အမေး။ ။ အရှင်ဘုရား တပည့်တော်များ ဘာသာရေးစာပေများကိုဖတ်တဲ့အခါ ဘုရားရှင် ၀ါကပ်တော်မူခဲ့တဲ့ နေရာများကိုများစွာ တွေ့ရပါတယ်။ တပည့်တော်သိချင်တာက မြတ်စွာဘုရား သက်တော်ထင်ရှားရှိတော်မူစဉ်က ၀ါကပ်တော်မူခဲ့တဲ့နေရာများကို စုံစုံလင်လင် သိချင်ပါတယ်။ အားလုံးလည်းသိရအောင်လို့ အဖြေပေးတော်မူပါအရှင်ဘုရား။
မနွယ်နွယ်အေး
ရန်ကုန်
အဖြေ။ ။ မြတ်စွာဘုရား ဘုရားအဖြစ်သို့ ရောက်တော်မူပြီးတဲ့အခါ ပဌမဗောဓိလို့ခေါ်တဲ့ ၀ါတော်(၂၀)အတွင်း ကျွတ်ထိုက်တဲ့ဝေနေယျများရှိရာ နေရာအသီးသီးသို့ ကြွရောက်ကာ ၀ါကပ်တော်မူခဲ့ပါတယ်။ ဒါကြောင့် ပဌမဗောဓိဆိုတဲ့ ၀ါတော်(၂၀)အတွင်း ၀ါကပ်တဲ့နေရာဌာနများကို အနိဗဒ္ဓ၀ါဆိုရာဌာနများလို့ ခေါ်ဆိုရပါတယ်။
(၁) ဘုရားရှင်ဟာ ဗာရာဏသီပြည်အနီး ဣသိပတန မိဂဒါဝုန်တောမှာ ပဉ္စ၀ဂ္ဂီ ငါးဦးတို့အား တရားရေအေး တိုက်ကျွေးတော်မူပြီး၊ ဗာရာဏသီပြည်ကို ဂေါစဂံပြုကာ မိဂဒါဝုန်တောမှာ ပဌမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၂-၃-၄) ရာဇဂြိုလ်ပြည်ကို အမှီပြုပြီး ဝေဠုဝန်ကျောင်းတိုက်မှာ ဒုတိယ၀ါ ၊ တတိယ၀ါ၊ စတုတ္ထ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၅) ဝေသာလီပြည်ကို အမှီပြုပြီး မဟာဝုန်တောအုပ် အတွင်းမှာစုလစ်မွန်းချွန် အထွတ်တတ်တဲ့ ကျောင်းတော်မှာ ပဉ္စမ၀ါကပ်တော်မူခဲ့ပါတယ်။
(၆) မကုဋတောင် ချယားတောကျောင်းမှာ ဆဋ္ဌ၀ါကပ်တော်မူခဲ့ပါတယ်။
(၇) တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ခင်းထားတဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်မှာ





