စေတီပုထိုးပုံတော်များ
မေး။ ။ ဖိုးသူတော် ဘဝကနေ
ပြုစုပျိုးထောင်လို့ အခုဆို စာချကျောင်းထိုင် ဆရာတော်ဖြစ်နေတဲ့
ဘုန်းကြီးကို သိက္ခာထပ်ပေးခြင်းဖြင့် ထိုဘုန်းကြီးနဲ့ဒကာမှာ လောကီလောကုတ္တရာ
ဘာအကျိုးများ ထူးပါသလဲ ဘုရား။ ဖြေကြားစေချင်ပါတယ်။
အဖြေ။ ။ သိက္ခာထပ်ပေးတာနဲ့စပ်ပြီး ဘုန်းကြီးနဲ့ ဒကာမှာ ဘာအကျိုးများရနိုင်မလဲလို့ မေးခွန်းရှင်ကဆိုလိုဟန် ရှိပါတယ်။ သိက္ခာထပ်ခြင်းနှင့် ပတ်သက်ပြီး ရဟန်းဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်များမှာ နောက်တစ်ကြိမ် သိက္ခာထပ်ပေးခြင်းဖြင့် ပိုထူးလာတာ မတွေ့ရပါဘူး။ ဒါဖြင့် သိက္ခာထပ်တာ အလကားဖြစ်နေတာပေါ့လို့ ဆိုနိုင်တယ်။ အလကားတော့ မဖြစ်နိုင်ဘူး။ သိက္ခာထပ်ခြင်းဖြင့် ရဟန်းမှာ ဘာမျှ ထူးခြားမှုမဖြစ်လာပေမဲ့ ပရိက္ခရာလှူဒါန်းတဲ့ ဒကာမှာတော့ လှူဒါန်းရတဲ့ အကျိုးတော့ခံစားခွင့် ရရှိပါတယ်။
လောကမှာ မွေးနေ့၊ သိက္ခာထပ်၊ မင်္ဂလာဦးအထိမ်းအမှတ် သေသူကိုရည်စူးစတဲ့ အကြောင်းအမျိုးမျိုးက ပဓာနမကျပါဘူး၊ ကုသိုလ်ရဖို့သာ အဓိကပဓာနကျတာပါ။ ဘုရားလက်ထက်က နတ်သမီးလိုချင်တဲ့အတွက် တရားအားထုတ်တဲ့ ညီတော်နန္ဒတို့ရဲ့ သာဓကဖြစ်ရပ်လည်း ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် မင်္ဂလာဦး၊ နတ်သမီးလိုချင်စတဲ့ အကြောင်းတွေနဲ့စာရင် သိက္ခာထပ်တာက ပိုပြီးအကြောင်းကောင်းတာပေါ့။ ဒါကြောင့်
သိက္ခာထပ်တာဟာ ဒကာအတွက်
အကျိုးမယုတ်တဲ့အပြင် ကုသိုလ်အကျိုးများစွာ ရရှိပေမယ့် ဘုန်းကြီးမှာတော့
ဘာအကျိုးမှ ထူးလာမှာမဟုတ်ဘူး၊ သိက္ခာထပ်တဲ့ ဒါယကာကို မေတ္တာပို့ရင်တော့
ကုသိုလ်များရမှာပါ။အဖြေ။ ။ သိက္ခာထပ်ပေးတာနဲ့စပ်ပြီး ဘုန်းကြီးနဲ့ ဒကာမှာ ဘာအကျိုးများရနိုင်မလဲလို့ မေးခွန်းရှင်ကဆိုလိုဟန် ရှိပါတယ်။ သိက္ခာထပ်ခြင်းနှင့် ပတ်သက်ပြီး ရဟန်းဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်များမှာ နောက်တစ်ကြိမ် သိက္ခာထပ်ပေးခြင်းဖြင့် ပိုထူးလာတာ မတွေ့ရပါဘူး။ ဒါဖြင့် သိက္ခာထပ်တာ အလကားဖြစ်နေတာပေါ့လို့ ဆိုနိုင်တယ်။ အလကားတော့ မဖြစ်နိုင်ဘူး။ သိက္ခာထပ်ခြင်းဖြင့် ရဟန်းမှာ ဘာမျှ ထူးခြားမှုမဖြစ်လာပေမဲ့ ပရိက္ခရာလှူဒါန်းတဲ့ ဒကာမှာတော့ လှူဒါန်းရတဲ့ အကျိုးတော့ခံစားခွင့် ရရှိပါတယ်။
လောကမှာ မွေးနေ့၊ သိက္ခာထပ်၊ မင်္ဂလာဦးအထိမ်းအမှတ် သေသူကိုရည်စူးစတဲ့ အကြောင်းအမျိုးမျိုးက ပဓာနမကျပါဘူး၊ ကုသိုလ်ရဖို့သာ အဓိကပဓာနကျတာပါ။ ဘုရားလက်ထက်က နတ်သမီးလိုချင်တဲ့အတွက် တရားအားထုတ်တဲ့ ညီတော်နန္ဒတို့ရဲ့ သာဓကဖြစ်ရပ်လည်း ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် မင်္ဂလာဦး၊ နတ်သမီးလိုချင်စတဲ့ အကြောင်းတွေနဲ့စာရင် သိက္ခာထပ်တာက ပိုပြီးအကြောင်းကောင်းတာပေါ့။ ဒါကြောင့်
နောက်ဆက်တွဲအနေနဲ့ ဒါနရဲ့ အကျိုးတရားကို မျှော်ကိုးပြီး အလှူမလုပ်စေချင်ဘူး။ ဘာ့ကြောင့်လဲ? အကျိုးကိုမျှော်ပြီး ကုသိုလ်ပြုရင် ရသင့်ရထိုက်တဲ့ အကျိုးတရားများစွာ ဆုံးရှုံးရလို့ ပါပဲ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အင်းဝခေတ်တုန်းက အုတ်ကျောင်းကြီးကို လှူဒါန်းခဲ့တဲ့ နန်းမတော်မယ်နုဆိုတာရှိတယ်။ သူလှူခဲ့တဲ့ကျောင်း ဖြစ်တဲ့အတွက် ယခုတိုင် နန်းမတော်မယ်နုအုတ်ကျောင်းရယ်လို့ နာမည်တွင်လျက်ရှိပါတယ်။ နန်းမတော်မယ်နုက အုတ်ကျောင်းကြီးကို ဆရာတော်ဦးဗုဓ်အား လှူဒါန်းပြီး ကိုးကွယ်ခဲ့တယ်။ တစ်နေ့ နန်းမတော်မယ်နုက ဆရာတော်ထံ အဖူးအမျှော် ရောက်ရှိလာတယ်။ သူပြုလုပ်ထားတဲ့ ဘုရားတည်၊ ကျောင်းဆောက်စတဲ့ ကုသိုလ်လုပ်ငန်းများကို ဖေါ်ပြပြီး ဒီအလှူရဲ့အကျိုးတရားကို သိချင်ပါတယ်ဆိုတဲ့အကြောင်း ဆရာတော်အား လျှောက်ထားတယ်။ ဒီအခါ ဆရာတော်ဦးဗုဓ်က ဖလားတစ်လုံးထဲကို ရေအပြည့်ဖြည့်ခိုင်းပြီး “ဖလားထဲက ရေတွေကို ဟိုနားက သစ်ပင်ရင်းမှာ အားလုံးလောင်းခဲ့၊ ပြီးရင်ငါ့ ဆီပြန်လာခဲ့” လို့ မိန့်တော်မူပါတယ်၊ ဆရာတော် အမိန့်ရှိတဲ့အတိုင်း မယ်နုက သစ်ပင်ရင်းမှာ ရေသွန်ပြီး ဖလားပြန်ယူလာခဲ့ပါတယ်။ ထိုအခါ ဆရာတော်က “ဖလားထဲမှာ ဘာများပါလာတုန်း ကျောင်းအစ်မ”လို့ မိန့်တော်မူတော့ မယ်နုက “ ဖလားထဲမှာ အကန့်အသန့် ရေလောက်ပဲ ကျန်ပါတယ်ဘုရား” လို့လျှောက်တယ်၊ ဆရာတော်က “ ဒီလိုပါပဲ ကျောင်းအစ်မပြုတဲ့ကုသိုလ်က အကျိုးလိုလားပြီးပြုတဲ့အတွက် ဖလားထဲ ကျန်တဲ့ ရေအကန့်အသန့်လောက်ပဲ အကျိုးရရှိမှာပါ”လို့ မညှာမတာ မိန့်လိုက်တယ်၊ မယ်နုဟာ စိတ်မဆိုးတဲ့အပြင် သဘောပေါက်ပြီး ပိုလို့တောင်ကြည်ညိုသွားပါတယ်။ ဆိုလိုတာက အကျိုးကိုမျှော်ပြီး ကုသိုလ်ပြုရင် အရနည်းတတ်တယ်၊ အကျိုးကို မမျှော်ဘဲ သဒ္ဓါတရားသက်သက်နဲ့ လှူဒါန်းရင် အကျိုးရတာများတယ် ဆိုတာပါပဲ။
ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ
ဒီနေရာမှာ ဆက်စပ်မိလို့ ဦးဇင်းအား အမေရိကန်မှ ဒကာမတစ်ယောက်က သိက္ခာထပ်ခြင်းအကြောင်းရေးပေးရန် တောင်းဆိုထားတဲ့အတွက် ဒီနေရာမှာ ဆက်စပ်နေတာနဲ့ အကျယ်တ၀င့် ရေးပေးပါမယ်။
သိက္ခာထပ်တဲ့အခါ သိမ်အတွင်းမှာ သိက္ခာထပ်မဲ့ရဟန်းအပြင် ရဟန်း(၄)ပါးရှိပါက သိက္ခာထပ်ခြင်း ပြုလုပ်လို့ ရပါတယ်။ သိက္ခာထပ်ခံရတဲ့ရဟန်းဟာ ရဟန်းဖြစ်နေတဲ့အတွက် ထိုရဟန်းကိုပါ ရေတွက်လျှင် သံဃာ(၅)ပါးဖြစ်နေလို့ သိမ်ဝင်ခြင်းကိစ္စ လုံလောက်ပါတယ်။ ကိုရင်ကို ရဟန်းခံပေးမှသာ ရဟန်းသံဃာ(၅)ပါး လိုအပ်တာပါ။
တကယ်တော့ သိက္ခာထပ်တာဟာ ရဟန်းအတွက်မှာတော့ ရဟန်းသိက္ခာဟာရှိနေပြီးဖြစ်တဲ့အတွက် သူ့အတွက်မှာ ဒကာ၊ ဒကာမတိုးခြင်းပဲ ရပါတယ်။ ကုသိုလ်အနေနဲ့ ကိုယ့်ဒကာ၊ ဒကာမတွေကို မေတ္တာပို့ပေးတာ၊ သူတို့အကျိုးများမဲ့ တရားတွေဟောပေးတာ၊ ကိုယ့်ဒကာ၊ ဒကာမတွေ စိတ်ကျေနပ်အောင် သာသနာပြုပေးတာတွေ လုပ်ပေးမယ်ဆိုရင်တော့ သိက္ခာထပ်ခံရတဲ့ရဟန်းမှာ အကျိုးဖြစ်ပါတယ်။ လှူဒါန်းပေးတဲ့ ဒကာ၊ ဒကာမတွေမှာလည်း မိမိရဟန်းရဲ့ သာသနာပြုလုပ်ငန်းတွေကိုကြည့်ပြီး ၀မ်းသာပီတိဖြစ်မှု ကုသိုလ်၊ ရဟန်းရဲ့လိုအပ်တဲ့အရာကို ထောက်ပံ့ပေးတဲ့ကုသိုလ်၊ မိမိအရင်က သံယောဇဉ်ထားစရာမရှိလို့ မလှူဖြစ်ခဲ့ပေမဲ့ မိမိရဟန်းရှိတဲ့အခါ သင့်တော်တဲ့အလှူလေးတွေ လုပ်ဖြစ်တဲ့အကျိုးတွေ ရရှိပါတယ်။
