HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label သာသနာ. Show all posts
Showing posts with label သာသနာ. Show all posts



“မြန်မာကို ကမ္ဘာက လေးစားတာ သာသနာကြောင့်၊ ဒီသာသနာကို ကြည်ညိုလွန်းလို့ မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏ ကို သူပျော်သလောက်နေပါစေ” တဲ့၊ တိပဋိက ယောဆရာတော်က ပြောလိုက်တဲ့ စကားပါ။
ဒါဆို မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏဆိုတာ ဘယ်သူလဲ။

သူကတော့ ဟိုး အရှေ့ဥရောပက ကမ္ဘာကျော် ကတ္တီပါ တော်လှန်ရေးခေါင်းဆောင်ကြီး မစ္စတာ ဗားကလပ်ဗ် ဟာဗဲလ် ရဲ့ နိုင်ငံဖြစ်တဲ့ ချက်ရီပတ်ဗလစ် (Czech Republic) နိုင်ငံက ချက်လူမျိုး တဦးပါ။ ဗုဒ္ဓ ဘာသာကို ကြည်ညိုလွန်း လို့ ရှင် သာမဏေ အဖြစ်ခံယူခဲ့တယ်။ မြန်မာစာ မြန်မာယဉ်ကျေးမှုကိုလည်း အလွန် ချစ်မြတ်နိုး လို့ မြန်မာစာ၊ မြန်မာစကားကို လည်း တန်ဘိုးထား ပြောကြားတဲ့ သူပါ။

မကြာသေးခင် ရက်သတ္တပတ်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဆရာတော် ဦးပညာဝံသကို ဥပဇ္ဈာယ် ဆရာ အဖြစ်ခံ ယူပြီး ဗုဒ္ဓဘာသာ ရှင်ရဟန်းဖြစ်လာတဲ့ အရှင် သရဏပါ။

သူဟာ မြန်မာ့မြေကို ခြေမခင်၊ ထေရ၀ါဒ ရဟန်းတပါးအဖြစ် မရခင်ကတည်းက မြန်မာစာ၊ မြန်မာစကား ကို ကောင်းမွန် ပိုင်နိုင်စွာ ပြောကြားနိုင်ရုံမကပါဘူး။ ချက်-မြန်မာ အဘိဓာန်စာအုပ်ကို လည်း ပြုစုထားနိုင် သူတဦးပါ။

အရှင် သရဏ ပြုစု ထားတဲ့ ချက်-မြန်မာ အဘိဓာန်စာအုပ်ဟာ ပထမဆုံးဖြစ်ပါလိမ့်မယ်။ ဒီအရင် ချက်-မြန်မာ အဘိဓာန်ဆိုတာ မကြားဖူးခဲ့ ပါဘူး။

သီရိလင်္ကာနိုင်ငံ..ကိုလံဘိုမြို့ မှာ နေထိုင်ပြီး ဗုဒ္ဓစာပေ၊ မြန်မာစာတွေ သူက လေ့လာခဲ့တယ်။ တခြား မြန်မာ အပါအ၀င် ဗုဒ္ဓဘာသာ ရှင်ရဟန်းတွေကို
သူက အင်္ဂလိပ်စာသင်ပေးတယ်။ သီရိလင်္ကာနိုင်ငံမှာ နေပြီး သီဟိုဠ် ဘာသာစာပေ၊ စကား လည်း သူက ကျွမ်းကျင်တယ်။ မြန်မာရဟန်းတော်တွေထံက မြန်မာစာ တတ်လာ ပြီး မြန်မာစာ မှာ တော်လွန်းလာတော့ နောက်ဆုံး သူဟာ ချက်-မြန်မာ အဘိဓာန်ကို ရေးသားပြုစုနိုင်ခဲ့ တာပါဘဲ။

အခုလို ချက်ရဟန်းတော် အရှင် သရဏဟာ မြန်မာနိုင်ငံကို ရောက်ပြီး သူ့ရင်ထဲက အဖြစ်ချင်ဆုံး ကို အခုလို ဖွင့်ဟ ထားပါ တယ်။

“လူ့ဘဝကို ရတာဟာ ဒုလဘ္ဘတရားဖြစ်တယ်။ ဦးဇင်း ငယ်ငယ်ကတည်းက သူများနားလည်ရင် ကိုယ် နားမလည်သေးဘူး။ခုလို ဗုဒ္ဓဘာသာဖြစ်လာဖို့ မြန်မာနိုင်ငံမှာ ရဟန်းဖြစ် ဖို့ အများကြီးကြိုးစား ခဲ့ရ တယ်။ မြတ်ဘုရား သာသနာမှာ လူဖြစ်ရတာ ဒီဘဝမှာတင် နိဗ္ဗာန်ရောက်အောင်ကြိုးစားရမယ်။ တန်အောင်ကြိုးစားရမယ်” လို့ အရှင်သရဏက ဆိုပါတယ်။

ဒါကြောင့် အရှင်သရဏက ၀ိပဿနာ တရား ဘာဝနာ ကျင့်ကြံပွားများ အားထုတ်ပုံကို အခု ရန်ကုန်မြို့မှာ စနစ်တကျ အနီးကပ် သင်ယူလေ့လာနေပါတယ်။ ၅ နှစ်ကြာရင်တော့ တောရပ်မှာသွားပြီး တရား ကျင့်ကြံ မှာ ဖြစ်ပါတယ်တဲ့။

ဖေ့ဘုတ်မှ ကူးယူဖော်ပြပါသည်...။


ဟိုလေ ..... မောင်လေးတစ်ယောက်ပါပဲ ...ဘာသာခြားးပေါ့ .... သူက သာသနာတော်နဲ့ အမျိုးသမီးတွေကိစ္စ အပြောတခြားအလုပ်တခြားဖြစ်နေသလိုဖြစ်တာဘ၀င်မကျဘူးလေ.... ဒါကြောင့်လာမေးတာနဲ့ .... ရှင်းပြထားတာလေး .... တင်ပေးလိုက်ပါတယ် ....
အမျိုးသမီးတွေကိစ္စဆိုတော့ အမျိုးသားတွေနဲ့မဆိုင်ဖူးပေါ့နော် ... ဒါကြောင့် အမျိုးသားတွေ မဖတ်ပါနဲ့လို့ ..... ( မှတ်ချက် ... ကောင်လေးများရန်လာမတွေ့ရ )

