HAZY LIFE



မေး။……….။တပည့်တော်ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊ရဟန်းတော်များလမ်းပေါ်ထွက်၍ဆန္ဒပြခြင်းသည်

မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။

( ကိုမြင့်သိန်း (စင်္ကာပူ))

ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။ (ရယ်သံများ)

ပက္ကာသနိယကံလုပ်တာ အခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခာပုဒ်

မဖောက်ဖျက်ရင်တော့ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ်ငြိစွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒ ကို ထုတ်ဖော်တာ

အများကိုသိအောင် လုပ်တယ်ဆိုတဲ့နေရာမှာတစ်ခုတော့မှတ်ရမယ်… Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။

Strike လုပ်တာလား Riot လား Riot ဆိုတာအကြမ်းဖက်တဲ့အဓိကရုဏ်းလုပ်တာ ဖျက်စီးတာ ဟိုဟာ

ဒီဟာတွေ

ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာကိုယ့်ဆန္ဒကို ထုတ်ဖော်ပြ တာပဲ။

ဥပမာ Hungier Strike ဆိုရင် သူ့ဟာသူ အိပ်နေတာပဲလေ အဲဒီတော့Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်း

မရှိပါဘူး။ ...

ဥပမာတစ်ခု ပြောပြရမယ် ဆိုရင် ဆန္ဒပြတယ်လို့ ခုခေတ်လို ခေါ်ရင်ခေါ်ရမှာပေါ့ ဆန္ဒထုတ်ဖော် တယ်လို့

ထုတ်ဖော်တာနဲ့ပတာဘယ်ကွဲတယ် ထင်သလဲ… (ရယ်သံများ) စကားကလည်း ယဉ်ယဉ် ကျေးကျေးလေး

သုံးတဲ့အခါ မှာ တစ်မျိုး ပေါ့နော်…

အဲဒီတော့…

ဒေဝဒတ် ပြဿနာ ပေါ်လာခါနီးမှာ ရှင်သာရိပုတ္တရာနဲ့ ရဟန်းတွေ ဟာ ရာဇဂြိုဟ် မြို့ထဲမှာ ဆန္ဒပြတယ်။

(ကြားဖူးကြလား)

(မကြားဖူးပါဘုရား)

မကြားဖူးဘူး ဆိုရင် ပြော ပြမယ်။ ဒေဝဒတ် က မြတ်စွာ ဘုရားကို ဆန့်ကျင်ပြီးတော့ သူရာဇဝတ် အမှု မကင်းတဲ့

အလုပ်တွေ ကိုလုပ်တော့မယ်ဆိုတာ ဘုရားက သိတယ်။ သိတဲ့အခါကြတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို

ဦးဆောင်ခိုင်းပြီးတော့ ပကာသနိယကံဆိုတာကို ပြုခိုင်းတယ်။ပကာသနိယရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ ဒေဝဒတ်

ရဲ့သဘောထားနဲ့ဘုရားသာသနာမှာကျန်တဲ့ရဟန်းတွေရဲ့ သဘောထားမတူ တာကိုထုတ်ဖော်ပြတာ ဒါလည်း ဆန္ဒ

ၵျပတာပါပဲ။

ဒီလိုထုတ်ဖော်တာကိုရာဇဂြိုဟ်မြို့ထဲမှာရှင်သာရိပုတ္တရာ ခေါင်းဆောင်ပြီးတော့လိုက်ပြောရတယ်။ ဒေဝဒတ်ရဲ့

သဘောထားဟာအရင်တုန်းကတစ်မျိုးအခုတစ်မျိုး ဖြစ်နေပြီ။ ဒေဝဒတ် လုပ်သမျှ ကိစ္စတွေဟာ သာသနာနဲ့

မဆိုင်ဘူး။ကျန်တဲ့ရဟန်းတွေနဲမဆိုင်ဘူး။ ဒေဝဒတ်နဲ့သာဆိုင်တယ်ဆိုတာကို ထုတ်ဖော်ကြေငြာပြီး မြို့ထဲမှာ

လှည့်လည် ပြောတာရှိတယ်။အဲဒါကိုတစ်နည်းအားဖြင့်ပြောရရင်ဒါဆန္ဒပြတာပါပဲ။

အဲဒီလို ပြသင့်တဲ့အချိန်မှာပြတာအကောင်းဘက်ကိုဦးတည်ပြီးတော့ ပြတာ၊အပြစ်ရယ်လို့ပြောစရာအကြောင်း

မရှိဘူးပေါ့။

ခုနလို Riot လိုမျိုးဆိုရင်တော့ မီးရှို့မယ်၊ ဖျက်စီးမယ်ဆိုရင် မီးရှို့တယ်ဖျက်စီးတယ်ဆိုတဲ့ အပြစ်တော့ရှိတယ်ပေါ့။

ဒါကိုRiotလို့ ခေါ်တယ်။

Strike ဆိုတာကြတော့ ကိုယ့်ဆန္ဒကိုထုတ်ဖော်တာအများသိအောင် ကြေငြာတာတော့လုပ်ရတာအဲလိုလုပ်ခြင်း

ကြောင့်မည်သည့်သိက္ခာပုဒ်နဲ့ ငြိစွန်းပါ သနည်းလို့ဆိုရင် ...

မြတ်စွာဘုရားက “ချစ်သား ရဟန်းတို့ ဆန္ဒမပြရဘူး ဆန္ဒပြရင် အာပတ်သင့်စေ”ဆိုတာမရှိဘူး အဲဒီတော့ ဥပဒေ

မရှိသည့်အတွက်ကြောင့်ဘယ်သိက္ခာပုဒ်နဲ့မှငြိစွန်းစရာမရှိဘူး။သို့သော်ငြိစွန်းနိုင်စရာဆိုလို့မြို့ထဲရွာထဲသွာရင်သင်္ကန်း

ရုံသွားရမယ်၊မျက်လွှာချပြီးသွားရမယ်ဆိုတဲ့သေက္ခိယ သိက္ခါပုဒ် မှာ လိုက်နာရမယ့် ဟာလေးတွေ ရှိတယ်။

အဲဒီအတိုင်းလိုက်နာရင်တော့ဒါဟာဆန္ဒပြတာနဲ့မဆိုင်ဘူးသွားတာလာတာနဲ့ ဆိုင်တယ်ပေါ့။ အဲဒီလိုသာရှိတယ် ဒီတော့

ဒီမေးခွန်းကအဲဒီလိုသာ မှတ်ရမယ်။

ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ

“ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ” ၏သီလဂုဏ်,သမာဓိဂုဏ်,ပညာဂုဏ် ,တို့ကို

ပူဇော်ကြည်ညိုသောအားဖြင့်,ဆရာတော်ရေးသားသည့်တရားတော်တစ်ပုဒ်ကိုပြန်လည်မျှဝေဓမ္မဒါနပြုခြင်းဖြစ်ပါသည်)

ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊

သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။

ဖေ့ဘုတ်မှ ကူးယူဖော်ပြပါသည်...။

Leave a Reply