HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

၁။အရှင်အညာသိကောဏ္ဍည
၂။အရှင်ဝပ္ပ
၃။အရှင်ဘဒ္ဒိယ
၎။အရှင်မဟာနာမ်
၅။အရှင်အဿဇိ
၆။အရှင်နာဠက
၇။အရှင်ယသ
၈။အရှင်ဝိမလ
၉။အရှင်သုဗာဟု
၁၀။အရှင်ပုဏ္ဏဇိ
၁၁။အရှင်ဂ၀မ္ပတိ
၁၂။အရှင်ဥရုဝေလကဿပ
၁၃။အရှင်နဒီကဿပ
၁၄။အရှင်ဂယာကဿပ
၁၅။အရှင်သာရိပုတြာ
၁၆။အရှင်မဟာမောဂ္ဂလာန်
၁၇။အရှင်မဟာကဿပ
၁၈။အရှင်မဟာကစ္စည်း
၁၉။အရှင်မဟာကောဋ္ဌိက
၂၀။အရှင်မဟာကပ္ပိန
၂၁။အရှင်မဟာစုန္ဒ
၂၂။အရှင်အနုရုဒ္ဓါ
၂၃။အရှင်ကင်္ခါရေ၀တ
၂၄။အရှင်အာနန္ဒာ
၂၅။အရှင်နန္ဒက
၂၆။အရှင်ဘဂု
၂၇။အရှင်နန္ဒိယ
၂၈။အရှင်ကိမိလ
၂၉။အရှင်ဘဒ္ဒိယ
၃၀။အရှင်ရာဟုလာ
၃၁။အရှင်သီဝလိ
၃၂။အရှင်ဥပါလိ
၃၃။အရှင်ဒဗ္ဗ
၃၄။အရှင်ဥပသေန
၃၅။အရှင်ခဒိရ၀နိယရေ၀တ
၃၆။အရှင်မန္တာနိပုတ္တပုဏ္ဏ
၃၇။အရှင်သုနာပရန္တကပုဏ္ဏ
၃၈။အရှင်သောဏကုဋိကဏ္ဏ
၃၉။အရှင်သောဏကောဠိဝိသ
၄၀။အရှင်ရာဓ
၄၁။အရှင်သုဘူတိ
၄၂။အရှင်အင်္ဂုလိမာလ
၄၃။အရှင်ဝက္ကလိ
၄၄။အရှင်ကာဠုဒါယီ
၄၅။အရှင်မဟာဥဒါယီ
၄၆။အရှင်ပိလိန္ဒ၀စ္ဆ
၄၇။အရှင်သောဘိတ
၄၈။အရှင်ကုမာရကဿပ
၄၉။အရှင်ရဋ္ဌပါလ                 
၅၀။အရှင်ဝင်္ဂီသ
၅၁။အရှင်သဘိယ
၅၂။အရှင်သေလ
၅၃။အရှင်ဥပ၀ါဏ
၅၄။အရှင်မေဃိယ
၅၅။အရှင်သာဂတ
၆၁။အရှင်ဗာကုလ
၆၂။အရှင်ကုဏ္ဍဓာန
၆၃။အရှင်ဗာဟိယဒါရုစီရိယ
၆၄။အရှင်ယသောဇ
၆၅။အရှင်အဇိတ
၆၆။အရှင်တိဿမေတ္တေယျ
၆၇။အရှင်ပုဏ္ဏက
၆၈။အရှင်မေတ္တဂု
၆၉။အရှင်ဓောတက
၇၀။အရှင်ဥပသီဝ
၇၁။အရှင်နန္ဒ
၇၂။အရှင်ဟေမက
၇၃။အရှင်တောဒေယျ
၇၄။အရှင်ကပ္ပ
၇၅။အရှင်ဇတုကဏ္ဏီ
၇၆။အရှင်ဘဒြာဝုဓ
၇၇။အရှင်ဥဒယ
၇၈။အရှင်ပေါသလ
၇၉။အရှင်မောဃရာဇ
၈၀။အရှင်ပိင်္ဂိယ
                  
ကျမ်းကိုး။ ။  အံ၊ဋီ၊၂၊၁၃၁
ထေရဂါထာ၊ဋ္ဌ၊၂၊၅၄၂ ၌   အောက်ပါအတိုင်း မူကွဲရှိသည်။
၆။အရှင်နာလက ၂၇။အရှင်နန္ဒ   ၃၆။အရှင်မန္တာဏိပုတ္တပုဏ္ဏ   ၃၉။အရှင်သောဏကောဠိဝီသ ၅၃။အရှင်ဥပ၀ါန  ၆၈။အရှင်မေတ္တဂူ  ၇၀။အရှင်ဥပသိဝ ၇၅။အရှင်ဇတုကဏ္ဏိ ၇၈။အရှင်ပေါသာလ
အရှင်ဝသုတ-ရေနီ (ဆိုဒ်မှကူးယူဖော်ပြပါသည်။)


 “ကိုယ်ချင်းစာထားကြည့်”
ဒီတိုင်းပြည်ခို ၊ ဒီရေကိုသောက်၊
ဒီမြေအောက်က ကူထောက်စီးပွား
ထုပ်ယူစားပြီး ၊ ပြည်ဖွားအိမ်ရှင်၊
ရန်သူထင်၊ အသင်မှားနေပြီ။

အိမ်ရှင်ရိုကျိုး၊ အိမ်ရှင်ကိုးသော၊
မျိုးရိုးဘာသာ၊ သာသနာကို၊
ခြေရာနင်းလျက် ၊အတင်းဖျက်၊
ရက်စက်လွန်းနေပြီ။

အိမ်ရှင်ကဖွား၊သမီးသားကို၊
ဇနီးအဖြစ်၊လင်အဖြစ်ဖြင့်၊
အနှစ်ကိုနှုတ်၊ အညစ်မြှပ်လျက်၊
မွေးထုတ်ကလေး ၊စပ်တူသွေးတွင်၊
အရေးချက်ချာ၊ မျိုးဘာသာအား၊
လုယူထား ၊စော်ကားလွန်းနေပြီ။

သင့်အိမ်ခိုလျက် ၊သင့်ကိုဖျက်၊
သင်လက်ခံမည်လော.............
သမီးပျော်ပါး ၊သားပျော်ပါး
စော်ကားခံမည်လော...........။

(မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး)

ဘုရားနှစ်မျိုးရှိပါတယ်…

သဏ္ဍန်တော် ဘုရားနဲ့  ဥာဏ်တော် ဘုရား ပါ..

