယ်ကူလှပါ။ ဆွမ်းစားပြီး အိပ်နေ၍မရပါ။ ပိဋကတ်စာပေ၊ပရိယတ္တိ သင်ကြားကျက်မှတ်ခြင်း
ဟူသော ဓန္ထဓူရ ကိုဆောင်လျှင်ဆောင်၊ သို့တည်းမဟုတ် ကမ္မဋ္ဌာန်း
ဘာဝနာ ပွားများအားထုတ်ခြင်း တည်းဟူသော ၀ိပဿနာဓူရ
ကို ဆောင်ကြရသည်။ တစ်ချို့က စာဝါ လိုက်ခြင်း ကို လွယ် သည် ဟု ထင်မှတ်ကြသည်။

အမရပူရမြို့၊မဟာဂန္ဓာရုံဆရာတော်ကြီး၏ တေးထပ် တစ်ပုဒ် ကိုဖတ်ကြည့်စေလိုပါသည်။

"လွယ်တယ် မထင်နဲ့"

ရဟန်းဘ၀ အလွယ်မမှတ်နှင့်
တကယ်ကျပ်သကွဲ့ ဒကာ တို့ရေ
အနယ်နယ် အရပ်ရပ် ငါတို့ပြေ မှာ
ဝါ လို့နေအောင် သံဃာ အများ။

လုပ်ကြောက် စားရဲ အလကားနေသည်
အလွဲ၊အမှားတွေ ထင်ကြလေ၏တကား။

ကာမဂုဏ်ယုတ် ခွာဆုတ်ကာနော်
စာအုပ်ကိုသာ အဖော်ထား။
မသမာအလုပ် ဆိုတာ
မတော်ပါ ကလားရယ်လို့
အပျော်အပါး မလိုက်ပေ။
သပိတ်ပိုက်ကာ လမ်းတကာသွားလို့
ဆွမ်းရှာစားရ ပဲ နှင့်ချဉ်ပေါင်ရေ။
မ၀တ၀ မျှတလေသည်
ရသမျှတွေ သောင်းပြောင်းရောလို့
ကောင်း မကောင်းသော
ဘာ ကမျှ မချန်ပေါင်
ပါသမျှ ပန်းကန်ပြောင်။
စားပြီး စာကျက် နှုတ်တက်ဆောင်တယ်
အမြုပ်ထွက်အောင် စာအံရသဗျလေး။

…..ဟူ၍ဖြစ်ပါသည်။

"ရဟန်းကျင့်ဝတ်၊ တစ်ပါးချွတ်က၊လူနတ်မကြိုက်၊ကဲ့ရဲ့ထိုက်၏" ဟူသောအဆုံးအမ ကိုမမေ့သင့်သလို

"ရဟန်းကျင့်ဝတ်၊တစ်ပါးတက်က၊လူနတ်ဦးခိုက်၊ပူဇော်ထိုက်၏"
ဟူ၍ ဖြစ်ရန်လည်းအစဉ်သတိရှိရန်လိုအပ်ပါသည်။ မည်သည့်ကိစ္စမဆို အရင်းအမြစ်ကျနစွာ မသိပါဘဘဲနှင့် ပေါ့ပေါ့ကလေးအပြောမလွယ်သင့်ပါ။

အမြင်မှား၊အယူမှား ရှိနေသည်ကို သိခဲ့ပါလျှင် သိသောသူက မသိသော သူအား ပြုပြင်သွန်သင်မှုပြုအပ်ပါသည်။ သို့မဟုတ်ပါကသူ၏" ခံယူချက် မှန်ကန်သည်၊ အများက သဘောတူလက်ခံသည်"ဟု ယူဆပြီး မှားသည် ထက်မှား မိုက်တွင်းနက် သည်ထက် နက်ရှာပေတော့မည်။

အထူးသဖြင့် သာသနာရေး နှင့်ပတ်သက်၍ ပိုမိုဆင်ခြင်သင့်လှ၏။"၀ဇီဗေဒ ထိတိုင်းရှသည်" ဟု ဆိုရိုးစကားရှိပါသည်။ ထို့ကြောင့် ပေါ့ပေါ့ကလေး ပြော ဆိုမှုကြောင့် လေးပင်သောအပြစ်ကြီးများမရကြစေရန် အထူးသတိချပ်
သင့်ပါကြောင်းနှင့် ရဟန်းတော်များအပေါ် အချို့သော လူဝတ်ကြောင်တို့၏ "အလုပ်လက်မဲ့တွေပါ"ဟူသော အထင်သေးမှုဘေးမှ ကင်းရှင်းကြစေလို ပါကြောင်း စေတနာကောင်းနှင့်ရေးသားတင်ပြလိုက်ပါသည်။


မှီငြမ်း ကျမ်းကိုး-
၂၀၁၀ခုနှစ်၊စက်တင်ဘာလထုတ်- Dhamma Digest (ဓမ္မဒိုင်ဂျက်-ဓမ္မစာစောင်)မှ
"တက္ကသိုလ် သောတုဇန(မဟာဓမ္မာစရိယ)"၏"အလုပ်လက်မဲ့တွေလား"
"အညတရ-ဘိက္ခု"၏"ဘုန်းကြီးဝတ်ကြည့်စမ်းပါ"
"ဒေါက်တာအောင်ကျော်(သွား-ဆရာဝန်)"၏"ပေါပေါ့လေး မတွေးပါနဲ့"
(အထက်ပါ ဆောင်းပါးများကို မှီငြမ်း၍ ,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)

ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
(ည.ည.တ)


မှတ်ချက်။ ။ ဤဘလော့ဘ်ပို့စ်အား မဖတ်ရသေးသူများ၏ ဗဟုသုတအကျိုးငှာ ရည်ရွယ်၍မျှဝေဓမ္မဒါနပြုခြင်းဖြစ်ပါသည်။
ဖတ်ပြီး, သိပြီးသူများ,အတွက်အနူးအညွတ်တော
င်းပန်ပါသည်။
Facebook မှကူးယူဖော်ပြပါသည်။




ဘာသာခြားကမေးရင် ဘယ်လိုဖြေမလဲ (မြန်မာ-အင်္ဂလိပ်)

မေး။ ။ အရှင်ဘုရား တပည့်တော် အစ္စလမ်နဲ့ဗုဒ္ဓဘာသာရဲ့ ခြားနားချက်မေးခွန်းအနည်းငယ်ကို သိလိုပါတယ်ဘုရား။ တပည့်တော်သူငယ်ချင်း အစ္စလမ်တစ်ယောက် ဗုဒ္ဓဘာသာနဲ့ပတ်သတ်ပြီး မေးတဲ့အခါ တပည့်တော်ရှင်းလင်းအောင် မဖြေပေးနိုင်တဲ့အရာတွေရှိနေလို့မို့ တပည့်တော်မေးတဲ့ မေးခွန်းများကို အင်္ဂလိပ်လို ပြန်ဖြေပေးစေချင်ပါတယ်ဘုရား။

၁။ အစ္စလမ်ဘာသာဝင်တွေက ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတဲ့အရာအားလုံးကို အလ္လာဟ်က ဖန်ဆင်းထားတယ်လို့ ပြောတယ်ဘုရား။ အဲဒါနဲ့ တပည့်တော်က ဗုဒ္ဓဘာသာမှာက ဘာပဲလုပ်လုပ် ကံကံရဲ့အကျိုးကြောင့် ဖြစ်တယ်။ ကံကံရဲ့အကျိုးတရားအတိုင်း ပြန်လည်ခံစားရတယ်လို့ ပြောတဲ့အခါ သူငယ်ချင်းက ဒါဆို ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတာတွေဟာ ဘယ်လိုလုပ်ပေါ်ပေါက်လာသလဲလို့ မေးပါတယ်။ ဒါနဲ့ တပည့်တော်က မင့်တို့အလ္လာဟ်ကိုရော ဘယ်သူဖန်ဆင်းသလဲလို့ ပြန်မေးတဲ့အခါ သူက မသိဘူးလို့ ပြောပါတယ်။ သူက သူ့ဘာသာအကြောင်း မရှင်းပြတတ်ပေမဲ့ တပည့်တော်က ကိုယ့်ဘာသာအကြောင်း ရှင်းပြချင်လို့ ဒီမေးခွန်းကို ဖြေပေးပါဦးဘုရား။

၂။ တပည့်တော်တို့ဟာ သူတစ်ပါးအသက်သတ်ရင်တော့ အပြစ်ဖြစ်တယ်ဆိုပြီး ဘာဖြစ်လို့ အသားငါးကျတော့ စားကြတာလဲတဲ့၊ အသားငါးစားတာဟာလည်း သူတစ်ပါးအသက်သတ် သလို ဖြစ်မနေဘူးလားတဲ့။ ဒါနဲ့ တပည့်တော်က ကိုယ်တိုင်မသတ်ဘူး။ သူများရောင်းလို့ ၀ယ်စားတာ၊ ရောင်းတဲ့လူမရှိရင် မစားဘူးလို့ပြောတဲ့အခါ သူငယ်ချင်းက ၀ယ်စားတာဟာလည်း ရောင်းတဲ့ လူသတ်အောင် အားပေးသလိုဖြစ်နေတဲ့အတွက် အပြစ်မဖြစ်ဘူးလားလို့ မေးပါတယ်ဘုရား။

၃။ ဗုဒ္ဓဘာသာဟာ ဘာကိုယုံကြည်ပါသလဲလို့ မေးပါတယ်ဘုရား။

၎။ ဗုဒ္ဓဆိုတာ ဘယ်သူလဲ။ ဗုဒ္ဓဟာ လူတစ်ယောက်ဆိုရင် မင့်တို့က ဘာဖြစ်လို့ ရှိခိုးရိုသေပေးနေရတာလဲ၊ သူ့မှာ တန်ခိုးတွေ မရှိဘူးလားလို့ မေးပါတယ်ဘုရား။ ဒီမေးခွန်းတွေကို တပည့်တော်လည်းတက်နိုင်သလောက်တော့ ဖြေပေးပါတယ်ဘုရား။ ဒါပေမဲ့ တပည့်တော် တိတိကျကျမဖြေနိုင်တာတွေရှိတဲ့အတွက် အရှင်ဘုရားအနေနဲ့ ဖြေပေးဖို့ရန် တောင်းဆိုလိုက် ရခြင်း ဖြစ်ပါတယ်ဘုရား။ တပည့်တော်ဟာ ဒူဘိုင်းမှာနေတဲ့လူမို့ အဲဒီကမူစလင်လူတွေနဲ့ပဲပေါင်းသင်းနေရပြီး ဗုဒ္ဓဘာသာသူငယ်ချင်းမရှိတဲ့အတွက် သူငယ်ချင်းမူစလင်တွေ က ကိုယ့်ဘာသာအကြောင်းမေးရင် သေချာမရှင်းပြနိုင်လို့ အခုမေးခွန်းတွေကို တပည့်တော်အားသနားသဖြင့် ဖြေဆိုပေးပါရန် လျှောက်ထားတောင်းပန်းအပ်သည်အရှင်ဘုရား။ ဦးတင်ပါတယ်ဘုရား။

ဖြေ။ ။ (၁) ကမ္ဘာမြေ၊ လ၊ နေ၊ လူစတဲ့အရာတွေဟာ လောကကြီးထဲမှာ ဖြစ်ပျက်နေတဲ့ သဘာဝတရားတွေမို့ တစ်စုံတစ်ယောက်မှ ဖန်ဆင်းထားတာ မဟုတ်ပါဘူး။ လောကမှာရှိတဲ့အရာတွေဟာ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်လာတဲ့အရာတွေကြီးပါပဲ။ ရှေးယခင်အချိန်ကာလများစွာက နေ၊ လတို့မဖြစ်ပေါ်သေးတာတွေ ရှိခဲ့ပါတယ်။ အဲဒီအခါတုန်းက နေလတို့မရှိတဲ့အတွက် ကမ္ဘာလောကကြီးဟာ အမှောင်ထုကြီးပဲ တည်ရှိနေခဲ့ရတာပါ။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ နေလတို့ဖြစ်ပေါ်လာတဲ့အခါကျမှ ကမ္ဘာပေါ်မှာ အလင်းရောင်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီလို နေတွေလတွေပေါ်လာလို့ အလင်းရောင်ရရှိခဲ့တဲ့အခါကျမှသာလျှင် နှစ်၊ လ၊ ရက်၊ ရာသီဥတုတွေကို လူတွေက သတ်မှတ် လာခဲ့ကြတာပါ။

ဗုဒ္ဓဘာသာတို့ရဲ့ အယူအဆအတိုင်း အကြောင်းကြောင့် အကျိုးဖြစ်လာတာလား၊ ဖန်ဆင်းရှင်ဝါဒတို့ရဲ့ ဖန်ဆင်းထားလို့ အရာဝတ္ထုလူတွေ ဖြစ်လာတာလားဆိုတာကို ရှင်းလင်းနားလည်အောင် ဥပမာပေးလေးတစ်ခုနဲ့ နှိုင်းယဉ်ပြောပြပေးပါမယ်။ မောင်နီဆိုတဲ့လူတစ်ယောက် ဖြစ်လာတာဟာ ဖန်ဆင်းရှင်က ဖန်ဆင်းပေးလို့ ဖြစ်လာတာလား။ သူ့ရဲ့မိဘနှစ်ပါးအတူအိပ်ခဲ့ကြလို့ ဒါမှမဟုတ် သူတို့ရဲ့ သွေးသားတွေ ရောစပ်ပေးလိုက်လို့ ဖြစ်လာတာလားဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ အဲဒီလိုစဉ်းစားကြည့်မယ်ဆိုရင် ဘယ်ရာမဆို အကြောင်းတရားမရှိဘဲ အကျိုးတရားဖြစ်မလာနိုင်ဘဲနဲ့ အကြောင်းကြောင့် အကျိုးတရားရလာဒ်များ ပေါ်ပေါက်လာတယ်ဆိုတာ သိသာထင်ရှားစွာ သိမြင်လာပါလိမ့်မယ်။ ဒါဆို လောကရှိအရာများဟာ ဘယ်သူမှဖန်ဆင်းပေးလို့မဟုတ်ဘဲ အကြောင်းတရားရှိခြင်းကြောင့် အကျိုးတရားတွေ ဖြစ်လာတဲ့အရာတွေဆိုတာ သိလောက်မယ် ထင်ပါတယ်။

အရာအားလုံးမှာ အတိတ်၊ မျက်မှောက်ဆိုတဲ့ ကြောင်းကျိုးလှုပ်ရှားပြုလုပ်မှုတွေကြောင့် ပျော်ရွှင်မှုတွေ၊ စိတ်ဆင်းရဲမှုတွေ ဖြစ်လာကြတာပါ။ မိမိက ပျော်ရွှင်အောင်လုပ်ခဲ့မယ်ဆိုရင် မိမိထံမှာ ပျော်ရွှင်မှုတွေရောက်လာမှာဖြစ်ပြီး မိမိက သူတစ်ပါးစိတ်ထိခိုက်အောင် လုပ်ခဲ့ပေးမယ်ဆိုရင် မိမိဆီကိုလည်း စိတ်ဒုက္ခရောက်စရာတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် မိမိတို့ရောက်ချင်တဲ့ နိဗ္ဗာန်ကိုလည်း မိမိတို့ဘာသာရောက်အောင် ပြုလုပ်ကြတာဖြစ်သလို မိမိတို့မရောက်ချင်တဲ့ ငရဲပြည်ကိုလည်း မိမိဘာသာပြုလုပ်ကြလို့ သွားကြရခြင်း ဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင် ဖန်တီးသူများဖြစ်ပြီး မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာ ပြုလုပ်ကြတာပါ။

ဥပမာ-ကြည့်မှန်တစ်ခုကိုယူပြီး အဲဒီမှန်ကို ကြည့်လိုက်တဲ့အခါမှာ မိမိမျက်နှာက ပြုံးနေရင် မှန်ထဲမှာ ပြုံးနေပုံလေး မြင်ရမှာဖြစ်သလို မိမိက ဒေါသထွက်စိတ်တိုနေပုံနဲ့ မှန်ကိုကြည့်ရင် မှန်ထဲမှာ အဲဒီအတိုင်းပဲ မြင်ရပါလိမ့်မယ်။ အဲဒီပြုံးပျော်ရွှင်ဝမ်းနည်းမှု ဒေါသထွက်မှုတွေကို တခြားတစ်စုံတစ်ယောက်က ဖန်ဆင်းပေးလို့ မှန်ထဲမှာပေါ်လာတာမဟုတ်ဘဲ မိမိတို့ကိုယ်တိုင် ဖန်ဆင်းလို့ မိမိတို့ဖန်ဆင်းသလို မှန်ထဲမှာ ပုံရိပ်ပေါ်လာခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် မိမိတို့က မျက်မှောက်မှာ သူတစ်ပါးကောင်းစားအောင်၊ သူတစ်ပါးအပေါ် စိတ်ထားကောင်းနဲ့ပြုလုပ်ပေးရင် အဲဒီပြုလုပ်ပေးတဲ့အရာတွေဟာ မိမိပြုလုပ်တဲ့အတိုင်း မှန်တွင်ပေါ်လာသလို ပြန်လည်ပုံဖော်ပေးမှာမို့ မိမိပုံဖော်ခဲ့တဲ့အတိုင်း ပြန်လည်ခံစားရပါလိမ့်မယ်။ မိမိက သူတော်ကောင်းအလုပ်လုပ်ရင် သူတော်ကောင်းအကျိုး ခံစားရမှာဖြစ်ပြီး မိမိက သူယုတ်မာအလုပ်လုပ်ရင် သူယုတ်မာအကျိုးကို ခံစားရပါမယ်။ မိမိက အများအကျိုးလုပ်ပေးရင် မိမိမှာလည်း အများကပြန်လည်ပေးဆပ်ကြမဲ့ ကောင်းကျိုးတွေ ပြန်လည်ရရှိမှာပါ။

မိမိက ကြည့်မှန်ထဲမှာ မျက်နှာကြီးရှုံ့မဲပြပြီး မှန်ထဲမှာ ပြုံရွှင်နေတဲ့ပုံစံလေး ပြန်ပေါ်လာချင်လို့တော့ မရသလို ဘယ်သူကမှလည်း လုပ်ပေးလို့မရပါဘူး။ မိမိစိတ်က ပြုလုပ်တဲ့အတိုင်း မိမိစိတ်မှာ ပြန်လည်သက်ရောက်လာမှာဖြစ်သလို မိမိနှုတ်၊ ကိုယ်တို့နဲ့ပြုလုပ်တဲ့အရာတွေကလည်း မိမိပြုလုပ်ခဲ့သလို ကောင်းတာဆိုရင် ကောင်းတာပြန်လာမှာဖြစ်ပြီး မကောင်းတာလုပ်ခဲ့ရင် မကောင်းတာတွေ ပြန်လာမှာပါ။ ဒါကြောင့် လူချင်းတူနေပေမဲ့ လှတာ၊ ချမ်းသာတာ၊ ပညာတတ်တာ၊ စိတ်ထားကောင်းတာစတဲ့အချက်တွေဟာ ကိုယ့်ပြုလုပ်ခဲ့တဲ့လုပ်ရပ်ပေါ်မှာမူတည်ပြီး အကျိုးပေးနေတာကြောင့် ကွဲပြားနေရတာပါ။ တကယ်လို့ လူအားလုံးကို ဖန်ဆင်းရှင်တစ်ဦးကသာ ဖန်ဆင်းပေးတာဆိုရင် လူလူချင်းမို့ ကျန်တာတွေလည်း တူနေရပါလိမ့်မယ်။

သက်ရှိမှာတောင် မိမိတို့ဖန်ဆင်းပြုလုပ်ထားတဲ့အတိုင်း ပြန်လည်ဖြစ်ပေါ်သေးတာဆိုရင် သက်မဲ့တွေမှာလည်း အကြောင်းကြောင့် အကျိုးတရားတွေ ဖြစ်ပေါ်လာကြတယ်ဆိုတာ ထူးထွေပြောစရာလိုမယ် မထင်ပါ။ ဥပမာ-သက်မဲ့တွေမှာလည်း မိုးရွာရင်၊ မြေသြဇာရှိရင် မြက်ပင်ဟာ ပေါက်လာမှာဖြစ်သလို မိုးမရွာရင်ဖြစ်စေ၊ မြေသြဇာ မရှိခဲ့ရင်ဖြစ်စေ မြက်ပင်ဟာ ပေါက်လာမှာမဟုတ်ပါဘူး။ အဲဒါကြောင့် သက်ရှိ၊ သက်မဲ့အရာအားလုံးဟာ အကြောင်းတရားပေါ်မူတည်ပြီး အကျိုးတရားတွေဖြစ်လာကြတာမို့ မည်သူကမှ ဖန်ဆင်းပေးစရာမလိုသလို ဖန်ဆင်းပေးလို့လည်း မရပါဘူး။

(၂) လူသားတွေရဲ့ ခန္ဓာကိုယ်ဓာတ်သဘာဝကြီးက အသားစားမှဖြစ်မယ်၊ အသားစားမှ လိုအပ်တဲ့ခန္ဓာကိုယ်စွမ်းအားတွေရှိပြီး ကျန်းမာအသက်ရှည်မယ်ဆိုရင် အသားကိုစားနိုင်ပါတယ်။ ဒါပေမဲ့ မိမိစားမဲ့အသားဟာ သူ့ဘာသာသူ ဘယ်လိုပုံစံနဲ့ဖြစ်စေ သေပြီးသားသတ္တ၀ါ ဖြစ်နေရပါမယ်။ မိမိကိုယ်တိုင်လည်း တိရစ္ဆာန်ကို မသတ်ရသလို သူတစ်ပါးကိုလည်း မသတ်ခိုင်းရ၊ မိမိစားမှာဆိုပြီးတော့လည်း သူတစ်ပါးက ပြုလုပ်မပေးရ၊ မိမိပယောဂလုံးဝမပါရပါ။ အဲဒီလိုဆိုရင်တော့ မိမိစားတဲ့အသားရဲ့သက်ရှိတိရစ္ဆာန်ဟာ မိမိနဲ့မည်သို့မည်မျှမှ ပတ်သတ်မှုမရှိတဲ့အတွက် အပြစ်မရှိပါပေ။ အဲဒီလိုမဟုတ်ဘဲ မိမိပယောဂတစ်ခုခုပါခဲ့ရင်ဖြစ်စေ၊ မိမိရှေ့မှာသတ်နေတာကိုမြင်နေရတဲ့ အသားငါးကိုဖြစ်စေ၊ မိမိကြိုတင်မှာထားလို့ သူတစ်ပါးကသတ်ပေးလိုက်ရင်ဖြစ်စေ အဲဒီလိုအသားငါးများကို စားမယ်ဆိုရင်တော့ မိမိမှာလည်း အပြစ်ရှိတာမို့ ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

