HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

ဦးဇင်း ကျမ်းတင်ဖို့ ခေါင်းစဉ်ကို တက္ကသိုလ်က Professor ပါမောက္ခချုပ်နဲ့ သုံးရက်တိုင်တိုင် သွားဆွေးနွေးရတယ်။ ဦးဇင်းက ကိုယ်ရေးချင်တဲ့အကြောင်းလေးကို ဒီလိုလေး ပြောပြလိုက်ပါတယ်။

Dear Sir,

I want do research for Master of Philosophy degree these two topics. Can you choose them one of for me please? These are my research titles.

1.    A study of Buddhist social characteristics of five precepts

2.    The analyses of the universal characteristics of preserving five precepts

I think that someone become part of one’s life. There are five important aspects of life. This era some children very bad and they don’t know about religion exactly. If they know about religion will be abstain from killing, stealing, sexual misconduct, lying and drink that cause heedlessness. And then, what they observe characteristics to be gentleman the present life. If they observance of the fifth precepts not only contributes to happiness in the life and peace in society, it also prepares a person for the practice of Mental Development.

I think that according to the teachings of the Buddha, in order to understand the five precepts exactly one must clearly observe and abandon the latent tendencies. Later, he will free from all suffering. So, I want this era children to give knowledge and to know the five precepts are very important for the universal people and go to free from suffering.

That why, you want me to confirm about this research title for my master of philosophy degree.

လူသားအားလုံးနဲ့ဆိုင်သော ငါးပါးသီလကိုယ်ကျင့်တရားများကို ခွဲခြမ်းစိတ်ဖြာတင်ပြခြင်းဆိုတဲ့ ခေါင်းစဉ်ကို ရေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သီလနဲ့ပတ်သတ်ပြီး လူငယ်တွေ သိပ်နားမလည်ကြလို့ပါ။ တကယ်လို့ သီလအကြောင်းကို လူငယ်တွေနားလည်မယ်ဆိုရင် သူတို့ဟာ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းကြလိမ့်မယ်။ အဲဒီလို စောင့်ထိန်းမယ်ဆိုရင် သူတို့ရဲ့ မျက်မှောက်ဘ၀မှာလည်း လူတော်လူကောင်းလေးတွေဖြစ်မယ်။ နောက်ဘ၀တွေမှာလည်း ချမ်းသာသုခနဲ့ပြည့်စုံပြီး နောက်ဆုံး မဂ်ဖိုလ်နိဗ္ဗာန်ကိုပါ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် သီလအကြောင်းကို ဦးဇင်းအနေနဲ့

“အရှင်ဘုရား၊ တပည့်တော် ဖခင်ကြီးက သူများတွေလို ဘုရားလဲ မရှိခိုးဘူး၊ ပုတီးလဲ မစိပ်ဘူး၊ တရားလဲ မထိုင်ဘူး ဘုရာ့။ အဲဒါကို တပည့်တော် ဘယ်လိုယူဆရမလဲ။ ဗုဒ္ဓဘာသာအရဆိုရင် မိစ္ဆာဒိဋ္ဌိလို့ ခေါ်ရမလား။ သူ့ကို ဘုရားရှိခိုး ပုတီးစိပ် တရားထိုင်ဖို့ပြောတိုင်း သူက သူများတွေလို ဘုရားတရားအလုပ် မလုပ်ပေမယ့် စိတ်ကောင်းရှိရင် ပြီးတာပဲ၊ ဘုရားတည် ကျောင်းဆောက်ပြီး ဘုရားဒကာအမည်ခံ၊ ပုတီးကြီး လက်မှာ အမြဲချိတ်၊ အော်ကြီးဟစ်ကျယ်နဲ့ ဘုရားကို ရှိခိုးပြီး ဆုတောင်းနေပေမယ့်၊ တရားရိပ်သာဝင်ပြီး ဉာဏ်စဉ်တရားတွေ နာခဲ့ပြီးပြီ၊ ဆယ်ရက်တရားစခန်း ဘယ်နှကြိမ် ဝင်ပြီးပြီလို့ ဆိုပေမယ့် စိတ်ကောင်း မရှိရင်၊ လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယတွေ များနေမယ်ဆိုရင် အလကားပါပဲလို့ ပြန်ပြောတယ် ဘုရာ့။ အဲဒါ အယူများ မှားနေသလား ဘုရာ့”ဟု မေးလျှောက်ရာ - “အေး .. သူ့ရဲ့ အယူအဆကို မှားတယ်လို့ ပြောလို့ မရဘူးကွဲ့။ ဘာကြောင့်လဲဆိုတော့ ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား ဆိုသလို အပြောတမျိုး အလုပ်တမျိုးနဲ့ လူတွေကို မြင်တော့ လူမြင်ကောင်းအောင် ဟန်ဆောင်နေတာထက်စာရင် ဟန်မဆောင်ဘဲ စိတ်ကောင်း နှလုံးကောင်း ထားတာက ပိုကောင်းတယ်ဆိုတဲ့ အယူအဆနဲ့ ပြောတာဖြစ်ပါလိမ့်မယ်”ဟု ဖြေသိမ့်လိုက်ရသည်။

