HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label ဥာဏ်စဉ်. Show all posts
Showing posts with label ဥာဏ်စဉ်. Show all posts

ဒီနေ့တော့ လူသစ်တွေရောက်လာလို့ ၀ိပဿနာလက်တွေ့လုပ်နည်းကိုစပြီး ဟောရလိမ့်မယ်။ ၀ိပဿနာအလုပ်စမယ်ဆိုရင် မိမိစိတ်ဟာ အဓိပတိ ၃-ပါး အားထားရမယ်။(အဓိပတိသုံးပါးကို တရားအားထုတ်ရာ၌ ရှေးဦးမှတ်ဖွယ်တွင် ဖော်ပြပေးပါမယ်)။ တရားထိုင်တဲ့အခါ ဆိတ်ငြိမ်တဲ့နေရာမှာထိုင်ပါ။ ဆိတ်ငြိမ်တဲ့နေရာဟာ တောပါပဲ။ ဘုရားကို ရှိခိုးကန့်တော့၊ မိမိခန္ဓာကို တရားမထိုင်မီ ဘုရားကိုလှူထားပါ။ ပြီးတော့ သမ္မာဒေ၀- နတ်ကောင်းနတ်မြတ်တွေကို မေတ္တာပို့ အမျှဝေပါ။ ခန္ဓာကိုယ် ထားပုံထားနည်းကတော့ အချိန်ကြာကြာတရားအားထုတ်နိုင်အောင် တည့်တည့်မတ်မတ်ထိုင်ပါ။ဝင်သက် ထွက်သက် = အာနာပါနကို စိတ်တည်ငြိမ်ပြီး သမာဓိရအောင်လုပ်ပါ။ ၀င်လေလဲသိ ထွက်လေလဲသိပြီးနေရင် ကြာတော့ သမာဓိလဲ အားကောင်းလာမယ်။ အဲဒီသမာဓိအားကောင်းလာတဲ့အချိန်မှာ ၀ီရိယကို အလျှော့မပေးပဲ သတိနဲ့ ပညာကိုကပ်ပြီးလိုက်ပါ။
တရားထိုင်ရတာကြာတော့ ရုပ်တွေက ဖောက်ပြန်လာပြီး ဝေဒနာတွေ ပေါ်လာတယ်။ တောင့်လာတာ ညောင်းလာတာကို ဉာဏ်ကသိလာတယ်။ ညောင်းတာရယ် ညောင်းမှန်းသိတာရယ် ဒီ ၂-ခုကို ဖြစ်ပြီးပျက်သွားတာပဲလို့ သိလိုက်ပါ။ ဒီလိုသိလိုက်တဲ့အခါမှာ ညောင်းတဲ့ရုပ်နဲ့ ညောင်းတဲ့စိတ် မရှိတော့ပြီလို့ နောက်က ဉာဏ်နဲ့ သိလိုက်ပါ။ ညောင်းတာ တောင့်တာကို ပြုပြင်မပေးသမျှ အညောင်းဓာတ်တွေ တစ်ခုပြီးတစ်ခု ဖြစ်ပြီးပျက်နေအုံးမှာမို့၊ ဒူးကလေး ခြေကလေး ဆန့်ချင်တဲ့စိတ် ပြောင်းရွှေ့ချင်တဲ့စိတ်ပေါ်လာလိမ့်မယ်။ အဲဒီ ဆန့်ချင် ကွေးချင် ပြောင်းရွှေ့ချင်တဲ့စိတ်ဖြစ်တာတို့ ကိုယ်ဉာဏ်နဲ့ သိလိုက်ပါ။ ဒီလို သိပြီးတဲ့အခါ၊ ထို ဆန့်ချင် ကွေးချင် ပြောင်းရွှေ့ချင်တဲ့ ရုပ်နာမ်တွေ မရှိတော့ပြီလို့ ထပ်သိလိုက်ပါ။ အဲဒီလိုသိနေတုန်းမှာ ဖြတ်ဆိုအသံတစ်ခုကြားလိုက်ရင် “ကြားတယ်”လို့ သိပါ။ အဲဒီလို ခန္ဓာ ၅-ပါးမှာ တစ်ခုခုပေါ်လာတိုင်း ပေါ်လာတိုင်း သိပြီး ဖြစ်ပြီး ပျောက်ပျက်သွားပါကလားလို့ သိရမယ်။ အဲဒီလို အသိတရားတွေကို စိပ်သထက်စိပ်ပြီးလာတာတွေကို ဉာဏ်နဲ့မှတ်။ တဖြည်းဖြည်း ရုပ်နာမ်တရားတွေတခုပြီးတခု ဖြစ်ပြီးပျက်သွားတာတွေကို သတိနဲ့ စိုက်ကြည့်ကတွေ့လိမ့်မယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ပါဠိလို ရွတ်မနေနဲ့တော့၊ ဖြစ်ပြီးပျက်သွားပါကလားလို့ တခုတည်းကိုသာ သတိနဲ့စိုက်ပြီး ကြည့်သိနေရင် ဆင်းရဲတဲ့သဘော၊ အစိုးမရတဲ့သဘောကို ပို၍ထင်ထင် သိမြင်လာလိမ့်မယ်။
