HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label ကိုးကွယ်ခြင်းဆိုင်ရာ. Show all posts
Showing posts with label ကိုးကွယ်ခြင်းဆိုင်ရာ. Show all posts

 
ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။
မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။
ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။

ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?
ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။
ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့
သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။
သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။
နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။

ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ
အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို
ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်
စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။

ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့
ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။

ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့
ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို
ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊
ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊
အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊
ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။

ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊
သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား

 

အိန္ဒိယပြည်မှာဗုဒ္ဓဘာသာဘာကြောင့်ကွယ်သွားရတာလဲဆိုတာ ဘုန်းကြီးတို့ လေ့လာလို့
ရသလောက် ပြောရရင် အခြေခံအကြောင်း ၃-ခုကို တွေ့ရပါတယ်။

၁။ ဇာတ်ဝါဒ အလွန်ပြင်းထန်ခြင်း၊ (လူတန်းစား ခွဲခြားမှု့)

၂။ အတ္တ၀ါဒ အလွန်ပြင်းထန်ခြင်း၊ (အစွဲကြီးမှု့)

၃။ သဒ္ဓါတရားနည်းပါးခြင်းတို့ကြောင့် အိန္ဒိယပြည်မှာ ဗုဒ္ဓသာသနာ ကွယ်ခဲ့ရပါတယ်။

အပြည်အစုံအကျယ်ကို သိရှိလိုလျှင်
အနှစ်ကိုးပါးတရားတော် (သီတဂူဆရာတော်) -စာအုပ်ကို ၀ယ်ယူ၍ ဖတ်ရှူကြလေကုန်......


နောက်တခု သာသနာကွယ်ခြင်းရဲ့ အကြောင်းက ဘာလဲဆိုရင် လူတွေရဲ့ နှလုံးသားထဲမှာ
သဒ္ဓါတရား ခေါင်းပါးလာမှု့ပါပဲ။
ဘာသာခြားတွေက သဒ္ဓါတရား ခေါင်းပါးတော့ လုပ်ချင်ရာ လုပ်တော့တာပဲ။ အရာရာမှာ
ကိုယ့်ဘာသာ ရှေ့တန်းက နေရာရဖို့၊ အသာစီးရဖို့၊ ခေါင်းတစ်လုံးသာဖို့ ဆိုတဲ့ မကောင်းတဲ့
စိတ်တွေ ဖြစ်လာတယ်။ သူများဘာသာက ကိုယ့်ဘာသာထက် သာသွားမှာကို မလိုလားဘူး။

ဗုဒ္ဓဘာသာ အရှိန်အ၀ါ ကောင်းမှာကို မလိုလားဘူး။ ဒီတော့ မနာလိုစိတ်တွေ ပြင်းထန်လာတယ်။
ဒါကြောင့် ဘာသာခြားများက ဗုဒ္ဓသာသနိက အဆောင်အဦ တွေကို ဖျက်ဆီးတယ်။

သမိုင်းမှတ်တမ်းများ ဖတ်ရှူ့လိုလျှင်



သတိမူရင် မြူကို မြင်တယ်

နာလန္ဒာ ဗုဒ္ဓတက္ကသိုလ် ကြီးဆိုရင် တချိန်တုံးက သိပ်အောင်မြင်ခဲ့တာပဲ။ ဒီလိုအောင်မြင်တာကို

ဘ၀ဆိုတာ တိုးတောင်းလွန်းလှပါတယ်... အထူးသဖြင့် စစ်မှန်တဲ့ ဘာသာတရားရဲ့ အရိပ်အောက်မှာ
နေရတဲ့ ဘ၀ဟာ ပိုပြီးတော့တောင် တိုတောင်းလွန်းလှပါတယ်... အဲ့ဒီစကားလေးရဲ့ အဓိပ္ပါယ်ကို ကျွန်တော်ရှင်းပြပါရစေ... စစ်မှန်တဲ့ ဘာသာတရားရဲ့အရိပ်အောက်မှာ နေရတဲ့ဘ၀ဟာ ဘာလို့ ပိုပြီး
တိုတောင်းလွန်းလှတယ်လို့ ပြောရသလဲဆိုရင်...

ကျွန်တော် လက်ရှိနေတဲ့ နေရာလေးဟာ မောင်တောမြို့ လို့ခေါ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့ မြို့လေး တစ်မြို့ပေါ့... ဒီမြို့လေးမှာ အလုပ်လုပ်ဖို့ ရောက်လာတာ ၂ နှစ်တောင်ပြည့်ခဲ့ပြီ... တော်တော်လေးလည်းနေသားကျသွားပါပြီ... ဒီမြို့လေးမှာ မီးလာချိန်ကတော့ ညဘက် ၆း၃၀ ကနေ ၁၀း၃၀ အထိပေါ့... စနေတနင်္ဂနွေဆိုကျွန်တော် တော်တော်လေး နေရခက်တယ်... မီးမရှိရင် လုပ်စရာကိစ္စတွေတော်တော်နည်းသွားပြီလေ... အဲဒါနဲ့ တစ်နေ့ ကျွန်တော် အားအားယားယား အခန်းထဲမှာတစ်ယောက်တည်း စဉ်းစားမိတယ်... ဘာအကြောင်းလဲဆိုတော့ ခပ်မြင့်မြင့်လေး ပြောရရင် လူ့ဘ၀ကြီးရဲ့ အကြောင်းပေါ့... ကျွန်တော်တို့လူ့ဘ၀ကို သက်တမ်းအားဖြင့် (၈၀)နှစ် နဲ့ ကျွန်တော်စပြီး စဉ်းစားလိုက်တာ... သက်တမ်းက (၈၀)ဆိုရင်ကျွန်တော်တို့ လူ့ဘ၀မှာ အိပ်ချိန်ကို ၆ နာရီနဲ့တွက်ရင် တစ်ရက်ရဲ့ ၄ ပုံတစ်ပုံကို အိပ်တာနဲ့ ကျွန်တော်တို့ အချိန်ဖြုန်းလိုက်ပြီ... အဲဒါဆို နှစ်ပေါင်း (၈၀) မှာ ၄ ပုံတစ်ပုံဆို နှစ် (၆၀) ပဲကျန်တယ်... အဲ့ဒီထဲကမှ စားချန်ကို ထပ်နှုတ်မယ်ဗျာ... တစ်နေ့ကို စားချိန် ၂ နာရီ ထားလိုက်မယ်... အဲဒါဆိုရင် (၆)နှစ်ကျော် အချိန်က အစားစားတာနဲ့ ကုန်သွားပြန်ပြီ... ရေချိုးတာကို ကျွန်တော် (၁)နှစ်လို့တွက်လိုက်မယ်ဗျာ... အဲဒါဆို ကျွန်တော်တို့ နှစ် (၅၃)နှစ်ပဲကျန်တော့မယ်... အဲဒီထဲကမှ ဘာသာရေးအကြောင်း စစ်မှန်တဲ့ ဘာသာတရားအကြောင်း ကုသိုလ်ရေး အကုသိုလ်ရေးအကြောင်း အဲဒါတွေကို နားမလည်နိုင်တဲ့ (၅)နှစ်သားလောက်ကို ထပ်နှုတ်လိုက်မယ်...ဒါဆိုရင် (၄၉) နှစ်ပဲကျန်တော့မယ်... ကျောင်းစတက်တဲ့ အချိန်ကို တွက်ကြည့်လိုက်တယ်... သူငယ်တန်းကနေဆယ်တန်းအထိ ဆိုတော့ အားလုံး (၁၁)နှစ်ကျောင်းတက်ခဲ့ရတယ်... ကျွန်တော်တွက်ရင်းနဲ့ တော်တော်ချွေးပြန်လာတယ်... အဲ့ဒီ (၁၁)နှစ်လုံးလုံး ကျွန်တော် ဘာသာရေးနဲ့ပတ်သက်လို့ အယူအဆ အလွဲတွေ နဲ့ပဲ
တောက်လျှောက်နေလာခဲ့တာ... အဲဒါဆို ကျွန်တော့်ရဲ့ တွက်ချက်မှုအရ သက်တမ်း (၃၈)နှစ်ပဲ ကျန်တော့တယ်... ကျွန်တော် ဘုရားတသွားမိတယ်... ဆက်တွက်ရင် ဂိမ်းကစားတာ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာ သင်တန်းတွေတက် နည်းပညာနောက်ကိုလိုက်ပြီး အချိန်ကုန်တာတွေ... ဆက်ပြီးတွက်ရင်
ကျွန်တော် သက်တမ်း အနှုတ်ပြမလားတောင် စိုးရိမ်မိတဲ့အထိဖြစ်သွားတယ်... ဆက်လည်း မတွက်ရဲ
တော့ဘူး အဲဒီတွက်ချက်တဲ့ ကိစ္စကိုကျော်လိုက်တယ်...

