HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်



"အရှင်သာရိပုတ္တရာမထေရ်"
••••••••••••••••••••••••••
အရှင်သာရိပုတ္တရာ မထေရ်မြတ်မှာ တပည့်သာဝကတို့တွင် "အမြတ်ဆုံး အဂ္ဂသာဝက မထေရ်ကြီး" နှစ်ပါးအနက်
လက်ယာတော်ရံ အဂ္ဂသာဝကကြီးဖြစ်သည်၊ မြတ်စွာဘုရားမှတပါး ပညာအရာတွင် ပြိုင်ဘက်ကင်းသော မထေရ်ကြီးဖြစ်သည်။

မြတ်စွာဘုရားသည် တရားမင်း(ဓမ္မရာဇ်) ဖြစ်တော်မူ၍ အရှင်သာရိပုတ္တရာကား တရားစစ်သူကြီး(ဓမ္မသေနာပတိ)
ဖြစ်တော်မူသည်၊ မြတ်စွာဘုရား၏ အားအထားရဆုံးသော တပည့်ကြီးဖြစ်သည်၊ လူဝတ်ကြောင် ဘ၀ကပင်
လောကီဝေဒကျမ်းများနှင့် ၀ါဒရေးရာကျမ်းများ၌ ပြိုင်ဘက်မရှိ ကျွမ်းကျင်သူဖြစ်သည်၊ သာသနာတော်သို့ ၀င်ရောက်လာသောအခါ လူမျိုးစုံတို့ကို အသိဉာဏ် အလင်းရောင် ပေးဝေခဲ့သည့် သာသနာ့အာဇာနည်ကြီးတို့ကို အသိဉာဏ် အလင်းရောင် ပေးဝေခဲ့သည့် သာသနာ့အာဇာနည်ကြီး ဖြစ်ပေသည်။ ထိုအရှင်မြတ်၏ ဘ၀ဖြစ်စဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

လွန်ခဲ့သော တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလက"အရှင်သာရိပုတ္တရာ" အလောင်းလျာသည် ပုဏ္ဏားသူဌေးမျိုး၌
ပုဏ္ဏားသူဌေးမျိုး၌ "သရဒ" ဟူသော အမည်ဖြင့်လည်းကောင်း၊ "အရှင်မဟာမောဂ္ဂလ္လာန်" အလောင်းလျာသည် သူကြွယ်မျိုး၌
"သီရိဝဍ္ဎန" ဟူသော အမည်ဖြင့်လည်းကောင်း ထင်ရှားခဲ့ကြသည်။

အတူတစ်ကွ ကစားဖော် ကစားဖက် သူငယ်ချင်းများ ဖြစ်ကြသည်၊ သီရိဝဍ္ဎနမှာ လူ့လောကတွင် ပျော်ရွှင်စွာ နေထိုင်ခဲ့ သော်လည်း သရဒလုလင်မှာမူ လောကကို ငြီးငွေ့ပြီး ရသေ့ဝတ်ခဲ့သည်။ ဟိမ၀န္တာတောအရပ်၌ သမထကမ္မဋ္ဌာန်း တရားအားထုတ်၍ ဈာန်အဘိညာဉ်ရလေသည်။ တပည့် ပရိသတ်ရသေ့ပေါင်း ၇၄၀၀၀-ရှိလေသည်၊ ထိုရသေ့တို့လည်း ဈာန်အဘိညာဉ်ရရှိကြပြီး ဈာန်ချမ်းသာဖြင့် ပျော်မွေ့နေကြသည်။

ထိုအချိန်ကား "အနောမဒဿီ မြတ်စွာဘုရား" လောက၌ ပွင့်တော်မူနေချိန်ဖြစ်သည်။ တစ်နေ့သ၌ မြတ်စွာဘုရားသည် မိုးသောက်ယံအခါ သတ္တလောကကို ဉာဏ်တော်ကွန်ယက်ဖြင့်ဖြန့်ကျက် ကြည့်ရူရာတွင် သရဒရသေ့နှင့် တပည့်ရသေ့တို့ကို
မြင်တော်မူ၍ တစ်ပါးတည်း ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူသည်။

သရဒရသေ့သည် မြတ်စွာဘုရားကို လေးစားစွာ ၀တ်ပြုပူဇော်နေခိုက် တပည့်ရသေ့များ သစ်သီးရှာရာမှ ပြန်ရောက်လာကြသည်။ ထိုအချိန်မှာပင် အနောမဒဿီမြတ်စွာဘုရား၏ အဂ္ဂသာဝကဖြစ်ကြသော "နိသဘထေရ်နှင့် အနောမ မထေရ်" တို့ ဦးဆောင်သော ရဟန္တာတစ်သိန်းတို့လည်း ကြွရောက်တော် မူလာကြသည်။
သရဒရသေ့ ဦးဆောင်သော တပည့်ရသေ့တို့သည် ဘုရားအမှူးရှိသော ရဟန္တာတစ်သိန်းတို့အား
ပန်းမျိုးစုံနေရာတော်များ ခင်းကျင်း၍ ပန်းထီးကြီးများ ဆောင်းမိုးကာ သစ်သီးမျိုးစုံ ဆက်ကပ်လှူဒါန်းလျက် ခမ်းနားစွာ ပူဇော်ကြသည်။

မြတ်စွာဘုရားနှင့် ရဟန္တာတစ်သိန်းတို့သည် ခုနှစ်ရက်တိုင်တိုင် ထိုအရပ်၌ နိရောဓသမာပတ် ၀င်စားတော်မူကြပြီး သမာပတ်မှ ထကြသောအခါ အဂ္ဂသာဝက နိသဘထေရ်က ဦးစွာ တရားဟောတော်မူသည်။ ထို့နောက် မြတ်စွာဘုရား ကိုယ်တော်တိုင် တရားဟောတော်မူရာ "သရဒ" ရသေ့မှတပါး ရသေ့အားလုံးတို့ ရဟန္တာဖြစ်တော်မူကြလေသည်၊

"သရဒ" ရသေ့မှာမူ တရားဟောသော"အဂ္ဂသာဝက လက်ယာတော်ရံ နိသဘထေရ်" ကို
အားကျနေသဖြင့် တရားထူးကို မရခဲ့ပေ။ သရဒရသေ့သည် နောင်ပွင့်လတ္တံ့သော ဘုရားတစ်ဆူ၏ထံ၌ နိသဘထေရ်ကဲ့သို့ အဂ္ဂသာဝကဖြစ်ရန် ဆုပန်ခဲ့လေသည်။
အနောမဒဿီမြတ်စွာဘုရားကလည်း နောင်ပွင့်လတ္တံ့သော ဂေါတမမြတ်စွာဘုရား လက်ထက်တွင် သာရိပုတ္တရာအမည်ဖြင့် အဂ္ဂသာဝကဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူခဲ့သည်။ ဘ၀များစွာ ပါရမီများကိုဖြည့်ကျင့်လျက် သံသရာဝယ်
ကျင်လည်ခဲ့ရာ နောက်ဆုံးဘ၀သို့ ရောက်လာသည်။

အရှင်သာရိပုတ္တရာ အလောင်းလျာသည် မဂဓတိုင်း ရာဇဂြိုလ်မြို့တော်အနီး ဥပတိဿမည်သော ရွာ၌၀င်္ဂန္တပုဏ္ဏားကြီး၏ဇနီး ရူပသာရီပုဏ္ဏေးမကြီး၏ ၀မ်းဝယ် ပဋိသန္ဓေယူပြီး မွေးဖွားသောအခါ ဥပတိဿရွာ အကြီးအကဲမျိုး၏ သားဖြစ်၍ ဥပတိဿဟု အမည်မှည့်လေသည်။
ဥပတိဿသည် မိသားစု ခုနှစ်ယောက်တွင် အကြီးဆုံးသားဖြစ်သည်။ "အရှင်မဟာမောဂ္ဂလ္လာန်အလောင်းလျာ ကောလိတ" နှင့်
အလွန်ခင်မင်သော သူငယ်ချင်းများ ဖြစ်ကြသည်။

ငယ်စဉ်မှာပင် ဝေဒသုံးပုံ ပညာစုံတတ်မြောက်ကြသည်။ရွှေထမ်းစင် ၅၀၀၊ လုလင်ပေါင်း ၅၀၀စီ အခြံအရံရှိသည်၊
ရာဇဂြိုဟ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော တောင်ထိပ်သဘင်ပွဲသို့ အခြံအရံများနှင့်အတူ အမြဲတမ်းသွားလာ ကြည့်ရူပျော်ရွှင်ခဲ့ကြသည်၊ တစ်နေ့၌မူ အခြံအရံများနှင့်အတူ အမြဲတမ်းသွားလာ ကြည့်ရူပျော်ရွှင်ခဲ့ကြသည်၊ တစ်နေ့၌မူ သူငယ်ချင်းနှစ်ဦးတို့ ပွဲကြည့်ရင်း ကြည့်ရင်း သံဝေဂစိတ်များ ၀င်လာကြသည်။

“ပွဲကြည့်သူ ပွဲကသူများ အားလုံးတို့သည် အနှစ်တစ်ရာမရောက်မီ သေကြရမည်၊ မသေမီကာလအတွင်း ရရှိသောအချိန်ကို ပျော်ရွှင်ခြင်း၌ အသုံးမပြုဘဲ သေခြင်းကင်းရာ(အမတ)ကိုရှာဖွေခြင်း၌ အသုံးပြုမှ သင့်တော်ပေမည်”ဟု ကြံစည်ကြကာ သံသရာလွတ်မြောက်ရေး ရှာဖွေရန် နှစ်ဦးသဘောတူ တိုင်ပင်၍ တောထွက်ခဲ့ကြသည်။

ထိုအချိန်က ရာဇဂြိုဟ်မြို့တော်တခွင်၌ ထင်ရှားသော ဆရာကြီးမှာ သိဉ္စည်း ပရိဗိုလ်ကြီး ဖြစ်သည်။" ကောလိတနှင့် ဥပတိဿ"
တို့သည် အခြံအရံတပည့် ၅၀၀ စီနှင့်အတူ သိဉ္စည်းဆရာကြီးထံ ပရိဗိုဇ်ဝတ်ကြလေသည်။ နှစ်ရက် သုံးရင်နှင့်ပင် သိဉ္စည်းဆရာကြီး၏ အယူဝါဒကို နားလည်သွားကြသည်။ သို့ရာတွင် သိဉ္စည်းဆရာကြီး၏ အယူဝါဒ၌ သူတို့လိုချင်နေသော သေခြင်းကင်းရာတရားကို မတွေ့ကြ။ ထို့ကြောင့် သိဉ္စည်းဆရာကြီးက မိမိဂိုဏ်းကြီးကို အတူတကွ လက်တွဲဦးဆောင်ရန် လွှဲအပ်သော်လည်း လက်မခံဘဲ ဆရာရှာရန် လမ်းခွဲ၍ ထွက်ခွာခဲ့ကြသည်။ တရားထူးတွေ့က တစ်ဦးကို တစ်ဦး အသိပေးကြစတမ်းဟုလည်း ကတိက၀တ် ထားကြသည်။ တွေ့သမျှဆရာတို့လည်း သေခြင်းကင်းရာတရားကို ညွှန်ပြနိုင်သူများ မဟုတ်ကြ။

မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပို့တွဲလဆန်း ၁-ရက်နေ့လောက်တွင် "ပဉ္စ၀ဂ္ဂီငါးဦး" တွင် တစ်ဦးဖြစ်သူ အရှင်အဿဇိ မထေရ်သည် ရာဇဂြိုဟ်သို့ ရောက်လာသည်။ ဥပတိဿသည် ဆွမ်းခံကြွလာသော အရှင်အဿဇိ မထေရ်၏ တည်ငြိမ်သော ဣနြေ္ဒ၊ အသားအရေကြည်လင်မူကို တွေ့မြင်သောအခါ တရားထူးရှိသူ ဧကန်ဖြစ်ရမည်ဟု ဆုံးဖြတ်ပြီး မထေရ်နောက် လိုက်ခဲ့သည်။ အရှင်အဿဇိနှင့် တွေ့၍ တရားဟောရန် တောင်းပန်ရာ အရှင်အဿဇိ မထေရ်က ဥပတိဿပရိဗိုဇ်အား သစ္စာလေးချက် အနက်အဓိပ္ပာယ်ပြည့်ဝသော အောက်ပါဂါထာ ဓမ္မဒေသနာကို ဟောကြားတော်မူသည် -

"ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ၊
တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊
ဧ၀ံ ၀ါဒီ မဟာသမဏော။"

“ဖြစ်ပေါ်လာသမျှ သဘောတရားတို့သည် အကြောင်းတရားလျှင် အမွန်အစ ရှိကြကုန်၏။ မြတ်စွာဘုရားသည် ဖြစ်ပေါ်လာ သမျှသော သဘောတရားတို့၏ အကြောင်းကို ဟောတော်မူ၏၊ ထိုဖြစ်ပေါ်လာသမျှသော သဘောတရားတို့၏
ချုပ်ငြိမ်းရာကိုလည်း ဟောတော်မူ၏။ ကြီးမြတ်သော မြတ်စွာဘုရားသည် ဤသို့ ဟောပြလေ့ရှိတော်မူ၏”။

"ဥပတိဿ" သည် ဂါထာထက်ဝက်ကို ကြားနာရုံမျှဖြင့်ပင် " သောတာပတ္တိဖိုလ်တည်၏။ အရှင်အဿဇိ မထေရ်လည်း
မြတ်စွာဘုရား သီတင်းသုံးရာ ဝေဠုဝန်ကျောင်းတော်သို့ ကြွတော်မူလေသည်။ ကောလိတပရိဗိုဇ်သည် တည်ငြိမ်သော
ဣနြေ္ဒဖြင့် ပြန်လာသော သူငယ်ချင်းဥပတိဿကို အဝေးမှမြင်ရလျှင်ပင် တရားထူးတွေ့ခဲ့ပြီဖြစ်ကြောင်း မှန်းဆသိရှိသွားသည်။
ဥပတိဿသည် သူငယ်ချင်း ကောလိတအား မိမိ နားကြားခဲ့ရသော သစ္စာလေးပါးတရားဂါထာကို ပြန်လည်ဟောပြောရာ ကောလိတလည်း သောတာပန်တည်လေသည်။

သူငယ်ချင်းနှစ်ဦးတို့သည် သိဉ္စည်းဆရာကြီးထံသွား၍ နူတ်ဆက်ကြ၏။ မသေရာတရားကို ဟောကြားတော်မူနိုင်သော ဘုရားရှင်ထံလိုက်ခဲ့ရန်လည်း အမျိုးမျိုးဖျောင်းဖျခေါ်ဆောင်ကြသည်။“ဆရာလုပ်ပြီးမှ တပည့်မခံလိုတော့”ဟု နောက်ဆုံးအဖြေပေးကာ“လောက၌ လူမိုက်နှင့်လူလိမ္မာ ဘယ်သူကများသလဲ”ဟု မေးရာ လူမိုက်ကများကြောင်း ဖြေကြရသည်။
“သင်တို့ မစိုးရိမ်ကြနှင့်၊ လူလိမ္မာတွေ ဂေါတမဆီသွား၊ လူမိုက်တွေ ငါ့ဆီလာကြလိမ့်မည်”ဟု စကားကုန်ပြောလိုက်သည်။
ဥပတိဿ၊ ကောလိတတို့သည် အခြံအရံ ငါးရာနှင့်အတူ ပရိဗိုဇ်အရံမှ ထွက်ခဲ့ကြသည်။
သိဉ္စည်းဆရာကြီးသည် ပရိဗိုလ်အရံကြီးတခုလုံး ပရိသတ်အခြွေအရံ ကင်းဆိတ်သွားသည်ကို မြင်တွေ့ရသဖြင့် ရုတ်တရက် စိတ်နှလုံးပူပန်ကာ သွေးအန်ခြင်းဝေဒနာ ခံစားရလေသည်။ ထိုအဖြစ်အပျက်ကို မရူရက်ကြသဖြင့် တပည့် ၂၅၀တို့သည်
ပြန်လှည့်၍ ပရိဗိုဇ်ကျောင်း၌ ကျန်ရစ်ခဲ့ကြသည်၊
ဥပတိဿနှင့် ကောလိတတို့သည် တပည့် ၂၅၀ တို့နှင့်အတူ ဝေဠုဝန်ကျောင်းတော်သို့ ရောက်ရှိကြပြီးလျှင်
မြတ်စွာဘုရားအထံတော်၌ ဧဟိဘိက္ခုရဟန်းအဖြစ် ရရှိကြသည်။ မြတ်စွာဘုရားတရားဟောတော်မူလျှင် တပည့် ၂၅၀တို့သာ
ဦးစွာ ရဟန္တာဖြစ်ကြသည်။ ခေါင်းဆောင်" ဥပတိဿနှင့် ကောလိတနှစ်ဦး" မှာမူ တရားထူးမရကြသေးပေ။

မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပို့တွဲလပြည့်နေ့တွင် ရာဇဂြိုဟ်မြို့၊ သူကရခတလိုဏ်၌ အရှင်သာရိပုတ္တရာ မထေရ်၏တူ"ဒီဃနခပရိဗိုဇ်" အား ဒီဃနခ(ဝေဒနာပရိဂ္ဂဟ) သုတ်တော်ကိုဟောရာ၌ ယပ်လေးခတ်ပေးနေသော အရှင်သာရိပုတ္တရာလည်း နာကြားရ၍ ရဟန္တာဖြစ်သွားသည်။