အားလုံးမြင်နေ ။ တွေ့ နေ ပူဇော် နေကြတဲ့ .ဘုရား က သဏ္ဍန်တော် ဘုရား ဖြစ်ပါတယ်..

စေတီတော်။ရုပ်တုတော်။ပုံတော် စသဖြင့် ပေါ့ ..လူတိုင်းပုဂ္ဂိုလ်တိုင်း

မြင်တွေ့ ဖူးခွင့် ရနေတာ သဏ္ဍန်တော် ဘုရားပါ...
သက်တော်ထင်ရှား ရှိခဲ့ တဲ့  ဘုရားရှင် သည် လည်းပဲ ..

သဏ္ဍန်တော် ဘုရား ပါပဲ…

ဥာဏ်တော် ဘုရားကိုတော့..အရိယာ ပုဂ္ဂိုလ်များ သာ ဖူးတွေ့ ခွင့်ရကြပါတယ်…

သောတာပန် အရိယာ ဆို ရင် ဥာဏ်ဘုရားတစ်ဆူ ပွင့် ပါတယ်..

သကဒါဂမ် အရိယာဆိုရင် ဥာဏ်ဘုရား နှစ်ဆူ ပွင့် ပါတယ်..

အနာဂမ် အရိယာ ဆိုရင် ဥာဏ် ဘုရား သုံးဆူ ပွင့် ပါတယ်..

ရဟန္တာ ဆိုရင်တော့ ဥာဏ် ဘုရား လေးဆူ ပွင့် ပါတယ်..

သမီးတော် တို့  မြတ်စွာ ဘုရား ရှင် ကိုယ်တော်မြတ် က

လက်အုပ်ချီမိုး ပူဇော်ခြင်းထက် မြတ်သော ပူဇော်ခြင်းနဲ့  ပူဇော် တတ် ဖို့ 

ဥာဏ် နဲ့  ပူဇော် တတ် ဖို့  ကို အလေးအနက် ထား ဟောကြားတော်မူခဲ့ တယ်..


မေး။ ။ တပည့်တော် ငယ်ငယ်ကတည်းက သိချင်တာလေးတွေရှိပါတယ်ဘုရား။ နည်းနည်းလေး ကြီးတော့လည်း စာအုပ်တွေထဲမှာ ရှာဖတ်ပေမယ့် နားမလည်နိုင်ဘူးဘုရား။ လူတစ်ယောက်က သေခါနီးမှာသူလုပ်ဖူးတဲ့ ကောင်းမှုတွေကို မြင်ယောင်ပြီး သေသွားရင်
ကောင်းရာသုဂတိ လားတယ်လို့ ပြောကြတယ်ဘုရား။ ဒါဆို သူလုပ်ခဲ့တဲ့မကောင်းမှုတွေကရော ဘယ်တော့မှ ခံရမှာလဲဘုရား။

ဖြေ။ ။ ဒီမေးခွန်းလေးကလည်း သိသလိုလိုနဲ့ ယောင်းဝါးဝါးဖြစ်တတ်ပါတယ်။ ဒီအကြောင်းအရာများဟာ အလွန်အင်မတန် သေချာကျနစွာ သိထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေရဲ့ ဘ၀ဖြတ်သန်းမှုနဲ့ဆိုင်လို့ပါ။ ဦးဇင်းကိုယ်တိုင်တောင် ငယ်ငယ်က ဒီအကြောင်းအရာများကို ၀ါးတားတား ဖြစ်ခဲ့ပါတယ်။ ခု နောက်ပိုင်းကျမှ စာအုပ်တွေဖတ်၊ ဉာဏ်မှီသလောက် စဉ်းစားတွေးခေါ်ကြည့်မှ အတော်အတန် နားလည်လာပါတယ်။ အဲဒါကြောင့် လူသားအားလုံး သိရှိနားလည်ထားကြရန်အတွက် ရေးသားတင်ပြပေးလိုက်ပါတယ်။

သတ္တ၀ါမှန်သမျှ ဘ၀ကိုလိုချင်တပ်မက်တဲ့ လောဘတဏှာရှိနေသမျှ၊ ဘ၀ကုန်ဆုံးရာ လမ်းကြောင်းမှန်ကိုသိပြီး ဘ၀တစ်ဖန် မဖြစ်လာအောင် အားမထုတ်ထားသေးသမျှ တစ်ဘ၀မှတစ်ဘ၀သို့ ကူးပြောင်းဖြစ်နေကြရဦးမှာပါ။ တချို့က ဘ၀ဆိုတာ ဒီဘ၀သေရင် နောက်ဘ၀မဖြစ်တော့ဘူးလို့ အယူရှိကြပါတယ်။ အဲဒီလိုအယူရှိသူများဟာ လူဝင်စားများကို မမြင်မကြားလို့ အကြောင်းတရား အကျိုးတရားတို့ တစ်ခုနှင့်တစ်ခု ဆက်စပ်နေတာကို သေချာကျနစွာ နားမလည်ထားသေးလို့ပါ။

လူတစ်ယောက် သို့မဟုတ် သတ္တ၀ါတစ်ဦးဟာ ဘ၀တစ်ခုမှ တစ်ခုသို့ ပြောင်းလဲတဲ့အခါ သေခါနီးကာလတွင် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် (၃)မျိုးအနက် တစ်မျိုးမျိုးပေါ်ကာ နောက်ဘ၀သစ်သို့ ပြောင်းလဲသွားပါတယ်။ စိတ်ရဲ့ဖြစ်စဉ်ဟာ အင်မတန်မြန်တာကြောင့် အဲဒီနိမိတ်တွေဖြစ်ဖို့ သီးသန့်စောင့်ဆိုင်းပေးနေချိန်ရယ်လို့ မရှိပါဘူး။ ကားတိုက်လို့၊ ဓါးထိုးခံရလို့၊ ဗုံးမှန်လို့စတဲ့ ချက်ချင်းသေနိုင်တဲ့ပုဂ္ဂိုလ်များသော်မှလည်း ထိုနိမိတ်(၃)မျိုးတွင် တစ်ခုခုတော့ ဖြစ်ကြပါတယ်။