အဲ့ဒီ တွက်ချက်တာလုပ်တဲ့အချိန်က အသက် ၂၆ နှစ်ထဲဝင်နေပြီ... ကိုယ့်အတွက် ကုသိုလ်ကောင်းမှု ဘာတွေများလုပ်ခဲ့ပြီးပြီလဲ စဉ်းစားကြည့်တယ်... ခေါင်းထဲမှာ တော်တော်လေး လေးလံသွားတယ် သိပ်ပြီး များများစားစားမထွက်လာဘူး... မထွက်လာဘူးဆိုတာ ကောင်းမှု ဘာလုပ်လဲ စဉ်းစားလိုက်တိုင်း မကောင်းမှု လုပ်ခဲ့တာတွေချည်းပဲ အရင်ထွက်ထွက်လာတယ်... အဲဒါဆို သေချာပြီတော့ ကုသိုလ်ထက် အကုသိုလ်က များနေပြီဆိုတာ... အဲဒါနဲ့ အဲဒီ ကိစ္စကိုလည်း မစဉ်းစားတော့ဘူး ကျော်လိုက်တယ်...

အဲဒါနဲ့ဆက်ပြီး ကိုယ်ကိုးကွယ်တဲ့ ဘာသာကိုဆက်ပြီးစဉ်းစားကြည့်လိုက်တယ်...
ဘုရား... တရား... သံဃာ... အဲ့ဒီ စစ်မှန်တဲ့ ရတနာမြတ်သုံးပါးကို ငါ ဘယ်လောက် ယုံကြည်မြတ်နိုးပြီး ကိုးကွယ်ခဲ့ပြီးလဲ... နှစ် နဲ့တွက်ရင် ဘယ်နနှစ်ရှိပြီလဲ... ပြန်စဉ်းစားတော့ အသက် ၂၆ နှစ်မတိုင်ခင် ၅နှစ်
လောက်ကမှစပြီး (၀ါ) ၂၁ နှစ်လောက်ကမှစပြီး ထေရ၀ါဒဆိုတာ ဘာလဲ သေသေချာချာသိခဲ့တယ် (ဒါတောင် လုံးဝအတိအကျပါလို့ မပြောရဲသေးပါဘူး)... ဘုရား... တရား... သံဃာ... ဆိုတဲ့ ရတနာ သုံးပါးကလွဲရင် ကျန်တာတွေဟာ ကိုးကွယ်ရာ အစစ်အမှန်မဟုတ်ဘူးဆိုတာ တကယ်သဘောပေါက်တာ

“ဘေးကိုကြောက်ရွံထိန့်လန်ကုန်သော သူတို့သည် တောတောင်တို့ကိုလည်းကောင်း၊

နေရာအရံတို့ကိုလည်းကောင်း၊ တောဆိုးသစ်ပင်တို့ကိုလည်းကောင်း၊ (ဘေးမှလွတ်ရန်)

များစွာ ဆည်းကပ်ကိုးကွယ်ကြကုန်သည် ဟု ဂေါတမဗုဒ္ဓ က မိန့်တော်မူသည်။


ဤသို့ ကိုးကွယ်ခြင်းမှာ သမိုင်းမတင်မှီကာလမှ ယနေ့တိုင် ရှိနေသည်။

ဘေးအန္တရာယ်မှ လွတ်ရန်၊ လိုတာမရသော ဘေးမှ လွတ်ရန်၊ ရပြီးသား

လက်လွတ်ရမည့်ဘေးမှ လွတ်ရန်အတွက်၊ ရေနစ်သူသည် ဆွဲမိဆွဲရာကိုဆွဲကိုင်

အားကိုးတတ်သကဲ့သို့ တွေ့ရာ ကြုံရာ နှီးနွယ်ရာကို ကောင်းလိမ့်နိုးနိုး အားကိုးကြသည်။

ကိုးကွယ်ကြသည်။ ဗေဒင်မေးကြသည်။ နတ်မေးကြသည်။ လတ်တလော ဒုက္ခ၊

လောကီဒုက္ခ၊ ရတာမလို၊ လိုတာမရသော ဒုက္ခတို့မှ လွတ်ရန် ကိုးကွယ်ရာ ရှာကြသည်။

ဤသို့ ကိုယ်ကျိုးကို အခြေခံလျက်၊ လောဘကို အခြေခံလျက်၊ ကိုးကွယ်ရာ ရှာကြသော

လူသားတို့၏ ဓမ္မတာအတိုင်း၊ ဗုဒ္ဓဘာသာဝင် ဖြစ်ပါလျက် ဆင်ခြင်တုံတရား အားနည်း

သူတို့သည် မိမိတို့တွင် ကိုးကွယ်ရာ ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာအစစ်ရှိပြီး

ဖြစ်ပါလျက် ဤရတနာသုံးပါးကို ကျောခိုင်းကာ၊ ဟုတ်လိမ့်နိုးနိုး၊ ဆင်ကန်းတော်တိုး၊

ကြောင်းကျိုးမမှန်သည့် ကိုးကွယ်ရာများကို ရှာဖွေလာကြသည်။

ထိုသို့ ရှာဖွေလာခြင်းကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် အမည်ခံ သူတို့အကြားဝယ်