မှန်ပါသည်။

ဘုရားဒကာဟု အမည်ခံ၍ ဘုရား တရား သံဃာကို မရိုမသေ ဆက်ဆံလျှင်၊ တရားအားထုတ်ပြီးသားပါဟု ဆို၍ လောဘ ဒေါသ မောဟ မာန်မာနတွေကို သာမန်လူတွေလောက် မထိန်းသိမ်းနိုင်လျှင်၊ ပုတီးကို လက်မှာ ချိတ်ပြီး စိတ်ယုတ်မာဖြင့် သူတပါးကို ပြစ်မှား ပြောဆိုနေလျှင် မည်သူမဆို ‘မလုပ် မပြော၊ လုပ်မှ ပြော၊ သဘောစင်လှစေ၊ အပြောသာချဲ့ အလုပ်မဲ့ ကဲ့ရဲ့မလွတ်ချေ’ ဆိုသည်နှင့်အညီ အကဲ့ရဲ့ အဝေဖန် ခံရမည်ပင် ဖြစ်ပါသည်။

ဘာသာရေးလုပ်သည်ဟု ဆိုသော်လည်း လက်တွေ့တွင် ယဉ်ကျေးမှုမရှိသူများကို တွေ့သောအခါ အချို့သူများသည် ‘စိတ်ကောင်းရှိဖို့သာ ပဓာန၊ ဘာသာရေးလုပ်စရာ မလိုပါ’ဟု ယူဆကာ ဘာသာရေးဆိုင်ရာ လုပ်ဆောင်ဖွယ်ရာများကို မလုပ်တော့ဘဲ နေတတ်ကြသည်။

ဘာသာရေးလုပ်သည် ဆိုသည်မှာ ဘာသာတရားလာ ဆိုဆုံးမချက်များကို မသိ,သိအောင် လေ့လာခြင်း၊ လေ့လာပြီးသည့်အတိုင်း မပြုလုပ်သင့်သည်တို့ကို မပြုလုပ်ခြင်း၊ ပြုလုပ်သင့်သည်တို့ကို ပြုလုပ်ခြင်းပင် ဖြစ်သည်။