တချို့သောလူတွေဟာ အသားငါးတော့ မစားကြပါဘူး။ ဒါပေမဲ့ စိတ်ဓာတ်ကျတော့ ညစ်ပစ်ယုတ်မာကြပါတယ်။ အဲဒီလို လူတွေနဲ့စာရင် စိတ်ဓာတ်ကောင်းပြီး အသားငါးစားတဲ့လူတွေကို လူကောင်းလို့ ခေါ်နိုင်ပါတယ်။ ဒါကြောင့် မိမိခန္ဓာကိုယ်ကြီးဟာ အသားငါးစားမှ ကျန်းမာသက်ရှည်မှာမို့ဖြစ်စေ၊ သစ်သီးသစ်ရွက်နဲ့ အသက်ဆက်ဖို့မဖြစ်နိုင်ရင်ဖြစ်စေ စိတ်ဓာတ်ကောင်းဖို့သည် အဓိကအကျဆုံးဖြစ်တာမို့ မိမိပယောဂမပါတဲ့ အသားငါးဆို စားချင်ပါက စားနိုင်ကြပါတယ်။

(၃) ရေကန်ထဲကို ကျောက်ခဲတစ်လုံး ပစ်လိုက်တဲ့အခါ အဲဒီကျောက်ခဲပစ်ချလိုက်တဲ့အရှိန်ကြောင့် ရေလေးတွေဟာ နဘေးကို လွင့်စင်သွားကြပေမဲ့ အချိန်တန်တဲ့အခါကျတော့ အဲဒီပစ်လိုက်တဲ့ ကျောက်ခဲဆီကိုပဲ ရေလေးတွေ ပြန် လာကြပါတယ်။ ဘောလုံးတစ်လုံးနဲ့ နံရံတစ်ခုကို ကန်လိုက်တဲ့အခါ မိမိကန်လိုက်တဲ့ဘောလုံးလေးဟာ နံရံကိုမှန်ပြီး မိမိဆီကိုပဲ ပြန်လာသလို မိမိလုပ်တဲ့ ကောင်းကံမကောင်းကံဟာ မိမိဆီပဲပြန်လာကြတာမို့ အဲဒါကို မလွဲမသွေ ခံစားကြရပါတယ်။ မိမိက ကောင်းတာလုပ်ရင် ကောင်းကျိုးတွေပြန်လာမှာဖြစ်သလို မကောင်းတာလုပ်ရင် မကောင်းကျိုးတွေ မိမိဆီကို ပြန်လာမှာ အမှန်ပါ။ ဒါတွေဟာ သဘာဝတရားတစ်ခုပဲမို့ မည်သူကမှ ဖန်ဆင်းပေးခြင်း မဟုတ်ပါ။

အဲဒီလို မိမိလုပ်တဲ့လုပ်ရပ်တွေ မိမိဆီကို အကျိုးပေးရန်ပြန်လာတဲ့အခါမှာ အောက်ပါအတိုင်း (၄)မျိုးထဲက တစ်မျိုးမျိုးနဲ့တော့ ပြန်လာကြပါတယ်။

၁။ တချို့ ကောင်းကံမကောင်းကံတွေဟာ မျက်မှောက်ဘ၀မှာ အကျိုးပေးတယ်။
၂။ တချို့ ကောင်းကံမကောင်းကံတွေဟာ ဒုတိယဘ၀မှာ အကျိုးပေးတယ်။
၃။ တချို့ ကောင်းကံမကောင်းကံတွေဟာ တတိယဘ၀ကနေ ပန်းတိုင်ရောက်တဲ့အထိ အကျိုးပေးတယ်။
၎။ တချို့ ကောင်းကံမကောင်းကံတွေဟာ အကျိုးပေးခွင့်မရလိုက်လို့ ပျောက်ပျက်သွားတတ်ပါတယ်။ ဥပမာ-ကောင်းမှုသေးလေးဟာ ကောင်းမှုကြီးအကျိုးပေးခွင့်ရှိလာတဲ့အခါ ကောင်းမှုကြီးအကျိုးပေးနေလို့ ကောင်းမှုလေးဟာ အကျိုးပေးခွင့်မရဘဲ ပျောက်ပျက်သွားတာမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်။

ကိလေသာချုပ်ငြိမ်းပြီးသား ရဟန္တာအရှင်မြတ်တွေဟာ ရှေ့ဆက်ဘ၀ဖြစ်စရာ မရှိတော့လို့ ကောင်းကျိုးခံစားရမှာမဟုတ်တော့တဲ့အတွက် သူတို့ဘာသာ အေးဆေးနေနိုင်ကြပါတယ်။ ဒါပေမဲ့ အဲဒီလိုမနေကြဘဲ သာမန်ရဟန်းများလုပ်တဲ့ ဆွမ်းစားကျောင်းတာဝန်၊ အိမ်သာဆေးတာဝန်တွေကအစ အများအကျိုးပြုလုပ်ပေးကြတာကို အတုယူတတ်မယ်ဆိုရင် မိမိတို့လို ဘ၀အဆုံးမသတ်သေးဘဲ ရှေ့ဆက်လျှောက်ရဦးမဲ့ မိမိတို့ဟာ ပိုမိုပြီးတောင် အများအကျိုး ကောင်းမှုများကို ပြုလုပ်ပေးသင့်ပါတယ်။ ဒါကြောင့် ရဟန္တာအရှင်မြတ်များကို အတုယူပြီး မိမိတို့ဟာ ကောင်းကျိုးများခံစားရဖို့ ရှိသေးတာကြောင့် အသက်ရှင်စဉ်လေးမှာ ကောင်းမှုများနဲ့ ဘ၀ကိုအဆုံးသတ်နိုင်အောင် ကြိုးစားကြပါလိမ့်မယ်။ ယခု အောက်ဆုံးကံ(၄)မျိုး အကြောင်းကတော့ မြန်မာဗုဒ္ဓဘာသာများအတွက် သီးသန့်ထပ်ဖြည့်စွက်ပေးလိုက်တာပါ။

(၄) တကယ်တော့ ဗုဒ္ဓဆိုတာ ကိလေသာအမှောင်တွေထဲကနေ ရုန်းကန်နိုးထလာသူ၊ ကိလေသာအမှောင်တွေကို တွန်းလှန်နိုင်သူ၊ လောကရှိအရာအားလုံးကို အမှန်တကယ် သိမြင်သူ၊ မကောင်းမှုအားလုံးကို ပယ်ထုတ်ခဲ့သူ ဖြစ်ပါတယ်။ ရှေ့ယခင်ကလည်း ဒီလိုဗုဒ္ဓတွေအများကြီးဖြစ်ခဲ့သလို အနာဂတ်မှာလည်း ဖြစ်ကြပါလိမ့်ဦးမယ်။ ဗုဒ္ဓဆိုတာ မသိတာမရှိတဲ့ သဗ္ဗညုတဉာဏ်ပိုင်ရှင်ရရှိ သူများ ဖြစ်ပါတယ်။ ဒါပြင် ဗုဒ္ဓဟာ သူတစ်ပါးအပေါ် သနားကရုဏာကြီးမားသူဖြစ်ပြီး သမာသမတ်စိတ်ထားကောင်းနဲ့ပြည့်စုံသူ ဖြစ်ပါတယ်။

ဗုဒ္ဓဟာ ရှေးယခင်ကဖြစ်ခဲ့တဲ့အရာတွေကို မှတ်မိခြင်း ပုဗ္ဗေနိဝါသနုဿတိဉာဏ်။ နတ်မျက်စိကဲ့သို့ အဝေးကို ဖောက်ထွင်းသိမြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်။ ကိလေသာနူနာအားလုံးကို ပယ်သတ်နိုင်သော အာသ၀က္ခယဉာဏ်(၃)မျိုးကို ရရှိထားပါတယ်။

မြတ်ဗုဒ္ဓဟာ သူရရှိတဲ့အဘိဉာဏ်တန်ခိုးတွေကို လူတွေယဉ်ကျေးလာအောင်၊ လူတွေကို ထိန်းချုပ်နိုင်အောင်အတွက် အသုံးမပြုခဲ့ဘဲ တရားဟောတဲ့အခါ၊ နာယူသူအား ဘယ်လိုတရားမျိုးဟောရင် ပိုအကျိုးများမလဲ၊ ဘယ်လိုတရားနဲ့ထိုက်တန်သလဲ၊ ဘယ်သူဟာ ဘယ်ချိန်မှာ တရားထူးရတဲ့သူဖြစ်မလဲဆိုတဲ့ အများတရားရရှိဖို့အတွက်တော့ တစ်ခါတရံမှာ သူရရှိထားတဲ့ အဘိဉာဏ်တန်ခိုးများကို အသုံးပြုပြီး ဟောကြားလမ်းညွှန်ပေးလေ့ရှိပါတယ်။ ဒါပြင် ဗုဒ္ဓဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အမှန်တရားများဖြစ်တဲ့ ဆင်းရဲခြင်းအမှန်၊ ဆင်းရဲခြင်းဖြစ်ကြောင်း အမှန်တရား၊ ဆင်းရဲချုပ်ငြိမ်းခြင်းအမှန်တရား။ ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်ကြောင်း လမ်းမှန်တရားတို့ကို သူကိုယ်တိုင်လည်းသိမြင်ပြီး အများကိုလည်း လမ်းညွှန်ဟောပြပေးခဲ့ပါတယ်။ ဗုဒ္ဓရဲ့တရားများဟာ သာမာန်အခြေခံတရားများရော၊ အနက်အဓိပ္ပါယ်လေးနက်တဲ့ တရားများရော ပါဝင်ပါတယ်။ ဒါပြင် စိတ်ကိုဖြူစင်အောင်ထားပြီး ကောင်းသောအလုပ်များ ဆောင်ရွက်တတ်အောင်၊ မကောင်းမှုအားလုံးတို့ အဆုံးသတ်နိုင်အောင်လည်း သူ့ရဲ့ဉာဏ်ထဲမှာ အမှန်အတိုင်း သိမြင်သမျှအားလုံးတို့ကို ဟောကြားပေးခဲ့ပါတယ်။

ဒါကြောင့် ဗုဒ္ဓဟာ ငါတို့ရဲ့ ကျေးဇူးရှင်ဖြစ်သလို ကောင်းတာမကောင်းတာကို သိအောင်၊ ပြုလုပ်တတ်အောင် လမ်းညွှန်ပေးတဲ့ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ငါတို့ဟာ မြတ်ဗုဒ္ဓရဲ့ ငါတို့အပေါ်ရှိတဲ့ ကျေးဇူးတရား၊ ငါတို့မှာမရှိတဲ့ ပညာစွမ်းအား၊ ကရုဏာစွမ်းအားစတာတွေကို အမြဲတမ်းအာရုံပြုပြီး ရိုသေကန်တော့နေခြင်း ဖြစ်ပါတယ်။ မိမိအပေါ်မှာ ကျေးဇူးရှိခဲ့တဲ့ကျေးဇူးရှင်ကို ဘယ်သူမဆိုသိတတ်ပြီး ကျေးဇူးဆပ်ရမှာပါ။ ဒါဟာ လောကရဲ့သဘာဝပါ။

ဦးဇင်းမှာ အချိန်မအားပေမဲ့ ဦးဇင်းဒီမေးခွန်းများကို ဖြေမပေးခဲ့ဘူးဆိုရင် မိမိဘာသာအကြောင်းမရှင်းပြတတ်ဘူးဆိုပြီး ဘာသာခြားက မိမိတို့ဘာသာအပေါ် အထင်သေးမှုများနဲ့ ကြုံတွေ့ရမှာစိုးလို့ ဦးဇင်း အသိဉာဏ်ဗဟုသုတ၊ အင်္ဂလိပ်စာအရည်အချင်း ရှိသလောက် ဖြေပေးလိုက်ပါတယ်။ ဒီလောက်ဆို မေးခွန်းရှင်ရဲ့အဖြေဟာ လုံလောက်မယ် ထင်ပါတယ်။ ဦးဇင်းအင်္ဂလိပ်စာ မကျွမ်းကျင်သေးလို့ အင်္ဂလိပ်စာအားနည်းမှုများပါရင်လည်း ခွင့်လွတ် နားလည်ပေးကြပါလေ။

ဦးဇင်းရဲ့ စာဖတ်ပရိတ်သတ်အားလုံး အချိန်တိုင်းမှာ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး ကမ္ဘာပေါ်မှာရှိတဲ့ ဒုက္ခအားလုံးတို့မှလည်း ကင်းလွတ်ပြီးလျှင် ပန်းတိုင်ကိုလျင်မြန်စွာရောက်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းပေးလျက်…..။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

Questions and Answers about Buddhism

If you want to know about Buddhism you will be able to read this post

Questions-
I would like to ask a few questions regarding with the Islam and Buddhism differences. This is my first time to ask a question. Kindly please forgive me if there are mistakes. I would like to request that please answer to me in English. It is because the person who asked me about Buddhism is Forigner and I could not translate some of the terms of Burmese Parli into English. My Islamic Friends always ask me about Buddha and I could not translate or explain to him.

Islam belive that the earth, the moon, the sun, day, night, animals, human and everythings are created by Allah. My Muslim Friend asked me that

1. If we (Buddhism) belive that what we do, is what we get (Kamma Result) then in this case, who create human, earth, moon and everything? How these things appear? I could not answer his question. I told him that our Buddha is not creator. I am so sad that I could not explain to him in English although I am Buddhism. I had read that in burmeseclassic.com, one of the post answers is if Allah is a creator of everyone; there has someone who creates Allah. It is because everything is happening like a circle. I explain to my friend that everything is like a circle and I asked him there should be someone who creates Allah. He said "No" and I could not explain more to him.

2. I told him killing animal is sin. He asked why I am eating meat if I said killing animal is sin? And he said animals are created by Allah for all the human to eat. Therefore, it is no sin. I told him, we did not kill the animal. However, there are people who selling the meat. Therefore, we buy and we eat. If the people are not selling meat, we are not going to eat meat at all. But he said somehow it is indirect way we are encouraging to kill the animal and we are getting sin. I am so confuse that am I getting sin because of I am eating meat? How can I explain to him?

3. What Buddhism Believe? (How can I answer this question to non Buddhist person? I told him we belive in Buddha Teaching and practices. Then he asked me what those are. It is really hard for me to explain)

4. Who is the Buddha? (I told him the Buddha is one of the human and he borned and he died. But he found the universal truth. And then my friend asked if he is human like us why u are giving worship to him? Does he have any power? Sayardaw! I do not know how to explain in English. What do I understand in English is Buddha has power and when he met with Da wa dat, he show fire, water comes out from nose and mouth at the same time. Could you please explain to me properly in terms with English? And also in order to become a Buddha, he has to pass many lifes and finally he can be the Buddha. Oh. I really could not explain although I understand in Burmese)

Sayadaw! I am asking this question is I do not want to give wrong idea of Buddhist or Buddhism to some one who is enthusiastic to know about Buddhism. I really want to explain to him very well. Now I am trying to read "The Teachings of The Buddha" (Basic Level) by Ministry of Religious Affairs. However, many of the word written in Sanskrit and it is hard to understand. Therefore, I really appreciate if Sayardaw can answer my questions.

I am staying at the United Arab Emirates and most of the people here is Muslim and I do not have Buddhist friends here who I can disucss or ask in English. Kindly allow me to ask more questions in future.

Please forgive me to write with "I, you, he, or she"

I am aspecting you Bante.

ANSWERS

1. No one creates human, the earth, the moon and everything because that is nature in the world. As long as the moon and sun have not arisen in the world, so long as there is nothing shining forth a great light of great radiance. There prevails gross darkness. Later when the moon and the sun rise in the world, then a great light of great radiance shine forth and gross darkness is not in the world the months, the half-moon and the seasons of years are.

For example about creation that if your parents don’t sleep together or don’t blend their blood you will not be able be a human. In this way, other everything is the result of their own past and present actions. That’s why we ourselves are responsible for our own happiness and misery. We create our own Heaven. We create our own Hell. We are the architects of our own fate.

Bring a mirror and look at it, you will see yourself in the mirror. When you are happy your face would be bright, when you are sad your face will be frown, when you are angry your face will be red and ugly. Is that right? Now answer me who create your happy face, who create your frown face, who create your ugly face?

The God believer was thinking your different faces reflected by the different mood (state of the mind) is the creator of the faces. Your inner mind is your own Creator. Your face always reflected on your mind or mood (state of mind), if you have anger, greedy, delusion your face will show ugly, and frown. Your mind can change your face in this present life, as well as your future life, or next life. If you are dwelling in anger, hatred, greed, and delusion, your next life will be the same as your face showing in the mirror. Now you will see who is a Creator? If you wanted to be haven, you should abstain from bad mood, like anger, hatred, greed, and delusion. If your mind is under the influence of this bad mood, your future and next life will be misery.
Finally he understood that "Our Mind is our own Creator." That is what I have explained to those who believe in God or Creator from the aspect of Buddhism .All living beings have actions (Karma) as their own, their inheritance, their congenital cause, their refuge. It is Karma that differentiates beings into low and high states.

2. When we are really necessary for survival we are allowed to eat meat but you obviously don’t say one should kill an animal. You are harmful to humans and animals yourself or someone has said to doing if you are going to feel negative fate. According to the needs of our body for health we should eat meat some time because I think that we will not be surviving for a long time with vegetable. That’s why, you haven’t been haပ်rd-working to death the animal and if you haven’t wanted to die you will probably eat meat. Some people don’t eat meat but they are not honest. That is better than dishonest one. If universal people refrain from eating meat, it will be more peaceful the universe.

3. When we throw a stone into the lake, the water splash away from the stone but later it comes back to the stone. When we play football on the wall, it come will back to us. In this way, if you do good or evil you will return them. That is natural law and the mainest of our religion.

4. In general, Buddha means Awakened One, someone who has awakened from the sleep of ignorance and sees things as they really are. The Buddha was a person who has eliminated from all faults and mental obstructions. There were many people who have become Buddhas in the past, and many people wil be able to become a Buddha in the future. There is nothing that the Buddha does not know. Moreover, the Buddha has great compassion which is completely impartial.

The Buddha has attained three kinds of Power. There are-
1. Pubbe-nivasanussati- remembrance of former existences power.
2. Dibba-cakkhu- divine eye power.
3. Asavakkhaya-extinction of all cankers power.

But most of the time He hasn’t used his powers to tame or control the people. The Buddha has used sometime to make them devotional has faith in Dhamma. Moreover, the Buddha taught us the universal Truth; this is suffering; this is the arising of suffering; this is the ceasing of suffering; this is the approach to the ceasing of suffering. His teaching was basically simple and meaningful then to put an end to evil; to fulfil all good; to purify the mind. This is the advice of all the Buddhas. So, the Buddha is our benefactor and guide. That’s why we always have been respecting to Him. If someone has been beneficial we will have to be grateful to him. That is natural law.

I don’t have free time but if I haven’t been answering your questions you are going to experience difficult. So, I am answering as knowledge as English language. I think these answers enough for your questions.

I haven’t just been cleaver English language if weaking should abide me.

I wish that all my Dhamma friends and kiths will have to be happy every time and then will be able to free from too much suffering in the world.

Ashin Komala or Sanninaymin
sanninaymin@gmail.com
Colombo, Sri Lanka.


ကူးယူဖော်ပြပါသည်...။


တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဘုရင်တစ်ပါးဟာ တရားအားထုတ်ရင်း ပထမဈာန်ကို ရထားပါတယ်။ တစ်နေ့တော့ သူဟာ “ရဟန်းတရားက မြတ်သလား၊ မင်းအဖြစ်ကပဲ မြတ်သလား”လို့ ဆင်ခြင် မိပါတယ်။ သေချာဆင်ခြင်တော့ “မင်းအဖြစ်ထက် ရဟန်းတရားက မြတ်တယ်”ဆိုတာသိရပါတယ်။ ဒါကြောင့် တိုင်းပြည် အုပ်ချုပ်ရေးကို အမတ်တွေနဲ့ လွှဲထားပြီး တရားကိုပဲ အားထုတ်နေပါတယ်။ အမတ်တွေကိုလည်း တရားနဲ့အညီစီရင်ဖို့  တခါတည်းမိန့်မှာထားပါတယ်။

        ဒါပေမယ့် အမတ်တွေက လာဘ်ပေးလာဘ်ယူ မှုတွေလုပ်ပြီး တရားစီရင် နေကြပါတယ်။ အမှုဖြစ်ရင် လာဘ်ပေးတဲ့သူကပဲ အနိုင်ရလေ့ရှိပါတယ်။ အမှုတစ်ခုမှာတော့ ဘုရင်နဲ့ အလွန်ရင်းနှီးတဲ့ သူတစ်ယောက် မှန်ပါလျက်နဲ့ တရားရှုံးသွား ပါတယ်။ အဲဒီတရားရှုံးသွားတဲ့ ဘုရင့်မိတ်ဆွေက ဘုရင့်ဆီပွဲတော်အုပ် လာဆက်ကပ်ပါတယ်။ ဆက်ကပ်ပြီး မတ်တွေတရားစီရင်တာ ငွေပေးနိုင်တဲ့ သူကိုအနိုင်ပေးနေတဲ့ အကြောင်း လျှောက်ပြ လိုက်ပါတယ်။

      နောက်တစ်နေ့ကျတော့ ဘုရင်လည်း အမတ်တွေ တရားစီရင်တဲ့ နေရာကို သွားကြည့်ပါတယ်။ ဘုရင်ကို မြင်လိုက်တာနဲ့ ပြည်သူ ပြည်သားတွေက ငွေပေးတဲ့သူကို အနိုင်ပေးပြီး အမှုတွေကို မတရား သဖြင့်စီရင်နေတဲ့ အကြောင်းကို ဝိုင်းတိုင် ကြပါတော့တယ်။

       ဘုရင်လည်း တရားစီရင်တဲ့ နေရာကနေ ပြန်လာပြီး ပြာသာဒ်ထက်မှာ တရားရှုဖို့ ထိုင်လိုက် ပါတယ်။  ထိုင်လိုက်တာနဲ့ ပြည်သူတွေရဲ့ မကျေနပ်တဲ့ အသံတွေက ကျယ်ကျယ်လောင်လောင်နဲ့ ပေါ်လာပြန်ပါတယ်။ ဒါကြောင့် တရားကိုဆက်ရှုမှတ်လို့  မရတော့ပါဘူး။
      ဒီတော့ ဘုရင်လုပ်သူက သံဝေဂ တော်တော်ဖြစ်သွားပါတယ်။ နောက် သံဝေဂနဲ့ အတူ “ငါဘုရင်လုပ်နေလို့ ဘာအကျိုးမှမရှိဘူး။ ရဟန်းတရားကပဲ မြတ်တယ်"လို့ သေချာ သဘောပေါက်ပြီး မင်းအဖြစ်ကို စွန့်ပစ်လိုက်ပါတယ်။ ဆက်လက်ပြီး ဝိပဿနာ ရှုမှတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွား ပါတော့တယ်။
(သုတ္တနိပါတ်အဋ္ဌကထာ၊ ခဂ္ဂဝိသာဏသုတ်)

