HAZY LIFE

အမေး။ ။ အရှင်ဘုရား….အနောက်တိုင်းသားတွေရဲ့အယူအဆက ဘုရားရှင်ဟာ အစာအိမ်ကင်ဆာနဲ့ ဆုံးတယ်လို့ ယူဆကြပါတယ်။ ၀မ်းတော်လားတယ်ဆိုတော့လည်း အစာအိမ်နဲ့ နည်းနည်းပတ်သက်တယ်ထင်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရှင်းပြပေးတော်မူပါဘုရား။

ကိုကိုအောင်။ အမေရိကန်



အဖြေ။ ။ အများအမြင်မှာ ဘုရားရှင်ဟာဝမ်းတော်လားတဲ့အတွက် ပရိနိဗ္ဗာန်စံတယ် ထင်ကြတယ်။ အမှန်က ဘုရားရှင်ဟာ ဒီအချိန်ကျရင် ၀မ်းတော်မလားလည်း ပရိနိဗ္ဗာန်စံဝင်ရမှာပါ။ ဘာကြောင့်လည်းဆိုရင် ဘုရားရှင်ဟာ ပရိနိဗ္ဗာန်မစံမှီ ဆယ်လလောက်အလိုမှာ ဝေဠုဝရွာမှာ ၀ါကပ်တော်မူစဉ် ပြင်းထန်ပြီး အသက်သေစေနိုင်တဲ့ အနာရောဂါတစ်ခု ဖြစ်ပေါ်ခဲ့တယ်လို့ ဒီဃနိကာယ်၊ မဟာဝဂ်ပါဠိ၊ မဟာပရိနိဗ္ဗာနသုတ်မှာ ဖေါ်ပြထားပါတယ်။ (အထေ ခေါ ဘဂ၀တော ၀ဿူပဂတဿ ခရော အာဗာဓော ဥပ္ပဇ္ဇိ, ဗာဠှာ ဝေဒနာ ၀တ္တန္တိ မာရဏန္တိကာ။) ပြင်းထန်တဲ့ဝေဒနာဟာ ဘယ်လိုလဲဆိုတာကို မဟာဝဂ္ဂ မဟာပရိနိဗ္ဗာသုတ်ဋီကာက ဘုရားရှင် ဓါတ်ဖေါက်ပြန်တဲ့ရောဂါလို့ ပြောပါတယ်။ ဘုရားရှင်ဟာ ဖြစ်ပေါ်လာတဲ့ ဓါတ်ဖေါက်ပြန်ပြီး ပြင်းထန်သောရောဂါကို အရဟတ္တဖလ သမာပတ်ကိုဝင်စားပါတယ်။ ဒီလို မ၀င်စားမီ “ယခုအနာရောဂါ နောက်ဆယ်လကြာအောင်မဖြစ်ဘဲ တည်နေပါစေသတည်း”လို့ အဓိဋ္ဌာန်တော်မူကာ အရဟတ္တဖလသမာပတ်ကို ၀င်စားပါတယ်။ ဒီသမာပတ်ဝင်စားခြင်းဖြင့် ဖြစ်ပေါ်နေတဲ့ ပြင်းထန်သော ရောဂါကို မဖြစ်အောင် တားထားနိုင်ပါတယ်။ ဒါကြောင့် ဘုရားရှင်ဟာ ၀မ်းတော်လားတဲ့အခါမှာ အဓိဋ္ဌာန်ထားခဲ့တာဟာ ဆယ်လည်းပြည့်ခဲ့ပြီမို့ ယခင်ပြင်းထန်တဲ့ ရောဂါလည်းပြန်ဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်တော်မူရပါတယ်။ ၀မ်းတော်လားလို့ မဟုတ်သလို အစာအိမ်ကြောင့်ဆိုတာလည်း မမှန်ပါဘူးဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com

2 Responses so far.

  1. mstint says:

    ဆရာတော်ဦးကောဝဒရဲ့ အဖြေလေးကို ပြန်လည်မျှဝေပေးတာ ကျေးဇူးပါ မောင်ဇင်မျိုးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  2. ကွန်းမန့်အတွက်ကျေးဇူးပါ အန်တီတင့်...

    ကြိုးစားလျက်ပါဗျာ...

Leave a Reply