တရားဆိုတာ အထပ်ထပ်ဖတ် အထပ်ထပ်နားထောင်မှသဘောပေါက်နားလည်ပါတယ်။
ဦးဇင်းနားလည်သလို အတိုမှတ်နည်းကတော့
မနသိကာရ = သိခြင်း
ယောနိသောမနသိကာရ= အမှန်ကိုသိခြင်း (အမှန်ရောက်အောင်စဉ်းစားခြင်း)
အယောနိသောမနသိကာရ =အမှားကိုသိခြင်း (အမှားကိုသာစဉ်းစားခြင်း) လို.လွယ်လွယ်မှတ်ကြမယ်။
ယောနိသောမနသိကာရ (အမှန်ကိုသိခြင်း) ဆိုတာ၊ (အကောင်းမြင်ဝါဒ=optimism) မဟုတ်ဘူး။အကောင်းမြင်ဝါဒသမားတွေယူတဲ့အယူက၊ ကိစ္စတိုင်းကိုအကောင်းဘက်က လှည့်တွေး(စဉ်းစား) တဲ့သဘောပဲ။ လောကမှာကောင်းခြင်း နဲ. မှန်ကန်ခြင်း ဆိုတာနှစ်မျိုးရှိတယ်။ ဒါပေမဲ့ ကောင်းတိုင်း မမှန်ဘူး။ မှန်ခဲ့ရင်တော့ ကောင်းကိုကောင်းတယ်။
လောကမှာလူတွေဟာကိစ္စတစ်ခုကို သူတို့ ကြိုက်သလိုထင်မြင်ယူဆကြတယ်။ ယူဆပိုင်ခွင့်လဲရှိပါတယ်။ ပုထုဇဉ်တွေဟာ မောဟဖုံးလွှမ်းနေတဲ့အတွက် အမှန်ကို မသိနိုင်ဘူး။ သစ္စာလေးပါးကို မသိကြဘူး။ သစ္စာလေးပါးဆိုတာ မှန်လဲမှန်တယ်၊ ကောင်းလဲ
ကောင်းတယ်။
လောကမှာ ကိစ္စတိုင်း အချိန်၊ နေရာ၊ ပုဂ္ဂိုလ် ပေါ်မှာမူတည်ပြီး ကောင်းတယ်ဆိုတာ လူတစ်ယောက် နှင့် တစ်ယောက် မတူကြဘူး။
ဒါပေမဲ့ ပရမတ္ထတရားဖြစ်တဲ့ ဒေါသ(စေတသိက် mental factor) ကတော့ ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာ
မှာဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ဘဲဖြစ်ဖြစ်၊ ဘယ်လူမျိုးမှာဖြစ်ဖြစ်၊ ဖြစ်ရင်မကောင်းဘူး၊ မှားတယ်။ ဒီလိုဘဲ ပရမတ္ထတရားဖြစ်တဲ့မေတ္တာတရားကတော့၊ ဘယ်အချိန်ဖြစ်ဖြစ်ဘယ်နေရာမှာဖြစ်ဖြစ်၊ ဘယ်ဘာသာဝင် မှာဘဲဖြစ်ဖြစ် ဘယ်လူမျိုးမှာဘဲဖြစ်ဖြစ် ဖြစ်ရင်ကောင်းတယ်၊မှန်တယ်။ လောကအမြင်မှန်သမျှသည် ကောင်းပေမဲ့ မှန်ချင်မှမှန်တတ်တယ်။ လောကုတ္တရာ (လောကမှလွတ်မြောက်နေတဲ့) အမြင်ကတော့ ကောင်းလဲကောင်းတယ်၊ မှန်လဲမှန်တယ်။
ဥပမာ အားဖြင့် ။
အညစ်အကြေးဖြစ်ဖြစ်၊ ငါးပိဖြစ်ဖြစ်၊ ၀က်ပေါင်ချောက်(အဲဒါတို.ကြိုက်တဲ့ငပိနဲ.အတူတူပဲ) ဖြစ်ဖြစ်စားစရာပါပဲ ။
တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ရုရှား တွေဟာ အသားကို အစိမ်းစားကြတယ်။ ဒို.ဗမာတွေက သူတို့  အစာကို ကြိုက်ချင်မှ ကြိုက်မယ်။ ကောင်းတယ်လို့ ထင်ချင်မှ ထင်မယ်။ မကြိုက်ပေမဲ့အစာသည်”အဟာရ” ပါပဲ ။
တရိစ္ဆာန်တွေ ကလေးမွေးတဲ့အခါ သူတို့ ကို ဘယ်သူကမှ အားဆေးမကြွေး၊ အားဆေးမထိုးပေးကြဘူး။ အချင်းကိုစားကြရတယ်၊ ကလေးမှာပေနေတဲ့သွေးတွေကို လျှက်ကြစားကြရတယ်။ အဲဒါ သဘာဝရဲ့  အားဆေးတွေပဲ။ အစာအဟာရတွေပဲ ။