★ ★ ★ သာသနာတော်နှင့် ... အမျိုးသမီးများး ★ ★ ★ 

★ ခင်ဗျားတို့ ဗုဒ္ဓဘာသာမှာ မိန်းမတွေကို ယောက်ျားများနဲ့ တစ်တန်းထဲထားတယ် ဆိုတဲ့ သက်သေအထောက် အထားရှိရင်ပြပါ လားဗျ ။ ဘုရားက မိန်းခလေးမွေးတဲ့ မိခင်ကယောက်ျားလေးမွေးတဲ့ မိခင်ထက်နိမ့်ကျတယ်လို့ဟောခဲ့တယ်လို့ကြားဘူးပါတယ် ။
★ ★ ဟုတ်ကဲ့ ... သာဓကလေးတွေရှိပါတယ် .... အခါတပါးမှာ ပသေနဒီကောသလမင်းကြီး ဘုရားရှင်ထံရောက်နေချိန်မှာ ... မင်းချင်းတစ်ယောက်ရောက် ရှိလာပြီး မလ္လိကာမိဖုရားကြီး သမီးလေးမွေးကြောင်း သတင်းလာပို့ပါတယ် ...
ဒီသတင်းကိုကြားတဲ့အခါ ပသေနဒီကောသလမင်းကြီးဟာ ...ချက်ချင်းမျက်နှာပျက်သွားပြီး ... ရှက်စိတ်ကြောင့်ခေါင်းငိုက်စိုက်ချသွား ပါတယ် ....
ဒီအခါ ... ဘုရားရှင်က ... မင်းကြီးး သမီးကညာ ဖွားမြင်သည့်အတွက် ဘာကြောင့် စိတ်ပျက် ၀မ်းနဲသွား ရသနည်း အချို့သောယောက်ျားများသည် .... မိန်းမများထက်မြင့်မြတ်ကြသကဲ့သို့ ....
တစ်ချိ့သော မိန်းမများသည်လည်းးး ... ယောက်ျားများထက်မြင့်မြတ်ကြပေသည် .... ယောက်ျားရော မိန်းမပါ ... နှစ်ဦးစလုံးပင် လိုအပ်ပေသည် ...။
အကယ်၍ အိမ်တိုင်းအိမ်တိုင်း လူတွေဆန္ဒရှိတဲ့အတိုင်း သားကိုချည်း မွေးနေကြမည်ဆိုလျှင် လူ့အဆက် တစ်ဆက်နှစ်ဆက်မှာပင် လူတစ်ယောက်မျှကျန်တော့မည်မဟုတ်ပေ ...။
လူသားအမျိုးဇာတ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် သားမွေးဖို့ လိုအပ်ခြင်းထက် သမီးမွေးးဖို့လိုအပ်ခြင်းက ပိုသေးသည် ... သမီးမွေးခြင်းမရှိပါလျှင် အဘယ်သို့ယောက်ျားကောင်းယောက်ျားမြတ်ပေါ်လေမည်နည်း .... သမီးမွေးခြင်းမရှိပါလျှင် ..အဘယ်သို့ တထာဂတ ပေါ်မည်နည်း ... မင်းကြီး ။
သမီးကိုမွေးမြူစောင့်ရှောက်ခြင်းက သားကိုမွေးမြူစောင့်ရှောက်ခြင်းထက် ... ပိုပြီး ကမ္ဘာလောကကို အကျိုးပြုရာရောက်ပေသည် ...။
ယင်းသို့ အကျိုးပြုခွင့်ရသည်ဖြစ်၍ သင်မင်းကြီးသည် စိတ်ပျက်ခြင်း ၀မ်းနည်းခြင်း ရှက်ခြင်းမဖြစ်သင့်ပေ။ လို့ဟောကြားခဲ့ပါတယ် ....။
................................................................................................
★ ★ အခါတပါး ဗုဒ္ဓရဲ့လက်ရင်းတပည့် ရှင်အာနန္ဒာမထေရ်မြတ်ကြီးဟာ ရေခပ်နေတဲ့ မာတင်္ဂအမျိုးနွယ် (သူတောင်းစား) ဇာတ်ဝင် အမျိုးသမီးလေး တစ်ဦးရှိရာ ရေတွင်းနားကို ရောက်သွားခဲ့ပါတယ်။ ရှင်အာနန္ဒာက “သောက်ရေနည်းနည်းလောက် ပေးပါလား” လို့ တောင်းလိုက်ပါတယ်။
မိန်းကလေး ရုတ်တရက် မော့ကြည့်လိုက်မိရာ ဇာတ်မြင့်ရဟန်းတော်တစ်ပါး ဖြစ်နေတာကို တွေ့လိုက်ရတော့
“အရှင်မြတ်ဘုရား တပည့်တော်မလို မစင်ကြယ်တဲ့ ဇာတ် နိမ့်အမျိုးသမီးတစ်ဦး ဆီက ရေတောင်းပါသလား ဘုရား။ တပည့်တော်မ ကိုင်တဲ့ လက်ကရေခွက်ကို အရှင်မြတ်လက်နဲ့ထိခဲ့မိရင် အရှင်မြတ်ကိုယ်တိုင် မသန့်မရှင်းဖြစ်သွားမှာ စိုးရိမ်လို့ပါဘုရား”လို့ လျောက်တာပေါ့
ရှင်အာနန္ဒာက ကရုဏာအပြုံးနဲ့ လက်ကာပြပြီး “ငါ့နှမ ငါ သင့်ဆီက ဇာတ်ကိုတောင်းနေတာ မဟုတ်ပါဘူး ရေကိုသာတောင်းနေတာပါ။ ငါ့ရဲ့ဇာတ်မြင့်မှုက ရေတစ်ခွက်လို ရေဆာပြေအောင် မလုပ်နိုင်ပါဘူး လို့ဆိုပါတယ်။
” အရှင်မြတ်ရဲ့စကားကြောင့်ရဲတင်းစိတ်နဲ့အတူ အရှင်မြတ်ကို ရိုသေစွာ ရေကပ်လိုက် ပါတော့တယ်။မာတင်္ဂနွယ် အမျိုးနွယ် စဏ္ဍာလအမျိုးသမီးလေးဟာ ဗုဒ္ဓသာသနာအတွင်း ခိုလှုံဘို့ရောက်လာခဲ့ပါတယ်။ ဗုဒ္ဓအနေနဲ့ ရှင်အာနန္ဒာကို အကြောင်းပြုရောက်လာခဲ့တဲ့ စဏ္ဍာလအမျိုးသမီး လေးကို တပည့်မတစ်ဦး အ ဖြစ်လက်ခံပြီး အမှန်တရားကိုသိနိုင်တဲ့ ဓမ္မစက္ခု(တရားမျက်လုံး)ကို ဖွင့်ပေးလိုက် ပါတယ်။
ဒီလို ဇာတ်နိမ့်အမျိုးသမီးကို လက်ခံရမလားဆိုပြီး သာဝတ္တိဘုရင်ကြီးကောသလ ကိုယ်တိုင်နဲ့ ဗြဟ္မဏ တွေ ခတ္တိယတွေ အကြီးအကျယ် အကျေမနပ်ဖြစ်ကြလို့ ဗုဒ္ဓဆီ လာရောက်ကန့်ကွက်ပြောဆိုကြပါတယ်။ ဗုဒ္ဓက
“ပြာနဲ့ရွှေ ခြားနားတယ်ဆိုတာ ဂုဏ်လက္ခဏာ ကွဲပြားတာဖြစ်လို့ ခြားနားတာမှန်ပါတယ်။ ဒါပေမယ့် ဗြဟ္မဏနဲ့ စဏ္ဍာလကြားမှာ ဘာအမျိုးအစားမှ ကွဲပြားတာ မရှိပါဘူး။ ဗြဟ္မဏဆိုတာ သစ်ကိုင်းခြောက်နှစ်ခုပွတ်ရာက ပေါ်လာတဲ့မီးလိုအရာမျိုး မဟုတ်သလို၊ ကောင်းကင်က ဒါမှမဟုတ် လေထဲက ဆင်း သက်ကျရောက်လာတာမျိုးလဲ မဟုတ်ဘူး။
ပြီးတော့ မြေထဲက ဖေါက်ထွက်လာတာမျိုးလဲ မဟုတ်ဘူး။ စဏ္ဍာလတွေ မိခင်ဝမ်းကထွက်ရပုံမျိုး ဗြဟ္မဏတွေလည်း အတူတူဘဲ မိခင်ဝမ်းက လာရတာပါ။ လူသားအားလုံး လူ့ဘ၀ကို ရောက်လာရတဲ့ အခြေခံက အတူတူချည်းပါဘဲ။”