နတ်အမျိုးမျိုး ကိုးကွယ်မှု့၊

ထွက်ရပ်ပေါက်လမ်းလိုက်မှု့၊

ဘိုးတော် မယ်တော် ပူဇော်ချဉ်းကပ်မှု့များကို ပြုလုပ်နေကြသည်ဟု

ထေရ၀ါဒီ သုတေသီတို့က မှတ်ချက်ပြုကြသည်။


အရှင်ဝရသာမိ

http://www.sbay-student.org/
www.dhammaanalysis.multiply.com/
 

လူငယ်ဆိုတာ ဖျက်လတ်တက်ကြွသော၊ ရဲရင့်သော၊ သန်စွမ်းသော၊ ခိုင်မာသော၊ သတ္တိရှိသော၊ နိုးကြား၍ဇွဲရှိသောသူကို လူငယ်ဟု ခေါ်ပါသည်။ သို့သော်ထိုလူငယ်၏ ဂုဏ်ပုဒ်များသည် ကောင်းမွန်သော၊ အကျိုးရှိသော နေရာများတွင်သာ အသုံးချသင့်ပါသည်။ အမျိုးဘာသာကို ထိခိုက်စေနိုင်သော၊ ယဉ်ကျေးမှုကို ပျက်ပြားစေနိုင်သော အမှုကိစ္စများတွင် အသုံး ချမည်ဆိုပါက မသင့်တော်နိုင်ပေ။ အမျိုးကိုဆက်မည့်၊ ထိန်းသိမ်းမည့် သစ်လွင်ရဲရင့်သော မျိုးဆက်သစ် လူငယ်များသာ ဖြစ်သင့်ပါသည်။ ထို့ကြောင့် တမျိုးသားလုံး၏ ကောင်းမွန်သော ယဉ်ကျေးမှုများ၊ ဓလေ့စရိုက်များ၊ ထုံးတမ်းစဉ်လာများ ကိုအမွေဆက်ခံမည့် “မွေခံထိုက်စေ လူငယ်များ” ဖြစ်ဖို့ရန်မှာ ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာ မြန်မာလူငယ်များ အားလုံးတွင် တာဝန်ရှိပါသည်။ ကောင်းသည့်အမွေများအား ဆက်ခံသင့်သလို မကောင်းသည့်အကျင်၊့ စရိုက်ဆိုး များကိုလည်း ပယ်ရှားပစ်ရမည့် တာဝန်မှာ အမျိုးကပေးသော အမျိုးသားရေးတာဝန်ပင်ဖြစ်ပေတော့သည်။

လူငယ်တို့၏ စိတ်သဏ္ဍာန်မှာ စူးစမ်းလိုသောစိတ် အမြဲကိန်းအောင်းနေတတ်ကြပါသည်။ စူးစမ်းသည်ဆိုရာဝယ် ကောင်းသည့်အရာများ ရှိသလို မကောင်းသောအရာ၌လည်း စူးစမ်းတတ်ကြပေသည်။ ဆိုလိုရင်းမှာ လူငယ်အများစုသည် ထေရ၀ါဒဗုဒ္ဓ သာသနာတော်၏ အခြေခံအနှစ်သာရများကို စူးစမ်းလေ့လာရာတွင် အားနည်းနေတတ်ကြခြင်းပင်ဖြစ်သည်။ ငယ်စဉ်က မိဘ ဆရာသမားများ၏ သွန်သင်ဆုံးမမှုမှတစ်ပါး တဆင့်တက်၍ လေ့လာကြိုးစားမှုမှာ အားနည်းနေကြပေသေးသည်။ တတ်သိနားလည်သော အနာဂတ်အတွက် လူငယ်များလည်း ရှိပါသည်။ သို့သော် ပမာဏအားမှာ နည်းနေသေးသည်ဟု တွက်ဆနိုင်ပါသည်။

အနာဂတ်အတွက် ဗုဒ္ဓသာသနာတော် သန့်ရှင်းတည့်တံ့ပြန့်ပွားရန်မှာ လူငယ်တိုင်းမှာ တာဝန်ရှိပြီး သာသနာဝင်တိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့ရန် အလွန်အရေးကြီးလှပါသည်။ အဖွဲ့အစည်းငယ်မှစ၍ နိုင်ငံတ၀န်း တိုးတက်ရေး၏ အဓိက အခြေခံအုတ်မြစ်မှာ သီလတရားပင်ဖြစ်သည်။ ကိုယ်ကျင့်တရားပင်ဖြစ်ပါသည်။ ယနေ့ခေတ် လူငယ်တို့သည် သောက်စားမူးရစ်ခြင်း

သုဿန်သင်္ချိုင်း၌ အပြစ်ငါးမျိုးရှိကြောင်းကို မြတ်စွာဘုရားက ဤသို့ ဟောကြားတော်မူခဲ့ပါသည်။
“ရဟန်းတို့၊ သင်္ချိုင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ...

(၁) မစင်ကြယ်၊
(၂) မကောင်းသော အနံ့ရှိ၏၊
(၃) ဘေးဘျမ်းရှိ၏၊
(၄) သရဲသဘက်တို့ နေရာဖြစ်၏။
(၅) များစွာသော လူအပေါင်းတို့ ငိုကြွေးရာဖြစ်၏၊
“ရဟန်းတို့၊ သင်္ချိုင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

ဤသင်္ချိုင်းကို ဥပမာပြု၍ သင်္ချိုင်းကုန်းနှင်းတူသော ပုဂ္ဂိုလ်ကိုလည်း ဟောဖော်ညွန်ကြား
တော်မူခဲ့ပေသည်။ ထိုပုဂ္ဂိုလ်မှာ.......

(၁) အသုစိ - မစင်ကြယ်သော ကာယကံ၊ ၀စီကံ၊ မနောကံနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊

(၂) ဒုဂ္ဂန္ဓ - မစင်ကြယ်သော ကံသုံးပါးနှင့်ပြည်စုံသဖြင့် မကောင်းသတင်းထွက်၍
အပုပ်နံ့လှိုင်သောပုဂ္ဂိုလ်။

(၃) သပ္ပဋိဘယ - မစင်ကြယ်သော ကံသုံးပါးနှင့်ပြည်စုံသဖြင့် သီလကို ချစ်မြတ်နိုးကြ
ကုန်သော ရဟန်းအပေါင်းသူတော်ကောင်းတို့က ပစ်ပယ်ခံရသောပုဂ္ဂိုလ်၊

(၄) ၀ါဠာနံ အမနုဿာနံ အာဝါသ - မိမိကိုယ်တိုင် မစင်ကြယ်သော ကံသုံးပါးနှင့် ပြည့်စုံ
သည့်အပြင် မိမိနှင့်သဘောတူ မစင်ကြယ်သော ကံသုံးပါးနှင့် ပြည့်စုံသောပုဂ္ဂိုလ်တို့နှင့်သာ
ပေါင်းသင်းနေထိုင်သော ပုဂ္ဂိုလ်၊

(၅) ဗဟုဇနအာရောဒန - မစင်ကြယ်သော ကံသုံးပါးနှင့် ပြည့်စုံသဖြင့် ရဟန်းအပေါင်း
သူတော်ကောင်းတို့က ကဲ့ရဲ့ရှုတ်ချခံရသော ပုဂ္ဂိုလ်တို့ ဖြစ်ပါသည်။
(သိဝထိကသုတ်) (အံ၊ ၂၊ ၂၃၅။ မြန်မာပြန်၊ ၃၀၀ - ၃၀၁)

အဓိပ္ပါယ်မှာ.............

