HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်


Jonas Ko Jonas ဆိုတဲ့  ကိုးဘွဲ့ရလို့လိမ်ညာနေတဲ့ ခရစ်ယာန်ဓမ္မဆရာရဲ့ဖိုင်ကိုတင်ထားသူ ဖေ့ဘုတ်ယူဆာက  ဗုဒ္ဓဘာသာသီလရှင်နှစ်ဝါ ၀တ်ခဲ့ပြီး ခရစ်ယာန်ဘာသာသို့ပြောင်းသွားသည်ဆိုတဲ့ တိုင်းရင်းသူ Thet Mon ဆိုသူ၏ Witness ဆိုတဲ့ဖိုင်ကိုတင်ပြိး …….
  “သီလရှင် နစ်ဝါ....သင့်ဘယ်လိုထင်သလည်....ဘယ်လိုမြင်သလည်...တဲ့ အင်း ဦးဇင်းကိုရောမေးထားတော့ အမြင်ကိုတင်ပြရမှာပေါ့ …
        ပဗ္ဗဇိတ ရဟန်း (သီလရှင်)ဘာ့ကြောင့်ရဟန်းပြုခဲ့ပါသလဲ ငတ်လို့လား ဖြတ်ဖို့လား (ထမင်းငတ်လို့လား သံယောဇဉ် သံသရာ အကုသိုလ်ဖြတ်ဖို့လား )
    မိလိန္ဒပဥှာမှာတော့ ရဟန်းပြုရခြင်း၏ ရည်ရွယ်ချက်အမျိုးမျိုးရှိပုံကို ဒီလိုရှင်းထားပါတယ် --
                                 *ရဟန်းပြုရခြင်း၏ ရည်ရွယ်ချက်*
      မိလိန္ဒမင်းသည် ''အသျှင်ဘုရားနာဂသေန အသျှင်ဘုရားတို့၏ ရဟန်းအဖြစ်သည် အဘယ်အကျိုး ရှိပါသနည်း၊ အသျှင်ဘုရားတို့ တောင့်တအပ် မြတ်သော အကျိုးကား အဘယ်ပါနည်း''ဟု မေးလျှောက်၏။
    နာဂသေနမထေရ်သည် ''မင်းမြတ် ဤသံသရာဆင်းရဲသည် အဘယ်သို့သော နည်းနာ အကြောင်းဖြင့် ချုပ်ငြိမ်းရာအံ့နည်းဟု ကြံစည်၍ ရဟန်းပြုကြရကား ငါတို့၏ ရဟန်းအဖြစ်သည် ဤ ပြဆိုခဲ့သည့် အကျိုးရှိ၏၊ ထို့ပြင် ငါတို့ တောင့်တအပ် မြတ်သော အကျိုးသည် တဏှာဒိဋ္ဌိကပ်ငြိ စွဲလမ်းခြင်း မရှိမူ၍ တဏှာညွှတ်မှ လွတ်မြောက်ရခြင်းပင်တည်း''ဟု ဖြေကြားတော်မူ၏။
     အသျှင်နာဂသေန မေးလျှောက်ပါဦးအံ့ ရဟန်းအားလုံးတို့သည်ပင် ဤပြဆိုခဲ့သည့် အကျိုးငှါ ရဟန်းပြုကြပါကုန်သလောဟု မေးလျှောက်၏။
     မင်းမြတ် အချို့သောသူတို့သည် ဤပြဆိုခဲ့သည့် အကျိုးငှါ ရဟန်းပြုသည် မဟုတ်ကုန်၊ အချို့သောသူတို့သည် မင်းနှိပ်စက်ကုန်၍ ရဟန်းပြုကုန်၏၊
အချို့သောသူတို့သည် ခိုးသူနှိပ်စက်ကုန်၍ ရဟန်းပြုကုန်၏၊
အချို့သောသူတို့သည် ကြွေးမြီနှိပ်စက်ကုန်၍ ရဟန်းပြုကုန်၏၊
 အချို့သောသူတို့သည် အသက်မွေးဝမ်းကျောင်းအလို့ငှါ ရဟန်းပြုကုန်၏၊ …စသည်ဖြင့်