ဒီဃနခပရိဗိုဇ်မှာမူ သောတာပန်မျှသာဖြစ်လေသည်။ ထိုနေ့မှာပင် ရာဇဂြိုဟ်မြို့ ဝေဠုဝန် ကျောင်းတော်၌ ပထမသာဝက သန္နိပါတခေါ် ဘုရားရှင်၏ တပည့်သာဝက ရဟန်းတော်ပေါင်း တစ်ထောင့်နှစ်ရာငါးကျိပ်တို့ ဆုံစည်းစုဝေး မိကြသည်၊ ပထမသာဝကသန္နိပါတ-ပထမဆုံးအကြိမ် သံဃာ့အစည်းအဝေးပွဲကြီးဟု ခေါ်တွင်၏။

ထိုသံဃာ့အစည်းအဝေးကြီးကား ဤဘုရား သာသနာတော်၌ တစ်ကြိမ်သာလျှင် ဖြစ်သည်၊ ထိုအစည်းအဝေးကြီး၏ ထူးခြားချက်ကား -

(၁) တပို့တွဲလပြည့်နေ့ဖြစ်ခြင်း

(၂) သံဃာတော် ၁၂၅၀-တို့သည် မည်သူမျှ မပင့်ဖိတ်ရဘဲ
အလိုအလျောက် ကြွရောက်လာခြင်း၊

(၃) သံဃာတော် ၁၂၅၀ လုံး ဆဠဘိည ရဟန္တာချည်း ဖြစ်ကြခြင်း၊

(၄) အားလုံးသော သံဃာတို့ ဧဟိဘိက္ခုချည်း
ဖြစ်တော်မူခြင်းတို့ ဖြစ်ကြသည်။

အင်္ဂါလေးပါးနှင့် ပြည့်စုံသော သာဝကသန္နိပါတ သံဃာ့အစည်းအဝေးပွဲကြီးတွင် "အဂ္ဂသာဝကရာထူး"
အပ်နှင်းတော်မူပြီး ရဟန်းတို့အား မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားဆုံးမ၍ သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။

မြတ်စွာဘုရားရှင်က ထိုအစည်းအဝေးကြီးတွင် ဥပတိဿအား အရှင်သာရိပုတ္တရာဟူသော အမည်ဖြင့်လည်းကောင်း၊
ကောလိတအား အရှင်မဟာမောဂ္ဂလ္လာန်ဟူသော အမည်ဖြင့်လည်းကောင်း၊ အဂ္ဂသာဝကအရာ အပ်နှင်းချီးမြှင့်တော်မူသည်။ နောင်အခါ သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်၌ “ဉာဏ်ပညာကြီးမားကြသည့် ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် သာရိပုတ္တရာသည် အတော်ဆုံး အသာလွန်ဆုံး အမြတ်ဆုံးဖြစ်ပေ၏”ဟု ပညာအရာ ဓတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူသည်။

မထေရ်မြတ်သည် ၄၄-၀ါ ကာလပတ်လုံး သတ္တ၀ါအကျိုးငှာ ကျင့်တော်မူခဲ့သည်။ မထေရ်မြတ်၏ တရားတော်တို့ကို
ပိဋကတ်စာပေတွင် များပြားစွာ မှတ်တမ်းတင်ခဲ့သည်။
ပဋိသမ္ဘိဒါမဂ်၊ မဟာနိဒ္ဒေသ၊ စူဠနိဒ္ဒေသပါဠိတော်တို့မှာ မထေရ်မြတ်ဟောကြားတော်မူသော တရားတော်များဖြစ်သည်၊

အဘိဓမ္မာဒေသနာတော် လူ့လောက၌ ထင်ရှားစွာ တည်ရှိခဲ့သည်မှာလည်း မထေရ်မြတ်၏ စွမ်းဆောင်မူကြောင့်ပင်ဖြစ်သည်၊ အဘိဓမ္မာဒေသနာတော်ကို မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူခဲ့သည်၊ လူ့ပြည်၌မူ "ရှင်သာရိပုတ္တရာ" တစ်ပါးတည်းကိုသာ နည်းရရုံ အကျဉ်းအားဖြင့် ဟောကြားခဲ့သည်။

ယခုရှိနေသော အဘိဓမ္မာတရားတော်များသည်" ရှင်သာရိပုတ္တရာ" က ၎င်း၏တပည့်များအား သင်ကြားပို့ချပေးခဲ့သော အဘိဓမ္မာတရားတော်များဖြစ်သည်၊ ဘုရားရှင်အား သာသနာအဓွန့်ရှည်ရေးအတွက် ၀ိနည်းသိက္ခာပုဒ်များ ပညတ်ရန်နှင့် ဘုရားဖြစ်တော်စဉ် ဟောကြားတော်မူရန်လည်း မထေရ်မြတ်ကပင် တောင်းပန်ခဲ့သည်။

"ဂါရ၀ နိဝါတ" အရာတွင်လည်း မထေရ်မြတ်သည် စံတင်အတုယူလောက်သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ တခါသော်
အရေးတကြီး ကိစ္စရှိသဖြင့် သင်္ကန်းကို မညီမညာဝတ်ရုံမိသော အရှင်သာရိပုတ္တရာအား သာမဏေတစ်ပါးက ညီညာစွာဝတ်ရုံသင့်ကြောင်း ပြောပြသဖြင့် သင်္ကန်းကို ညီညာစွာ ပြန်လည် ၀တ်ရုံပြီး ကိုရင်လေးရှေ့ရပ်ပြကာ သာမဏေငယ်၏ ဆုံးမမူကို ဦးထိပ်ပန်ဆင်၍ ပြုံးရွှင်ကျေနပ်စွာ လိုက်နာဖူးသည်။

အရှင်သာရိပုတ္တရာသည် တချိန်က ဟိမ၀န္တာလိုဏ်ဂူတခု၌ တံမြက်မလှည်းဘဲ သမာပတ်ဝင်စားနေမိသည့်အတွက် မြတ်စွာဘုရားဆုံးမဖူးသည်ကို တသက်လုံး စွဲမြဲစွာ နာယူခဲ့သည်။ ထိုအခါမှ စ၍ သံဃာတော်များ ဆွမ်းခံကြချိန်တွင် ကျောင်းတိုက်တခုလုံးသို့ လှည့်လည်၍ တံမြက်လှည်းခြင်း၊ ရေခပ်ဖြည့်ခြင်းစသော သေနာသန၀တ်တို့ကို ပြုတော်မူလေ့ရှိသည်။ ထိုသို့ သေနာသန၀တ်ကို ပြုပြီးမှ ဆွမ်းခံကြွတော်မူမြဲဖြစ်သည်။ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတို့ ၀တ်ကြီးဝတ်ငယ်အသွယ်သွယ်ကို မပျင်းမရိ မခိုမကပ် လိုက်နာဆောင်ရွက်ရေးအတွက်လည်း ရှေ့ဆောင်လမ်းပြခဲ့သည့် ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။

မထေရ်မြတ်သည် သာသနာ့ဘောင်တွင် အဂ္ဂသာဝကကြီးအဖြစ် အထင်ရှားဆုံး အရေးအပါဆုံး ပုဂ္ဂိုလ်ကြီးဖြစ်သည့်အားလျော်စွာ သူတပါးကျေးဇူးကို သိသည့်အရာတွင်လည်း ပြိုင်ဘက်ကင်းတော်မူ၏၊
မိမိကို ဆွမ်းတစ်ဇွန်းမျှ လောင်းလှူဖူးသော ရာဓပုဏ္ဏား၏ ကျေးဇူးကို အသိအမှတ်ပြု ကျေးဇူးတုံ့ဆပ်သောအနေဖြင့် ရာဓကို
ရဟန်းပြုပေးခဲ့သည်။ လွန်စွာဆင်းရဲနွမ်းပါး၍ ခိုကိုးရာမဲ့ ပုဏ္ဏားအိုကြီး ရာဓသည် အသက်အရွယ်ကြီးရင့်သဖြင့် ကျောင်းသို့လာကာ ရဟန်းပြုပေးပါမည့်အကြောင်း သံဃာတော်တို့အား လျှောက်ထားရာ သံဃာတော်တို့က ဥပေက္ခာပြု လျစ်လျူရူနေကြသည်။ ရှင်သာရိပုတ္တရာကျေးဇူးသိမူကြောင့် ပုဏ္ဏားအိုကြီးရာဓသည်
"ဆဠဘိည ပဋိသမ္ဘိဒါပတ္တ မဟာသာဝကကြီး" တပါး ဖြစ်ခဲ့သည်။

ထိုမှတပါး ဆရာ၏ကျေးဇူးကို သိရာ၌လည်း အရှင်သာရိပုတ္တရာမထေရ်ကြီးသည် စံတင်လောက်ပါပေသည်။
မိမိ မည်သည့်အရပ်ဒေသသို့ ရောက်နေသည်ဖြစ်စေ ရောက်ရာအရပ်၌ မိမိအား သရဏဂုံတည်အောင် အရိယာဘ၀သို့ရောက်ရှိအောင် ဟောပြခဲ့သည့် မိမိဆရာ "အရှင်အဿဇိမထေရ်" သီတင်းသုံးရာ အရပ်ဒေသဘက်သို့ ခေါင်းရင်းပြု၍ အိပ်စက်လေ့ရှိသည်။

အဂ္ဂသာဝကဧတဒဂ်ရ ပုဂ္ဂိုလ်ကြီးဖြစ်နေသော်လည်း ကျေးဇူးရှင် ငယ်ဆရာကို ဘယ်ခါမျှ မမေ့ပေ။

ဗုဒ္ဓမြတ်စွာသည် သက်တော် ၈၀၊ ၀ါတော် ၄၅-၀ါတွင် ပရိနိဗ္ဗာန် ပြုတော်မူရန် မာရ်နတ်ကို ကတိပေးပြီးနောက်
ဝါကျွတ်၍ ဇေတ၀န်ကျောင်းတော်သို့ ပြန်ကြွတော်မူသောအခါ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားထံ ပရိနိဗ္ဗာန် ပြုခွင့်ပေးပါရန် လျှောက်ထားပြီး ရဟန်းတော်များအား နောက်ဆုံး ဟောကြားခြင်းအဖြစ် တန်ခိုးပြာဋိဟာပြ၍ တရားဟောတော်မူသည်၊ မြတ်စွာဘုရားရှင်အား တရားဖြင့် နောက်ဆုံး ပူဇော်ခြင်းဖြင့် ရှိခိုးပူဇော်ပြီး ပရိသတ်ခြံရံကာ ဇေတ၀န်ကျောင်းတော်မှ ထွက်ခွာတော်မူခဲ့သည်။

မထေရ်မြတ်သည် မိမိအပါအ၀င် ရဟန္တာ ၇-ပါး၏ မိခင်ဖြစ်သော်လည်း ယခုတိုင် မိစ္ဆာအယူရှိနေသေးသည့် မိခင်ကြီးကို ချေချွတ်ဖို့ရန် မိမိဇာတိ ဥပတိဿရွာခေါ် နာလကရွာ မွေးဖွားရာတိုက်ခန်းသို့ ကြွတော်မူသည်။ တိုက်ခန်းသို့ရောက်၍ မကြာမီမှာပင် သွေးသွန်ရောဂါပြင်းစွာခံစားတော်မူ၏။ မယ်တော် ရူပသာရီပုဏ္ဏေးမကြီးသည် တိုက်ခန်းတံခါးဝကိုမှီ၍ ညိုးငယ်စွာ ရပ်တည်နေခိုက် စတုမဟာရာဇ်နတ်မင်းကြီးလေးဦးတို့သည် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် မထေရ်မြတ်အား နောက်ဆုံးဖူးမြော်ပြုစုရန် ရောက်ရှိလာကြကုန်၏။ သူနာပြုရဟန်းတို့ရှိနေသဖြင့် မထေရ်က ပြန်လွှတ်တော်မူသည်။ ထို့နောက် သိကြားမင်းသည်လည်းကောင်း၊ ထို့နောက် ဗြဟ္မာမင်းကြီးတို့သည်လည်းကောင်း အသီးသီးပြုစုရန် လာရောက်ကြလေသည်။

နတ်ဗြဟ္မာတို့ လာကြ ပြန်ကြသည်ကိုမြင်၍ မယ်တော်ပုဏ္ဏေးမကြီးသည် အံ့အားသင့်ကာ “သားဖြစ်သူပင် ဤမျှတန်ခိုးကြီး သေးလျှင် သား၏ဆရာဘုရားရှင်မှာ မည်မျှတန်ခိုးကြီးလေမည်မသိ”ဟု လည်းစဉ်းစားလျက် သားဖြစ်သူအား မေးလျှောက်လေသည်။ မထေရ်မြတ်က ဤနတ်သိကြား ဗြဟ္မာတို့သည် ငါတို့ဆရာမြတ်စွာဘုရား၏ အရံစောင့် သပိတ်ထမ်း
ထီးတော်မိုးကြသူများသာ ဖြစ်ကြောင်း ဘုရားရှင်၏ ဂုဏ်တော်ကို ထုတ်ဖော်ဟောပြလေရာ မယ်တော်ကြီးမှာ လွန်စွာအံသြကြည်နူးသွားလေသည်၊ သားမထေရ်၏ တန်ခိုးကြီးပုံ၊ မြတ်စွာဘုရား၏ ကျေးဇူးဂုဏ်တို့ကို အာရုံစိတ်မှန်းဖြင့် ၀မ်းမြောက်ကြည်ညိုနေချိန်တွင် မထေရ်မြတ်က ဗုဒ္ဓဂုဏ်ရည်တို့ကို ဆက်လက်ဟောပြသဖြင့် မယ်တော်ကြီး သောတာပန်ဖြစ်သွားသည်။

မယ်တော်ကြီးကို ချေချွတ်ပြီးနောက် သံဃာတော်တို့ကို စုဝေးကာ သြ၀ါဒပေးတော်မူပြီးလျှင် လက်ယာနံတောင်းဖြင့် လျောင်းတော်မူလျက် သမာပတ်ကိုးပါးကို ရင်ဖျားတုံ့လှည့် ၀င်စားတော်မူကာ ပရိနိဗ္ဗာန်ပြုတော်မူလေသည်။ ညီတော် "စုန္ဒ" သည် မထေရ်မြတ်၏ဓာတ်တော်များကို ရေစစ်တွင်ထည့်ကာ ဇေတ၀န်ကျောင်းတော်သို့ ပင့်ဆောင်သွားပြီး မြတ်စွာဘုရား
လက်တော်သို့ ဆက်ကပ်လေသည်။ မြတ်စွာဘုရားသည် မထေရ်မြတ်၏ ဂုဏ်ကျေးဇူးတို့ကို ဂါထာငါးရာဖြင့် ချီးကျူးတော်မူ၍ ဓာတ်တော်များကို ဋ္ဌာပနာကာ သာဝတ္ထိပြည်တွင် စေတီတော်တည်ထားစေတော်မူလေသည်။

အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး ဟောကြားကျူးရင့်တော်မူလေ့ရှိသော သြ၀ါဒတရားတော် -

မာ မေ ကဒါစိ ပါပိစ္ဆော၊ ကုသီတော ဟီန၀ီရိယော။
အပ္ပဿုတော အနာဒရော၊ ကေန လောကသ္မိ ကိံ သိယာ။

" ယုတ်မာသောအလိုရှိသော ပျင်းရိသော လုံ့လ၀ီရိယနည်းပါးသော အကြားအမြင်နည်းသော အဆုံးအမ သြ၀ါဒ၌ ရိုသေခြင်းကင်းသော ပုဂ္ဂိုလ်သည် ငါ၏အထံ၌ တရံတခါမျှ မရှိပါစေသတည်း၊ အကြောင်းကား လောက၌ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား ဆုံးမသြ၀ါဒပေးခြင်းဖြင့် အဘယ်သို့မျှ အကျိုးထူးလာနိုင်တော့မည် မဟုတ်သောကြောင့်တည်း။"

ဗဟုဿုတော စ မေဓာဝီ၊ သီလေသု သုသမာဟိတော။
စေတောသမထမနုယုတ္တော၊ အပိ မုဒ္ဓနိ တိဋ္ဌတု။

" အကြင်ပုဂ္ဂိုလ်သည် အကြားအမြင်များစွာရှိ၏၊ ပညာလည်းရှိ၏၊ စတုပါရိသုဒ္ဓိသီလတို့၌ ကောင်းစွာတည်၏၊ စိတ်ကိုကောင်းစွာထားခြင်းနှင့် စပ်ယှဉ်၏၊ ထိုသို့သောပုဂ္ဂိုလ်သည် ငါ၏ဦးထိပ်၌သောလည်း တည်ပါစေသတည်း။ "

ဂါမေ ၀ါ ယဒိ ၀ါ ရညေ၊ နိန္နေ ၀ါ ယဒိ ၀ါ ထလေ။
ယတၳ အရဟေႏၱာ ၀ိဟရႏၱိ၊ တံ ဘူမိ ရာမေဏယ်ကံ။

" ရွာ၌သော်လည်းကောင်း၊ တော၌သော်လည်းကောင်း၊ ချိုင့်ဝှမ်းရာအရပ်၌သော်လည်းကောင်း၊ မြင့်မောက်ရာအရပ်၌သော်လည်းကောင်း အကြင်အရပ်၌ ရဟန္တာအရှင်မြတ်တို့သည် သီတင်းသုံး နေထိုင်ကြကုန်၏၊ ထိုရဟန္တာအရှင်မြတ်တို့နေသော အရပ်သည် နှလုံးမွေ့လျော်ဖွယ် ရှိသည်သာလျှင်တည်း။ "
 
[ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ - ]


မှ ပြန်လည်မျှဝေပါသည်။
(စိမ့်စမ်းရေ ဆိုဒ်မှကူးယူဖော်ပြပါသည်...) 