စိတ်ရဲ့လျင်မြန်မှုဟာ ဘယ်လောက်ဝေးတဲ့နေရာကိုဖြစ်စေ အာရုံပြုနိုင်ပါတယ်။ နီးတဲ့နေရာလည်း ချက်ချင်းရောက်နိုင်သလို ဝေးတဲ့နေရာကိုလည်း ချက်ခြင်းရောက်နိုင်တာဟာ စိတ်ရဲ့လျင်မြန်မှုပဲ ဖြစ်ပါတယ်။ တစ်ဘ၀မှ တစ်ဘ၀ပြောင်းသို့ ပြောင်းလဲသွားတယ်ဆိုတာ မျက်မှောက်ဘ၀မှာရှိတဲ့ ရုပ်တရားနာမ်တရားတွေ ပျက်ကာ ဘ၀သစ်ကို ရုပ်သစ်စိတ်သစ် သွားဖြစ်တာပါ။ ရုပ်တရားနာမ်တရားတွေဟာ ဖြစ်လိုက်ပျက်လိုက် အမြဲလုပ်နေကြပါတယ်။ အဲဒါကြောင့် ယခုဘ၀ရုပ်နာမ်တွေ ပျက်ပြီးတာနဲ့တပြိုင်နက် ဘ၀သစ်ကူးကာ ရုပ်နာမ်သစ်တွေ ချက်ချင်းတန်းဖြစ်ကြပါတယ်။ အဲဒီလို ရုပ်နာမ်သစ်တွေ ဖြစ်တဲ့အခါမှာ သူသီးသန့်ချည်း ဖြစ်တာမဟုတ်ဘဲ အရင်ဘ၀ဟောင်းက ပျက်သွားခဲ့တဲ့ရုပ်နာမ်တွေရဲ့


တရားဆိုတာ အထပ်ထပ်ဖတ် အထပ်ထပ်နားထောင်မှသဘောပေါက်နားလည်ပါတယ်။

ဦးဇင်းနားလည်သလို အတိုမှတ်နည်းကတော့

မနသိကာရ                = သိခြင်း
ယောနိသောမနသိကာရ= အမှန်ကိုသိခြင်း (အမှန်ရောက်အောင်စဉ်းစားခြင်း)
အယောနိသောမနသိကာရ =အမှားကိုသိခြင်း (အမှားကိုသာစဉ်းစားခြင်း) လို.လွယ်လွယ်မှတ်ကြမယ်။

ယောနိသောမနသိကာရ (အမှန်ကိုသိခြင်း) ဆိုတာ၊ (အကောင်းမြင်ဝါဒ=optimism) မဟုတ်ဘူး။အကောင်းမြင်ဝါဒသမားတွေယူတဲ့အယူက၊ ကိစ္စတိုင်းကိုအကောင်းဘက်က လှည့်တွေး(စဉ်းစား) တဲ့သဘောပဲ။ လောကမှာကောင်းခြင်း နဲ. မှန်ကန်ခြင်း ဆိုတာနှစ်မျိုးရှိတယ်။ ဒါပေမဲ့ ကောင်းတိုင်း မမှန်ဘူး။ မှန်ခဲ့ရင်တော့ ကောင်းကိုကောင်းတယ်။

လောကမှာလူတွေဟာကိစ္စတစ်ခုကို သူတို့ ကြိုက်သလိုထင်မြင်ယူဆကြတယ်။ ယူဆပိုင်ခွင့်လဲရှိပါတယ်။ ပုထုဇဉ်တွေဟာ  မောဟဖုံးလွှမ်းနေတဲ့အတွက် အမှန်ကို မသိနိုင်ဘူး။ သစ္စာလေးပါးကို မသိကြဘူး။ သစ္စာလေးပါးဆိုတာ မှန်လဲမှန်တယ်၊ ကောင်းလဲ
ကောင်းတယ်။

လောကမှာ ကိစ္စတိုင်း အချိန်၊ နေရာ၊ ပုဂ္ဂိုလ် ပေါ်မှာမူတည်ပြီး ကောင်းတယ်ဆိုတာ လူတစ်ယောက် နှင့် တစ်ယောက် မတူကြဘူး။
ဒါပေမဲ့ ပရမတ္ထတရားဖြစ်တဲ့ ဒေါသ(စေတသိက် mental factor) ကတော့ ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာ
မှာဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ဘဲဖြစ်ဖြစ်၊ ဘယ်လူမျိုးမှာဖြစ်ဖြစ်၊ ဖြစ်ရင်မကောင်းဘူး၊ မှားတယ်။ ဒီလိုဘဲ ပရမတ္ထတရားဖြစ်တဲ့မေတ္တာတရားကတော့၊ ဘယ်အချိန်ဖြစ်ဖြစ်ဘယ်နေရာမှာဖြစ်ဖြစ်၊ ဘယ်ဘာသာဝင် မှာဘဲဖြစ်ဖြစ် ဘယ်လူမျိုးမှာဘဲဖြစ်ဖြစ် ဖြစ်ရင်ကောင်းတယ်၊မှန်တယ်။ လောကအမြင်မှန်သမျှသည် ကောင်းပေမဲ့ မှန်ချင်မှမှန်တတ်တယ်။ လောကုတ္တရာ (လောကမှလွတ်မြောက်နေတဲ့) အမြင်ကတော့ ကောင်းလဲကောင်းတယ်၊ မှန်လဲမှန်တယ်။

ဥပမာ အားဖြင့် ။

ဒီကိစ္စပေါ်ပေါ်လာခြင်းတုန်းက တော်တော်ဝရုန်းသုန်းကားဖြစ်လိုက်တယ်... ဒါပေမယ့် ဆရာတော်တွေရဲ့ အလွန်ကောင်းမွန်တဲ့ ဦးဆောင်မှု... အလွန်ကောင်းမွန်တဲ့ ဖြေရှင်းမှုတွေကြောင့် အကျိုးတွေ အမြတ်တွေ အများကြီးရလိုက်ပါတယ်... ပထမဆုံးအနေနဲ့ MCA အသင်းက အမှုဆောင်ကိုယ်တိုင် ထုတ်ပြန်ပေးခဲ့ရတယ်... နောက်တစ်ဆင့်အခု မြန်မာခရစ်ယာန်အသင်းကနေ ထပ်ထုတ်ပြန်ပေးတယ်...
ဒါဟာ ကြိုးစားမှုကြောင့်ရခဲ့တဲ့ အကျိုးရလဒ်တွေပါပဲ... ဘာပဲဖြစ်ဖြစ် နောင်ဆိုရင်လည်း ဆရာဒကာများ ကောင်းမွန်စွာ စုစုစည်းစည်း ဆက်လက်လက်တွဲဆောင်ရွက်သွားရမယ်ဆိုတဲ့ အသိစိတ် ကျွန်တော်စိတ်သဏ္ဍာန်မှာ ပိုမိုစွဲမြဲသွားခဲ့ပါတယ်...။



သူငယ်ချင်းများအားလုံးရဲ့...