        မင်းနဲ့ စာဖတ်သူ ၊ စာဖတ်သူနဲ့မင်း။ မင်းနဲ့ စာရေးသူ၊ စာရေးသူနဲ့မင်း တရားသဘောအရ ဆိုရင် ဘာမှမဆိုင်ပါဘူး။ ကိုယ့်တရားနဲ့ကိုယ်ပါ။ သူ့တရားနဲ့သူပါပဲ။ ကောင်းတဲ့တရားကို အားထုတ်ရင် ကောင်းတဲ့တရားကို ခံစားရမှာပါ။ မကောင်းတဲ့တရားကို အားထုတ်ရင် မကောင်းတဲ့တရားကို ခံစားရမှာပါ။ ကိုယ်စွန့်မှ ကိုယ်ရမှာပါ။

       ဒါပေမယ့် ဘဝမှာ တစ်ခါတလေ စွန့်ဖို့ခက်နေတာ လေးတွေ ရှိနေတတ်ပါတယ်။ မိသားစု သံယောဇဉ်၊ တစ်သက်လုံးရှာခဲ့ရတဲ့အရာတွေ တွေးမိပြန်ရင် ခက်သွားတတ်ပါတယ်။

       တရားနဲ့ ယှဉ်လာရင်တော့ စွန့်သင့်တ အချိန်မှာ စွန့်သင့်တဲ့ အရာတွေကို စွန့်ပစ်ရမှာပါပဲ။ အဲဒီအခါမျိုးမှာတော့ စွန့်ဖို့ခက်နေရင် "သြော်… ဘုရင်ဖြစ်သူတောင် တရားနဲ့ယှဉ်လာရင် မင်းအဖြစ် ကိုတောင်စွန့်သေးတာပဲ၊ ငါစွန့်ရမယ့်အရာက ဘာမှ မဟုတ်ပါဘူးလေ"လို့ နှိုင်းယှဉ်ပြီး အားယူလို့ ရပါတယ်။ တရားနဲ့ ယှဉ်လာရင်တော့ စွန့်ရမှာပါပဲ။

       တရားစခန်း ဝင်ဖို့တောင် မိသားစု သံယောဇဉ်ကြောင့် အိမ်ကိုတစ်ပတ် ဆယ်ရက်စွန့်ဖို့ ခက်နေ တတ်ပါတယ်။ အထူးသဖြင့် "ငါမရှိရင် ဖြစ်ပါ့မလား"ဆိုတဲ့ အတွေးကြောင့်ပါ။ အပဒါန်အဋ္ဌကထာမှာ အကျိုးယုတ်စေတဲ့ နှောင်ဖွဲ့ခြင်း နှစ်မျိုးကို ပြထားပါတယ်။

 ၁။ " သူဟာ ငါ့ရဲ့ အားကိုးရာပဲ၊ သူမရှိရင် ငါ့မှာ အားကိုးရာမရှိဘူး။ သူရှိမှဖြစ်မယ်"ဆိုပြီး ကိုယ့်ကိုယ်ကို နိမ့်ရာကထားပြီး နှောင်ဖွဲ့ထားခြင်းတစ်မျိုး။

၂။ "သူတို့ဟာ ငါနဲ့ကင်းပြီး နေလို့မရဘူး။ ငါဟာ သူတို့ရဲ့ အားကိုးရာပဲ"ဆိုပြီး ကိုယ့်ကိုယ်ကို မြင့်ရာကထားပြီး နှောင်ဖွဲ့ခြင်းတစ်မျိုး။
ဒီနှောင်ဖွဲ့ခြင်းနှစ်မျိုးဟာ အကျိုးယုတ်စေတဲ့နှောင်ဖွဲ့ခြင်းတွေပဲလို့ဆိုပါတယ်။ ကိုယ့်ကိုယ်ကို  နှိမ့်ရာကပဲထားထား၊ မြင့်ရာကပဲထားထား နှောင်ဖွဲ့ခြင်း နှစ်မျိုးလုံးကတော့ မကောင်းတာအမှန်ပါပဲ။

       နှောင်ဖွဲ့ခြင်း နှစ်မျိုးမှာ ကိုယ်က ဘယ်ထဲမှာ ပါနေသလဲဆိုတာ ပြန်စိစစ်ကြည့်ရမှာပါ။  နိမ့်ရာကပဲ ပါနေသလား၊ မြင့်ရာကပဲ ပါနေသလား၊ ဘယ်ထဲမှာပဲပါပါ နှစ်မျိုးလုံးကတော့ တစ်ခုမှ မကောင်းပါဘူး။  ဒီနှောင်ဖွဲ့ခြင်းတွေကြောင့်ပဲ  တစ်ပတ် ဆယ်ရက်တောင် တရားစခန်းဝင်ဖို့ ခက်နေတော့တာပါ။ တကယ်သေချာစဉ်းစားရင် ကိုယ်သေသွားရင်တောင် သူဟာနဲ့သူ ဖြစ်နေမှာပဲ။ သေလည်း သေရဦး မှာပါ။

         နောက်တစ်ခုက လူတစ်ဦး တစ်ယောက်ကို ရိုးရိုးအားမကိုးဘဲ  နှောင်ဖွဲ့ပြီး အားကိုးတာပါ။ အားကိုးတာကတော့ အားကိုးရမှာပါပဲ။ ဒါပေမယ့် နှောင်ဖွဲ့မှု မပါဖို့ပါ။
       တကယ်တော့ အားကိုးပြီး တရားရအောင် အားထုတ်ရမှာပါ။ ဒါမှလည်း အားကိုးရတာ တန်တာပါ။ အားကိုးခံရသူလည်း တန်တာပါ။ နှောင်ဖွဲ့မှုပါနေရင် နှစ်ဦးနှစ်ဖက် အကျိုးမရှိပါဘူး။ သူလည်းတရားနဲ့ဝေး၊ ကိုယ်လည်း တရားနဲ့ ဝေးရတဲ့ဘဝပါ။ ကိုယ့်ဝန်းကျင်မှာ တရားတွေ ရှိနေပါလျက် နဲ့ တရားတွေနဲ့ ဝေးနေရတာတော့ အဓိပ္ပါယ်မရှိလှပါဘူး။ ကိုယ့်ဝန်းကျင်မှာ တရားတွေမရှိလို့ တရားနဲ့ ဝေးရတာဆို တစ်မျိုးပါ။

       တချို့ကျတော့ တရားအတွက်ဆိုပြီး စွန့်ချ ပစ်လိုက်ကြပါတယ်။ တကယ်တမ်း တရား နယ်ပယ်ထဲ ရောက်သွားရော အဆင်မပြေဖြစ်ပြီး မူရင်းဌာနေကိုပဲ ပြန်ရောက်လာသူ တွေလည်း ရှိပါတယ်။ ဒါက အတိတ်တိတ် ဖြည့်ခဲ့တဲ့ ပါရမီတွေနဲ့ လည်းဆိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပါရမီခြင်း မတူပါဘူး။ ပါရမီရှင်တွေလို ယတိပြတ်မစွန့်နိုင်ပေမယ့် နည်းနည်းခြင်းတော့ စွန့်သွားရမှာပါ။
       တရားနဲ့ယှဉ်ရင် စွန့်ရမယ် ဆိုပေမယ့် ကလေးမွေးပြီးပြီးခြင်း ကလေးကို စွန့်ထားခဲ့ပြီး သီလရှင် ဝတ်သွားတာ မျိုးကျတော့လည်း အဆင်မပြေလှပါဘူး။ နို့်တိုက်ဖို့တာဝန်က ရှိပါသေးတယ်။ စွန့်တယ် ဆိုတာ နှောင်ဖွဲ့ခြင်းတွေကို  စွန့်ရမှာပါ။ ရာထူးဌာနန္တရ ငွေကြေးဥစ္စာ ဇနီးခင်ပွန်း သားသမီးစသည်တွေ အပေါ်မှာ နှောင်ဖွဲ့ထားတဲ့ နှောင်ဖွဲ့မှုတွေပါ။
     ကျေးဇူးတော်ရှင် ယောဆရာတော်ဘုရား အမြဲ ဟောတာရှိပါတယ်။ ကလေးငိုတာလည်း တရားပါပဲ၊ ကလေးထိန်းတာလည်း တရားပါပဲတဲ့။ ကိုယ်က မေတ္တာဓာတ်နဲ့ သတိလေးတွေပါနေရင် တရားဖြစ်နေတာပါပဲ။
       အားလုံးကြားဖူးတဲ့ ထေရီကာဆိုတဲ့ အမျိုးသမီးလေး တရားရသွား တယ်ဆိုတာ မီးဖိုချောင် ထဲကပဲ တရားရသွားတာပါ။ ဒီတော့ သတိပါနေရင် ထမင်းချက်တာ လည်း တရားပါပဲ၊ ဟင်းချက်တာ လည်းတရားပါပဲ၊ ကော်ဖီဖျော်တာလည်းတရားပါပဲ။
       ကိုယ့်ဝန်းကျင်မှာ အားကျ အတုယူရမယ့် သူတွေ အများကြီးရယ်ပါ။ ရဟန်းထဲမှာရော လူထဲမှာရော အများကြီးမှ အများကြီးပါ။ ကိုယ်က သတိမပြုမိလို့ပါ။

     တစ်ခါက ဦးဇင်းလေးတစ်ပါး နယ်ကဆရာတော်ကြီး တစ်ပါးကို သွားဖူးပါသတဲ့။ ဆရာတော် ကြီးကို ဖူးတဲ့အချိန်မှာ ဆရာတော်ကြီးက  ယောဂီတွေကို တရားစစ်ပေးနေတဲ့ အချိန်ပါ။
      ဆရာတော်ကြီး မိန့်တဲ့အထဲမှာ  ထူးဆန်းတာ တွေပါနေပါသတဲ့။  ဒီတော့ဦးဇင်းလေးက "ဒါတွေဟာ ဘုရားလက်ထက်တုန်းကပဲ ရနိုင်ရှိနိုင်တာ၊ ဒီခေတ်မှာ မရှိနိုင်တော့ပါဘူး၊ ဆရာတော်ကြီး လျှောက်ပြောနေတာ"လို့ စိတ်ထဲက တွေးလိုက်ပါသတဲ့။
      ဆရာတော်ကြီးက ချက်ချင်းဆိုသလိုပဲ ဦးဇင်းလေး ဘက်လှည့်ပြီး “ဦးဇင်းလေးရဲ့ ကိုယ်မရတာနဲ့ မရနိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့ မတွေးရဘူး။ မသိဘဲနဲ့ ပြစ်မှားမိရင် အပြစ်ဖြစ် တတ်တယ်”လို့ မိန့်လိုက် ပါသတဲ့။

      ဦးဇင်းလေးလည်း တော်တော်လေး ထိတ်လန့်သွားပြီး ဆရာတော်ကြီးကို တောင်းပန်ပြီး ပြန်ခဲ့ပါ သတဲ့။
      အဲဒီဆရာတော်ကြီးဟာ စာရေးသူရဲ့ ငယ်သူငယ်ချင်းရဲ့ ဆရာတော်ကြီးပါ။ သူငယ်ချင်း ဦးဇင်းကို ဆရာတော်ကြီးဆီက “နည်းနာနိဿယ ယူထားလိုက်သလား”လို့ မေးကြည့်တော့ “အဲဒီတုန်းက တပည့်တော်တို့က ကိုရင်ငယ်ငယ်ပဲရှိသေးတယ်။ ကိုယ်နဲ့မဆိုင်ဘူး၊ ဒါဆရာတော်ကြီးတွေရဲ့ အလုပ်လို့ ထင်ခဲ့တာ။          ဆရာတော်ကြီး သက်တော်ကြီးလာမှ ဆရာတော်ကြီး တရားအဆင့် တစ်ခုတော့ရနေ   လောက်ပြီလို့ ခန့်မှန်းမိတာ”လို့ ပြန်ပြောပြပါတယ်။

      ဒီခေတ်မှာ တကယ်ကျင့်ကြံပွါးများ အားထုတ်နေတဲ့သူတွေ အများကြီး ရှိနေတာဆိုတော့ မပြစ်မှား မိအောင်နေတာ အကောင်းဆုံးပါပဲ။ ပြစ်မှားမိလို့ ကိုယ်ပြစ်မှား မိတဲ့သူက အရိယာဖြစ်နေရင် အရိယူပဝါဒကံ ထိုက်သွားပါလိမ့်မယ်။ မစားရမသောက်ရ ကြီးမားလှတဲ့ အကုသိုလ်ကံကြီးကို ကျူးလွန်မိသွားတာပါ။ ပြစ်မှားတာကတော့ အရိယာကိုပြစ်မှားမှသာ မဟုတ်ပါဘူး။  ကိုယ့်ထက် သီလ သမာဓိကြီးသူကို ပြစ်မှားလည်း အပြစ်ပါပဲ။
   စွန့်တဲ့သူတွေကတော့ စွန့်ပြီး အားထုတ်နေကြတာပါ။ ကိုယ်ပဲမစွန့်နိုင် ဖြစ်နေတာပါ။  စွန့်ခြင်းရဲ့ အကျိုးရလဒ်ကို မသိလို့ မစွန့်နိုင်ကြတာပါ။ ရလဒ်ကို သိတဲ့သူတွေကတော့  စွန့်နေကြတာပါပဲ။
      လောကမှာ စွန့်တဲ့သူတွေကစွန့်ပြီး နှောင်ဖွဲ့တဲ့ သူတွေက နှောင်ဖွဲ့နေကြတာပါ။ ဒီရာထူး ဌာနန္တရ ငွေကြေးဥစ္စာ ဇနီးခင်ပွန်း သားသမီး သက်ရှိ သက်မဲ့တွေကိုပဲ နှောင်ဖွဲ့ထားကြပါတယ်။ နှောင်ဖွဲ့တော့ မစွန့်လွှတ်နိုင်ဘဲ ဖြစ်နေကြတာပါ။ ဒီတော့တရားနဲ့ ဝေးသထက် ဝေးနေတော့တာပါ။ တရားနဲ့ ဝေးနေတော့ အမှားအမှန်လည်းမသိတော့ပါဘူး။
      တချို့နှောင်ဖွဲ့မှု တွေကျတော့ နှောင်ဖွဲ့သူတင် နစ်နာတာမဟုတ်ပါဘူး။ နှောင်ဖွဲ့သူနဲ့ ဆက်စပ်သူ မှန်သမျှပါ ထိခိုက်နစ်နာရတော့တာပါ။

     စာရေးသူရော စာဖတ်သူရော စွန့်ချိန်တန်ရင် စွန့်ရမှာပါပဲ။ ဒီလိုပါပဲ စွန့်သင့်တာကို စွန့်ရမှာပါပဲ။ အထူးသဖြင့် တရားနဲ့ယှဉ်လာရင်တော့ အားလုံးအားလုံးကို စွန့်ရမှာပါပဲ။ မစွန့်နိုင်သေးရင်တောင် စွန့်နိုင်အောင် ကြိုးစားယူရမှာပါ။
      တစ်ခါတလေ ပုထုဇဉ်အားလျော်စွာ စွန့်ဖို့ခက်နေရင် ဘုရားအလောင်း စွန့်ခဲ့တာလေးတွေ၊ အထက်က ပစ္စေကဗုဒ္ဓါလောင်း မင်းစည်းစိမ်ကို စွန့်ခဲ့ တာလေးတွေကို အာရုံပြုပြီး "သြော်…. အလောင်းတော်တွေ ပါရမီရှင်တွေဟာ တရားနဲ့ယှဉ်လာရင် မင်းစည်းစိမ်တောင် စွန့်ကြသေးတာပဲ၊ ငါစွန့်ရမယ့်အရာက သူတို့လောက် မကြီးမားဘူး"လို့ အားကျ အတုယူလို့ရပါတယ်။
      မိတ်ဆွေ လေးမျိုးရှိတဲ့အထဲမှာ အတ္ထက္ခာယီ မိတ်ဆွေဆိုတာ ရှိပါတယ်။ မြန်မာလိုပြောရရင် တော့ အကျိုးရှိအောင် ပြောပြတတ်တဲ့ မိတ်ဆွေလို့ခေါ်ပါတယ်။ အဲဒီမိတ်ဆွေဖြစ်ဖို့ အင်္ဂါလေးပါးနဲ့ ပြည့်စုံရပါတယ်။ အင်္ဂါလေးပါးဆိုတာက…

 ၁။ မကောင်းမှု အကုသိုလ်လုပ်နေရင် တားမြစ်ပြောပြပေးရပါတယ်။
၂။ ကောင်းမှုကုသိုလ်လုပ်အောင် တိုက်တွန်းပြောပြပေးရပါတယ်။
၃။ မကြားဖူးတဲ့ တရားစကားကို ပြောပြပေးရပါတယ်။
၎။ ချမ်းသာရောက်ကြောင်းဖြစ်တဲ့ နတ်ပြည်လမ်း၊ မဂ် ဖိုလ် နိဗ္ဗာန်လမ်းကိုညွှန်ကြား ပြောပြ ပေးရပါတယ်။ ဒီလေးမျိုးပါ။

       ကိုယ်က ဒီအင်္ဂါလေးချက်ကို အာရုံပြုပြီး ကိုယ်ချစ်တဲ့ မိတ်ဆွေတွေကို   တားသင့်တာကို တားပြီး တိုက်တွန်းသင့်တာကို တိုက်တွန်းရမှာပါ။ တရားစကားတွေကို ပြောပြပေးရမှာ ဖြစ်သလို နတ်ပြည် မဂ်ဖိုလ်ရကြောင်း တွေကိုလည်း ညွှန်ကြားပြောပြ ပေးရမှာပါပဲ။

      ကိုယ်တားတာ တိုက်တွန်းတာတွေကို သူမကြိုက်ပေမယ့် ကိုယ်ချစ်တဲ့ သူကိုယ့်မိတ်ဆွေ ဆိုးကျိုးမဖြစ်ဖို့ သူကြိုက်ကြိုက် မကြိုက်ကြိုက် တားရ၊ တိုက်တွန်း ရမှာပါ။ ဒါမှအတ္ထက္ခာယီ မိတ်ဆွေ ပီသမှာပါ။
      စာရေးသူ စာရေးတဲ့အခါ နိဗ္ဗာန်ကို ဦးတည်ရုံမကပါဘူး၊ ဒီသဘောလေးတွေ ကိုလည်း အာရုံပြုပြီး ရေးပို့နေပါတယ်။ တကယ်တော့ စာရေးသူကချည်း ရေးပြ ဟောပြ နေရပါတယ်။ စာဖတ်သူက ရေးပြ ဟောပြတာ လေးတွေကိုလည်း တလှည့်နာချင်ပါသေးတယ်။
      ဒါကြောင့် ဖုန်းနဲ့ပဲဖြစ်ဖြစ် Emailနဲ့ပဲဖြစ်ဖြစ် ဟောပြပေးပါဦး။ စာဖတ်သူတွေ ဟောပြတာ လည်း နာချင်လို့ပါ။ ဒါမှလည်း အပြန်အလှန် ညီမျှမှာပေါ့။ ပြီးတော့ စာဖတ်သူတွေက ဆရာတော် မျိုးစုံဆီက နာထား၊ ဖတ်ထားတာရယ် ကိုယ်တွေ့ ဘဝအတွေ့အကြုံ တွေရယ်ကြောင့် ပိုလို့တောင် နာလို့ကောင်းဦးမှာပါ။

      ဘာပဲဖြစ်ဖြစ် တရားနဲ့ယှဉ်လာရင်တော့ စွန့်လိုက်တာ အကောင်းဆုံးပါပဲ။

ရဝေနွယ်(အင်းမ)
ကျမ်းကိုး
ထေရအပဒါန်ဝတ္ထုတော်ကြီး၊
အရှင်ဓမ္မဿာမီဘိဝံသ


(ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး)

(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။

(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)

(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။

(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။

(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။

(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။

(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။

(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။

(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။

(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။

(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။

(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။

(၁၈)ဒေသစာရီကြွချီတော်မူလျှင်ခြေရာမတင်သည့်အပြင်မြေအညီအညွတ်ဖြစ်ရခြင်း။


(copy from facebook)


ရဖို့ရန်ခဲယဉ်းပေမယ့် လူတိုင်းလိုချင်တဲ့အရာလေးမျိုးရှိတယ်လို့ ပတ္တကမ္မသုတ္တန်မှာ
မြတ်စွာဘုရားရှင်ဟောတော်မူခဲ့တယ်။ အဲ့ဒီလေးမျိုးက-
၁)      တရားသဖြင့် ချမ်းသာကြွယ်ဝခြင်း
၂)      အခြွှေရံပရိသတ်ပေါများခြင်း
၃)      ကျန်းကျန်းမာမာဖြင့် အသက်ရှည်ရှည်နေရခြင်း
၎)      ကွယ်လွန်ပြီးတဲ့နောက် နတ်ပြည်သို့ရောက်ရခြင်းတို့ဖြစ်တယ်။

လူရယ်လို့ဖြစ်လာပြီဆိုရင် သိတတ်စအရွယ်ကတည်းက သေဆုံးတဲ့အရွယ်အထိ
စားရေး၊ ဝတ်ရေး နေရေးလို့ခေါ်တဲ့ ဝတ္တရားသုံးပါးကို မဖြစ်မနေထမ်းဆောင်သွားရပါတယ်။
စားရေး၊ ဝတ်ရေး၊ နေရေးမှမပြည့်စုံရင် လူ့ဘဝရဲ့ချမ်းသာဆိုတာကို စဉ်းစားဖို့
တော်တော်ပဲ ခက်ခဲပါလိမ့်မယ်။
တကယ်တမ်းစဉ်းစားကြည့်တော့ လူ့ချမ်းသာဆိုတာဟာ
ပကတိပင်ကိုယ်သဘောအရ တကယ်ချမ်းသာနေလို့ လူ့ချမ်းသာလို့
ခေါ်တာမဟုတ်ပါဘူး။ အမြဲတမ်းညှဉ်းပမ်းနှိပ်စက်တဲ့ဒဏ်ကိုခံနေရတဲ့
ငရဲသားတွေရဲ့ဒုက္ခနဲ့စာရင် အဲ့ဒီဒုက္ခတွေက သက်သာခွင့်ရတာမို့
လူ့ချမ်းသာရယ်လို့ခေါ်ဆိုနေကြရတာ ဖြစ်ပါတယ်။