(လက်ရှမီ နရသူ၏ ဗုဒ္ဓ၀ါဒအနှစ်သာရ P.Lakshmi Narasu ''The Essence of Buddhism"စာအုပ်ကို အခြေပြုပါသည်။)
မိန်းမ ယောက်ျား စဏ္ဍာလကော ဗြဟ္မဏပါ လူ့လောကထဲ စ၀င်လာတဲ့ လမ်းကြောင်းခြင်းက အတူတူပါဘဲ ... ဆိုတဲ့ ဗုဒ္ဓ ရဲ့ စကားရပ်တွေက အမျိုးသမီးတွေကိုယ်တိုင်က သူတို့ကိုယ်သူတို့ အမျိုးသား တွေထက် နိမ့်ကျတယ်ဆိုတဲ့ အယူအဆနဲ့ ဥပဒေတစ်ရပ်လို အစဉ်အဆက်မပျက် ခံယူခဲ့ကြရတဲ့ ဇာတ်နိမ့်အယူတွေကို သုတ်သင်လိုက်တာဖြစ်ပါ တယ်။
ဒါ့အပြင် ရှင်အာနန္ဒာရဲ့စကားက ဇာတ်ဆိုတာ နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ အသွေးအသား (တစ်နည်း) သုံးဆယ့်နှစ်ကောဋ္ဌာသနဲ့ ဖွဲ့စည်းထားတဲ့ လူ့ခန္ဓာအတွက် ရေတစ်ခွက်လောက် တန်ဖိုးမရှိဘူးဆိုတာကို သွယ်ဝိုက်ပြီး သိစေခဲ့တာဖြစ်ပါတယ်။
ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန် စတဲ့ ဘိက္ခုတို့ရဲ့ သူတို့ ဆိုင်ရာ အမြင့်ဆုံးဂုဏ် အရည်အသွေးတွေ ကို ဧတဒဂ်ဘွဲ့နဲ့ အသိအမှတ်ပြုကြသလို၊
ခေမာ၊ ဓမ္မဒိန္နာ စတဲ့ ထေရီမယ် ဘိက္ခုနီတို့ရဲ့ ဂုဏ်တွေကို လည်း ဧတဒဂ်ဘွဲ့နှင်းကာ အသိအမှတ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ (ပါဠိလို ဧတဒဂ္ဂ = ပညာ၊ တရားဟော စသည်အမြင့်ဆုံး)
ဒါကိုကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာမှာ အမျိုးသမီးတွေကိုနှိမ့်ချမထားတာသိသာပါတယ် .....
★ ★ ကမ္ဘာမှာ ဗုဒ္ဓဘာသာတစ်ခုထဲ ကသာ အမျိုးသမီးများလက်ထပ်ပြီးတဲ့အချိန်မှာ .... နွားများတိရစ္ဆာန်များလို တံဆိပ်ရိုက် မခံရတာပါ ...ကျန်ဘာသာဝင်အားလုံးကတော့ .... ယောက်ျားနာမည်ရှေ့ မှာ ( Mrs. ) တပ်ခေါ်ရခြင်း .... လက်မှာလက်စွပ်ဝတ်ရခြင်းဆိုတဲ့ ...မည်သူ့မယားပါ ...မည်သူပိုင်ပစ္စည်းပါဆိုတာ တံဆိပ်ခတ်ခံကြရတာပါ... ( လူ့အခွင့်ရေးအော်နေ တဲ့ အမေရိကန်ကအစပေါ့ )
...........................................................................................................
★ မြန်မာနိုင်ငံမှာလဲ သိမ်ထဲကို မိန်းမ မ၀င်ရ ...ဘုရား ပေါ်ကန့်သတ်နယ်မြေတွေမှာ မိန်းမ မ၀င်ရ ရှိကြတာဘာကြောင့်လဲ ခင်ဗျားဘယ်လိုပြောပြော ... မြန်မာမှာ မိန်းမယောက်ျားကို ခွဲခြားကန့်သတ် တာ ရှိနေတယ်ဆိုတာ ခင်ဗျားသိပါတယ်..အမှန်အတိုင်းပြောပြပါ ...။
★ ★ ဗုဒ္ဓမတိုင်မီက မြန်မာနိုင်ငံမှာလဲ တစ်ခြားမျိုးနွယ်စုတွေနည်းတူ .... အမျိုးသမီးထုရဲ့ တာဝန်ဝတ္တရားတွေ ကို မီးဖိုချောင်မှာဘဲ ကန့်သတ်ခံထားခဲ့ရပါတယ်။
အမျိုးသမီးတွေမှာ တစ်စုံတစ်ခုသော ဘုရားကျောင်းအတွင်း ၀င်ခွင့်မရခဲ့သလို ဘာသာရေးဆိုင်ရာ စာအုပ်တွေကို ထိခွင့် ဖတ်ခွင့်မရခဲ့ကြပါဘူး။
ဗုဒ္ဓဘာသာထွန်းကားလာတော့လဲ ဒီလိုနိမ့်ကျတဲ့အယူအဆကြီးကိုပဲ တစ်ချို့ဆရာတော်တွေက အစ ဆုတ်ကိုင်ထားကြပါသေးတယ် .... မိန်းမဆိုတာယုတ်ညံ့တယ် ...ယောက်ျားသည် သာမြင့်မြတ်တယ် .... ဘုရားဆုပန်နိုင်တယ် ..... စသည်ဖြင့်ပေါ့ ....
★ ★ တစ်ကယ်တော့ ဘုရားဆိုတာယောက်ျားမှဖြစ်ပေမယ့် .... ယောက်ျားတွေအားလုံး ဟာ ဘုရားဖြစ်မယ့်သူတွေမဟုတ်ပါဘူး ရှင် ....
ယောက်ျားတွေဟာလဲ သူတို့ပြုခဲ့တဲ့ ကံ ကံ၏ အကျိုးကြောင့် နောင် လာမယ့်ဘ၀ါ ဘ၀တွေ မှာ ယောက်ျားသော် လဲပြန်ဖြစ်ကောင်းဖြစ်မယ် ... မိန်းမသော်လဲဖြစ်နိုင်တယ် .... အပါယ်လေးဘုံ မှာလဲ ကျရောက်နိုင်သလို ... နတ်ဘုံမှာလဲ ကျရောက်နိုင်တာပါပဲ
မိန်းမတွေကလဲဒီအတိုင်း ပါပဲ လာမယ့်ဘ၀ါ ဘ၀တွေမှာ .. .ယောက်ျားလဲဖြစ်နိုင်သလို .... ဘုရားဆုလဲပန်နိုင်တာပဲ .... နတ်ဘုံဌါနလဲရောက်နိုင်ပါတယ် ... အပါယ်လေးဘုံလဲကျနိုင်သလို .... မိန်းမလဲပြန်ဖြစ်နိုင်တာပါပဲ ....
တစ်ချို့ရဟန်းအများစုတောင်မှ ဒီသဘောအတိုင်းပါပဲ ...... ဗုဒ္ဓလက်ထက်တုန်းက လူ့အဖွဲ့အစည်းမှာဆိုရင် အမျိုးသမီးထုရဲ့ အခြေအနေဟာ အလွန်ပဲနိမ့်ကျခဲ့ပါတယ်။
★ ★ ★ ★ တစ်ခုတော့ရှိပါတယ် .... ယောက်ျားနဲ့မိန်းမဟာ ..သီလအားဖြင့် ယောက်ျားလေး ကပိုပါတယ် မြင့်မြတ်ပါတယ် ... ဒါကြောင့် ဘုရားဆုပန်ခွင့်ရတဲ့ယောက်ျားဖြစ်တာပေါ့ .... ဒါပေမယ့် ယုတ်ညံ့လို့မိန်းမဖြစ်ရတယ်ဆိုတာတော့မှားပါတယ် ... လွန်ခဲ့တဲ့ဘ၀တွေက ကုသိုလ် သီလ နဲလို့ပါ လို့ပဲပြောရမှာပါ ယုတ်ညံ့လို့မဟုတ်ရပါဘူး ...ဒါကြာင့် သီလပိုမြင့်တဲ့ယောက်ျား ကိုအိမ်ဦးနတ် လိုသဘောထားရှိခိုးရတာပါ...။