ဇင်မျိုး

မေး။ ။ အရှင်ဘုရား မေးခွန်းနောက်တစ်ခုလောက် မေးပါရစေ။ ဖယောင်းတိုင်၊ အမွေးတိုင် ထွန်းတယ်ဆိုတာ လေထဲကို ကာဗွန်တိုင် အောက်ဆိုက်များစေတယ်။ လေထု ညစ်ညမ်းမှုသာဖြစ်စေပြီး ဘာမှထူးမှာမဟုတ်ဘူးဆိုတာ မှန်ပါသလားဘုရား။

          ဖြေ။ ။ အင်း ဒီမေးခွန်းဟာလည်း တကယ်သိသင့်တဲ့ မေးခွန်းလေးပါ။ မြတ်စွာဘုရားရှေ့မှာ အမွေးတိုင်ပူဇော်တယ်၊ ဆီးမီးပူဇော်တယ်၊ ပန်းပူဇော်တယ်ဆိုတာ ဘာကြောင့် ဘယ်လိုပူဇော်ရတယ်ဆိုတာကို မသိကြတာက များပါတယ်။

          တကယ်တော့ မြတ်ဗုဒ္ဓဟာ ကိလေသာအားလုံးကင်စင်ပြီးဖြစ်လို့ အမွေးနံ့သာ စသည်တို့ မလိုအပ်တော့ပါ။ မြတ်ဗုဒ္ဓခန္ဓာကိုယ်၌လည်း အညစ်အကြေးများမရှိဘဲ ကင်းစင်နေပါတယ်။ အဲဒီလို အမွေးနံ့သာစသည်တို့လည်း အလိုမရှိ၊ သူကိုယ်တိုင်၌လည်း အညစ်အကြေး ကင်းစင်နေတဲ့ မြတ်ဗုဒ္ဓဟာ အဘယ့်ကြောင့် အမွေးနံ့သာ ပူဇော်ခြင်း၊ ပန်းများပူဇော်ခြင်းတို့ကို လက်ခံရသလဲဆိုတာ သေချာစဉ်းစား ကြည့်သင့်ပါတယ်။

          မြတ်ဗုဒ္ဓဟာ စာရေးသူတို့ သတ္တ၀ါတွေအပေါ်မှာ မဟာကရုဏာတော်ရှင် ဖြစ်တယ်ဆိုတာ ဒီဟာကို ထောက်ဆကြည့်တာနဲ့ပင် အတော်လေး ကြည်ညိုစရာ လေးစားစရာ ကောင်းလှပါတယ်။ သူ့အတွက် မလိုအပ်တဲ့အရာတွေ သူတစ်ပါးက လာပြုလုပ်တာကို လက်ခံခြင်းဟာ မဟာကရုဏာရှင်မို့သာ တခြားမည်သူမျှ လက်ခံလိမ့်မည်မဟုတ်ပေ။

          စာရေးသူတို့ လူသားများတွင် တစ်စုံတစ်ယောက်ဟာ ရေမွှေးအကောင်းဆုံးတွေ သုံးထားတယ်ဆိုပါစို့၊ အဲဒီလူကို တစ်ယောက်ယောက်က သူ့ရေမွေးလောက် မကောင်းတဲ့အနံ့ဆိုးတဲ့ အနံ့တစ်ခုနဲ့ ဖြန့်ပက်ပေးမည်ဆိုရင် မဟာကရုဏာရှင်မဟုတ်တဲ့ စာရေးသူတို့လူသားများ သည်းခံခွင့်လွတ်မှာ မဟုတ်သလို အသာတကြည်နဲ့လည်း ခွင့်ပြုမှာ မဟုတ်ပါဘူး။

          အင်း မြတ်ဗုဒ္ဓကတော့ မဟာကရုဏာရှင်ဖြစ်တဲ့အတွက် သူ့ပင်ကိုယ်သဘာဝလောက် အမွေးနံ့သာမရှိတဲ့ အမွေးတိုင်၊ ပန်းများ သူနားမှာ ပူဇော်ခြင်းကို လက်ခံထားပေးတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့



ထွက်ရပ်ပေါက် အကြောင်းတွေကို မပြောခင် လူတွေဖြစ်ပေါ်လာဖို့ နိယာမ အကြောင်းကို
နည်းနည်း ပြန်ပြောရပါလိမ့်မယ်၊ ယင်က ဥချပြီး၊ ဥကနေ လောက်ကောင်ဖြစ်၊ လောက်ကောင်ကနေ တဆင့်မှ
ယင်ဖြစ်လာတယ် ဆိုတာ ဟာ ဗီဇ နိယာမ အတွင်းမှာ ပါဝင်ပါတယ်၊
သတ္တ၀ါ တွေ ဟာ တိုက်ရိုက် ပေါက်ဖွားတဲ့ ဧကဇ အမျိုးအစား၊ နှစ်ဆင့် ပေါက်ဖွားတဲ့ ဒွိဇ အမျိုးအစား၊ သုံးဆင့် သုံးခါ ပေါက်တဲ့ တိဇ အမျိုးအစား စသောအားဖြင့် အမျိုးမျိုး ရှိကြပါတယ်၊

လူတို့ ကျွဲ နွား စတဲ့ သတ္တ၀ါတွေကတော့ အမိဝမ်းဗိုက်က တကြိမ်ထည်း မွေးဖွားကြလို့ ဧကဇ မျိုးလို့ ခေါ်ပါတယ်၊ ကြက် တွေ ငှက်တွေ မြွေတွေ ဖွတ်တွေ ကျတော့ အမိက ဥကို တကြိမ် ဥတယ်၊ ဥကမှ အကောင်ပေါက်တဲ့ အတွက် ဒွိဇ မျိုး နှစ်ကြိမ်ပေါက် သတ္တ၀ါတွေပါ၊