ဒီလို မိမိတို့ခန္ဓာကိုယ်မှာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်တွေ ရှုကြည့်ဖန်များလာရင် မိမိရဲ့ ခန္ဓာကိုယ်ကို ရွံ့မုန်းလာတော့တာပဲ၊ အဲဒီအခါမှာ မိမိရဲ့ ခန္ဓာကိုယ်ကို စွန့်လွှတ်ချင်တဲ့စိတ် ဖြစ်လာမယ်။ ခန္ဓာကိုယ်ရှိရင် ဒီလိုဖြစ်ပျက်ဒုက္ခနဲ့ မကင်းနိုင်ပဲ၊ အို, နာ,သေ ဆိုတဲ့ ဒုက္ခသစ္စာနဲ့ တွေ့ကြရဦးမှာပဲလို့ ကြောက်ရွံပြီး မိမိခန္ဓာကိုယ်ကိုပဲ ရွံမုန်းလာမယ်။ ဖြစ်ပျက်ကို ရှုဖန်များလာရင် လောဘ ဒေါသ မောဟ ၃-ပါးစလုံး တဖြည်းဖြည်း ခေါင်းပါးပြီး နောက်ဆုံး ဖြစ်ပျက်ဆုံးအောင် ပွားများ အားထုတ်ဖန်များရင် ယခုဘ၀မှာပင် မဂ်ဖိုလ်ကို ရနိုင်တယ်။ ဒါကြောင့် ကြိုးစားပြီး မိမိတို့ ခန္ဓာကိုယ်ကို ဖြစ်ပျက်ရှုကြပေတာ့၊ ဖြစ်ပြီးပျက်တဲ့သဘောမှတစ်ပါး ဘာမှမရှိဘူးဆိုတာတွေ့ရလိမ့်မယ်။
ဉာဏ်စဉ်။ ။ အဲဒီလို ရှုဖန်များလာရင်
(၁) ဤကားရုပ်၊ ဤကားနာမ်လို့ ပိုင်းခြားသိလာတော့ နာမရူပ ပရိစ္ဆေဒဉာဏ် ရလာတယ်။
(၂) နောက် နာမ်ရုပ်တို့၏ဖြစ်ပေါ်ရင်းအကြောင်းတရားတို့ကို ဆင်ခြင်ပြီး ဒီနာမ်ရုပ်ဟာ အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ ဆိုတဲ့အကြောင်း လေးပါးကြောင့် ဖြစ်လာတဲ့ အကျိုးတရားပါကလား၊ အကြောင်းလဲဖြစ်ပျက်၊ အကျိုးလဲဖြစ်ပျက်ပဲလို့ ရှေးအတိတ်ဘ၀က “အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ” အကြောင်းတရားတို့ကို ရှာမှီးသိမ်းဆည်းနိုင်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ရလာမယ်။
(၃) နောက် ရုပ်နာမ်တို့၏ “ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့”တို့ကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ကာလသုံးပါးကို ပိုင်းခြား၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာရေး ၃-ပါးဖြင့် ဆင်ခြင်သုံးသပ်ခြင်းတည်းဟူသော သမ္မသနဉာဏ် အဆင့်သို့ ရောက်လာမယ်။
(၄) နောက် ယခုဖြစ်ဆဲ ပစ္စုပ္ပန်ရုပ်နာမ်တို့၏ ခဏမစဲ တသဲသဲ ဖြစ်ပျက်နေမှုကို ရှုခြင်းဆိုတဲ့ ဥဒယဗ္ဗယဉာဏ် ပေါ်လာမယ်။
(၅) နောက် ရှုဖန်များလာရင် အပျက်ကိုသာ သိမြင်လာတဲ့ ဘင်္ဂဉာဏ် ပေါ်လာမယ်။