((( ဘုရားရှင်ဟောခဲ့တယ်လေ .... သံသရာမှာ မိခင်မတော်ဖူးတဲ့သူမရှိသလို ဖခင်မတော်ဖူးတဲ့ သူလဲမရှိဘူးတဲ့ ဒါဟာ အားလုံးဟာ မိန်းမလဲဖြစ်ခဲ့ကြတယ် ယောက်ျား လဲဖြစ်ခဲ့ကြတယ် လို့ပြောတာပေါ့ ... ဒါကိုယောက်ျားဖြစ်တုန်းလေး မြတ်လိုက်အုန်းမယ်ဆိုရင်တော့ သက်သက်အနိုင်ကျင့် တာပေါ့ရှင် ...။ )))
★ ★ တစ်ခြားကိုမကြည့်ပါနဲ့ .... နူးး ရဲ့ လက်ရှိမာလုဆိုတဲ့ အကောင့် အသစ်ကိုယူပြီးစာတွေ စရေးစဉ် အချိန်တုန်းကဆို .... နူးမှာ ..အကြီးမားဆုံးအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ် .... တစ်ချို့ တရားတော်တွေကို ပြန်လည်ကူးယူ တင်ပေးနေတဲ့ ယောက်ျားလေးတွေနဲ့ ရဟန်းတွေကိုယ်တိုင် ... မင်းလို ယုတ်ညံ့စာရင်းဝင် မိန်းမတစ်ယောက်က ... ဘုရားရှင် သမိုင်းတွေ တရားတော်တွေ ကိုယ်တိုင် ရေးတာ တန်လား ဖြစ်သင့်လားဆိုတဲ့ ... အမြင် အယူအဆလေးတွေ နဲ့တော်တော် တိုက်ခိုက် ခံရခဲ့ပါတယ် .... သီလရှင်တွေတောင် ..ရေးလေ့မရှိကြဘူးကိုး ....
နူးကိုယ်တိုင်ကလဲ .... ဗုဒ္ဓရဲ့တရားတော်တွေကို ... နူးဒီလိုရေးပေးနေတာကိုယ်တိုင်က ... မြင့်မြတ်တဲ့တရားတော်တွေ ... နူးကြောင့်နိမ့်ကျသွားမလားဆိုတာ ... ခံစားနေရတုန်းပါ .... အရိုးစွဲနေတဲ့ ဓလေ့ဖြစ်နေလို့ပါ ....
ဒါကြောင့် တရားတော်တွေကို တိုက်ရိုက် တင်ခြင်းကနေ အတတ်နိုင်ဆုံ ရှောင်ပါတယ် ... ဘုရားရှင်နှုတ်တော် ကဟောတဲ့တရားကို နူးကရေးပေးရင် ..တရားတော်တွေ ယုတ်ညံ့ သွားမှာကြောက်လို့ပါ...။
★ ★ ဒီတော့ သာသနာတော်က အမျိုးသမီးအမျိုးသားဆိုတာ တစ်တန်းထဲ ထားပေမယ့်လည်းး နူးတို့ မိန်းခလေးတွေကိုယ်တိုင်က .... ရှေးအယူစွဲကြီးကြောင့် နဲနဲ တွန့်နေကြတာပါ လို့ပဲပြောပါရစေ .... ဗုဒ္ဓနဲ့မဆိုင်ပါဘူး ...
((( ယောက်ျားတွေရဲ့ မိန်းမတွေကို နိုင်ချင်တဲ့ အတ္တကြောင့်လဲ အနိုင်ယူပြီးပြောတာ ခံရတာလဲ ပါတာပေါ့နော် )))
★ ★ အမျိုးသမီးးများနှင့်သိမ်
★ တချို့နယ်တွေမှာ သိမ်ထဲကို အမျိုးသမီးများ မ၀င်ရဟု ဆိုကြပါတယ် .... အမရပူရမြို့ မဟာ ဂန္ဓာရုံကျောင်းတိုက် အတွင်းက သိမ်ကြီးထဲမှာ ဒကာရော ဒကာမရော ကလေးရော ၀င်ခွင့်ပြု ပါတယ် ။
★ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဇောတိကာမဟာသိမ်တော်ကြီးအတွင်းမှာလဲ အမျိုးသမီးများ ၀င်ခွင့်ပြုပါတယ် ၂၀၀၈ ခုနှစ်က ထိုသိမ်တော်ကြီး အတွင်းမှာပဲ နိုင်ငံတကာ ထေရ၀ါဒ တက္ကသိုလ်များ အစည်းအဝေးကြီးကို ကျင်းပခဲ့ပါတယ် နိုင်ငံပေါင်း ၃၀ ကျော်က အမျိုးသား အမျိုးသမီးများစွာ တက်ရောက်ခဲ့ကြပါတယ်။
★ ဘုရားရှင် လက်ထက်တော်က ရာဇဂြိုဟ်မြို့ကြီးသည် လူဦး ၁၈ ကုဋေရှိပါတယ် ထိုမျှလောက် လူဦးရေ ထူထပ်သော ရာဇဂြိုဟ်မြို့ကြီး တစ်မြို့လုံးကို သိမ်သမုတ်ထားပြီး ထိုမြို့ကြီးသည်ပင် သိမ်မည်ပါတယ် ။ ထိုသိမ်ကြီးထဲမှာ အမျိုးသမီးတွေ အိပ်ကြသည်၊ နေကြသည်၊ ကျင့်ကြီးကျင်ငယ် အမှု ပြုကြသည်၊ ဇနီးခင်ပွန်းတို့ပြုကြသည့်အမှုတွေ ပြုကြသည်။
ထိုဘုရားလက်ထက်ကတောင် အမျိုးသမီးများ သိမ်ထဲမှ နေခွင့်ပြုသေးတယ်ဆိုရင် ဒီခေတ်မှာ သိမ်ထဲ အမျိုးသမီးများမ၀င်ရဟုသော တားမြစ်ချက်သည် ပုဂ္ဂိုလ်ရေးဆန်သော ဆက်ဆံမှုသာဖြစ်
ပါတယ်။
★ ★ ★ ★ တစ်ခုတော့ရှိပါတယ် .... သံဃာများ သိမ်အတွင်း အမှုကိစ္စဆောင် ရွက်နေချိန်မှာတော့ အမျိုးသမီး မဆိုထားနဲ့ ဘုရင်တို့ သမတတို့တောင် သိမ်နိမိတ်အတွင်း မ၀င်ရပါဘူး ။
★ ★ သို့သော် သိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲ ဖြစ်ဖြစ် ဘုရားမှာပဲဖြစ်ဖြစ် အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ရဟန်းပဲဖြစ်စေ အကုသိုလ်စိတ်နှင့် ၀င်ရင် သွားရင်တော့ အပြစ်ရှိသလို ကောင်းတဲ့စိတ်နဲ့သွားရင်တော့ ကုသိုလ်တွေ ရမှာအမှန်ပင် ဖြစ်ပါသည်။
★ ★ ကဲ……ဒါဆိုရင် ဗုဒ္ဓ၀ါဒလွှမ်းခြုံတဲ့ မြန်မာ့လူမှုရေးဝန်းကျင်က အသိအမှတ်ပြုထားတဲ့ ကိုယ်ရနေတဲ့ လူ့အခွင့်အရေးတွေရဲ့ တန်ဖိုးကို သိကြပြီဆိုရင်တော့ ကမ္ဘာ့အမျိုး သမီးထုကြားမှာ ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးဖြစ်ရတာကို ကျေနပ်ဂုဏ်ယူတဲ့ စိတ်တွေနဲ့ အတူ အမျိုး ဘာသာ သာသနာကို စောင့်ထိန်းနိုင်တဲ့ အမျိုးကောင်းသမီးများ ဖြစ်ကြလိမ့်မယ်လို့ ရည်ရွယ် မျှော်လင့် အပ်ပါတယ် ညီမလေးတို့ရယ် ....။
ချမ်းမြေ့ကြပါစေရှင်...