တချို့သောသူများဟာ မိမိနဲ့ရင်းနှီးတဲ့လူမရှိရင် ဘုန်းကြီးကျောင်းရောက်ဖို့ ခဲယဉ်းပါတယ်။ မိမိနဲ့ရင်းနှီးတဲ့ ရဟန်းသံဃာများရှိရင် ကျောင်းကိုရောက်ဖြစ်ပြီး ဒါနကုသိုလ်၊ သီလကုသိုလ်၊ ကျောင်းဝေယျာဝစ္စ တံမြတ်လှည်းခြင်းစတဲ့ ကုသိုလ်များတိုးပွားစေပါတယ်။ ဒါဟာ မိမိနဲ့ရင်းနှီးမှုရအောင် မိမိဆွေမျိုးမတော်တဲ့ သံဃာကို သိက္ခာထပ်၊ ရဟန်းခံ၊ ကိုရင်ဝတ်ပေးခြင်းများရဲ့ အကျိုးရလဒ်တွေ ဖြစ်ပါတယ်။ ဒီလောက်ဆို ပြည့်စုံလိမ့်မယ် ထင်ပါတယ်။
ဆန်နီနေမင်း
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဉာဏ်စဉ် မာတိကာ
၁။ နာကြားအပ်သော တရားသဘော၌ (ဖြစ်သော) ပညာ
သုတမယ ဉာဏ် {နာကြားမှုဖြင့် ပြီးသောဉာဏ်}
၂။ နာကြားရ၍ စောင့်စည်းမှု၌ (ဖြစ်သော) ပညာ
သီလမယ ဉာဏ် {သီလဖြင့် ပြီးသော ဉာဏ်}
၃။ စောင့်စည်းခြင်းကြောင့် တည်ကြည်မှု၌ (ဖြစ်သော) ပညာ
သမာဓိ ဘာဝနာမယဉာဏ် {တည်တံ့ ပွါးများမှုဖြင့် ပြီးသောဉာဏ်}
၎။ အကြောင်းတရားတို့ကိုသိမ်းဆည်းမှု ၌ (ဖြစ်သော) ပညာ
ဓမ္မဋ္ဌိတိဉာဏ် {တရား၌တည်သောဉာဏ်}
၅။ ကာလသုံးပါးတို့ကို အကျဉ်းချုံး၍ ပိုင်းခြား ဆုံးဖြတ်နိုင်သော ပညာ
သမ္မသနဉာဏ် {သုံးသပ်သောဉာဏ်}
၆။ ပစ္စုပ္ပန်တရားတို့၏ ဖောက်ပြန် ပျက်စီးခြင်းကို ရှုမြင်နိုင်သော ပညာ
ဥဒယဗ္ဗယာနုပဿနာဉာဏ် {အဖြစ် အပျက်ကိုရှုသောဉာဏ်}
၇။ အာရုံကို ဆင်ခြင်၍ အပျက်ကို ရှုမြင်နိုင်သောပညာ
ဝိပဿနာဉာဏ် {အထူးရှုသောဉာဏ်}
၈။ ဘေးဟူ၍ ထင်မြင်လာသောပညာ
အာဒီန၀ဉာဏ် {အပြစ်ကိုသိသောဉာဏ်}
၉။ လွတ်မြောက်လိုခြင်းကို ဆင်ခြင်လျက် လျစ်လျူရှုတတ်သော ပညာ
သင်္ခါရုပေက္ခာဉာဏ် {သင်္ခါရကို လျစ်လျူရှုသောဉာဏ်}
၁၀။ အပ (ဖြစ်သောသင်္ခါရနိမိတ်)မှ လွတ်ကင်းခြင်း၌ (ဖြစ်သော) ပညာ
ဂေါတြဘူဉာဏ် {အနွယ်ကိုဖြတ်သောဉာဏ်}
၁၁။ နှစ်ပါးစုံမှ ထမြောက်လွတ်ကင်းခြင်း၌ (ဖြစ်သော) ပညာ
မဂ္ဂဉာဏ် {မဂ်ဉာဏ်}
၁၂။ လုံ့လစိုက်ရေးငြိမ်းအေးသော ပညာ
ဖလဉာဏ် {ဖိုလ်ဉာဏ်}။
၁၃။ သံသရာလမ်းစဉ်ပြတ်မှုကို ရှုမြင်သောပညာ
ဝိမုတ္တိဉာဏ် {လွတ်မြောက်သောဉာဏ်}
၁၄။ ထိုထို မဂ်ဖိုလ် အခိုက်အတန့်၌ ရရောက်သောတရားတို့ကို ရှုသောပညာ
ပစ္စဝေက္ခဏာဉာဏ် {ဆင်ခြင်သောဉာဏ်}
၁၅။ အဇ္ဈတ္တသန္တာန်မှ တရားတို့ကို ပိုင်းခြားမှတ်သားခြင်း၌ (ဖြစ်သော) ပညာ
ဝတ္ထု နာနတ္တဉာဏ် {အရာဝတ္ထု အထူးထူးကို သိသောဉာဏ်}
၁၆။ ဗဟိဒ္ဓသန္တာန်မှ တရားတို့ကို ပိုင်းခြားမှတ်သားခြင်း၌ (ဖြစ်သော) ပညာ
ဂေါစရ နာနတ္တဉာဏ် {အာရုံ အထူးထူးကို သိသောဉာဏ်}
၁၇။ စရိယာတို့ကို ပိုင်းခြားမှတ်သားခြင်း၌ (ဖြစ်သော) ပညာ
စရိယာနာနတ္တဉာဏ် {ဖြစ်ပုံ အထူးထူးကို သိသောဉာဏ်}
၁၈။ လေးမျိုးသော တရားတို့ကို ပိုင်းခြား မှတ်သားခြင်း၌ (ဖြစ်သော) ပညာ
ဘူမိနာနတ္တဉာဏ် {ဘုံအထူးထူးကို သိသောဉာဏ်}
၁၉။ ကိုးမျိုးသော တရားတို့ကို ပိုင်းခြား မှတ်သားခြင်း၌ (ဖြစ်သော) ပညာ
ဓမ္မနာနတ္တဉာဏ် {တရား အထူးထူးကို သိသောဉာဏ်}
၂၀။ ထူးခြား၍ သိသောပညာ
ဉာတဋ္ဌဉာဏ် {သဘောပိုင်းခြားသောဉာဏ်}
၂၁။ ပိုင်းခြားသတ်မှတ်၍ သိသောပညာ
တီရဏဋ္ဌဉာဏ် {ပိုင်းခြား၍သိသောဉာဏ်}
၂၂။ ပယ်စွန့်ခြင်း၌ (ဖြစ်သော) ပညာ
ပရိစ္စာဂဋ္ဌဉာဏ် {ပယ်စွန့်သောဉာဏ်}
၂၃။ ပွါးများခြင်း၌ (ဖြစ်သော) ပညာ
ဧကရသဋ္ဌဉာဏ် {ကိစ္စထူးကိုသိသောဉာဏ်}
၂၄။ မျက်မှောက်ပြုခြင်း၌ (ဖြစ်သော) ပညာ
ဖုသနဋ္ဌဉာဏ် {သဘောကိုတွေ့သောဉာဏ်}
၂၅။ အနက်အကျိုးအထူးထူး၌ (ဖြစ်သော) ပညာ
အတ္ထပဋိသမ္ဘိဒါဉာဏ် {အနက် အကျိုးကို ခွဲခြား၍ သိသောဉာဏ်}
၂၆။ ပါဠိအကြောင်းအထူးထူး၌ (ဖြစ်သော) ပညာ
ဓမ္မပဋိသမ္ဘိဒါဉာဏ် {ပါဠိ အကြောင်းကို ခွဲခြား၍ သိသောဉာဏ်}
၂၇။ သဒ္ဒါအထူးထူး၌ (ဖြစ်သော) ပညာ
နိရုတ္တိပဋိသမ္ဘိဒါဉာဏ် {သဒ္ဒါကို ခွဲခြား၍ သိသောဉာဏ်}
၂၈။ ထင်မြင်ဉာဏ်အထူးထူး၌ (ဖြစ်သော) ပညာ
ပဋိဘာနပဋိသမ္ဘိဒါဉာဏ် {ပဋိဘာန်ခွဲခြား၍ သိသောဉာဏ်}
၂၉။ နေထိုင်ခြင်းအထူးထူး၌ (ဖြစ်သော) ပညာ
ဝိဟာရဋ္ဌဉာဏ် {နေထိုင်ရေးသဘောဉာဏ်}
၃၀။ သမာပတ်ဝင်စားခြင်း အထူးထူး၌ (ဖြစ်သော) ပညာ
သမာပတ္တဋ္ဌဉာဏ် {၀င်စားရေးသဘောဉာဏ်}
၃၁။ နေထိုင်ခြင်း၊ ၀င်စားခြင်း အထူးထူး၌ (နှစ်ပါးစုံ၌ ဖြစ်သော) ပညာ
ဝိဟာရသမာပတ္တဋ္ဌဉာဏ် {နေထိုင်ရေး၊ ၀င်စားရေးသဘောဉာဏ်}
၃၂။ သမာဓိ စင်ကြယ်သည်ဖြစ်၍ အာသဝေါတရား ဖြတ်ခြင်း၌ (ဖြစ်သော) ပညာ
အာနန္တရိက သမာဓိဉာဏ် {အခြားမဲ့တည်တံ့ရေးဉာဏ်}
၃၃။ ၀ိပဿနာဉာဏ်လျှင် အကြီးအမှူး ရှိသော ၀ိပဿနာ ပညာ၊
ငြိမ်သက်သော ၀ိဟာရသို့ရောက်သည့် အရဟတ္တဖလသမာပတ္တိ ပညာ၊
မြတ်သော ဖလသမာပတ်၌ ညွတ်သော ပုဗ္ဗဘာဂ ပညာ
အရဏ ၀ိဟာရဉာဏ် {ကိလေသာ ကင်းလျက် နေထိုင်ရေးဉာဏ်}
၃၄။ အားနှစ်မျိုးတို့နှင့် ပြည့်စုံခြင်း၊
သင်္ခါရသုံးမျိုးတို့၏ ငြိမ်းခြင်းတို့ကြောင့် တစ်ဆယ့်ခြောက်မျိုးသောဉာဏ်ဖြစ်ြ ခင်း၊
ကိုးမျိုးသော သမာဓိ ဖြစ်ခြင်းတို့ဖြင့် လေ့ကျင့် ပွါးထုံသော ပညာ
နိရောဓသမာပတ္တိဉာဏ် {ချုပ်ငြိမ်းမှု ၀င်စားသောဉာဏ်}
၃၅။ ဆင်ခြင်ဉာဏ် ဖြစ်စဉ်ကို ရုပ်သိမ်းခြင်း၌ (ဖြစ်သော) ပညာ
ပရိနိဗ္ဗာနဉာဏ် {ကိလေသာခန္ဓာ ငြိမ်းအေးသောဉာဏ်}
၃၆။ တရားအားလုံးတို့ကို ကောင်းစွာ ဖြတ်ရာ ချုပ်ရာ၌ တစ်ဖန် မဖြစ်သောပညာ
သမသီသဋ္ဌ ဉာဏ် {အဦးမူ၍ ငြိမ်းအေးသောဉာဏ်}
၃၇။ သီးခြားဖြစ်သောတရား၊
အထူးထူးသော တရားတို့၏ တန်ခိုးကို ကုန်စေရာ၌ (ဖြစ်သော) ပညာ
သလ္လေခဋ္ဌဉာဏ် {ခေါင်းပါးရေးဉာဏ်}
၃၈။ မဆုတ်နစ်သောစိတ်၊
နိဗ္ဗာန်သို့ စေလွှတ်သောစိတ်တို့ကို အားပေး ထောက်ပံ့ခြင်း၌ (ဖြစ်သော) ပညာ
ဝီရိယာရမ္ဘ ဉာဏ် {လုံ့လစိုက်ရေး ဉာဏ်}
၃၉။ အထူးထူးသော တရားတို့ကို ပေါ်လွင်အောင် ဖော်ပြသောပညာ
အတ္ထသန္ဒဿန ဉာဏ် {အနက်ဖော်ဉာဏ်}
၄၀။ တရားအားလုံးတို့ကို တစ်ခုတည်း သိမ်းကျုံးရေတွက်အပ်သည့်
အဖြစ်ဟူသော ပညာ၊
ထူးခြားသောသဘော တူသောသဘောကို ထိုးထွင်း၍ သိသော ပညာ
ဒဿန၀ိသုဒ္ဓိဉာဏ် {အမြင် စင်ကြယ်ရေး ဉာဏ်}
၄၁။ သိသည်၏ အဖြစ်ကြောင့်ဖြစ်သော ပညာ
ခန္တိဉာဏ် {နှစ်သက်ဉာဏ်}
၄၂။ ဉာဏ်ဖြင့် တွေ့ထိသောကြောင့် (ဖြစ်သော) ပညာ
ပရိယောဂါဟဏဉာဏ် {သက်ဝင်ဉာဏ်}
၄၃။ စုပေါင်းစည်းလုံးခြင်း၌ (ဖြစ်သော) ပညာ
ပဒေသ၀ိဟာရဉာဏ် {စုပေါင်းစည်းလုံးရေးဉာဏ်}
၄၄။ ကြီးမှူးအုပ်စိုးသည်၏ အဖြစ်ဖြင့်ဖြစ်သောပညာ
သညာဝိ၀ဋ္ဋဉာဏ် {သညာကြောင့် ကင်းပြတ်သောဉာဏ်}
၄၅။ အထူးထူး၌ ဖြစ်သောပညာ
စေတောဝိ၀ဋ္ဋဉာဏ် {စေတနာကြောင့် ကင်းပြတ်သောဉာဏ်}
၄၆။ တည်တံ့စေခြင်း၌ (ဖြစ်သော) ပညာ
စိတ္တ၀ိဝဋ္ဋဉာဏ် {စိတ်ကြောင့် ကင်းပြတ်သောဉာဏ်}
၄၇။ ဆိတ်သုဉ်းခြင်း၌ (ဖြစ်သော) ပညာ
ဉာဏ၀ိဝဋ္ဋ ဉာဏ် {ဉာဏ်ကြောင့် ကင်းပြတ်သောဉာဏ်}