စိတ်ကို မကောင်းစေတာ ကိလေသာ

သူတပါးအသက်ကို သတ်ခြင်း၊ ခိုးယူခြင်း၊ မိမိ၏အိမ်ထောင်ဖက်အပေါ် သစ္စပျက်ခြင်း၊ မုသားဆိုခြင်း၊ ကြမ်းတမ်းရိုင်းပျစွာ ပြောဆိုခြင်း၊ တယောက်အပေါ်တယောက် အထင်အမြင်လွဲအောင် မဟုတ်တရား သတင်းလွှင့်ခြင်း၊ အကျိုးမရှိ ရောက်တတ်ရာ စကားများကို ဗလွတ်ရွှတ်တ ပြောဆိုခြင်း၊ သူတပါးစည်းစိမ်ဥစ္စာကို မတရား ရယူရန် ကြံစည် ကြိုးစားခြင်း၊ သူတပါးတို့ တရားသဖြင့် ရှာဖွေရရှိထားသော စည်းစိမ်ဥစ္စာ ရာထူးဂုဏ်သိရ်ကို ပျက်စီးစေရန် ကြံစည် ကြိုးစားခြင်း ဟူသည့် မကောင်းမှု ဆယ်မျိုးမှ ကင်းဝေးနေသဖြင့် စိတ်ကောင်းရှိသည်ဟု ဆိုနိုင်ပါ၏။
သူတပါးကို ကူညီခြင်း၊ ကျွေးမွေး ပေးကမ်းမှု ရက်ရောခြင်းတို့ကြောင့် စိတ်ကောင်းရှိသည်ဟု ဆိုနိုင်ပါ၏။
သို့သော် စိတ်ကို ညစ်နွမ်းစေသည့် ကိလေသာတရားများ စိတ်ထဲတွင် ရှိနေသေးလျှင် ထိုစိတ်ကို


လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်လောက်က တကယ့်ဖြစ်ခဲ့တဲ့ ဇာတ်လေးတစ်ပုဒ်ကို
အရင်ပြောပြရအောင်ပါ။

                ကာလအနေနဲ့ပြောရင် မြတ်စွာဘုရားပွင့်တော်မူနေတဲ့ ကာလပါ။ ပြည်က
  ဝေသာလီပြည်မှာပါ။

                အဲဒီကာလ အဲဒီဝေသာလီပြည်မှာပဲ မ၀ိမလာလို့ အမည်ရတဲ့ အမျိုးသမီးလေးတစ်ယောက်
  ရှိခဲ့ဖူးပါတယ်။ ၀ိမလာရဲ့အဓိပ္ပာယ်က အညစ်အကြေးကင်းစင်သူ၊ သန့်ရှင်းစင်ကြယ်သူပါ။ ဒါက တင်စား
  ထားတဲ့ ရုဠီ နာမည်ပါ။ တကယ့်အရှိ အနွတ္ထအမည် မဟုတ်ပါဘူး။

                ၀ိမလာဟာ ဝေသာလီပြည်မှာ အလှဆုံးစာရင်းဝင်တစ်ယောက်ပါ။ သူ့ရဲ့ ထူးခြားချက်ကတော့
  အမေဖြစ်သူက ပြည့်တန်ဆာမတစ်ယောက်ဖြစ်တဲ့အတွက် သူလည်း အရွယ်ရောက်လာတဲ့အခါ မိခင်ရဲ့
  အလုပ်ကို ဆက်လုပ်ရပါတယ်။

                ၀ိမလာဟာ ဝေသာလီပြည်သားတွေရဲ့ ပါးစပ်ဖျားမှာလည်း " ၀ိမလာ ၀ိမလာ " ဆိုပြီး ရေပန်း
  စားနေပါတယ်။ ၀ိမလာရဲ့ဆီကို သူဌေးသူကြွယ်တွေလောက်ပဲ သွားနိုင်ပါတယ်။ ကျန်တဲ့ သာမန်လူတွေ
  တော့ မသွားနိုင်ပါဘူး။ ၀ိမလာ ကိုယ်တိုင်ကလည်း သူ့ရဲ့အလှ သူ့ရဲ့အောင်မြင်ကျော်ကြားမှုအပေါ် သိပ်ပြီး
  ဂုဏ်ယူပါတယ်။

                ဒီလိုနဲ့ တစ်နေ့မှာတော့ အရှင်မဟာမောဂ္ဂလာန် ဟာ ဝေသာလီပြည်ထဲကို ဆွမ်းခံကြွလာ
  ပါတယ်။ ကြွလာရင်း ၀ိမလာ ရဲ့ အိမ်ရှေ့ရောက်လာတော့ တိုက်တိုက်ဆိုင်ဆိုင် ၀ိမလာက အိမ်ထဲကနေ
  အပြင်ကို ထွက်အကြည့်နဲ့ ဆုံသွားပါတယ်။ ၀ိမလာက အရှင်မဟာမောဂ္ဂလာန် ကို မြင်လိုက်တာနဲ့
  တစ်ပြိုင်နက် ရင်ခုန်သွားပါသတဲ့။ ပြီးတော့ ချစ်တဲ့စိတ်လည်း ဖြစ်သွားပါသတဲ့။