(၁) သင်္ချိုင်းသည် မစင်ကြယ်သကဲ့သို့ မစင်ကြယ်သော ကံသုံးပါးရှိခြင်း၊

(၂) သင်္ချိုင်းသည် မကောင်းသော အနံ့ရှိသကဲ့သို့ မကောင်းသတင်းထွက်ခြင်း၊

(၃) သင်္ချိုင်းသည် ဘေးအန္တရယ်ရှိသောအရပ်ဖြစ်၍ ထိုသင်္ချိုင်းကို လူအများက ရှောင်ရှား
သွားကြသကဲ့သို့ မစင်ကြယ်သော ကံသုံးပါးရှိသူကိုလည်း ကိုယ်ကျင့်သီလကို ချစ်မြတ်
နိုးကုန်သော ရဟန်းအပေါင်းသူတော်ကောင်းတို့က ရှောင်ရှားသွားကြခြင်း၊

(၄) သင်္ချိုင်း၌ ဘီလူးသရဲများ နေကြသကဲ့သို့ မစင်ကြယ်သော ကံသုံးပါးရှိသူထံ၌လည်း
မစင်ကြယ်သော ကံသုံးပါးရှိသူတို့သာ နေထိုင်ကြခြင်း၊

(၅) သင်္ချိုင်း၌ လူအများငိုကြွေးကြသကဲ့သို့ မစင်ကြယ်သော ကံသုံးပါးရှိသူကို သီလကို
ချစ်မြတ်နိုးကုန်သော ရဟန်းအပေါင်းသူတော်ကောင်းတို့က ကဲ့ရဲ့ ရှုတ်ချကြခြင်း အားဖြင့်
ဒုဿီလပုဂ္ဂိုလ်သည် သင်္ချိုင်းကုန်းနှင့် ဥပမာတူလေသည်။

အထက်ပါ အင်္ဂါရပ်များတွင် နံပါတ် (၄) အင်္ဂါအရ
သင်္ချိုင်းကုန်း၌ ဘီလူးသရဲများသာ နေထိုင်ကြသကဲ့သို့ မစင်ကြယ်သောပုဂ္ဂိုလ်ထံသို့လည်း
မစင်ကြယ်သော ပုဂ္ဂိုလ်များသာ ဆည်းကပ်ကြသည်ကို တွေ့ရှိရပေမည်။
သို့ဖြစ်၍ ခြေင်္သေ့စစ်မှန်က မြက်ကို မစားသကဲ့သို့ မြက်စားလျှင်လည်း ခြေင်္သေ့မစစ် ဟု
ဆုံးဖြတ်နိုင်ပါသည်။
ဟင်္သာမင်းစစ်က ကျီးကန်းကို မခစားသကဲ့သို့ ကျီးကန်းကို ဆည်းကပ်လျှင်လည်း ဟင်္သာ
မစစ်ဟု သတ်မှတ်နိုင်ပါသည်။

နံပါတ် (၅) အင်္ဂါအရ
သူတော်ကောင်းတို့ ကဲ့ရဲ့ရှုတ်ချခြင်းနှင့် လူအပေါင်းတို့ ငိုကြွေးခြင်းတူကြပုံမှာလည်း
ဤသို့ဖြစ်ပါသည်။ သူတော်ကောင်းတို့သည် ဒုဿီလပုဂ္ဂိုလ်နှင့် မလွှဲသာ မရှောင်သာ
ပေါင်းဖော်နေရလျှင်ပင် “ငါတို့သည် ဒီလိုကောင်ကြီးနှင့်မှ ပေါင်းသင်းဆက်ဆံနေရပေ၏။
ထိုသို့ ပေါင်းသင်းဆက်ဆံနေရခြင်းမှာ ငါတို့အတွက် ဆင်းရဲကြီးစွတကား” ဟု မြည်တန်း
ညည်းညူတတ်ပါသည်။ ထိုသို့ သူတော်ကောင်းတို့ ညည်းညူခြင်းကိုပင် လူအပေါင်းတို့
ငိုကြွေးခြင်းနှင့် ဥပမာပြုထားခြင်းဖြစ်ပါသည်။

သို့ဖြစ်၍ စာဖတ်သူအပေါင်းသူတော်ကောင်းတို့သည် ဆရာသမားထံ နည်းခံတော့မည်
ဆိုလျှင် သင်္ချိုင်းကုန်းနှင့် တူသော ပုဂ္ဂိုလ်ကို ဝေးစွာရှောင်၍ ပွတ်သစ်စ ဂရုသင်းကဲ့သို့
ဆွတ်ဆွတ်ဖြူသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသော၊ စန္ဒကူးနံ့သာကဲ့သို့ မွှေးကြိုင်သော
သီလရနံ့ရှိသော ကမ္မဌာန်းဆရာထံ နည်းခံနိုင်ပါစေ - ဟု ဆန္ဒပြုမိပေသည်။

ဝီရသူ - (မစိုးရိမ်)

