HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label ပါဠိ. Show all posts
Showing posts with label ပါဠိ. Show all posts

 

“ပါဠိဘာသာ စကား”
••••••••••••••••••

ဘုရားရှင်လက်ထက်တော်က သာမန်လူများ ပြောဆိုကြသော
စကားရပ်သည် ပါဠိဘာသာစကားပင် ဖြစ်ပါသလား။
ယင်းဘာသာစကားကို ယခုခေတ် ဘယ်အရပ်ဒေသတွင် ပြောပါသလဲ၊
ယခုကာလ၌ ရွတ်ဖတ်နေသော ပရိတ်ပါဠိတော်များသည်
ဘုရားရှင်လက်ထက်တော်က အတိုင်းပင် ဖြစ်ပါသလား၊
ယင်းပရိတ်တော်များကို အခြားသော ထေရ၀ါဒ နိုင်ငံများက
ရဟန်းများ ရွတ်ဖတ်ပါက မြန်မာ ရဟန်းတော်များ
ရွတ်ဖတ်သည့်အတိုင်းပင် တူညီပါသလားဘုရား။
( ဦးဆွေ-အရှေ့ရန်ကင်း၊ ရန်ကုန် )

( ဖြေ )
မြတ်စွာဘုရားသည် မဇ္ဈိမဒေသ (ယခု-ဘီဟာနယ်၊
အိန္ဒိယ အရှေ့မြောက်ဒေသ) ၌
ပွင့်တော်မူသည်။ထိုအချိန်က အိန္ဒိယတပြည်လုံးတွင်
၁။ သက္ကတဘာသာ
၂။ ပြာကရိတ်ဘာသာ
၃။ မာဂဓဘာသာ တို့သည် အရပ်သုံး ဘာသာများ ဖြစ်ကြ၏။
(၁)-မှာ ထီးသုံး နန်းသုံး။
(၂)-မှာ အထက်တန်းလွှာသုံး ဖြစ်ပြီး
(၃) -မှာ လူတန်းစားအားလုံး သုံးသောဘာသာဖြစ်၍
မြတ်စွာဘုရားသည် ၄င်းအမှတ် ၃-(မာဂဓ) ဘာသာဖြင့်
အများ နားလည်အောင် ဟောပြောလေ့ရှိပါသည် ။
မြတ်စွာဘုရား၏ တရားတော်ကို စောင့်ရှောက်သော
ဝါ-တရားတော်နှင့် ကိုက်ညီသော ဘာသာဖြစ်၍
“မာဂဓဘာသာ”ကို “ပါဠိဘာသာ”-ဟု ခေါ်ပါသည်။
ထိုပါဠိဘာသာမှာ မည်သည့်အခါမှာမျှ ကွယ်ပျောက်မည်မဟုတ်
နတ်ပြည် ဗြဟ္မာ့ပြည်များမှာလည်း ထိုဘာသာကိုပင် သုံးစွဲပါသည်။
မြတ်စွာဘုရား၏ တရားဒေသနာများ ပရိတ်ပါဠိတော်ကဲ့သို့သော
သုတ်တော်များမှာ မာဂဓဘာသာ (ပါဠိဘာသာ)ဖြင့်သာ
မြတ်စွာဘုရား ဟောကြားတော်မူခဲ့၍ အခြားဘာသာဖြင့်
ပြန်ဆိုထားလျှင် ကြာရှည်လည်း မတည်နိုင်။
မြတ်စွာဘုရား၏ အလိုတော် ၀ါ-အနက်အဓိပ္ပါယ်ကိုလည်း
မထိမိနိုင်၊ ပါဠိဘာသာမှသာလျှင် အလိုတော်နှင့် ကိုက်ညီ ထိမိနိုင်သည်။
ထေရ၀ါဒနိုင်ငံတိုင်းပင် ဤပါဠိဘာသာကိုသာ သုံးပါသည်။
ပါဠိဘာသာတတ်လျှင် အတူတကွ ပြောဆိုနှီးနှောနိုင်သည်။
ဒေသသံမျှသာ ကွာခြား၍ အများအားဖြင့် တူညီပါသည်။

-【ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ)】

Dhamma Dãna Source ►

www.facebook.com/youngbuddhistassociation.mm

Dhamma Cakkya PaliMyanmar

ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်လူငယ်များသည် ဘာသာရေးအသိအလွန်ပင် အားနည်းလျက်ရှိသည်
ကို တွေ့နေမြင်နေရပါသည် ။အကြောင်းတိုက်ဆိုင်၍ ဘာသာရေးအကြောင်းပြောကြရာတွင် " အဋ္ဌကထာ "
က ဒီလိုဖွင့်ပြတယ် ၊ " အဋ္ဌကထာ " က ဒီလိုဆိုတယ် စသည်အားဖြင့် ရှင်းပြ ပြောဆိုမိတဲ့အခါမှာ လူငယ်
အများစုမှာ " အဋ္ဌကထာ " ဆိုတာ ဘာကိုပြောမှန်း သိနားလည်ကြခြင်း မရှိကြသည်ကို တွေ့ရှိရပါသည် ။
ထို့ကြောင့် " အဋ္ဌကထာ " ဆိုသည်မှာ အဘယ်နည်းဟု သိချင်သူများအတွက်ဤနေရာမှ ဖော်ပြလိုက်ရပါ
သည် ။

             မြတ်စွာဘုရား ဟောကြားတော်မူသော ပါဠိတော်တွင် အရိပ်အမြွက်မျှ ဖော်ပြထားသဖြင့် အနက်

အဓိပ္ပာယ် အသိခက် ကွယ်ဝှက် တိမ်မြုပ်နေသည်ကို သိလွယ်မြင်လွယ်ရန် အနက်အဓိပ္ပာယ်ပေါ်လွင်အောင်