“အရှင်မဟာမောဂ္ဂလ္လာန် မထေရ်”
•••••••••••••••••••••••••••••••••••••••••••
အရှင်မဟာမောဂ္ဂလ္လာန်သည် “လက်ဝဲတော်ရံ အဂ္ဂသာဝကမထေရ်မြတ်” ဖြစ်သည်။
မထေရ်မြတ်မှာ ဘုန်းတန်ခိုးအာနုဘော် ကြီးမားလှသဖြင့်မြတ်စွာဘုရား အားထားရသော ခေါင်းဆောင်မထေရ်ကြီး
တစ်ပါး ဖြစ်သည်။ နန္ဒောပနန္ဒာနဂါးကို မာန်စွယ်ကျိုးအောင် ဆုံးမတော်မူပြီး မြတ်စွာဘုရားထံ ခေါ်ဆောင်ခဲ့ကာ သရဏဂုံတည်စေခဲ့သည်။
နတ်ပြည်သို့ကြွ၍လည်း နတ်သားနတ်သမီးတို့၏ ဘ၀အကြောင်း လူ့ရွာ၊လူသား ဒကာ ဒကာမများအား အဖြစ်မှန်ကို ပြန်လည်ဟောပြ အားကျစေခဲ့သည်၊ ငရဲဘုံ ၊ ပြိတ္တာဘုံသို့ ကြွရောက်၍လည်း ဆင်းရဲဒုက္ခ ခံစားနေကြရသော ငရဲ ၊ပြိတ္တာတို့၏ ဘ၀ကို လူ့လောကမှ ဒကာ ဒကာမတို့အား အကုသိုလ်မူမပြုကြရန် ပြန်လည်ဟောပြတော်မူသည်။
အဂ္ဂသာဝကမထေရ်နှစ်ပါးသည်“နေနှင့်လ” ပမာ လွန်စွာ ထင်ရှားသည့် သာသနာကျက်သရေဆောင်ကြီးများ ဖြစ်ကြသည်။
အရှင်မဟာမောဂ္ဂလ္လာန်အလောင်းလျာသည် လွန်ခဲ့သော တစ်အသေင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလက “သီရိဝဍ္ဎ” ဟူသော အမည်ဖြင့် ဥစ္စာကြွယ်ဝသည့် သူကြွယ်မျိုး၌ ဖြစ်ခဲ့သည်။
အရှင်သာရိပုတ္တရာအလောင်း သရဒလုလင်နှင့် အတူတကွ ကစားဖော်ငယ်သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်၊
“အနောမဒဿီ မြတ်စွာဘုရား” ထံတော်တွင် “သရဒရသေ့” သည် လက်ယာတော်ရံ အဂ္ဂသာဝကဆုပန်ဆင်ပြီးသော အခါ သရဒရသေ့၏ တိုက်တွန်းချက်အရ ဘုရားအမှူးရှိသော သံဃာတော်တစ်သိန်းတို့အား ၇-ရက်လုံးလုံး ဆွမ်းသင်္ကန်းများလှူဒါန်းကာ “လက်ဝဲတော်ရံ အဂ္ဂသာဝကဆု”ကို ပန်ဆင်ခဲ့လေသည်။
“အနောမဒဿီ မြတ်စွာဘုရား”က “နောင်အခါ ပွင့်လတ္တံ့သော ဂေါတမမည်သော ဘုရားရှင်လက်ထက်တော်၌ “မောဂ္ဂလ္လာန်”ဟူသောအမည်ဖြင့် အဂ္ဂသာဝကမထေရ်မြတ် ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်ပေးတော်မူခဲ့ လေသည်။

အဂ္ဂသာဝက လောင်းလျာ နှစ်ဦးတို့သည် သံသရာဝယ် ပါရမီဖြည့်စဉ်ကလည်း များသောအားဖြင့် အတူတကွ
ဖြည့်ခဲ့ကြပြီး နောက်ဆုံးဘ၀၌လည်း အတူတကွ လက်တွဲခဲ့ကြသည်။
နောက်ဆုံးဘ၀၌ ရာဇဂြိုဟ်မြို့တော်အနီး ကောလိတရွာတွင် မောဂ္ဂလိအမည်ရှိသော ပုဏ္ဏေးမ၏၀မ်းဝယ် ပဋိသန္ဓေယူခဲ့သည်။
ကောလိတရွာတွင် အကြီးအကဲအမျိုး၏ သားဖြစ်သောကြောင့် “ကောလိတ” ဟု အမည်မှည့်ကြကုန်၏။ “အရှင်သာရိပုတ္တရာအလောင်း ဥပတိဿနှင့် အရှင်မဟာမောဂ္ဂလ္လာန်အလောင်း ကောလိတ” တို့သည် ဝေဒသုံးပုံ အတတ်ပညာမျိုးစုံ တို့ကို တတ်ကျွမ်းခဲ့ကြသည်။
ကောလိတလုလင်တွင် အာဇာနည်မြင်းကသော ရထားငါးရာ အဆောင်အယောင် ရှိသည်။ သူငယ်ချင်း နှစ်ယောက်တို့သည် တောင်ထိပ်ပွဲသဘင်ကို နှစ်စဉ် အတူတကွ ပျော်ရွှင်စွာကြည့်ခဲ့ကြပြီး နောက်ဆုံးနှစ်တွင် သံဝေဂတရားရရှိက သိဉ္စည်းပရိဗိုဇ် ဆရာကြီးထံ ရဟန်းပြုခဲ့ကြသည်။
နောင်အခါ အရှင်အဿဇိထံမှ နာယူခဲ့ရသော တရားဂါထာကို ဥပတိဿ ပြန်လည်ဟောပြ၍ ကောလိတလည်း သောတာပန်ဖြစ်လာသည်၊ ထို့နောက် ရာဇဂြိုဟ် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားထံ ရောက်ရှိလာကြကာ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပို့တွဲလဆန်း ၁-ရက်နေ့၌ ဧဟိ ဘိက္ခုရဟန်းဖြစ်လာသည်၊
တပို့တွဲလဆန်း ၈-ရက်နေ့တွင် မဂဓတိုင်း ကလ္လ၀ါလရွာကို အမှီပြု၍ ရဟန်းတရားအားထုတ်ကာ သာဝက ပါရမီဉာဏ်၏ အထွတ်အထိပ်သို့ ရောက်တော်မူပြီး ရဟန္တာဖြစ်တော်မူသည်။ တပို့တွဲလပြည့်၌ ကျင်းပသော
ပထမသာဝကသန္နိပါတ သံဃာ့အစည်းအဝေးကြီးတွင် “အရှင်မဟာမောဂ္ဂလ္လာန်”ဟူသော အမည်ဖြင့် လက်ဝဲတော်ရံ
အဂ္ဂသာဝကအရာ ရတော်မူသည်။
နောင်အခါ သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော် သံဃာ့အစည်းအဝေးပွဲကြီးတွင် “တန်ခိုးအရာ ပြိုင်ဘက်ကင်းသော ဣဒ္ဓိမန္တ ဧတဒဂ်ဘွဲ့”ချီးမြှင့်ခြင်းခံရသည်။
မြတ်စွာဘုရားသည် သံဃာတော်များနှင့်အတူ ဝေရဉ္ဇာမြို့၌ ၀ါဆိုတော်မူစဉ် မာရ်နတ်၏ နှောင့်ယှက်မူကြောင့်
သံဃာတော်တို့အား ဆွမ်းလောင်းလှူရန် မေ့လျော့နေကြသဖြင့် ဆွမ်းအခက်အခဲကြုံခဲ့ဖူးသည်၊ ထိုအခါ အရှင်မဟာ မောဂ္ဂလ္လာန်မထေရ်က “လက်တစ်ဖက်ကို ကမ္ဘာမြေအသွင် ဖန်ဆင်းကာ ကမ္ဘာမြေကြီးပေါ်ရှိ သတ္တ၀ါ ရေ မြေ တော ၊တောင် ၊ သမုဒ္ဒရာ မြို့ရွာ နယ်ပယ်တို့ကို ပြောင်းရွှေ့ထားပြီးမှ လက်တစ်ဖက်ဖြင့် မြေကြီး၏ အတွင်းပိုင်းကို လှန်လျောကာ မြေဆီသြဇာကိုဆောင်ယူ၍ သံဃာတော်တို့အား ဆက်ကပ်ပါမည်။” ဟု လျှောက်ထားရာ မြတ်စွာဘုရား ခွင့်ပြုတော်မမူချေ။
ဘုန်းတန်းခိုးနည်းသော ရဟန်းတို့လက်ထက်တွင် ဒကာ ၊ ဒကာမတို့ အပြစ်တင်ကာ အကုသိုလ်ဖြစ်ကြမည် စိုးသောကြောင့် ဖြစ်၏။
မြတ်စွာဘုရားသည် စာတုမမြို့ သျှိသျှားတောကျောင်း၌ သီတင်းသုံးနေစဉ် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန် တို့သည် စာတုမရွာသို့ ရဟန်းငါးရာနှင့် အတူ ဆိုက်ရောက်လာကြသည်။ အာဂန္တုရဟန်းများနှင့် အာဝါသိကရဟန်းတို့ ကျယ်လောင်ဆူညံစွာပြောဆိုနေကြသည်ကို မြတ်စွာဘုရားကြားတော်မူလျှင် “တံငါသည်တို့ ငါးလုသကဲ့သို့ ဆူညံစွာ ပြောဆိုနေကြဘိသည်” ဟု မိန့်တော်မူပြီး နှင်ထုတ်တော်မူခဲ့သည်။
စတုမမြို့သား သာကီဝင်မင်းသားများက “မြတ်စွာဘုရား - ဤရဟန်းတော်တို့သည် သာသနာတော်သို့
ဝင်ရောက်လာသည်မှာ မကြာသေးပါ၊ ရဟန်းသစ်များသာဖြစ်ကြပါသည်။
သာသနာတော်၏ အဆုံးအမကို ရရှိရန် မြတ်စွာဘုရားထံ လာရောက်ကြခြင်းဖြစ်ပါသည်။ ပေါက်သစ်စ ကောက်ပင်ငယ်သည်ရေကို မရလျှင် ပျက်စီးနိုင်သကဲ့သို့လည်းကောင်း၊နွားသားငယ်သည် ပျောက်နေသော မိခင်နွားမကြီးကို ရှာမတွေ့လျှင် အားကိုးမဲ့ကာ ပျက်စီးရာသကဲ့သို့လည်းကောင်း ၊မြတ်စွာဘုရားကို မဖူးတွေ့ကြရသည်ရှိသော် နစ်နာဆုံးရှုံး သွားနိုင်ကြပါသည်၊ သံဃာတော်များကို ပြန်လည် လက်ခံတော်မူပါ မြတ်စွာဘုရား”ဟု လျှောက်ထားကြသဖြင့်ပြန်လည် လက်ခံတော်မူသည်။
ထိုကိစ္စကို “သဟမ္ပတိဗြဟ္မာကြီး”ပင် ၀င်ရောက် တောင်းပန်ခဲ့ရလေသည်။ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန် တို့သည် ထိုရဟန်းသစ်သံဃာငါးရာကို ခေါ်ဆောင်ပြီး မြတ်စွာဘုရားထံတော်သို့ အဆုံးအမခံယူရန် ရောက်လာကြရာ မြတ်စွာဘုရားရှင်က -
“သံဃာများကို ငါဘုရားနှင်ထုတ်သောအခါ သင်သည် မည်သို့ သဘောထားသနည်း”ဟု အရှင်သာရိပုတ္တရာကို
မေးတော်မူသောအခါ မထေရ်ကြီးက “မြတ်စွာဘုရားသည် သံဃာတော်အပေါ်၌ တစုံတရာ ကြောင့်ကြ စိုက်တော် မမူတော့ဘဲ ဖလသမာပတ်ဖြင့် ချမ်းသာစွာနေတော်မူလိုသည် ဖြစ်မည်။
ငါလည်း မြတ်စွာဘုရားရှင် ကဲ့သို့ပင် ဖလသမာပတ်ဖြင့် ချမ်းသာစွာ နေတော့မည်။” ဟု အောက်မေ့ကြောင်း လျှောက်ထားသည်။
တဖန် အရှင်မောဂ္ဂလ္လာန်ကို မည်သို့သဘောထားကြောင့် မေးတော်မူရာ “မြတ်စွာဘုရားသည် သမာပတ်ချမ်းသာဖြင့်
ငြိမ်းအေးစွာစံနေတော်မူလိုဟန်ရှိသည်၊ ယခုအခါ ငါသည် အရှင်သာရိပုတ္တရာနှင့်အတူ သံဃာတော်တို့ကို
စောင့်ရှောက်ဦးဆောင်ရန် အချိန်တန်နေပြီ”ဟု သဘောထားကြောင်း လျှောက်ထားလေသည်။
မြတ်စွာဘုရားရှင်သည် အရာရာ၌ တာဝန်ကိုမရှောင်၊ဦးဆောင်သည့်စိတ်ဓာတ်များ ဖြစ်ပွားစေတော်မူလိုသဖြင့်
ဤကိစ္စ၌ အရှင်မဟာမောဂ္ဂလ္လာန် လျှောက်ထားသည်ကိုသာကောင်းချီးသာဓု ပေးတော်မူလေသည်။
တခါက “ဒေ၀ဒတ်”၏ သင်းခွဲ ဆွဲဆောင်မူနောက်သို့ လမ်းမှားစွာ လိုက်ပါသွားသော ရဟန်းတော်များကို
ပြန်လည်သိမ်းသွင်းရန် အဂ္ဂသာဝကနှစ်ပါး လိုက်ပါသွားခဲ့သည်။
အရှင်သာရိပုတ္တရာက ပညာဖြင့်စည်းရုံသကဲ့သို့ ၊ အရှင်မောဂ္ဂလ္လာန်က တန်ခိုးဖြင့်သိမ်းသွင်းကာ ညာလက်ရုံး အားထားရသူများ ပီပီ တာဝန်သိသိ လွဲမှားသူများကို ပြန်လည်သိမ်းသွင်းပြီး လမ်းမှန်ရောက်စေခဲ့သည်။
မြတ်စွာဘုရားထံသို့အရောက် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြသည်။
“အရှင်မောဂ္ဂလ္လာန်မထေရ်မြတ်”၏ နတ်ပြည်ကိုယ်တွေ့ ၊ငရဲပြည်ကိုယ်တွေ့ တရားတော်များကြောင့် လူတို့သည်
အလှူဒါန ဥပုသ်သီလ သမထ၀ိပဿနာ ကုသိုလ်ကောင်းမှုပြုလုပ်ရန် ထက်သန်လာကြသည်။ ဗုဒ္ဓသာသနာတော်ကို
ပို၍ ကိုးကွယ်ဆည်းကပ်လာကြသည်။
သာသနာတော် စည်ပင်ပြန့်ပွား ထွန်းကားတိုးတက်လာသည်နှင့်အမျှ ဘုရားအမည်ခံထားကြသော တိတ္ထိဆရာကြီး များ အဖို့ ကိုးကွယ်သူနည်းပါး လာဘ်သပ္ပကာ ရှားလာပြီး နေမင်း၏ ရောင်ဝါအောက်ဝယ် ပိုးစုန်းကြူးပမာ
မှေးမှီန်ပျောက်ကွယ်စ ပြုလာကြသည်။
ထို့ထက် အရှင်မဟာမောဂ္ဂလ္လာန်မထေရ်သည် ဒကာ ၊ဒကာမတို့ အား ငရဲပြည်အကြောင်း ဟောပြတော်မူရာ၌
မိစ္ဆာဒိဋ္ဌိအယူရှိသူများသည် မည်သို့မည်ပုံ ငရဲ၌ ဆင်းရဲကြီးစွာခံနေကြရကြောင်း ဟောကြားတော်မူ၍
အရှင်မဟာမောဂ္ဂလ္လာန် အပေါ် “တတ္ထိ” တို့သည် အညှိုးထားလာကြသည်။
သာသနာပြင်ပ ဂိုဏ်းအသီးသီးမှ တတ္ထိတို့သည် “သုန္ဒရီ ပရိဗိုဇ်မ၊ စိဉ္စမာန၀ိကာ” စသော အသိဉာဏ်နည်းသည့်
မိန်းမသားများကိုပင် အသုံးပြု၍ ဘုရားရှင်၏ ဂုဏ်သရေကို ဖျက်ဆီးရုံမျှမက တန်ခိုးကြီးသည့်အရာတွင် နာမည်ကျော်လှသည့် အရှင်မောဂ္ဂလ္လာန်ကဲ့သို့သော ပုဂ္ဂိုလ်မြတ်ကြီးကိုပင်လျှင် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်လာကြသည်။
ထိုအကြံအစည်ထမြောက်ရန် မထေရ်မြတ်၏ အတိတ်ကံကလည်း ဖန်လာခဲ့သည်။
အရှင်မောဂ္ဂလ္လာန်သည် သံသရာကျင်လည်စဉ် ဘ၀တစ်ခုကမယားမိုက်၏ စကားကို နားထောင်ကာ ကျေးဇူးကြီးလှ
မိနှင်ဘတို့ကို သူခိုးဓားပြယောင်ဆောင်၍ ရိုက်နှက်ခဲ့ဖူးသည်။ ထိုအကုသိုလ်ကံက အကျိုးပေးရန် အခွင့်ရောက်လာ၍
တန်ခိုးအရာ ပြိုင်ဘက်ကင်းသူဖြစ်သော်လည်း ရှေးကြမ္မာဝဋ်ကား မလွတ်သာခဲ့ချေ၊ “၀ဋ်မှာအမြဲ ငရဲမှာအပ” ဟူသော
ဆိုရိုးစကားအရ ငရဲကို အရိယာမဂ်ဖြင့် ပယ်ဖျောက်နိုင်သော်လည်း အတိတ်ဘ၀ ၀ဋ်ကြွေးကိုမူ ရှောင်လွဲ၍မရ၊ ပြန်လည်ပေးဆပ်ရသည်။
တိတ္ထိတို့၏ ငွေကြေးပေး ခိုင်းစေမူကြောင့် ခိုးသားငါးရာတို့သည် အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးကို
ရိုက်နှက်သတ်ဖြတ်ရန် ချောင်းမြောင်းနေကြသည်၊ ပထမအကြိမ် ၊ ဒုတိယအကြိမ် နှစ်ကြိမ်တိုင်တိုင် ဈာန်တန်ခိုးဖြင့်
ကောင်းကင်ပျံကာ ရှောင်တိမ်းနိုင်သော်လည်း ၊ တတိယအကြိမ်မှာမူ ၀ဋ်ကြွေးကြုံလာပြီဖြစ်သဖြင့် အတောင်ကျိုးသော ငှက်ငယ်ပမာ ဈာန်အစွမ်း မပြနိုင်တော့ဘဲ ကံတရား၏ စီမံမှုကို ခံရလေတော့သည်။
အရှင်မောဂ္ဂလ္လာန်မထေရ်မြတ်ကြီး၏ ဘ၀ဖြစ်စဉ်တော်က ကံတန်ခိုး ၊ ဈာန်တန်ခိုးနှင့် ဉာဏ်တန်ခိုးတို့ကို
ချိန်ထိုးညွှန်ပြတော်မူခဲ့လေပြီ။
ခိုးသားငါးရာတို့ စိတ်တိုင်းကျ ထောင်းထုသဖြင့် ဖွဲအိပ်ပမာ ညက်ညက်ကြေနေသော ခန္ဓာကိုယ်ကို မထေရ်မြတ်သည်
သမာပတ်တန်ခိုးဖြင့် ပြန်လည်ထိန်းပြီး မြတ်စွာဘုရားထံအရောက် ကြွတော်မူခဲ့သည်။ မြတ်စွာဘုရားအား ရှိခိုးပြီး ၊ပရိနိဗ္ဗာန်ပြုခွင့်တောင်းလေရာပရိနိဗ္ဗာန်မပြုမီ ဘုရားရှင်၏ တိုက်တွန်းတော်မူချက်အရ ရဟန်းသံဃာများကို တန်ခိုးအမျိုးမျိုးပြကာ တရားဟောတော်မူရသည်။
မြတ်စွာဘုရားကို နောက်ဆုံး ရှိခိုးခြင်းဖြင့် ရှိခိုးပြီး ဇေတ၀န်ကျောင်းတော်မှထွက်ကာ၊ရာဇဂြိုဟ်မြို့တော်
ဣသိဂိလိတောင်ယံ ကာဠသိလာကျောက်ဖျာထက်၌ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့၌
ပရိနိဗ္ဗာန်ပြုတော်မူသွားလေသည်။
မြတ်စွာဘုရားနှင့် သံဃာတော်တို့သည် ရာဇဂြိုဟ်သို့ကြွလေတော်မူကြပြီး အရှင်မြတ်၏ ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ်တော်မူကာ ဓာတ်တော်များကို “ဝေဠုဝန်ကျောင်းတော် တံခါးမုခ်အနီး” ၌ ဓာတုစေတီ တည်ထားစေတော်မူလေသည်။
အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်ကြီး ကျူးရင့် ဟောကြားတော်မူလေ့ရှိသော သြ၀ါဒတရားတော် -
ယေ စ ပဿန္တိ သင်္ခါရေ၊ ပရတော နော စ အတ္တတော။ပစ္စဗျာဓိံသု နိပုဏံ၊ ၀ါလဂ္ဂံ ဥသုနာ ယထာ။
ရုပ် ဝေဒနာ သညာ သင်္ခါရ ၀ိညာဏ်ဟူသော ခန္ဓာငါးပါးတို့ကို “အနှစ်သာရရှိ၏၊ အလိုသို့လိုက်ပါ၏၊ အစိုးရ၏(အတ္တ)”ဟု မရှုမြင်ဘဲ ထိုခန္ဓာငါးပါးတို့သည် အနှစ်သာရမရှိ၊ အလိုသို့မလိုက်၊ အစိုးမရ(အနတ္တ)ဟု ရူမြင်သော ပုဂ္ဂိုလ်သည် အစိတ်တစ်ရာစိတ်၍ ထားအပ်သော သာမြီးဖျား၏ တစ်စိတ်မျှကိုပင် မြားဖြင့် မှန်အောင် ပစ်နိုင်စွမ်းရှိသူကဲ့သို့ အလွန်သိမ်မွေ့သော အနက် အဓိပ္ပာယ် သဘောတရားကို ထိုးထွင်း၍ သိနိုင်ပေ၏။
နယိဒံ သိထိလမာရဗ္ဘ၊ နယိဒံ အပ္ပေန ထာမသာ။နိဗ္ဗာန မဓိဂန္တဗ္ဗံ၊ သဗ္ဗဂန္ထပမောစနံ။
အလုံးစုံသော ဂန္ထတရားတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်ကို ပေါ့ပေါ့ လျော့လျော့ အားထုတ်ရုံမျှဖြင့်
မရရှိနိုင်၊ နိဗ္ဗာန်ကို အနည်းငယ်မျှသော ၀ီရိယအစွမ်းဖြင့် မရရှိနိုင်။
န ဝေ အဂ္ဂိ စေတယတိ၊ အဟံ ဗာလံ ဍဟာမီတိ။
ဗာလောဝ ဇလိတံ အဂ္ဂိံ၊ အာသဇ္ဇ နံ ပဍယှတိ။
မီးသည် “လူမိုက်ကို ပူလောင်စေအံ့”ဟု လုံ့လမပြုပေ။
အလျှံတပြောင်ပြောင် တောက်လောင်သော မီးကို
လူမိုက်ကိုယ်တိုင်က ကိုင်တွယ်ထိတွေ့ခြင်းကြောင့်သာ ပူလောင်စေ၏။

[ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန
ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ - ]




မှ ပြန်လည်မျှဝေပါသည်။


(စိမ့်စမ်းရေ ဆိုဒ်မှ ကူးယူဖော်ပြပါသည်...) 

 

(ဒီပိုစ့်ကို အထူးအားဖြင့် အိမ်ထောင်ရှင်မ ကျွန်တော့်ချစ်ဇနီး ယဉ်မင်း အတွက်တင်ပြခြင်းဖြစ်ပါတယ်... ကျွန်တော်လောဘမကြီးပါဘူး အခုအခြေအနေလေးဟာဖြင့် ကျောင်းအမ၀ိသာခါရဲ့မိဘတွေမှာလိုက်တဲ့ စကား ၁၀ ခွန်းလုံးနဲ့ မကိုက်ညီပေမဲ့ အရေးကြီးတဲ့အချက်တွေဟာ ပြည့်စုံနေပါပြီ ချစ်ဇနီး ကိုကျေးဇူးတင်ပါတယ်...)

အိမ်ထောင်ရှင်မ ဖြစ်တော့မည့် ၀ိသာခါကို သူ့မိဘများ မှာကြားလိုက်သော စကား(၁၀)ခွန်း...

၁) အိမ်တွင်းမီး အပြင်မထုတ်ရ
၂) အိမ်ပြင်မီး အတွင်းမသွင်းရ
၃) ပြန်ပေးမည့်သူကိုသာပေး။
၎) ပြန် မပေးမဲ့သူကို မပေးနဲ့။
၅) ပေးသင့်သူကိုလည်း ပေး။
၆) ချမ်းသာစွာထိုင်။
၇) ချမ်းသာစွာ စား။
၈) ချမ်းသာစွာ အိပ်။
၉) မီးကို ရိုသေစွာလုပ်ကျွေး။
၁၀) အိမ်တွင်းနတ်ကို ရှိခိုးပူဇော်။
တို့ဖြစ်ပါသည်။

၁) အိမ်တွင်းမီး အပြင်မထုတ်ရဆိုတာ..
အိမ်တွင်းမှာရှိတဲ့ အိမ်တွင်းရေးပြဿနာ
ကိစ္စအဝဝကို အပြင်
ဖောက်သည်မချနဲ့ဆိုလိုတာပါ။

၂) အိမ်ပြင်မီး အတွင်းမသွင်းရဆိုတာ…
ပြင်ပမှာဖြစ်လာတဲ့ ပြဿနာတွေကိုလည်း
အိမ်တွင်းသည်မလာနဲ့ လို့ဆိုလိုတာပါ။

၃) ပြန်ပေးမယ့်သူကို ပေးဆိုတာ..
ချေးငှားတဲ့အခါ ပြန်တောင်းရမည့်
သူကိုသာ ချေးငှားလို့ဆိုတာပါ။

၎) ပြန်မပေးမယ့်သူကို မပေးနဲ့ဆိုတာ…
ပစ္စည်းဥစ္စာချေးငှားတဲ့အခါ
ပြန်တောင်းရမ်းလို့မရမည့်သူကို
မချေးငှားနဲ့လို့ ဆိုလိုတာပါ။

၅) ပေးသင့်သည်ဖြစ်စေ၊
မပေးသင့်သည်ဖြစ်စေ ပေးပါဆိုတာက…
မိမိဆွေမျိုးအသိုင်းအဝိုင်းထဲမှာ..
ဘဝပေးအရ မပြည့်စုံတဲ့သူတွေကိုတော့
ဘာမှမျှော်လင့်တောင့်တမနေပဲ
ထောက်ပံ့လိုက်ပါဟု ဆိုလိုတာပါ။

၆) ချမ်းသာစွာထိုင်ပါဆိုတာ..
မိမိလင်ယောက်ျား၊ယောက္ခမတွေရဲ့
အထက်အရပ်၊လေညာအရပ်စသော
မပြစ်မလွတ်သောနေမှာ မထိုင်ဘဲ
အပြစ်ကင်းသောနေရာမှာ
ထိုင်လို့ပြောတာပါ။

၇) ချမ်းသာစွာစားပါဆိုတာ…
မိဘ၊ ယောက္ခမ၊ခင်ပွန်းတို့ကို
ရှေးဦးစွားကျွးပြီး နောက်မှစားပါလို့
ပြောတာပါ။

၈) ချမ်းသာစွာအိပ်ပါဆိုတာ..
မိဘ၊ ယောက္ခမ၊ လင်ယောက်ျားတို့ ကို
သင့်တင့်သော ဝေယျာဝစ္စပြုပြီးမှာ
အိပ်ပါလို့ပြောတာပါ။

၉)မီးကိုရိုသေစွာလုပ်ကျွေးဆိုတာ..
ယောက္ခမတွေကို ကောင်းစွာ
စောင့်ရှောက်လို့ပြောတာပါ။

၁၀) အိမ်ဦးနတ်ကိုရိုသေဆိုတာ..
မိမိလင်ယောက်ျားကို အိမ်ဦးနတ်ကဲ့သို့
ဆက်ဆံရမယ် လို့ ဆိုလိုတာပါ...

မြန်မာပြည်မှမြန်မာလူမျိုး ဖေ့ဘုတ်မှ ကူးယူဖော်ပြပါသည်...။



ပို့ စ်တင်ရခြင်း၏ ရည်ရွယ်ချက် >>>>

ဗုဒ္ဓဘာသာကျမ်းတွင်ရှိသော ဘုရားဟော မြင့်မိုရ်တောင်ကို ဘာသာခြားသူငယ်ချင်းများက
သိချင်နေ၍ တင်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် ရှင်းပြချက်မှာ ဘာသာခြားများ
သာမန်သိမြင်နိုင်တဲ့ပုံစံဖြင့်သာ ရှင်းပြပေးထားခြင်းဖြစ်ပါတယ်။



ဖွင့်ဆိုချက် >>>>

မြင့်မိုရ်တောင်ဟာ ဘယ်နားမှာရှိလဲဆိုတာကို ဖြေဆိုဖို့ အတွက်အရင်ဆုံး
ကျမ်းညွန်းကိုပြောဆိုပေးပါ့မယ်။
ဗုဒ္ဓမြတ်စွာ ဒေသနာတွင် ကမ္ဘာဦး (လောကဓါတ် အစပြုရာ) အကြောင်းကို


► သုတ္တန်ပိဋကတ် ဒီဃနိကာယ် ပါထိက၀ဂ် အဂ္ဂညသုတ်မှာ ဗုဒ္ဓဘုရားရှင်
ဟောတော်မူထားသည်ဖြစ်ရာ ထိုသုတ္တန်ကို ပါဠိနှင့်တကွ လေ့လာမှပိုသိမြင်ပါလိမ်မယ်။
http://myanmarsutta.net/%E1%80%92%E1%80%AE%E1%80%83%E1%80%94%E1%80%AD%E1%80%80%E1%80%AC%E1%80%9A%E1%80%B9/%E1%80%92%E1%80%94-%E1%81%82%E1%81%87-%E1%80%A1%E1%80%82%E1%81%A2%E1%80%8A%E1%80%9E%E1%80%AF%E1%80%90%E1%80%B9/
မြတ်စွာဘုရားဟောတော်မူသည်မှာ -
http://www.tipitaka.org/mymr/
.
(ပါဠိမူရင်း)
========
‘‘ဟောတိ ခေါ သော, ဝါသေဋ္ဌ, သမယော ယံ ကဒါစိ ကရဟစိ ဒီဃဿ အဒ္ဓုနော အစ္စယေန အယံ လောကော ဝိဝဋ္ဋတိ။ ဝိဝဋ္ဋမာနေ လောကေ ယေဘုယျေန သတ္တာ အာဘဿရကာယာ စဝိတွာ ဣတ္ထတ္တံ အာဂစ္ဆန္တိ။ တေဓ ဟောန္တိ မနောမယာ ပီတိဘက္ခာ သယံပဘာ အန္တလိက္ခစရာ သုဘဋ္ဌာယိနော စိရံ ဒီဃမဒ္ဓါနံ တိဋ္ဌန္တိ။ (အဂ္ဂည ၁၁၉)