Facebook မှကူးယူဖော်ပြပါသည်...

ဒီဓါတ်ပုံလေးကို ကျွန်တော့်ဆီ Forward Mail အမြဲပို့ပေးလေ့ရှိတဲ့ ကိုခိုင်မြဲ ဆီကရတာပါ... ကျွန်တော်က ရတဲ့ပုံတွေ ၄ ပုံထဲကမှ ဒီပုံလေးမြင်ပြီး တော်တော်ကို စိတ်ထဲ ကသိကအောက်ဖြစ်သွားတယ်... ဘယ်လိုပြောပြရမှန်းလည်းမသိဘူး... စိတ်ထဲ မကျေနပ်တာလိုလို... စိတ်တိုင်းမကျတာလိုလို... ဒေါသဖြစ်တာလိုလို... ဘယ်လိုကြီးခံစားနေရမှန်းမသိဘူးဗျာ... ပုံကိုဖန်တီးတဲ့ မူရင်း ဆရာ/ဆရာမ ကို Credit ပေးပါတယ်... ခံစားချက်ခြင်း မတိုက်ဆိုင်ရင်တောင် တခုခုတော့ ခံစားမိမှာအသေအချာပါပဲ...





ဘောင်ကျဉ်းလာသည့် သာသနာ
~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံတွင် သံဃာအင်အား
လေးသိန်းကျော်ငါးသိန်းနီးပါးခန့်
ရှိသည်ဟု ခန့်မှန်းရ၏။ ထိုအထဲတွင် နှစ်သိန်းကျော်က ရဟန်းတော်များဖြစ်ပြီး ကျန်နှစ်သိန်းကျော်က ကိုရင်သာမဏေများ ဖြစ်ကြ၏။ ငါးသောင်းနီးပါးခန့်သည်
တောထွက်တောင်ပြန် ရဟန်းများသာဖြစ်ကြ၏။
သံဃာများလာသည်နှင့်အမျှ သာသနာတော်တွင် ဗရုတ်သုက္ခနိုင်လှသော ရဟန်းသံဃာများလည်း ဒုနဲ့ဒေးပင်ရှိလာလေ၏။ ဝိနည်းသိက္ခာနှင့်အညီနေထိုင်၍ စာပေပရိယတ်သင်ကြားနေကြသည့် ရဟန်းသာမဏေများမှာ ထိုဗရုတ်သုက္ခနိုင်လှသော ရဟန်းသာမဏေများကြောင့်
အရှက်ရမျက်နှာပျက်ရသည့်အဖြစ်အပျက်များ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိ၏။
အချို့သောရဟန်းဆိုးရဟန်းညစ်များကြောင့် အကျင့်သိက္ခာနှင့်ပြည့်စုံသည့် ရဟန်းသံဃာများကိုပါ ဒါယကာ ဒါယိကာမများက အထင်မြင်သေးလာကြသည်ကို ရင်နာဖွယ်တွေ့မြင်နေရလေ၏။


စာရေးသူသည် ရန်ကုန်မှ မန္တလေးသို့ မီးရထားဖြင့် ခရီးသွားစဉ် ခေတ်ပညာတတ်
ဒေါက်တာ ဆိုသူနှင့်အတူထိုင်ခဲ့ရ၏။ ခရီးသွားရင်း အချင်းချင်းမိတ်ဆက်၍ စကားလက်ဆုံကျလာ သောအခါ ခေတ်ပညာတတ် ဒေါက်တာဆိုသူဒါယကာက ရဟန်းသံဃာတော်များ၏ အားနည်းချက်များကို ရင်ဖွင့် လျှောက်ထားလေတော့၏။ စာရေးသူလည်း မျက်နှာပူပူနှင့်ပင် နားထောင်နေလိုက်ရ၏။

သူက “သံကိုသံဖျက်၍ သံချေးတက်ရကြောင်း၊ မြတ်စွာဘုရား၏သာသနာတော် ကိုလည်း သာသနာတွင်းသား ရဟန်းများပင် ဖျက်ဆီးမှာဖြစ်ကြောင်း” လျှောက်ထားခဲ့လေ၏။ မိမိက
ထိုဒေါက်တာဒကာလေးအား သာသနာတော်ကို ကြည်ညို၍ ဆည်းကပ်ကိုးကွယ်သည့်အခါ လူကိုမကြည့်ဘဲ မူကိုသာကြည့်သင့်ကြောင်း၊ လူ၏အပြုအမူသည် ဘာသာတရား၏အနှစ်သာရနှင့်
လုံးဝမသက်ဆိုင်ကြောင်း၊ မိမိတို့ကြည့်ရမည်မှာ ဘာသာတရား၏ အနှစ်သာရပိုင်းသာဖြစ်ကြောင်း၊ ထို့ကြောင့် ဗရုတ် သုက္ခနိုင်လှသော ရဟန်းသာမဏေများကြောင့် ဘာသာတရားကို



အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှ
အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကိုနာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာအိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုးရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ်
လေ့လာခွင့်ရခဲ့ပါတယ်။
ထိုင်းဘုန်းတော်ကြီး ၂-ပါး မရှိတော့တဲ့နောက်ပိုင်း သူဟာ ဗုဒ္ဓဝါဒကိုဆက်လက်လေ့လာဖို့ သိပ်ပြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ သူက
တိဗတ်ဘုန်းတော်ကြီး ဒလိုင်းလားမားရှိရာကို သွားရောက် အရိုအသေပေးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာဖို့ဆုံးဖြတ်ပြီးစားဝတ်နေရေးအတွက် နိုင်ငံခြားသား ခရီးသွားတွေများတဲ့ ဒေသတစ်ခုမှာ
ဒိုင်ဗင်ပစ်၊ ရေကူး နည်းပြလုပ်ခဲ့ပါတယ်။ သူ့ဘဝဟာအတိုင်းအတာတစ်ခုပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။ သူဟာ
လောကီဥစ္စာပြည့်စုံမှုတွေ မှာ ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့ နောက်ပိုင်းလက်ရှိအလုပ်ကို စွန့်လွှတ်ပြီး အမိခင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။
မိသားစုနဲ့ ဆွေမျိုးတွေက သူ့ကို ခရီးဆောင်အိပ်ကြီးသယ်ဆောင်ပြီး ပြန်လာမဲ့အောင်မြင်တဲ့ စီးပွားရေး သမားကြီးအဖြစ် မျှော်လင့်ခဲ့ကြတာပါ။သူ့ကိုတကယ်တွေ့လိုက်ရတော့ ဗုဒ္ဓဘာသာစာအုပ်တွေနဲ့ ဒိုင်ဗင်ပစ်၊ ရေးကူးရာမှာ
သုံးတဲ့ ပစ္စည်းတွေသယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့ ယောဂီတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ အခြားလူတွေအတွက်တော့ ရေကူးစရာ ပင်လယ်မရှိ တရားဆွေးနွေးစရာဗုဒ္ဓဘာသာဝင် မရှိတဲ့ နိုင်ငံကို



ဘုရားလောင်း လှည်းကုန်သည်မှူးဘ၀တုန်းကဖြစ်သည်။ ဘုရားလောင်းသည် နောက်လိုက် နောက်ပါလှည်းကုန်သည်ငါးရာတို့နှင့်အတူ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းအလို့ငှာ ခရီးထွက်ခဲ့လေသည်။

ကန္တာရခရီးသို့ရောက်သောအခါ လမ်းမှားခြင်းကြောင့် ခရီးမတွင်မူ၍ အစာရေ ရိက္ခာများပြတ်လပ် သွားကြလေသည်။ ဤသို့လှည့်လည်သွားလာကြစဉ် ပညောင်ပင်ကြီးတစ်ပင်ကို တွေ့၍ လှည်းကို ချွတ်ကာ ထိုညောင်ပင်ကြီးအောက်၍ အနားယူကြလေသည်။

ဘုရားလောင်းတို့ နားခိုရာ ပညောင်ပင်ကြိး၏အရွက်တို့သည် စိမ်းညို့ပြေပြစ်နေသည်ကို လည်းကောင်း၊ အခက်တို့သည် ရေဖြင့်ပြည့်နေသည်ကိုလည်းကောင်း တွေ့မြင်ကြရလေသည်။

ဣစ္ဆာသယ လိုတရ ပညောင်ပင်

ထိုအခါ ကုန်သည်တစ်ယောက်သည် ညောင်ပင်ပေါ်တက်၍ အရှေ့ဘက်ညောင်ကိုင်းကို ခုတ်ဖြတ် ကြည့်မိချေသည်။ ထိုကုန်သည် ခုတ်ဖြတ်ရာ ညောင်ကိုင်းဝမှ ရေများထွက်ကျလာသေည်။ ရေများသည် ညောင်ကိုင်းမှ တစ်စက်ချင်း၊ နှစ်စက်ခြင်းစိမ့်ကျခြင်းမျိုးမဟုတ်ဘဲ ရေစက်ဖြင့်စုပ်ထုတ်ခြင်းကြောင့် ရေပိုက်မှထွက်လာသကဲ့သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ဒလဟောထွက်ကျလာခြင်းဖြစ်၏။ ညောင်ကိုင်းမှ ရေများပန်းထွက်သည်မှာ ထန်းတစ်ရပ်စာမျှ မြင့်လေသည်။

ကုန်သည်တို့သည် ထိုရေများကို အငတ်ပြေအဖြစ် သောက်လည်းသောက်ကြ၏။ အမောပြေအဖြစ် ချိုးလည်းချိုးကြလေ၏။

ထို့နောက် တောင်ဘက်ညောင်ကိုင်းကို ခုတ်ဖြတ်ကြပြန်လေ၏။ ထိုအခါ ထိုညောင်ကိုင်းမှ အနံ့အရသာနှင့် ပြည့်စုံသော နတ်သုဒ္ဓါ နတ်အစားအစာများ ထွက်ကျလာလေ၏။ ကုန်သည်များသည် ထိုအစားအစာများကို ငတ်ငတ်ပြတ်ပြတ်နှင့် သူ့ထက်ငါ အလုအယက် ခပ်ယူစားသုံးကြလေသည်။

ထို့နောက် အနောက်ဘက် ညောင်ကိုင်းကို ခုတ်ဖြတ်ကြပြန်လေ၏။ ထိုအခါ ထိုညောင်ကိုင်းမှ အ၀တ်အစားလှပတင့်တယ်စွာ ၀တ်ဆင်ထားသော နတ်မိမယ်လေးများထွက်ကျလာ၏။ ကုန်သည်များ သည် ထိုနတ်မိမယ်လေးများနှင့် မွေ့လျော်ပျော်ပါးကြကုန်လေသည်။

ထို့နောက် မြောက်ဘက်ညောင်ကိုင်းကို ခုတ်ဖြတ်ကြပြန်လေ၏။ ထိုအခါ ထိုညောင်ကိုင်းမှ ရတနာခုနစ်ပါးတို့ ထွက်ကြလာကြကုန်၏။ ကုန်သည်များသည် ထိုရတနာများကို ကိုယ်စီကိုယ်ငှ လှည်းများပြည့်အောင် ကျုံးယူတင်ဆောင်ထားကြလေသည်။
“အရိပ်ခို အခက်ချိုး မိစ္ဆာမျိုးကုန်သည်”

ထိုသို့ ညောင်ကိုင်းခုတ်တိုင်း ထူးခြားဆန်းပြားသော စည်းစိမ်ဥစ္စာရတနာများ ထွက်ကျလာသည့် အခါ ကုန်သည်များသည် လောဘတက်၍ လာလေတော့၏။ “သစ်ကိုင်းခုတ်ရုံမျှဖြင့် ဤကဲ့သို့သော ရတနာ များ ထွက်ပေါ်လာသေး၏။ အမြစ်ကို တူးဖြတ်လျှင်မူကား သည်ထက် တန်ဖိုးကြီးသည့် ဥစ္စာရတနာများ ထွက်ပေါ်လာပေလိမ့်ဦးမည်” ဟု ကြံစည်ကာ ညောင်မြစ်တူးဖို့ အားထုတ်ကြလေသည်။

ထိုအခါ ဘုရားလောင်း လှည်းကုန်သည်မှူးသည် ထိုကုန်သည်များထံသို့ သွား၍ လက်အုပ်ချီကာ ဤသို့တောင်းပန်လေသည်။

“ဤပညောင်ပင်ကြီးသည် သင်တို့အား အဘယ်သို့ ပြစ်မှားလေသနည်း။”

“အရှေ့ကိုင်းက ရေကိုပေး၏။ တောင်ကိုင်းက ထမင်းအဖျော်ကို ပေး၏။ အနောက်ကိုင်းက မိန်းမပျို ကို ပေး၏။ မြောက်ကိုင်းက အလုံးစုံသော အလိုရှိအပ်သော ရတနာခုနစ်ပါးကိုပေး၏”

“အကြင်သစ်ပင်၏ အရပ်၍နေခဲ့ဖူး၊ အိပ်ခဲ့ဖူးအံ့။ ထိုသစ်ပင်၏ အခက်ကို မချိုးရာ”