တခါကရွာတရွာမှာဓါးပြ၀င်တိုက်တော့ အဲဒီအတိုက်ခံရတဲ့အိမ်မှာ ကလေးမွေးနေတယ်။ ဓမြတွေကအိမ်ရှင်ကိုသူတို့ စားဖို့  ထမင်းပြင်ခိုင်း တာအိမ်ရှင်မှာ ဟင်းရံ အသင့် မရှိလို့  ကြောက်ကြောက်နဲ့  ကြံရာမရဖြစ်ပြီး ကလေးအချင်းကို ချက်ကြွေးလိုက်တယ်။ ဓမြတွေ စားလိုက်ကြတာ အလွန်ကောင်းဆိုပဲ။ နောက်တစ်လအကြာမှာ ဓါးပြဗိုလ်ကပြန်လာခဲ့တယ်။ ဓါးပြဗိုလ်မှာ အရင်ကပန်းနာရှိခဲ့တယ်။ ဘာဆေးနဲ.မှမပျောက်ဘူး။ အဲဒီအိမ်ကထမင်းစားပြီးကထဲက သူ့ ရောဂါလုံးဝပျောက်သွားတယ်။ အဲဒါ ကျေးဇူးတင်လွန်းလို့ ကျေးဇူးလာဆပ်တာ။ သူကဘာဟင်းနဲ.ကြွေးလိုက်သလဲဆိုတာလဲ စုံစမ်းရင်းပေါ့။ အမြင်မှာရွှံ
စရာ ကောင်းပေမဲ့။ အဟာရသည်အဟာရပါပဲ။ အဟာရသည်လောကီမှာ ရော လောကုတ္တရာအတွက်မှာပါ မှန်တယ်။ ဒါပေမဲ့ အစာကိုလောဘနဲ့ ကာမကုန်ခံစားဖို့ အတွက်စားသုံးခဲ့ရင် လောကုတ္တရာအနေနဲ့ မမှန်တော့ပါဘူး။ ကာမအာရုံဆိုတာ လောကုတ္တရာမှာမရှိဘူး၊မမှန်ဘူး။ နိဗ္ဖာန်အာရုံကမှ ကောင်းလဲကောင်းတယ်၊မှန်လဲမှန်တယ်။
ကျန်းမာစွာနေခြင်းကို သတ္တ၀ါတိုင်းအလိုရှိတယ်။ ဒါကြောင့် မိမိကိုယ်ကို ကျန်းမာအောင်နေခြင်းသည် ကောင်းလည်းကောင်းတယ်၊မှန်လည်းမှန်တယ်။
လူတွေဟာ ကိုယ်ပိုင်တဲ့ ပစ္စည်းဥစ္စာကို ပျက်စီး မှုမရှိအောင် သိုသိုသိပ်သိပ် ထိန်းသိမ်းသင့်ပါတယ်။ သာမန်လူတွေက ကိုယ်ပိုင်တဲ့ ပစ္စည်းကို တိုက်ခိုက်လုယူ ခြင်းခံလာရရင် အလွယ်တကူနဲ့  ခေါင်းငုံ့ ပြီးမခံချင်ကြဘူး။ တတ်အားသရွေ့ ခုံခံကာကွယ်ကြမှာပါ ။ ခုခံတဲ့ နေရာမှာ အင်အားချင်းညီမျှမူ မရှိရင် ဥစ္စာကိုသာ အဆုံးရှုံးခံပြီး အသက်အန္တရယ်မှ လွှတ်မြောက်ဖို့ သာ စဉ်းစားကြမြဲပါ။
အဓိက ကိုယ့်အသက်ကိုဦးစားပေးရုန်းကန် သင့်တယ်။ ပစ္စည်းကိုမက်နေရင် အသက်အန္တရာယ် ဖြစ်သွားနိုင်တယ်။ တခါတလေလူတွေသည် လောဘကြောင့် ကိုယ့်အသက်ကိုကာကွယ်ဖို့  မေ့သွားတတ်ကြတယ်။ ဥပမာ အရှိန်ပြင်းစွာခုတ်မောင်းနေတဲ့မီးရထားပေါ်က ကိုယ်ပစ္စည်းအောက် ပြုတ်ကျသွားလျှင် လိုက်ကောက်ယူခြင်း ၊ ခါးပိုက်နှိုက်ကအတင်းဆွဲချ ခုန်ချ ထွက်ပြေးသွားလျင်ဖြစ်စေ ပစ္စည်းကိုပြန်ရအောင်ကြိုးစားခြင်းများ ပြုတတ်ပါတယ်။အသက်အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာကို မေ့လျှော့သွားတက်ကြတယ်။ ပညာရှိသူတော်ကောင်းကတော့ ကိုယ့်အသက်ထက်ဘာမှ အရေးမကြီးဘူး ဆိုတာသိတယ်။ သံသရာရှည်ဖို့  မစဉ်းစားတော့ဘူး။ ဖြစ်/ပျက်တိုင်းမှာငြိမ်းချမ်းဖို့ ပဲ စဉ်းစားတယ်။