၄၈။ စွန့်လွှတ်ခြင်း၌ (ဖြစ်သော)ပညာ
ဝိမောက္ခ၀ိဝဋ္ဋ ဉာဏ် {၀ိမောက္ခကြောင့် ကင်းပြတ်သောဉာဏ်}
၄၉။ မှန်ကန်သော သဘော၌(ဖြစ်သော)ပညာ
သစ္စ၀ိဝဋ္ဋဉာဏ် {သစ္စာကြောင့်ကင်းပြတ်သောဉာဏ်}
၅၀။ ကိုယ်နှင့်စိတ်ကို တစ်ခုတည်း ပိုင်းခြားခြင်း၊ ချမ်းသာရေးအမှတ် ပေါ့ပါးလျင် မြန်ရေးအမှတ်ကို ဆောက်တည်သည်၏ အစွမ်းအားဖြင့် ပြည့်စုံခြင်း၌
ဉာဏ်စဉ် မာတိကာ
၁။ နာကြားအပ်သော တရားသဘော၌ (ဖြစ်သော) ပညာ
သုတမယ ဉာဏ် {နာကြားမှုဖြင့် ပြီးသောဉာဏ်}
၂။ နာကြားရ၍ စောင့်စည်းမှု၌ (ဖြစ်သော) ပညာ
သီလမယ ဉာဏ် {သီလဖြင့် ပြီးသော ဉာဏ်}
၃။ စောင့်စည်းခြင်းကြောင့် တည်ကြည်မှု၌ (ဖြစ်သော) ပညာ
သမာဓိ ဘာဝနာမယဉာဏ် {တည်တံ့ ပွါးများမှုဖြင့် ပြီးသောဉာဏ်}
၎။ အကြောင်းတရားတို့ကိုသိမ်းဆည်းမှု
ဓမ္မဋ္ဌိတိဉာဏ် {တရား၌တည်သောဉာဏ်}
၅။ ကာလသုံးပါးတို့ကို အကျဉ်းချုံး၍ ပိုင်းခြား ဆုံးဖြတ်နိုင်သော ပညာ
သမ္မသနဉာဏ် {သုံးသပ်သောဉာဏ်}
၆။ ပစ္စုပ္ပန်တရားတို့၏ ဖောက်ပြန် ပျက်စီးခြင်းကို ရှုမြင်နိုင်သော ပညာ
ဥဒယဗ္ဗယာနုပဿနာဉာဏ် {အဖြစ် အပျက်ကိုရှုသောဉာဏ်}
၇။ အာရုံကို ဆင်ခြင်၍ အပျက်ကို ရှုမြင်နိုင်သောပညာ
ဝိပဿနာဉာဏ် {အထူးရှုသောဉာဏ်}
၈။ ဘေးဟူ၍ ထင်မြင်လာသောပညာ
အာဒီန၀ဉာဏ် {အပြစ်ကိုသိသောဉာဏ်}
၉။ လွတ်မြောက်လိုခြင်းကို ဆင်ခြင်လျက် လျစ်လျူရှုတတ်သော ပညာ
သင်္ခါရုပေက္ခာဉာဏ် {သင်္ခါရကို လျစ်လျူရှုသောဉာဏ်}
၁၀။ အပ (ဖြစ်သောသင်္ခါရနိမိတ်)မှ လွတ်ကင်းခြင်း၌ (ဖြစ်သော) ပညာ
ဂေါတြဘူဉာဏ် {အနွယ်ကိုဖြတ်သောဉာဏ်}
၁၁။ နှစ်ပါးစုံမှ ထမြောက်လွတ်ကင်းခြင်း၌ (ဖြစ်သော) ပညာ
မဂ္ဂဉာဏ် {မဂ်ဉာဏ်}
၁၂။ လုံ့လစိုက်ရေးငြိမ်းအေးသော ပညာ
ဖလဉာဏ် {ဖိုလ်ဉာဏ်}။
၁၃။ သံသရာလမ်းစဉ်ပြတ်မှုကို ရှုမြင်သောပညာ
ဝိမုတ္တိဉာဏ် {လွတ်မြောက်သောဉာဏ်}
၁၄။ ထိုထို မဂ်ဖိုလ် အခိုက်အတန့်၌ ရရောက်သောတရားတို့ကို ရှုသောပညာ
ပစ္စဝေက္ခဏာဉာဏ် {ဆင်ခြင်သောဉာဏ်}
၁၅။ အဇ္ဈတ္တသန္တာန်မှ တရားတို့ကို ပိုင်းခြားမှတ်သားခြင်း၌ (ဖြစ်သော) ပညာ
ဝတ္ထု နာနတ္တဉာဏ် {အရာဝတ္ထု အထူးထူးကို သိသောဉာဏ်}
၁၆။ ဗဟိဒ္ဓသန္တာန်မှ တရားတို့ကို ပိုင်းခြားမှတ်သားခြင်း၌ (ဖြစ်သော) ပညာ
ဂေါစရ နာနတ္တဉာဏ် {အာရုံ အထူးထူးကို သိသောဉာဏ်}
၁၇။ စရိယာတို့ကို ပိုင်းခြားမှတ်သားခြင်း၌ (ဖြစ်သော) ပညာ
စရိယာနာနတ္တဉာဏ် {ဖြစ်ပုံ အထူးထူးကို သိသောဉာဏ်}
၁၈။ လေးမျိုးသော တရားတို့ကို ပိုင်းခြား မှတ်သားခြင်း၌ (ဖြစ်သော) ပညာ
ဘူမိနာနတ္တဉာဏ် {ဘုံအထူးထူးကို သိသောဉာဏ်}
၁၉။ ကိုးမျိုးသော တရားတို့ကို ပိုင်းခြား မှတ်သားခြင်း၌ (ဖြစ်သော) ပညာ
ဓမ္မနာနတ္တဉာဏ် {တရား အထူးထူးကို သိသောဉာဏ်}
၂၀။ ထူးခြား၍ သိသောပညာ
ဉာတဋ္ဌဉာဏ် {သဘောပိုင်းခြားသောဉာဏ်}
၂၁။ ပိုင်းခြားသတ်မှတ်၍ သိသောပညာ
တီရဏဋ္ဌဉာဏ် {ပိုင်းခြား၍သိသောဉာဏ်}
၂၂။ ပယ်စွန့်ခြင်း၌ (ဖြစ်သော) ပညာ
ပရိစ္စာဂဋ္ဌဉာဏ် {ပယ်စွန့်သောဉာဏ်}
၂၃။ ပွါးများခြင်း၌ (ဖြစ်သော) ပညာ
ဧကရသဋ္ဌဉာဏ် {ကိစ္စထူးကိုသိသောဉာဏ်}
၂၄။ မျက်မှောက်ပြုခြင်း၌ (ဖြစ်သော) ပညာ
ဖုသနဋ္ဌဉာဏ် {သဘောကိုတွေ့သောဉာဏ်}
၂၅။ အနက်အကျိုးအထူးထူး၌ (ဖြစ်သော) ပညာ
အတ္ထပဋိသမ္ဘိဒါဉာဏ် {အနက် အကျိုးကို ခွဲခြား၍ သိသောဉာဏ်}
၂၆။ ပါဠိအကြောင်းအထူးထူး၌ (ဖြစ်သော) ပညာ
ဓမ္မပဋိသမ္ဘိဒါဉာဏ် {ပါဠိ အကြောင်းကို ခွဲခြား၍ သိသောဉာဏ်}
၂၇။ သဒ္ဒါအထူးထူး၌ (ဖြစ်သော) ပညာ
နိရုတ္တိပဋိသမ္ဘိဒါဉာဏ် {သဒ္ဒါကို ခွဲခြား၍ သိသောဉာဏ်}
၂၈။ ထင်မြင်ဉာဏ်အထူးထူး၌ (ဖြစ်သော) ပညာ
ပဋိဘာနပဋိသမ္ဘိဒါဉာဏ် {ပဋိဘာန်ခွဲခြား၍ သိသောဉာဏ်}
၂၉။ နေထိုင်ခြင်းအထူးထူး၌ (ဖြစ်သော) ပညာ
ဝိဟာရဋ္ဌဉာဏ် {နေထိုင်ရေးသဘောဉာဏ်}
၃၀။ သမာပတ်ဝင်စားခြင်း အထူးထူး၌ (ဖြစ်သော) ပညာ
သမာပတ္တဋ္ဌဉာဏ် {၀င်စားရေးသဘောဉာဏ်}
၃၁။ နေထိုင်ခြင်း၊ ၀င်စားခြင်း အထူးထူး၌ (နှစ်ပါးစုံ၌ ဖြစ်သော) ပညာ
ဝိဟာရသမာပတ္တဋ္ဌဉာဏ် {နေထိုင်ရေး၊ ၀င်စားရေးသဘောဉာဏ်}
၃၂။ သမာဓိ စင်ကြယ်သည်ဖြစ်၍ အာသဝေါတရား ဖြတ်ခြင်း၌ (ဖြစ်သော) ပညာ
အာနန္တရိက သမာဓိဉာဏ် {အခြားမဲ့တည်တံ့ရေးဉာဏ်}
၃၃။ ၀ိပဿနာဉာဏ်လျှင် အကြီးအမှူး ရှိသော ၀ိပဿနာ ပညာ၊
ငြိမ်သက်သော ၀ိဟာရသို့ရောက်သည့် အရဟတ္တဖလသမာပတ္တိ ပညာ၊
မြတ်သော ဖလသမာပတ်၌ ညွတ်သော ပုဗ္ဗဘာဂ ပညာ
အရဏ ၀ိဟာရဉာဏ် {ကိလေသာ ကင်းလျက် နေထိုင်ရေးဉာဏ်}
၃၄။ အားနှစ်မျိုးတို့နှင့် ပြည့်စုံခြင်း၊
သင်္ခါရသုံးမျိုးတို့၏ ငြိမ်းခြင်းတို့ကြောင့် တစ်ဆယ့်ခြောက်မျိုးသောဉာဏ်ဖြစ်ြ
ကိုးမျိုးသော သမာဓိ ဖြစ်ခြင်းတို့ဖြင့် လေ့ကျင့် ပွါးထုံသော ပညာ
နိရောဓသမာပတ္တိဉာဏ် {ချုပ်ငြိမ်းမှု ၀င်စားသောဉာဏ်}
၃၅။ ဆင်ခြင်ဉာဏ် ဖြစ်စဉ်ကို ရုပ်သိမ်းခြင်း၌ (ဖြစ်သော) ပညာ
ပရိနိဗ္ဗာနဉာဏ် {ကိလေသာခန္ဓာ ငြိမ်းအေးသောဉာဏ်}
၃၆။ တရားအားလုံးတို့ကို ကောင်းစွာ ဖြတ်ရာ ချုပ်ရာ၌ တစ်ဖန် မဖြစ်သောပညာ
သမသီသဋ္ဌ ဉာဏ် {အဦးမူ၍ ငြိမ်းအေးသောဉာဏ်}
၃၇။ သီးခြားဖြစ်သောတရား၊
အထူးထူးသော တရားတို့၏ တန်ခိုးကို ကုန်စေရာ၌ (ဖြစ်သော) ပညာ
သလ္လေခဋ္ဌဉာဏ် {ခေါင်းပါးရေးဉာဏ်}
၃၈။ မဆုတ်နစ်သောစိတ်၊
နိဗ္ဗာန်သို့ စေလွှတ်သောစိတ်တို့ကို အားပေး ထောက်ပံ့ခြင်း၌ (ဖြစ်သော) ပညာ
ဝီရိယာရမ္ဘ ဉာဏ် {လုံ့လစိုက်ရေး ဉာဏ်}
၃၉။ အထူးထူးသော တရားတို့ကို ပေါ်လွင်အောင် ဖော်ပြသောပညာ
အတ္ထသန္ဒဿန ဉာဏ် {အနက်ဖော်ဉာဏ်}
၄၀။ တရားအားလုံးတို့ကို တစ်ခုတည်း သိမ်းကျုံးရေတွက်အပ်သည့်
အဖြစ်ဟူသော ပညာ၊
ထူးခြားသောသဘော တူသောသဘောကို ထိုးထွင်း၍ သိသော ပညာ
ဒဿန၀ိသုဒ္ဓိဉာဏ် {အမြင် စင်ကြယ်ရေး ဉာဏ်}
၄၁။ သိသည်၏ အဖြစ်ကြောင့်ဖြစ်သော ပညာ
ခန္တိဉာဏ် {နှစ်သက်ဉာဏ်}
၄၂။ ဉာဏ်ဖြင့် တွေ့ထိသောကြောင့် (ဖြစ်သော) ပညာ
ပရိယောဂါဟဏဉာဏ် {သက်ဝင်ဉာဏ်}
၄၃။ စုပေါင်းစည်းလုံးခြင်း၌ (ဖြစ်သော) ပညာ
ပဒေသ၀ိဟာရဉာဏ် {စုပေါင်းစည်းလုံးရေးဉာဏ်}
၄၄။ ကြီးမှူးအုပ်စိုးသည်၏ အဖြစ်ဖြင့်ဖြစ်သောပညာ
သညာဝိ၀ဋ္ဋဉာဏ် {သညာကြောင့် ကင်းပြတ်သောဉာဏ်}
၄၅။ အထူးထူး၌ ဖြစ်သောပညာ
စေတောဝိ၀ဋ္ဋဉာဏ် {စေတနာကြောင့် ကင်းပြတ်သောဉာဏ်}
၄၆။ တည်တံ့စေခြင်း၌ (ဖြစ်သော) ပညာ
စိတ္တ၀ိဝဋ္ဋဉာဏ် {စိတ်ကြောင့် ကင်းပြတ်သောဉာဏ်}
၄၇။ ဆိတ်သုဉ်းခြင်း၌ (ဖြစ်သော) ပညာ
ဉာဏ၀ိဝဋ္ဋ ဉာဏ် {ဉာဏ်ကြောင့် ကင်းပြတ်သောဉာဏ်}
၄၈။ စွန့်လွှတ်ခြင်း၌ (ဖြစ်သော)ပညာ
ဝိမောက္ခ၀ိဝဋ္ဋ ဉာဏ် {၀ိမောက္ခကြောင့် ကင်းပြတ်သောဉာဏ်}