(မြန်မာပြန်အနက်)
============
" ကာလကြာရှည်သော် လောကဓါတ်သည်ပျက်၏။ ထိုအခါ သတ္တ၀ါတို့သည် အများအားဖြင့် အာဘဿရဘုံ၌ ဖြစ်ကုန်၏။ ကာလကြာသော် လောကဓါတ်တည်ပြန်၏။ ထိုအခါ သတ္တ၀ါတို့သည် အာဘဿရဘုံမှ စုတေ၍ ဤလောကဓါတ်အသစ်သို့ ရောက်လာကြ၏။ " ဆိုပြီး ဗုဒ္ဓမြတ်စွာဘု၇ားရှင်က ဟောကြားတော်မူခဲ့ပါတယ်။
.
ဒီနေရာမှာပြောလိုတာက အာဘဿရဘုံမှ စုတေလာသော သူများကို
' ရှေးဟောင်းလူသား မူလ မနုဿာ/ ပေါရာဏ မနုဿာ' ဟုဟောတော်မမူပဲ 'သတ္တာ / သတ္တဿ' ဟူ၍ ယေဘူယျသဘောအားဖြင့် 'ထင်ရှားဖြစ်လာသော သက်ရှိ' ဟုသာ ဘုရားရှင်က ဟောပြောထားတာကို တွေ့ ရပါတယ်။
.
ကမ္ဘာဦးအစ လောကဓာတ်အစကို ဟောကြားတဲ့နေရာမှာ နေလနက္ခတ်များမရှိ၊ ထိုသူများတောင့်တမှသာ ဖြစ်လာသည် ဟူသော မိန့်ကြားချက် ကို ဘာသာခြားများက ရီစရာတစ်ခုဆိုပြီး ပြောနေတာကိုတွေ့ နေရပါတယ်။ အမှန်မှာ ထိုသို့ နေလနက္ခတ်များ မရှိကြောင်း ဗုဒ္ဓက မိန့်ကြားချက် တစ်ချက်ပင်မရှိဘူးဆိုတာကို ပါဠိနဲ့ တကွ သက်သေပြပေးမှ သဘောပေါက်မှာဖြစ်ပါတယ်။
.
ဆက်လက်ပြီး မြတ်စွာဘုရားဟောတော်မူသည်မှာ-
http://www.tipitaka.org/mymr/
(ပါဠိမူရင်း)
========
‘‘ဧကောဒကီဘူတံ ခေါ ပန, ဝါသေဋ္ဌ, တေန သမယေန ဟောတိ အန္ဓကာရော အန္ဓကာရတိမိသာ။ န စန္ဒိမသူရိယာ ပညာယန္တိ, န နက္ခတ္တာနိ တာရကရူပါနိ ပညာယန္တိ, န ရတ္တိန္ဒိဝါ ပညာယန္တိ, န မာသဍ္ဎမာသာ ပညာယန္တိ, န ဥတုသံဝစ္ဆရာ ပညာယန္တိ, န ဣတ္ထိပုမာ ပညာယန္တိ, သတ္တာ သတ္တာတွေဝ သင်္ချံ ဂစ္ဆန္တိ။ '' (အဂ္ဂည ၁၂၀)
.
(မြန်မာပြန်အနက်)
============
'ထို (ကမ္ဘာဦး) အခါ၌ ရေပြင်ကျယ်ကြီးသာရှိ၏။ မမြင်နိုင်လောက်အောင် မှောင်၏။ အလွန်မှောင်၏။ လနေတို့သည် ထင်ထင်ရှားရှားမရှိ။ ' စသည်ဖြင့်သာ ဟောထားပါတယ်။
'န စန္ဒိမသူရိယာ ပညာယန္တိ = စန္ဒိမသူရိယာ၊ လနေ တို့သည်။ န ပညာယန္တိ၊ ထင်ထင်ရှားရှားမရှိ။' ဟူသော ဗုဒ္ဓ၀စနသည် ' နတ္ထိ စန္ဒိမသူရိယာ၊ လနေ တို့ လုံးဝမရှိ' ဟူသော စကားနှင့် လားလားမျှ တူညီခြင်းမရှိပါဘူး။ ထို့အတူ 'သတ္တာ သတ္တာတွေဝ သင်္ချံ ဂစ္ဆန္တိ၊ သက်ရှိတို့သည် သက်ရှိဟု ခေါ်ဝေါ်ရေတွက်ခြင်းသို့ သာ ရောက်ကုန်၏ လို့ သာဟောပါတယ်။
.
အဓိပါယ်ရှင်းလင်းချက် >>>>
န = အထင်အရှားမရှိ၊ ထင်ထင်ရှားရှားမရှိ
နတ္ထိ = မရှိ၊ လုံးဝမရှိ
ပါဠိတော်တွင်ပါရှိသော စကားမှာ ( န စန္ဒိမသူရိယာ ပညာယန္တိ ) ဖြစ်ပါတယ်။
( နတ္ထိ စန္ဒိမသူရိယာ ပညာယန္တိ ) ဟုဖော်ပြခြင်းလုံးဝ မဟုတ်ပါဘူး။
( ဘာသာခြားများက စကားကပ်ပြီး စကားနိုင်လုခြင်းအတွက် ဖြေရှင်းပြထားပါတယ် )
.
ဆက်လက်ပြီးရှင်းပြလိုတာက >>>
လောကဓါတု(ပါဠိလို) = လောဓာတ်(မြန်မာလို) = (စကြာဝဠာတစ်ခု)သိပ္ပံအခေါ်
တို့ ပဲဖြစ်ပါတယ်။
လောဓာတ်တစ်ခုမှာ မြင့်မိုရ်တောင်၁ခု၊ တောင်စဉ်ခုနှစ်လုံး၊ ကျွန်းကြီး၎ကျွန်း နဲ့ 
နေ ၊ လ တို့ ပါဝင်ပြီး ကျွန်းငယ်ပေါင်းများစွာ ရှိကြပါတယ်။
မြင့်မိုရ်တောင်ဟာ လောကဓာတ်တစ်ခု အလယ်ဗဟိုမှာရှိခြင်းဖြစ်ပါတယ်။
ဆိုလိုသည်မှာ စကြာဝဠာတစ်ခုအလယ်ဗဟိုကို မြင့်မိုရ်တောင်ဟု ခေါ်ဆိုတာပါ။
ဘာသာခြားများက ကမ္ဘာထဲမှာရှိတယ်လို့ ထင်နေကြတယ်။

မြင့်မိုရ်တောင်ထိပ်သည် တာဝတိံသာနတ်တို့ ၏ နေထိုင်ရာဘုံဌာနဖြစ်ပါတယ်။
မြင့်မို၇်တောင်အလယ်ပိုင်းမှအောက်အထိသည် စတုမဟာရာဇ်နတ်တို့ နေထိုင်ရာ
ဘုံဌာနဖြစ်ပြီး၊ အောက်ခြေမှာ အသူရကာယ်နတ်များ၊ ဘီလူများ၊ နဂါးများနေထိုင်ပါတယ်။
ဒါကြောင့် မြင့်မိုရ်တောင်ကို သာမာန်လူသားများ ဘယ်လိုမှမြင်တွေ့ နိုင်မှာမဟုတ်ပါဘူး။
အကြောင်းကတော့ နတ်ခန္ဓာကိုယ်များသည် လူ့ ခန္ဓာကိုယ်ထက်အလွန်သိမ်မွေ့ သော
ပရမာအဏုမြူများဖြင့် ဖွဲ့ စည်းထားသော ရုပ်တရားများဖြစ်သောကြောင့် မမြင်တွေ့ ရခြင်းပဲ
ဖြစ်ပါတယ်။ ထိုထက်ပိုပြီးသိမ်မွေ့ သော ခန္ဓာကိုယ်များမှာ ဗြဟ္မာများဖြစ်ကြပါတယ်။
နတ်၊ ဗြဟ္မာများကို သာမာန်လူသားများ ဘယ်နည်းနဲ့ မှမြင်တွေ့ နိုင်ခြင်းမရှိပါဘူး။
သမထတန်ခိုး၊ ဈဉ်အဘိညာဉ်တန်ခိုးဖြစ်သော ဒိဗ္ဗစက္ကုဖြင့်သာ မြင်တွေ့ နိုင်မှာဖြစ်ပါတယ်။
.
ဥပမာ ၁) ( မိုက်ခရိုစကုတ် ဥပမာ )
======================
အလွန်ကြည်လင်သော ဖန်ခွက်ထဲရှိ ရေကို ဘာမှမရှိ၍ ကျွန်တော်တို့ သာမာန်လူတွေကအားရပါးရ မျိုချသောက်သုံးနေခြင်း ဖြစ်ပါတယ်။
အကယ်၍ မိုခရိုစကုတ်ကို ပိုင်ဆိုင်သော လူတစ်ယောက်က ထိုကြည်လင်နေသော ရေထဲကို ကြည့်လိုက်မယ်ဆိုရင် ပိုးမွှားပေါင်း သိန်း သန်း ကုဋေ ကုဋာ မက လှုပ်ရှားသွားလာနေကြ သည်ကို မြင်တွေ့ နိုင်မှာပဲ ဖြစ်ပါတယ်။
ဒါကို သာမာန်လူက သူ့ ၏ပကတိ မျက်စိဖြင့် မမြင်တွေ့ နိုင်တိုင်းထိုဖန်ခွက်ထဲ၌ ရှိသောရေထဲတွင် ဘာမှမရှိဘူးဆိုပြီး ငြင်းဆိုနေမယ် ဆိုပါလျှင် ငြင်းဆိုနေသူသာ မှားယွင်းနေပါလိမ့်မယ်။
မိမိကိုယ်တိုင် မြင်တွေ့ ချင်ပါလျှင် မိမိကိုယ်တိုင် မိုက်ခရိုစကုတ် ကို ရရှိအောင် ကြိုးစားမှ မှန်ပါလိမ့်မယ်။
.
ဥပမာ ၂) ( အဝေးကြည့်မှန်ပြောင်း ဥပမာ )
============================
နှင်းဆီပန်း တစ်ပွင့်ကို ၁၀ ပေ အကွာတွင် ထားပါက ။
လူတို့ မျက်စိဖြင့် မြင်နိုင်စွမ်း ရှိကြပါတယ်။
သို့ သော် ထိုနှင်းဆီပန်းကိုပဲ မိုင်ထောင်ချီဝေးကွာလှတဲ့နေရာမှာ ထားလိုက်မယ်ဆိုရင် သာမာန်လူတို့ ၏ ပကတိမျက်စိဖြင့် မြင်နိုင်စွမ်း မရှိတော့ပါ။ ထိုသို့ မမြင်နိုင်သော်လည်း မိုင်ထောင်ချီဝေးကွာသောအရပ်တွင် ထိုနှင်းဆီပန်းပွင့်သည် တည်ရှိနေခြင်းသာ ဖြစ်ပါတယ်။ ထိုနှင်းဆီပန်းပွင့်ကို မိုင်ထောင်ချီဝေးတဲ့ အဝေးကြည့်မှန်ပြောင်း၊ လကမ္ဘာသို့ ကြည့်ရှု့ နိုင်သော သိပ္ပံမှန်ပြောင်းထို့ ဖြင့် ကြည့်ရှု့ မည်ဆိုပါက အထင်းသားတွေ့ မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ မိမိမျက်စိဖြင့် မမြင်နိုင်တိုင်း မရှိဘူးဆိုပြီး ငြင်းဆို၍မရနိုင်ပါဘူး။ အကြောင်းကတော့
မိမိကိုယ်တိုင် မြင်တွေ့ ချင်ရင် မိမိကိုယ်တိုင် ထိုမြင်နိုင်သော အရာကို ပိုင်ဆိုင်ရရှိအောင် လုပ်ဆောင်ခြင်းမှ တပါး အခြားမရှိနိုင်ပါလို့ ပဲ ပြောလိုပါတယ်။
.
ဥပမာ ၃) ဒေးဗစ်ကော်ပါဖီးလ် ( David Copperfield )
==================================
http://en.wikipedia.org/wiki/David_Copperfield_%28illusionist%29
သာမာန်လူသားတစ်ယောက်ဖြစ်တဲ့ David Copperfield တောင်မှ
လူမြင်ကွင်းနေရာများတွင် တကယ့် မီးရထား၊ တကယ့် လေယာဉ်ပျံ၊ တကယ့်သင်္ဘော၊
လေဘာတီရုပ်တုကြီး နဲ့ အရာဝတ္ထုများကို ဖျောက်ပြနိုင်ခဲ့ရင်
သာမာန်လူတစ်ယောက်ထက် စိတ်တန်ခိုး၊ ကံစွမ်းသတ္တိပြည့်ဝသော နတ်၊ သိကြားများက
၎င်းတို့ နေထိုင်ရာ မြင့်မိုရ်တောင်လောက်ကို ဖျောက်ထားခြင်းမှာ ခက်ခဲသောအလုပ်မဟုတ်
ဆိုတာကို ကောင်းကောင်းသဘောပေါက်မယ်ဆိုရင် ဘာသာခြားများသိမြင်နိုင်ပါလိမ့်မယ်။
.
ဥပမာ ၄) မားစ်ဂြိုလ်
========== ===
ကမ္ဘာနှင့်အနီးဆုံးဖြစ်သော မားစ်ဂြိုလ်ကိုတောင် သိပ္ပံမှန်ပြောင်းဖြင့်ကြည့်မှ
မြင်နိုင်တာကိုတွေ့ ရပါတယ်။ ကမ္ဘာပေါ်မှာနေကြသော သာမန်လူသားများက
မင်တွေ့ နိုင်ပါ့မလား။ သေချာစဉ်းစားစေချင်ပါတယ်။ ကမ္ဘာနဲ့ အနီးဆုံး
မားစ်ဂြိုလ်ကိုတောင် မြင်နိုင်စွမ်းမရှိရင် လောကဓာတ်တစ်ခုအလယ်၊ စကြာဝဠာ
တစ်ခုရဲ့ အလယ်ဗဟိုမှာတည်ရှိသော မြင့်မိုရ်တောင်မြင်တွေ့ ချင်တယ်လို့ ပြောနေသော
ဘာသာခြားများသည် မဖြစ်နိုင်သောအတွေးအခေါ်များကို တွေးခေါ်ပြီးစိတ်ကူးယာဉ်နေခြင်း
သာဖြစ်ပါတော့တယ်။
.
ဒီနေရာမှာ ကျွန်တော့်အနေဖြင့် တစ်ခုပြောကြားလိုတာက အစ္စလာမ်ဘာသာဝင်
မွတ်စလင်များက မြင့်မိုရ်တောင်၊ ငရဲ ၈ ထပ်၊ နတ်ပြည် ၆ ဘုံ၊ ဗြဟ္မာ့ဘုံ ၂၀ တို့ ကို
သူတို့ မျက်စိဖြင့် မမြင်မတွေ့ နိုင်တိုင်း မရှိကြဘူးဆိုပြီး ငြင်းဆိုနေ ကြခြင်းပဲ ဖြစ်ပါတယ်။ ဘာသာခြားများအပါအ၀င် သာမာန်လူသားများဟာ ပကတိမျက်စိများသာ ရှိကြပါတယ်။ ဈာဉ်အဘိညာဏ်တန်ခိုး ၊ ဒိဗ္ဗစက္ကု ဖြင့်သာမြင်တွေ့ နိုင်သော ဘုံဌာနများပင် ဖြစ်ကြပါတယ်။
ဗုဒ္ဓဘာသာတွင် ထိုသို့ သော် ဈဉ်အဘိညာဏ်တန်ခိုးများကို ပိုင်ဆိုင်နိုင်ဖို့ ရာ
ဗုဒ္ဓဘုရားရှင်သည် သမထကျင့်စဉ်၊ ဈဉ်ကျင့်စဉ်ဖြစ်သော ကမ္မဌာန်းနည်း ၄၀ ကို
အတိအလင်း အဘိဓမ္မာတွင် ဟောကြားထားခဲ့ပါသည်။ ထိုကျင့်စဉ် နည်း
၄၀ အနက် မိမိတို့ နှစ်သက်ရာ ကျင့်စဉ်နည်းကို ရွေးချယ်၍
ကျင့်ကြံအားထုတ်မယ်ဆိုပါက ဘုရား ၊ ပစ္စေကဗုဒ္ဓ၊ ရဟန္တာများ နှင့် ဈာဉ်ရပုဂ္ဂိုလ်များ မြင်တွေ့ နိုင်သောမြင့်မိုရ်တောင်၊ ငရဲ ၈ ထပ် ၊ နတ်ပြည်
၆ ဘုံ နှင့် ဗြဟ္မာ့ဘုံ ၂၀ တို့ ကိုကောင်းစွာ မြင်တွေ့ နိုင်ကြမှာပဲ ဖြစ်ပါတယ်လို့ ပြောလိုပါတယ်။ အခြားသော ဘာသာများ မှာကဲ့သို့  နောင်ဘ၀ရောက်မှ သေလွန်ပြီးမှ မြင်တွေ့ နိုင်မယ့်အရာမျိုး ဗုဒ္ဓဘာသာတွင် လုံးဝ မရှိပါဘူး။ ဗုဒ္ဓတရားတော်များသည် ယခုကျင့်ကြံမည်ဆိုပါက ယခုတရားထူးကို သိမြင်နိုင်သော သတ္တိအထူးရှိတဲ့ တရားတော်များပဲ ဖြစ်ကြပါတယ်။
ထိုကျင့်စဉ်နှင့်ပတ်သက်ပြီး ဥပမာ ပုံဆောင်ပြီး ပြောပြလိုပါသေးတယ်။
ဘာကြောင့်လဲ ဆိုရင် ဘာသာခြားများက မကျင့်ဘဲနှင့် သိမြင်ချင်ကြပါတယ်။ လောကမှာ မိမိကိုယ်တိုင် မကျင့်ကြံဘဲ သိမြင်နိုင်တဲ့တရားမျိုး လုံးဝ မရှိပါဘူး။
အားလုံးပဲ အမှန်တရားကို သိမြင်နိုင်ကြပါစေဗျာ...
 
By

Kaung Myat Min Soe https://www.facebook.com/guidingstar112 ထံမှ ကူးယူဖော်ပြပါသည်...