(၆) ဒီလိုရှုဖန်များလာရင် ရုပ်နာမ်တို့၏ ပျက်မှု ချုပ်မှုကိုသာ မြင်လာသဖြင့်၊ ကြောက်ဖွယ်ရာဘေးကြီးလို့ထင်လာတဲ့ ဘယဉာဏ် ပေါ်လာမယ်။
(ရ) နောက် ရုပ်နာမ်တို့၏ ချုပ်ပျက်မှုစသော အပြစ်တွေကို ထင်မြင်လာတဲ့ အာဒီန၀ဉာဏ် ရလာမယ်။
(၈) နောက် မိမိခန္ဓာကိုယ်တည်းဟူသော ရုပ်နာမ် တို့ကို ငြီးငွေ့စိတ်ပျက် မနှစ်သက်တဲ့ နိဗ္ဗိန္ဒဉာဏ် ဖြစ်လာမယ်။
(၉) နောက် မိမိခန္ဓာကိုယ်တည်းဟူသော ရုပ်နာမ်ဓမ္မသင်္ခါရတို့မှ လွတ်ချင်လိုတဲ့ မုဉ္စိတုကမျတာဉာဏ် ရောက်လာမယ်။
(၁၀) ထိုမှတဆင့် ရုပ်နာမ်တွေရဲ့မမြဲမှု ဆင်းရဲမှု အစိုးမရမှုတွေကို အပြင်းအထန်အားထုတ်မှုကြောင့် အလွန်ထင်မြင်လာတဲ့ ပဋိသင်္ခါဉာဏ် ရောက်လာမယ်။
(၁၁) နောက် ရုပ်နာမ်ဓမ္မသင်္ခါရတို့ကို မချစ်မမုန်းပဲ လျစ်လျူရှုတတ်တဲ့ သင်္ခါရုပေက္ခာဉာဏ် ပေါ်လာတယ်။
(၁၂) နောက်ပြီးတော့ ရှေ့ဉာဏ် နောက်ဉာဏ်ကို လက္ခဏာရေးသုံးပါးဖြင့် အနုလုံပဋိလုံ ရှုပွားတဲ့အခါမှာ ၂-ဉာဏ်လုံးနဲ့ သင့်လျော်တဲ့ အနုလောမဉာဏ် ဖြစ်ပေါ်လာမယ်။
(၁၃) နောက် ပုထုဇဉ်တို့၏ အနွယ်ကိုဖြတ်၍ အရိယာတို့၏ အနွယ်ကိုဖြစ်စေတဲ့ ဂေါတြဘူဉာဏ် ပေါ်လာမယ်။
(၁၄) နောက် (သဥပါဒိသေသ) နိဗ္ဗာန်ကိုသိမြင်တဲ့ မဂ်ဉာဏ်နှင့်
(၁၅) မရှေးမနှောင်းပင် ထိုနိဗ္ဗာန်၏အကျိုးကို ခံစားတဲ့ ဖိုလ်ဉာဏ် ပေါ်လာမယ်။
(၁၆) နောက် မဂ်ကို ဆင်ခြင်ခြင်း၊ ဖိုလ်ကို ဆင်ခြင်ခြင်း၊ နိဗ္ဗာန်ဆင်ခြင်ခြင်း၊ ပယ်ပြီးသော ကိလေသာကိုဆင်ခြင်ခြင်း၊ မပယ်ရသေးသော ကိလေသာကို ဆင်ခြင်ခြင်းဆိုတဲ့ ဉာဏ် ၅-ပါးကို ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာဉာဏ် ရောက်လာလိမ့်မယ်။
ဒါကြောင့် အလွန်တွေ့ကြုံခဲလှစွာသော ဘုရားသာသနာတော်နဲ့ ကြုံခိုက်၊ ဆရာသမားကောင်းနဲ့လဲတွေ့ခိုက် ရခဲလှတဲ့ လူ့ဘ၀ကိုရနေခိုက်မှာ ယခုအချိန်ကစပြီး အရိုးကြီးပွားရေးကို မလုပ်ကြပဲ အရိုးကဓာတ်တော်ဖြစ်အောင် ကြိုးစားကြပါ။ အရိုး, အသွေး, အသားက ဓာတ်တော်ဖြစ်တယ်ဆိုတာ၊ အမေ မွေးကတည်းက ဖြစ်လာတာမဟုတ်ဘူး။ တရားကို အားထုတ်လို့ တရားကပြုပြင်သောကြောင့် တရားသဘောအရ ဓာတ်တော်ဖြစ်လာရတယ်လို့မှတ်ပါ။ ဒါကြောင့် တရားအလုပ်ကို ကြိုးကြိုးကုတ်ကုတ် အားထုတ်ဖို့ သတိပေးလိုက်ပါတယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒတရားများမှ
(၁၃၁၇-ခု တော်သလင်းလဆန်း ၁၃-ရက်နေ့၌ ဟောကြားသည်)