ဖော်ပြသော စကားကို " အဋ္ဌကထာ " ဟု ခေါ်သည် ။

        ပဋ္ဌာန်းပါဠိတော်တွင် " ယံ ရူပံ နိဿယ မနောဓာတု စ မနောဝိညာဏဓာတု စ ၀တ္တန္တိ " တွင် " ယံ ရူပံ "

ဟု သာမန်မျှသာ ဖော်ပြထားသည်ကို အဋ္ဌကထာဆရာက " အကြင် ဟဒယ ၀တ္ထုရုပ် " ဟု ဖွင့်ပြသည် ။

             ပါဠိတော်လာ လောက၀ိဒူဂုဏ်တော်တွင် ပါဝင်သော လောကကို အဋ္ဌကထာဆရာက သတ္တလောက

သြကာသလောက ၊ သင်္ခါရလောက ဟူ၍ သုံးမျိုးစလုံးကို ယူရမည်ဟု ဖွင့်ပြသည် ။ ဤသို့ လောကသုံးပါးကို

ယူရမည်ဟု ဖွင့်ပြသော အဋ္ဌကထာဆရာသည် သတ္တလောကဖြစ်သော သက်ရှိသတ္တ၀ါတို့၏ နေထိုင်ရာ

သြကာသလောကဆိုင်ရာ ကမ္ဘာကြီးနှင့်တကွ ၄င်းကမ္ဘာကြီး ဖြစ်ပုံ ၊ ပျက်ပုံ ၊ တည်ပုံ ၊ ရာသီဥတု ၊ နေ , လ ၊

နက္ခတ် ဆိုင်ရာများကိုလည်း ဆက်လက် ဖွင့်ပြရပြန်သည် ။

               မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူသော ဓမ္မပဒ ကို ပါဠိတော်

အမေး။ ။ ဆရာတော်ဘုရား…. တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါတယ်ဘုရား။ မြတ်စွာဘုရားရှင်က မာဂဓဘာသာစကားနှင့် သတ္တ၀ါများကို တရားရေအေး တိုက်ကျွေးခဲ့တယ်ဆိုတာ သိရပါတယ်ဘုရား။ တပည့်တော်သိချင်တာက မာဂဓဘာသာစကားနှင့် ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ တရားတော်များကို ပါဠိဘာသာစကားသို့ အဘယ်အချိန်က ပြောင်းလဲခဲ့ပါသလဲဆိုတာ အဖြေပေးတော်မူပါဘုရား။

လင်းလင်း။ ထိုင်ဝမ်




အဖြေ။ ။ ဘုရားရှင်ဟာ မာဂဓဘာသာစကားနှင့် တရားဟောတယ်ဆိုတာ မှန်ပါတယ်။ မေးခွန်းရှင်စိတ်ထဲမှာ မာဂဓဘာသာကနေ ပါဠိဘာသာကို ပြောင်းလဲခဲ့တယ်လို့ ထင်နေတယ်။ အမှန်က ပါဠိဘာသာစကားဆိုတာလည်း မာဂဓဘာသာစကားပါပဲ။ ဆက်ပြောဦးမယ်၊ ဘုရားရှင်ပွင့်တော်မူခဲ့တဲ့ အိန္ဒိယပြည် အရှေ့မြောက်ပိုင်းအပါအ၀င် ထိုအချိန်က အိန္ဒိယတစ်ပြည်လုံးမှာ သက္ကတဘာသာ။ ပြာကရိုက် ဘာသာ၊ မာဂဓဘာသာစကားသုံးမျိုးကို အရပ်သုံးဘာသာစကားအနေနဲ့ သုံးစွဲပြောဆိုကြပါတယ်။ အဲဒီမှာ ထီးသုံးနန်းသုံးစကားအဖြင့် သက္ကတဘာသာကို သုံးစွဲကြတယ်၊ ပြာကရိုက်ဘာသာစကားကိုတော့ အထက်တန်းလွှာက သုံးကြတယ်။ လူတန်းစားအားလုံး သုံးကြတာက မာဂဓဘာသာစကားဖြစ်တယ်။ မာဂဓဘာသာစကား (ပါဠိဘာသာစကား)ဟာ အက္ခရာအနေနဲ့ မရှိပါဘူး၊ ဒါကြောင့် မာဓဂ (ပါဠိ)ဘာသာစကားကို ဟိန္ဒူဗြဟ္မဏအက္ခရာနဲ့ ရေးထားတာရှိသလို ရောမအက္ခရာ၊ ဂျာမန်အက္ခရာ၊ အင်္ဂလိပ်အက္ခရာနဲ့လည်း ရေးလို့လည်း ရပါဘယ်။ အဘယ်လူမျိုး အဘယ်အက္ခရာမဆို ရေးလို့ရပါတယ်။ မာဂဓဘာသာ(ပါဠိ)ဘာသာစကားကို မြန်မာအက္ခရာနဲ့ ရေးလို့ရတဲ့အတွက် ပိဋကတ်သုံးပုံကို မြန်မာ အက္ခရာဖြင့်ရေးထားတဲ့ ပါဠိတော်တွေလည်း ယခုအချိန်မှာ တွေ့မြင်နေရတာပါပဲ။ ရှင်းရှင်းပြောရရင် ပါဠိဘာသာစကားကို ပါဠိအသံထွက်အတိုင်း အဘယ်အက္ခရာနဲ့ပဲဖြစ်စေ ရေးထားတဲ့ ပိဋကတ်တော်တွေ ရှိတယ်ဆိုတာကိုလည်း ဗဟုသုတအဖြစ် ဖေါ်ပြပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com