မနေ့က (၆.၁၁.၂၀၁၁) ကျွန်တော်တို့ မောင်တောမြို့မှာရှိတဲ့ UN/NGOs ကလူတွေနဲ့ သစ်တောရွာကျေးရွာ မိသားစုတွေစုပေါင်းပြီးတော့ သစ်တောရွာဆိုတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ကထိန်ခင်းဖြစ်ခဲ့ကြပါတယ်... အဲ့ဒီကထိန်နဲ့ပတ်သက်တဲ့ဓါတ်ပုံတွေလည်း ထုံးစံအတိုင်းရိုက်ထားဖြစ်တယ်ဆိုတော့ အားလုံးအဆင်ပြေပြေ ကြည့်လို့ရအောင်လို့ တင်ပေးလိုက်ပါတယ်ခင်ဗျာ... အားလုံး ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ...
(တစ်ချို့ပုံတွေကို စိတ်ပါလက်ပါ ကူညီရိုက်ကူးပေးတဲ့ ကိုဒယ်နီ ကိုကျေးဇူးအများကြီးတင်ပါတယ်...)
(ဓါတ်ပုံတွေဟာ ကိုယ်တိုင်ရိုက်ဖြစ်တဲ့အတွက် ယူသုံးမယ်ဆို Refer ပေးစေချင်ပါတယ်...)
ကြိုတင်ပြင်ဆင်ထားခြင်း... (နောက်ခံစာလုံးများကို ညသန်းခေါင်အချိန်ထိ ၀ိုင်းဝန်းကူညီကြတဲ့ ညီအကိုအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...) |
ဒါကတော့ ကထိန်လျာသင်္ကန်းတွေပါ... |
အော်ဂနိုက်ဇာ ၂ ယောက်နဲ့ မန်ဘာများ :D :D :D |
ဒါကတော့ ဥပုသ်သည် အမျိုးသမီးဘက်အခြမ်းပါ... (မနက် ၉း၃၀ စပြီးကျွေးမွေးလှူဒါန်းပါတယ်...) |
ဒါကတော့ ဥပုသ်သည် အမျိုးသားဘက်အခြမ်းပါ... (မနက် ၉း၃၀ စပြီးကျွေးမွေးလှူဒါန်းပါတယ်...) |
ကထိန်းခင်းမဲ့ လှူဖွယ်ပစ္စည်း ပဒေသာပင်... |
ကထိန်ခင်းမဲ့ ၀တ္ထုငွေ ပဒေသာပင်... |
ကထိန်မသင်္ကန်း... |
အားပေးဖို့စောင့်နေတဲ့ ဆရာတွေ... |
ဒါကတော့ ၀က်သားဆီပြန်ပါ... (သွားရေများ ထိန်းတော်မူကြပါကုန်... :D ) |
ငပိကြော်/ငံပြာရည်ကြော် |
ခရမ်းသီးနှပ်... |
ငါးခြောက်အာလူး... |
သခွါးသီး တို့စရာ... |
အသီးအရွက်အစုံကြော်/အစိမ်းကြော်... |
ကြက်သားဆီပြန်... |
ပုဇွန်အချိုချက်... |
ဒါကတော့ အော်ဂနိုက်ဇာကြီး ကိုဝေဇင် အလှူခံနေပုံပါ... (ဘုန်းကြီးကျောင်း ခေါင်းမိုးများ အပေါက်များစွာ ဖာထေးဖို့ရန်အတွက်...) |
ဘုန်းကြီးဆွမ်းပွဲအတွက် အပြင်အဆင်... |
နေ့ဆွမ်းကပ်လှူကြပြီ... |
သံဃာတော်များ ဆွမ်းဘုန်းပေးချိန်... |
ဒါကတော့ ဒုတိယမြောက်ဝိုင်းက သံဃာတော်များ... |
ကိုရင် ဆွမ်းဝိုင်း... |
အချိုပွဲ ကပ်လှူနေစဉ်... (ဒီတစ်ခေါက်တော့ အချိုပွဲအင်အား နည်းလွန်းခဲ့တယ်...) :( |
အားပေးကြပါတယ်... |
ခေါင်းမဖော်ဘူး... ဘယ်သူလဲ မမေးနဲ့တော့... :P |
အောင်ဗလကျောင်းတိုက်ဆရာတော်မှ သီလပေးနေချိန်... |
ဒါကတော့ ကြွရောက်လာသူများအား ထောင့်တစ်နေရာမှ ရိုက်ကူးထားတာပါ... |
အားလုံး ငါးပါးသီလ ဆောက်တည်နေကြပြီ... |
သက်တော် ၀ါတော်ကြီး ဘုန်းဘုန်းကြီးတစ်ပါး... |
အော်ဂနိုက်ဇာကြီး ၂ ယောက် ကထိန်မသင်္ကန်းကို မထားပြီ... :D |
ကထိန်မသင်္ကန်းအား သစ်တောရွာကျောင်းတိုက်ဆရာတော်သို့ ကပ်လှူနေစဉ်... |
ကထိန်းအလှူအတွက် သစ်တောရွာ ရွာသူရွာသားတွေရဲ့ အလှူပါစုပေါင်းလိုက်သောအခါ... |
သစ်တောရွာမှ အလှူဒါယကာများ ကထိန်ပဒေသာပင် ကပ်လှူနေစဉ်... |
ဒါကတော့ ဆွမ်းထမင်းဟင်း ချက်ရာ၌ မမောတမ်း ကူညီပေးကြသော ဝေယျာဝစ္စကုသိုလ်ရှင်များအဖွဲ့အတွက် ဆုတော်ငွေ... |
ဒါကတော့ ပွဲလည်းအပြီး ပြန်ခါနီး အကလေးနဲ့ သိမ်းလိုက်တယ်... |
အားလုံးအမျှ အမျှ အမျှ... ယူတော်မူကြပါကုန်... သာဓု သာဓု သာဓု...
သူငယ်ချင်းများအားလုံးရဲ့...
ဇင်မျိုး...