လူ့ဘဝချမ်းသာမှာ ရှိမှုချမ်းသာနဲ့ သိမှုချမ်းသာဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။
ရှိမှုချမ်းသာဆိုတာက အာရုံခံစားမှု ဝေဒယိတသုခဖြစ်ပြီး သိမှုချမ်းသာဆိုတာကတော့
အာရုံတွေက လွတ်မြောက်ပြီး ငြိမ်းအေးမှုသက်သက် ဝိမုတ္တသုခပဲဖြစ်ပါတယ်။

သာမန်လူတွေကတော့ သိမှုချမ်းသာထက် ရှိမှုချမ်းသာကို
အလေးထားတတ်ကြတဲ့အတွက်ကြောင့်သိချင်တဲ့လူထက်
ရှိချင်တဲ့လူက ပိုပြီးတော့ များပြားလှပါတယ်။
မြင့်မြတ်တဲ့သူတော်စင်တွေနဲ့အရိယာအဆင့်တက်လှမ်းထားတဲ့
ဘုရားအစရှိတဲ့အရိယာပုဂ္ဂိုလ်တွေတော့ ရှိမှုချမ်းသာထက် သိမှုချမ်းသာကို
ပိုပြီးတော့ နှစ်သက်မြတ်နိုးတော်မူကြပါတယ်။

တကယ်တမ်းစဉ်းစားကြည့်ရင် ရှိတိုင်းလည်း မချမ်းသာပါဘူး။
ဘာတွေပဲရှိရှိ ဘယ်လောက်ပဲရှိရှိ အဲ့ဒီအရှိရဲ့နောက်က
အသိမလိုက်နိုင်ရင် အပူလှိုင်းတွေကပ်တတ်တာမို့
ရှိတဲ့အတွက်ကြောင့်ပဲ ပူရဆွေးရ ငိုကြွေးရနဲ့ ဆင်းရဲပင်ပန်းမှုကို ခံစားရတတ်ပါတယ်။
လူရဲ့စိတ်ဆိုတာဟာ အလွန်ပဲဆန်းကြယ်လှတာမို့ ကိုယ့်မှာရှိတဲ့အရာဝတ္ထုထက်
ကိုယ့်မှာမရှိတဲ့အရာဝတ္ထုကို ပိုပြီးတော့ သဘောကျနှစ်ခြိုက်နေတတ်ကြပါတယ်။
ကိုယ်လိုချင်တဲ့အရာဝတ္ထုကို ရရှိပိုင်ဆိုင်လာပြန်တော့လည်း အဲ့ဒီထက်ပိုကောင်းမယ်လို့
ထင်ရတဲ့အရာတစ်ခုက အစားထိုးဝင်ရောက်လာပြန်တယ်။

အဲ့ဒီလို အတော်မသတ်နိုင်တဲ့လောဘစိတ်ဟာ ပုထုဇဉ်ပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ အစဉ်အမြဲ
ကိန်းနေတတ်တာမို့ ပုထုဇဉ်သတ္တဝါတွေဟာ လောဘရဲ့သားကောင်တွေဖြစ်သွားကြရတာ
ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က သတ္တဝါတွေ လောဘသားကောင်မဖြစ်စေဖို့ အရာရာကို ရောင့်ရဲတင်းတိမ်
တတ်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ဆုံးမသွန်သင်ခဲ့ပါတယ်။
မြတ်စွာဘုရားရှင်ဆုံးမခဲ့တဲ့ တရားတော်တစ်ပုဒ်က သန္တုဋ္ဌီ ပရမံ ဓနံ= ရောင့်ရဲတင်းတိမ်မှုဟာ
အမြင့်မြတ်ဆုံးဓနဥစ္စာဖြစ်တယ်တဲ့။

တင်းတိမ်ရောင့်ရဲမှုသန္တုဋ္ဌီဆိုတာ လူပျင်းလူညံ့တွေရဲ့ဆင်ခြေမဟုတ်ပါဘူး။
လိုချင်တာနဲ့ လိုအပ်တာကို ခွဲခြားသိရှိပြီး လိုချင်တာကို ချုပ်တည်း၊ လိုအပ်တာကိုသာ
ဖြည့်ဆည်းပေးလေ့ရှိတဲ့ လူပျော်လူတော်တွေရဲ့ အကျင့်စရဏတစ်ခုဖြစ်ပါတယ်။

တကယ်တော့ လူတွေ ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတာဟာ အလိုပြည့်မှု၊ မပြည့်မှုကြောင့်ပါ။
လိုချင်တဲ့အလို၊ လိုအပ်တဲ့အလိုနှစ်မျိုးရှိရာမှာ လိုချင်တဲ့အလိုက စည်းကမ်းမရှိ ဘောင်အကန့်
အသတ်မရှိတဲ့သဘောကိုဆောင်ပြီး လိုအပ်တဲ့အလိုကတော့ စည်းကမ်းနဲ့တကွ
ဘောင်အကန့်အသတ်ရှိတဲ့သဘောကို ဆောင်ပါတယ်။
လိုအပ်တာကိုဖြည့်ဆည်း လိုချင်တာကို ချုပ်တည်းနိုင်တာဟာ ချီးကျူးစရာကောင်းတဲ့
လမ်းစဉ်တစ်ခုသာဖြစ်ပါတယ်။

မင်္ဂလာတရားတော်ထဲမှာ သန္တုဋ္ဌီမင်္ဂလာဆိုတာကို ဘုရားရှင်ထည့်သွင်းဟောတော်မူခဲ့ပါတယ်။
ရောင့်ရဲတင်းတိမ်စွာ နေရခြင်းဟာလည်း ကောင်းမြတ်တဲ့မင်္ဂလာတစ်ပါးဖြစ်ပါတယ်။

ဤအရှင်တို့ ငယ်ငယ်တုန်းက ဆရာတော်ကြီးက ညစဉ်ဘုရားဝတ်တက်ပြီးတိုင်း
“ရှိတာလေးနဲ့ ရောင့်ရဲ ထိုသူချမ်းသာမြဲ”
ဆိုတဲ့ လင်္ကာလေးကို သုံးခေါက်တိတိဆိုခိုင်းလေ့ရှိပါတယ်။
ကိုယ့်ရှိတာလေးနဲ့ရောင့်ရဲပြီး ကျေနပ်နေတတ်တာဟာ အလွန်ပဲချမ်းသာတဲ့တရားဖြစ်ပါတယ်။

လူ့ဘဝလူ့ခန္ဓာဆိုတာ ဒုက္ခသစ္စာအဆောက်အအုံကြီးဖြစ်လို့မို့ အဆိုးအပြစ်တွေကို
အကျိုးအချစ်အနေနဲ့ အကောင်းဘက်ကိုဆွဲယူပြီး ချမ်းသာအောင်နေတတ်ပါမှ
ကိုယ်လည်းချမ်းသာ စိတ်လည်းချမ်းသာနိုင်မှာပါ။

အကောင်းအလှတွေနဲ့တွေ့မှပဲ ကိုယ်ချမ်းသာစိတ်ချမ်းသာအောင်နေလိုက်တော့မယ်လို့
စိတ်ကူးထားရင်တော့ ခန္ဓာဒုက္ခ၊ ဘဝဒုက္ခတွေနဲ့အမြဲတစေ ကြုံတွေ့နေရတဲ့လူ့ဘဝမှာ
ချမ်းသာပျော်ရွှင်ဖို့အခွင့်အလန်းဆိုတာဟာ ရှာလို့တောင်ရမှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် ကိုယ်ရတာလေးနဲ့ကျေနပ်ရောင့်ရဲပြီး တင်းတိမ်စွာနေတတ်မယ်ဆိုရင်တော့
ပျော်ရွှင်ချမ်းမြေ့ကြည်နူးမှုတွေကို ရကြမှာအမှန်ပါပဲ…..။

လူတိုင်းလူတိုင်း သန္တုဋ္ဌီမင်္ဂလာနဲ့ပြည့်စုံပြီး ဘဝသုခကို ခံစားနိုင်ကြပါစေ….။

Dhamma Garden Ashin


ဗုဒ္ဓဘာသာဝင်များ စောင့်ထိန်းကြတဲ့ သီလကို ကိုယ်ကျင့်သီလလို့လည်း ခေါ်ပါတယ်။ ဒီစကားလုံးလေးဟာ အဓိပ္ပါယ် သိပ်လေးနက်ပါတယ်။ “ကိုယ်ကျင့်သီလ”တဲ့။ ဟုတ်တယ်။ ကိုယ်ကျင့်မှ ကိုယ်ရမှာကိုး။ ကိုယ်မကျင့်ဘဲ ဘုရားရှေ့မှာ ဘယ်လောက်ပဲ သီလတွေယူယူ၊ ဘုန်းတော်ကြီးတွေက ဘယ်လောက်ပဲ သီလတွေပေးပေး ကိုယ်ကိုယ်တိုင် မကျင့်ရင် ပါးစပ်ပေးပေးပြီး၊ ပါးစပ်ယူ ယူတာပဲ ဖြစ်ပါလိမ့်မယ်။

ဗုဒ္ဓဘာသာတွေရဲ့ နောက်ဆုံးပန်းတိုင်ဟာ နိဗ္ဗာန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိဗ္ဗာန်ကို သွားဖို့အတွက် အခြေခံ လှေခါးကတော့ သီလပဲဖြစ်ပါတယ်။ ဘုရားရှင်အဆုံးအမတွေကို လိုက်နာကျင့်သုံးတဲ့ သူတွေဟာ ဒီနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။ ဘုရားအဆုံးအမဆိုတာ တစ်ခြားမဟုတ်ပါဘူး၊ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကိုပဲ ပြောတာပါ။ ဒီသိက္ခာသုံးရပ်ကို မဂ္ဂင်ရှစ်ပါးပဲလို့ အလွယ်နားလည်နိုင်ပါတယ်။ မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်သွားဖို့အတွက် တစ်ခုတည်းသော လမ်းဖြောင့်ဖြစ်ပါတယ်။ ဒီလမ်းမှာ သီလတည်မှု၊ သမာဓိရှိမှု၊ ပညာပြည့်မှုတွေ ပါဝင်နေပါတယ်။ သီလတည်မှ သမာဓိတည်နိုင်ပြီး၊ သမာဓိတည်မှလည်း ပညာရနိုင်ပါတယ်။ ဒီသုံးမျိုးလုံးဟာ တစ်ခုတည်း၊ တစ်စပ်တည်းပါး။ ဒါကြောင့် သုံးမျိုးလုံးပေါင်းပြီး တစ်ကြောင်းတည်းသော လမ်းအဖြစ်ရှိနေတာပါ။ အရေအတွက်အားဖြင့် မဂ္ဂင်ရှစ်ပါးလို့ ပြောပေမယ့် အချုပ်အားဖြင့် သီလ၊ သမာဓိ၊ ပညာပါပဲ။ ဒါကို သိက္ခာသုံးရပ် အကျင့်မြတ်လို့ပြောနိုင်ပြီး ဗုဒ္ဓရဲ့ အဆုံးအမ အနှစ်ချုပ်လို့လည်း ပြောနိုင်ပါတယ်။

မှန်ပါတယ်။ ဒီလို ဘုရားရှင်ရဲ့ အဆုံးအမတွေ တည်နေဖို့အတွက် ဆုတောင်းနေလို့ မရပါဘူး။ တည်အောင်ကျင့်ယူမှ ရပါတယ်။ ကိုယ်ကိုယ်တိုင် ကျင့်ယူရပါတယ်။ အဲဒီလိုကျင့်တဲ့အခါ အခြေခံဖြစ်တဲ့ ကိုယ်ကျင့် သီလကို အရင်ဆုံးလုံခြုံအောင် ကျင့်ဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဗုဒ္ဓဘာသာဝင်တွေ အတွက် သီလဟာ အခြေခံ အကျဆုံးဖြစ်လို့ပဲ ဖြစ်ပါတယ်။ သီလမလုံခြုံပဲ အထက်လုပ်ငန်းတွေ ဖြစ်တဲ့ ဘာဝနာ အလုပ်တွေ လုပ်နေလို့ကတော့ ဆရာတော်ကြီးတစ်ပါး ဆုံးမသလို “အပေါ်ပိုင်းကတော့ တိုက်ပုံအင်္ကျီ၊ ခေါင်းပေါင်းစ တလူလူနဲ့ အောက်ပိုင်းကျတော့ ပုဆိုးမပါတဲ့သူ“ လိုပဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လည်း အောက်ပိုင်းလုံခြုံအောင် စောင့်ထိန်းစေဖို့ ငါးပါးသီလဟာ ခါးဝတ်ပုဆိုးလို မြဲနေရမယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

သီလဟာ အလွန်အရေးကြီးတဲ့အတွက် ဒီသီလကို စောင့်ထိန်းကြဖို့ ဆရာသမားများက အမြဲဆုံးမလေ့ ရှိပါတယ်။ ဆုံးမတဲ့အခါမှာလည်း ဥပမာလေးများပေးပြီး ဆုံးမလေ့ရှိပါတယ်။ ကောင်းကျိုးဆိုးပြစ်တွေကို ပြပြီးလည်း ဆုံးမလေ့ရှိပါတယ်။ သီလနဲ့ ပတ်သက်ပြီး ဆုံးမကြတဲ့ ဆုံးမမှုတွေထဲက ပထမရွှေကျင် ဆရာတော်ဘုရားကြီးရဲ့ သိဿကောဝါဒ ဆုံးမစာမှာ ဆုံးမထားတဲ့ သီလဆိုင်ရာ အဆုံးအမတွေကတော့ ဥပမာဥပမေယျ စုံလင်လှပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ဆရာတော်ကြီးရဲ့ အဆုံးအမလေးများကို တစ်ဆင့်မျှဝေရင်း ကိုယ်ကျင့်သီလဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင် ကျင့်သုံးရယူကြဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

”ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုံနှင့်တူ၏၊ အန္တရာယ်မရှိ။
ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၏၊ အပါယ်မရောက်။
ရေရှိမှ ကြာပွားသည်၊ သီလရှိမှ သမာဓိများသည်။
ဗဟုသုတရှိလျက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏။
ပညာရှိလျက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူ၏။
စာပေပို့ချနိုင်လျက် သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့်တူ၏။
တရားဟောကောင်းလျက် သီလမရှိလျှင် အနံ့မမွှေးသော ပန်းနှင့်တူ၏။
ကျမ်းဂန်တတ်လျက် သီလမရှိလျှင် အဆိပ်သီးပင်နှင့်တူ၏။
ဘုန်းကြီးလျက် သီလမရှိလျှင် အနှစ်မရှိသော သစ်ပင်နှင့်တူ၏။
သီလရှိမှ ဒါနနှင့်ဘာဝနာ အကျိုးပေးသန်၏။
ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်၊ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
အကုသိုလ်သည် သတ္တ၀ါကို အပါယ်ဆွဲချ၏၊ သီလရှိသူကို မဆွဲချနိုင်။
ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ၊ သံသရာကူးလိုလျှင် သီလလုံအောင်ဖာ။
လောကီဥစ္စာစောင့်လျှင် တစ်သက်ချမ်းသာ၏၊ သီလစောင့်လျှင် ဘ၀အဆက်ဆက်ချမ်းသာ၏။
ဆီမီးသည် လင်းခိုက် လူလယ်တင့်၏၊ ငြိမ်းလျှင်မှောင်၏၊ ညှော်နံ့ထွက်၏။
သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်၏၊ ပျက်လျှင်မှောင်၏၊ ညှော်နံ့ထွက်၏။ ”

အထက်ပါ သီလဆိုင်ရာ အဆုံးအမများမှာ ပထမရွှေကျင် ဆရာတော်ကြီး၏ အဆုံးအမ တစ်စိတ်တစ်ဒေသပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီး၏ အဆုံးအမများကိုကြည့်ရင် သီလရဲ့ အရေးပါမှုကို အလွယ်တကူ သိနိုင်ပါတယ်။ အခြေခံဖြစ်တဲ့ သီလမလုံခြုံရင် ကျန်တဲ့ဒါနဘာဝနာ အလုပ်များမှာ အကျိုးပေးအားနည်းပြီး နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်နဲ့ အလှမ်းဝေးနေတတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက် အတွက် အခြေခံဖြစ်တဲ့ ငါးပါးသီလလောက်တော့ လုံခြုံမှကို ဖြစ်မှာပါ။ နိဗ္ဗာန်မရသေးတာတောင် ဘ၀ကူးကောင်းဖို့၊ သံသရာခရီးမှာ အပါယ်မလားဖို့ အနည်းဆုံး ငါးပါးသီလလောက်တော့ လုံခြုံဖို့ လိုအပ်ပါတယ်။ သီလမလုံခြုံပဲ ဒါနတွေ ဘယ်လောက်ပဲ လုပ်လုပ်အပါယ် တံခါးပိတ်ဖို့ မလွယ်လှပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒါနဟာ စည်းစိမ်ဥစ္စာ ချမ်းသာမှု သက်သက်ကိုသာ အကျိုးပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုပဲ သီလမလုံခြုံပဲ ဘာဝနာ အားထုတ်နေရင်လည်း သမာဓိတည်ဖို့ ခဲရင်းသလို သမာဓိ မတည်ရင်လည်း အထက်မဂ်ဉာဏ်ကို ရဖို့ခဲရင်းလှပါတယ်။ အချုပ်ကြည့်ရင် ဒါနအကျိုးပေးသန်ဖို့နဲ့ ဘာဝနာဉာဏ်တွေမြင့်ဖို့ သီလသည်သာ ပဓာနကျတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဖြစ်ကိုယ်ခံ၊ ကိုယ်လုပ်ကိုယ်စံ၊ ကိုယ်ကျင့်ကိုယ်ရဆိုတဲ့ စကားအတိုင်း ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ဘ၀ အတက်အကျ အရှုံးအနိမ့်ကို ဖန်တီးနိုင်တာ ဖြစ်တဲ့အတွက် ပစ္စုပ္ပန် သံသရာ ချမ်းသာစေတတ်တဲ့ ဒီသီလကို ကိုယ်ကိုယ်တိုင်ကျင့်ပြီး ကိုယ်ကိုယ်တိုင် ရယူနိုင်အောင် ကိုယ်ကျင့်သီလရဲ့ အရေးပါမှု တစ်စိတ်တစ်ပိုင်းကို ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက် သတိပေးရင်း ပုဆိုးထမီလုံအောင် ၀တ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

အရှင်ဝိစိတ္တ(မနာပဒါယီ)

 

