HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label ရှင်ဥပဂုတ်. Show all posts
Showing posts with label ရှင်ဥပဂုတ်. Show all posts

 ကဲ ကဲ... တောင်သမုဒ္ဒရာမှာ ကြေးပြဿဒ်နဲ့ ယနေ့တိုင်သတင်းသုံးတယ်တဲ့... ရဟန္တာသည်လည်း သက်တမ်းအားဖြင့် ၁၀၀ မကျော်ပါ... ရှင်ဥပဂုတ္တရဲ့ သမိုင်းလည်းဖတ်ဖူးပါတယ်... ပုံမှန် လူတွေလို မွေးရိုးမွေးစဉ်လည်းမဟုတ်ပါ... ဘုရားအပါအ၀င် ပစ္စေကဗုဒ္ဓနဲ့ရဟန္တာအားလုံးသည် တခြားသူများ နတ်သကြားများဟုတ် အထင်မမှားရအောင် သာမာန်မွေးဖွားမှုမျိုးနဲ့ပဲမွေးဖွားရပါတယ်... ဥပဂုတ္တသမိုင်းဆိုတာ သပ်သပ်တော့ရှိပါတယ် ဒါပေမယ့် သင်္ဂါယနာတင်ခဲ့သော အဆက်ဆက်သော ကျမ်းတွင်မတွေ့ခဲ့ရပါ ထို့ကြောင့် ရှင်ဥပဂုတ္တ ရှိသည်ဆိုခြင်းကို ပယ်ပါသည်...။


သာမန်လူအများစုသည်ရှင်ဥပဂုတ်မထေရ်နှင့်ပတ်သက်ပြီး မာရ်နတ်လိုတန်ခိုးကြီးနတ်ကိုပင် ခါးပန်းကြိုး

နှင့် တောင်နံရံတွင် ကပ်ချည်ထားနိုင်လောက်အောင်တန်ခိုးကြီးသော ရဟန္တာအရှင်မြတ်တစ်ပါးဟု ယူဆကြ၏ ။

သမုဒ္ဒရာအလယ် ပြဿဒ်ကျောင်းဆောင်တွင် ယနေ့တိုင် သီတင်းသုံးနေသည်ဟု ယုံကြည်ကြ၏ ။ အလှူအတန်း

ကိစ္စ ၊ ပွဲလမ်းသဘင်ကိစ္စများတွင် မိုးတားပေးရန်အတွက် ပွဲထိုးပြီး လျှောက်သောအခါ မထေရ်မြတ် ကြွရောက်

စောင့်ရှောက်ပေးတော်မူသည် စသည်ဖြင့် ယုံကြည်ကြ၏ ။

အရှင်ဥပဂုတ်အကြောင်း ရှေးဆရာတော်ကြီးအချို့လည်း လူအများ မေးလျှောက်ကြသဖြင့် မကြာခဏ

ဖြေဆိုတော်မူနေကြရဟန်တူလေ၏ ။ မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီးက သမန္တစက္ခုဒီပနီကျမ်းတွင် ဖြေဆို

ခဲ့သည်မှာ သဒ္ဒါကျမ်းများ၌ ဝေါဟာရစကားလုံးတစ်ခုအဖြစ်ပါဝင်ကြောင်း မိလိန္ဒပဥှာ၌ ပါဝင်ကြောင်း ဖြေဆို၏ ။

သို့ရာတွင် မိလိန္ဒပဥှာပါဠိတော်၌ အလျဉ်းမပါရှိချေ ။ ယိုးဒယားမူ၌ရှိလေဟန် ဆိုကြပြန်လေ၏ ။ " နောက်ဆုံး

ဇေတ၀န်ဆရာတော်ဘုရားကြီးက အရှင်ဥပဂုတ်၏ အတ္ထုပ္ပတ္တိ ၀တ္ထုထုံးစံများကို ခိုင်ခိုင်ခံ့ခံ့ ဒဠီကမ္မဥာပကပြု၍