ယင် ပျားကောင် လိပ်ပြာ တို့ကျတော့ ပထမ ဥတယ်၊ လောက်ကောင်လို ပိုးကို ပေါက်တယ်၊ အဲဒီ ပိုးက အစားအစာ ၀ပြီး တနေရာမှာ အမြှေးတွေ ဖုံးအုပ်ပြီး ငြိမ်သက်စွာ ဖိုဝင်တယ်၊ အဲဒီ ဖိုက ထွက်မှ မူလ သတ္တ၀ါမျိုး ဖြစ်ရတယ်၊
ဒါကြောင့် သူတို့ကို တိဇ မျိုး သုံးခါ ပေါက် လို့ ခေါ်ရတယ်၊
လူကတော့ ဧကဇ မျိုးမို့ လူမိန်းမကနေ လူသားကို တိုက်ရိုက် ဖွားမြင်တာပါ၊ ဒွိဇမျိုး တိဇမျိုးလို အဆင်ဆင့် ပြောင်းလဲမှု့မရှိပါဘူး၊ သို့သော်လည်း လူသားဟာ ပိုးလောက်လန်းများလို ဖိုလ်ဝင်နိုင်လျင် ခြင် ယင် လိပ်ပြာများဖြစ်နိုင်သလို သိဒ္ဓိပေါက်တဲ့ လူသားတစ်ယောက်ဖြစ်နိုင်တယ်လို့ ယူဆပြီး ဖိုလ်ဝင်တဲ့ အတတ်ကို လိုက်စားခဲ့ကြပါတယ်၊

ရာဇ၀င်မှာ ပါတဲ့ ဗျတ်ဝိ ဗျတ္တတို့ မီးကင်စားတဲ့ လူသားဟာ ဇော်ဂျီဖိုလ်ဝင်သားလို့ သိရပါတယ်၊ ဆင်ဖြူရှင်မင်းတရား လက်ထက် သက္ကရာဇ် ၉၂၈ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် သောကြာနေ့ ဟံသာဝတီမြို့ ၀န်းကျင်ကို ကျုံးစတင် တူးရာက မြေအတွင်း ဇော်ဂျီကို ရဖူးပါသတဲ့။

အဲဒီလို ဖိုလ်ဝင်လို့ အန္တရာယ်မရှိ အောင်မြင်လျင်တော့ ထွက်ရပ်ပေါက်သွားပါတယ်။
ဝိဇ္ဇာဓိုရ် ဖြစ်သွားတယ်လို့ လောကီကျမ်းများက ဆိုပါတယ်။ ဖိုလ်ဝင်တာက အမျိုးမျိုးရှိပြီး အချို့က မြေအောင်းတယ်၊ အချို့က ပိုးလောက်လန်းများ အမြှေးဖုံးသလို အမြှေးဖုံးတာလဲ ရှိပါတယ်။ ပွက်ပွက် ဆူတဲ့ ရေကို ချိုးရတာလဲ ရှိပါသတဲ့။ မီးပုံအတွင်း ခုန်ဆင်းရတာလဲ ရှိပါတယ်။ ဖိုလ်အောင်းခြင်း မရှိတဲ့ ၀ိဇ္ဇာဓိုရ် များလဲ ရှိပါသေးတယ်။ အဲဒါတွေကတော့ - -

၁။ ပြဒါးကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ ပြဒါးဝိဇ္ဇာမျိုး၊
၂။ သံကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ သံဝိဇ္ဇာ၊
၃။ ဆေးစီရင်ပြီး အောင်မြင်သွားတဲ့ ဆေးဝိဇ္ဖာ၊
၎။ အင်းချ အောင်မြင်သွားတဲ့ အင်းဝိဇ္ဖာ၊
၅။ မန္တာန် ရွတ်ဆို အောင်မြင်သွားတဲ့ မန္တာန် ၀ိဇ္ဖာ၊
၆။ သန်လျက် ကို အသက်သွင်းပြီး အောင်မြင်သွားတဲ့ သန်လျက်ဝိဇ္ဖာ၊
ဆိုပြီး ၀ိဇ္ဖာ အမျိုးအစား ၆ မျိုးရှိပါတယ်။

မြန်မာပြည်မှာတော့ ထွက်ရပ်ပေါက်အောင်ရယ်လို့ ကြိုးစားသူတွေက ပြဒါးကစားသူ၊ သံကစားသူ၊ ဆေးကစားသူ၊ အင်းကစားသူတွေသာ များပါတယ်၊ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ မျိုးကတော့ တော်တော်ရှားပြီး မတွေ့ရသလောက်ပါပဲ။
ဒီနေရာမှာ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ အကြောင်းနည်းနည်း ပြောပြပါမယ်၊

ဆက္ကနိပါတ်၊ ၀ိဇ္ဖာဓရ ဇာတ်တော်မှာလာတဲ့ ၀ိဇ္ဇာဓိုရ် ဟာ မန္တာန် ၀ိဇ္ဇာပါ၊ ရှေးရှေးတုံးက တကယ့်အဖြစ်အပျက်အနေနဲ့ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း လက်ထက်မှာ ဘုရားအလောင်းတော်ဟာ သိကြားမင်း ဖြစ်နေပါတယ်၊ အဲဒီတုံးက ၀ိဇ္ဖာဓိုရ်တယောက်ဟာ သန်းခေါင်ယံအချိန်ရောက်တိုင်း မန္တာန်ကို မန်းမှုတ်ပြီး နန်းတော်ကို လာကာ မိဖုရားကြီးနဲ့ ပျော်ပါးလေ့ရှိသတဲ့။

မိဖုရားကြီးမှာလဲ အိပ်မက်လိုလို တကယ်လိုလို ဖြစ်နေပြီး ဘာမှ မတတ်နိုင်တဲ့ အဆုံး ဘုရင်ကြီးကို ဖွင့်ပြောတိုင်ပင်ရပါတယ်။ ဘုရင်ကြီးကလဲ ဥာဏ်ပညာကြွယ်ဝလေတော့ အဲဒီ လူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသား တခုခုကို ထင်ကျန်အောင် လုပ်နိုင်ပါ့မလား လို့ မေးတော့ မိဖုရားကြီးကလဲ စွမ်းနိုင်ပါကြောင်း