အရိပ်နေလျက် အခက်ချိုးသောသူသည် ယုတ်မာသောသူ မည်၏။ အဆွေခင်ပွန်းကို ပြစ်မှားတတ် သူ မည်၏”

လှည်းကုန်သည်မှူးက မည်သို့ပင် ဆုံးမတားမြစ်စေကာမူ ကုန်သည်အားလုံးက လောဘတက်နေ သောကြောင့် လှည်းကုန်သည်မှူး၏ စကားကို မနာယူကြတော့ပေ။ နောက်ဆုံးတွင် လှည်းကုန်သည်မှူး လည်း တစ်ယောက်နှင့်အများဖြစ်နေသောကြောင့် အားမတန်၍ မာန်လျော့လိုက်ရလေတော့၏။

လောဘကို အတောမသတ်နိုင်သော ကုန်သည်များလည်း တန်ဖိုးမဖြတ်နိုင်သော ရတနာများ ရလိုဇောဖြင့် ပုဆိန်၊ ဓါးမစသော လက်နက်များယူဆောင်ကာ ညောင်မြစ်ဖြတ်ရန် အားထုတ်ကြလေတော့ ၏။
“စမတ်ပါဝါနှင့်နတ်နဂါး”

ဤညောင်ပင်ကြီးသည် နတ်နဂါးတို့ စောင့်ရှောက်နေထိုင်ရာ ပညောင်ပင်ကြီးဖြစ်လေသည်။ ကျေးဇူး မသိတတ်သော ကုန်သည်များအပေါ် နတ်နဂါးတို့သည် များစွာ အမျက်ထွက်လေတော့၏။ ထို့ ကြောင့် လှည်းမှူးကို ချန်လှပ်၍ ကြမ်းကြုတ်ယုတ်မာသော ကုန်သည်များကို တစ်ယောက်မကျန် သတ်ဖြတ် ရန် နဂါးမင်းသည် နတ်စစ်သည်များကို စေလွှတ်လိုက်လေတော့၏။

ကျေးဇူးရှင်ကိုပြစ်မှားစော်ကားသော ကုန်သည်ငါးရာလည်း ချက်ချင်းလက်ငင်း ဖွဲထင်းဘ၀၊ ပြာမှုန့် ဘ၀သို့ရောက်ရှိသွားလေတော့၏။

ထို့နောက် ရတနာများအပြည့်တင်ဆောင်ထားသော လှည်းငါးရာကို နတ်နဂါးများကိုယ်တိုင် က၍

 

အိန္ဒိယပြည်မှာဗုဒ္ဓဘာသာဘာကြောင့်ကွယ်သွားရတာလဲဆိုတာ ဘုန်းကြီးတို့ လေ့လာလို့
ရသလောက် ပြောရရင် အခြေခံအကြောင်း ၃-ခုကို တွေ့ရပါတယ်။

၁။ ဇာတ်ဝါဒ အလွန်ပြင်းထန်ခြင်း၊ (လူတန်းစား ခွဲခြားမှု့)

၂။ အတ္တ၀ါဒ အလွန်ပြင်းထန်ခြင်း၊ (အစွဲကြီးမှု့)

၃။ သဒ္ဓါတရားနည်းပါးခြင်းတို့ကြောင့် အိန္ဒိယပြည်မှာ ဗုဒ္ဓသာသနာ ကွယ်ခဲ့ရပါတယ်။

အပြည်အစုံအကျယ်ကို သိရှိလိုလျှင်
အနှစ်ကိုးပါးတရားတော် (သီတဂူဆရာတော်) -စာအုပ်ကို ၀ယ်ယူ၍ ဖတ်ရှူကြလေကုန်......


နောက်တခု သာသနာကွယ်ခြင်းရဲ့ အကြောင်းက ဘာလဲဆိုရင် လူတွေရဲ့ နှလုံးသားထဲမှာ
သဒ္ဓါတရား ခေါင်းပါးလာမှု့ပါပဲ။
ဘာသာခြားတွေက သဒ္ဓါတရား ခေါင်းပါးတော့ လုပ်ချင်ရာ လုပ်တော့တာပဲ။ အရာရာမှာ
ကိုယ့်ဘာသာ ရှေ့တန်းက နေရာရဖို့၊ အသာစီးရဖို့၊ ခေါင်းတစ်လုံးသာဖို့ ဆိုတဲ့ မကောင်းတဲ့
စိတ်တွေ ဖြစ်လာတယ်။ သူများဘာသာက ကိုယ့်ဘာသာထက် သာသွားမှာကို မလိုလားဘူး။

ဗုဒ္ဓဘာသာ အရှိန်အ၀ါ ကောင်းမှာကို မလိုလားဘူး။ ဒီတော့ မနာလိုစိတ်တွေ ပြင်းထန်လာတယ်။
ဒါကြောင့် ဘာသာခြားများက ဗုဒ္ဓသာသနိက အဆောင်အဦ တွေကို ဖျက်ဆီးတယ်။

သမိုင်းမှတ်တမ်းများ ဖတ်ရှူ့လိုလျှင်



သတိမူရင် မြူကို မြင်တယ်

နာလန္ဒာ ဗုဒ္ဓတက္ကသိုလ် ကြီးဆိုရင် တချိန်တုံးက သိပ်အောင်မြင်ခဲ့တာပဲ။ ဒီလိုအောင်မြင်တာကို

(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။

ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။

တီထွင်သူ အစစ်

(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)

ဟင်နရီစတီးအိုကော့ ( H.S. Olcott )

ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။ 
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။

၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီးသံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။

စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)

စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသောအခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။

စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍



နီပေါနိုင်ငံသည် အိန္ဒိယပြည်၏ မြောက်ဘက်၌ နယ်နမိတ်ချင်း ဆက်စပ် တည်ရှိနေသော နိုင်ငံဖြစ်၏၊ ဗုဒ္ဓရှင်တော်မြတ်၏ ခမည်းတော် မယ်တော်တို့ တည်ရှိနေသော နိုင်ငံဖြစ်၏။ ဗုဒ္ဓရှင်တော်မြတ်၏ ခမည်းတော် မယ်တော်တို့ နေထိုင်ရာ ကပိလ၀တ်ပြည်နှင့် ဘုရားလောင်းဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်တို့သည် နီပေါနိုင်ငံအတွင်း၌ တည်ရှိကြ၏။ ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်ရှိပြီးနောက် တစ်နှစ်မြောက်အချိန်တွင် ကပိလ၀တ်ပြည်သို့ကြွ၍ ခမည်းတော်ကြီးနှင့်တကွ ဆွေတော်မျိုးတော်တို့အား တရားရေအေး တိုက်ကျွေးတော်မူခဲ့သည်။ ထို့နောက်လည်း ကပိလ၀တ်ပြည် နိဂြောဓာရုံကျောင်းတော်၌ အခါအားလျော်စွာ သီတင်းသုံး နေတော်မူခဲ့လေသည်။

ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူသောအခါ ကပိလ၀တ်ပြည်မှ သာကီဝင်မင်းမျိုးတို့သည် ကုသိနာရုံပြည် မလ္လာမင်းတို့ထံမှ ဘုရားရှင်၏ ဓာတ်တော်ဝေစုကို တောင်းယူ၍ ကပိလ၀တ်ပြည်၌ စေတီတော်တစ်ဆူ တည်ထားကိုးကွယ်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော် ကပိလ၀တ်ပြည်၌ ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်းမည်မျှကြာအောင် ဗုဒ္ဒသာသနာတော် စဉ်ဆက်မပြတ် တည်ရှိခဲ့ကြောင်းကိုမူ မသိရချေ။