ရဟန်းတော်များထဲမှ နယ်ချဲ့တို့အား ရဲရဲတောက် တော်လှန်ခဲ့သူကား ဆရာတော် ဦးဥတ္တမဖြစ်သည်။ သူသည် ရခိုင်အမျိုးသား ထေရ၀ါဒဗုဒ္ဓဘာသာ သံဃာတော်တပါး ဖြစ်ရုံသာမက အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသော အင်္ဂလိပ်စာတတ် ရဟန်းတော်တပါးဖြစ်သည်။ ဆရာတော် ပျံလွန်တော်မူခဲ့သည်မှာ ယခုနှစ် ၂၀၁၂ ပြည့်နှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် (၇၃) နှစ်ပြည့်ပြီဖြစ်သည်။
ဆရာတာ် ဦးဥတ္တမအား ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပရပ်၌ အဖ ဦးမြ၊ အမိ ဒေါ်အောင်သူတို့မှ ခရစ် ၁၈၇၉ ခု၊ ဒီဇင်ဘာ (၂၇) ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်။ ငယ်နာမည်မှာ ပေါ်ထွန်းအောင်ဖြစ်ပြီး မွေးချင်း (၃) ဦးအနက် အကြီးဆုံးဖြစ်သည်။ ဆရာတော်၏ ညီမှာ ကျော်ထွန်းအောင်ဖြစ်ပြီး ညီမမှာ မအိမ်စိုး ဖြစ်သည်။ ညီဖြစ်သူ ကျော်ထွန်းအောင်သည် နောင်အခါတွင် ရှင်အရိယဘွဲ့ဖြင့် ရဟန်းဖြစ်တော်မူသည်။
ဆရာတော် ပေါ်ထွန်းအောင်သည် (၁၆) နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ၀တ်ပေးသဖြင့် ‘ရှင်ဥတ္တမ’ ဟု တွင်ခဲ့သည်။ ဆရာတော်သည် တောင်ငူမြို့တွင် ကျင်းပသော ရှင်သာမဏေ စာပြန်ပွဲ၌ ပထမရခဲ့သဖြင့် ချမ်းသာကြွယ်ဝသော ရှမ်းအမျိုးသမီးတစ်ဦးက ဆရာတော်အား သားအဖြစ် မွေးစားကာ ကာလကတ္တား (ယခု ကိုးလ်ကတ္တား) မြို့သို့ပို့၍ ပညာသင်စေသည်။ ကာလကတ္တားတွင် သုံးနှစ်ခန့်နေပြီး အင်္ဂလိပ်ဘာသာ (၁၀) တန်း အဆင့်အောင်မြင်ခဲ့ပြီး မြန်မာပြည်သို့ ပြန်ကြွလာခဲ့သည်။ မြန်မာပြည်သို့ ရောက်လျှင်ရောက်ချင်း ပခုက္ကူမြို့သို့ သွားရောက်၍ ရေစကြိုတိုက်တွင် ဗုဒ္ဓဘာသာစာပေကျမ်းဂန်များကို သာမဏေ၀တ်ဖြင့် ဆက်လက်သင်ကြားသည်။ ထိုသို့သင်ကြားနေစဉ်ပင် ဆရာတော်အား ဆွေမျိုးနီးစပ်တော်စပ်သူ ဘုံဘေဘားမားကုမ္ပဏီ ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပဉ္စင်းဒါယကာပြုလျက် ရဟန်းခံပေးခဲ့သည်။
ဆရာတော်သည် ရဟန်းဝတ်နှင့်ပင် ကာလကတ္တားမြို့သို့ တဖန်ပြန်သွားသည်။ ဆရာတော် ဦးဥတ္တမသည် အိန္ဒိယတွင်ရှိခိုက် အမျိုးသားကောလိပ်တခုတွင် ပါဋ္ဌိနှင့် ဗုဒ္ဓဘာသာစာပေဆိုင်ရာများကို ဧည့်ပါမောက္ခအဖြစ် သင်ကြားပေးခဲ့သည်။ ယင်းသို့ဆောင်ရွက်နေစဉ် သက္ကတ၊ ဘင်္ဂါလီ၊ နာဂရီ စသော ရှေးဟောင်း ဟိန္ဒူစာပေကျမ်းဂန်များကို သင်ကြားခဲ့သည်။ အိန္ဒိယတွင် သီတင်းသုံးနေစဉ်အတွင်း ဆရာတော်အား ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
အိန္ဒိယတွင် (၈) နှစ်မျှ သီတင်းသုံးခဲ့ပြီးနောက် ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ပညာသင်သွားခဲ့သည်။ ပြင်သစ်နိုင်ငံတွင် ပညာသင်ကြားနေစဉ် ရုရှား- ဂျပန်စစ်ပွဲ (၁၉၀၄-၀၅) ၌ ဂျပန်နိုင်ငံကဲ့သို့သော နိုင်ငံငယ်လေးက ရုရှားကဲ့သို့ အင်အားကြီးမားသော နိုင်ငံအား အနိုင်ရလိုက်ကြောင်း ကြားသိရသည့်အချိန်မှစ၍ ဂျပန်အား အထင်ကြီးလေးစားကာ ဂျပန်သို့ ပညာသင်ထွက်ခဲ့သည်။ ဂျပန်တွင် တိုကျိုမြို့ ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီး၏ ဥက္ကဋ္ဌ အမတ်ကြီး အိုတာနီ (ထိုစဉ်က စက်မှုလက်မှုဝန်ကြီး) ၏ ထောက်ပံ့ကူညီမှုဖြင့် ဂျပန်ဘာသာစကားကို (၂) နှစ်ခန့် သင်ယူခဲ့သည်။ ယင်းကျောင်း၌ပင် ဆရာတော်သည် သက္ကတနှင့် ပါဠိဘာသာကို ဘာသာဗေဒပါမောက္ခအဖြစ် ပြန်လည်ပို့ချပေးခဲ့သည်။
ဆရာတော် ဂျပန်ပြည်၌ ရှိနေစဉ်တွင် ဂျပန်ပြည်သို့ ခေတ္တရောက်ရှိနေသော တရုတ်အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ တရုတ်ကျောင်းသားများကလည်း ဆရာတော်၏ သြ၀ါဒခံယူကြသည်။ ဆရာတော် ဦးဥတ္တမကတရုတ်ကျောင်းသားများအား ဂျပန်ပြည်နှင့် နှိုင်းယှဉ်လျက် တရုတ်ပြည်လွတ်မြောက်ရေးကို မည်သို့မည်ပုံဆောင်ရွက်သင့်ကြောင်း နည်းပေးလမ်းပြ ညွှန်ကြားပြောပြခဲ့သည်။ ဒေါက်တာဆွန်ယက်ဆင်က ဆရာတော် ဦးဥတ္တမအား အထူးကြည်ညိုလေးစား၍ သူနှင့်အတူ တရုတ်ပြည် လိုက်လည်ရန် ပင့်ဖိတ်လေသည်။ ဆရာတော်သည် တက္ကသိုလ်မှ ခွင့်သုံးလယူပြီးလျှင် ၁၉၀၉ ခုနှစ်၌ ဒေါက်တာဆွန်ယက်ဆင်နှင့်အတူ ဂျပန်မှ ကိုးရီးယား၊ ကိုရီးယားမှ ဆိုက်ပန်၊ ဆိုက်ပန်မှ မန်ချူးကိုး၊ မန်ချူးကိုးမှ ကျိဖု၊ ကျိဖုမှ ပီကင်း၊ ပီကင်းမှ ဟန်ချောင်၊ နန်ကင်း၊ ရှန်ဟိုင်း၊ အမွိုင်မြို့ အသီးသီးသို့ ခရီးလှည့်လည်ခဲ့သည်။
ထိုခေတ်ထိုအခါက မြန်မာလူမျိုးတဦးအနေဖြင့် ထိုမျှများပြားသော ပြည်ပနိုင်ငံများသို့ လှည့်လည်သွားလာခြင်း၊ အချို့နိုင်ငံများတွင် နှစ်ရှည်လများ နေထိုင်မှုပြုလုပ်နိုင်ခြင်းမှာ အံ့ချီးဖွယ်ပင်ဖြစ်လေသည်။
ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည်၌ ပါမောက္ခလုပ်ခဲ့သော်လည်း ဆွမ်းစရိတ်လောက်သာယူ၍ စေတနာဖြင့် သင်ကြားပြသခဲ့ပေသည်။ ဂျပန်မှအပြန် မြောက်ကိုရီးယား၊ ယင်းမှတဆင့် တရုတ်ပြည်၊ တရုတ်ပြည်မှတဆင့် အင်ဒိုချိုင်းနားရှိ ဆိုင်ဂုံ (ယခု ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟိုချီမင်းမြို့တော်) သို့ သွားရောက်လည်ပတ်ခဲ့သည်။ ထို့နောက် ၁၉၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်လာသည်။
မြန်မာပြည်သို့ ပြန်ကြွပြီးနောက် ဆရာတော် ဦးဥတ္တမသည် ခရီးလှည့်ကာ ၀ံသာနုရက္ခိတ ခေါ် အမျိုးဂုဏ်စောင့်ထိန်းရေး၊ တိုင်းပြည်ချစ်စိတ်အကြောင်း ဟောပြောကာ “၀ံသာနု” အသင်းများ တတိုင်းပြည်လုံးအနှံ့ ဦးဆောင်စည်းရုံး ဖွဲ့စည်းခဲ့သည်။ ထိုအခါ အင်္ဂလိပ်နယ်ချဲ့အစိုးရက စစ်ပုလိပ်များဖြင့် ၎င်းအစုအဖွဲ့များကို လိုက်လံဖြိုခွင်းခဲ့လေသည်။
ဆရာတော်သည် နိုင်ငံရေးတရားများကို ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ဟောပြောတတ်သည့်အတိုင်း သံဃာတော်များအား ကျောင်းတွင်သာ ကျိန်း၍ မနေကြရန်နှင့် တိုင်းပြည်သည် ကျွန်ဘ၀သို့ သက်ဆင်းနေ၍ တိုင်းသူပြည်သားများ ကျွန်ဘ၀ရောက်နေကြောင်း၊ ကျွန်များကိုးကွယ်သော ဘာသာမှာလည်း ကျွန်ဘာသာနှင့် ကျွန်သာသနာပင်ဖြစ်ကြောင်း၊ ကျွန်ဘ၀မှ လွတ်မြောက်အောင် သံဃ့ာသမဂ္ဂီအသင်းအဖွဲ့များ ဖွဲ့စည်းကာ လွတ်လပ်ရေးရရှိအောင် ကြိုးစားသင့်ကြောင်း ဟောပြောခဲ့လေသည်။
သို့ကလို ဆရာတော်၏ ရဲရဲတောက် မိန့်ခွန်းများကြောင့် ဆရာတော် ဦးဥတ္တမအား အင်္ဂလိပ်အစိုးရ ၁၉၂၁ ခု မတ်လ (၃၁) ရက်နေ့တွင် အစိုးရအား အကြည်ညိုပျက်အောင် တရားဟောပြောမှုဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) အရ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျောင်းကုန်းမြို့တွင် ဖမ်းဆီးခဲ့ပေသည်။ ဆရာတော်သည် မြန်မာပြည်တွင် နိုင်ငံရေးဖြင့် ပထမဆုံး အပြစ်ပေးခံရသော ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်သည်။ ဆရာတော်အား ဖမ်းမိန့်ထုတ်ခဲ့သူမှာ အရေးပိုင် ဦးဘိုးလှ (သမ္မတ ဒေါက်တာဘဦး၏ဖခင်) ဖြစ်သည်။
ဆရာတော်အား ကျောင်းကုန်းမှ အစိုးရသင်္ဘောဖြင့် မအူပင်တရားရုံးသို့ ခေါ်ဆောင်ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၂) လ အပြစ်ပေးပြီး မအူပင်ထောင်၌ အကျဉ်းချခဲ့သည်။ ဆရာတော်သည် အကျဉ်းခံသည့်နေ့မှစ၍ သင်္ကန်းချွတ်၍ ထောင်အ၀တ်ကို ၀တ်ဆင်ရသည်။ ထို့နောက် ဆရာတော်သည် ၁၉၂၂ ခု ဇွန်လ (၂၆) ရက်နေ့ မအူပင်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဆရာတော် ဦးဥတ္တမသည် လွတ်မြောက်ခဲ့ပြီးနောက် အစိုးရအား ဦးမညွတ်ဘဲ ဆက်လက်၍ မြန်မာပြည်အနှံ့လှည့်ကာ နိုင်ငံရေးတရားများ ဟောပြောခဲ့လေသည်။
ဤသို့ဖြင့် ဆရာတော်သည် ၁၉၂၄ ခု အောက်တိုဘာလ (၁၆) ရက်နေ့တွင် ရာဇသတ်ပုဒ်မ ၁၂၄ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ထပ်မံအပြစ်ပေးခံရကာ ဒုတိယအကြိမ် အကျဉ်းကျခဲ့ပြန်သည်။ ဆရာတော်သည် ၁၉၂၇ ဖေဖော်ဝါရီလတွင် အကျဉ်းမှ ပြန်လည်လွတ်မြောက်လာပြန်သည်။ ထောင်မှ လွတ်မြောက်ပြီးနောက် အမြို့မြို့အနယ်နယ်သို့ လှည့်လည်၍ အမျိုးသားနိုးကြားရေးတရားများကို ဟောကြားရာ ၁၉၂၈ ခုနှစ်တွင် တတိယအကြိမ် အဖမ်းခံရပြန်သည်။
ဤသို့လျှင် ဆရာတော် ဦးဥတ္တမသည် လွတ်လပ်ရေးမရမီ သူ့ကျွန်ဘ၀တလျှောက် ပျံလွန်တော်မူသည့်တိုင်အောင် အကျဉ်းချခြင်းကို အကြိမ်ကြိမ်ခံခဲ့ရလေသည်။ ထို့နောက် ဆရာတော်သည် ကျန်းမာရေးချို့ယွင်းကာ ၁၉၃၉ စက်တင်ဘာလ (၉) ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ပျံလွန်တော်မူခဲ့လေသည်။ ပျံလွန်တော်မူစဉ်က ဆရာတော်၏ သက်တော်မှာ (၆၀) နှစ် ရှိ၍ သိက္ခာတော်မှာ (၄၁) ၀ါ ရှိပြီဖြစ်သည်။
ဆရာတော်၏ ရုပ်ကလာပ်ကို ဆေးရုံမှ ယူဆောင်၍ မပုပ်မသိုးအောင် ဆေးရည်စိမ်ပြီး မှန်ခေါင်းသွင်းကာ ပုဇွန်တောင်မြို့နယ်၊ ညောင်တုန်းကျောင်း၌ ထား၍ ဈာပနအခမ်းအနား ကျင်းပခဲ့သည်။ ပျံလွန်တော်မူပြီး (၃) ရက်မြောက်နေ့ စက်တင်ဘာ (၁၁) ရက်နေ့ တွင် ရန်ကုန်မြို့တော်ဝန် ဦးဘ ဦးစီး၍ ဆရာတော်၏ အန္တိမဈာပနကို စည်ကားစွာ ကျင်းပခဲ့လေသည်။ ဆရာတော် ပျံလွန်တော်မူပြီး (၉) နှစ်မျှကြာသော် ပြည်သူလူထုတရပ်လုံးသည် ဆရာတော် မျှော်မှန်းခဲ့သည့် လုံးဝလွတ်လပ်ရေးပန်းတိုင်သို့ အရောက်ချီတက်နိုင်ခဲ့လေသည်။
ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူကို မှတ်တမ်းတင်သောအားဖြင့် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ရှိ နာဂရီပရကျာရ်နီဆဘာ အမည်ရှိသော စာပေအဖွဲ့အစည်းတခုက ထုတ်ဝေသည့် ဟိန္ဒူဘာသာစွယ်စုံကျမ်းတွင် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲခေါင်းဆောင် ဆရာတော် ဦးဥတ္တမအကြောင်းကို တခမ်းတနား ရေးသားဖော်ပြထားလေသည်။ ဂျပန်နိုင်ငံကလည်း ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ဘာသာဖြင့် ဆရာတော် ဦးဥတ္တမအကြောင်း စာအုပ်များ ရေးသားထုတ်ဝေခဲ့ကြသည်။ တချိန်က မြန်မာနိုင်ငံကျောင်းသုံးစာအုပ်များ၌လည်း ဆရာတော်၏ အထ္ထုပ္ပတ္တိအကျဉ်းကို ထည့်သွင်းသင်ကြားစေသည်။
သို့ကလို မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိမာန်ကြီးကို ဦးစွာပန္နက်ချပေးခဲ့သည့် ကျေးဇူးရှင် အာဇာနည် ဆရာတော် ဦးဥတ္တမကို နောင်လာနောက်သားတို့ အမြဲတစေ သတိတရရှိစေရန်အတွက် စစ်တွေမြို့ရှိ သမဂ္ဂအဖွဲ့က ဦးစီးကာ ၁၉၄ရ ခု စက်တာဘာ (၉) ရက်နေ့တွင် အခမ်းအနားတရပ်ကို ရွှေတိဂုံခြေရင်းရှိ ပုလိပ်သမဂ္ဂ အဆောက်အအုံ၌ ကျင်းပခဲ့ကြသည်။ ထိုနေ့ကိုပင် “ဦးဥတ္တမအထိမ်းအမှတ်နေ့” အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။ ထို့အပြင် စစ်တွေမြို့တွင် ဦးဥတ္တမအသင်းနှင့် ဦးဥတ္တမပန်းခြံတို့ကို တည်ဆောက်ခဲ့ကြသည်။ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံတွင် ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ၁၉၆၃ ဇန်န၀ါရီလ (၁၀) ရက် ကြာသပတေးနေ့၌ ဆရာတော် ဦးဥတ္တမ ကြေးရုပ်တုကို သွန်းလုပ် စိုက်ထူခဲ့လေသည်။
ရန်ကုန်မြို့တွင်လည်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ အနစ်နာခံကာ လူထုအား နိုင်ငံရေးအသိအမြင် နိုးကြားလာစေရန် ဆောင်ရွက်ခဲ့သော ဆရာတော် ဦးဥတ္တမအား ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် စက်တင်ဘာလ (၉) ရက်နေ့ကျရောက်တိုင်း ဦးဥတ္တမနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ထို့အပြင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်း တောင်ဘက်ခြေရင်းရှိ ကန်တော်မင်ပန်းခြံကို နိုင်ငံတော်အစိုးရက ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ဦးဥတ္တမပန်းခြံဟု မှည့်ခေါ်ခဲ့လေသည်။
ထို့နောက် ဗိုလ်နေ၀င်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံရေးဆောင်ရွက်သော ရဟန်းသံဃာတော်များ ပေါ်ပေါက်လာမည်ကို အကြောက်လွန်၍ ဗိုလ်နေ၀င်း၏ အမိန့်ဖြင့် တနိုင်ငံလုံးတွင် ဦးဥတ္တမနေ့ ကျင်းပမှုကို ပိတ်ပင်တားဆီးလိုက်လေသည်။ ထိုမျှသာမက ဦးဥတ္တမပန်းခြံကိုလည်း ကန်တော်မင်္ဂလာပန်းခြံဟု အမည်ပြောင်းလဲလိုက်လေသည်။ ထိုနည်းတူစွာ နအဖစစ်အစိုးရလက်ထက်တွင်လည်း ဆရာတော် ဦးဥတ္တမနှင့် ဆရာတော် ဦးဥတ္တမကဲ့သို့ နိုင်ငံရေးဆောင်ရွက်ခဲ့သော ဆရာတော်ကြီးများ၏ အကြောင်းကို စာနယ်ဇင်းများ၌ ရေးသားဖော်ပြခြင်းကို စာပေစိစစ်ရေးဌာနမှ ပိတ်ပင်လိုက်သည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်သည်။
မည်သို့ဆိုစေ ယခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် နှစ်ပတ်လည်နေ့တွင် ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ဆရာတော်၏ နိုင်ငံရေးပုံရိပ်လွှာကို ခေတ်ပြိုင်တွင် ရေးသား၍ ကျေးဇူးဆပ်လိုက်ရပေသည်။     ။

(ခေတ်ပြိုင်သတင်းစာ မှ ကူးယူဖော်ပြပါသည်။)

http://freedomnewsgroup.com/2012/09/09/u-oattama/


ဗိုလ်ချုပ်အောင်ဆန်းနည်းတူ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကို စွန့်လွှတ်စတေးသွားကြသည့် အာဇာနည်ပုဂ္ဂိုလ်ထူးများထဲတွင် ဆရာတော် အသျှင် ဦးဝိစာရ ကိုယ်တော်လည်း ပါဝင်လေသည်။ ဆရာတော်သည် မြန်မာနိုင်ငံတွင် စစ်ကြိုခေတ် အမျိုးသားလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့စဉ်က ကိုလိုနီနယ်ချဲ့တိုက်ပွဲတွင် အဖိနှိပ်အချုပ်ချယ်ခံဘဝနှင့် ထောင်အတွင်း ရက်ပေါင်း (၁၆၆) ရက် အစာအငတ်ခံကာ ပြည်သူလူထုအား နယ်ချဲ့ ကျွန်သဘောက်ဘဝမှ လွတ်မြောက်ရေးအတွက် အသက်အသေခံကာ တိုက်ပွဲဝင်သွားခဲ့သည်။

● ဆရာတော်ဦးဝိစာရ၏ ငယ်စဉ်ဘဝ


ရှေးမြန်မာဘုရင်ဧကရာဇ်မင်းတို့ လက်ထက်အခါက ထီးဆောင်း၊ နန်းရန်အဖြစ် တည်ထောင်ခဲ့သော ဥဇ္စေနီပြည် နောင်အခါတွင် သလ္လာဝတီပြည်ကို အစွဲပြု၍ သလ္လာဝတီမည်သော ချင်းတွင်းမြစ်ကမ်းခြေတွင် အစဉ်အဆက် မြို့စားရွာစားခန့်၍ အုပ်ချုပ်ခဲ့သော၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အပိုင် (ယခင် အမြင့်မြို့အပိုင်) အမြင့် တောင်ဘက်၊ အနိမ့်ကိုးရွာအပါအဝင်ဖြစ်သော ကမ်းနိမ့်ရွာတွင် ဥပကာဂုဏ်နှင့် ကုံလုံပြည့်စုံသော ခမည်းတော် ကျောင်းဒါယိကာကြီး ဦးပြား၊ မယ်တော် ကျောင်းအမကြီး ဒေါ်ဇလပ်တို့မှ မြန်မာသက္ကရာဇ် (၁၂၅၀) ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၁၀) ရက် (ခရစ် ၁၈၈၉ ခုနှစ် ဧပြီလ ၂၄ ရက်) ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ခဲ့သည်။
ဦးဝိစာရလောင်းလျာမှာ မွေးချင်းသုံးဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။ မွေးချင်းသုံးယောက်မှာ
၁။ မဖွားသိုက်
၂။ မောင်လှကျော်
၃။ မောင်သာပုံ တို့ဖြစ်သည်။
ဦးဝိစာရလောင်းလျာ မောင်လှကျော်အား ငယ်စဉ်က အင်းနားရွာ ဆရာတော် အသျှင်စန္ဒီမာ ကျောင်းတွင် ပညာသင်ရန် အပ်နှံထားသည်။ (၁၂) နှစ်သားအရွယ်တွင် ဗုဒ္ဓဘာသာထုံးစံအတိုင်း ရှင်ပြု၍ သာမဏေဝတ်ခဲ့သည်။ ဘွဲ့တော်မှာ ဗုဒ္ဓဟူးသားဖြစ်၍ သျှင်ဝိစာရ ဖြစ်သည်။
မောင်လှကျော်ခေါ် သျှင်ဝိစာရသည် ငယ်စဉ်ကပင် အခြားကလေးများနှင့်မတူ တစ်မူကွဲပြားသည်။ သူ့တွင်ပါလာသော ဗီဇမှာ မဟုတ်မခံချင်စိတ်ရှိသည်။ မတရားမှုကို မနှစ်သက်သည့် ဗီဇပါလာသူလေးဖြစ်သည်။ သူ့ထက်ငယ်သူ အားနွဲ့သူများကို ထောက်ထားငဲ့ညှာ တတ်သောဗီဇ သူ့တွင်ပါသည်။ ကြီးနိုင်ငယ်ညှဉ်းသော အပြုအမူများကို သူအလွန်မုန်းတီးစက်ဆုပ်သည်။ သူ့စိတ်တွင် ဘာမဆို သူများထက်သာလိုသောစိတ်အမြဲရှိသည်။ ဇွတ်ဇွဲကြီး၍ ဇွတ်တရွတ်လဲနိုင်လှသည်ဟု ဆိုကြသည်။
သျှင်ဦးဝိစာရမှာ လက်ရေးလက်သားလှသည်။ ဥာဏ်ကောင်း၍ ပညာလိုလားသူလည်းဖြစ်သည်။ သွက်လက် ချက်ချာသည်။ လက်ရေးလက်သားကောင်းသူများမှာ စိတ်ရှည်ရှည်ထားတတ်သူများဖြစ်တတ်ကြသည်။ ယင်းအချက်များ ကြောင့်ပင် ဆရာတော်ဦးစန္ဒီမာသည် သျှင်ဦးဝိစာရအား အချစ်ပိုခဲ့သည်။
သို့နှင့် သာမဏေအဖြစ် (၄)ဝါအထိနေခဲ့ပြီးနောက် ရှင်လိင်ပြန်ကာ မိဘများနှင့် အတူနေထိုင်ခဲ့သည်။ ရှင်လူထွက်ပြီးနောက် မောင်လှကျော်သည် လူပျိုပေါက်အရွယ်သို့ ရောက်လာသဖြင့် ရပ်ရွာကိစ္စရပ်များကို တတ်အားသရွေ့ဆောင်ရွက်ခဲ့သည်။ သူသည်မည်သူ့ကိုမဆို ကူညီရိုင်းပင်းတတ်သည်။ လုပ်အားပေးစရာရှိလျှင် စိတ်ရော ကိုယ်ပါ ကိုယ်ဖိရင်ဖိ လုပ်ကိုင်ပေးတတ်သောကြောင့် လူချစ်လူခင် ပေါများသည်။ အပေါင်းအသင်းကျယ်ပြန့်သည်။ လူသိများသောကြောင့် ထိုစဉ်က သူ့ရပ်ရွာတွင် ကာလသားခေါင်း (လူငယ်ခေါင်းဆောင်)ဖြစ်လာခဲ့သည်။ ကာလသားခေါင်း မောင်လှကျော်ဆိုလျှင် မသိရှားလှသည်။
ထို့နောက် အသက်(၁၈)နှစ်အရွယ်တွင် မိဘများက မောင်လှကျော်အား ကမ်းနိမ့်ရွာမြောက်ဘက်ရှိ ရွှေလေရွာမှ ဦးရွှေမှော်၊ ဒေါ်မယ်ပေါတို့၏ သမီးမယ်ဥာဏ်နှင့် နှစ်ဘက် မိဘများ၏ သဘောတူညီချက်အရ လက်ထပ်ထိမ်းမြား ပေးခဲ့သည်။ မယ်ဥာဏ်နှင့် သမီးတစ်ယောက်ထွန်းကားခဲ့သည်။ အမည်မှာ မဖွားရန် ဖြစ်သည်။
သို့သော် သမီးမဖွားရန် ဖွားမြင်ပြီနောက် (၃)လခန့်အကြာတွင် ယောက္ခမတို့၏ နိုင်ထက်စီးနင်း နှိမ့်ချပြောဆို ဆက်ဆံမှုကို မခံမရပ်နိုင်သဖြင့် အိမ်ထောင်ရေးပဋိပက္ခဖြစ်ပွားရာ ဇနီးသည် မမယ်ဥာဏ်အား တစ်သီးတစ်ခြား အိုးအိမ်ခွဲနေကြရန် ခေါ်ဆိုသော်လည်း ဇနီးသည် သည်မိဘများနှင့်မခွဲနိုင်ဟု ငြင်းဆန်သောကြောင့် ယောက္ခမအိမ်မှ ဆင်းခဲ့လေသည်။ ရပ်ရွာလူကြီး မိဘများက ပြန်လည် စေ့စပ်ပြန်ဖြေပေးသော်လည်း စိတ်ကြီးသူပီပီလက်မခံ ငြင်းပယ်ခဲ့လေသည်။ ပထမအိမ်ထောင် မမယ်ဥာဏ်နှင့် ပြန်လည်ပေါင်းသင်းခြင်း လုံးဝမပြုသော်လည်း ဇနီးနှင့် သမီးငယ်အား အဝေးမှ ယောက္ခမများ မသိအောင် တိတ်တဆိတ်တတ်အားသမျှ ထောက်ပံ့ကူညီခဲ့သေးသည် ဆို၏။
ထို့နောက် မောင်လှကျော်သည် ၎င်း၏ဆန္ဒအလျောက် တစ်ရွာတည်းနေသူ မသေးမြှင်နှင့် ဒုတိယအကြိမ် အိမ်ထောင်သစ်ထူ၍ ပေါင်းသင်းခဲ့ရာ ဒုတိယဇနီး မသေးမြှင်နှင့် ဒုတိယသမီးမနွယ်ကို ထပ်မံရရှိခဲ့ပြန်သည်။
 