မြတ်ဗုဒ္ဓက မိမိအတွက် ကောင်းမှုကုသိုလ်ရမဲ့အရာမဟုတ်ရင် မလုပ်နဲ့၊ မကြံစည်နဲ့၊ မပြောဆိုနဲ့။ အဲဒါမျိုးတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင် မိမိလက်ရှိအချိန်လေးဟာ တန်ဖိုးမဲ့တဲ့အချိန်တွေ ဖြစ်သွားလိမ့်မယ်တဲ့။ ဒါပေမဲ့ ခုခေတ်လူတွေဟာ သူတို့သိချင်တာကို မသိရရင် ဗုဒ္ဓတရားတော်များ မှားနေသလို သူတို့ပဲ ဗုဒ္ဓကိုယုံကြည်ရတာ အကျိုးမရှိသလိုဖြစ်နေကြပါတယ်။ ဦးဇင်းစပြီး အွန်လိုင်းမှာ မေးဖြေလုပ်ပေးကတည်းက လူအများဆုံးအမေးခံရတဲ့အရာဟာ ဒီမြင့်မိုရ်တောင်ကိစ္စပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဦးဇင်း မဟုတ်တဲ့အရာနဲ့အချိန်ကုန်မခံချင်လို့ ဖြေမပေးခဲ့ပါဘူး။ ခုတော့ ဖြေမပေးရင် ဦးဇင်းတို့ဘာသာဝင်တွေကို သူများက ကဲ့ရဲ့လို၍ဖြစ်စေ၊ ပညာစမ်းချင်လို့ဖြစ်စေ မေးလာတဲ့အခါ မဖြေနိုင်မည်ဆိုးတာကြောင့် ဦးဇင်းလေ့လာသိရှိသမျှ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းကို ရေးသားတင်ပြပေးလိုက်ပါတယ်။

ကမ္ဘာမြေကြီးသည် ထုထည်အားဖြင့် ယူဇနာပေါင်း (၂)သိန်း(၄)သောင်းရှိတယ်။ အထက်တစ်ဝက်မှာ မြေသားဖြစ်ပြီး အောက်တစ်ဝက်မှာ ကျောက်သားဖြစ်တယ်။ မြေကြီးအောက်မှာ ယူဇနာ(၄)သိန်း(၈)သောင်းထူသော ရေပြင်ရေခဲတုံးကြီးရှိတယ်။ မြေအထုထက် နှစ်ဆကြီးမားတဲ့ ရေပြင်ရေခဲတုံးကြီးက မြေပြင်ကို မြှောက်ထားခြင်း ဖြစ်တယ်။ တဖန် ထိုရေပြင်ရေခဲတုံးကြီးကို ယူဇနာ(၉)သိန်း(၆)သောင်းရှိတဲ့ လေပြင်ကြီးက အောက်မကျအောင် ပင့်မြှောက်တိုက်ခက်ပေးနေတယ်။ အဲဒီလေပြင်ကြီးအောက်မှာမှ အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်ကြီး တည်ရှိပါတယ်။  ထိုကောင်းကင်ကြီးအတွင်းတွင် မီးကလပ် အပြည့်ရှိနေတယ်။ ထိုအောက်တွင်မှ ငရဲကြီးရှစ်ထပ် အစဉ်အတိုင်း တည်ရှိနေပါတယ်။ ဒါကတော့ ကမ္ဘာမြေအောက်ပိုင်း တည်နေပုံပါ။

စကြာဝဠာတစ်ခုဟုသတ်မှတ်သော ကမ္ဘာမြေကြီးရဲ့အ၀န်းအကျယ်မှာ ယူဇနာပေါင်း (၃)သန်း၊ (၆)သိန်း၊ (၁)သောင်း၊ (၃၅၀)ကို သတ်မှတ်၏။ ကမ္ဘာမြေ၀န်းကြီးကို ကျောက်တောင်ကြီးများက ၀ိုင်းဝန်းရစ်ပတ်ပြီး တံတိုင်းခတ်ထားကြတယ်။ ကမ္ဘာမြေကြီးရဲ့အတွင်းမှာ သမုဒ္ဒရာရေပြင်ကြီးရှိတယ်။ ထိုသမုဒ္ဒရာဟာ အနက်ဟာ ယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။ ရေပြင်အထက်မှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်၊ ရေတွင်းမှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။ အဲဒီရေပြင်အထက်နဲ့ရေတွင်းနှစ်ခုပေါင်း (၁)သိန်း(၆)သောင်း(၈)ထောင်ဟာ မြင့်မိုရ်တောင်အမြင့်လည်း အဲဒီလောက်အတူတူမို့ မြင့်မိုရ်တောင် တည်ရှိနေပါတယ်။ အဲဒီတော့ သမုဒ္ဒရာရဲ့ရေပြင်၊ ရေတွင်း၊ ရေ အနက် စုစုပေါင်းဟာ ယူဇနာ(၂)သိန်း၊(၅)သောင်း၊  (၂)ထောင်ရှိပါတယ်။ သမုဒ္ဒရာရဲ့အလယ်တည့်တည့် မှာရှိတဲ့ မြင့်မိုရ်တောင်ကတော့ အထက်ရေပြင် တာဝတိံသာနတ်ပြည်အထိ ယူဇနာရှစ်သောင်းလေးထောင်ရှိသကဲ့သို့ သမုဒ္ဒရာအတွင်း၌လည်း ရှစ်သောင်းလေးထောင်အမြင့် ရှိပါတယ်။

ထိုသမုဒ္ဒရာ၏ ပတ်ဝန်းကျင်တွင် သီဒါခေါ်သော မြစ်တစ်ခုခြားပြီး မြင့်မိုရ်တောင်၏အောက်တစ် ၀က်လောက်နိမ့်တဲ့ ယုဂန္ဓိုရ်တောင် ရှိပါတယ်။ အဲဒီလိုနဲ့ သီဒါမြစ်တစ်ခုတစ်ခုခြား ကာ တောင်စဉ်(၇)ထပ် မြင့်မိုရ်တောင်ကို ၀ိုင်းရံနေကြပါတယ်။ ထိုမြင့်မိုရ်တောင်နဲ့တောင်စဉ်(၇) ထပ်တို့ရဲ့ လေးမျက်နှာရေလယ်ခေါင်းတွင် ကျွန်းကြီးကျွန်းငယ်များ ရှိနေကြပါတယ်။ အဲဒီကျွန်းများတွင် လူစတဲ့သတ္တ၀ါများ နေထိုင်ကြတာကြောင့် အရှေ့ဘက်တွင်ရှိတဲ့ ကျွန်းကို အရှေ့ကျွန်း၊ အနောက်ဘက်ကို အနောက်ကျွန်း၊ မြောက်ဘက်ကို မြောက်ကျွန်း၊ တောင်ဘက်ကို တောင်ကျွန်းလို့ သတ်မှတ်ခေါ်ဝေါ်ကြလေတယ်။