အရှင်ဝရသာမိ

ရှိခိုးပူဇော်ခြင်းနှင့် ဗုဒ္ဒဘာသာ

အရာရာတိုင်းတွင် အသွင်သဏ္ဌာန်နှင့် အနှစ်သာရဟူ၍ ရှိကြသည် ။ အသွင်သဏ္ဌာန်သည် အနှစ်သာရကို ပုံဖော်ဆောင်ကြဉ်း ပေးရသလို ၊ အနှစ်သာရသည် အသွင်သဏ္ဌာန်တည်ရှိမှုအား အဓိပ္ပါယ် ပြည့်ဝစေပေသည် ။ ထို့ကြောင့် တစ်စုံတစ်ရာကို အကဲခတ်တန်းဖိုး ဖြတ်မည် ဆိုပါလျှင် အသွင်သဏ္ဌာန်ရော အနှစ်သာရကိုပါ ခြုံငုံမိရန် အရေးကြီးလှပေသည် ။ လူသားတို့၏ ဘ၀တစ်ခုလုံးနှင့် သက်ဆိုင်သော ယုံကြည်ကိုးကွယ်မှု တို့အား လေ့လာဆန်းစစ်မှုပြုရာတွင်လည်း အသွင်သဏ္ဌာန်မျှကိုသာ ကြည့်ပြီး အနှစ်သာရ၏ တန်ဖိုးကို အကဲဖြတ်၍ မရနိုင်သည်ကို လူသားတိုင်း အလေးဂရုပြုအပ်ပေသည် ။ ဗုဒ္ဓဘာသာသည် ကမ္ဘာ့လူသားထု တစ်ရပ်လုံး ကိုးကွယ်အားထားရာ ဘာသာကြီး လေးခုအနက်မှ တစ်ခုအပါအ၀င် ဖြစ်သည့်အလျောက် သုတေသီတို့က ဘက်စုံထောင်စုံမှ လေ့လာစူးစမ်းမှုများပြုလုပ်ခဲ့ကြရာ အချို့ မှာအပေါ်ယံ အသွင်သဏ္ဌာန်မျှကိုသာကြည့်ပြီး ဗုဒ္ဓဘာသာ၏ တန်ဖိုးကို အကဲဖြတ်ကြ ၊ စာအုပ်စာတမ်းများ ရေးသားပြုစု ကြသည်များလည်း ရှိသည် ။ ထိုသို့အကဲဖြတ်သူများထဲတွင် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို သိနားလည်ခြင်းမရှိသူအချို့ က ဗုဒ္ဓဘာသာဝင်တို့၏ ဗုဒ္ဓဆင်းတုတော် ရှိခိုးပူဇော်သည့် အလေ့အထကို ရုပ်ထုကိုးကွယ်မှု အဖြစ် အစဉ်တစိုက်ဝေဖန် ရှုတ်ချခဲ့ကြသည် ။ ယင်းအလေ့အထသည် သူတို့ အမြင်တွင် အဓိပ္ပါယ်မဲ့ကောင်း မဲ့နေပေလိမ့်မည် ။ သို့ရာတွင် ဘာသာတရားအဆုံးအမနှင့်အညီ မြင့်မြတ်သော ဘ၀တစ်ခုအားမည်သို့ ဆောက်တည် ရမည်ကို သင်ကြားပြသပေးခဲ့သည့် ဆရာသခင်ကျေးဇူးရှင် တစ်ဦးအား အရိုအသေပေး ဂါရ၀ပြုခြင်း၏ ထူးခြားချက်ကိုကား သိနားလည်ခြင်း မရှိကြချေ ။ ဗုဒ္ဓဆင်းတုတော်တို့အား ရှိခိုးပူဇော်သည့် အလေ့အထသည် ဗုဒ္ဓ၏ သစ္စာဥာဏ် ၊ ပါရမီ ၊ အသိပညာ ၊ ဂုဏ်ကျေးဇူး များနှင့် လူသားတို့ကောင်းကျိုးအတွက် မြင့်မြတ်သော စွန့်လွှတ်မှုတို့အား အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းပြသသည့် နည်းလမ်းတစ်ရပ်သာ ဖြစ်သည် ။ အဆိုပါ အကြောင်းတရားတို့အား သိနားလည်မှုမရှိသည့်အတွက် ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ပူဇော်ခြင်းအပေါ် ဝေဖန်ပြောဆို ရေးသားကြခြင်း ဖြစ်သည် ။ ဗုဒ္ဓဘာသာဝင်တစ်ဦး အနေနှင့် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူအားပူဇော်ဂါရ၀ပြုခြင်းသည် မဖြစ်မနေလုပ်ဆောင် ရမည့်ကိစ္စပေလောဟုပြန်လည် သုံးသပ်ကြည့်သင့်ပေသည် ။ ဆင်းတု ၊ ရုပ်ပွားတော်တို့သည် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူရေးအတွက် မရှိမဖြစ်လိုအပ်ချက် မဟုတ်သော်လည်း ဗုဒ္ဓရုပ်ပွားတော်အား ပူဇော်ဂါရ၀ပြုခြင်းသည် အဓိပ္ပါယ်ရှိပြီး အကျိုးယုတ်စရာ မရှိသည့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အလေ့အထတစ်ရပ်သာ ဖြစ်ပေသည် ။ မြင့်မြတ်စင်ကြယ်သော ဘာသာတရားတစ်ခုအား ဝေဖန်ရှုတ်ချရန်အလို့ငှာ အဘယ့်ကြောင့် ဤကိစ္စကို ရှေ့တန်းတင် အသုံးချနေကြသည်ဆိုခြင်းကို ဗုဒ္ဓဘာသာဝင်များအဖို့ နားလည်ရန်ခက်ခဲလှပေသည် ။ ဗုဒ္ဓဘာသာဝင်တို့က ရုပ်ပွားတော်တစ်ဆူဖြင့် ကိုယ်စားပြုထားသည့် သူတို့၏ ဆရာသခင်အားပူဇော်ဂါရ၀ပြုခြင်းသည် လူ့ဘောင် အဖွဲ့အစည်း၏ ကိုယ့်ကျင့်တရား ဆိုင်ရာမူဝါဒ တစ်စုံတစ်ရာနှင့် တစ်ပါးသူတို့၏ လွတ်လပ်ငြိမ်းချမ်း ပျော်ရွှင်မှုအား ထိပါးချိုးဖောက်ရာရောက်နေပါသလော ။ အကယ်စစ်စစ် ဗုဒ္ဓမြတ်စွာသည် ပကာသနလွှမ်းသော ဘာသာရေးအခမ်းအနားများကျင်းပရန် မည်သည့်အခါကမျှအဆိုမပြုခဲ့ပဲ ဓမ္မကိုဖြန်ဖြူးရန်နှင့် မှန်ကန်မြင့်မြတ်သောဘ၀တစ်ခုအား ဆောက်တည်ရေး လမ်းစဉ်တို့ကို ညွှန်ပြရန်သာ အာရုံစိုက်ခဲ့ပေသည် ။ ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှား ရှိစဉ်အခါက ဗုဒ္ဓ၏နောက်လိုက် သံဃာတော်များအား ဗုဒ္ဓ ကိုယ်စား ရုပ်ပွားဆင်းတုများထုလုပ်ကိုးကွယ် ကြရန်လည်းမည့်သည့် အခါကမျှ တိုက်တွန်းမှုမပြုခဲ့ပေ ။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီးနောက် အနည်းဆုံး ရာစုသုံးစုခန့်ကြာမှ ဗုဒ္ဓ၏နောက်လိုက် သံဃာတော်များက အရိုအသေပြုစရာ အထိမ်းအမှတ်အဖြစ် ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်များ ထုလုပ်ခဲ့ကြခြင်း ဖြစ်ပေသည် ။ ရုပ်ပွားတော်များက ဗုဒ္ဓ၏ ပြီးပြည့်စုံသော ဖြူစင်မှု ၊ ဂရုဏာတရား ၊ ပညာဥာဏ် နှင့် လူယဉ်ကျေးတို့ အလေးထားပူဇော်ခြင်းကို ခံယူထိုက်သော မြင့်မြတ်သည့် အရည်အသွေးများအား ကိုယ်စားပြုလျက်ရှိသည် ။ မည်သို့ပင်ဆိုစေ ဗုဒ္ဓရုပ်ပွားတော်တို့သည် ကမ္ဘာ့အနုပညာရှင်တို့ စွမ်းဆောင်ခဲ့သည့် အလှပဆုံး ၊ အကောင်းမွန်ဆုံး လက်ရာတို့အနက် တစ်ခုလည်းဖြစ်ပေသည် ။ ဗုဒ္ဓဘာသာဝင် မဟုတ်စေကာမူ ဘာသာရေးအစွဲအလမ်း မကြိးသူတစ်ချို့မှာမူ ဗုဒ္ဓရုပ်ပွားတော်တို့က ကြည်ညိုသူ၏ စိတ်ဘ၀င်တွင် နက်ရှိုင်းသောတည်ငြိမ်အေးချမ်းမှုကို ဖန်တီးပေးနိုင်စွမ်းရှိကြောင်း သိရှိကြသည် ။ သို့ဖြစ်ရာ သူတို့၏ နေအိမ် ၊ ရုံးခန်းစသည်တို့တွင် ဗုဒ္ဓရုပ်ပွားတော်များကို အမြတ်တနိုးထားလေ့ရှိကြသည် ။ ထိုသို့လူ့စိတ်အာရုံကို ငြိမ်းချမ်းမှု ပေးစွမ်းနို်င်သည့် ရုပ်ပွားတော်များအား မိမိတို့ အနီးဝန်းကျင်တွင် ထားရှိဖူးမြှော် အာရုံပြုခြင်းသည် ကျန်းမာရေးအတွက်လည်း တန်ဖိုးရှိသော လုပ်ရပ်တစ်ခုပင် ဖြစ်သည် ။ အခြားတစ်ဖက်တွင်ကား အမည်ခံ ဗုဒ္ဓဘာသာဝင်အချို့သည် ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ကိုးကွယ်မှုအား ဗုဒ္ဓ၀ါဒ၏ အရေးကြိးဆုံး အနှစ်သာရ အဖြစ် သဘောထားကာ သူတို့၏ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ဤကြည်ညိုကိုင်းရှိုင်းမှုဆိုင်ရာ အသွင် သဏ္ဌာန်၌သာ အဓိကဗဟိုပြု အားထားနေကြသည်ကိုလည်း တွေ့ရပေသည် ။ ထိုသူတို့ကိုမူ ရုပ်တုဆင်းတု ကိုးကွယ်သူများမဟုတ်ပါဟု ငြင်းဆို ပြောကြားရန်ခက်လှပေသည် ။ ထိုသူတို့သည် ဒဏ္ဏာရီဆန်သော ယုံကြည်မှုများကို အသိတရားကင်းမဲ့စွာ တီထွင်ခဲ့ကြသည် ။ ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော်အသွင်အပြင် ၊ လက်ဟန်ခြေဟန် ၊ မျက်လုံးနှင့် ဦးဆောင်းတော်တို့ကို ပုံစံအမျိုးမျိုးဖြင့် ထုလုပ်ကြသည် ။ မဟာလူသားတည်းဟူသော မြတ်ဗုဒ္ဓဘုရားရှင်ကို ကောင်းကင်ဆန်စေခဲ့သည် ။ တန်ခိုးရှင် ၊ ဖန်ဆင်းရှင်နတ်ဘုရားအသွင် သို့ပြောင်းစေခဲ့ကြသည် ။ ယင်းရုပ်ပွားတော်များထံတွင် ဆုတောင်း ပတ္တနာပြုခြင်းဖြင့် သူတို့၏ လောကီရေးရာ လိုအပ်ချက်များ ပြည့်ဝလာလိမ့်မည်ဟု စိတ်ကူးယဉ်နေကြသည် ။ ထိုရုပ်ပွားတော်များသည် ယင်းတို့ကိုတီထွင် ထုလုပ်ကိုးကွယ် သူတို့၏ အသိဥာဏ်ခေါင်းပါးမှု နှင့် ကစဉ့်ကလျား ဖြစ်နေသည့် စိတ်နေသဘောထားတို့၏ ရောင်ပြန်ဟပ်မှုမျှသာဖြစ်ပေသည် ။ ယခုအချိန်အခါသည် ဓမ္မအစစ်အမှန်ကိုအလေးအနက်ထား အာရုံပြုလျက် အဆိုပါရုပ်ပွားတော်များအပေါ် အစွဲအလမ်းကြီးမှုများကို လျှော့ချရမည့်ကာလ ဖြစ်ပေသည် ။ ကိုးကွယ်ယုံကြည်သူတို့၏ စုဝေး၀တ်ပြုရာ ဗဟိုချက်မအဖြစ် ဗုဒ္ဓရုပ်ပွားတော်များအား ထိန်းသိမ်းသွားရပေမည် ။ ယင်းသို့ပြုနို်င်မည်ဆိုလျှင် ဗုဒ္ဓ၀ါဒ၏ ကောင်းမြတ်သော ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ပေလိမ့်မည် ။ ကျွန်ုပ်တို့သည် မိမိတို့၏ရိုးရာ ယဉ်ကျေးမှု အစဉ်အလာကိုထိန်းသိမ်းရင်း ဗုဒ္ဓ၀ါဒအား ခံယူကျင့်သုံးသွားနိုင်ပါသည် ။ သို့သော်မိမိတို့၏ မိရိုးဖလာ ဓလေ့ထုံးတမ်းများကို ဗုဒ္ဓ၀ါဒ အတွင်းသွပ်သွင်းခြင်းဖြင့် အရိုးကို အရွက်ဖုံးစေရန်ကား မပြုအပ်ပေ ။ အဘယ့်ကြောင့်ဆိုသော မိရိုးဖလာဗုဒ္ဓဘာသာဝင်များက သူတို့၏လူမျိုးဓလေ့ထုံးတမ်းနှင့် သက်ဆိုင်သော ပွဲလမ်းသဘင်အခမ်းအနားများအား သားစဉ်မြေးဆက် ခံယူကျင်းပကြသည်ကို ဘာသာခြားတို့က ဗုဒ္ဓ၀ါဒ၏ လမ်းညွှန်မှုအရ ပြုလုပ်နေသည်ဟု လွဲမှားစွာမှတ်ယူတတ်ကြသော ကြောင့်ဖြစ်သည် ။ ဘာသာရေးအယူသီးသည့် အစွန်းရောက်ဘာသာခြားအဖွဲ့အစည်း အချို့ကလည်း ဗုဒ္ဓဘာသာဝင် ပညာမဲ့တို့အား သူတို့၏ဂိုဏ်းဂဏအတွင်းသို့ ကူးပြောင်းဝင်ရောက်လာစေရန် ရည်ရွယ်ကာ ပရိယာယ်ဆင်လျက်ဗုဒ္ဓ၀ါဒအား သရော်လှောင်ပြောင် ဝေဖန်ရှုတ်ချမှုပြုရာတွင် ယင်းအခြေအနေအား အသုံးချအမြတ်ထုတ်လေ့ရှိကြသည်ကို ကျွန်တော်တို့ သတိပြုအပ်သည်။ ထို့ကြောင့် အဆိုပါအခမ်းအနား ပွဲလမ်းသဘင်များကို ရိုးရာ ဓလေ့ထုံးစံ၏ တစ်စိတ်တစ်ဒေသ အဖြစ်ကျင်းပလိုသူများအနေဖြင့် ဗုဒ္ဓ၀ါဒ နှင့်ထွေးရောယှက်တင်မဖြစ်စေရန် ယင်းတို့ကိုဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တို့၏ ပြင်ပတွင်သာကျင်းပသင့်သည် ။ ဗုဒ္ဓ၀ါဒကိုလူထုအကြား အထင်အမြင်လွဲမှားမှုနှင့် ထိပါးဖျက်ဆီးမှုကို ဖန်တီးနိုင်ရန် အခွင့်သာစေမည့် အဆိုပါအလေ့အထများအား ခွင့်မပြုမိရန် သတိကြီးစွာထားကြရမည် ။ ဒေသတစ်ခု လူမျိုးတစ်မျိုးတွင် ရှေးကာလကပင် အမြစ်တွယ်တည်ရှိခဲ့သော မိရိုးဖလာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတစ်ရပ်ကြောင့် ကိုးကွယ်ရာ ဘာသာတရားအပေါ် အထင်အမြင် လွဲမှားစေခြင်းသည် မိမိတို့ယုံကြည်ကိုးစားရာ ဘာသာတရား အဓွန့်ရှည်စွာ တည့်တံပြန့်ပွားရေးအတွက် ကြီးမားသော အန္တရာယ်တစ်ခုဖြစ်သည်ဆိုခြင်းကို ကျွန်တော်တို့ အလေးဂရုပြုသင့်ကြောင်းရေးသား တင်ပြလိုက်ရပါတော့သည် ။