၁။ ဟေတု ပစ္စယ          =The relation way of root.
၂။ အာရမ္မဏ ပစ္စယ      =The relation of object.
၃။ အဓိပတိပစ္စယ         =The relation of dominance.
၎။ အနန္တရ ပစ္စယ          =The relation of contiguity.
၅။ သမနန္တရ ပစ္စယ       =The relation of immediate contiguity.
၆။ သဟဇာတ ပစ္စယ    =The relation of Co-existence.
၇။ အညမည ပစ္စယ      =The relation of reciprocity.
၈။ နိဿယ ပစ္စယ             =The relation of dependence.
၉။ ဥပနိဿယ ပစ္စယ         =The relation of Sufficing condition.
၁၀။ ပုရေဇာတ ပစ္စယ   =The relation of pre-existence.
၁၁။ ပစ္ဆာဇာတ ပစ္စယ    =The relation 0f post-existence.
၁၂။ အာသေ၀န ပစ္စယ  =The relation of habitual recurrence.
၁၃။ ကမ္မ ပစ္စယ           =The relation of Kamma.
၁၄။ ၀ိပါက ပစ္စယ         =The relation of effect.
၁၅။ အာဟာရ ပစ္စယ    =The relation of food.
၁၆။ ဣန္ဒြိယ ပစ္စယ       =The relation of control.
၁၇။ ဈာန ပစ္စယ           =The relation of jhana.
၁၈။ မဂ္ဂပစ္စယ              =The relation of path.
၁၉။ သမ္ပယုတ္တ ပစ္စယ   =The relation of association.
၂၀။ ၀ိပ္ပယုတ္တ ပစ္စယ     =The relation of dissociation.
၂၁။ အတ္ထိ ပစ္စယ          =The relation of presence.
၂၂။ နတ္ထိ ပစ္စယ           =The relation of absence.
၂၃။ ၀ိဂတ ပစ္စယ         =The relation of abeyance.
၂၄။ အ၀ိဂတ ပစ္စယ     =The relation of continuance


Facebook မှကူးယူဖော်ပြပါသည်...။ 

(ကျွန်တော့် blog page မှာလည်း ပုံတွေဝင်ကြည့်နိုင်ပါတယ် >>> ၂၄ ပစ္စည်းပုံနှင့်တကွရှင်းလင်းချက်... )


ဥပုဒ်သီတင်းနဲ့ပြည့်စုံတော် မူထကုန်သော ပုရိသနွယ်ဝင် သူတော်စင် အပေါင်းတို့အား လေးစားကြည်ညိုသောအားဖြင့် ဒီဝါဆိုလပြည့်နေ့လေးမှာ ရတနာသုံးပါ ဦးထိပ်ထားလျှက် ဒီပို့စ်လေးနဲ့ ကုသိုလ်ယူလိုက်ပါတယ်...

သာသနာသက္ကရာဇ် ၂၅၅၅ခုနှစ်
၁၃၇၃ ခုနှစ် ၀ါဆိုလပြည့် ၁၅ ရက်နေ့ 
15--7--2011.....ရက်

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်သံချို လဝါဆို ဟူသောစကားနှင့်အညီ မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးသည် တုသိတာနတ်ပြည်မှ နတ်သားအပေါင်းတို့ဧ။်
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု လာရောက်ကာ တောင်းပန်ကြသောကြောင့်
သန္တုဿိတ နတ်သားအဖြစ်မှ မယ်တော်မာယာဧ။် ဝမ်းတွင်ဝယ် ဝါဆိုလပြည့်နေ့တွင်
ပဋိသန္ဓေနေတော်မူပါသည်။
ဖွားမြင်မြောက်သောအခါ သိဒ္ဓတ္ထဂေါတမ အမည်ရလေဧ။်။ ဆယ့်ခြောက်နှစ်ဝယ်
ယသော်ဓရာနှင့် ထိန်းမြှား လက်ထပ်လေဧ။် ရာဟုလာ အမည်ရသော သားတော်တစ်ပါး
မွေးဖွားလေဧ။် ထိုနောက် သူအို, သူနာ, သူသေ, ရဟန်း, ဟူသော နိမိတ်ကြီးလေးပါးကို
မြင်တော်မူကာ အိုခြင်းသဘော နာခြင်းသဘော သေခြင်းသဘော တရားတို့ကို
ကြောက်လန့်ကာ အိုခြင်းကင်းရာ နာခြင်းကင်းရာ သေခြင်းကင်းရာ ရဟန်းတစ်ပါးဧ။် ခ
ျမ်းသာတရားကို တွေးသိကာ တောထွက်ရန် ကြံစည်တော်မူပြီး ဝါဆိုလပြည့်နေ့
ညသန်းခေါင်ယံ အချိန်တွင် ဖွားဖက်တော် မောင်စံ ကန္နကမြင်းတို့ နှင့် ဥရုဝေလ
တောသို့ ကိလေသာကုန်ခန်းပြီး ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန်
တောထွက်တော်မူပါသည်။
မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလတောဝယ် (၆)နှစ်တို့ ကာလပတ်လုံး ရှေးဟောင်း
အိန္ဒိယ ယောဂီ ပရိဗိုဇ်တို့ဧ။် အတ္တကိလမထာ (ပင်းပန်းစွာခန္ဓာကိုယ် ညင်းဆဲကြောင်း)
အကျင့်တို့ကို့ ထိုတောဝယ်(၆) နှစ်တိုင်တိုင် ပင်းပန်းစွာ ကျင့်ကြံသော်လည်း
တရားထူးကိုမရရှိပေ၊ (၆)နှစ်မျှကျင့်ခဲ့ရတဲ့ ရှေးဟောင်းအိန္ဒိယ ယောဂီပရီဗိုဇ်တို့ဧ။်
အကျင့်များသည် ခန္ဓာကိုယ်ပင်ပန်းဆင်းရဲကြောင်း အကျင့်များသာဖြစ်သည်ဟု
သိရသောအခါ မိမိဧ။် ကိုယ်ပိုင်နည်းစနစ်ဖြစ်သော မဂ္ဂင်(၈)ပါး နည်းလမ်းသစ်ဖြင့်
သဗ္ဗညုတ ဥာဏ်တော်ကို ရရှိကာဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည် ၊
ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက် အားထုတ်ခဲ့သောတရားများနှင့် လောကကို
ဆင်ခြင်ကြည့်သော် မိမိရရှိ ကျင့်ကြံထားသော တရားတို့သည် အလွန်သိမ်မွေ့နက်နဲ
ခက်ခဲလွန်းနေဧ။် လောကလူသားတို့ဧ။် အသိဥာဏ်ကား ကိလေသာအမှောင်တို့ဖြင့်သာ
ထာဝစဉ်ပိတ်ဖုံးနေဧ။။် ငါဧ။်တရားတို့သည်ကား အလွန်နက်နဲကာ ခက်ခဲလွန်နေဧ။်
ပုထုဇဉ်တို့အား ဟောကြားရန် လားလားမှ မတန်ဟု စဉ်ခြင်နေစဉ် သဟမ္ပတိ ဗြဟ္မာဧ။်
တောင်းပန်မှုဖြင့် အရင်က မိမိ တပည့်တော်ခဲ့ဘူးသော ကာသိတိုင်း ဗာရာဏသီမြို့အနီး
မိဂဒါဝုန်တောဝယ်ရှိသော ပဉ္စဝဂ္ဂီငါးဦး (ပဉ္စ-ငါးခု ငါးယောက်၊၀ဂ္ဂ-အစု အဖွဲ့)
တို့ကိုတရားဦးဟောကြားရန် ကြွချီတော်မူလေသည် ။
ဝါဆိုလပြည့်နေဝယ် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် သူ့ဘဝဧ။်
ထမဦးဆုံးဖြစ်သော ဓမ္မစင်္ကြာ တရားတော်ကို ပဉ္စဝဂ္ဂီ ငါးဦးတို့အား ဟောကြားတော်
မူလေသည်။ ဝါဆိုလပြည့် နေ့သည် ဗုဒ္ဓဘာဝင်တို့ အတွက် မွန်မြတ်သောနေ့တစ်နေ့ဖြစ်ပါသည်။

ဝါဆိုလပြည့် (၅) နေ့
(၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် – ၆၇၊ ၀ါဆိုလပြည့်။(ကြာသပတေးနေ့)
(၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် – ၉၇၊ ၀ါဆိုလပြည့်။(တနင်္လာနေ့)
(၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် – ၁၀၃၊ ၀ါဆိုလပြည့်။(စနေနေ့)
(၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ၀ါဆိုလပြည့်။ (စနေနေ့)
(၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ၀ါဆိုလပြည့်။ (စနေနေ့)

သန္ဓေယူတော်မူသောနေ့ (ကြာသာပတေးနေ့)
သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်
စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မူကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်
“ဝါဆိုလပြည့် ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ
သန္ဓေ ယူသည်” နတ်, လူ ငြိမ်းဖို့ကိန်းပါကို…။

တောထွက်တော်မူသောနေ့ (တနင်္လာနေ့)
ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်
ပျိုမြစ်နုနယ်၌၊ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်၊
ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊
“ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုးဝယ်” လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊
“၀ါဆိုလပြည့် ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ
တော်ရပ်လှုံသည်” စုံမြိုင်ပင်ရိပ်ခမ်းမှာကို……။

ဓမ္မစင်္ကြာဟောတော်မူသောနေ့ (စနေနေ့)
ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖ၀ါးဖြန့်ချီ
သွား၍၊ ငါးပါးဝဂ္ဂီစုံအညိနှင့် မဟီတစ်သောင်း
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာ
အား“၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့
လျှံတက်၊ ဓမ္မစက်ကို” မိန့်မြွတ်ထွေပြား၊
ဟောဖော်ကြားသည်၊ တရားနတ်စည်ရွှမ်းတယ်ကို….။

ဓမ္မစင်္ကြာတရားတော်

ဘုရားအလောင်းတော်သည် (၂၉)နှစ်ထိ ကာမဂုဏ်အာရုံတို့ဖြင့် ပျော်ပါးနေခဲ့သော
‘ကာမသုခလ္လ’ိကာနု ယောဂလက်ယာစွန်းရောက်နေစဉ် လောဘကိုသာ ဖြစ်စေပြီး၊
(၂၉) နှစ်မှ (၃၅) နှစ်အထိ (၆) နှစ်လုံးလုံး ခန္ဓာကိုယ်ကို အမျိုးမျိုး နှိပ်စက်ညှင်းဆဲပြီး
ကျင့်သော ဒုက္ကရစရိယာအကျင့် ‘အတ္တကိလမထာနုယောဂ’ လက်ဝဲ စွန်း ရောက်နေစဉ်
ဒေါသကိုသာဖြစ်စေသဖြင့် တရားမရဖြစ်နေသောကြောင့် ၄င်းအစွန်းနှစ်ပါးကိုရှောင်ပြီး
‘မဇ္စျိမပဋိပဒါ’ (ခေါ်) မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်မှသာလျှင် သစ္စာလေးပါး ကို သိမြင်နိုင်သော
တရားဖြစ်သည်ဟု ဟောကြားသော တရားဖြစ်သည်။
မြန်မာတို့ ရဲ့  အထွဋ် လမြတ်ဝါဆိုနေ့ မှာ ဘုရား အလောင်းတော်
သိဒ္ဓတ္ထမင်းသားသည် တောထွက်တော်မူရာ ပဉ္စ၀ဂ္ဂီ ၅ ဦးကို
ဝါဆိုလပြည့်၌ ဓမ္မစကြာ တရားဦး ဟောတော်မူခဲ့၏
သန္ဓေ တောထွက် ဓမ္မစက် ဟောမြွက် သံချို လ ၀ါဆိုဟု
နေ့ ထူး နေ့ မြတ် ဓမ္မစကြာ နေ့ ဟု ခေါ်တွင် သမုတ်ပြုကြ၏
ယခုကျရောက်မယ့် လမြတ် ၀ါဆို လပြည့်နေ့ တွင်
ဝါဆို သင်္ဃန်း ကပ်လှူခြင်း ဥပုလ်သီလဆောက်တည်ခြင်း
မြန်မာတို့ ရဲ့  တရားဘ၀နာ များကို မမေ့မလျှော့ပဲ နိုးဆော်တိုက်တွန်းရင်းနဲ့ 
ချစ်သူမြို့ တော် မှာရှိတဲ့ ဆရာတော် သံဃာများကို ရည်မှန်းပြီး
ဝါဆိုလပြည့် ဓမ္မစကြာနေ့ အတွက် ဒီစာစုလေးနဲ့ အတူ
လက်ဆယ်ဖြာ ထိပ်မှာမိုလို့  ရှစ်ခိုးကန်တော့လိုက်ပါတယ်
အရှင်သူမြတ်ကြီးတို့ ဘုရား..........။


(၀ါဆိုလပြည့်နေ့ + ဓမ္မစင်္ကြာနေ့ )......မှ တစ်ဆင့် ကူးယူတင်ပြလိုက်ပါတယ်



မြန်မာလ (၁၂) လ ရှိသည့်အနက် ၀ါဆိုလသည် စတုတ္ထမြောက်လဖြစ်သည်။ ၀ါဆိုလသည် မြန်မာနိုင်ငံ၏ နွေရာသီနှင့်မုတ်သုံရာသီ ကာလအပိုင်းအခြားတွင်ဖြစ်ပြီး၊ အင်္ဂလိပ်လ ဇွန်၊ ဇူလိုင်လအတွင်းတွင် ကျရောက်လျှက်ရှိသည်။ (၁၂) လရာသီရှိသည့်အနက်မှ ၀ါဆိုလပြည့်နေ့သည် အရေးပါသောနေ့တစ်နေ့ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ အစိုးရရုံးပိတ်ရက်များတွင်လည်းပ
ါဝင်သည်။ ၀ါဆိုလ၏ဆိုလိုရင်းမှာ ၀ါ သည်နေထိုင်ခြင်း ၊ ဆိုသည် ရွတ်ဆိုခြင်းဟု အနက်ဖွင့်ဆိုကြသည်။ မိုးတွင်းသုံးလပတ်လုံး ရဟန်းတော်များသီတင်းသုံးရာကျောင်း၌ နေထိုင်ပါ မည်ဟုအဆိုပြုသောလကို ၀ါဆိုလဟုခေါ်ဆိုသည်။ တစ်နည်းအားဖြင့် ၀ါဆိုလကိုပုဂံခေတ်ဦးတွင် မယ်တာ ဟုရေးသားအသုံးပြုခဲ့ကြသည်။ ပုဂံခေတ်နှောင်းပိုင်းတွင် မယ်တာ မှ နွေတာဟု ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။ မယ်တာဟူသောစကားလုံး၏အဓိပ္ပါယ်မှာ မယ် သည်လယ်ယာ ၊ မိုး ၊ မြေ ကိုကိုယ်စားပြုပြီး ၊ တာ ဆိုသည်မှာတိုင်းတာခြင်းဟု အနက်ဖွင့်ဆိုသည်။ ထို့ကြောင့် လယ်ယာမိုးမြေကိုတိုင်းတာသောလဟုလည်းဆိုနိုင်ပါသည်။ ၀ါဆို လ၏ ယေဘုယနေထွက် ချိန်မှာ နံနက် ၄ နာရီ ၄၈ မိနစ်ဖြစ်ပြီး၊ နေ၀င်ချိန်မှာ ညနေ ၇ နာရီ ၁၂ မိနစ်ဖြစ်သည်။ ၁၂ လရာသီအနက် ၀ါဆိုလသည် နေ့ တာအရှည်ဆုံးလဖြစ်သည်။ ၀ါဆိုလကိုကိုယ်စားပြုသောရာသီမှာ မြန်မာအခေါ် ကရကဋ် ၊ ပါဠိ အခေါ်အားဖြင့် ကက္ကဋ ဖြစ်သည်။ မြန်မာအခေါ်ဝါဆိုလကို ဥရောပတိုက်တွင်ရာသီအားဖြင့် ကင်ဆာ (Cancer) ဟုခေါ်သည်။ ကိုယ်စားပြုသောရုပ်ပုံမှာ ပုဇွန်လုံး သို့မဟုတ် ကဏာန်းကောင် ဖြစ်သည်။ ရုပ်ပုံအားဖြင့်ပုဇွန်လုံးနှင့် ရာသီအားဖြင့် Cancer ဟူသောအမည်သည် ဆက်စပ်နေသည်။ ပုဇွန်လုံးသည်ခြေထောက်များစွာဖြင့် နေရာမျိုးစုံသွားသကဲ့သို့ Cancer ခေါ်သည့်ရောဂါသည်လည်းဖြစ်သည့်နေရာတွင်မက အခြားနေရာများသို့

 

ထေရဝါဒ ရဟန်းတော်များရဲ့ ဝါဆိုရာ ဝါတွင်းကာလ အချိန်နီးကပ်လာတာနဲ့အမျှ ဗုဒ္ဓဘာသာ မြန်မာများရဲ့ ရဟန်းတော်များ ဝါတွင်းကာလ ဝတ်ရုံအသုံးပြုနိုင်ရန် ရည်မှန်းပြီး လှူဒါန်းကြတဲ့ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲများဟာလည်း တဖြည်းဖြည်း အချိန်လုလာကြတာကို သတိထားမိလာပါတယ်။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမယ့် ရက်ကို အလုအယက် ဖြစ်လာကြတဲ့အပိုင်းမှာ တစ်ချို့က ဝါဆိုသင်္ကန်းကို ဝါမဆိုခင်ပဲ ဆက်ကပ်လှူဒါန်းကောင်းတယ်လို့ ထင်နေကြတဲ့ အတွက်ကြောင့်ဖြစ်သလို တစ်ချို့လည်း ဝါဆိုသင်္ကန်း အလှူဟာ ဝါမဆိုခင်လှူမှ ပိုပြီးကုသိုလ်ရကာ ဝါတွင်းသုံးလလုံးလုံး မိမိတို့ လှူဒါန်းထားတဲ့ သင်္ကန်းကို အပြည့်အဝ ဝတ်ရုံသုံးဆောင်နိုင်ကြမှာ ဖြစ်တယ်လို့ လက်ခံယုံကြည်ထားကြတဲ့ အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့လည်း ဘာရယ်မဟုတ် သူများဝါဆိုသင်္ကန်းဆိုလို့ လိုက်ပြီးဝါဆိုသင်္ကန်း လုပ်လိုက်ရတာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဝါဆိုသင်္ကန်းနဲ့ ပတ်သက်ပြီး ဟိုလိုလိုဒီလိုလို ဖြစ်နေတဲ့ ဗုဒ္ဓဘာသာ အချို့အတွက် ဝါဆိုရည်မှန်း မြတ်သင်္ကန်းအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။