၄၉။ မှန်ကန်သော သဘော၌(ဖြစ်သော)ပညာ
သစ္စ၀ိဝဋ္ဋဉာဏ် {သစ္စာကြောင့်ကင်းပြတ်သောဉာဏ်}
၅၀။ ကိုယ်နှင့်စိတ်ကို တစ်ခုတည်း ပိုင်းခြားခြင်း၊ ချမ်းသာရေးအမှတ် ပေါ့ပါးလျင် မြန်ရေးအမှတ်ကို ဆောက်တည်သည်၏ အစွမ်းအားဖြင့် ပြည့်စုံခြင်း၌
သီလရှင်စတင်ဖြစ်ပေါ်လာပုံ၊ သီလရှင်ထံမှ သီလယူလို့ရမရ၊ သီလရှင်အား မိဘများ၊
ယောက်ျားလေးများက ရှိခိုးသင့်လားစတဲ့ မေးခွန်းများကို ဦးဇင်းဆီ မကြာခဏ
မေးခွန်းတွေ ရောက်လာပါတယ်။ ဒါကြောင့် သီလရှင်အကြောင်းနဲ့ပတ်သတ်ပြီး
ဆရာရဝေထွန်း ရေးသား ထားတဲ့ ဘိက္ခုနီသာသနာနဲ့သီလရှင် သမိုင်းစာအုပ်ကို
လေ့လာခဲ့ပါတယ်။ အဲဒီမှာဖော်ပြထားတာ က သီလရှင်တွေဟာ ဘိက္ခုနီသာသနာကွယ်ပြီး
သာသနာနှစ်ကိုးရာကျော်၊ အေဒီသုံးရာစု ၀န်းကျင်လောက်မှာ
သီလရှင်စတင်ဖြစ်ပေါ်လာတယ်လို့ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။ ဘိက္ခုနီသာသနာဟာ
သီဟိုဠ်ကျွန်းတွင် အေဒီသုံးရာစုဝန်း ကျင်မှာ နောက်ဆုံးတည်ရှိခဲ့ပြီး
ကွယ်ပျောက်သွားခဲ့တယ်လို့ ဘိက္ခုနီသာသနာအကြောင်းရေးသားထားတဲ့ တရုတ်ရဟန်းတော်
ဖာဟီယန်မှတ်တမ်းက ဆိုပါတယ်။
အဲဒီလို ဘိက္ခုနီသာသနာကွယ်ပြီးနောက်ပိုင်း သာသနာနှစ် (၉၀၀)ကနေ (၁၄၀၀)အတွင်း (အေဒီသုံးရာစုကနေ အေဒီကိုးရာစု) ပျုခေတ်မှာ ပျုအမျိုးသမီးများ သီလရှင်ဝတ်လာကြပါတယ်။ အဲဒီတုန်းက သီလရှင်ကိုတော့ ပရိဗိုဇ်မယ်လို့ ခေါ်ပါတယ်။ အဲဒီကနေ ပုဂံခေတ်၊ အင်းဝခေတ်အထိ သီလရှင်များ အဆက်ဆက်ထွန်းကားလာပြီး ကုန်းဘောင်ခေတ်ထိ ရောက်လာပါတယ်။ ကုန်းဘောင်ခေတ်တွင် မယ်ခေမာအမည်ရှိတဲ့ သီလရှင်မယ်ကင်းတို့ခေတ်မှာ သီလရှင်များ ပိုမိုထင်ရှားလာပါတယ်။ အဲဒီလို ထင်ရှားလာရာကနေ တဖြည်းဖြည်းချင်း သီလရှင်ဝတ်ကြသူ အမျိုးသမီးများပေါများတာကြောင့် သီလရှင်များ ယခုအချိန်ထိ ထွန်းကားနေခြင်း ဖြစ်ပါတယ်။ ဒါကတော့ သီလရှင်စတင်ဖြစ်ပေါ်လာပုံပါ။
တစ်ခါ သီလရှင်ကို ယောက်ျားလေးများ၊ မိဘများက ရှိခိုးသင့်၊ ရှိမခိုးသင့်နဲ့ပတ်သတ်ပြီး ပြောပြပေးရမယ်ဆိုရင် သီလသိက္ခာပုဒ်အနည်းအများအပေါ်မူတည်ပြီး သီလနည်းသူက သီလများသူကို ရှိခိုးရပါမယ်။ ဒါနဲ့စပ်ပြီး ရှင်းလင်းသွားအောင် မြတ်ဗုဒ္ဓမိန့်ကြားခဲ့တဲ့ စကားတော်လေးပါ ပြောပြပေးပါမယ်။
မြတ်ဗုဒ္ဓ ဝေသာလီပြည်ကနေ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်ကို ကြွတော်မူတဲ့အခါ ဆဗ္ဗဂ္ဂီရဟန်းများဟာ ဒါက ငါတို့ဥပဇ္ဈာယ်ဆရာအတွက်၊ ဒါက ငါတို့ကမ္မ၀ါစာဆရာအတွက်၊ ဒါက ငါတို့အတွက်ဆိုပြီး အိပ်ရာနေရာများ ဦးထားကြပါတယ်။ အဲဒီလိုဦးထားတဲ့အခါ ဇေတ၀န်ကျောင်းကို နောက်မှရောက်လာတဲ့ မထေရ်များအတွက် အိပ်ရာနေရာ မရှိကြဘဲ ဖြစ်နေပါတယ်။ အဆိုးဆုံးကတော့ မြတ်ဗုဒ္ဓရဲ့ လက်ယာရံ၊ ဉာဏ်ပညာမှာ ဧတဒဂ်ရထားတဲ့ ရှင်သာရိပုတ္တရာရောက်လာတာကို အိပ်စရာနေရာမပေးဘဲ နေကြတာပါ။ ဒါနဲ့ သူတော်ကောင်း ဆိုတော့ ဘယ်သူကိုမှ ဒုက္ခမပေးဘဲ ရှင်သာရိပုတ္တရာဟာ မြတ်စွာဘုရားကျိန်းစက်ရာ ဂန္ဓကုဋီကျောင်းဆောင်နားက သစ်ပင်ရင်းမှာ ထိုင်ရင်း၊ စင်္ကြန်သွားရင်းနဲ့ ညဥ့်အချိန်ကို ကုန်လွန်စေခဲ့ပါတယ်။
မနက်မိုးလင်းတော့ ဘုရားရှင်က ကျောင်းနားရပ်နေတာ “ဘယ်သူလဲ”လို့မေးတော်မူတဲ့အခါ ရှင်သာရိပုတ္တရာက “တပည့်တော် သာရိပုတ္တရာပါဘုရား”လို့ လျှောက်ပါတယ်။ ထိုအခါ ဘုရားရှင်က “ဘာ့ကြောင့်ဒီလိုဖြစ်ရတာလဲ”လို့ မေးတော့ ရှင်သာရိပုတ္တရာက ဖြစ်ကြောင်းကုန်စဉ် လျှောက်ထားလိုက်ပါ တယ်။ မထေရ်စကားကိုကြားရတဲ့အခါ မြတ်ဗုဒ္ဓက “ငါဘုရားရှိစဉ်မှာတောင် ရဟန်းတစ်ပါးနဲ့တစ်ပါး ရိုသေလေးစားခြင်းမရှိကြဘူးဆိုရင်၊ ငါဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်ပိုင်း ဘယ်လိုများ လုပ်ကြမှာလဲ”လို့ ဓမ္မသံဝေဂ ဖြစ်တော်မူပါတယ်။
ဒါနဲ့ ရဟန်းသံဃာတော်များကို စည်းဝေးစေပြီး “ရဟန်းတို့ ဘယ်ရဟန်းက နေရာဦး၊ ဆွမ်းဦးထိုက်ပါသလဲ၊ ဘယ်ရဟန်းကို အရိုသေပေးသင့်ပါသလဲ”လို့ ဘုရားရှင်က မေးတော်မူပါတယ်။ အဲဒီအခါ ရဟန်းတော်များက “အရှင်ဘုရား မင်းမျိုးကလာတဲ့ ရဟန်းကို အရိုသေပေးထိုက်ပါတယ်”၊ “ပုဏ္ဏားမျိုးကလာတဲ့ရဟန်းကို အရိုအသေပေးထိုက်တယ်”၊ “သူဌေးကနေရဟန်းဖြစ်လာတဲ့ရဟန်းကို အရိုအသေပေးထိုက်တယ်” ဆိုပြီး လျှောက်ကြသလို တချို့က ပဌမဈာန်ရတဲ့ရဟန်း၊ တချို့က ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်ရတဲ့ရဟန်းကို အရိုအသေပေးထိုက်တယ်။ တချို့ကလည်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာများ၊ အဘိညာဉ်ရတဲ့ ရဟန်းတော်များကို အရိုအသေပေးထိုက်တယ်ဆိုပြီး အမျိုးမျိုး လျှောက်တင်ကြ ပါတယ်။
အဲဒီလို အမျိုးမျိုးလျှောက်ကြတဲ့အခါ ဘုရားရှင်က “ရဟန်းတို့ အခုသင်တို့ပြောတဲ့မင်းမျိုး၊ သူဌေးမျိုးစတဲ့ရဟန်းများဟာ အဓိကမဟုတ်ဘူး။ အမှန်တော့ ငါဘုရားသာသနာတော်တွင်းမှာ အစဉ်အတိုင်း ကြီးသူကို ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်းစတာတွေကို ပြုလုပ်ရမယ်”လို့ မိန့်တော်မူခဲ့ပါတယ်။ အဲဒါကြောင့် သီလ၊ သမာဓိ၊ ပညာဂုဏ်၊ အရွယ်ဂုဏ်ကြီးသူတို့ကို အစဉ်အတိုင်း ရိုသေလေးစားရှိခိုးရပါမယ်။ ဒါကြောင့် သီလဂုဏ်ပြည့်စုံတဲ့ပုဂ္ဂိုလ်ကို သီလသိက္ခာပုဒ်နည်းတဲ့သူက ရှိခိုးရမှာဖြစ်တဲ့အတွက် မိဘများက ငါးပါးသီလသာရှိပြီး၊ သီလရှင်က ရှစ်ပါး၊ ဆယ်ပါးသီလရှိတယ်ဆိုရင်တော့ မိဘက သီလရှင်ကို ရှိခိုးရပါမယ်။ တကယ်လို့ မိဘက ဆယ်ပါးသီလယူထားမယ်ဆိုရင်တော့ မိဘကို သီလရှင်က ရှိခိုးရပါမယ်။ ကျန်တဲ့ယောက်ျား၊ မိန်းမများကလည်း မိမိတို့က သီလရှင်ထက် သီလဆောက်တည်ထားတာ နည်းနေရင် ရှိခိုးရပါမယ်။ များသောအားဖြင့် သီလရှင်များဟာ ကိုးပါးသီလကို စတင်ဝတ်ကတည်းက ယူထားကြတာများတဲ့အတွက် လူပုဂ္ဂိုလ်များက သူတို့ထက် သီလဆောက်တည်ထားတာနည်းနေရင် ရိုသေလေးစား ရှိခိုးရပါမယ်။ တန်းတူဖြစ်နေရင်တော့ အသက်သိက္ခာငယ်သူက ရိုသေလေးစား ရှိခိုးခြင်းများ ပြုလုပ်ကြပါ။