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဉာဏ်စဉ် မာတိကာ


၁။ နာကြားအပ်သော တရားသဘော၌ (ဖြစ်သော) ပညာ
သုတမယ ဉာဏ် {နာကြားမှုဖြင့် ပြီးသောဉာဏ်}

၂။ နာကြားရ၍ စောင့်စည်းမှု၌ (ဖြစ်သော) ပညာ
သီလမယ ဉာဏ် {သီလဖြင့် ပြီးသော ဉာဏ်}

၃။ စောင့်စည်းခြင်းကြောင့် တည်ကြည်မှု၌ (ဖြစ်သော) ပညာ
သမာဓိ ဘာဝနာမယဉာဏ် {တည်တံ့ ပွါးများမှုဖြင့် ပြီးသောဉာဏ်}

၎။ အကြောင်းတရားတို့ကိုသိမ်းဆည်းမှု၌ (ဖြစ်သော) ပညာ
ဓမ္မဋ္ဌိတိဉာဏ် {တရား၌တည်သောဉာဏ်}

၅။ ကာလသုံးပါးတို့ကို အကျဉ်းချုံး၍ ပိုင်းခြား ဆုံးဖြတ်နိုင်သော ပညာ
သမ္မသနဉာဏ် {သုံးသပ်သောဉာဏ်}

၆။ ပစ္စုပ္ပန်တရားတို့၏ ဖောက်ပြန် ပျက်စီးခြင်းကို ရှုမြင်နိုင်သော ပညာ
ဥဒယဗ္ဗယာနုပဿနာဉာဏ် {အဖြစ် အပျက်ကိုရှုသောဉာဏ်}

၇။ အာရုံကို ဆင်ခြင်၍ အပျက်ကို ရှုမြင်နိုင်သောပညာ
ဝိပဿနာဉာဏ် {အထူးရှုသောဉာဏ်}

၈။ ဘေးဟူ၍ ထင်မြင်လာသောပညာ
အာဒီန၀ဉာဏ် {အပြစ်ကိုသိသောဉာဏ်}

၉။ လွတ်မြောက်လိုခြင်းကို ဆင်ခြင်လျက် လျစ်လျူရှုတတ်သော ပညာ
သင်္ခါရုပေက္ခာဉာဏ် {သင်္ခါရကို လျစ်လျူရှုသောဉာဏ်}