မှတ်သားလောက်အောင် ကျမ်းဂန် မတွေ့ဖူးချေ " ဟု ဆုံးဖြတ်တော်မူခဲ့၏ ။ ( မှတ်ချက် - ကျမ်းဂန်ဆိုသည်မှာ

သင်္ဂါယနာတင် ဆရာအစဉ်အဆက် အလေးမူသော ကျမ်းဂန်ကို ဆိုလိုပေ၏ )

ပါဠိ ၊ အဋ္ဌကထာ ၊ ဋီကာကျမ်းပေါင်း တစ်ရာကျော်တွင် မည်သည့်နေရာ၌မျှ အရှင်ဥပဂုတ်အကြောင်း

အရိပ်အမြွက်မျှပင် မပါရှိပဲ ၀ိနည်းဋီကာ ၀ဇီရဗုဒ္ဓိ ( ၆၃ - ဝေရဉ္ဇာခန်းအဆုံး ) ၌သာ အရိပ်အမြွက်တွေ့ရပေရာ

အလွန်အံ့သြမိလေ၏ ။ ဋီကာဆရာ မူလရေးရင်းမှ ဟုတ်ပါလေစဟု သံသယဖြစ်ဖွယ် ရှိ၏ ။ မုံရွေးဇေတ၀န်

စသော အလွန်ကျမ်းဂန်နှံ့စပ်သည့် ဆရာတော်ကြီးများ ထိုမျှထင်ရှားသော ကျမ်းမှာပါသည်ကို မတွေ့ဘဲမရှိ

တန်လေရာ ဟု ထင်မိ၏ ။

ဋီကာဖွင့်ပြထားသည်မှာလည်း ဝေရဉ္ဇာကဏ္ဍဆုံးခါအလွတ် ( ပါဠိပုတ္တက ) သဘောမျိုး ဖွင့်ပြခြင်းဖြစ်၏ ။

ဖွင့်ပြသည့်အဓိပ္ပာယ်မှာ မြတ်စွာဘုရား ဝေရဉ္ဇာပြည်၌ ၀ါကပ်လျှင် မာရ်နတ်နှောင့်ယှက်သည်ကို ဖျက်ဆီးနိုင်

သော အစွမ်းမရှိသလော ။ ရှိပါ၏ ။ သို့ရာတွင် နောက်ကာလ ဥပဂုတ်လက်ထက်၌ သာသနာကြည်ညိုမှုရရန်

အကြောင်းရှိ၍ သည်းခံတော်မူသည်ဟု ဖွင့်ပြသည်မှာ အလွန်မဆီမဆိုင်လွန်းလှ၏ ။

ယင်းဋီကာစာမျက်နှာ ( ၃၁ ) ၌ပင် ဝေရဉ္ဇာပြည် ၀ါကပ်ရခြင်း၏အကြောင်းများကို ထောက်ပြရာတွင်

အရှင်မောဂ္ဂလာန် ၏ တန်ခိုးအာနုဘော် ၊ အရှင်သာရိပုတ္တရာ ၏ ၀ိနည်းပညတ်ရန် အကြံဖြစ်ပေါ်မှုပြရန် ၊ဝေရဉ္ဇာ

ပုဏ္ဏားကြီးအား ချီးမြှောက်ရန် ၊ သာသနာဝင်အစဉ်အဆက် အာဟာရအပေါ်သည်းခံနိုင်မှုသင်ခန်းစာ ဖြစ်စေရန်

စသော ရှေ့နားမှာ ပြခဲ့သည့် အကြောင်းပြချက်များကိုပါ ပေါ့ပျက်သွားစေ၏ ။ အကယ်၍ မာရ်နတ်အကြောင်း

ဖွင့်ပြလိုလျှင်လည်း ရှေ့နားကပင်လျှင် ဖွင့်ပြသင့်၏ ။ ယခုမူ ပြီးမှ ပြန်၍ ပြောနေခြင်းမှာ စဉ်းစားစရာဖြစ်၏ ။