ဒါပြင် မြတ်ဗုဒ္ဓက သူတစ်ပါးကို ရိုသေလေးစားရှိခိုးခြင်းကြောင့် မိမိမှာ အပြစ်မရပါဘူး။ မိမိရှိခိုးရိုသေလေးစားတဲ့ပုဂ္ဂိုလ်ကသာ သူ့မှာရှိခိုးထိုက်တဲ့ဂုဏ်တွေ မရှိရင် အပြစ်ဖြစ်ပါတယ်လို့ မိန့်တော်မူခဲ့ပါတယ်။ ဒါကြောင့် မိမိတို့က သူတစ်ပါးကို ရိုသေပေးတာ၊ လေးစားတာ၊ ရှိခိုးတာဟာ မိမိအတွက် မကောင်းကျိုးမခံစားရဘဲ သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာဆိုတဲ့ ကောင်းကျိုးများသာရလို့ သူတစ်ပါးကို ရိုသေလေးစားမှုပြုဖို့ ၀န်းမလေးသင့်ပါဘူး။ မိမိက ကိုယ့်ထက်သာတဲ့ပုဂ္ဂိုလ်ကို ရိုသေလေးစားခြင်းမပြုမိဘူးဆိုရင်သာ အဲဒီလူဟာ ဖြစ်လေရာမှာ နုံးချာတဲ့မျိုးနွယ်တွင် ပေါက်ဖွားလာရပြီး ဘ၀မှာ အမြဲတမ်းနုံခြာနေပါလိမ့်မယ်။ ဒါကြောင့် မာန်မာနဆိုတာဟာ မထားသင့်တဲ့နေရာမှာ လုံးဝမထားမိဘဲ တစ်ခါတလေ နဂါးမှန်းသိအောင် အမောက်ထောင်ပြသင့်တဲ့နေရာသာ မာန်မာနကို ထားကြဖို့ လိုပါတယ်။ ဒါဟာလည်းတကယ်လိုအပ်တဲ့အခါမှသာ ထုတ်သုံးရမဲ့ စကားပုံဖြစ်ပါတယ်။ မလိုအပ်ဘဲ သွားသုံးမိရင် ဒီစကားပုံဟာလည်း မိမိကို ဒုက္ခစပါယ်ရှယ် ပေးပါလိမ့်မယ်။
တစ်ဖန် သီလယူခြင်းနဲ့ပတ်သတ်ပြီး ပြောပြရမယ်ဆိုရင် သီလရှင်ဆရာလေးများဟာ ကိုးပါးသီလဆောက်တည်သူများ ဖြစ်ကြတဲ့အတွက် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ ယူချင်တဲ့လူများကို သီလပေးနိုင်ပါတယ်။ မြတ်ဗုဒ္ဓကလည်း အင်္ဂုတ္တရ တိကအဋ္ဌကထာမှာ “ဥပေါသထဒိဝသေ ပန ပါတောဝ ဘိက္ခုဿဝါ ဘိက္ခုနိယာဝါ ဒသသီလ လက္ခဏာညုနော ဥပါသကဿဝါ ဥပါသိကာယ၀ါ-ဥပုသ်သီလခံယူရာမှာ ရဟန်းထံဖြစ်စေ၊ ဘိက္ခုနီမထံဖြစ်စေ၊ သီလလက္ခဏာကိုသိတဲ့ ဥပါသကာ၊ ဥပါသိကာမထံဖြစ်စေ သီလဆောက်တည်နိုင်ကြောင်း မိန့်ဆိုခဲ့ပါတယ်။ ဒါကြောင့် သီလရှိသူထံမှသာ သီလယူနိုင်တာမဟုတ်ဘဲ သီလလက္ခဏာကိုသိသူ၊ သီလကိုအစဉ်မှန်မှန် အရှေ့ကတိုင်ပေးနိုင်သူ မည်သူ့ထံမှမဆို ဆောက်တည်လို့ရပါတယ်။ မိမိကိုယ်တိုင်လည်း သီလကိုအစဉ်အတိုင်း မှန်မှန်ဆိုနိုင်ရင် အိမ်ရှေ့ဘုရားစင်မှာဖြစ်စေ၊ သွားရင်းလာရင်းလမ်းကြုံလို့ စေတီပုထိုးများရှေ့မှာဖြစ်စေ သီလဆောက်တည်လို့ ရပါတယ်။ သီလယူတဲ့အခါ မိမိဆောက်တည်ထားတဲ့သီလကို မကျိုးမပေါက်အောင် စောင့်ထိန်းမယ်ဆိုတဲ့ သန္ဒိဋ္ဌာန်ပြတ်သားဖို့သာ အဓိကကျပါတယ်။
များသောအားဖြင့် သီလယူတဲ့အခါမှာ ဘာ့ကြောင့်ရဟန်းသံဃာများထံ သီလယူရသလဲဆိုရင် မိမိသီလဆောက်တည်ထားတာကို ဆရာတော်များ၊ နဘေးလာရောက် သီလယူသူများ သိရှိကြတဲ့အတွက် မိမိသီလကျိုးပေါက်မဲ့ဟာကို မလုပ်ဖြစ်အောင်လို့ပါ။ တကယ်လို့များ မိမိက သီလတစ်ပါးပါးကို ကျုးလွန်ချင်စိတ်ဖြစ်လာရင် “အော်-ငါသီလကျိုးရင် ငါ့ကိုအပြစ်ပြောမဲ့လူတွေ၊ ငါသီလကျိုးရင် ငါ့ကိုလူမိုက်လို့ ထင်မြင်မဲ့လူတွေ အများကြီးရှိပါလား”လို့တွေးမိပြီး မိမိသိက္ခာမကျအောင်၊ မိမိအရှက်မရအောင်ထိန်းတဲ့အနေနဲ့ သီလမကျိုးအောင် ထိန်းနိုင်ဖို့ရန် ဖြစ်ပါတယ်။ အဲဒီလိုတွေးမိပြီး သီလမကျိုးအောင် စောင့်ထိန်းနိုင်တာဟာ လူသူပရိသတ်များတဲ့ နေရာမှာဝိုင်းစုပြီး ဆရာတော်များထံ သီလယူခြင်းရဲ့ အကျိုးကျေးဇူးပါ။ ဒါပြင် မိမိသီလယူတဲ့အခါ ကျောင်းကန်ဘုရားတို့မှာနေခြင်းကြောင့် အကုသိုလ်အမှုများကို တွေးတောကြံစည်ခြင်းနဲ့ အချိန်ကုန်မဲ့အစား တရားဘာဝနာပွားလို့ဖြစ်စေ၊ တရားနာလို့ဖြစ်စေ၊ တရားစာအုပ်ဖတ်လို့ဖြစ်စေ၊ အချင်းချင်း တရားစကားဆွေးနွေးလို့ဖြစ်စေ အချိန်ကုန်လွန်စေအောင်လို့ ဘုန်းတော်ကြီး ကျောင်းများမှာသွားပြီး သီလဆောက်တည်ခိုင်းခြင်း ဖြစ်ပါတယ်။
ဒါနဲ့ ဒီနေရာမှာ ဆပ်စပ်မိလို့ သင်္ဂဇာဆရာတော်ရဲ့ သီလရှင်လေးပါးရှိကြောင်း ဥပမာသမူဟဂီရတ္တမကျမ်း၊ သင်္ဂဇာဆရာတော် စကားပုံပေါင်းချုပ်မှာ မိန့်တော်မူခဲ့တာကိုလည်း အမှတ်ရတာနဲ့ ရေးသားလိုက်ပါတယ်။ သင်္ဂဇာဆရာတော်ဟာ ဒကာ၊ ဒကာမများရဲ့ ပင့်ဖိတ်မှုကြောင့် မန္တလေးကနေ ရန်ကုန်ကိုကြွလာတဲ့အခါ သီလရှင်ဆရာလေးများက ဆရာတော်ကို လှူဖွယ်များ လာရောက်လှူဒါန်းကြပါတယ်။ ဆရာတော်လည်း ဆရားလေးများကို စကားစပ်မိတာနဲ့ နင်တို့ မယ်သီလဘယ်နှစ်မျိုးရှိလဲဆိုတာ သိကြလား။ အဲဒီလိုမေးတော့ ဆရားလေးများလည်း ယောင်ဝါးဝါးဖြစ်နေပြီး တပည့်တော်တို့ မယ်သီလဘယ်နှစ်မျိုးရှိတယ်ဆိုတာ မသိပါဘုရားလို့ လျှောက်ကြပါတယ်။ ဒါနဲ့ ဆရာတော်က
(၁) ရှစ်ပါးသီလနှင့်ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းကြိုးကုတ်အားထုတ်ပြီး ပရဟိတအလုပ် လုပ်တဲ့ သီလရှင်ကို မယ်သီလလို့ ခေါ်တယ်။
(၂) အရပ်တကာသို့ လှည့်ပတ်ပြီး အမြဲဆွမ်းဆန်အသပြာ အလှူခံနေကာ ကျောင်းတွင်းမှာမနေတဲ့သီလရှင်ကို မယ်သီလေလို့ ခေါ်တယ်။
(၃) တောင်အရပ်နဲ့မတဲ့ပြန် မြောက်အရပ်သွားလိုက်။ တစ်ခါ မြောက်အရပ်သွားတော့ မြောက်အရပ်နဲ့ မတဲ့ပြန်ဖြစ်လိုက်။ တစ်ဖန် အရှေ့အရပ်နဲ့မတဲ့ပြန် အနောက်အရပ်လန်ဖြစ်နေတဲ့ အရပ်လေးမျက်နှာမှာ အနေမမှန်တဲ့သီလရှင်ကို မယ်သီလံလို့ ခေါ်တယ်။
(၄) မိမိအဖော်များ တစ်ခြားသွားနေချိန် ဆန်လိုက်ခိုးပြီး မိမိထဲသို့ မရိုးသားတဲ့နည်းနဲ့ ဆန်ခိုးရောတဲ့သီလရှင်ကို မယ်သီလောလို့ ခေါ်တယ်။
ဒီလေးယောက်မှာ ပထမတစ်ယောက်သာ ချီးမွမ်းထိုက်တယ်။ အဲဒါကြောင့် နင်တို့လည်း မမိုက်ကြနဲ့ဟု ပြောဆိုပြီး ပြန်လွတ်လိုက်ပါတယ်။ ဒါက သင်္ဂဇာဆရာတော်မိန့်ခဲ့တာကို ဒီနေရာမှာ ဆက်စပ်မိလို့ အမှတ်ရတာနဲ့ ရေးလိုက်တာပါ။ သိချင်လို့ မေးထားကြတဲ့ မေးခွန်းတွေထဲမှာတော့ မပါပါဘူး။
ယခုလောက်ဆို ရှင်းပြရင် သီလရှင်ဖြစ်ပေါ်လာပုံနဲ့ပတ်သတ်တာကအစ သီလရှင် ဆိုင်ရာများကို အားလုံးနားလည်လောက်ပြီလို့ ထင်မြင်ပါတယ်။ အားလုံး ဗဟုသုတအသိဉာဏ်များ တိုးပွားကြပြီး မိမိတို့ပန်းတိုင်ကို လျင်မြန်စွာ လျှောက်လှမ်းနိုင်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ။
ဂျာနယ်ဖတ်ချင်ရင်တော့ ဒီနေရာမှာ Download လိုက်လိုက်ပါ။ http://www.shadejournal.com/2011/10/shade-journal.html
ဆရာတော်အရှင်ကောမလ(ခ)ဆန်နီနေမင်း

အတုမရှိတဲ့ မြတ်စွာဘုရားသည်ပင်လျှင်ဝဋ်တော်နှင့်မကင်းကြောင်းကို မြတ်စွာဘုရားကိုယ်တိုင်ဟောတော်မူခဲ့တာတွေရှိပါတယ်။ မြတ်စွာဘုရားဖြစ်နေတာတောင်ရှောင်လို့မရခဲ့ပါဘူး။ခံစားရတာပါပဲ။ခံစားရတာတောင်တစ်ပါးတည်းမဟုတ် (၁၂)ပါးတောင်ဖြစ်ပါတယ်။အဲဒီဝဋ်တော်(၁၂)ပါးအကြောင်းကို မသိသေးသောသူများကိုရည်ရွယ်ပြီးရေးသားလိုက်ခြင်းဖြစ်သလို၊သိပြီးသူများလည်း သိသည်ထက်သိအောင် အသိပေးလိုခြင်းဖြစ်ပါတယ်။မြတ်စွာဘုရားရှင်၏ဝဋ်တော်(၁၂)ပါးကအောက်ပါအတိုင်းဖြစ်ပါတယ်။
(၁)။ပထမဝဋ်တော်။ ။မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ်တစ်ခုသောဘဝက မုနာဠိမည်တဲ့ သေသောက်ကြူးဖြစ်ခဲ့ဖူးပါတယ်။အဲဒီဘဝမှာ (သုရဘိ)အမည်တော်ရတဲ့ ပစ္စေကဗုဒ္ဓတစ်ပါးကို ဤသူကား လူသူလေးပါး ဆိတ်ကွယ်ရာအရပ်၌ ကာမလိုက်စားမွေ့လျော်ပျော်ပါး၍ တရားမရှိ သီလမရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ စွပ်စွဲစကားပြောမှားတော်မူခဲ့ပါတယ်။အဲဒီမကောင်းမှု အကုသိုလ်ကံကြောင်း ငရဲမှာ နှစ်ပေါင်းများစွာ ခံရပြီး ယခုမြတ်စွာဘုရားဖြစ်တော်မူတဲ့အခါ