ခရစ်မပေါ်မီ နှစ်ပေါင်း(၃၀၀)လောက်တွင် ပါဋလိပုတ်ပြည်မှ အသောက မင်းကြီးသည် လုမ္ဗိနီဒေသသို့ ကြွသွားပြီး ဘုရားလောင်းဖွားမြင်ခဲ့သောနေရာ၌ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခဲ့ကြောင်း၊ သမီးတော် စာရုမတီကိုလည်း အမတ်ကြီးတစ်ဦးနှင့် ထိမ်းမြားလက်ထပ်ပေးရာ ထိုမင်းသမီးသည် နီပေါနိုင်ငံ၌ ကျောင်းကန်ဘုရားများစွာတို့ကို တည်ဆောက်ခဲ့ကြောင်း သိရှိရပေသည်။

နီပေါနိုင်ငံသည် ဟိမ၀န္တာနှင့် နီး၍ အအေးဓာတ်လွန်ကဲသော ဒေသဖြစ်၏။ ထို့ကြောင့် ခရစ်နှစ် စောစောပိုင်းက ထိုနိုင်ငံ၌ နေထိုင်သော သဗ္ဗတ္ထိဝါဒ ဂိုဏ်းသားရဟန်းများသည် အအေးဒဏ်ကို ကာကွယ်ရန်အတွက် သင်္ကန်းနှင့် ပတ်သက်သော ၀ိနည်းဥပဒေများကို လျော့ပေါ့၍ ကျင့်သုံးခဲ့ရသည်ဟု ဆိုသည်။ ထို့ကြောင့် ထိုအချိန်တွင် နီပေါနိုင်ငံ၌ သဗ္ဗတ္ထိဝါဒသာသနာပြန့်ပွားနေပြီဟု ယူဆရသည်။ အဘိဓမ္မကောသကျမ်းပြု သဗ္ဗတ္ထိဝါဒ ဂိုဏ်းဆရာတစ်ဦးဖြစ်သော ၀သုဗန္ဓုသည်လည်း ၄-ရာစုနှစ်များအတွင်း နီပေါနိုင်ငံသို့ ကြွရောက်ခဲ့ကြောင်း သိရှိရပေသည်။

ခရစ်နှစ် ၇-ရာစုအတွင်းက နီပေါ၌ နန်းတက်သော အသုဝါမန်ဘုရင်သည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ခဲ့သည်။ ထိုဘုရင်သည် တိဘက်ဘုရင် စုန်စင်ဂမ်ပိုထံ သမီးတော်ကို ဆက်သ၍ နှစ်နိုင်ငံ ရွှေလမ်း ငွေလမ်း ဖောက်ခဲ့သည်။ ထိုအချိန်မှစ၍ နီပေါ၌

အမေး။ ။ အရှင်ဘုရား..ဗုဒ္ဓသာသနာသည် နှစ်(၅၀၀၀)၊ ယခုကာလသည် အရိယာများစွာ ပေါ်ထွန်းနေရမည့် ကာလဟူ၍ ဘယ်သူကဆိုခဲ့ပါသလဲ၊ အဖြေပေးတော်မူပါဘုရား။

ငြိမ်းလွင်။ Mosscow




အဖြေ။ ။ ဒါနဲ့ပတ်သက်ပြီး မြတ်စွာဘုရားက အရှင်အာနန္ဒာအား “အာနန္ဒာ…မာတုဂါမများ သာသနာအတွင်း ၀င်လာတဲ့အတွက်ကြောင့် သာသနာဟာ အနှစ်ငါးရာသာ တည်လိမ့်မယ်။ (ဂရုဓံတရားရှစ်ပါး ပြဋ္ဌာန်းပေးထားတဲ့ အတွက် အနှစ်တစ်ထောင် တည်မြဲလိမ့်မယ်)လို့ စူဠ၀ါပါဠိတော်မှာ ဟောတော်မူထားပါတယ်။ မြတ်စွာ ဘုရားဟောတော်မူတဲ့ အနှစ်တစ်ထောင်ဆိုတာနဲ့စပ်ပြီး အဋ္ဌကထာဆရာများက ပဋိသမ္ဘိဒါပတ္တ ရဟန္တာတစ်ထောင်ကိုသာဆိုတယ်။ ဒါ့အပြင် သုက္ခ၀ိပဿက ရဟန္တာခေတ်ကတစ်ထောင်၊ အနာဂါမ်ခေတ်က တစ်ထောင်၊ သကဒါဂါမ်ခေတ်က တစ်ထောင်၊ သောတာပန်ခေတ်က တစ်ထောင်ရှိသေးတဲ့အတွက် စုစုပေါင်း သာသနာငါးထောင်ဆိုပြီး အဋ္ဌကထာများမှာ ဖေါ်ပြကြတဲ့အတွက် သာသနာငါးထောင်ဆိုတာ ထင်ရှားလာဟန်တူပါတယ်။

တစ်ဖန် သုတ်ပါထေယျ အဋ္ဌကထာ၊ အင်္ဂုတ္ထိုရ် အဋ္ဌကထာတို့မှာလည်း ဘုရားရှင်ဆိုလိုတဲ့ နှစ်တစ်ထောင်ဆိုတာ ပဋိသမ္ဘိဒါပတ္တခေတ် ကိုဆိုလိုကြောင်း၊ ဆဠာဘိည၊ တေ၀ိဇ္ဇ၊ သုက္ခ၀ိပဿက၊ ပါတိမောက္ခခေတ်လို့ဆိုကာ သာသနာအနှစ်ငါးထောင်ပင် ဖြစ်ကြကြောင်း အဋ္ဌကထာဆရာများက မိန့်တော်မူကြပါတယ်။ ဒါပေမယ့် မဟာဝဂ္ဂပါဠိ၊ မဟာပရိနိဗ္ဗာနသုတ်၊ သုဘဒ္ဒပရိဗ္ဗာဇကသုတ်မှာ ဘုရားရှင်က “သုဘဒ္ဒ သာသနာတော်မှာ ရဟန်းများဟာ ကောင်းမွန်စွာ နေကြမယ်(မိမိတရားထူးရပြီး ထိုတရားအား အခြားသူများအား ပြောဟောကာ အခြားသူများကလည်း တရားထူးရကြမယ်)ဆိုပါရင် လောကကြီးမှာ ရဟန္တာများ မဆိတ်သုဉ်းနိုင်ဘူး” လို့ သုဘဒ္ဒပရိဗိုဇ်အား မိန့်တော်မူထားပါတယ်။ (ဣမေစ သုဘဒ္ဒ ဘိက္ခူ သမ္မာ ၀ိဟရေယျုံ အသုညော လောက အရဟန္တေဟိ အဿတိ) ထိုစကားတော်အရ ရဟန်းတော်များ ကောင်းမွန်စွာနေကြမယ်ဆိုရင်တော့ အရိယာများ မဆိတ်သုဉ်းနိုင်ဘူး၊ ရှိနေဦးမှာပါဆိုတာပါပဲ။ တကယ်လို့ ရဟန်းတော်များ ကောင်းမွန်စွာ မနေကြဘူးဆိုရင်တော့ မရှိနိုင်ဘူးလို့ အဓိပ္ပါယ်နှစ်မျိုး ယူလို့ရပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com