တကယ်တော့ ဝါဆိုသင်္ကန်းရဲ့ မူရင်းအခေါ်က မိုးရေခံသင်္ကန်းဆိုတဲ့ အခေါ်အဝေါ်ပဲ ဖြစ်ပါတယ်။ ပါဠိလိုတော့ ဝဿာဝါသိက စီဝရ၊ ဒါမှမဟုတ် ဝဿိကသာဋိက စီဝရလို့ ခေါ်ပါတယ်။ ခုနောက်ပိုင်းတော့ ဒီမိုးရေခံ သင်္ကန်းဆိုတဲ့ အခေါ်ကို အသုံးမပြုကြတော့ဘဲ ဝါဆိုသင်္ကန်းဆိုတဲ့ အမည်နဲ့ပဲ တွင်တွင်ကျယ်ကျယ် အသုံးပြုဖြစ်ခဲ့ကြပါတယ်။ ဘယ်လိုပဲခေါ်ခေါ် ရည်ရွယ်ချက်ကတော့ ဝါဆိုဝါကပ်ကြတဲ့ ရဟန်းတော်များ ဝါတွင်းကာလမှာ သင်္ကန်းနဲ့ပတ်သက်ပြီး ချမ်းချမ်းသာသာ ဖြစ်စေလိုကြတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီသင်္ကန်းအလှူဟာ မိုးတွင်းကာလမှာ အပိုအနေနဲ့ လဲလှယ်ဝတ်ရုံ အသုံးပြုနိုင်ဖို့ ဘုရားရှင် ခွင့်ပြုတော်မူခဲ့တဲ့ ဝိနည်းတော်နဲ့ ညီညွတ်တဲ့ သင်္ကန်းအလှူဖြစ်လို့လည်း မွန်မြတ်တဲ့ စီဝရဒါနအလှူ ဖြစ်ပါတယ်။

ဒီဝါဆိုသင်္ကန်းအလှူ ခွင့်ပြုဖြစ်ခဲ့ရခြင်းရဲ့ အကြောင်းက ဝိသာခါ



ပရဟိတ လှူဒါန်းချင်သူများ အတွက် ကူညီမှု လိုအပ်သော နေရာလေးများကို ဖော်ပြပေးခြင်း ဖြစ်ပါသည်။

၁)သီလရှင်စာသင်တိုက်
ရွှေပုန်းပွင့်ဘုရားလမ်း၊ ကျောက်ရေတွင်းရပ်ကွက်၊ အမှတ်(၂၂)ကျောင်းအနီး ၊ မြောက်ဥက္ကလာ
ဖုန်း - ၀၉ ၇၃၀ ၂၆၂၂၆

၂)ဆူထူးပန် သီရိမင်္ဂလာကန်တော် ဘုန်းတော်ကြီး ပညာသင်ကျောင်း
အလွတ်းဆွတ်ကျေးရွာ၊ အေးမေတ္တာရပ်ကွက်၊ သန်လျင်။
ဖုန်း - ၀၉ ၈၆၂ ၈၄၉၄

၃)အေးရိပ်သာကျောင်း
(၁၃၃) ရပ်ကွက်၊ တကောင်းလမ်း၊ ဒဂုံအရှေ့
ဖုန်း - ၀၉ ၄၃၀ ၅၆၆၀

၎)ရွှေငြိမ်စံကျောင်း
အုတ်ဖိုတောရ မဟာစည် သာသနာ့ရိပ်သာ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ၊ မလစ်အုပ်စု
ဖုန်း - ၀၉ ၈၆၃ ၁၇၀၉၊ ၀၁- ၅၉၉၄၁၂

၅)ပါရမီဖြည့်ဘုန်းတော်ကြီးကျောင်း
မှော်ဘီ ၀ါးနတ်ချောင်းကျေးရွာ။
ဖုန်း - ၀၉ ၇၃၀ ၉၂၄၁၅၊ ၀၉ ၇၃၁ ၄၂၈၅၆

၆)ရွှေရတနာသီလရှင်ကျောင်း
အမှတ်(၂၀) ၊ မကွေးလမ်း၊ သံဒင်းရပ်ကွက်။
ဖုန်း -၀၁ ၆၁၁၅၂၃

၇) အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊
အလယ်၇ွာကြီးကျေးရွာ၊ ငွေပင်လယ်စက်မှုဇုံအနီး(ရွှေပြည်သာ တံတားအဆင်း) လှိုင်သာယာ၊ ရန်ကုန်
ဖုန်း 613665

၈) ကုမာရရမ ပရဟိတကျောင်းတိုက်
အောင်သိဒ္ဒိလမ်း ၊ (၃) ရပ်ကွက် ၊ မရမ်းကုန်း
ဖုန်း -0973031875
မူလတန်းမှ ပဉ္စမတန်းအထိ မိဘမဲ့ကလေး (၁၅၀)ဦး
ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

၉) ပြွန်တန်ဆာ ပရဟိတသီလရှင်ပညာရေးကျောင်း
၂၂ ရပ်ကွက် ရွှေပေါက္ကံမြို့သစ် မြောက်ဥက္ကလာပ
ဖုန်း 09421075045
မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင်
ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင်
န၀မတန်းမှ ဒသမတန်းအထိ ပြင်ပသင်
ကျောင်းသားကျောင်းသူ ၁၄၇ ဦး အတွက်

၁၀) သီရိမင်္ဂလာ (အုန်းတောကျောင်း)
ဖုန်း 0954022180
မူလတန်းမှ စတုတ္ထတန်းအထိ မိဘမဲ့ကလေး ၃၀ ဦး
ကျောင်းသား ၂၄၇ ဦးအတွက်

၁၁) ဓမ္မလင်္ကာရဘုန်းတော်ကြီးကျောင်း
ဘုန်းတော်ကြီးစာသင်တိုက် တွံတေးမြို့
ဖုန်း 095060663
မိဘမဲ့ကလေး 168 ဦးအတွက်

၁၂) တိက္ခာရာမ ပရဟိတစာသင်ကျောင်း

၇/၈ လမ်းဆုံ မြောက်ဒဂုံ ဖုန်း 0973024065

မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင်
ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင်
မိဘမဲ့ကလေး (၁၅)ဦး
ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

၁၃) သီရိမင်္ဂလာဘုန်းတော်ကြီးသင်ပညာရေးကျောင်း
၁၂-ရပ်ကွက် ပေါ်ဦး ၆ လမ်း ဒဂုံအရှေ့ပိုင်း
ဖုန်း 0943082166 ၊ 01-581023
သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား ကျောင်းသူ (၁၈၀)ဦး နှင့်
ကျောင်းအောက်ခန်းကို ပြင်ဆင်ရန်အတွက်

၁၄) ပိတောက်ရွှေဝါပရဟိတစာသင်ကျောင်း
မြောက်ဥက္ကလာပမြို့နယ်
ဖုန်း 095680582 ၊ 056-22609
မိဘမဲ့ကလေး (၄၈၀) ဦး
ရပ်ကွက်နေ ကျောင်းသား (၁၂၀၀)ဦးအတွက်

၁၅) ရဲမွန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း

ရဲမွန်စံပြကျေးရွာ လှည်းကူးမြို့နယ်
ကျောင်းသား ကျောင်းသူ ဦးရေ ၁၀၀ ခန့်အတွက်

၁၆) ကွမ်းခြံကုန်း ကံကြီး မကျီးရပ်ကွက်
ရွှေကျင် (ဂျား)ကျောင်း ပရိယတ္တိစာသင်တိုက်
ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ဆရာတော်ဘဒ္ဒန္တပညာဝရ
ဖုန်း - 01-265043/ 098640565

၁၇) အောင် (ပရဟိတကျောင်း)
ဖုန်း 098612292
မူလတန်းမှ အလယ်တန်းအထိ ကျောင်းသူ/သား ၁၂၇၀ ဦးအတွက်

၁၈) စိမ်းလမ်းမြေ (ပရဟိတဂေဟာ)
ဖောင်ကြီး
ဥက္ကဌဖုန်း - 01-629758 / 0945525840
ဘဏ္ဍာရေးမှူးဖုန်း 01-558395 /0973034500
ကျောင်းသား/သူ ၃၀ ကျော်

၁၉) မင်္ဂလာဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ဖလှယ်ကြီး (ခ) ဘုရားကြီးကျေးရွာ တွံတေးမြို့
ကျောင်းသား / သူ ၈၀၀ ကျော်အတွက်

၂၀) ကွမ်းခြံကုန်း ပရဟိတကျောင်း
မဟာဝိဇိရမင်္ဂလာပရဟိတစာသင်တိုက်
ကွမ်းခြံကုန်းမြို့
ပညာသင်ကြားနေကြသော ကျောင်းသား/သူများအတွက်

၂၁) မဏိရာမ ပရတိတကျောင်း
ဝမ်းဘဲအင်းကျေးရွာ ဒေးစွန်ပါတောင်အနီး ပဲခူး

၂၂) မာဃဘုန်းတော်ကြီးသင်ပညာရေးကျောင်း
၁၅ လမ်း ၅ ရပ်ကွက် မြောက်ဥက္ကလာပ

မိဘမဲ့ ကလေးများဝိုင်းဝန်းကူညီစောင့်ရှောက်ပေး
-----------------------------------------------------
ကမ္ဘာကြီးပေါ်မှာရှိနေတဲ့  ရင်သွေးငယ်ပေါင်း များစွာဟာ ကံဆိုးနေရ ရှာတယ် ။ သူတို့လေးတွေဟာ ဆာလောင်ခြင်း နာကျင်ခြင်း၊ ငတ်မွတ်ခြင်းဆိုတဲ့ ဒုက္ခပေါင်း များစွာနဲ့ ကူညီသူမဲ့ဖြစ်နေရ ရှာပါတယ်။ ကျွန်တော်တို့  နေထိုင်ရာ မြန်မာပြည်မှာလည်း ရင်သွေးငယ်ပေါင်း များစွာဟာ ကံဆိုး နေကြဆဲပါ၊ အမိအဖမဲ့  ရင်သွေးငယ်များ အတွက် ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့ အကြင်နာဆေးဝါးလေးဟာ သူတို့လေးတွေ နှလုံးသားထဲမှာ လိုအပ်နေကြ ပါတယ်။

ကမ္ဘာကြီးကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက် မည့် မျိုးဆက်သစ် လူသား အရင်းအမြစ်များကို ကျွန်တော်တို့ရဲ့ အကြင်နာ လက်များနဲ့တွဲခေါ်ပြီး သူတို့လေးတွေရဲ့ အနာဂတ်များ ထွန်းလင်း တောက်ပစေအောင် လုပ်ဆောင် ကျပါစို့ဗျာ..။

နောင်တစ်ချိန်မှာ သူတို့ရဲ့ အစွမ်းအစလေးတွေနဲ့ ပိုမိုတိုးတက်တဲ့ အနာဂတ် ကို ဖန်တီးနိုင်မယ်ဆိုတာ မယုံကြည်ပေးလို့ မရပါဘူး။ ဒီလိုမျိုး အရေးပါလှတဲ့ နောင်တစ်ချိန် အားကိုးရမဲ့ အနာဂတ်ရဲ့ ရင်သွေးငယ်ပေါင်းများစွာ အပေါ်မှာ-

* --ဘာကြောင့်များ ကျွန်တော်တို့ ပစ်ပယ်မိနေကျ တာလဲ?
* --ဘာကြောင့်များ ကျွန်တော်တို့ မစဉ်းစားပေးကျတာလဲ?
* --ဘာကြောင့်များ အကူအညီ အလုံအလောက် မပေးနိုင်ရတာလဲ?

အတူလက်တွဲ ကူညီကြပါစို့ လား..... ကျွန်တော်တို့ ချစ်တဲ့ ကမ္ဘာကြီး အတွက်၊ ကျွန်တော်တို့ ချစ်တဲ့ ကလေးလေးတွေ အတွက်

ချစ်သော ရွှေအိမ်စည်
----

သင့်ရဲ့ Share တစ်ချက်ဟာ အနည်းဆုံး ကလေးတစ်ယောက်အတွက် ထမင်းတစ်နပ်ကိုပေးစွမ်းနိုင်တယ်ဆိုတာကို မမေ့ကြနဲ့နော်။

---------
အွန်လိုင်းပေါ်မှာ သမီးဖတ်ရတဲ့အထဲက ခုလို Post ကောင်းများကို အမြဲလိုလို ပြန်လည်မျှဝေပေးနေတဲ့ ဒီ Page လေးကို Like လုပ်ထားနိုင်ကြပါတယ်ရှင်။
www.facebook.com/pages/အိသက်ထားမွန်/1430481197198854


ဝစီပိတ် အကျင့်ဟူသည်

ဗုဒ္ဓဘာသာဝင်အများစုသည် ၀စီပိတ်ကျင့်သူကို သူတော်စင်၊ သူတော်မြတ်ဟု ထင်မှတ်တတ်ကြ၏။ ၀စီပိတ်ကျင့်သူ ပုဂ္ဂိုလ်ထံသို့ သူ...့ထက်ငါအလျင်အမြန်ချဉ်းကပ်ကြသည်။ ၀စီပိတ်ကျင့်သူကို လှူသော် ပို၍အကျိုးရှိသည်၊ ပို၍ကုသိုလ်ရသည်ဟု ယုံကြည်လျက် ရက်ရက်ရောရော ပေးလှူတတ်ကြ၏။ ထိုသို့သော အခြေအနေတွင်
"၀စီပိတ်ကျင့်သူများ"၊ "၀စီပိတ်ကျင့်သူဟု ဆိုသူများ" တိုးပွားလာတော့၏။
ဝစီပိတ်အကျင့်သည် လာဘ်လာဘတို့ စုပြုံတည်မှီရာ ဟူ၍ဖြစ်လာသောအခါ
"၀စီပိတ်အကျင့်" ကို သာသနာတော်အကျင့်ပမာ သဘောထားပြီး ကျင့်ကြံသူများ ပေါ်ပေါက်လာချေတော့သည်။