၁၉၇၈ ခုနှစ်က ဂိုင်ယာနာတွင် ဂျင်ဂျုံးနှင့်တကွ နောက်လိုက် ကိုးရာကျော်တို့သည်
စည်ပေပါကြီးများဖြင့် အဆိပ်ရည်များ ဖျော်သောက်ပြီး မိမိကိုယ်ကိုမိမိ
အဆုံးစီရင်လိုက်ကြသည်။ အကြောင်းပြချက်က ယခုအချိန် သေခြင်းသည် မြင့်မြတ်ပြီး
ထာဝရ ဘုရားသခင် အလိုကျ ဖြစ်သောကြောင့် ဟူ၍ပါ၏။
၂၂-၉-၁၉၈၅ နေ့ထုတ် မြန်မာ့အလင်း သီတင်းစာ၌ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့
တောင်ဘက်၊ မိုင်ခြောက်ရာခန့် အကွာ ဒါဗိုပြည်နယ်၊ ၀ုမီတန်ကျေးရွာတွင် လူမျိုးစု
အကြီးအကဲတစ်ဦးက ဘုရားသခင်ကို တွေ့ရမည်ဟု ပြောပြီး လူပေါင်း ၇၀ ကို ပိုးသတ်ဆေး
ခတ်ထားသော ယာဂုကို တိုက်ကျွေးရာမှ အားလုံး သေကြရကြောင်း ဖော်ပြထားသည်။
၁၉၉၃ ခုနှစ်ခန့်ကလည်း အမေရိကန် ပြည်ထောင်စု၊ တပ်ဆပ်ပြည်နယ်မှ ဒေးဗစ်ကိုရက်ရှ်
သည်လည်း ကြီးမားသော ခြံဝန်းကြီးတစ်ခုကို စစ်ဌာနချုပ်ကြီး တစ်ခုကဲ့သို့
လုံခြုံအောင်စီမံပြီး ဘာသာရေးဗန်းပြကာ ဆွဲဆောင်သဖြင့် မိန်းမ၊ ယောက်ျား
အတော်များများ စုမိသည်။ ထိုဌာနချုပ်ထဲ ရောက်လာသော အမျိုးသမီးမှန်သမျှ
သူနှင့်လွတ်ကင်းသူ ခပ်ရှားရှားဟူ ပါ၏။နောက်တဆင့်တက်ပြီး လက်နက်များပါ စုဆောင်းလာသဖြင့် အမေရိကန်လုံခြုံရေးအရာရှိများက စစ်ဆေးခွင့်ပြုရန် တောင်းသော်လည်း မရဘဲ
ဒေးဗစ်ကိုရက်ရှ်တို့ဘက်မှ စတင်ပစ်ခတ်သဖြင့် လုံခြုံရေး အရာရှိများမှာ
လက်နက်သုံးပြီး အတင်းဝင်သိမ်း ကြရတော့သည်။ ထိုအခါ သူ့ကိုယ်သူ မေတ္တာရှင်၊
ကရုဏာရှင် ဟု ၀န်ခံထားသော ဒေးဗစ်ကိုရက်ရှက်က ဌာနချုပ်ကြီးကို အလုံပိတ်ပြီး
မီးတင်ရှို့ကာ အထဲမှ အမျိုးသား၊ အမျိုးသမီးများကို ထွက်မပြေးစေဘဲ
မီးလောင်ခံသေရန် ပြောကြားပါသတတ်၊ မနေနိုင်၍ ထွက်ပြေးသူများသာ အသက်ရှင်ပြီး
ဒေးဗစ်ကိုရက်ရှ် အပါအ၀င် ၈၅ ယောက်တို့မှာ မီးလောင်ခံပြီး သေကြရသည်။
၈-၁၀-၁၉၉၄ ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ဘာသာရေး အယူမှားကြောင့် အစုလိုက်
အပြုံလိုက် သေဆုံးရသော သတင်း တစ်ပုဒ်ကို ဖတ်ရပြန်သည်။ ဆွစ်ဇာလန်နိုင်ငံတွင်
ဘာသာရေး အယူလွဲမှုကြောင့် မီးလောင်ကျွမ်း သေဆုံးသူများ၏ အလောင်း ၄၈ လောင်းကို
တွေ့ရှိရကြောင်း အေပီက ဖော်ပြသည်။ သေဆုံးသူများမှာ ခရော့အင်ရိုစ်
ဘာသာရေးအသင်းမှ အသင်းဝင် ၄၈ ဦး ဖြစ်သည်ကို တွေ့ရှိရပြီး မြေအောက်
ဘုရားကျောင်းနှင့် အခြားအဆောက်အအုံများအတွင်း အလောင်းများကို
တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။သေဆုံးသူများ၏ ခေါင်းဆောင် လမ်းပြဖြစ်သူမှာ အသက် ၄၆ နှစ်ရှိ ဆရာဝန်နှင့်ကနေဒါနိုင်ငံ ကွီဘက်မှ အော်ဒါအော့ဖ်ဆိုလာ ဘုရားကျောင်း ၀တ်အသင်း တည်ထောင်သူ
လပ်ဂျူးနက် ဖြစ်သည်ဟု ယူဆသည်။ ၄င်းမှာ လက်နက်မှုဖြင့် ဆွစ်ဇာလန်နိုင်ငံသို့
ယမန်နှစ်က တိမ်းရှောင်လာသူ ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။
ကာလာမသုတ်တွင် ဟောကြားတော်မူထားသော ၀ိဘဇ္ဇ အားနည်းသောကြောင့် ယခုလိုကြုံတွေ့
နေရခြင်းဖြစ်ပါသည်။
မှတ်ချက်။ ။ ဆန်းစစ် ဝေဖန်တတ်စေလိုသော စေတနာဖြင့်သာတင်ပြခြင်းဖြစ်ကြောင်းနှင့် မည်သည့် ဘာသာကိုမှ ဘာသာရေး ပုတ်ခတ်လိုစိတ် မရှိပါကြောင်း သိစေအပ်ပါသည်။
ကိုးကား...
အရှင်ဇ၀န-မတ္တာရှင်ရွှေပြည်သာ (မျက်ရည်မကျခင်သိစေချင်...)

နေ့စဉ်ပွားပါ ဤငါးဖြာ
၁။ ငါသည် အိုခြင်းသဘော ရှိသည်ဖြစ်၏။ အိုခြင်း သဘောတရားကို မလွန်ဆန်နိုင်။
၂။ ငါသည် နာခြင်းသဘော ရှိသည်ဖြစ်၏။ နာခြင်း သဘောတရားကို မလွန်ဆန်နိုင်။
၃။ ငါသည် သေခြင်းသဘော ရှိသည်ဖြစ်၏။ သေခြင်း သဘောတရားကို မလွန်ဆန်နိုင်။
၎။ ငါ့အား ခပ်သိမ်းသော နှလုံးကို ပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊
ချစ်ကျွမ်းဝင်သူတို့ နှင့်အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊
ဘ၀တစ်ပါးသို့  ပြောင်းသွားသဖြင့် သေကွဲကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။
၅။ ငါသည် ကံသာလျှင် မိမိဥစ္စာရှိသည်၊ ကံသာလျှင် အကြောင်းရင်းရှိသည်၊ ကံသာလျှင်
အမွေခံရှိသည်၊ ကံသာလျှင်အဆွေအမျိုးရှိသည်၊ ကံသာလျှင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်းဖြစ်သော၊မကောင်းသည်လည်း ဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှု မကောင်းမှုကံ၏ကောင်းမွေဆိုးမွေခံသည်ဖြစ်ရအံ့။
လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမစာ
ပစ္စည်းရှာအလုပ်နှင့်၊ နေ့ပုပ်လို့ရက်ကုန်၊
နစ်မျောလို့ အသက်ကုန်တယ်၊ တွက်ပုံဖြင့်မကောင်း၊
ခုလိုနှင့် သံသာဗွေမှာ၊ ခန္ဓာတွေ များခဲ့စကောင်း။
အသက်မွေးမှုစခန်းပိုအောင်၊ ၀မ်းကိုသာနင်ကျောင်း။
လေးဆယ်ကျော်အရွယ်နှောင်းခါမှ၊ သူကြွယ်လောင်းလုပ်ချင်။
မိုးကုန်ပြီ ထွန်မချချင်နှင့်၊ရွံစရာများဖို့ဖြစ်အင်။ ။
နွားအိုကြီး အမော့သင်သလို၊ မလျှော့လျှင် ဘ၀ဆုံးရှာတော့၊
အစတုံးနင့်အဆင်၊ လွဲဖို့သာပြင်၊ တရားသို့မသက်ဝင်လျှင်၊
အခက်နင်ကြုံတွေ့လိမ့်လေး…။
ဂန္ဓာရုံဆရာတော်ရဲ့ လင်္ကာ
အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခတ် တံဆိပ်မှတ်က
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲမသွေ တည်ရှိနေသို့
ထိုထိုသွေးသား ကလေးများသို့
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခပ်နှိပ်နိုင်မှ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီတံဆိပ် ခပ်နှိပ်သောဝ်။ ။
ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊
အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊
မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။
"သင်္ခါရသဘောတို့သည် ပျက်စီးခြင်းသဘောရှိကြသည်၊သင်ချ
အမေး။ ။ ဒီကနေ့ခေတ် လူတွေမှာ
အသဲစီပိုးရောဂါ၊ ကင်ဆာရောဂါ၊ လူတုတ်ကွေးရောဂါစတဲ့ ရောဂါများခံစားကြရပါတယ်။
ခေတ်ပေါ်ရောဂါများလို့လည်း ပြောနိုင်တာပေါ့ဘုရား။ ဒီရောဂါများနဲ့
သေဆုံးကြရတဲ့သူများလည်း ကမ္ဘာတစ်ဝန်း များပြားလှပါတယ်ဘုရား။
တပည့်တော်သိချင်တာက ဒီလိုရောဂါမျိုး ဘုရားရှင်လက်ထက်က