ယင်းဋီကာ၏ မှီရာ ပါရာဇိကဏ်အဋ္ဌကထာ ( ၁ - ၁၄၇ ) ၌ အဋ္ဌကထာဆရာကြီးကိုယ်တိုင် ဝေရဉ္ဇာပြည်

ကြွရောက်ဝါကပ်ရာ၌ မာရ်နတ်နှောင့်ယှက်မည်ကို မသိရာသလော ဟု မေးခွန်းထုတ်က - မသိ၍မဟုတ် ၊ ထို

အချိန်က မာရ်နတ်သည် အလွန်ရန်ငြိုးကြီးနေချိန်ဖြစ်၍ မြတ်စွာဘုရား တာဝတိံသာ သို့ ၀င်ကြွ၍ ၀ါကပ်သော်

လည်း နှောင့်ယှက်မည်သာ ဖြစ်သည်ဟု ဖွင့်ပြထားသော စကားနှင့် နှိုင်းယှဉ်ပြန်သော် ဋီကာဆရာ၏စကားသည်

ပို၍ စဉ်းစားစရာ ဖြစ်ပေ၏ ။

ဋီကာဆရာပြောသကဲ့သို့လည်းကောင်း ယခုအခါ လူအများထင်မှတ်နေကြသကဲ့သို့လည်းကောင်း ၊

အရှင်ဥပဂုတ်လို တန်ခိုးကြီးသော ရဟန္တာကြီးတစ်ပါး တတိယသင်္ဂါယနာခေတ်က အမှန်တကယ် ဖြစ်ထွန်းခဲ့ပါ

လျှင် ၊ သို့မဟုတ် ထေရ၀ါဒ၌ အမှန်တကယ် စံပြုလောက်သော တကယ့်ပုဂ္ဂိုလ်ကြီးသာ ဟုတ်ရိုးမှန်ခဲ့ပါလျှင်

အဋ္ဌကထာဆရာကြီးများသည် တစ်နေရာရာ၌ မလွဲမသွေ ဖော်ပြသင့်ခဲ့ပေ၏ ။

အထူးသဖြင့် တတိယသင်္ဂါယနာတင်ခန်း၌ကား မဖော်ပြပဲ မနေသင့်ပေ ။ တစ်ဖန် တန်ခိုးက္ကဒ္ဓိပါဒ်ကြီး

မားသော ပုဂ္ဂိုလ်များကို စံတင်ညွှန်းပြရာတွင်လည်း သီဟိုဠ်ခေတ်က ပုဂ္ဂိုလ်ထူးများကိုပင် ဖော်ပြခဲ့သေးရာ

အရှင်ဥပဂုတ်အား မည်သို့မျှ မေ့လျော့နေရန် ၊ ခြွင်းချန်ခဲ့ရန်အကြောင်း မရှိပါချေ ။ ၀ဇီရဗုဒ္ဓိဋီကာဆရာသည်

( မူလရေးရင်း အမှန်ဖြစ်ခဲ့သော် ) အဋ္ဌကထာဆရာကြီးများကိုပင် ကျော်လွန်ရာ ကျပေ၏ ။

စင်စစ် အရှင်ဥပဂုတ်သည် သာသနာစောင့်မထေရ်ကြီးများ အဆက်ဆက် အလေးမူသော ကျမ်းဂန်များ

တွင် အလာမရှိ ။ သာသနာနှင့်ဆန့်ကျင်သောအယူဝါဒများတွင် ပါဝင်နေသဖြင့် ပါဠိလိုရေးထားသော်လည်း