ဘောင်ကျဉ်းလာသည့် သာသနာ
~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံတွင် သံဃာအင်အား
လေးသိန်းကျော်ငါးသိန်းနီးပါးခန့်
ရှိသည်ဟု ခန့်မှန်းရ၏။ ထိုအထဲတွင် နှစ်သိန်းကျော်က ရဟန်းတော်များဖြစ်ပြီး ကျန်နှစ်သိန်းကျော်က ကိုရင်သာမဏေများ ဖြစ်ကြ၏။ ငါးသောင်းနီးပါးခန့်သည်
တောထွက်တောင်ပြန် ရဟန်းများသာဖြစ်ကြ၏။
သံဃာများလာသည်နှင့်အမျှ သာသနာတော်တွင် ဗရုတ်သုက္ခနိုင်လှသော ရဟန်းသံဃာများလည်း ဒုနဲ့ဒေးပင်ရှိလာလေ၏။ ဝိနည်းသိက္ခာနှင့်အညီနေထိုင်၍ စာပေပရိယတ်သင်ကြားနေကြသည့် ရဟန်းသာမဏေများမှာ ထိုဗရုတ်သုက္ခနိုင်လှသော ရဟန်းသာမဏေများကြောင့်
အရှက်ရမျက်နှာပျက်ရသည့်အဖြစ်အပျက်များ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိ၏။
အချို့သောရဟန်းဆိုးရဟန်းညစ်များကြောင့် အကျင့်သိက္ခာနှင့်ပြည့်စုံသည့် ရဟန်းသံဃာများကိုပါ ဒါယကာ ဒါယိကာမများက အထင်မြင်သေးလာကြသည်ကို ရင်နာဖွယ်တွေ့မြင်နေရလေ၏။


စာရေးသူသည် ရန်ကုန်မှ မန္တလေးသို့ မီးရထားဖြင့် ခရီးသွားစဉ် ခေတ်ပညာတတ်
ဒေါက်တာ ဆိုသူနှင့်အတူထိုင်ခဲ့ရ၏။ ခရီးသွားရင်း အချင်းချင်းမိတ်ဆက်၍ စကားလက်ဆုံကျလာ သောအခါ ခေတ်ပညာတတ် ဒေါက်တာဆိုသူဒါယကာက ရဟန်းသံဃာတော်များ၏ အားနည်းချက်များကို ရင်ဖွင့် လျှောက်ထားလေတော့၏။ စာရေးသူလည်း မျက်နှာပူပူနှင့်ပင် နားထောင်နေလိုက်ရ၏။

သူက “သံကိုသံဖျက်၍ သံချေးတက်ရကြောင်း၊ မြတ်စွာဘုရား၏သာသနာတော် ကိုလည်း သာသနာတွင်းသား ရဟန်းများပင် ဖျက်ဆီးမှာဖြစ်ကြောင်း” လျှောက်ထားခဲ့လေ၏။ မိမိက
ထိုဒေါက်တာဒကာလေးအား သာသနာတော်ကို ကြည်ညို၍ ဆည်းကပ်ကိုးကွယ်သည့်အခါ လူကိုမကြည့်ဘဲ မူကိုသာကြည့်သင့်ကြောင်း၊ လူ၏အပြုအမူသည် ဘာသာတရား၏အနှစ်သာရနှင့်
လုံးဝမသက်ဆိုင်ကြောင်း၊ မိမိတို့ကြည့်ရမည်မှာ ဘာသာတရား၏ အနှစ်သာရပိုင်းသာဖြစ်ကြောင်း၊ ထို့ကြောင့် ဗရုတ် သုက္ခနိုင်လှသော ရဟန်းသာမဏေများကြောင့် ဘာသာတရားကို