ဝစီပိတ်အကျင့်ဟူသည် -
(၁) သာသနာတော်ဆိုင်ရာ ကျင့်စဉ်လော။
(၂) မြတ်စွာဘုရားက "၀စီပိတ်" ကျင့်ရန် ညွှန်ကြားတော်မူခဲ့ပါ၏လော၊
(၃) ၀စီပိတ်အကျင့်သည် သာသနာတော်အတွက်
အကျိုးကျေးဇူးတစ်စုံတစ်ရာကို ပေးဆောင်နိုင်စွမ်းရှိပါ၏လော။
ဝဇီပိတ်အကျင့်ကို အထင်ကြီးသူများ၊ ၀စီပိတ်ကျင့်သူကို
ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဟု ထင်မှတ်နေသူများအနေဖြင့်
အထက်ပါ အတိုင်း ဝေဖန်စိစစ်ခဲ့ခြင်း ရှိဟန်မတူပါ။
ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် "၀စီပိတ်ဇာတ်လမ်း" တစ်ပုဒ်ရှိခဲ့ဖူးပါသည်။
ဝိနည်းမဟာဝါ ပါဠိတော်၊ ပဝါရဏာက္ခန္ဓကသုတ်တွင် ပါရှိသော ဇာတ်လမ်းဖြစ်ပါ၏။
ကောသလတိုင်းရှိ ကျောင်းတစ်ကျောင်းတွင် အတူတကွ ၀ါဆိုတော်မူသော ရဟန်းတော်များအား မြတ်စွာဘုရားက- "သင်တို့ချမ်းသာစွာ နေခဲ့ကြပါရဲ့လား" ဟုမေးတော်မူပါသည်။
ရဟန်းတော်များက -
"၀ါတွင်းသုံးလပတ်လုံး တစ်ပါးနှင့်တစ်ပါး စကားမပြောဘဲ ချမ်းသာစွာ နေခဲ့ကြပါတယ် ဘုရား" ဟု ပြန်လည်လျှောက်တင်ထားခဲ့ပါသည်။ ထိုအခါ မြတ်စွာဘုရားက-
"အို မောဃပုရိသတို့ အဲဒီနှုတ်ပိတ်ဝစီပိတ်အကျင့်ဆိုတာ အ-အကျင့်၊ အရူးကျင့်၊ တိရိစ္ဆာန်ကျင့်၊ တိတ္ထကျင့်ပဲ၊ သင်တို့ မချမ်းသာတဲ့အကျင့်ကို ကျင့်ခဲ့ပြီး ချမ်းသာတယ်လို့ ၀န်ခံနေကြတယ်။ အို မောဃပုရိသ၊ မဂ်ဖိုလ်မနီး အချည်နှီးသော ယောက်ျားတို့၊
ဒီကနေ့ကနေစပြီး ရဟန်းဖြစ်တဲ့ ပုဂ္ဂိုလ်သည် အဲဒီ အ-အကျင့်၊ အရူးကျင့်၊ တိရိစ္ဆာန်ကျင့်၊
တိတ္ထကျင့်ကို ဘယ်တော့မှ မကျင့်ရ၊ ဘယ်နည်းနှင့်မှ မကျင့်ရ၊ ကျင့်တဲ့ရဟန်း ဒုက္ကဋ် အာပတ်သင့်စေ" ဟူ၍မိန့်တော်မူခဲ့ပါ၏။
ဘုရားရှင်သည် ရဟန်းတို့အား "၀စီပိတ်အကျင့်"ကို မကျင့်သုံးရန်
အာဏာဒေသနာတော်ဖြင့်ပင် ပညတ်တော်မူခဲ့ပါ၏။
ဤ၀စီပိတ်အကျင့်နှင့် စပ်လျဉ်း၍ ဘဒ္ဒန္တ တိလောကသာရ ဆရာတော်ဘုရားကလည်း
အောက်ပါအတိုင်း မိန့်တော်မူခဲ့ပါ၏။
"ဤခေတ်တွင် စကားမပြောဘဲနေသော ၀စီပိတ်ကျင့်စဉ်ဟုဆိုသော
ကျင့်စဉ်များရှိကြောင်း ကြားရပါသည်။ ခေတ်အားလျော်စွာ အဆန်းထွင်၍
ကျင့်ကြခြင်းများ ဖြစ်ပါသည်။ မြတ်စွာဘုရားလက်ထက်က ထိုကဲ့သို့ ကျင့်သူများရှိရာ
မြတ်စွာဘုရားက ပသုသံဝါသ သားကောင်(ကျွဲနွား)တို့၏ ပေါင်းဖော်နေထိုင်ခြင်း၊
မုဂဗ္ဗတ-သူအတို့၏အကျင့်၊ တတ္ထိယ သမာဒါန- တိတ္ထိဂိုဏ်းဝင်တို့၏ ကျင့်သုံးခြင်း ဟု ပြောဆိုရှုတ်ချတော်မူကာ ရဟန်းတို့၏ အညှမညနလောမဏ အချင်းချင်းပြောဆိုဆက်ဆံ ကျင့်သုံးကြခြင်းကိုသာ အလိုရှိတော်မူပါသည်(၀ိဠ-ခ၊ ၃၅၆)။
ထို့ကြောင့် ထိုသို့သောစကား မပြောသော ၀စီပိတ်အကျင့်များကို အထင်ကြီးကာ အတုယူကျင့်သုံးခြင်း မပြုရန်လိုကြောင်း ဖြေကြားလိုပါသည်။"
သူတော်ကောင်းတို့၏ "ပါးစပ်" သည် "ပိတ်" နေခြင်းအားဖြင့် မည်သည့်အကျိုးကျေးဇူးတစ်စုံတစ်ရာ ဖြစ်ထွန်းပါမည်လော။ ပါးစပ်ကို ပိတ်နေခြင်းသည် ပါးစပ်ကို ကောင်းစွာ အသုံးချခြင်း မဟုတ်ပါ။
သူတော်ကောင်းတို့၏ပါးစပ်ဟူသည် ... မြတ်ဘုရား၏ တရားတော်များကို ထပ်ဆင့်ဟောကြားရမည်။ အကုသိုလ်၏ ဆိုးကျိုးကို ဟောပြောရမည်။
ကုသိုလ်၏ ကောင်းကျိုးကို ပြောကြားရမည်။ ၀ိပဿနာ ဘာဝနာပွားများနည်းများကို ညွှန်ပြပြောကြားရမည်။
သို့မှသာလျှင် သာသနာတော်၏ အကျိုး၊အများ၏ အကျိုးကို "၀စီကံ" ဖြင့် သယ်ပိုးစွမ်းဆောင်နိုင်ခြင်းရှိပေလိမ့်မည်။ ဆိတ်ဆိတ်နေသော ၀စီကံသည် ဘာတစ်ခုမျှ၊ ကောင်းကျိုးမဆောင်၊ စားသောက်ဘုဉ်းပေးရာတွင် ပါးစပ်ကို အသုံးချပြီး မကောင်းမြစ်ထာ ကောင်းရာညွှန်လတ်နိုင်ဖို့မူ ပါးစပ်ကို အသုံးချရမှန်းမသိသူသည် တာဝန်မဲ့သူသာဖြစ်ပါသည်။
ဤမျှဆိုလျှင် ၀စီပိတ်ကျင့်စဉ်အပေါ် မှန်ကန်စွာ နှလုံးသွင်းနိုင်ပြီ ထင်ပါသည်။
ဝစီပိတ်အကျင့်ကို ကျင့်သုံးသူများအား အားပေးခြင်း၊ လှူဒါန်းခြင်းများသည် မြတ်စွာဘုရားအားဆန့်ကျင်ခြားနားရာ ရောက်ကြောင်းကိုလည်း ထင်ရှားပြတ်သားစွာ သိမြင်သဘောပေါက်ပြီ ထင်ပါသည်။

အရှင်ဣန္ဒက ရခိုင် ဓမ္မရိယ
B.A(Hons)M.A(Philo)Ph.D(Research)


(ဖေ့ဘုတ်မှကူးယူဖော်ပြသည်...။)


(ဗုဒ္ဓနှစ် ၂၆၀၀ ပြည့်သည် သာသနာတော်နှစ် ၂၅၅၅နှစ်နှင့် ဗုဒ္ဓဘုရားအဖြစ်ဖြင့် ၄၅နှစ်တို့ပေါင်းထားခြင်းဖြစ်သည်...။ အင်္ဂလိပ်သက္ကရာဇ် ၂၀၁၂ ခုနှစ်တွင် ပြည့်ခဲ့ပြီးဖြစ်သည်...)

မဟာသက္ကရာဇ် ၁ဝ၃ခုနှစ်၊ ‘ကဆုန် လပြည့်ဗုဒ္ဓနေ့’ညဥ့်၏ နောက်ဆုံးမိုးသောက် ယံ၌ အလောင်းတော်သိဒ္ဓတ္ထမင်းသားသည် သဗ္ဗညုတဥာဏ်တော်ကိုရ၍ လောကသုံး ပါး၌ ဘုရားအဖြစ်သို့ ရောက်တော်မူ၏။ ဘုရားအဖြစ်သို့ ရောက်ခြင်းသည် လောက သုံးပါး၌အကြီးဆုံး၊အမြတ်ဆုံး၊အမြင့်ဆုံးအားဖြင့် အနှိုင်းမဲ့အဖြစ်သို့ ရောက်ခြင်း ပင်ြ ဖစ်သည်။ဘုရားအဖြစ်သို့ ရောက်ရန် အရေးကား လွယ်ကူသည်မဟုတ်။ ဒီပင်္ကရာဘုရား၏ ခြေတော်ရင်း၌နိယတဗျာဒိတ်ကို ရတော်မူ ချိန်မှစ၍ လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်းတို့ ကာလပတ်လုံးပါရမီဆယ်ပါးကို မနားမနေ ဖြည့်ကျင့်ခဲ့ရ၏။ဗုဒ္ဓဟူသည် တစ်ပြိုင်တည်းနှစ်ဆူပွင့် ထွန်းလာသည့်အစဉ်အလာမရှိ၊ သက်တော် ထင်ရှားဘု ရားနှစ်ဆူမရှိ၊ အားလုံးသော သတ္တ ဝါတို့အား ကောင်းကျိုးချမ်းသာဖြစ်ထွန်းပွား များစေခြင်းငှာ ‘ဗုဒ္ဓ’သည် ပြိုင်ဘက်မရှိ တစ် ဆူတည်းသာ ပွင့်တော်မူလာခြင်းဖြစ်သည်။ ယင်းသို့ သတ္တဝါတို့အကျိုးအတွက် ပွင့်ထွန်း လာသော ဗုဒ္ဓဘုရားရှင်သည် လွယ်ကူစွာ ပွင့် ထွန်းလာခြင်းမဟုတ်၊ ကာလရှည်လျားခက်ခဲ စွာ ကျင့်ကြံအားထုတ်ခဲ့ရသည်။
ဘုရားတစ်ဆူ၏ရှေ့မှောက်၌’ဧကန်ဘုရား ဖြစ်လတ္တံ့’ဟူ၍ ဘုရားရှင်၏ ဗျာဒိတ်ပေးခံ ရသော ဗုဒ္ဓလောင်းလျာသည် ပညာဓိက ဘုရားလောင်းလျာဖြစ်အံ့၊ လေးအသေ င်္ချနှင့် ကမ္ဘာတစ်သိန်း။ သဒ္ဓါဓိကဘုရားလောင်း လျာဖြစ်အ၊ံ့ ရှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း။ ဝီရိယာဓိက ဘုရားလောင်းလျာဖြစ်အံ့၊ တစ်ဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာ တစ် သိန်းကာလပတ်လုံး
-စည်းစိမ်ဥစ္စာသားမယားနှင့်တကွ ကိုယ်လက် ခန္ဓာအသက်ကိုပါ စွန့်လွှတ်လှူဒါန်းခြင်း၊
-ခန္ဓာပျက်ကြွေအသက်ပင်သေရသော်လည်း အကျင့်သီလ မပျက်ရအောင်စောင့်ထိန်းခြင်း၊
-အသက်အန္တရာယ်ကို ပြုတတ်သော လော ကဓံတရားများနှင့် ကြုံတွေ့ရသော်လည်း သည်းခံမှုခန္တီကျင့်စဉ်မပျက်စီးခြင်း။
-အသက်သေရအံ့ဟူသောအကြောင်းကြောင့် ပင်လျှင် အမှန်သစ္စာတရားကို မစွန့် ခြင်း။
-အသက်ပင် ပျက်စီးရသော်လည်း အဓိဋ္ဌာန် မပျက်စီးရဘဲ မတုန်မလှုပ်ဆောက်တည်ခြင်း။
-မိမိအသက်ကို နှိပ်စက်ဖျက်ဆီးမည့် သတ္တဝါ တို့၌သော်လည်း မေတ္တာမပျက်ခြင်း။
-အသက်၌တွယ်တာ ကပ်ငြိသော တဏှာ လောဘကို ဖြတ်တောက်၍ တောထွက်ခြင်း စသော
ဗုဒ္ဓပါရမီကျင့်စဉ်တို့ကို ဘဝအမျိုးမျိုး၊ ရုပ်အဆင်းသဏ္ဌာန်အမျိုးမျိုးပြောင်းလဲ၍ပါရမီရင့်ကျက် ပြည့်စုံသည်အထိ ကြိုး ကုတ်အားထုတ်ခဲ့ရသည်။
 အထူးမှာ ဗုဒ္ဓလောင်းလျာ ကျင့်စဉ်များ ကို ဘုရားလောင်းလျာမှအပ အခြားပုဂ္ဂိုလ် သတ္တဝါများ မကျင့်နိုင်ကြ၊ အားမထုတ်နိုင်ကြ၊ ဗုဒ္ဓလောင်းလျာ ပါရမီကျင့်စဉ်အတိုင်း ကျင့် ကြံအားထုတ်သောပုဂ္ဂိုလ်သာလျှင်’ဗုဒ္ဓ’ဘုရား ဖြစ်လာနိုင်သည်။ ဗုဒ္ဓဘုရားလောင်းလျာ ပါရမီကျင့်စဉ်တို့ကို အောင်မြင်စွာ ဖြည့်ကျင့် ဆည်းပူးအားထုတ်မှုကြောင့် ‘ဗုဒ္ဓ’ဂုဏ်ရည်နှင့် ပြည့်စုံသော ဘုရားသည်သာလျှင် ‘ဗုဒ္ဓ’ ဘုရားစင်စစ်ဖြစ်တော်မူသည်။ထို့ကြောင့်..ရုပ်အဆင်းဣနြေ္ဒ အသွင်  လက္ခဏာအရာ၌လည်းကောင်း၊ ကြည်ညို ဖွယ်ရာ လုံးရပ်တော်ပမာဏအရာ၌လည်း ကောင်း၊ သီလ၊သမာဓိ၊ပညာကြီးမြတ်ခြင်း အရာ၌လည်းကောင်း၊ အသံတော်ကြည်လင် ချိုသာခြင်းအရာ၌လည်းကောင်း၊ ကြီးမြတ် သော မဟာကရုဏာ၊ မေတ္တာတော်အရာ၌ လည်းကောင်း၊ တရားတော်ဟောကြားခြင်း အရာ၌ လည်းကောင်း၊ ဘုန်းတန်ခိုး၊အာနု ဘော်အရာ၌လည်းကောင်း ၊ မြင့်မြတ်သော သည်းခံခြင်းအရာ၌လည်းကောင်း၊ ထူးခြား သော အောင်မြင်ခြင်းအရာ၌လည်းကောင်း၊ ဝန်ဆောင်ခြင်းအရာ၌လည်းကောင်း၊ ထိုးထွင်းဥာဏ်စွမ်း အား သတ္တိအရာ၌လည်းကောင်း၊ ခွန်အားဗလအရာ၌လည်းကောင်း၊ ပါရမီ တော်အရာ၌လည်းကောင်း၊ ဤသို့အစရှိ သော အရာအာလုံးတို့၌ ဗုဒ္ဓဘုရားရှင်အား တုဖက်ယှဉ်ပြို င်နိုင်သော ပုဂ္ဂိုလ်ဟူ၍လည်း ကောင်း၊ ဗုဒ္ဓဘုရားရှင်နှင့်တူညီသော ပုဂ္ဂိုလ် ဟူ၍လည်းကောင်း ဤလောက၌ မရှိနိုင်ပေ။ ဗုဒ္ဓဘုရားရှင်သည် လောက၌  တစ်ဆူတည်း သာပွင့်ထွန်းလာသည်ဖြစ်သောကြောင့်’အတု မရှိဗုဒ္ဓ’ဟူ၍အလေးအမြတ်ပြုကြရသည်။ကြည်ညိုသဒ္ဓါတရားပွားများ ကြရသည်။ ယုံ ကြည်မြတ်နိုး ကိုးကွယ်ဆည်း ကပ် ကြရသည်။ ‘ဝေနေယျ သတ္တဝါများဘက်ကသာ မြတ်စွာဘုရားကို မေ့ချင်မေ့မည်။ မြတ်စွာ ဘုရားဘက်ကမူ ဝေနေယျသတ္တဝါအများကို မည်သည့်အခါမှ မေ့လိမ့်မည် မဟုတ်။ ဤကဲ့ သို့ မမေ့တတ်သော အကျင့်ကိုရအောင်ပင် မြတ်စွာဘုရားသည် လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်းတိုင်အောင် ပါရမီအကျင့် မြတ်တို့ကို ဖြည့်ကျင့်တော် မူခဲ့ခြင်းဖြစ်လေ၏။ ဓမ္မတာ အားဖြင့်လည်း မြင့်မြတ်သူဖြစ်လေ၊ လောက အပေါ်ကြင်နာသူဖြစ်လေပင်ဖြစ်ပါ၏’ မြတ်ဗုဒ္ဓဘုရားရှင်သည် (၄၅ဝါ)နှစ်ပတ် လုံး သတ္တဝါေ ဝနေယျတို့အား တရားအမြိုက် ဆေးတိုက်ကျွေး၍ ပရိနိဗ္ဗာန်ဝင်စံတော်မူပြီး ခဲ့သည့်နှစ်မှ ပြန်လည်ရေတွက်ပါလျှင် ယခု ၁၃၇၄ခုနှစ်၊ကဆုန်လပြည့်(၅.၅.၂ဝ၁၂) ဗုဒ္ဓနေ့ သည် သာသနာတော်နှစ်(၂၅၅၅)နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။သာသနာတော်နှစ် ၂၅၅၅နှစ်နှင့် ဗုဒ္ဓဘုရားအဖြစ်ဖြင့် ၄၅နှစ်တို့ပေါင်းလိုက်ပါ က မြတ်ဗုဒ္ဓပွင့်တော် မူခဲ့သည့်နှစ်ပေါင်း (၂၆ဝဝ)ပြည့်တော့မည်ဖြစ်သည်။ အတိုချုပ် ခေါ်ဆိုရလျှင် (ဗုဒ္ဓနှစ်-၂၆ဝဝပြည့်နှစ်) ဖြစ်ပါ သည်။ ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ သည် မြတ် ဗုဒ္ဓ၏ ကျေးဇူးတော်အနန္တကို သတိတရအောက်မေ့ဆင်ခြင်၍ မည်သို့နေ ထိုင်ကျင့်ကြံအားထုတ်ပူဇော်သင့်သည်ကို သတိချပ်သင့်လှသည်။ကျွန်ုပ်တို့၏ ကိုးကွယ်အား ထားရာ မြတ် ဗုဒ္ဓသည် သတ္တဝါဝေနေယျများအပေါ်၌ သနားကြင်နာတော်မူ၏။ မေတ္တာတော်ကြီး မားလှ၏။ ဆင်းရဲဒုက္ခတို့၏ ကုန်ဆုံးရာ နိဗ္ဗာန် ချမ်းသာကို ရှာဖွေပေး ၊လမ်းညွှန်ပြသပေး တော်မူ၏။ ကျွန်ုပ်တို့အပေါ်ဝယ်..ကျေးဇူး တော်အနန္တတင်ရှိလှ၍ ဗုဒ္ဓကျေးဇူးကို မမေ့ သင့်အပ်၊ အစဉ်အောက်မေ့ဆပ်သင့်လှပါ ကြောင်း ရေး သားနှိုးဆော်လိုက်ရပေသည်။

အောင်မြင့်မြတ်(ပြည်ရွှေဘို)


ဖေ့ဘုတ်မှရရှိသော ပုံကိုကူးယူဖော်ပြသည်။