ယုဂန္ဓိုရ်တောင်ထိပ်မှာ စတုမဟာရာဇ်နတ်ပြည်တည်ရှိနေပြီး မြင့်မိုရ်တောင်ထိပ်မှာ တာဝတိံသာနတ်ပြည် တည်ရှိနေပါတယ်။ဒီနတ်ပြည်(၂)ခုဟာ မြေပြင်နဲ့ဆက်စပ်နေလို့ မြေပြင်ရဲ့အမြင့်ဆုံးဖြစ်တဲ့ တောင်တွေပေါ်မှာ တည်ရှိနေတာပါ။ ကျန်တဲ့နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေကတော့ ကောင်ကင်ပေါ်မှာ တည်ရှိနေကြပါတယ်။ ကောင်းကင်အလွှာအထပ်ထပ်တွင် ကျန်တဲ့နတ်ပြည်များဟာ တစ်ထပ်နှင့်တစ်ထပ် ယူဇနာအကွာအဝေး လေးသောင်းနှစ်ထောင်စီအကွာဖြင့် တည်ရှိနေကြတယ်။ မြင်းမိုရ်တောင်၏အထက် ယူဇနာ ငါးသန်းငါးသိန်းရှစ်ထောင်ဝေးသောအရပ်တွင် ဗြဟ္မာဘုံများ ရှိကြပါတယ်။ဒါကတော့ စကြာဝဠာတစ်ခုရဲ့ကမ္ဘာမြေတည်နေပုံပါ။

စကြာဝဠာတစ်ခုအတွင်းမှာ နေတစ်ခု လတစ်ခု ရှိကြပါတယ်။ နေနဲ့လတို့ဟာ ယုဂန္ဓိုရ်တောင်နဲ့ အမျှ ကောင်ကင်မှာ လက်ယာရစ် လှည့်ပတ်နေကြပေတယ်။ ဖြစ်ဖော်ဖြစ်ဖက် ပျက်ဖော်ပျက်ဖက် စကြာဝဠာတွေဟာ ကြမ်းပြင်ပေါ် ဆန်တွေစီချထားသလို စကြာဝဠာတောင်တွေ ခွေရစ်ပတ်နေကြပါတယ်။ ဒီစကြာဝဠာလို တည်ရှိနေကြသေးတဲ့ ကျန်တဲ့စကြာဝဠာပေါင်း မြောက်များစွာ မရေတွက်နိုင်အောင် ရှိပါသေးတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက စကြာဝဠာအနန္တ-ရေတွက်လို့တောင် မရနိုင်အောင် များစွာရှိတယ်လို့


မဖတ်လိုက်ရသေးသူတွေ ဖတ်ရအောင်၊ဖတ်ပြီးဆင်ခြင်နိုင်အောင် ပြန်လည်ဝေမျှလိုက်ပါသည်။

ဗုဒ္ဓဘာသာကိုဖျက်ဆီးနိုင်တာ သာသနာတွင်းသား ရှင်ရဟန်းများသာဖြစ်ပါတယ်။ ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာမှ ဗုဒ္ဓဘာသာကို မဖျက်ဆီးနိုင်ဘူးလို့ ပိဋကတ်စာပေမှာ ဖတ်မှတ်ခဲ့ဖူးပါတယ်။ အရှင်သောမ(ခေါ်) ဆရာမောင်မောင်လည်း ဒါတွေကို သိလို့ ဗုဒ္ဓဘာသာဝင်တွေကို မှိုင်းတိုက်ကာ ဗုဒ္ဓသာသနာပျက်စီးအောင် သာသနာတွင်းသို့ဝင်ရောက်ပြီး ဖျက်ဆီးနေတာဖြစ်ပါတယ်။

မြန်မာတွေ အမြဲတမ်း အလိမ်ခံနေရဦးမယ် အားလုံးအတွက် သတိထားစရာ
by Saffron Revoulation Monks on Friday, 2 March 2012 at 19:42 ·

အရှင်သောမ၏ နောက်ကြောင်းသမိုင်းများ
ဆရာမောင်မောင်၊ ထားဝယ်အမှတ်(၅)၊ (အရှင်သောမ)


အထက်ရေဖြူမြို့သူနဲ့ အိမ်ထောင်ကျပြီး သမီးနှစ်ယောက်ရခဲ့သည်။ တစ်ယောက်က နပ်စ်မ၊ တစ်ယောက်ကကျောင်းဆရာမ၊ မိန်းမကို ပစ်သွားခဲ့သည်။ မိန်းမဟာ တစ်ဖက်နိုင်ငံမှာ သမီးနှစ်ယောက်အတွက် အလုပ်လုပ်ခဲ့သည်။

ဆရာမောင်မောင်(ခေါ်) အရှင်သောမနှင့် အရာခံဗိုလ် ခင်မောင်ဝင်းတို့သည် သူငယ်ချင်းများ ဖြစ်ကြသည်။ နှစ်ဦးစလုံး မူစလင်များဖြစ်ကြသည်။ အရှင်သောမက ထောက်လှမ်းရေးဌာနမှာ အလုပ်လုပ်ပါသည်။ လူကုန်ကူးမှုကို သူငယ်ချင်းနှစ်ဦး ပေါင်းလုပ်ကြသည်။ အရာခံဗိုလ်ခင်မောင်ဝင်းသည် ဖမ်းမိပြီး ထောင်ကျသွားသည်။ အဲဒီအချိန်မှာ ဆရာမောင်မောင်(ခေါ်) အရှင်သောမသည် ရဟန်းပြုပြီး ဇာတ်မြှုတ်နေခဲ့သည်။


