HAZY LIFE

မေး။ ။ အရှင်ဘုရား ကျန်းခံသာလို့မာပါစဘုရား။ မြတ်စွာဘုရားရှင် လက်ထက်တော်က စိပ်ပုတီးစိတ်တာ ရှိခဲ့ပါသလားဘုရား။ အဘယ့်ကြောင့် ထိုသို့မေးရသည့်အကြောင်းရင်းမှာ မြတ်စွာဘုရားရှင် ရုပ်ပွားတော်များတွင် စိပ်ပုတီးကို မတွေရသောကြောင်း ဖြစ်ပါသည်ဘုရား။ ယနေ့ခေတ်တွင် သံဃာတော်များသည် သက်သက်လွတ်စားကြသည်ကို မြင်နေတွေနေရပါသည် ဘုရား။ ဘုရားရှင်လက်ထက်တော်က  သက်သက်လွတ်စားခြင်းရှိခဲ့ပါသလားဘုရား။ ဟောကြားခဲ့သော တရားတော်များ၊ သာဓကများရှိခဲ့ပါသလား အရှင်ဘုရား။ ရှင်းလင်းပြသ ပေးသနားတော်မူပါဘုရား။

သီဟအောင်၊ ဧဒင်ဥယျာဉ်ဆိုဒ်

ဖြေ။ ။ စိပ်ပုတီးနဲ့ပတ်သတ်ပြီး ဦးဇင်းသိသလောက်ပြောပြရမယ်ဆိုရင် စိပ်ပုတီးဟာ မြတ်ဗုဒ္ဓမပွင့်ခင်ကတည်းက သမထကျင့်စဉ်ကို ကျင့်ကြတဲ့ ရသေ့တွေရဲ့ အသုံးအဆောင် ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိပ်ပုတီးစိပ်ခြင်းဟာ စိတ်ငြိမ်အောင် ပြုလုပ်ခြင်းဖြစ်လို့ သမထကျင့်စဉ်ဖြစ်ပါတယ်။ ဒါပြင် ဟိန္ဒူစတဲ့ တန္တရ၊ မန္တရဂိုဏ်းသားတွေဟာလည်း မန်းမုတ်ခြင်းတွေကို အသုံးပြုတဲ့အတွက် ခေါက်ရေမှတ်မိအောင် ပုတီးကိုအသုံးပြုကြပါတယ်။ အဲဒီတော့ စိတ်ပုတီးဟာ ထေရ၀ါဒတို့ အသုံးအဆောင်မဟုတ်ဘဲ မဟာယာန၊ ဟိန္ဒူ၊ တန္တရ၊ မန္တရဘာသာတို့ရဲ့ အသုံးအဆောင်သာ ဖြစ်ပါတယ်။

ဒါပေမဲ့ ခုခေတ်မှာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များတွင်လည်း ၀ိပဿနာဖြစ်တဲ့ ထွက်သက်ဝင်သွက်၊ ရုပ်ခန္ဓာကိုယ်ကြီးရဲ့ အမြဲမရှိခြင်း၊ ဆင်းရဲခြင်း၊ စိတ်ကုန်စရာတွေနဲ့ပြည့်နေခြင်း၊ မိမိဖြစ်ချင်တိုင်း အစိုးမရတဲ့ခန္ဓာကိုယ်ကြီးပါလားလို့ ၀ိပဿနာကို မရှု့နိုင်သေးတဲ့ပုဂ္ဂိုလ်များအနေနဲ့ဖြင့် သမထကျင့်စဉ်ဖြစ်တဲ့ စိတ်ငြိမ်အောင်ပြုလုပ်ခြင်း၊ ဗုဒ္ဓါနုဿတိဂုဏ်တော်ပွားများခြင်းတို့၌ စိပ်ပုတီးကို အသုံးပြုနေတာ တွေ့ပါတယ်။ ၀ိပဿနာကို တိုက်ရိုက်ချက်ခြင်း မရှု့မှတ်နိုင်သေးလို့ စိပ်ပုတီးနဲ့ သမထကျင့်စဉ်ကို စတင်ကျင့်တာဟာ ကောင်းပါတယ်။ ဒါပေမဲ့ သမထလောက်နဲ့ပဲ ကျေနပ်မနေဘဲ ၀ဋ်ဒုက္ခမှလွတ်မြောက်မဲ့ ၀ိပဿနာကျင့်စဉ်ကိုပါ အဆင့်တတ်ရန် မမေ့ဖို့လည်း လိုပါတယ်။ စိပ်ပုတီးနဲ့ပတ်သတ်ပြီး ဒီလောက်ဆို ရှင်းမယ်ထင်ပါတယ်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

Leave a Reply