၁၀။ အပ (ဖြစ်သောသင်္ခါရနိမိတ်)မှ လွတ်ကင်းခြင်း၌ (ဖြစ်သော) ပညာ
ဂေါတြဘူဉာဏ် {အနွယ်ကိုဖြတ်သောဉာဏ်}

၁၁။ နှစ်ပါးစုံမှ ထမြောက်လွတ်ကင်းခြင်း၌ (ဖြစ်သော) ပညာ
မဂ္ဂဉာဏ် {မဂ်ဉာဏ်}

၁၂။ လုံ့လစိုက်ရေးငြိမ်းအေးသော ပညာ
ဖလဉာဏ် {ဖိုလ်ဉာဏ်}။

၁၃။ သံသရာလမ်းစဉ်ပြတ်မှုကို ရှုမြင်သောပညာ
ဝိမုတ္တိဉာဏ် {လွတ်မြောက်သောဉာဏ်}

၁၄။ ထိုထို မဂ်ဖိုလ် အခိုက်အတန့်၌ ရရောက်သောတရားတို့ကို ရှုသောပညာ
ပစ္စဝေက္ခဏာဉာဏ် {ဆင်ခြင်သောဉာဏ်}

၁၅။ အဇ္ဈတ္တသန္တာန်မှ တရားတို့ကို ပိုင်းခြားမှတ်သားခြင်း၌ (ဖြစ်သော) ပညာ
ဝတ္ထု နာနတ္တဉာဏ် {အရာဝတ္ထု အထူးထူးကို သိသောဉာဏ်}

၁၆။ ဗဟိဒ္ဓသန္တာန်မှ တရားတို့ကို ပိုင်းခြားမှတ်သားခြင်း၌ (ဖြစ်သော) ပညာ
ဂေါစရ နာနတ္တဉာဏ် {အာရုံ အထူးထူးကို သိသောဉာဏ်}

၁၇။ စရိယာတို့ကို ပိုင်းခြားမှတ်သားခြင်း၌ (ဖြစ်သော) ပညာ
စရိယာနာနတ္တဉာဏ် {ဖြစ်ပုံ အထူးထူးကို သိသောဉာဏ်}

၁၈။ လေးမျိုးသော တရားတို့ကို ပိုင်းခြား မှတ်သားခြင်း၌ (ဖြစ်သော) ပညာ
ဘူမိနာနတ္တဉာဏ် {ဘုံအထူးထူးကို သိသောဉာဏ်}

၁၉။ ကိုးမျိုးသော တရားတို့ကို ပိုင်းခြား မှတ်သားခြင်း၌ (ဖြစ်သော) ပညာ
ဓမ္မနာနတ္တဉာဏ် {တရား အထူးထူးကို သိသောဉာဏ်}

၂၀။ ထူးခြား၍ သိသောပညာ
ဉာတဋ္ဌဉာဏ် {သဘောပိုင်းခြားသောဉာဏ်}

၂၁။ ပိုင်းခြားသတ်မှတ်၍ သိသောပညာ
တီရဏဋ္ဌဉာဏ် {ပိုင်းခြား၍သိသောဉာဏ်}

၂၂။ ပယ်စွန့်ခြင်း၌ (ဖြစ်သော) ပညာ
ပရိစ္စာဂဋ္ဌဉာဏ် {ပယ်စွန့်သောဉာဏ်}

၂၃။ ပွါးများခြင်း၌ (ဖြစ်သော) ပညာ
ဧကရသဋ္ဌဉာဏ် {ကိစ္စထူးကိုသိသောဉာဏ်}

၂၄။ မျက်မှောက်ပြုခြင်း၌ (ဖြစ်သော) ပညာ
ဖုသနဋ္ဌဉာဏ် {သဘောကိုတွေ့သောဉာဏ်}

၂၅။ အနက်အကျိုးအထူးထူး၌ (ဖြစ်သော) ပညာ
အတ္ထပဋိသမ္ဘိဒါဉာဏ် {အနက် အကျိုးကို ခွဲခြား၍ သိသောဉာဏ်}