                တစ်စုံတစ်ယောက်ကိုချစ်မိရင် အဲဒီသူဆီက အချစ်ကိုလည်း ပြန်လိုချင်တာက ဓမ္မတာပါ။
  ၀ိမလာဟာ အရှင်မဟာမောဂ္ဂလာန်ဆီက အချစ်ကိုရဖို့အတွက် အပြင်းအထန် စဉ်းစားပါတယ်။ ကိုယ့်ကိုယ်
  ကို ပြန်ကြည့်လိုက်တော့ သူ့ရဲ့ ထူးခြားတဲ့အလှကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် အိမ်မှာရှိတဲ့ အ၀တ်တွေ
  ထဲက ကောင်းပေ့ဆိုတဲ့အ၀တ်တစုံကို ထုတ်ဝတ်လိုက်ပါတယ်။ တန်ဖိုးအကြီးဆုံး လက်ကောက်တို့၊ ဆွဲကြိုး

မေး။ ။ အရှင်ဘုရား ကျန်းခံသာလို့မာပါစဘုရား။ မြတ်စွာဘုရားရှင် လက်ထက်တော်က စိပ်ပုတီးစိတ်တာ ရှိခဲ့ပါသလားဘုရား။ အဘယ့်ကြောင့် ထိုသို့မေးရသည့်အကြောင်းရင်းမှာ မြတ်စွာဘုရားရှင် ရုပ်ပွားတော်များတွင် စိပ်ပုတီးကို မတွေရသောကြောင်း ဖြစ်ပါသည်ဘုရား။ ယနေ့ခေတ်တွင် သံဃာတော်များသည် သက်သက်လွတ်စားကြသည်ကို မြင်နေတွေနေရပါသည် ဘုရား။ ဘုရားရှင်လက်ထက်တော်က  သက်သက်လွတ်စားခြင်းရှိခဲ့ပါသလားဘုရား။ ဟောကြားခဲ့သော တရားတော်များ၊ သာဓကများရှိခဲ့ပါသလား အရှင်ဘုရား။ ရှင်းလင်းပြသ ပေးသနားတော်မူပါဘုရား။

သီဟအောင်၊ ဧဒင်ဥယျာဉ်ဆိုဒ်

ဖြေ။ ။ စိပ်ပုတီးနဲ့ပတ်သတ်ပြီး ဦးဇင်းသိသလောက်ပြောပြရမယ်ဆိုရင် စိပ်ပုတီးဟာ မြတ်ဗုဒ္ဓမပွင့်ခင်ကတည်းက သမထကျင့်စဉ်ကို ကျင့်ကြတဲ့ ရသေ့တွေရဲ့ အသုံးအဆောင် ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိပ်ပုတီးစိပ်ခြင်းဟာ စိတ်ငြိမ်အောင် ပြုလုပ်ခြင်းဖြစ်လို့ သမထကျင့်စဉ်ဖြစ်ပါတယ်။ ဒါပြင် ဟိန္ဒူစတဲ့ တန္တရ၊ မန္တရဂိုဏ်းသားတွေဟာလည်း မန်းမုတ်ခြင်းတွေကို အသုံးပြုတဲ့အတွက် ခေါက်ရေမှတ်မိအောင် ပုတီးကိုအသုံးပြုကြပါတယ်။ အဲဒီတော့ စိတ်ပုတီးဟာ ထေရ၀ါဒတို့ အသုံးအဆောင်မဟုတ်ဘဲ မဟာယာန၊ ဟိန္ဒူ၊ တန္တရ၊ မန္တရဘာသာတို့ရဲ့ အသုံးအဆောင်သာ ဖြစ်ပါတယ်။