ဖြစ်ဖူးခဲ့ပါသလားဘုရား။ ဒီထက်ဆိုးတဲ့ရောဂါမျိုးကော ရှိပါသလား၊ လောကမှာ
အဆိုးဆုံးရောဂါဟာ ဘာရောဂါမျိုးလဲဆိုတာ သိချင်ပါတယ်ဘုရား။
မနွယ်နွယ်အေး
ရန်ကုန်
အဖြေ။ ။ ဘုရားရှင်လက်ထက်တော်က ဒီကနေ့ခေတ်ပေါ်ရောဂါများ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာတော့ တပ်အပ်သေခြာ မပြောနိုင်ဘူး။ ဒါပေမဲ့ အနာမျိုး(၉၆)ပါးထဲမှာတော့ ပါကောင်းပါဝင်နိုင်ပါတယ်။ ယခုခေတ်မှာ လူတို့ရဲ့ ဖန်တီးမှုကြောင့် ရောဂါအမျိုးစုံပေမဲ့လို့လည်း ဘုရားရှင်လက်ထက်က ရောဂါလောက် ကြောက်စရာ မကောင်းသေးပါဘူး။ ဒီကြောက်စရာကောင်းတဲ့ ရောဂါရဲ့နာမည်က “ယင်းနာရောဂါ”လို့ ခေါ်တယ်။ ပါဠိလိုကတော့ (အ၀ိဟာတ)ရောဂါလို့ ခေါ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဓမ္မပဒအဋ္ဌကထာ ကုမ္ဘဃောသက ၀တ္ထုမှာ လာတဲ့အတိုင်း ဖေါ်ပြပေးပါ့မယ်။
ဘုရားရှင်လက်ထက်တော်က ရာဇဂြိုလ်ပြည်မှာ ရာဇဂြိုလ်သူဌေးဆိုတာရှိခဲ့ဖူးတယ်။ တစ်နေ့ သူ့အိမ်မှာ ကူးစက်တတ်တဲ့ (အ၀ိဟာတ) ယင်းနာရောဂါတစ်မျိုး ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဒီရောဂါ စတင်ဖြစ်ပေါ်တာက တိရစ္ဆာန်ကစတာပါ။ သေးငယ်တဲ့ တရစ္ဆာန်ကနေ စတင်ဖြစ်ပွားပြီး ကူးစစ်လာတာ အကောင်ကြီးတဲ့ နွားများအထိ ကူးစက်လာပါတယ်။ နွားကနေတစ်ဆင့် လူတွေဆီမှာ ကူးစက်တော့တာပဲ။ (၀က်တုတ်ကွေးရောဂါလို) တိရစ္ထာန်ကနေ လူကို အကူးစက်ခံခဲ့ရတာပါ။ ဒီရောဂါ ကူးစက်ခံနေရပြီဆိုတာကို သိလိုက်တာနဲ့ တပြိုင်နက် ပြေးနိုင် ရှောင်နိုင်မှ လွတ်မှာပါ။ တကယ်လို့ မပြေးနိုင်မရှောင်နိင်တဲ့ လူအိုများမှာတော့ မကြာခင် အချိန်တွင်းမှာ ထိုရောဂါ အကူးစက်ခံရပြီး သေဆုံးကြရပါတော့တယ်။
အဲဒီမှာ ရောဂါအကူးစက်ခံရတော့ သူဌေးကြီးနဲ့သူဌေးကတော်ကြီးတို့က မပြေးနိုင်တော့ဘဲ မျက်ရည်ကျကာ “ချစ်သား ဒီရောဂါဖြစ်ပြီဆိုရင် အိမ်နံရံကိုဖေါက်ပြီး ပြေးမှ အသက်ရှင်နိုင်ပါတယ်။ ချစ်သား ငါတို့ကို မငှဲ့ဘဲ ထွက်ပြေးပါတော့၊ နေရာတစ်ခုမှာ ချစ်သားအတွက် ငါတို့ဥစ္စာများကို မြုပ်နှံထားခဲ့တယ်၊ ရောဂါ ကင်းရှင်းတဲ့အချိန်ကျမှ ဒီနေရာမှာ ပစ္စည်းများပြန်လာယူနော်၊ သားရေး ပြေးပေတော့”လို့ သားဖြစ်သူ ကုမ္ဘဃောသကကို မိဘများကပြောတဲ့အခါ

အလောင်းမှန် ရထားဆိုက်သည်
ဘုရားအလောင်းအလျာတို့အား တန်ဖိုးအလျောက် ဖုဿရထားဆိုက်၍ အထွတ် အမြတ်သို့ရောက်ရသော ဇနကဇာတ်ကို ထောက်၍အလောင်းအလျာမှန်က ရထားဆိုက် သည်ဟုဆိုလိုသည်။ (အသုဘအလောင်းရှိရာ အလောင်းတင်ရထားဆိုက်သည်ဟု အချို့ယူဆနေကြသည်။) ထိုက်လျော်သောသူသည် မိမိအရည်အချင်းအားလျော်စွာ ထိုက်လျော်သော အခွင့်အလမ်းရရှိနိုင်ကြောင်း ဖော်ပြသုံးနှုန်းသည်။

အမေးကျွဲကျောင်း အဖြေဘုရားလောင်း
မေးလိုရာမေးရသည်မှာ ကျွဲကျောင်းသားအဖို့ပင် အလွယ်အသင့်ဖြစ်နိုင်သော် လည်း ထိုအမေးကို ပြည့်စုံအောင် ဖြေကြားရန်ပညာဉာဏ်ရှိသော ဘုရားလောင်းမှပင် ဖြေကြားနိုင်မည်ဟု ဆိုလိုသည်။ အမေးလွယ်သလောက် အဖြေခက်ခဲတတ်ပုံကို တင်စား၍ သုံးနှုန်းသည်။
အတိုင်းထက်အလွန် တံခွန်နှင့်ဘုရား
မူလသတ်မှတ်သည့်အတိုင်းအတာ ယှဉ်ဖက်ထက် ပို၍ကောင်းမွန်တိုးတက်သည် ဖြစ်၍ အလွန်တင့်တယ် လျောက်ပတ်သည်။ တံခွန်သည် ဘုရားနှင့် လိုက်လျော်သပ္ပာယ်၊ ကြည့်ညိုဖွယ်တင့်တယ်သည့် ဘုရား၏ သပ္ပာယ်မှုကို ဖြည့်ဆောင်သည်ဟု ဆိုလိုသည်။ ယှဉ်ဖက်ပြုရာတွင် တစ်ခုနှင့်တစ်ခု လိုက်လျော၍ တစ်ခု၏အတင့်အတယ်ကို တစ်ခုက ဖြည့်စွမ်းထောက်ပင့်လျက် တည်ပုံကို တင်စား၍ဆိုသည်။
လွန်လွန်းသနော် မန်းရွှေစက်တော်
ကွမ်းထမ်းသမားတစ်ယောက်သည် ကွမ်းထမ်းကိုချ၍ ရွှေစက်တော်ဘုရားကို ဖူးမြော်ဝတ်ပြုပြီးနောက် ရောင်းဝယ်လုပ်ကိုင်ရသည်မှာ ပင်ပန်း၍ အရောင်းရနှေးသဖြင့် မြန်မြန်ကုန်ပါစေဘုရားဟု ဆုတောင်းပြီးလျှင် နောက်သို့ပြန်၍ လှည့်လိုက်သောအခါ ကွမ်းထမ်းကို အခြားသူခိုးယူသွားသဖြင့် မရှိတော့သည်ကို သိရသည်တွင် ဆုတောင်း ကလည်း ပြည့်လွယ်လွန်းလှသည်ဟု ညည်းတွားပြောဆိုသွားသည်ဟု ဆိုလိုသည်။
လျှော့လျှင် မိစ္ဆာသာလျှင် ဒိဌိ (တတ္ထိ)
ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူသော တရားတော်ကို လေ့လာကျင့်ဆောင် ရာတွင် တိတိကျကျမဟုတ်ဘဲလျော့၍ ယူဆယုံကြည်နေလျှင် အယူမှားသောကြောင့် မိစ္ဆာအယူသို့ရောက်ပြီးပိုလွန်၍ ယူဆယုံကြည်နေလျှင်လည်း အယူသည်းသောကြောင့် တိတ္ထိဖြစ်ရသည်ဟု ဆိုလိုသည်။ မလျော့မပိုကျင့်ဆောင် လက်ခံသင့်သည့်သဘောကို ရည်ညွှန်း၍ သုံးနှုန်းသည်။
ဝဋ်အမြဲ ငရဲအပ (၀ိပါတ်အမြဲ ငရဲအပ)
ဒုစရိုက်မကောင်းမှု ပြုကျင့်သဖြင့် ငရဲသို့လားရမည့် အကုသိုလ်ကို ကောင်းမှု များစွာ ပြုလုပ်သော ကောင်းမှုအကျိုးကုသိုလ်က ကြီးမားသဖြင့် ငရဲသို့မကျအောင် ဖုံးကွယ်ချေဖျက်နိုင်စွမ်းသော်လည်း မကောင်းမှု၏ အကျိုးဆက်ကြောင့် နောင်ဘ၀များ ၌ အလားတူ အတုံ့အပြန် ခံရမှုမျိုးကိုမူကား ရှောင်ဖယ်၍မလွတ်ဘဲ ခံရမြဲဖြစ်သည်ဟု ဆိုလိုသည်။ (မြတ်စွာဘုရား၏ ၀ိပါတ်တော် ၁၂ ခန်းကို ညွှန်းသည်။) မကောင်းမှု၏ အကျိုးသည် တစ်နည်းမဟုတ်တစ်နည်း ထင်ကျန်မြဲဖြစ်သည်ဟု ဆိုလိုသည်။
ယာဂုအိုးကွဲကာမှ ရွှေစည်းခုံလှူသည်
လူတစ်ယောက်သည် စားသောက်ရန် တည်ထားသော ယာဂုအိုးကြီးမှာကွဲ၍ ဖိတ်စင်ကျသွားသည့်အခါ စားသုံး၍မရတော့သဖြင့် အလဟဿဖြစ်မည့်အတူတူ ကုသိုလ်အမြတ် ကျန်စေတော့ဟု ရွှေစည်းခုံဘုရားကို ရည်စူးလှူလိုက်ပါသည်ဟု ဆိုလိုက်ခြင်းကို ဆိုလိုသည်။ မိမိအတွက် အသုံးမ၀င်တော့သည့်အရာ၊ မိမိလက်လွှတ် လိုက်ရသည့်အရာကို သူတစ်ပါးကျေးဇူးတင်စေဟု စေတနာထားဟန်ဖြင့် စွန့်လှူပေး ကမ်းသည့်အရာကို ရည်၍ သုံးနှုန်းသည်။
သူကြီးဘုရား ရွာသားကောင်းမှု
ဘုရားတည်ရာတွင် ဘုရားဒကာအဖြစ် သူကြီးက အမည်ခံသော်ငြားလည်း ဘုရား တည်ရန် ကုန်ကျစရိတ်ကို ရွာသူရွာသားများက စုပေါင်းထည့်ဝင်ကြရသည်ဟု ဆိုလိုသည်။ အများ၏ပင်ပန်းအားထုတ်မှုကို တစ်စုံတစ်ယောက်က နာမည်ကောင်းယူ၍ အသားယူလေ့ရှိသည့်အခါတွင် သုံးနှုန်းသည်။
ဘုရားပြီး ငြမ်းဖျက်
ဘုရားတည်သောအခါ ငြမ်းကိုထိုးပြီး ငြမ်းပေါ်တက်၍ တည်ရသော်လည်း ဘုရားပြီးသောအခါ မလိုတော့သည့်ငြမ်းကို ဖျက်ပစ်ရမြဲဖြစ်သည်ဟု ဆိုလိုသည်။ ကြီးပွားတိုးမြင့်ရန် မစသူအား ကြီးပွားတိုးတတ်သောအခါ ကျေးဇူးကန်း၍ ပစ်ပယ်သည့် အခါတွင်သုံးသည်။
ကိုးကား...
မြန်မာစကားပုံများဝက်ဆိုဒ်...
အားလုံးကိုကျေးဇူးတင်ပါတယ်...
ဇင်မျိုး...