● ရဟန်းဘဝသို့ပြန်ဝင်

ကိုလှကျော်သည် အိမ်ထောင်နှစ်ဆက်ဖြင့် လူ့ဇာတ်ခုံတွင်လောကဓံတရားအဖုံဖုံကို တွေ့ကြုံခဲ့ရသည်။ လောကုတ္တရာအခြေခံ ရှိသူတစ်ယောက်ဖြစ်၍ စိတ်သက်သာရာသက်သာကြောင်းအဖြစ်ဖြင့် ဆားလင်းကြီးမြို့ တင့်တောင်း တောရကျောင်းတွင် (၃) လကြာမျှ အေးချမ်းစွာ အဓိဋ္ဌာန်ဥပုသ်ရက်ရှည် စောင့်ထိန်းဆောက်တည်၍ ဘာဝနာပွားများ အားထုတ်နေစဉ် ကြီးစွာသော သတိသံဝေဂဖြစ်ကာ လူ့လောက လူ့ဘဝကြီးကို ငြီးငွေ့လျက် ရဟန်းဘောင်သို့ ဝင်လိုသော စိတ်ဆန္ဒပြင်းပြင်းထန်ထန် ဖြစ်ပေါ်ခဲ့လေသည်။ သို့ဖြင့် မိဘနှင့် ဇနီးသည်အား ခွင့်တောင်းခံပန်ကြားကာ အသက် (၂၃) နှစ်အရွယ်တွင် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်။ ကိုလှကျော်၏ ဥပဇ္ဈယ် ဆရာတော်မှာ ဘွဲ့တော်မှ သာမဏေဘဝကဘွဲ့အတိုင်း ဦးဝိစာရပင် ဖြစ်သည်။
ဦးဝိစာရသည် ရဟန်းဘဝသို့ ရောက်ပြီး နောက် မန်ကျည်းပုတ်ရွာ ဆရာတော် ဦးရာဇိန်ထံတွင် ရှေးဦးစွာ သဒ္ဒါကျမ်း ကျွတ်လွတ်ပြီးမြောက်အောင် သင်ယူခဲ့လေသည်။ ထိုမှတဆင့် ပျဉ်းမနားကံဦးတိုက်ဆရာတော် ဦးကုသလ္လ၏ ခြေတော်ရင်းတွင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ စသော ပိဋကတ်ကျမ်းဂန်တို့ကို ကုန်စင်အောင် သင်ယူတော်မူသည်။ ထို့နောက် ချောင်းဦးမြို့ ပထမရွေတောင် ဆရာတော် ဘုရားထံ၌ နှစ်ဝါတိုင်တိုင် ဝိနည်းသိက္ခာတော်များကို ထူးထူးကဲကဲ ထပ်မံသင်အံလိုက်နာခဲ့ပြန်သည်။ ထို့နောက်တွင်မှ မန္တလေးမြို့ ရွှေရင်းဆောင်တိုက် ဆရာတော်ဘုရားထံတော်တွင် လည်းကောင်း၊ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် ဆရာတော်ဘုရားထံတွင်လည်းကောင်း၊ ဆက်လက်၍ လောကုတ္တရာစာပေများကို လေ့လာလိုက်စားရင်း တစ်ဘက်မှ စာသင်သားသံဃာတို့အား စာပေပိဋကတ်များကို ပို့ချသင်ကြားပေးခဲ့လေသည်။

● အမျိုးသားစိတ် သန္ဓေတည်

ယင်းသို့ မန္တလေးရွှေရင်ဆောင်တိုက်တွင် သီတင်းသုံးနေခိုက် (၁၂၈၀) ပြည့်နှစ်တွင် သာသနာ့ဆူးငြောင့် ခလုတ်ဖြစ်သော အန္တရာယ်များကို ကိုယ်တော်တိုင် ကြုံတွေ့ရင်ဆိုင်ခဲ့ရသဖြင့် ဦးဝိစာရ ကိုယ်တော်အား အမျိုးသား စိတ်ဓာတ်ရင့်သန်ပွားများစေသော အရေးအခင်းကြီးတစ်ခု ပေါ်ပေါက်ခဲ့လေသည်။
နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်း (၁၁)ရက်နေ့မှ (၁၃)ရက်နေ့တိုင်းကျင်းပမြဲဖြစ်သော မန္တလေးမြို့ အိမ်တော်ရာ ဘုရားပွဲကြီးသည် လေးပြင်လေးရပ်မှ ရဟန်းရှင်လူ ပြည်သူပရိသတ်များ အထူးစည်ကားသော ရှေးဟောင်းတန်ခိုးကြီးစေတီတော်တစ်ဆူဖြစ်သည်။ အိမ်တော်ရာ ဘုရားပွဲတော်ရက်အတွင်း တစ်ညတွင် အင်္ဂလိပ်မျက်နှာဖြူ မန္တလေးရာဇဝတ်ဝန်မစ္စတာစတီးဝပ်ဆိုသူသည်နောက်လိုက်နောက်ပါ ပုလိပ်များခြံရံလျက် ဘုရားရင်ပြင်ပေါ်သို့ ဖိနပ်ခြေနင်းများစီး၍ တက်ရောက်ခဲ့ရာမှ လှုပ်ရှားဆူပွက်ကာ အရေးအခင်းဖြစ်ပွားခဲ့ရသည်။
ထိုအချိန်မှစ၍ ဦးဝိစာရကိုယ်တော်သည် သာသနာတော်၏ အန္တရာယ်အသွယ်သွယ်ကို ရှင်းလင်းသုတ်သင် နိုင်ရေးအတွက် အမျိုးသားစိတ်ဓာတ်ဖြင့် နိုင်ငံရေးကိစ္စများတွင် စိတ်ဝင်စားလာခဲ့လေသည်။ ထို့နောက် ဦးဝိစာရသည် ၁၈၂၈ ခုနှစ်လောက်တွင် ပခုက္ကူမှနေ၍ သံဃသမဂ္ဂသို့ ဝင်ရောက်ခဲ့သည်။ အဖွဲ့သို့ဝင်ရောက်ပြီး မလှိုင်၊ ပန်းအိုင်နယ်တွင် အစိုးရတို့က အစိုးရတို့က မြေသမာဓိကြေးအခွန်တော်သစ်ကို မတရားသဖြင့် စတင်စီးကြပ် ကောက်ခံခြင်းပြုလာသဖြင့် အခွန်တော်ကောက်ခံမှုနှင့် ပတ်သက်သော နိုင်ငံရေးတရားများကို ရဲရဲတောက်ဟောပြောမှုကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)၊ ၁၀၈ အရ ဦးဝိစာရနှင့် ဦးပုညကိုယ်တော်နှစ်ပါးအား ထောင်ဒဏ် (၆)လစီ အပြစ်ပေးခံရသည်။
(၁၂၈၅) ခုနှစ်ဆန်းတွင် ဦးဝိစာရသည် ပခုက္ကူမြို့ထက် နိုင်ငံရေးထိရောက်စွာ လုပ်ကိုင်နိုင်မည့် ရန်ကုန်မြို့သို့ ကြွရောက်ပြီး ကြည့်မြင်တိုင် ဝဠုဝန်တိုက်တွင် သီတင်းသုံးနေထိုင်တော်မူသည်။ ထိုကျောင်းတွင် စာသင်သား တပည့်သံဃာတို့အား စာပေပို့ချရင်း တစ်ဖက်မှ သံဃသာမဂ္ဂီအဖွဲ့ကြီး၏ လုပ်ငန်းတာဝန်များကို ထက်သန်တက်ကြွစွာ ပါဝင်ဆောင်ရွက်နေတော်မူသည်။ ထိုစဉ် ဆရာတော် ဦးဥတ္တမကိုယ်တော်ကြီးသည် ဦးဝိစာရ၏ သွက်လက်ချက်ချာသော ဥပဓိရုပ်ကို လည်းကောင်း၊ ထက်မြက်သော စိတ်ဓာတ်ကိုလည်းကောင်း၊ ပရိသတ် ဆွဲဆောင်သိမ်းသွင်းနိုင် စွမ်းရည်ရှိသည့်အဟောအပြောကို နှစ်သက်တော်မူသဖြင့် နီးနီးကပ်ကပ် နိုင်ငံရေးအသိပညာပေး၍ လေ့ကျင့် ပျိုးထောင်ပေးရန် အာသီသရှိတော်မူလေသည်။ သိုဖြင့် ဦးဥတ္တမကိုယ်တော်ကြီးသည် ဦးဝိစာရကို ခေါ်၍ ကျိုက္ခမီ၊ ရေး၊ မြိတ်၊ ထားဝယ်၊ တနင်္သာရီနယ်တို့ ဆား(ချက်)ခွန်မတရားစီးကြပ် ကောက်ခံနေမှုအတွက် ဝံသာနုတရား လှည့်လည်ဟောပြောရန် အတူတကွ ပထမဆုံးအကြိမ် ကြွရောက်တော်မူလေသည်။ ထို့နောက်ပိုင်းတွင်ကား ဦးဝိစာရအား လက်ရုံးသဖွယ် အားထားတော်မူသည့်အလျောက် အတူတကွတွဲဖက်၍ ဟောပြောရန် ခေါ်ဆောင် သွားလေ့ရှိသည်။
ထိုအခါက သံဃသာမဂ္ဂီအဖွဲ့ချုပ်ကြီးမှ နိုင်ငံရေး ဓမ္မကထိက ကိုယ်တော်များ တရားဟောပြောရတွင် စနစ်တကျဖြစ်စေရန် လမ်းညွှန်အဖြစ် “လောကီနိဗ္ဗာန် သစ္စာလေးပါးတရားတော်” ကိုရေးသား၍ ဝေငှခဲ့ကြလေသည်။
ဦးဝိစာရသည် သံဃအဖွဲ့ချုပ်ကြီး၏ လက်မှတ်ရ ဓမ္မကထိကပုဂ္ဂိုလ်ကျော် အပါး (၂၀၀) တို့အနက် တစ်ပါးအပါအဝင်ဖြစ်သဖြင့်၊ ဝံသာနုအစည်းအဝေးပွဲများတွင်လည်းကောင်း၊ နိုင်ငံရေးတရားပွဲများတွင်လည်းကောင်း၊ စိတ်ဓာတ်တက်ကြွလာအောင် စိတ်ရောကိုယ်ပါ မကြောက်မရွံ့ ဟောပြောလေ့ရှိသည်။ ထို့ကြောင့်လည်း တရားနာ ပရိသတ်များက ကြိုက်နှစ်သက်ကြခြင်းဖြစ်လေသည်။
ထို့နောက် ဦးဝိစာရသည် ဆရာတော်ဦးဥတ္တမ၏ ဆက်သွယ်မှုကြောင့် (၁၂၈၆) ခု၊ (၁၉၂၂ ခုနှစ်)တွင် အိန္ဒိယပြည်၊ ဗုဒ္ဓဂါယာမြို့၌ ကျင်းပမည့် ပြည်လုံးကျွတ်ကွန်ဂရက်အသင်းကြီး၏ ညီလာခံကို တက်ရောက်ရန်  ထွက်ခွာသွားခဲ့သည်။ ထိုမှတဆင့် ကာလက္ကတားမြို့သို့ ကြွရောက်သီတင်းသုံးနေထိုင်ပြီး ပါဠိ၊ သက္ကဋ၊ ဟိန္ဒီ၊ စာပေများကို လေ့လာဆည်းပူးခဲ့သည်။ နိုင်ငံရေးဗဟုသုတများကိုလည်း ရှာမှီးလေ့လာခဲ့သည်။ ဤသို့ဖြင့် နှစ်ဝါတိုင်တိုင် အိန္ဒိယပြည်၌ သီတင်းသုံးနေထိုင်ခဲ့ပြီးနောက်စစ်တကောင်းမှတဆင့် ရခိုင်ပြည်သို့လှည့်လည်တရားဟောပြော၍ မြန်မာပြည်သို့ ပြန်လည် ကြွရောက်ခဲ့လေသည်။
ဆရာတော်ဦးဝိစာရသည် မြန်မာပြည်သို့ ပြန်ကြွလာပြီး အနယ်နယ်အရပ်ရပ်သို့ မနားမနေ လှည့်လည်လျက် ဝံသာနုတရားများကို မနားမနေဟောပြောခဲ့သည်။ သို့ကလို အရေးပါသော နိုင်ငံရေးခေါင်းဆောင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသောအခါ ဆရာတော်ဦးဝိစာရအား အင်္ဂလိပ်အစိုးရက မြန်မာပြည်နိုင်ငံရေး(လူဆိုး) စာရင်းဝင်နံပါတ် (၄၄) အဖြစ်ဖြင့် မှတ်တမ်းတင်ထားခြင်းခံရသည်။
စုံထောက်မှတ်တမ်းတွင် ဦးဝိစာရ၏ ဥပဓိရုပ်နှင့် ကိုယ်ရေးအချက်အလက်များကို ဤသို့ မှတ်တမ်း တင်ထားသည်။ “မုံရွာ၊ ဦးဝိစာရ၊ အဖဦးပြား၊ အမိဒေါ်ဇလပ်၊ အရပ် (၅)လေ (၈)လက်မခန့် မြင့်သည်။ နဖူးကျယ်သည်။ မျက်ခုံးသာမန်ဖြစ်သည်။ သို့သော် မျက်လုံးကြည်လင်ကောင်းမွနသည်။ နှာတံပေါ်၍ ပါးစပ်ကျယ်သည်။ သွားများ ညီညာသော်လည်း ကွမ်းသားလွန်း၍ ညိုညစ်နေသည်။ လက်ချောင်းကလေးများ သွေးသွယ်သည်။ အသားညို၍ မုတ်ဆိတ် ကျင်စွယ်မရှိ။ ကိုယ်တွင်ထင်ရှားသော အမှတ်အသားမှာ မတ်စေ့ခန့်အရွယ်ရှိ အမာရွတ်တစ်ခု လက်ျာလက်မောင်း တွင်ရှိသည်။ စကားပြောလျှင် မျက်မှောင်ကုတ်၍ ကျယ်ကျယ်ပြောတတ်သည်။ အသံကြည်လင် စူးရှသည်။ ထိုမျှမကသေး။ ဦးဝိစာရကိုယ်တော်၏ (ရှေ့၊ နောက်၊ ဘေး) အနေအထားအမျိုးမျိုးကိုလည်း ဓာတ်ပုံများ ရိုက်ယူထားသည်။”
အသျှင်ဦးဝိစာရသည် တရားဟောပြောရာတွင် ရဲရင့်ပြောင်မြောက်သည်။ ပွင့်လင်းပြတ်သားသည်။ အသံသြဇာနှင့်လည်း ပြည့်စုံသည်။ တရားနာပရိသတ်၏ အာရုံကို သိမ်းကြုံဆွဲဆောင်နိုင်သည်။ ထို့ပြင် နှစ်လိုကြည်ညိုဖွယ်ရာ ရဟန်းတော်တို့၏ ဣနြေ္ဒိသိက္ခာတော်နှင့် ပြည့်စုံညီညွတ်၍ တည်ငြိမ်သိမ်မွေ့စွာ နေထိုင်တတ်သဖြင့် တကာ၊ တကာမများ၏ ကြည်ညိုလေးစားခြင်းကို အထူးခံယူ ရရှိလေသည်။ ထို့ကြောင့် အသျှင်ဦးဝိစာရကိုယ်တော်အား ဝံသာနုနှစ်ပတ်လည် အစည်းအဝေးများသို့လည်းကောင်း၊ ပရိယတ္တိ စာပြန်ပွဲများ သို့လည်းကောင်း၊ တရာဟောပြောရန် ပင့်ဖိတ်သူပေါများလှသောကြောင့် တရားပွဲများ တိုက်ဆိုင်နေသဖြင့် အသျှင်ဦးဝိစာရ ကြွရောက်နိုင်မည့်နေရက်များကို ရှေးဦးစွာ ကြိုတင်လျှောက်ထား တောင်းယူပြီးမှ နေ့ရက်အစီအစဉ်များ ပြုလုပ်ကြရလေသည်။
ဤသို့ဖြင့် အသျှင်ဦးဝိစာရသည် အနယ်နယ်အရပ်ရပ်သို့ ဝါတွင်းသုံးလမှအပ မရပ်မနား ကြွရောက်၍ တရားဟောပြောရသည်။ တရားဟောပြောထွက်တိုင်း ပုလိပ်စုံထောက်တို့ကလည်း မျက်ခြေပြတ်ခံသည်မရှိ။ အမြဲတစေ နောက်မှ တကောက်ကောက် လိုက်ကြသည်။ ထို့နောက် (၁၂၈၈) ခု၊ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ (၁၉၂၆) ခုနှစ်၊ အောက်တိုဘာလ၊ (၂၂) ရက်နေ့၌ လက်ပံတန်းမြို့နယ်၊ သာရဝေါ တိုက်နယ်ဓနော်ညောင်းကုန်းရွာတွင် တိုက်နယ်ခံ ဝံသာနုအသင်းများအစည်းအဝေးကျင်းပရန်တော်သလင်းလအတွင်းမှ စ၍ ဓမ္မကထိက ဆရာတော်အသျှင်ဦးဝိစာရအား ကြိုတင်ပင့်ဖိတ်ထားပြီးဖြစ်သည်။ ဤသို့ စီစဉ်ပြီးချိန်တွင် သာယာဝတီ ဒိစကြိတ်အရေးပိုင်က အိန္ဒိယ ရာဇသတ် ဥပဒေပုဒ်မ (၁၄၄)အရ သာယာဝတီ စီရင်စု နယ်မြေအတွင်းတွင် သီတင်းကျွတ်လဆန်း (၁) ရက်နေ့မှ အစပြု၍ တန်ဆောင်မုန်းလကုန်အထိ “လူစုဝေးခြင်း၊ အစည်းအဝေးများကျင်းပခြင်း၊ လုံးဝမလုပ်ရ” ဟု အချိန်ကာလ (၂)လ တိတိသတ်မှတ်၍ အမိန့်ဆင့်ဆို တားမြစ်ခဲ့လေသည်။
ဤသို့ အနှောက်အယှက် အဟန့်အတားပြုလာသည့်ကိစ္စနှင့် ပတ်သက်၍ ကြိုတင်စီစဉ်ထားပြီးဖြစ်သော အစည်းအဝေးကို ရက်ရွှေ့ရေး မရွှေ့ရေး ပြဿနာပေါ်လာသဖြင့် လက်ပံတန်းမြို့ဦးကွာပိန္တဓိပတိ ကျောင်းတွင် သီတင်းသုံးဝါဆိုနေသော အသျှင်ဦးဝိစာရထံ လာလျှောက်ထားသည့်အခါ အသျှင်ဦးဝိစာရက “ကိုယ့်အလုပ် ကိုယ်လုပ်ကြတာ၊ ခွေးဟောင်တိုင်း ထ,ကြည့်နေလို့ဖြစ်ပါ့မလား” ဟု မိန့်ကြားလိုက်သောကြောင့် အစည်အဝေးကို ရက်မရွှေ့ဆိုင်းတော့ဘဲ စီစဉ်ထားသည့်အတိုင်းကျင်းပရန် စီစဉ်လိုက်ကြတော့သည်။ ထို့ထက်တစ်ဆင့်တိုး၍ပင် ဓနော်ညောင်ကုန်း အစည်းအဝေး၌ အသျှင်ဦးဝိစာရ ကိုယ်တော်တိုင် ကြွရောက်၍ ရဲရဲတောက် တရားဟောမည့်အကြောင်း ဖိတ်စာများ ထပ်မံရိုက်နှိပ်၍ အနှံ့အပြား ဝေငှလိုက်သည်။
သို့ဖြင့် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ အစည်းအဝေးစတင်တော့မည့်ဆဲဆဲ ဆွမ်းစားချိန်တွင် ဓနော်ညောင်ကုန်းရွာသို့ ပုလိပ်အရာရှိတစ်စု ရောက်ရှိလာပြီး အသျှင်ဦးဝိစာရလက်သို့ အောက်ပါအမိန့်စာကို ပေးအပ်လေသည်။