 

ဘုရားလက်ထက်တော်က ကောသလတိုင်း သာဝတ္တိပြည်၌ လူဦးရေ ၇-ကုဋေရှိသည်။ ၅-ကုဋေမှာ အရိယာဖြစ်၍ ကျန် ၂-ကုဋေမှာ ပုထုဇဉ်များဖြစ်ကြ၏ ။ သာဝတ္တိပြည် အနာထပိဏ်နှင့် ၀ိသာခါတို့သည် သာသနာကို ထောက်ပံ့ရာ၌ ထင်ရှားသူနှစ်ဦးဖြစ်သည်။

ကျောင်းဒကာကြီး အနာထပိဏ်

အနာထပိဏ်၏ ငယ်မည်မှာ သုဒတ္တဖြစ်၍ ရာဇဂြိုလ်သူ သူဌေးဝိသာလ၏ နှမ ပုညလက္ခဏာနှင့် ထိမ်းမြားခဲ့သည်။ ကာဠမည်သော သားနှင့် မဟာသုဘဒ္ဒါ ၊ စူဠသုဘဒ္ဒါ သုမနာသာသမီးသုံးယောက် ထွန်းကားခဲ့သည်။ ဘုရားရှင်သည် ဒုတိယ၀ါအဖြစ် ရာဇဂြိုလ်၌ သီတင်းသုံးတော်မူသော နှစ်မှာပင် အနာထပိဏ်သည် ရာဇဂြိုလ်သို့ အရောင်းအ၀ယ်သွားရာမှ မြတ်စွာဘုရားအား ဖူးတွေ့ရပြီး သောတာပန်အရိယာ ဖြစ်ခဲ့သည်။

သာဝတ္တိပြည်သို့ ကြွရောက် သီတင်းသုံးပါရန်လည်း ဘုရားရှင်အား ပင့်လျှောက်ခဲ့သည်။
သူဌေးကြီးသည် သာဝတ္တိပြည် ဇေတမင်းသား၏ ၁၆-ပယ် ကျယ်သော ဥယျာဉ်မြေကို ငွေ အသပြာ ၁၈-ကုဋေဖြင့်ဝယ်ယူကာ ‘ဇေတ၀န်’အမည်ဖြင့် ကျောင်းတော် ဆောက်လှူသည်။ ဂန္ဓကုဋီကျောင်းတော် အပါအ၀င်ကျောင်းပေါင်း များစွာကို အလုပ်သမား တစ်ထောင်ဖြင့် ခြောက်လ ဆောက်လုပ်ရသည်၊ ၁၈-ကုဋေကုန်ကျလေသည်။ ဇေတ ၀န်ကျောင်းတော်ကြီး ပြီးစီးသောအခါ ဘုရားရှင်ကို ပင့်ဖိတ်ပြီး ၁၈-ကုဋေအကုန်ခံ၍ ခမ်းနားစွာ ရေစက်ချပွဲ ကျင်းပလှူဒါန်းသည်၊ သံဃာတော်တစ်ထောင် နေ့စဉ်ဆွမ်းကပ်သည်။
အိမ်ရှိအမှုထမ်းအားလုံး ဥပုသ်နေ့တွင်ရှစ်ပါးသီလစောင့်ထိန်းကြရသည်။ နို့စို့ကလေး များပင် မွန်းလွဲချိန်၌ နို့မတိုက်ဘဲ ပါးစပ်ကို ရေပတ်တိုက်ပြီး စတုမဓုကိုသာ ခွံ့ကျွေးရသည်။ ၅၄-ကုဋေသော အသပြာငွေကို သာသနာတော် အတွက် လှူဒါန်းခဲ့သော သူဌေးကြီး ဖြစ်လေသည်။
အနာထပိဏ်နှင့် ၀ိသာခါကျောင်းအမကြီးတို့အိမ်၌ သံဃာတစ်ထောင်စီ သီတင်း