ဒါပေမဲ့ ခုခေတ်မှာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များတွင်လည်း ၀ိပဿနာဖြစ်တဲ့ ထွက်သက်ဝင်သွက်၊ ရုပ်ခန္ဓာကိုယ်ကြီးရဲ့ အမြဲမရှိခြင်း၊ ဆင်းရဲခြင်း၊ စိတ်ကုန်စရာတွေနဲ့ပြည့်နေခြင်း၊ မိမိဖြစ်ချင်တိုင်း အစိုးမရတဲ့ခန္ဓာကိုယ်ကြီးပါလားလို့ ၀ိပဿနာကို မရှု့နိုင်သေးတဲ့ပုဂ္ဂိုလ်များအနေနဲ့ဖြင့် သမထကျင့်စဉ်ဖြစ်တဲ့ စိတ်ငြိမ်အောင်ပြုလုပ်ခြင်း၊ ဗုဒ္ဓါနုဿတိဂုဏ်တော်ပွားများခြင်းတို့၌ စိပ်ပုတီးကို အသုံးပြုနေတာ တွေ့ပါတယ်။ ၀ိပဿနာကို တိုက်ရိုက်ချက်ခြင်း မရှု့မှတ်နိုင်သေးလို့ စိပ်ပုတီးနဲ့ သမထကျင့်စဉ်ကို စတင်ကျင့်တာဟာ ကောင်းပါတယ်။ ဒါပေမဲ့ သမထလောက်နဲ့ပဲ ကျေနပ်မနေဘဲ ၀ဋ်ဒုက္ခမှလွတ်မြောက်မဲ့ ၀ိပဿနာကျင့်စဉ်ကိုပါ အဆင့်တတ်ရန် မမေ့ဖို့လည်း လိုပါတယ်။ စိပ်ပုတီးနဲ့ပတ်သတ်ပြီး ဒီလောက်ဆို ရှင်းမယ်ထင်ပါတယ်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

“လူမှာအမျိုး၊ ကြက်မှာအရိုး”  “ငှက်ပျောပင်စိုက်၊ မိလိုက်ဖပါ” ဆိုတဲ့စကားတွေကို လူတိုင်းလိုလိုကြားဖူးပါလိမ့်မယ်။ ဆိုလိုတဲ့ အဓိပ္ပါယ်ကတော့ လူတစ်ယောက်အတွက် သူဆင်းသက်လာခဲ့တဲ့မျိုးရိုးက အလွန်အရေးကြီးတယ်လို့ ဆိုလိုတာပါ။ 

   လူကောင်းသူကောင်း မျိုးရိုးသန့်က မွေးဖွါးလာတဲ့သူဟာ လူကောင်းသူကောင်းလေးဖြစ်ပြီး။ လူဆိုးလူမိုက်တွေက မွေးဖွါးလာတဲ့သူက လူဆိုးလူမိုက်ဖြစ်မယ်လို့ ဆိုလိုတာပါ။

   ဒါပေမဲ့မျိုးရိုးတစ်ခုထဲကြောင့် လူကောင်းသူကောင်းမဖြစ်နိုင်သလို လူဆိုးလူမိုက်         တစ်ယောက်လည်းမဖြစ်နိုင်တာကို သူတော်ကောင်းတွေဆီရောက်သွားလို့ သူတော်ကောင်းဖြစ်သွားတဲ့ ကျေးနှင့်လူဆိုးသူခိုးတွေဆီရောက်သွားလို့ ဆိုးသွမ်းသွားတဲ့ ကျေးညီနောင်နဲ့ ဥပမာ ပေးကြပါတယ်။
“ရွှေပင်နားတော့ ရွှေကျေး၊ ငွေပင်နားတော့ ငွေကျေး၊” လို့ လဲစာဖွဲ့ကြပါတယ်။

     အဲ့ဒါ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်(၀ါ) သတ္တ၀ါတစ်ကောင်ရဲ့ အမူအကျင့်၊ စိတ်ထားတွေဟာ ရုပ်ခန္ဓာပေါ်တွင်သာမက စိတ်ခန္ဓာ နှစ်မျိုးလုံးပေါ်မှာမူတည်နေလို့ပါပဲ။ 