● ရာဇဝတ်ကျင့်ထုံး ပုဒ်မ (၁၄၄) အရ  အဆောတလျှင်အမိန့်
လက်ပံတန်းမြို့၊ ဘုန်းကြီး (မုံရွာ) ဦးဝိစာရသိစေရန် ဆင့်ဆိုလိုက်သည်မှာ “မောင်မင်းနှင့်တကွ” ဝံသာနုအသင်းသူအသင်းသားများနှင့် သံဃသာမဂ္ဂီဘုန်းကြီးအချို့သည် လက်ပံတန်းမြို့နယ်၊ သာရဝေါတိုက်နယ်အပိုင်၊ ဓနော်ညောင်ကုန်းရွာတွင် ဖြစ်စေ၊ အခြားကျေးရွာဒေသ၌ဖြစ်စေ၊ အသင်းစည်းဝေး စုရုံးခြင်းပြုပြီး အစိုးရမင်းတို့အား အကြည်ညိုပျက်အောင် အမုန်းထား၍၎င်း၊ တရားဟောပြော လှုံ့ဆော်ခြင်းပြုလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်သဖြင့်၊ တိုင်းပြည်မြို့ရွာ ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်စီးစေမည့် အရပ်ရပ်အန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ ကျွန်ုပ်၏တာဝန် ဝတ္တရားနှင့်အညီ ရာဇဝတ်ကျင့်ထုံး ပုဒ်မ (၁၄၄) အရ၊ မောင်မင်းနှင့်တကွ ဝံသာနုအသင်းသူ အသင်းသားများနှင့် သံဃသာမဂ္ဂီဘုန်းကြီးအားလုံး လူစုလူဝေးပြုခြင်း၊ တရားဟောခြင်း မပြုလုပ်ရ။ ၎င်းအပြင် လက်ပံတန်းမြို့နယ်အတွင်း အစည်းအဝေးပြုလုပ်သောအသင်း တစ်စုံတစ်ရာ၌ “မောင်မင်းပါဝင်” တက်ရောက်ခြင်း မရှိစေရ။ ဤအမိန့်သည် ဆင့်ဆိုသည့်အတိုင်း ယနေ့မှ (၂)လ တည်စေရမည့်အကြောင်း ကျွန်ုပ်၏ ရုံးတော်တံဆိပ် ခပ်နှိပ်ဆင့်ဆိုလိုက်သည်။
နယ်ပိုင်ဝန်ထောက်မင်း
ပထမတန်း ရာဇဝတ်တရားသူကြီးမင်း
သာယာဝတီမြို့။
ရက်စွဲ။ ၂၁-၁၀-၂၆
အသျှင်ဦးဝိစာရသည် အဆိုပါပုဒ်မ (၁၄၄)အမိန့်စာတွင် သာသနာ့ဝန်ထမ်း ရဟန်းတော်တို့အား သာမန်လူပုဂ္ဂိုလ်များက မသုံးစွဲထိုက်သော “မောင်မင်းနာခံရမည်” ဟူသော အလွန်တရာ ရိုင်းစိုင်းစော်ကားရာရောက်သည့် အသုံးအနှုန်း ဝေါဟာရမျိုးကို မသုံးစွဲရန်ရှေးကပင် သံဃသာမဂ္ဂီအဖွဲ့ဝင်များက အကြိမ်ကြိမ်စည်းဝေးဆုံးဖြတ်၍ ကန့်ကွက်ခဲ့ဖူးသော်လည်း အစိုးရတို့က လုံးဝဂရုမပြုဘဲ ထပ်ခါထပ်ခါတိုး၍ပင် ထိပါးစော်ကားနေပြန်သဖြင့် ဓနော်ညောင်ကုန်းတရားပွဲတွင် အစိုးရတို့ တားမြစ်ပိတ်ပင်မှုကို လုံးဝ အလေးမပြုဘဲ ကိုယ်တိုင်မဆိုင်းမတွ ကန့်ကွက်တိုက်ဖျက်သည့်အနေဖြင့် ထုတ်ပြန်ထားသောပုဒ်မ (၁၄၄) အမိန့်ကို ဖီဆန်ကာ စီစဉ်ထားသည့်အတိုင်း အစည်းအဝေးကို ကျင်းပစေခဲ့သည်။ သို့ဖြင့်အစည်းအဝေးကို နေ့လည် (၁)နာရီအချိန်တွင် ကြွရောက်လာသော အသင်းသူအသင်းသား (၈၀၀) ကျော်ခန့်တို့သည် ရှေးဦးစွာ ငါးပါးသီလ ခံယူကြပြီးနောက် ထိုနေ့ညဦးပိုင်းတွင် အသျှင်ဦးဝိစာရ၏ တရားပွဲကို စည်စည်ကားကား ကျင်းပကြသည်။
အသျှင်ဦးဝိစာရသည် သာရဝေါတိုက်နယ်ဓနော်ညောင်ကုန်းရွာ၌ ပုဒ်မ (၁၄၄) အရ တရားမဟောပြောရဟု တားမြစ်ထားသည့်အမိန့်ကို ဤသို့ ပထမအကြိမ် အာဏာဖီဆန် ဟောပြောပြီးနောက် (၁၂၈၈)ခု၊ သီတင်းကျွတ်လဆုတ် (၇)ရက်နေ့၊ (၂၈-၁၀-၂၆) ရက်နေ့တွင်၊ ထနောင်းကုန်းရွာ၌ လည်းကောင်း၊ လဆုတ် (၁၀)ရက်နေ့၊ (၃၁-၁၀-၂၆) ရက်နေ့တွင် အင်းဝတိုက်နယ်၊ မကျည်းကုန်းရွာများ၌လည်းကောင်း ထပ်မံဟောပြောပြန်သည်။ ထို့နောက် အုတ်ဖိုတရားပွဲသို့ သွားရောက်ဟောပြောရန် မော်တော်ကားစောင့်နေစဉ် လမ်းခရီးစပ်ကြားမှ စောင့်၍ ပုလိပ်အရာရှိ တစ်စုက အသျှင်ဦးဝိစာရအား ပုဒ်မ (၁၈၈) အရ အာဏာဖီဆန်မှုဖြင့် ဖမ်းဆီးကာ သာယာဝတီအချုပ်ထောင်သို့ ခေါ်ဆောင်သွားလေသည်။
သာယာဝတီအချုပ်ထောင်တွင် ဖမ်းဆီးချုပ်နှောင်ပြီးနောက် သာယာဝတီဒိစကြိတ် တွဲဘက်အထူးအာဏာရ ရာဇဝတ်တရားသူကြီးက စစ်ဆေး၍ အိန္ဒိယရာဇသတ်ကြီးပုဒ်မ (၁၈၈) အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်ဆိုကာ (၁၂၈၈) ခု၊ တန်ဆောင်မုန်းလဆုတ် (၂)ရက်နေ့၊ (၂၂၊ ၁၁၊ ၂၆) နေ့တွင် အလုပ်မဲ့ထောင်ဒဏ်နှစ်လကျခံစေဟု အမိန့်ချမှတ်ပြီးနောက် သာယာဝတီထောင်မှ ရန်ကုန်ဗဟိုထောင်ကြီးသို့ ပြောင်းရွှေ့အကျဉ်းချထားလိုက်လေသည်။
ဤသို့ ရန်ကုန်ထောင်ကြီးအတွင်း အလုပ်မဲ့ထောင်ဒဏ် (၂)လ အကျဉ်းခံနေရာမှ လွတ်မည့်တစ်ရက်အလို (၂၂၊ ၁၊ ၂၇) နေ့တွင် သာယာဝတီထောင်သို့ ပုလိပ်အစောင့်အရှောက်များဖြင့် ပြန်ပို့လိုက်လေသည်။
ထို့နောက် သာယာဝတီထောင်မှတစ်ဖန် (၂၃၊ ၁၊ ၂၇) ရက်နေ့ နံနက်ပိုင်တွင် လွတ်ရက်စေ့ပြီး လွှတ်ပေးပြီးနောက် ထောင်ဗူးဝမှ အသင့်စောင့်ကြိုနေသော ပုလိပ်အရာရှိတစ်စုတို့က သာယာဝတီအရေးပိုင်၏ ဝရမ်းစာကိုပြ၍ ရာဇသတ်ပုဒ်မ ၁၂၄ (က)အရ ဒုတိယအကြိမ် ထပ်မံဖမ်းဆီးကာ သာယာဝတီထောင်သို့ပင် ပြန်လည်သွတ်သွင်းထားလိုက်ကြလေသည်။
ဒုတိယအကြိမ် ဖမ်းဆီးခံရသည့်အမှုမှာလည်း ယခင် ဓနော်ညောင်ကုန်းအမှုဖြင့် အဖမ်းအဆီးမခံရမီအခါက ထနောင်းကုန်း (အင်းရွာ) တရားပွဲတွင်လည်းကောင်း၊ မကျည်းကုန်းရွာ (အင်းဝ) တရားပွဲ၌လည်းကောင်း အသျှင်ဦးဝိစာရ၏ ဟောပြောချက်များသည် အစိုးရအား အကြည်ညိုပျက်စေသည်ဟူသော စွဲချက်များအရပင် ဖြစ်လေသည်။
သာယာဝတီထောင်၌ အကျဉ်းကျနေစဉ် အသျှင်ဦးဝိစာရက (၁၂၈၈) ခု၊ ပြာသိုလဆုတ် (၁၅) ရက် (လကွယ်နေ့) ဥပုသ်နေ့ (၁၊ ၂၊ ၂၇)တွင် ဗုဒ္ဓဘာသာရဟန်းတော်တို့၏ ဝိနည်းသိက္ခာပုဒ်နှင့်အညီ သိမ်တစ်ခုခုသို့ ကြွရောက်ဥပုသ်ပြုနိုင်ရန် စီစဉ်ပေးစေလိုကြောင်းဖြင့် အရေးပိုင်ထံသို့ စာတစ်စောင်ရေးသား ပေးပို့လိုက်လေသည်။ သို့ရာတွင် အရေးပိုင်ထံမှ အကျဉ်းထောင်ဥပဒေအရ လည်းကောင်း၊ အစဉ်အဆက် ထုံးစံအရလည်းကောင်း မည်သည့်တရားခံ တစ်ဦးတစ်ယောက်ကိုမျှ ယင်းသို့ ဥပုသ်ပြုခွင့် မပေးနိုင်ကြောင်း ငြင်းဆိုလိုက်သည်။ ထိုအချိန်မှစ၍ အသျှင်ဦးဝိစာရသည် ဆွမ်းဘုန်းပေးခြင်းမပြုဘဲ အစာငတ်ခံဆန္ဒပြ အရေးဆိုတော့သည်။
ဤသို့ အစာငတ်ခံ ဆန္ဒပြနေမှုကြောင့် (၄၊၂၊ ၂၇) နေ့တွင် သာယာဝတီ အထူးရာဇဝတ် တရားသူကြီးရုံးတွင် အမှုရက်ချိန်းရှိသော်လည်း ရုံးသို့ထုတ်ခြင်းမပြုကြတော့ပေ။
သို့ကလို အစာငတ်ခံ ဆန္ဒပြနေသည့် (၄)ရက်မြောက်နေ့တွင် မျက်နှာဖြူ အရေးပိုင်ကိုယ်တိုင် ထောင်တွင်းသို့ရောက်လာပြီး “ဘုန်းကြီး…… ခင်ဗျား ဘာဖြစ်လို့ ထမင်းမစားတာလဲ၊ ခင်ဗျား ပါးစပ်နဲ့ထမင်း ကောင်းကောင်း မစားချင်ဘူးလား၊ နှာခေါင်းနဲ့ စားချင်တာလား၊ ဖင်(စအို)နဲ့ စားချင်တာလား၊ အခု ဗိုက်ထဲကို နွားနို့သွင်းပေးရမယ်၊ ဘုန်းကြီးအများကြီးဒုက္ခရောက်သွားမယ်” ဟုခြိမ်းခြောက်ပြောဆိုခဲ့ရာ အသျှင်ဦးဝိစာရက အရေးပိုင်အား “မင်းတို့လက်ထဲမှာ မင်းတို့ကြိုက်သလို လုပ်နိုင်တယ်၊ ခုချက်ချင်း သေနတ်နဲ့ပစ်သတ်ချင် သတ်လိုက်ကြပေါ့” တုန့်ပြန်လိုက်သည်။ ထိုအခါ အရေးပိုင်လည်း မျက်စေ့မျက်နှာပျက်ကာ အခန်းတွင်မှ ချက်ချင်းထွက်သွားလေသည်။ သို့သော် ထိုနေ့ထိုည (၆)နာရီခန့်တွင် အသျှင်ဦးဝိစာရအား လက်နက်ကိုင်ပုလိပ်တို့က ဘတ်စ်ကား တစ်စင်းဖြင့် ရန်ကုန်ထောင်ကြီးသို့ ညတွင်းချင်းခေါ်ယူ ရွှေ့ပြောင်းလိုက်ကြတော့သည်။
ရန်ကုန်ထောင်ကြီးသို့ ရောက်ရှိသည့်အခါတွင်လည်း အသျှင်ဦးဝိစာရသည် တစ်ဆက်တည်း ဆွမ်းဘုန်းပေးခြင်း မပြုဘဲ၊ ဥပုသ်ပြုခွင့်မရမချင်း အစာငတ်ခံနေခဲ့ရာ ရက်ပေါင်း (၄၀) မြောက်သည့်နေ့တွင်မှ ထောင်အာဏာပိုင်တို့က ဥပုသ်ပြုခွင့်ကို အလျော့ပေးလိုက်သဖြင့် ဆွမ်းပြန်စားခဲ့သည်။ အသျှင်ဦးဝိစာရအား ပုဒ်မ ၁၂၄ (က) အရ စွဲဆိုထားသည့် အမှုများမှာလည်း သာယာဝတီစီရင်စုအတွင်း ဟောပြောခဲ့ခြင်းကြောင့်ဖြစ်ရာ ထုံးစံအရ သာယာဝတီရုံး၌သာ စစ်ဆေးကြရမည့်အစား၊ ဟိုက်ကုတ် တရားလွှတ်တော်မှ အင်းစိန်စီရင်စု တွဲဘက်ရာဇဝတ်တရားသူကြီးရုံးသို့ လွှဲပြောင်းစစ်မည်ဟု အမိန့်စာ ထောင်တွင်းသို့ လာရောက်ဖတ်ပြသည်။
သို့သော် အသျှင်ဦးဝိစာရသည် (၁၈၊ ၄၊ ၂၇) ၇က်နေ့တွင် ရုံးပြောင်းစစ်ဆေးစေခြင်းကို သဘောမတူကြောင်း၊ အင်းစိန်ရုံးတွင် အစစ်ခံမည်မဟုတ်ကြောင်းတရားသဖြင့် သာယာဝတီ၌သာ စစ်ဆေးသင့်ကြောင်း စသည်ဖြင့် ဟိုက်ကုတ်သို့ စာတင်ခဲ့သော်လည်း လက်ခံခြင်း မပြုခဲ့ကြပေ။
ထိုအချိန် အသျှင်ဦးဝိစာရအပေါ် စီရင်ချက်ကား မချရသေးပေ။ (၁၂၈၉) ခု၊ ကဆုန်လဆန်း (၇)ရက်နေ့ (၇၊ ၅၊ ၂၇)တွင် ရာဇဝတ်ဝန်ထောက် တစ်ယောက်၏ အတင်းအဓမ္မ ဆွဲငင်ခေါ်ဆောင်မှုကြောင့် အင်းစိန်ရုံးသို့ ရောက်လာရလေသည်။ ဦးဝိစာရကမူ တစုံတရာ ထုချေခြင်းမပြုဘဲ ဆိတ်ဆိတ်သာနေခဲ့သည်။ အင်းစိန်ရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်နှင့် ကိုးလ အပြစ်ပေးကာရန် ကုန်ထောင်ကြီးသို့ ပို့လိုက်သည်။
အကျဉ်းသားဖြစ်သည်နှင့် တစ်ပြိုင်နက်သင်္ကန်များချွတ်၍၊ ထောင်ဝတ်လဲရမည်ဟု ထောင်အာဏာပိုင်များက ဆိုလာကြသည်။ ဦးဝိစာရကမူ အာဏာဖီဆန်ကာ သင်္ကန်မချွတ်ဘဲနေသည်။ နောက်ဆုံး အင်္ဂလိပ်လူမျိုး ထောင်အရာရှိလေးယောက်က အတင်းဆွဲချွတ်သောအခါကျမှပင် ဦးဝိစာရမှာ သင်္ကန်ချွတ်ခံလိုက်ရတော့သည်။ သို့သော် ထောင်အဝတ်ကိုကား မဝတ်ပေ။ အဝတ်မပါ ဗလာကိုယ်တုံးလုံးကြီးသာ သီတင်းသုံးနေပေသည်။
ဤကဲ့သို့ သင်္ကန်းချွတ်ခံလိုက်ရသောအခါ၌ ဦးဝိစာရသည် မိစ္ဆာလူမျိုးနယ်ချဲ့ အစိုးရတို့ကား မြန်မာပြည်နှင့် မြန်မာလူမျိုးတို့ကို ၎င်းတို့၏ခြေထောက် အောက်နင်းလျက် ကျွန်ပြုထားရရုံနှင့်အားမရသေးဘဲ ဗုဒ္ဓဘုရားရှင်တို့၏ သာသနာတော်ကြီးကိုပါ လက်တွေ့ဖျက်ဆီးကြလေပြီတကား ဟုဆိုကာ မျက်ရည်မဆည်နိုင်အောင် ချုံးပွဲချ ငိုကြွေတော်မူခဲ့လေသည်။ သို့ရာတွင် ရုတ်တရက်ချက်ချင်းပင် တိုင်းတစ်ပါးသား မိစ္ဆာအစိုးရတို့သည် ထောင်အပ၌ အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်ရေး ဥပဒေပုဒ်မများဖြင့် ရဟန်းတော်များအား တရားမဲ့ဖမ်းဆီးအပြစ် ပေးနေရုံမက ထောင်အတွင်း၌လည်း ထောင်စည်းကမ်းကျင့်ဝတ်ဟုဆိုကာ မြတ်စွာဘုရား ခွင့်ပြုသတ်မှတ် ပေးအပ်တော်မူသည့်ဝတ်ရုံ သင်္ကန်းကို အတင်းဓမ္မချွတ်၍ ထိပါးစော်ကားခံနေရခြင်းကြောင့် သာသနာတော်ကြီးသည် မကြာခင် ပျက်စီးရတော့မည်။ ငါတို့သည် ဤသို့ငိုကြွေနေရုံဖြင့် သာသနာ့ဆူးရန်များသည် သူ့အလိုလျှောက် ကင်းစင်ကွယ်ပျောက် သွားလိမ့်မည်မဟုတ်ပေ။ ရှေးသရော အခါက ပါဋလိပုတ်ပြည်သားရဟန်းသူမြတ်များသည် သာသနာဘေးရန် အန္တရာယ်ကြီးဆိုက်ရောက်လာသည့်အခါ အသက်အသေခံကာ သာသနာတော်အတွက် အသက်ပေးလှူတော်မူခဲ့ကြသည့် ထုံးဟောင်း သာဓကများစွာကို သတိရဆင်ခြင်မိသဖြင့် ငါသည်လည်း ထိုနည်းတူစွာ အမျိုး၊ ဘာသာ၊ သာသနာ တော်ကြီးအတွက် အသက်စွန့်လွှတ်တော့အံ့။ ရန်သူအလိုကျလူဖျင်းလူညံ့တို့၏ ဓလေ့စရိုက်ကဲ့သို့ ဝန်ချတောင်းပန်ခြင်း၊ ဝန်ခံချုပ် လက်မှတ်ရေးထိုး၍ အကျဉ်းမှလွတ်မြောက်ခြင်း၊ သင်္ကန်းချွတ်၍ ထောင်အဝတ်လဲလှယ်ခြင်းကို ငါ့တစ်ကိုယ်တည်းအတွက် လုံးဝမရှာကြံလို။ မည်သို့ပင် ညှဉ်းပန်းနှိပ်စက်ကြ၍ ကာယဒုက္ခဝေဒနာကို ခံစားရပါစေ။ ခန္တီပါရမီကို ဆောက်တည်၍ ဆွမ်းဘုန်းမပေးဘဲ အသက်ဇီဝိန်ချုပ်သည် အထိအားလုံးသော ထောင်တွင်းရောက် သံဃာတော်များနှင့် သာသနာတော်ကြီး၏ အကျိုးစီးပွားကို ရှေးရှု၍ အစာငတ်ခံရန် အဓိဋ္ဌာန်ပြုအံ့ ဟု စိတ်ပိုင်းဖြတ်ကာ ဆွမ်းမစားတော့ပေ။
ရက်အတန်ကြာသည့်အခါ ဆရာတော်ဦးဝိစာရအား သင်္ကန်းပြန်မဝတ်စေသေးဘဲ ထောင်အရာရှိများက အတင်းအဓမ္မ ဝိုင်းဝန်းချုပ်နှောင်လျက် နွားနို့များကို နှာခေါင်းပေါက်မှ ပြွန်တံဖြင့် အတင်းသွင်းကြလေသည်။ မသေတသေဖြစ်အောင် တစ်နေ့နှစ်ကြိမ်ကျသွင်းလေသည်။ နှာခေါင်းမှ ဤသို့ နို့များသွင်းပြီး စအိုပေါက်မှ ပိုက်သွင်းကာ ဝမ်းချပေကြပြန်သည်။ ဆရာတော်မှာ သူတို့ပြုသမျှခံတော်မူရရှာသည်။
ဤသို့ အဝတ်မပါ ဗလာတည်း အစာမစားဘဲနေခဲ့သော ရက်ပေါင်းမှာ (၄၀) ကျော်မျှ ရောက်ရှိလာခဲ့သည်။ အစာမစားဘဲရက်ပေါင်းများစွာကြာခဲ့သည့်အတွက် ဦးဝိစာရခမျာ ဂုန်နီခင်းအိပ်ရာပေါ်တွင် ဗုန်းဗုန်းလဲလျက် မှိန်းစက်နေတော်မူရရှာသည်။ စကားလည်းမပြောနိုင်၊ သတိမှာလည်း မေ့တစ်ချက် မမေ့တစ်ချက်ဖြစ်နေသည်။ မျက်စေ့အလင်းရောင်ကို ကြည့်မရအောင် ပြင်းထန်လှသော ဒုက္ခဝေဒနာများကို ခံစားနေရရှာလေသည်။
ထို့နောက် ဦးဝိစာရကို တံတားကလေးအရူးထောင် (ယခု စိတ်ရောဂါအထူးကုဆေးရုံ)သို့ ပို့လိုက်ကြပြန်သည်။ အရူးထောင်သို့ ရောက်သောရက်မှာ (၁၂၈၉) ခု၊ နတ်တော်လဆန်း (၇) ရက်နေ့ဖြစ်သည်။ အရူးထောင်သို့ ရောက်သောအခါ အရူးထောင်အရာရှိများက “ခွေးမသားထမင်းစားပါလား” အစရှိသည့် ဆဲဆိုကြရုံမျှမက ကုတင်ပေါ်တွင် ပက်လက်လှန်လျက် (၇) ရက်လုံးလုံးခြေနှင့်လက်လေးဘက်စလုံးကို တုတ်နှောင်ထားပြီးလျှင် ရင်ဘတ်ကို ဖနောင့်နှင့် ပေါက်ခြင်း၊ မျက်စေ့ နားထင်တို့ကို လက်သီးဖြင့် ထိုးနှက်ခြင်းတို့ဖြင့် ညှဉ်းဆဲကြသည်။ ဤကဲ့သို့ ရိုက်နှက်ရုံမက