၂၆။ ပါဠိအကြောင်းအထူးထူး၌ (ဖြစ်သော) ပညာ
ဓမ္မပဋိသမ္ဘိဒါဉာဏ် {ပါဠိ အကြောင်းကို ခွဲခြား၍ သိသောဉာဏ်}

၂၇။ သဒ္ဒါအထူးထူး၌ (ဖြစ်သော) ပညာ
နိရုတ္တိပဋိသမ္ဘိဒါဉာဏ် {သဒ္ဒါကို ခွဲခြား၍ သိသောဉာဏ်}

၂၈။ ထင်မြင်ဉာဏ်အထူးထူး၌ (ဖြစ်သော) ပညာ
ပဋိဘာနပဋိသမ္ဘိဒါဉာဏ် {ပဋိဘာန်ခွဲခြား၍ သိသောဉာဏ်}

၂၉။ နေထိုင်ခြင်းအထူးထူး၌ (ဖြစ်သော) ပညာ
ဝိဟာရဋ္ဌဉာဏ် {နေထိုင်ရေးသဘောဉာဏ်}

၃၀။ သမာပတ်ဝင်စားခြင်း အထူးထူး၌ (ဖြစ်သော) ပညာ
သမာပတ္တဋ္ဌဉာဏ် {၀င်စားရေးသဘောဉာဏ်}

၃၁။ နေထိုင်ခြင်း၊ ၀င်စားခြင်း အထူးထူး၌ (နှစ်ပါးစုံ၌ ဖြစ်သော) ပညာ
ဝိဟာရသမာပတ္တဋ္ဌဉာဏ် {နေထိုင်ရေး၊ ၀င်စားရေးသဘောဉာဏ်}

၃၂။ သမာဓိ စင်ကြယ်သည်ဖြစ်၍ အာသဝေါတရား ဖြတ်ခြင်း၌ (ဖြစ်သော) ပညာ
အာနန္တရိက သမာဓိဉာဏ် {အခြားမဲ့တည်တံ့ရေးဉာဏ်}

၃၃။ ၀ိပဿနာဉာဏ်လျှင် အကြီးအမှူး ရှိသော ၀ိပဿနာ ပညာ၊
ငြိမ်သက်သော ၀ိဟာရသို့ရောက်သည့် အရဟတ္တဖလသမာပတ္တိ ပညာ၊
မြတ်သော ဖလသမာပတ်၌ ညွတ်သော ပုဗ္ဗဘာဂ ပညာ
အရဏ ၀ိဟာရဉာဏ် {ကိလေသာ ကင်းလျက် နေထိုင်ရေးဉာဏ်}

၃၄။ အားနှစ်မျိုးတို့နှင့် ပြည့်စုံခြင်း၊
သင်္ခါရသုံးမျိုးတို့၏ ငြိမ်းခြင်းတို့ကြောင့် တစ်ဆယ့်ခြောက်မျိုးသောဉာဏ်ဖြစ်ခြင်း၊
ကိုးမျိုးသော သမာဓိ ဖြစ်ခြင်းတို့ဖြင့် လေ့ကျင့် ပွါးထုံသော ပညာ
နိရောဓသမာပတ္တိဉာဏ် {ချုပ်ငြိမ်းမှု ၀င်စားသောဉာဏ်}

၃၅။ ဆင်ခြင်ဉာဏ် ဖြစ်စဉ်ကို ရုပ်သိမ်းခြင်း၌ (ဖြစ်သော) ပညာ
ပရိနိဗ္ဗာနဉာဏ် {ကိလေသာခန္ဓာ ငြိမ်းအေးသောဉာဏ်}

၃၆။ တရားအားလုံးတို့ကို ကောင်းစွာ ဖြတ်ရာ ချုပ်ရာ၌ တစ်ဖန် မဖြစ်သောပညာ
သမသီသဋ္ဌ ဉာဏ် {အဦးမူ၍ ငြိမ်းအေးသောဉာဏ်}