မြင်းခါးတောင်၊ သရက်ချောင်းမြို့နယ်မှာ ရဟန်းဖြစ်ပါသည်။
သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာ၊ တောကျောင်းမှာနေခဲ့သည်။ အဆင်မပြေခဲ့ပါ။
အဲဒီကမှတဆင့် ထားဝယ်မြို့၊ ဘုံမော်ရပ်၊ ဓမ္မစကြာပဋိပတ္တိရိပ်သာကျောင်းမှာ မိုးကုတ်တရားများ ပြသနေခဲ့သည်။ နေလဂျာနယ်မှာ အဲဒီရိပ်သာရဲ့ နာယကဆရာတော်ဆိုပြီး ဖော်ပြခဲ့သည်။ အဲဒီကျောင်းမှာ ပြဿနာ တက်ခဲ့ပါသည်။

အဲဒီနောက် ဘိတ်မြို့နယ်၊ ကလွင်ကျေးရွာမှာ ကျောင်းတည်ထောင်ကာ သံဃာ (၂၁၀)ပင့်ပြီး ငွေအတုများ လှူဒါန်းခဲ့ပါသည်။သံဃာများကို ငွေအစစ်နဲ့လဲလှယ် ပေးမယ်ဆိုပြီး လှူဒါန်းခဲ့သည်။ တစ်ပါးကို သိန်းကျော်စီလှူခဲ့သည်။ နောက်ပိုင်း ငွေအစစ် နှစ်သောင်းစီသာ လှူဒါန်းခဲ့သည်။ ပြဿနာများ တက်ခဲ့ပါသည်။ ငွေအတုလုပ်သောဆိုင်မှာ ထားဝယ်မြို့၊ ရှိန်းကွန်ပျူတာဆိုင်ဖြစ်ပါသည်။ အဲဒီဆိုင်မှာ ငွေအတု(၇၂)သိန်း ထုတ်ခဲ့သည်။ မှန်လုံ(၁၆)စီးနဲ့ လူတွေကို ဖိတ်ပြီးခေါ်သွားခဲ့ပါသည်။ ထားဝယ်မှာ ဖုန်း(၈)လုံးဝယ်ထားပြီး အားလုံးကို အကြောင်းစုံသိအောင် စုံစမ်းထား သည်။

တနင်္သာရီတိုင်း ၀န်ကြီးချုပ်ခင်ဇော်က ဦးသောမကိစ္စကို ပြတ်အောင်လုပ်ပါ၊ မလုပ်ရင် မင်းတို့ကို ခေါင်းဖြတ်မယ်လို့ အောက်လူတွေကို ပြောခဲ့သည်၊ ငွေအတုလုပ်တာ အပြစ်မရှိဘူးလို့ ချေပပြောဆိုခဲ့ပြန်သည်၊ နောက်ပိုင်းမှာ ၀န်ကြီးချုပ် ခင်ဇော်ဟာ ရာထူးမှ ပြုတ်သွားခဲ့သဖြင့်

 
ဆရာတော်ကြီးသည် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အနောက်ဖျား၊ လှေ့စင်ရွာတွင် ခမည်းတော် ဦးနောက်တိုး၊ မယ်တော် ဒေါ်ပုံတုတ်တို့မှ (၁၂၅၇) ခုနှစ်၊ ပြာသိုလဆန်း၊ (၆)ရက်၊ သောကြာနေ့တွင် ဖွားမြင်သော စတုတ္ထမြောက် သားဖြစ်ပြီး ငယ်မည်မှာ မောင်သာဟန် ဖြစ်သည်။ ဇင်ပြွန်းရွာသာမက ပေလေးငါး ထောင်အထိ တက်ရသော ချင်းရွာများသို့ ပါတက်၍ သာသနာပြုခဲ့သည်။ ဇင်ပြွန်းရွာမှ စေတီဟောင်းများကို ပြုပြင်၍ သာသနိကအဆောက်အအုံသစ်များကို ဦးစီး ပြုပြင်တော်မူခဲ့သည်။ စာသင်ကျောင်းနှင့် မြောင်းကူးတံတား ပါမကျန် သက်ရွယ်တော် နှင့် မလိုက်။ အပင်ပန်းခံ၍ ဆောင်ရွက်တော်မူခဲ့သည်။
တောရဆောက်တည်မှုကို ဝါသနာ ပါရမီရှိသည့် ပုဂ္ဂိုလ် ဖြစ်သည့် အလျောက်စမ်းလယ်ဥယျာဉ်၊ ကွမ်းလင်ကြော၊ နောင်ရွာ၊ ဂုတ်ကြီးရွာ၊ ခုတ်ကြီးဂူ၊ ယက်ကြီးကွေ့၊ ဗောဓိကုန်း၊ ဆန်နီတောင်စသော တောတောင်များ၊ ဂူများတွင် ဝါဆို၍ တရားအလုပ်ကို အားထုတ်တော်မူခဲ့သည်။ ထိုသို့ တရားအားထုတ်စဉ် အချိန်များတွင် ခေတ်ပျက်နှင့် ကြုံ၍ ဗုံး၊ သေနတ်၊ ကျည်ဆန်များ ကျရောက်သောလည်း ထိမှန်ခြင်း မရှိ။ ကျား၊ ကျားသစ်၊ ဝက်ဝံ နှင့် တောဝက်များက အန္တရာယ် မပြုကြပေ။ ဆန်နီတောင်တောရတွင် ဝက်ဝံကြီး တစ်ကောင်က ပျားဖွပ်ပြီး ပျားစွဲကို လာရောက်လှူဒါန်းရာ ဆရာတော်က လက်မခံသဖြင့် ဝက်ဝံကြီးက ပျားကောင်ငယ်များကို ဖယ်ရှားပြီး မှ ပြန်လည်လှူဒါန်းခဲ့သည်။ ဆရာတော်ကြီး ပျံလွန်တော်မမူမီကပင် ပျံလွန်တော်မူတော့မည် ဟူသောသတင်းများ၊ ကောလဟလများ မကြာခဏ ထွက်ပေါ်တော်မူခဲ့သည်။ အသည်းကင်ဆာရောဂါ ဝေဒနာ သည်းလာ၍ ဒကာ၊ ဒကာမများက ကြိုးစားကုသကြသော်လည်း ၁၀-၁-၉၃ နေ့တွင် တရားရှုမှတ်မပျက်ဘဲ ပျံလွန်တော်မူရှာသည်။ မပျံလွန်မီ ငါးနှစ်ခန့်က ဘုန်းကြီးတွေ ပျံလွန်တော်မူလျှင် မီးရှို့ကြတယ်။ တို့များတော့ မီးရှို့တာ မကြိုက်ဟု အလိုလို ထူးခြားစွာ မိန့်တော်မူခဲ့သည့်