ဝင်းသိန်းဦးရေးသားသည့် ကျွန်ုပ်တို့ အမှန်တကယ် ယဉ်ကျေးကြပြီလော နှင့် ဓမ္မစာစုများ ဆိုသည့်စာအုပ်မှ ကိုးကားရေးသားခြင်းဖြစ်သည် ။

ဆင်းတုရှိခိုးတာ ဘာအတွက်လဲ? ဗုဒ္ဓဘာသာတွေဟာ ဆင်းတုတွေ
ရုပ်ပုံပန်ချီကားတွေကို ကိုးကွယ်တဲ့ဘာသာလား? ဆင်းတုတွေ
ရုပ်ပုံတွေကိုရှိခိုး ကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ?



ဆိုတဲ့မေးခွန်းတွေဟာ အနောက်နို်င်ငံသားတွေ ဘာသာခြားတွေ အများဆုံး
မေးတတ်တဲ့မေးခွန်းတွေပါ။ သူတို့ထင်တာက ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်
စံလွန်သွားတာ နှစ် (၂၅၀၀) ကျော်သွားပြီဆိုတော့ မရှိတော့တဲ့ ဗုဒ္ဓကို
ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား?.. ကိုးကွယ်နေလို့ကော အကျိုးရှိပါ့မလား?
ဆိုတာတွေပါ။ ဒီအကြောင်းလေးကို သေချာသဘောပေါက် နားလည်စေချင်တဲ့အတွက်
ဒီပို့စ်လေးကို ရေးလိုက်တာပါ။ သူတို့တွေမေးလို့ သေချာမသိရင်
ကိုယ့်ဘာသာကို ကိုးကွယ်နေတာကိုတောင်မှ ယုံမှားသံသယတွေ ၀င်လာဖို့
များပါတယ်။ ဒါ့ကြောင့် ဆင်းတုရှိခိုးနေတဲ့ အဓိပ္ပါယ်လေးကို
သေချာသိစေချင်ပါတယ်။

ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားပြီးဖြစ်ပေမယ့် ဘုရားရှင်
ဟောကြားခဲ့တဲ့ တရားအဆုံးအမတွေဟာ ကွယ်ပျောက်မသွားသေးပါဘူး။
တရားအဆုံးအမတွေဟာ ပဂတိအတိုင်း ရှိနေပြီး လိုက်နာကျင့်သုံးနေတဲ့သူတွေ
ယနေ့ထက်တိုင် ရှိနေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာပွင့်လာတဲ့ ရည်ရွယ်ချက်ကလည်း
တရားအဆုံးအမတွေဟောပြဖို့.. နောက်ပြီး နိဗ္ဗာန်ရောက်ကြောင်းတရားတွေ
ကျင့်စဉ်တရားတွေကို ညွန်ပြပေးခဲ့ဖို့ပါ။ တရားအဆုံးအမတွေဟာ
ယနေ့တိုင်ရှိသေးတာမို့ လိုက်နာကျင့်ကြံအားထုတ်ရင်လည်း
မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို
ခံစားရမှာမလွဲပါဘူး။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်မှာ
ဧကန်အမှန်ပါပဲ။ မြတ်ဗုဒ္ဓဆုံးမတဲ့တရားတွေရှိနေသ၍
မြတ်ဗုဒ္ဓသက်ရှိထင်ရှားရှိနေတယ်
ဆိုတာ စိတ်ထဲမှာအမြဲကိန်းထားဖို့
အရးကြီးပါတယ်။ ဘုရားရှင်အဆုံးအမတွေတည်နေတာ.. ဘုရားရှင်ကိုယ်စားထားခဲ့တဲ့
စေတီ(၄)မျိုး တည်နေတာဟာ ဘုရားရှင်သက်ရှိထင်ရှားအတိုင်း
ရှိနေသလိုမျိုးပါပဲ။

ဗုဒ္ဓမြတ်စွာဟာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စားကိုးကွယ်ဖို့အတွက်
စေတီ(၄)မျိုးကို သတ်မှတ် ပေးတော်မူခဲ့ပါတယ်။ စေတီ(၄)မျိုးကတော့ (၁)
ဓာတုစေတီ - ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိုလ်တဲ့အခါ ကျန်ရစ်တဲ့
ဓါတ်တော်များကို ဘုရားရှင်ကိုယ်စား ကိုးကွယ်တဲ့ စေတီပါ။ (၂) ဓမ္မစေတီ -
ဗုဒ္ဓမြတ်စွာ (၄၅)၀ါ ကာလပတ်လုံး ဟောကြားတော်မူခဲ့တဲ့ တရားတွေကို
ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်တဲ့ စေတီပါ။ (၃) ဥဒ္ဒိဿစေတီ -
သက်တော်ထင်ရှား မြတ်ဘုရားကိုရည်မှန်းပြီး ရေးသားတဲ့ပုံတော်၊
ပန်ချီကားချပ်တွေ၊ သစ်သား၊ ဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့
ဆင်းတုတော်တွေ၊ အုတ်၊ သဲ၊ အင်္ဂတေစသည်တို့ဖြင့် တည်ဆောက်ထားတဲ့
စေတီပုထိုးတွေ.. ဒီအရာတွေအားလုံးဟာ ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်
ဆည်းကပ်နိုင်တဲ့ စေတီပါ။ (၄) ပရိဘောဂစေတီ - မဟာဗောဓိပင်အပါအ၀င်
ဘုရားရှင် အသုံးပြုခဲ့တော်မူခဲ့တဲ့ သပိတ်သင်္ကန်း၊ တော်ဝှေးစသည်တို့ကို
ဘုရားရှင်ကိုယ်စား ဆည်းကပ်ကိုးကွယ်နိုင်တဲ့ စေတီပါ။