၃၇။ သီးခြားဖြစ်သောတရား၊
အထူးထူးသော တရားတို့၏ တန်ခိုးကို ကုန်စေရာ၌ (ဖြစ်သော) ပညာ
သလ္လေခဋ္ဌဉာဏ် {ခေါင်းပါးရေးဉာဏ်}

၃၈။ မဆုတ်နစ်သောစိတ်၊
နိဗ္ဗာန်သို့ စေလွှတ်သောစိတ်တို့ကို အားပေး ထောက်ပံ့ခြင်း၌ (ဖြစ်သော) ပညာ
ဝီရိယာရမ္ဘ ဉာဏ် {လုံ့လစိုက်ရေး ဉာဏ်}

၃၉။ အထူးထူးသော တရားတို့ကို ပေါ်လွင်အောင် ဖော်ပြသောပညာ
အတ္ထသန္ဒဿန ဉာဏ် {အနက်ဖော်ဉာဏ်}

၄၀။ တရားအားလုံးတို့ကို တစ်ခုတည်း သိမ်းကျုံးရေတွက်အပ်သည့်
အဖြစ်ဟူသော ပညာ၊
ထူးခြားသောသဘော တူသောသဘောကို ထိုးထွင်း၍ သိသော ပညာ
ဒဿန၀ိသုဒ္ဓိဉာဏ် {အမြင် စင်ကြယ်ရေး ဉာဏ်}

၄၁။ သိသည်၏ အဖြစ်ကြောင့်ဖြစ်သော ပညာ
ခန္တိဉာဏ် {နှစ်သက်ဉာဏ်}

၄၂။ ဉာဏ်ဖြင့် တွေ့ထိသောကြောင့် (ဖြစ်သော) ပညာ
ပရိယောဂါဟဏဉာဏ် {သက်ဝင်ဉာဏ်}

၄၃။ စုပေါင်းစည်းလုံးခြင်း၌ (ဖြစ်သော) ပညာ
ပဒေသ၀ိဟာရဉာဏ် {စုပေါင်းစည်းလုံးရေးဉာဏ်}

၄၄။ ကြီးမှူးအုပ်စိုးသည်၏ အဖြစ်ဖြင့်ဖြစ်သောပညာ
သညာဝိ၀ဋ္ဋဉာဏ် {သညာကြောင့် ကင်းပြတ်သောဉာဏ်}

၄၅။ အထူးထူး၌ ဖြစ်သောပညာ
စေတောဝိ၀ဋ္ဋဉာဏ် {စေတနာကြောင့် ကင်းပြတ်သောဉာဏ်}

၄၆။ တည်တံ့စေခြင်း၌ (ဖြစ်သော) ပညာ
စိတ္တ၀ိဝဋ္ဋဉာဏ် {စိတ်ကြောင့် ကင်းပြတ်သောဉာဏ်}

၄၇။ ဆိတ်သုဉ်းခြင်း၌ (ဖြစ်သော) ပညာ
ဉာဏ၀ိဝဋ္ဋ ဉာဏ် {ဉာဏ်ကြောင့် ကင်းပြတ်သောဉာဏ်}

၄၈။ စွန့်လွှတ်ခြင်း၌ (ဖြစ်သော)ပညာ
ဝိမောက္ခ၀ိဝဋ္ဋ ဉာဏ် {၀ိမောက္ခကြောင့် ကင်းပြတ်သောဉာဏ်}

၄၉။ မှန်ကန်သော သဘော၌(ဖြစ်သော)ပညာ
သစ္စ၀ိဝဋ္ဋဉာဏ် {သစ္စာကြောင့်ကင်းပြတ်သောဉာဏ်}

၅၀။ ကိုယ်နှင့်စိတ်ကို တစ်ခုတည်း ပိုင်းခြားခြင်း၊ ချမ်းသာရေးအမှတ် ပေါ့ပါးလျင် မြန်ရေးအမှတ်ကို ဆောက်တည်သည်၏ အစွမ်းအားဖြင့် ပြည့်စုံခြင်း၌