ဝါတွင်းကာလလွန်လျှင် ကထိန်ခင်းကြတော့မည်... အချိန်အားဖြင့် လိုနေသေးပေမယ့် ကြိုသိထားအောင်ပါ...
ကထိန်မခင်းထိုက်သော ရဟန်း

(၁) ကထိန်သင်္ကန်း ဖြစ်ပေါ်ရာကျောင်းတိုက်၌ ဝါမဆိုဝါမကပ်သော ရဟန်း၊
(၂) ပုရိမဝါဆို ဝါ ကပ်ခဲ့သော်လည်း ဝါကျိုးဝါပျက်သော ရဟန်း၊
(၃) သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ ပဝါရဏာမပြုသော ရဟန်း၊
(၄) ပစ္ဆိမဝါဆိုသောရဟန်း၊
(၅) လုံးဝ ဝါမဆို ဝါမကပ်သော ရဟန်း၊
(၆) ပုဗ္ဗကရဏစသော ကထိန်ခင်းထိုက်သော အင်္ဂါရှစ်ပါးနှင့် မပြည့်စုံသော ရဟန်း၊
(၇) ကထိန်ခင်းခြင်းငှါ မစွမ်းနိုင်သော ရဟန်းတို့သည် ကထိန်မခင်းထိက်သောရဟန်းတို့
ပေတည်း။
ဆိန္နဝဿာ ဝါပစ္ဆိမိကာယ ဥပဂတာ ဝါ န လဘန္တိ၊
အညသ္မိံ ဝိဟာရေ ဝုတ္ထဝဿာပိ န လဘန္တီတိ မဟာပစ္စရိယံ ဝုတ္တံ။
[မဟာဝါ အဋ္ဌကထာ/၃၈၈]
အဋ္ဌဟင်္ဂေဟိ သမန္နာဂတော ပုဂ္ဂလော အဘဗ္ဗော ကထိနံ အတ္ထရိတုံ။
[ပရိဝါ ပါဠိတော်]

ကထိန်ခင်းထိုက်သောရဟန်း

(၁) ပုရိမဝါကျွတ်ပြီး ပဌမမဟာပဝါရဏာနေ့၌့ ဝါရဏာပြုသောရဟန်း၊
(၂) ပုရိမဝါ မကျိုး၊ ဝါမပျက်သောရဟန်း၊
(၃) ပုဗ္ဗကရဏစသည်ကို သိခြင်းစသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ရဟန်း၊
(၄) သံဃာက ဝိနည်းကံနှင့်အညီ ဉ တ်ကမ္မဝါစာဖတ်၍ပေးသော ကထိန်ခင်းရန်
သင်္ကန်းကို ခံယူရရှိသာရဟန်း၊
(၅) ကထိန်ခင်းရန် စွမ်းနိုင်သော ရဟန်း။
ဤသို့သော ရဟန်းမျိုးတို့သည် ကထိန်ခင်းထိုက်သော ရဟန်းတို့ပေတည်း။
ဝုတ္ထဝဿဝသေန ပုရိမိကာယ ဝဿံ ဥပဂန္တွာ ပဌမ ပဝါရဏာရ ပဝါရိတာ လဘန္တိ
[မဟာဝါ အဋ္ဌကထာ]
၁။ ပုဗ္ဗကရဏံ ဇာနာတိ။
၂။ ပစ္စုဒ္ဓါရံ ဇာနာတိ။
၃။ အဓိဋ္ဌာနံ ဇာနာတိ။
၎။ အတ္ထာရံ ဇာနာတိ။
၅။ မာတိကံ ဇာနာတိ၊
၆။ ပလိဗောဓံ ဇာနာတိ။
၇။ ဥဒ္ဓါရံ ဇာနာတိ။
၈။ အာနိသံသာ ဇာနာတိ။
ဣမေဟိ အဋ္ဌဟင်္ဂေဟိ သမန္နာဂတော ပုဂ္ဂလော ဘဗ္ဗော ကထိနံ အတ္ထရိတုံ။
[ပရိဝါ ပါဠိတော်]
လင်္ကာ* ပုရိမဝါ ကောင်းစွကျွတ်ထ၊ ပဌမ ပဝါရဏာပြုပြီးခါ၊
သံဃာထံမှ သင်္ကန်းရ ခင်းရကထိန်သာ
ပုဗ္ဗကရဏံ၊ ပစ္စု ဒ္ဓံစ၊ အင်ရှစ်ဝနှင့် ပြည့်ထသူသာ၊ ကထိနာ
ခင်းရာထိုက်လေမှတ်။[သံခိပ်]

ရဟန်းတော်တို့ကထိန်အာနိသင်ရမှု

ကထိန်ခင်းမှုကြောင့် ရဟန်းတော်တို့အား ရအပ်သော အာနိသင်အကျိုးတရားတို့ သည် (၅)ပါးဖြစ်ကုန်၏ ။ ခင်းပြီးကထိန်မနှုတ်မခြင်း ကာလတိုင်အောင် လည်းကောင်း၊ တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့မှတပေါင်းလပြည့်အထိ (၅) လတိုင်တိုင် ထိုကထိန် အာနိသင်အကျိုးတရား ငါးပါးတို့ကို ကထိန်ခင်းသည့် ရဟန်း၊ ကထိန်အနုမောဒနာပြုသည့် ရဟန်းများရှိကြလေကုန်၏။
ကထိန်အာနိသင်အကျိုး(၅)ပါး
(၁) အနာမန္တစာရ-ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ ရပ်ရွာအတွင်းသို့ သွားနိုင်ခြင်း
အကျိုး။
(၂)အသမာဒါနစာရ-အဓိဋ္ဌာန်တင်ထားသော နှစ်ထပ်သင်္ကန်းကြီးနှင့် ညဥ့်ကင်းနေနိုင်ခြင်း
အကျိုး။
(၃) ဂဏဘောဇန- [မအပ်မရာပင့်ဖိတ်သည့်] ဂဏဘောဇဉ်ကို ဘုန်းပေးသော်လည်း
အာပတ်မသင့်ခြင်း အကျိုး။
(၄) ယာဝဒတ္ထစီဝရ- အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ သက်န်းကို အလိုရှိသလောက်
ထားနိုင်ခြင်း။
(၅) ယောစတတ္ထစီဝရုပ္ပါဒ- ကထိန်ခင်းရာကျောင်း၌ ဖြစ်ပေါ်သော သံဃိက သင်္ကန်းကို
ရပိုင်ခွင့်ရျိသောအကျိုး။
အတ္ထတကထိနာနံ ဝေါ ဘိက္ခဝေ ပဉ္စာနိသံသာ ကပ္ပိဿန္တိ အနာမန္တစာရော၊ အသမာဒါနစာရော ၊ ဂဏဘောဇနံ ၊ ယာဝဒတ္ထ ၊ စီဝရံ ၊ ယောစ တတ္ထ စီဝရုပ္ပါ ဒေါ ၊ သော နေသံ ဘဝိဿတီတိ။ [မသာဝါ ပါဠိတော်]

ကထိန်အလှူရှင်တို့ ရအပ်သော အကျိုးများ

လင်္ကာ**ကထိန်ဒါန လှူကြသူမှာ ကျိုးငါးဖြာကား သွားလေရာဝယ် အန္တရာယ်ကင်း ၊ ပစ္စည်းရင်းမှာ မီးပြင်းမဖျက်၊ ဆိပ်မတက်ဘဲ ၊ မေ့လျက်ဥစ္စာ ၊ မဆုံးပါရ ၊ ပြိုင်ရှာကြသော်၊ ကိုယ်ကဦးစွာ အရသာသည် ငါးဖြာ ကထိန်လှူကျိုးတည်း။ [အောင်တော်မူမှတ်စု]
(၁) ပထမအကျိုး
(က) ကထိန်ဒါနပြုကြသူမှာ ၊ လိုရာခရီးသွားသည့်အခါ
ပိတ်ပင်စီးတား ၊ ဘေးများကင်းကွာ၊
အန္တရာယ်ကင်း ၊ သွားရင်းလွန်ချမ်းသာ၊
ပထမ ရအပ်အကျိုးပါ။
(၂)ဒုတိယ အကျိုး
(ခ) ကထိန်ဒါန ပြုကြသူမှာ ရပ်ဝေးနယ်ခြား၊
သိမ်းထားဥစ္စာ ဘေးမခ အေးမြလွန်ချမ်းသာ၊
ဒုတိယ - ရအပ်အကျိုးပါ၊။
(၃) တတိယအကျိုး
(ဂ) ကထိန်ဒါန ပြုကြသူမှာ
ကောင်းမွန်ဟာရ ၊ စားရပေတာ
အစာစား ဆိပ်ကား ၊ မသင့်တာ။
တတိယ ရအပ်အကျိုးပါ။
(၄) စတုတ္ထ အကျိုး
(ဃ) ကထိန်ဒါန ပြုကြသူမှာ
ရောက်ရာဘဝ ၊ ကြွယ်ဝချမ်းသာ၊
စည်းစိမ်များ ပေါများလွန်သာယာ
စတုတ္ထ ရအပ်အကျိုးပါ။
(၅) ပဉ္စမ အကျိုး
(င) ကထိန်ဒါန ပြုကြသူမှာ
ဖြစ်ပေါ်လာငြား ၊ စီးပွားဥစ္စာ၊
လက်ဝယ်ပိုင်ထ ၊ ခိုင်လှသည်သာ။
ဆုံးဘဝ ရောက်ရ နိဗ္ဗုတာ။ ပဉ္စမ ရအပ် အကျိုးပါ။

အရှင်ဇာဂရ၏ကထိန်အလင်းရောင်ကျမ်းမှကောက်နှုတ်ဖော်ပြပါသည်



မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေထိုင်တော်မူ စဉ်ပါဝေယျကတိုင်းသားရဟန်း(၃၀)တို့သည်အရညကင်ဓုတင်ပိဏ္ဍပါတ်ဓုတင်ပံသုကူဓုတင်တို့ကိုဆောင်ကြလေသည်။ ထိုရဟန်းတို့သည် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် သာဝတ္ထိပြည်သို့ ကြွလာကုန်၏။ သို့သော် ၀ါဆိုရက်ကို မမှီလိုက်ကြသည့်အတွက် သူတို့သည် ခရီအကြားဖြစ်သော သာကေတမြို့၌ ၀ါကပ်ကြရလေကုန်၏။ ထိုရဟန်းတို့သည် ”ငါတို့၏ အနီးဖြစ်သော ဤသာကေတမြို့မှ ခြောက်ယူဇနာအရပ်၌  မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။

ငါတို့သည် မြတ်စွာဘုရားကို ဖူးမြော်ခွင့်မရကုန်”ဟု မပျော်ပိုက်ပဲ ၀ါဆိုကြရကုန်၏။ထိုရဟန်းတို့သည် သုံးလလွန်၍ ၀ါကျွတ်ပ၀ါရဏာပြုပြီးနောက် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့ ကြွတော်မူခဲ့ကြသည်။ လမ်းခရီးတွင်း မိုးကြီးသည်းထန်စွာရွာသွန်းသည့်အတွက်အကြောင့် သူတို့၏ သင်္ကန်းများသည် မိုးရေစိုစွတ်ကုန်ကြသည်။ သင်္ကန်းအပိုမပါရှိသည့်အတွက် သင်္ကန်းအစိုများဖြင့်သာ ကြွလာခဲ့ရလေသည်။ ထိုမျှမက သူတို့သည် ရွံ့နွံများထဲမှ ရုံးကန်၍ ဆင်းရဲကြီးစွာဖြင့် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့ ရောက်လာကြရလေကုန်သည်။ ထိုအခါ မြတ်စွာဘုရားသည်

”ရဟန်းတို့ ခန့်ကျန်းသာလို့မာပါစ၊ မျှတကြပါရဲ့လား၊ အချင်းချင်း ငြင်းခုံမှု  မဖြစ်သည်၍ ချမ်းသာစွာ ၀ါဆိုခဲ့ကြပါကုန်၏လော့၊ ဆွမ်းကွမ်းကော ပြည့်စုံကြပါရဲ့လား၊”ဟူ၍ မေးတော်မူသောအခါ ရဟန်းများသည်
”တပည့်တော်တို့တတွေ ကျန်းမာကြပါတယ် ဘုရား၊ မျှတကြပါတယ်ဘုရား၊ အချင်းချင်းညီညွတ်စွာ နေခဲ့ကြပါတယ်ဘုရား၊ ဆွမ်းကွမ်းလည်း ပြည့်စုံပါတယ်ဘုရား၊ တပည့်တော်တို့တတွေ မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ္ထိပြည်သို့ လာကြတဲ့အခါဝါဆိုရက်မမှီတဲ့အတွက် ခရီးအကြား သာကေတမြို့၌ ၀ါကပ်ခဲ့ကြရပါတယ်ဘုရား၊၀ါကပ်ပြီးလို့ ပ၀ါရဏာပြုပြီးလို့ မြတ်စွာဘုရားကို ဖူးမြင်ရန် သာဝတ္ထိပြည် လာကြတဲ့အခါ လမ်းခရီးတွင် မိုးကြီးသည်းထန်စွာ ရွာတဲ့အတွက် လမ်းခရီးတစ်လျှောက် မိုးစိုသော သင်္ကန်းများဖြင့် လာခဲ့ကြရပါသည်ဘုရား၊

ထို့ပြင်ဘုရားတပည့်တော်တို့သည်ပင်ပန်းဆင်းရဲစွာမိုးထဲလေထဲရွံ့နွံဗွက်တို့ကိုဖြတ်ကျော်ပြီးလာခဲ့ရပါသည်

ဘုရား”ဟုလျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားသည် ထိုပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်တို့ကို အကြောင်းပြုကာ ကထိန်လျှာသင်္ကန်းကို ခွင့်ပြုတော်မူပါသည်။

ကထိန်ဆိုသည်
ဗုဒ္ဓါဒီဟိ ကထီယတေ သိလာဃတေ ပသံသီယတေတိ ကထိနံ-ဘုရားအစရှိသော သူတော်ကောင်းတွေက ကထိနစီဝရဒါနကို ကောင်းပေစွကောင်းပေစွမြတ်ပေစွဟုချီးမွမ်းအပ်တဲ့အတွက်ကြောင့်ကထိန်လို့ခေါ်သည်။

ချီးမွမ်းခြင်းအကြောင်းသုံးချက်
(၁) သံဃိကဒါနဖြစ်သောကြောင့်လည်းကောင်း
(၂ )အထူးသဃိကဒါနဖြစ်သောကြောင့်လည်းကောင်း
(၃)သံဃာတော်အရှင်မြတ်တို့၏ အာပတ်ကို သုတ်သင်နိုင်သော ဒါနဖြစ်သောကြောင့်လည်းကောင်းဘုရား အစရှိသော အရိယာသူတော်ကောင်းတွေက အထူးအားဖြင့် ချီးမွမ်းတော်မူပါတယ်။

(၁) သံဃိကဒါနဖြစ်သောကြောင့်
ကထိန်ကမ္မ၀ါစာဖတ်ကြတဲ့အခါ “ဣဒံ သဃဿ ကထိနစီဝရံ ဥပ္ပန္နံ”လို့ ကမ္မ၀ါစာမှာ ပါပါတယ်။ အဲဒီထဲမှာ ”သံဃဿ ဥပ္ပန္နံ”ဟူသည် သံဃာတော်အရှင်သူမြတ်များရဲ့ အထံမှာဖြစ်ပေါ်တယ်လို့ဆိုပါတယ်။ 

ဒီစကားကိုထောက်သောအားဖြင့် ကထိနဒါနကို သံဃိကဒါနလို့ဆိုနိုင်ပါတယ်။ သံဃိကသင်္ကန်းနဲ့သာကထိန် ခင်းလို့ရပါတယ်၊ဒီလိုသံဃိကဒါနဖြစ်သောကြောင့်ကထိနစီဝရဒါနကိုဘုရားအစရှိတဲ့သူတော်ကောင်းတွေက ချီးမွမ်းကြတာပါ။ပုဂ္ဂလိကဒါနထက်မြတ်နေလို့ ဒီကထိနစီဝရသံဃိကဒါနကို အထူးဝိသေသပြု ချီးမွမ်းခြင်း
ဖြစ်ပါတယ်။


တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှာလဲ တစ်ကျောင်းတည်း လှူလို့ရတယ်တစ်ကျောင်းမှာ တစ်ရက်ပဲလှူလို့ရတယ်။ တခြားဒါနထက် ထူးခြားနေတယ်။အမြဲလှူလို့မရ အချိန်ကာလအားဖြင့်သာ လှူဒါန်းရသော ဒါနဖြစ်သောကြောင့် ဘုရားစသော သူတော်ကောင်းများက ချီးမွတ်တော်မူကြပါတယ်။

(၂)အထူးသံဃိကဒါနဖြစ်သောကြောင့်
ကထိနစီဝရဒါနကို ပထမ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှစ၍ သီတင်းကျွတ်လပြည့်ကျော် တစ်ရက် မဟာ ပ၀ါရဏာနေ့၌ ပုရိမ၀ါကျွတ်လို့ ၀ါမကျိုးမပြတ်တဲ့ သံဃာတော်တွေသာ ဒီကထိန်သင်္ကန်းကို အလှူခံ ခွင့်ရှိ တယ်။
”အနုဇာနာမိ ဘိက္ခဝေ ၀ဿံဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ”
ဆိုလိုသည်မှာ ၀ါဆိုသံဃာတွေကိုသာ ကထိန်ခင်းခွင့်ပြုထားတယ်။ ကထိန်သင်္ကန်းလှူသူတွေကလဲ ဒီက ထိန်ခင်းခွင့်ရှိတဲ့ ရဟန်းတော်တွေကိုသာ ကထိန်ခင်းခွင့်ပြုထားတယ်။ ဒါကြောင့် ဒီကထိနဒါနကို ထူးခြား တဲ့ဒါနလို့ပြောတာ။ဒီလို ထူးခြားတဲ့ သံဃိကဒါနဖြစ်လို့ ဘုရားအစရှိသော သူတော်ကောင်းတို့က ချီးမွမ်း ကြတာဖြစ်ပါတယ်။

(၃) သံဃာတော်အရှင်သူမြတ်တို့၏အာပတ်ကိုသုတ်သင်သောဒါနရဟန်းတော်များမှာမြတ်ဗုဒ္ဓပညတ်ထားတဲ့ သိက္ခာပုဒ် အကျဉ်းအားဖြင့် ၂၂ရ သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော်ရှိနေပါတယ်။ ဒီသိက္ခာပုဒ်တွေကို ကြူးလွန်ရင်အာပတ်သင့်တယ်။ သို့သော် ကထိန်သင်္ကန်းကို အလှူခံကြတဲ့ သံဃာ တော်များဟာ မြတ်ဗုဒ္ဓက ချမှတ်ထားသော သိက္ခာပုဒ်ငါးမျိုးမှ လွတ်ငြိမ်းခွင့်ရရှိနိုင်ပါတယ်။ထိုလွတ်ငြိမ်းချမ်း သာခွင့် ငါးပါးဟူသည်ကား

(က) ရဟန်းသည် မပန်းကြားပဲ ဒါယကာအိမ်သို့ သွားနိုင်ခြင်း
(ခ) တိစီဝရိတ်အဓိဋ္ဌာန်တင်သော သင်္ကန်းကို မယူပဲ သွားနိုင်ခြင်း
(ဂ) ဂဏဘောဇဉ်ကို စားနိုင်ခြင်း
(ဃ)အလိုရှိသော အဓိဋ္ဌာန် ၀ိကပ္ပမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
(င) ထိုကထိန်ခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အားသာ ဖြစ်ရခြင်း တို့ပင်ဖြစ်သည်။ကထိန်အာနိသင်ရသောကာလသည်ကားသီတင်းကျွတ်လပြည့်တစ်ရက်နေ့မှတပေါင်းလပြည့်အထိ ငါးလတိုင်တိုင်ဖြစ်ပေသည်။ထို့ကြောင့် ကထိန်ကို ဘုရားအစရှိသော သူတော်ကောင်းများက ကောင်းပေစွ ကောင်းပေစွဟု ချီးမွမ်းတော်မူကြပါပေကုန်သည်။ထိုသို့သော အကြောင်းများကို ထောက်ဆကာ ရှေးဆရာ တော်ကြီးများက”ဘုရားမှာတော့စိန်၊ကျောင်းမှာတော့သိမ်၊ သင်္ကန်းမှာတော့ကထိန်”ဆိုပြီး ဆိုရိုးစကား ပြုထားကြသည်။


ကထိန်သင်္ကန်းအလှူရှင်များ ရရှိသော အကျိုးငါးပါး
(၁) မိမိတို့ အလိုရှိအပ်သော အရပ်များသို့ အတားအဆီး အချုပ်အချယ်မရှိဘဲ သွားနိုင်ခြင်း၊
(၂) ကိုယ်ပိုင်ပစ္စည်းများကို ထားလိုရာ ထားနိုင်ခြင်း၊
(၃) အမျိုးမျိုးသော အ၀တ်အစား အစာအသောက်များနှင့် ပြည့်စုံခြင်း၊
(၄) အစာအသောက်နှင့်ပတ်သက်၍ ဘယ်သောအခါမှ ဘေးမဖြစ်ခြင်း၊
(၅) စည်းစိမ်ဥစ္စာပေါများခြင်းတို့ပင်ဖြစ်သည်။

ကထိန်ခင်းခြင်းအဓိပ္ပာယ်
ကထိန်သင်္ကန်းလှူရှင်များသည် “သံဃဿ ဒေမ”ဟုဆိုကာလှူဒါန်းလိုက်သောသင်္ကန်းကိုသံဃာတော်များက သိမ်ထဲမှာရှိတဲ့ကထိန်သင်္ကန်းအလှူခံမည့်ကျောင်းမှာရှိသောရဟန်းတော်တစ်ပါးကိုသံဃာအများသဘောတူ
မှုနဲ့ ရွေးချယ်ပြီး ထိုကထိန်လျာသင်္ကန်းကို ကမ္မ၀ါစာနှင့် ရွတ်ဖတ်ကာ ပေးကြရပါသည်။ ထိုကထိန်သင်္ကန်းကို ရရှိသော ရဟန်းသည် မိမိကျောင်းတိုက်ကို ပြန်ပြီး ကထိန်ခင်းရပါသည်။ ကထိန်ခင်းဟူသည် စွန့်သင့်သော သင်္ကန်းကို စွန့်၊အဓိဋ္ဌာန်တင်သင့်သော သင်္ကန်းကို အဓိဋ္ဌာန်တင်ကာ လက်ရှိရရှိလာသော သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်သည်ကို ဆိုလိုပါသည်။ 

ကထိန်သင်္ကန်းကို ခွင့်ပြုတော်မူရခြင်း၏ ရည်ရွယ်ချက်