ဆရာအစဉ်အဆက် အလေးမမူသော လောကပညတ္တိကျမ်းတွင်သာ ရှိ၏ ။

ရာဇ၀င်ကြီးကိုပြုစုသောဆရာများနှင့် ကျီးသဲလေးထပ်ဆရာတော်သည် အဆိုပါသဘောကို အလေးအနက်

မသုံးသပ်ပဲ သဒ္ဓါတရားဖြစ်ပွားစေရန်လောက်ကိုသာ ရည်ရွယ်၍ ဆရာအစဉ်အဆက်ဆက် အလေးမမူသော

လောကပညတ္တိကျမ်းမှယူ၍ မှန်နန်းရာဇ၀င်ကြီး ၊ ဇိနတ္ထပကာသနီ နှင့်မဟာဝင်ဝတ္ထုများတွင် ဖော်ပြခဲ့မိကြလေ

၏ ။

မြန်မာစာပေအနေဖြင့် ကျီးသဲလေးထပ်ဆရာတော် စီရင်တော်မူသော ဇိနတ္ထပကာသနီကျမ်းနှင့် ဦးကုလား

မဟာရာဇ၀င်ကြီး တို့တွင် ထည့်သွင်းဖော်ပြထား၏ ။ပါဠိစာပေအနေဖြင့် ၀ဇီရဗုဒ္ဓိဋီကာဆရာတော်အရှင်ဝဇီရဗုဒ္ဓိ

မထေရ်၏ဋီကာကျမ်းတွင် " အရှင်ဥပဂုတ်၏တန်ခိုးသည် ၀ိကုဗ္ဗနိဒ္ဓိ မဟုတ် ၊ အဓိဋ္ဌာနိဒ္ဓိသာ ဖြစ်ကြောင်း "

အကျဉ်းမျှ ထည့်သွင်းမိန့်ဆိုထား၏ ။ ကစ္စည်းသဒ္ဒါကျမ်း၌လည်း " ဥပဂုတ္တေန မာရော ဗန္ဓော " ဆိုပြီး သဒ္ဒါပြယုဂ်

ထုတ်ပြထား၏ ။ နောက် မဟာဝံသဋီကာ၌လည်း ထိုအကြောင်းအရာကိုပင် ပြဆိုထား၏ ။

မဟာဝံသဋီကာ သည် အရှင်ဥပဂုတ်အကြောင်း ဖော်ပြထားခြင်းကြောင့် ထိုရာဇ၀င်ကျမ်း၌လည်း ထည့်

သွင်းဖော်ပြရခြင်းဖြစ်သည် ဟုလည်း မှတ်ချက်ပြုထားသော ဦးကုလားရာဇ၀င်၌ တွေ့ရလေ၏ ။ မြန်မာစာပေ

တွင် အရှင်ဥပဂုတ်မထေရ်အကြောင်း ရေးသားဖော်ပြကြရာ၌ မဟာဝံသဋီကာ တွင်ပြဆိုထားခြင်း ဖြစ်သော

ကြောင့် အစဉ်အဆက် ဖော်ပြကြတာဖြစ်ကြောင်း နားလည်နိုင်ကြလိမ့်မည် ဖြစ်၏ ။

သို့ရာတွင် မဟာဝံသဋီကာ ၌ပြဆိုထားသော အရှင်ဥပဂုတ် အကြောင်းအရာများသည် မြောက်ပိုင်းဖြစ်

ကျမ်းတစ်စောင်ဖြစ်သော " ဒိဗျာဝဒါန " ကျမ်းလာ စကားရပ်အား အခြေခံထားကြောင်း ၊ ထို ဒိဗျာဝဒါနကျမ်း

သည်လည်း သူ့ထက် ရှေးကျသော မြောက်ပိုင်းဖြစ် " ကလ္ပနာ ဟဏ္ဍီတိကာ" ကျမ်းမှ ကူးယူ ဖော်ပြတာဖြစ်

ကြောင်း သုတေသီများ လေ့လာ ဖော်ထုတ်ထားကြပြီးဖြစ်၏ ။ထို့ကြောင့် အရှင်ဥပဂုတ်အကြောင်းအရာတွေ