(၁)ဓာတ်ချောက်ချား၍ အိပ်မက်မက်ခြင်း။ ဓာတ်ချောက်ချားသည့်အတွက် အိပ်မက်မြင်မက်ရာ တွင် တောင်ပေါ်မှ လိမ့်ကျသယောင်ယောင်, ဆင်ကြမ်း,မြင်းကြမ်း,ခြင်္သေ့, သစ်ကျားစသော သားရဲများ၊ လူဆိုးသူခိုးစသူတို့ မိမိနောက် တကောက်ကောက်လိုက်နေသယောင်ယောင် ကြောက်မက်ဖွယ် အိပ်မက်တို့ကို မြင်မက်တတ်ကြတယ်။
(၂)ရှေးကလေ့ကျင့် ခံစားဖူးလို့ အိပ်မက်မြင်မက်ခြင်း။ မိမိရှေးကမြင်ဖူး သုံးဆောင်ခံစားဖူးသည့် အာရုံများကို မြင်ရကြားရ သုံးဆောင်ခံစားရသယောင်ယောင် မြင်မက်တတ်ကြပါတယ်။ (၃)နတ်များက လှည့်စားောကြောင့် အိပ်မက်မြင်မက်ခြင်း။ နတ်များက အကျိုးလိုလား၍ဖြစ်စေ၊ အကျိုးမဲ့ကို လိုလား၍ဖြစ်စေ၊ အကျိုးရစေရန်၊ အကျိုးမဲ့စေရန်စတဲ့ နတ်တို့ရဲ့ အာနုဘော်ကြောင့် အာရုံအမျိုးမျိုးကို မြင်မက်တတ်ကြပါတယ်။
(၄)ပုဗ္ဗနိမိတ်ကြောင့် မြင်မက်ခြင်း။ ကောင်းမှု၊ မကောင်းမှု (ကုသိုလ်,အကိုသိုလ်)အစွမ်းကြောင့် ကောင်းကျိုး မကောင်းကျိုးရဖို့ရန် ရှေ့ပြေးပုဗ္ဗနိမိတ်ဖြစ်သော အိပ်မက်တို့ကို မြင်မက်တတ်ကြပါတယ်။ မဟာမာယာဒေ၀ီ သားရဖို့ရန် အိပ်မက်မြင်မက်မှု၊ ယခုအခါ ဘုရားအလောင်းတော် အိပ်မက်ကြီး ငါးပါးကို မြင်မက်မှု စသည့် ကောင်းကျိုး၊ မကောင်းကျိုး ဖြစ်ပေါ်ဖို့ရန် မြင်မက်သည့် အိပ်မက်မျိုး ဖြစ်ပါတယ်။
ထိုအိပ်မက်(၄)မျိုးတွင် (၁)ဓာတ်ချောက်ချား၍ မြင်မက်ခြင်း။ (၂)ရှေးက လေ့ကျင့်ခံစားခဲ့ဖူးသည့် အတိုင်း မြင်မက်ခြင်း။ ထိုနှစ်မျိုးတို့သည် မက်သည့်အတိုင်း မမှန်တတ်သည်ကများပါသည်။ (၃) နတ်များ လှည့်စားသောကြောင့် မြင်မက်သည့် အိပ်မက်မှာ မှန်လည်းမှန်တတ်သကဲ့သို့ လွဲလည်းလွဲတတ်ပါတယ်။ နတ်များ ဒေါသထွက်လျှင် ပရိယာယ်ဖြင့် ပျက်စီးရာပျက်စီးကြောင်း အလွဲလွဲအမှားမှား အိပ်မက်ပေးတတ်ကြပါတယ်။
တစ်ခါက သီဟိုဠ်ကျွန်း ရောဟနအရပ် နာဂကျောင်းတိုက်ကြီးတွင် သံဃမထေရ်ကြီးတစ်ပါးဟာ ရဟန်းသံဃာများကို မပန်ကြားဘဲ ကံ့ကော်ပင်ကြီးတစ်ပင်ကို ခုတ်လှည်းစေ၏၊ ထိုကံ့ကော်ပင်တွင် နေထိုင်တဲ့ ရုက္ခစိုးနတ်ဟာ ပထမတွင်တော့ ထိုမထေရ်အား မှန်ကန်တဲ့ အိပ်မက်ကိုပဲ ပေးနေပါတယ်။ ယုံလောက်တဲ့အချိန်ရောက်သောအခါ “ဤနေ့မှ (၇)ရက်မြောက်နေ့၌ အရှင်ဘုရား၏ ဒါယကာ ပြည့်ရှင်မင်းကြီးဟာ နတ်ရွာစံလိမ့်မယ်”လို့ အိပ်မက်၌ ပြောကြားခဲ့ပါတယ်။ မထေရ်ဟာ ထိုအိပ်မက်မှစကားကို ယုံကြည်ကာ မင်းကြီးအား ပြောကြားစေပါတယ်။ မင်းကြီးလည်း ရက်ကိုရေတွက်ပြီး (၇)ရက်လွန်မြောက်သောအခါ နတ်ရွာမစံဘဲရှိနေသည့်အတွက် ထိုမထေရ်သည် မဟုတ်မတရား ပြောကြားပေတယ်ဆိုပြီး ထိုမထေရ်ရဲ့ လက်ခြေတို့ကို ဖြတ်စေခဲ့ပါတယ်။ (သာရတ္ထဒီပနီဋီကာ ဒု၊ နှာ ၃၁၂)။
(၄)ပုဗ္ဗနိမိတ်ကြောင့် မြင်မက်သော အိပ်မက်တို့ကား ဧကန်အမှန်ချည်းပင် ဖြစ်ပါတယ်။ အိပ်မက်မြင်မက်သောပုဂ္ဂိုလ်များမှာ ၀ိပလ္လာသတရား မပယ်ရှားသေးသည့် ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ပုဂ္ဂိုလ်တို့သာ မြင်မက်ကြပါတယ်။ ရဟန္တာများမှာ ၀ိပလ္လာသတရား ပယ်ရှားပြီးဖြစ်သောကြောင့် အိပ်မက်မမြင်မက်ကြတော့ပေ။ ထို့ပြင် အိပ်မက်မြင်တဲ့အခါ အချိန်နှင့်အကျိုးပေးကိုလည်း ဖေါ်ပြပါဦးမည်။ ညဦးယံ သန်းခေါင်ယံ မိုးသောက်ယံတို့၌ မြင်မက်သော အိပ်မက်တို့သည် မမှန်တတ်ပေ။ ဒါပေမယ့် မိုးသောက်အားကြီး လင်းခါနီး အာရုဏ်တက်အချိန်တွင် မြင်မက်သော အိပ်မက်တို့သည်ကား မှန်သည်က များတတ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အရုဏ်တက်အချိန်တွင် စားသောက်ထားသည့် အစာအာဟာရများ သည် ကြေကျက်၍ ခန္ဓာကိုယ်၌ အဆီအနှစ်သြဇာများ တည်နေသည့် အချိန်ဖြစ်သောကြောင့် ဖြစ်ပါတယ်။ ထိုအာရုဏ်တက်အချိန်တွင် ကောင်းသောအရာ များကို မြင်မက်လျှင် ကောင်းကျိုးရတတ်ပါတယ်။ မကောင်းသော အရာများကို မြင်မက်လျှင် မကောင်းကျိုးရတတ်ပါတယ်။ (အင်္ဂုတ္ထိုရ် အဋ္ဌကထာ တတိယအုပ် ပဉ္စကနိပါတ်အဖွင့်၊ စတုတ္ထပဏ္ဏာသက၊ ၅-ဗြာဟ္မဏ၀ဂ်၊ ၆-မဟာသုပိနသုတ်အဖွင့် နှာ ၇၁ – ၇၂)
ဦးကောဝိဒ(မြိတ်) http://venkawwida.com
အမေး။ ။ အရိမေတ္တေယျဘုရားရှင်ဟာ
ဘယ်အချိန်မှာ ပွင့်မှာလဲဘုရား။ အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူပြီးမှ
ကမ္ဘာက ပျက်မှာလား၊ မပွင့်သေးခင် ပျက်မှာလားဆိုတာ သိချင်ပါတယ်ဘုရား။
မေသက်လှိုင်
လာရှိုး
အဖြေ။ ။ ဒါမပြောမီ တစ်ကမ္ဘာရဲ့သက်တမ်းကို ပထမပြောပါ့မယ်။ ဒါပြောမယ်ဆိုရင် အသင်္ချေယျဆိုတဲ့စကားကို အရင်ပြောရမယ်။ အသင်္ချေယျဆိုတာ မရေမတွက်နိုင်တာကို ပြောတာပါ။ ဒါမှမဟုတ် တစ်အနောက်က သုညပေါင်း(၁၄၀) ရှိတဲ့ ကိန်းဂဏန်းကို ‘အသင်္ချေယျ’ လို့ခေါ်ပါတယ်။ လူတို့ရဲ့သက်တမ်းဟာ အသင်္ချေယျတမ်းကနေ တဖြေးဖြေးနဲ့ ဆယ်နှစ်သက်တမ်းအထိ ဆုတ်ယုတ်လာပါတယ်။ ဒါကိုပဲ ‘ဆုတ်ကပ်’လို့ခေါ်ပါတယ်။ ထိုဆယ်နှစ်သက်တမ်းကိုရောက်တဲ့အခါ ကပ်ကြီးသုံးပါးအနက် တစ်ပါးပါးကြောင့် လူအများသေကြေပျက်စီးကြရပါတယ်။ ကြွင်းကျန်ရစ်တဲ့ အချို့လူများဟာ သံဝေဂရပြီး ကုသိုလ်တရားများ တိုးပွားအောင် အားထုတ်လာကြရာကနေ တဖြေးဖြေး အသက်တမ်း ပြန်ရှည်လာပါတယ်။ ဒီလိုတဖြေးဖြေးရှည်လာရာ အသင်္ချေယျတိုင်အထိပါပဲ။ ဒါကို ‘တက်ကပ်’ လို့ခေါ်ပါတယ်။ ဒီလိုအသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တမ်းမှ အသင်္ချေယျတမ်းတိုင်အောင် တက်ကပ်+ဆုတ်ကဒ်တစ်စုံကို “အန္တရကပ်တစ်ကပ်” လို့ခေါ်ပါတယ်။
ဒီလို အန္တရကပ်ပေါင်း (၆၄)ကပ်ဟာ ဒီဘဒ္ဒကမ္ဘာရဲ့ သက်တမ်းပါပဲ။ ဒီဘဒ္ဒကမ္ဘာမှာ အန္တရာကပ်(၆၄)ကပ်အနက် အဋ္ဌမ(၈)ကပ်မြောက်မှစပြီး ကကုသန်မြတ်စွာဘုရား ပွင့်တော်မူပြီး၊ န၀မ(၉)ကပ်မြောက်မှာ ကောဏာဂုံဘုရားပွင့်တော်မူပါတယ်။ ဒသမ(၁၀)ကပ်မြောက်မှာတော့ ကဿပဘုရားရှင်ပွင့်တော်မူပြီး ဧကာဒသမ(၁၁)ကပ်မြောက်မှာ ဂေါတမဘုရားရှင်ပွင့်တော်မူတဲ့အတွက် အရိမေတ္တေယျဘုရားရှင်က ဒွါဒသမ(၁၂)ကပ်မြောက်မှာ ပွင့်တော်မူမယ်လို့ မှတ်ယူရပါမယ်။ (အာဒိကပ္ပကျမ်း/ ၁၄၇-၁၄၈)
မှန်နန်းရာဇ၀င်မှာတော့ အန္တရကပ် ပထမကပ်မှာ ကကုသန်ဘုရား၊ ဒုတိယကပ်မှ ကောဏာဂုံဘုရား၊ တတိယကပ်မှာ ကဿပဘုရား၊ စတုတ္ထကပ်မှာ ဂေါတမဘုရား ပွင့်တော်မူကြတဲ့အတွက် အရိမေတ္တေယျဘုရားက ပဉ္စမမြောက် အန္တရကပ်မှာ ပွင့်တော်မူပါမယ်လို့ မှတ်ယူရပါမယ်။ (မှန်နန်းရာဇ၀င်/ ပ-တွဲ ၅၄-၇)
ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးနဲ့ အခြားဆရာတော်ကြီးများကလဲ ဂေါတမမြတ်စွာဘုရားဟာ စတုတ္ထအန္တရကပ်မှာ ပွင့်တော်မူကြောင်း မိန့်ဆိုထားတဲ့အတွက် အရိမေတ္တေယျဘုရားဟာ ပဉ္စမအန္တရကပ်မှာ ပွင့်တော်မူမှာပါ။ ကြွင်းတဲ့ ကမ္ဘာများမှာတော့ ဘုရားပွင့်တဲ့ အန္တရကပ်များကတော့ ဆိုခဲ့ပြီးတဲ့အတိုင်း တထစ်ချမှတ်ယူလို့ မရပါ။ သင့်လျော်တဲ့ အန္တရကပ်မှာ ပွင့်တော်မူကြမယ်လို့ မှတ်ယူရပါမယ်။
နောက်တစ်ခုက ဒီဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူမဲ့ဘုရားရှင်များက ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမေတ္တေယျ ဘုရားများဖြစ်ကြပါတယ်။ ဒီဘုရားငါးဆူပွင့်တော်မူပြီးမှ ကမ္ဘာပျက်မှာဖြစ်တဲ့အတွက် အရေမေတ္တေယျဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာပျက်ပါမယ်။
ဦးကောဝိဒ(မြိတ်) http://venkawwida.com/