          ဒါကြောင့် ဓမ္မဘေရီ ဆရာတော် အရှင်ဝီရိယ(တောင်စွန်း) ရဲ့တန်ဖိုးရှိလှတဲ့ ပဋ္ဌာန်းတရား တော်၊  ကမ္မပစ္စည်းအခန်းမှာ၊ “ဗီဇနဲ့ ပတ်ဝန်းကျင်” ဘယ်ဟာအဓိကကျသလဲ ဆိုတဲ့ ပြဿနာကို သပြေကန် ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ မထေရ်ကြီးကို ကိုးကားပြီး ပစ္ဆိမဘဝိကပုဂ္ဂိုလ်ဆိုတဲ့ မုချသေချာတဲ့ ဆုကြီးပန် နိယတပစ္ဆိမဘဝိက များမှာသာ ဗီဇက ပိုအရေးကြီးပြီး၊ဆုကြီး ပန်မဟုတ်တဲ့ အနိယတပစ္ဆိမဘဝိက ပုဂ္ဂိုလ် များမှာတော့ ပတ်ဝန်းကျင်က ပိုအရေးကြီး တယ်လို့ ရှင်းလင်းပြထားပါတယ်။

ကျမ အခုဖေါ်ပြမဲ့ မျိုးရိုးဗီဇ (Genetics) ဆိုတာကတော့ အဲ့ဒီလောက်မရှုပ်ထွေး၊ မခက်ခဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်သက်သက်ကိုသာသိတဲ့ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်မို့ပါပဲ။

   ကျမတို့ရဲ့ရုပ်လက္ခဏာတွေဟာ အမိအဖတို့ရဲ့ မျိုးရိုးဗီဇ (Genes) တွေကရတာ          ဖြစ်ပြီး၊ ကျမတို့ရဲ့



အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှ
အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကိုနာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာအိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုးရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ်
လေ့လာခွင့်ရခဲ့ပါတယ်။
ထိုင်းဘုန်းတော်ကြီး ၂-ပါး မရှိတော့တဲ့နောက်ပိုင်း သူဟာ ဗုဒ္ဓဝါဒကိုဆက်လက်လေ့လာဖို့ သိပ်ပြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ သူက
တိဗတ်ဘုန်းတော်ကြီး ဒလိုင်းလားမားရှိရာကို သွားရောက် အရိုအသေပေးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာဖို့ဆုံးဖြတ်ပြီးစားဝတ်နေရေးအတွက် နိုင်ငံခြားသား ခရီးသွားတွေများတဲ့ ဒေသတစ်ခုမှာ
ဒိုင်ဗင်ပစ်၊ ရေကူး နည်းပြလုပ်ခဲ့ပါတယ်။ သူ့ဘဝဟာအတိုင်းအတာတစ်ခုပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။ သူဟာ
လောကီဥစ္စာပြည့်စုံမှုတွေ မှာ ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့ နောက်ပိုင်းလက်ရှိအလုပ်ကို စွန့်လွှတ်ပြီး အမိခင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။
မိသားစုနဲ့ ဆွေမျိုးတွေက သူ့ကို ခရီးဆောင်အိပ်ကြီးသယ်ဆောင်ပြီး ပြန်လာမဲ့အောင်မြင်တဲ့ စီးပွားရေး သမားကြီးအဖြစ် မျှော်လင့်ခဲ့ကြတာပါ။သူ့ကိုတကယ်တွေ့လိုက်ရတော့ ဗုဒ္ဓဘာသာစာအုပ်တွေနဲ့ ဒိုင်ဗင်ပစ်၊ ရေးကူးရာမှာ
သုံးတဲ့ ပစ္စည်းတွေသယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့ ယောဂီတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ အခြားလူတွေအတွက်တော့ ရေကူးစရာ ပင်လယ်မရှိ တရားဆွေးနွေးစရာဗုဒ္ဓဘာသာဝင် မရှိတဲ့ နိုင်ငံကို