သည် ဘယ်ကဆင်းသက်လာသည့် အကြောင်းအရာ ဖြစ်ကြောင်း ထင်ထင်ရှားရှား တွေ့မြင်နိုင်၏ ။

ကျီသဲလေးထပ်ဆရာတော်ကြီးကား ၁၉၂၁ - ခုနှစ်က ပုံနှိပ်သော ၀ိမတိစ္ဆေဒနီကျမ်း ( ၉၃ ) ၌ပင် အင်္ဂလိပ်

လောကဓာတ်ဆရာများ ပင်လယ်အတွင်း၌ ကြေးပြာဿဒ်ကြီးကို မြင်တွေ့ရကြောင်း ၁၂၂၅ - ခုနှစ် သတင်းစာ

ပါ သတင်းကိုပင်ဖော်ပြထားသေး၏ ။ထိုအခါမှစ၍ မြန်မာပြည် ထေရ၀ါဒသာသနာဝင်တို့ လောက၌ အလှူမဏ္ဍပ်

ထိုးရာမှအစ အရှင်ဥပဂုတ်သည် ကန်တော့ပွဲတစ်ပွဲ ရတော်မူလေ၏ ။

သီးခြားကျောင်းဆောင် ရေကန်နှင့် သမင်လည်ပြန် ကာယိနြေ္ဒမဲ့သော ရုပ်တု ထုလုပ်ကိုးကွယ်ကြ၏ ။

အထက်ပါကျမ်းများသည် အသုံးတွင်ကျယ်သော ကျမ်းများဖြစ်၍ မူရင်း မဟာဝင်၌ ပါလေဟန် ပါဠိအဋ္ဌကထာ

လာ ဖြစ်လေဟန် ထင်မှားကုန်ကြလေ၏ ။

နောက်ဆုံး ကိုးကွယ်မှုနှင့်ပတ်သက်ပြီး သတိပြုသင့်သော အချက်တစ်ခုရှိ၏ ။ ယင်းမှာ ထေရ၀ါဒ

ဗုဒ္ဓဘာသာ၏ ကျောရိုးသည် သီလ ၊ သမာဓိ ၊ ပညာ ဖြစ်၏ ။ ထို့ကြောင့် သီလ ၊ သမာဓိ ၊ ပညာ ကို ဦးတည်သော

ကိုးကွယ်မှုသာလျှင် အနှစ်သာရရှိသော ကိုးကွယ်မှု ၊ လောကီ ၊ လောကုတ္တရာ ကောင်းကျိုး အမျိုးမျိုးအား

သယ်ပိုးပေးမည့် ကိုးကွယ်မှု ဖြစ်၏ ။ ကျွန်ုပ်တို့ရရှိထားသော လူ့တစ်ဘ၀သည် အချိန်တိုတောင်းလွန်းလှ၏ ။

သက်တမ်းတစ်ရာဆိုသော်လည်း ထိုတစ်ရာပြည့်အောင် နေနိုင်သူကား အလွန်ရှားပါးလွန်း၏ ။ အချိန်တိုတောင်း

လွန်းသည့်အပြင် စားရေး ၊ ၀တ်ရေး ၊ နေရေး ၊ ကျန်းမာရေး ၊ လူမှုရေး အစရှိသော အရေးပေါင်းများစွာအတွက်

အချိန်ဖဲ့ပေးရသည်ဖြစ်၍ ဘာသာရေးအတွက် အချိန်သည် အထူးနည်းပါးလွန်းလှ၏ ။ အထူးနည်းပါးသောအချိန်

အား အနှစ်သာရ ရရှိတာသေချာသော လုပ်ဆောင်ချက်များဖြင့် အသုံးချသွားနိုင်ခြင်းသည်သာ အရေးကြီးဆုံး

ဖြစ်၏ ။ ။



ကျမ်းကိုး --

မေတ္တာရှင် ( ရွှေပြည်သာ ) သညာသိနှင့်ပညာသိ
အရှင်နန္ဒသေနာလင်္ကာရ