အဲ့ဒီစေတီ(၄)မျိုးထဲမှာ ကျနော်တို့ ဗုဒ္ဓဘာသာတွေရဲ့
အိမ်တိုင်းအိမ်တိုင်းမှာ.. ဘုရားစေတီတိုင်းမှာ ကိုးကွယ်နေတဲ့ ဆင်းတု၊
ရုပ်ထု၊ ပုံတော် ပန်ချီကားချပ်တွေဟာ ဥဒ္ဒိဿစေတီထိုက်တဲ့
စေတီများဖြစ်ပါတယ်။ ပန်ချီကား ရုပ်ထုဆင်းတုများကို ရှိခိုးပူဇော်နေတာ
မဟုတ်ပါဘူး။ ဥပမာ- ကွယ်လွန်သွားတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့
နေတဲ့သူဟာ စက္ကူဓာတ်ပုံများကို ရှိခိုးကန်တော့နေတာ မဟုတ်ပါဘူး။ သူ့မိဘရဲ့
ဂုဏ်ကျေးဇူးကို ရည်မှန်းပြီး ရှိခိုးကန်တော့နေခြင်း ဖြစ်ပါတယ်။
မိဘဓာတ်ပုံဟာ သက်ရှိထင်ရှား ရှိစဉ်အခါက မိဘတို့ရဲ့ ရုပ်ပုံကို
ထင်မြင်လာအောင် အထောက်အပံ့ပြုပေးတယ်.. နောက်ပြီး မိဘရဲ့
ဂုဏ်ကျေးဇူးတွေကို ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတဲ့ သဘောပါ။ တကယ်တမ်းက
စက္ကူဓါတ်ပုံကိုကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့ မိဘတို့ရဲ့
ဂုဏ်ကျေးဇူးများကို ပေါ်လွင်အောင် ကြည့်ရှုပြီးတော့ မိဘရဲ့ဂုဏ်ကို
ဦးညွတ်ရှိခိုးရတာပါ။

ဒီအတိုင်းပါပဲ.. ကျနော်တို့ ရုပ်ထုကိုးကွယ်တယ် ဆိုတာလည်း
ဘုရားပန်းချီရုပ်ပုံ များကို ကျော်လွန်ပြီးတော့
ဘုရားရှင်ရဲ့တကယ့်ရုပ်သွင်နဲ့ ဂုဏ်တော်များ.. ကျေးဇူးတော်များကို
ပေါ်လွန်အောင် ကြည်ရှုပူဇော်သလိုမျိုးပါပဲ.. ဆင်းတု ရုပ်ထုဆိုတာတွေဟာ
အထောက် အပံ့မျှသာ ဖြစ်ပါတယ်။ တကယ်က ဘုရားရှင်ရဲ့ ကျေးဇူးတော်တွေ
ဂုဏ်တော်တွေကို ဦးညွတ်ပူဇော်တဲ့သဘောပါ။ ပုံတော်ဆင်းတုတော်တွေ
မရှိပေမယ့်လည်း ဘုရားရှင်ရဲ့ ဂုဏ်တော်ကျေးဇူးတော်များကို ရည်မှန်းပြီး
ရှိခိုးပူဇော်ရင်လည်း ဘုရားရှင် သက်တော်ထင်ရှားရှိသလိုမျိုး
အကျိုးကျေးဇူး ထပ်တူရမှာပါ။ မြတ်စွာဘုရားရှင်ရဲ ဂုဏ်တော်များဆီသို့
စိတ်ကိုဦးညွတ်တာချင်းတူရင် အကျိုးကျေးဇူးကလည်း တူမှာပါပဲ။
ကိုယ့်ရှေ့မှာရှိတဲ့ ရုပ်ထုကို ရှိခိုးနေတယ်ဆိုတာ ရုပ်ထုကို
မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိနေတယ်လို့ စိတ်ထဲမှာထားပြီး
ဂုဏ်တော်များနဲ့ စုပေါင်းထားတဲ့ ဘုရားရှင်ကို ဥာဏ်နဲ့မြင်အောင်
အာရုံပြုတဲ့ သဘောမျိုးပါပဲ။ ဒါ့ကြောင့် ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံရုပ်တုတွေ
ရှိခိုးကိုးကွယ်တဲ့ ဘာသာမဟုတ်ပါဘူး.. အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့
ဂုဏ်တော်များရဲ့ ပိုင်ရှင် မြတ်ဗုဒ္ဓကိုပါပဲ။

ကျနော်တို့ဗုဒ္ဓဘာသာတွေ ဆင်းတုတော်တွေကို ရှိခိုးကိုးကွယ်တယ်ဆိုတာ…
ဆင်းတုတော်တွေနှင့် ရုပ်ထုများကို ကျော်လွန်ပြီးတော့ အဓိက
ရည်စူးထားခြင်းနဲ့ ထပ်တူညီတဲ့… အတုမရှိတဲ့ဂုဏ်တော်များရဲ့
ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာ.. နောက်ပြီး ဘုရားရှင်
ဟောကြားညွှန်ပြဆုံးမခဲ့တဲ့ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့
အတုမရှိ မြင့်မြတ်တဲ့ဓမ္မတရား.. သစ္စာလေးပါး မြတ်တရားကို သိမြင်ကြပြီးတဲ့
အရိယသံဃာများနဲ့ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမသြ၀ါဒအတိုင်း
ကျင့်ကြံနေကြတဲ့ သမုတိသံဃာတော်မြတ် အပေါင်းတို့ကိုပဲ
ဦးတည်ထားခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့်.. ကျနော်တို့တွေဟာ ဆင်းတုတော်သက်သက်
ရှိခိုးနေတဲ့ ဗုဒ္ဓဘာသာတွေမဟုတ်ဘူး ဆိုတာကို ကိုယ်တိုင်လည်း
သဘောပေါက်နားလည်ပြီးတော့.. သူတစ်ပါးတို့ မှားနေတဲ့ အလွဲများကိုလည်း
ပြုပြင်ပေးနိုင်ကြပါစေခြင်း အလို့ငှာ ဆန္ဒပြုရေးသားဖော်ပြလိုက်ရပါတယ်။