ဒီတော့ ယောနိသောမနသိကာရ (အမှန်သို့ ရောက်အောင်စဉ်းစားခြင်း) ဖြစ်အောင် အဆင့်ဆင့်စဉ်းစား ကြမယ်။
သာမန်လူတစ်ယောက်ကိုဓါးပြတိုက်ခံရပါက ထိုသူသည် သည်းခံနိုင်မည်မဟုတ်ပါ။
၁။ကိုယ်နိုင်မည် ထင်လျှင်ခုခံပါမည်။
၂။ပစ္စည်းပါသွားပါက၊ရဲတိုင်ပါမည်။
အမှန်သို.ရောက်အောင်စဉ်းစားခြင်း။
၁။ ခုခံသတ်ပုတ်ပါက၊ နှစ်ဖက်အနာတရဖြစ်မည်။ ခုခံသူအနာတရဖြစ်မည်။ ခုခံသူသေနိုင်သည်။
၂။ ခုခံတဲ့ နေရာမှာ အင်အားချင်းညီမျှမူ မရှိရင် ဥစ္စာကိုသာ အဆုံးရှုံးခံပြီး အသက်အန္တာရယ်မှ လွှတ်မြောက်ဖို့ သာ စဉ်းစားပါ။
၃။ ပေးပြီးသောပစ္စည်းအတွက် ပူပင်သောကဖြစ်နေခြင်းအားဖြင့် ကိုယ့်ပစ္စည်းပြန်မရနိုင်ပါ။
ပူပင်သောက ရောက်နေ့မယ့် အစား ဘာလို့  ဓါးမြတိုက်ခံရလဲ ကိုယ်ကအဖေါ်မပါပဲ လာလို့ လား ။ အဖေါ်ပါရဲ့  သားနဲ့  အန္တာရယ်များတဲ့ လမ်းကိုမှ လာခဲ့မိလို့ လား ။ အန္တာယ်ရယ်များရင် နောင် ရှောင်ရှားသွားသင့်တယ်။ ပစ္စည်းဆုံးရှုံးရရင် အသက် ရှိနေသရွေ့  ဥစ္စာပစ္စည်းဆိုတာ မရှားဘူး တွေးသင့်တယ်။ ဆုံးရှုံးတတ်တဲ့ လောက သဘာဝကို တွေးသင့်တယ်။ သောကရောက်စေတတ်တဲ့ စဉ်းစားမှုမျိုးကိုအထပ်ထပ် မစဉ်းစားရဘူး။
အဆင့်မြင့်စွာဖြင့်ယောနိသောမနသိကာရ (အမှန်သို.ရောက်အောင်စဉ်းစားခြင်း)။
၁။ ပစ္စည်းဥစ္စာတို.သည်ရန်သူမျိုး၅ပါးကြောင့်ပျက်စီးဆုံးရှုးံနိုင်၏။
၂။ တစ်နေ.နေ.တွင်ဥစ္စာပစ္စည်းတို.နှင့်အမှန်ပင်ခွဲခွါရမည်ဖြစ်၏
၃။ နောင်ဘ၀သို.ဥစ္စာပစ္စည်းများကိုယူမသွားနိုင်။
၎။ ဥစ္စာပစ္စည်းများကိုစုဆောင်းရှာဖွေခြင်းသည် ကိုယ်မသေခင်ကျမ္မာစွာနေနိုင်ရေးနှင့်ကုသိုလ်ပညာရှာဖွေနိုင်ရန်ဖြစ်၏။
၅။ အကြောင်းကြောင်းကြောင့်ဆုံးရှုးခဲ့သော် ဥစ္စာပစ္စည်းအပေါ်ဖက်တွယ်လျှက်သောကရောက်ရန်မသင့်။
၆။ မိမိလည်းမမြဲ၊ဓါးပြလည်းမမြဲပစ္စည်းလည်းမမြဲ။ (အဆင့်မြင့်၏)
၇။ သူမရှိ၊ငါမရှိ၊ပုကိုယ်မရှိ၊သတ္တ၀ါမရှိဟုအမှန်ကိုသိ။ (ပိုပြီးအဆင့်မြင့်၏)။
၈။ တရားမှတ်နေစဉ်လူ၊သတ္တ၀ါ၊၀တ္ထုပစ္စည်းပုံသဏ္ဍာန်များစိတ်တွင်ထင်လာပါက၊တရားမှတ်ကွက်မှ လွတ်သွားပြီဟုသိလိုက်ပါ။(အဆင့်အမြင့်ဆုံး။)
ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
Categories:
ဘာသာရေး,
ယောနိသောမနသိကာရ
ကိုဇင်မျိုးရေ..ဘယ်သူရေးတယ် ဘယ်သူ့ အာဘော်ဆိုတာ မပါပါလား..
အဲ့ ဒါ မကောင်းဘူးနော်...နာမည် ပါသင့်တယ်....
ဦးပဇင်းတစ်ပါးဆီကရတာပါ... အဲဒီဆရာတော်ကလည်း ဘယ်ကရမှန်းမသိဘူးတဲ့... အဲဒါကြောင့် ကူးယူဖော်ပြပါသည်ဆိုပြီးပဲ ရေးလိုက်တာပါ... :)