HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label ဆရာတော်အရှင်လောကနာထ. Show all posts
Showing posts with label ဆရာတော်အရှင်လောကနာထ. Show all posts


ဇော ၇-ချက်နှင့် ပါတ်သက်၍ ဇောဆိုသည်မှာ... ဇ၀နကိုခေါ်ပါတယ်...

ဇော= ဇ၀န(ပါဠိ)= လျှင်မြန်ခြင်း= အရှိန်အဟုန်။

သည်နေရာမှ အရှိန်အဟုန်ဆိုတဲ့ အဓိပ္ပါယ်ကို ယူပါတယ်... ဇောမှာက ကုသိုလ်ဇော
အကုသိုလ်ဇော ကြိယာဇော ဆိုပြီး ရှိတဲ့နေရာမှာ ကြိယာဇောကတော့
ဘုရားရဟန္တာတွေမှာ ဖြစ်ပြီး... ဒကာဒကာမတို့ ဘုန်းကြီးတို့မှာတော့ ကုသိုလ်ဇော
အကုသိုလ်ဇောတွေ အမြဲမပြတ် ဖြစ်နေပါတယ်...

ဇော ဘယ်နှစ်ခါဖြစ်သလဲ အရင်လေ့လာရအောင်...

ကာမဇောတို့သည် ပကတိအခါ ၇-ကြိမ်သော် လည်းကောင်း၊ ၆-ကြိမ်သော် လည်းကောင်း ဖြစ်ကုန်၏...
သေခါနီးအခါ... မေ့မျောသွားသောအခါ မှီရာ ဟဒယဝတ္ထုရုပ် အားနည်းလှသောကြောင့်
၅-ကြိမ်သာ ဖြစ်ကုန်၏လို့ အဆိုရှိတဲ့အတွက် လယ်တီဆရာတော်ဘုရားက __အရိုးသတ်+ဆ၊
အားနည်းလှ၊ ပဉ္စအကြိမ်သာ__ ဆိုပြီး သံခိပ်လေးရေးပြီး
မှတ်တမ်းတင်ထားပါတယ်... နောက် မြတ်ဗုဒ္ဓ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ
ပြတော်မူသောအခါတို့၌ ဝသီဘော် အထွတ်အထိပ်သို့ရောက်သော
ဈာန်ရှင်ဖြစ်တော်မူသောကြောင့် ပစ္စဝေက္ခဏာ ကာမဇော... အဓိဋ္ဌာန် ကာမဇောတို့သည်
၎-ကြိမ်၊ ၅-ကြိမ် ဖြစ်ကုန်၏... ((ဤ၌ မြတ်စွာဘုရားမှာ ၄-ကြိမ်၊
အရှင်မောဂ္ဂလာန်စသည်တို့မှာ ၅-ကြိမ် ဖြစ်ကုန်၏ဟု အထူးမှတ်ရာ၏)) လို့
ဆက်လက်ပြီး ဆရာတော်မှ __ဝသီခေါင်ဖျား၊ ဈာန်နှင့်ငြား၊ လေး+ငါး နှစ်ထွေလာ__
ဆိုပြီး လင်္ကာစီထားပြန်ပါတယ်... ဇောဆို အားလုံး ၇-ကြိမ်ချည့်
ထင်နေမစိုးလို့ ထည့်ရှင်းပေးလိုက်ပါတယ်...

ဇော ၇-ကြိမ်ဖြစ်ပုံနဲ့ ၀ီထိအစဉ်ကို ကြည့်ကြမယ်... (အတိမဟန္တာရုံဝီထိ) ရူပါရုံအဆင်းနဲ့ စက္ခုပသာဒတို့
တွေ့ဆုံပြီးနောက် မြင်သိစိတ်တစ်ခုတွင် စိတ်ဖြစ်ပုံ အစဉ်အတန်းမှာ...

တီ+န+ဒ+ပ+စ+သံ+ဏ+၀ု+ဇ ဇ ဇ ဇ ဇ ဇ ဇ+ရုံ+ရုံ+ဘွင်+ဘွင်

တီ= အတီတဘ၀င်= (အတီတ=လွန်ပြီး + ဘ၀င်= ဘ၀င်စိတ်) အာရုံသစ်မထင်မှီ ချုပ်ပျက်သွားသော ဘ၀င်စိတ်...

န= ဘ၀င်္ဂစလန= (စလန= လှုပ်သော + ဘ၀င်္ဂ= ဘ၀င်) အာရုံဟောင်းကို မလွတ်သေး အသစ်ကိုလည်း စွဲမြဲစွာ မယူနိုင်သေးလှုပ်နေသောသဘော...

ဒ= ဘ၀င်္ဂုပစ္ဆေဒ= (ဘ၀င်္ဂ= ဘ၀င် + ဥပစ္ဆေဒ= ပြတ်စဲသော) အာရုံသစ်ကိုယူရန် အာရုံဟောင်းကိုဖြတ်သော နောက်ဆုံး ဘ၀င်စိတ်...

ပ= ပဉ္စဒွါရာဝဇ္ဇာန်း= ထင်လာသောအာရုံကို ဘာပါလိမ့်လို့ တစ်ကြိမ် ဆင်ခြင်ပြီးချုပ်၏။

စ= စက္ခုပသာဒကိုမှီ၍ စက္ခုဝိညာဏ် အဆင်းကို မြင်သိစိတ်ဖြစ်...

သံ= သမ္ပဋိစ္ဆိုင်းစိတ်= ရူပါရုံအဆင်းကို ခံယူသောစိတ်... လက္ခံသောစိတ်...

ဏ= သန္တီရဏ= အာရုံကို စူးစမ်း ထောက်လှမ်းသောစိတ်...

ဝု= ၀ုဋ္ဌော= အာရုံကို ကောင်းမကောင်း ဆုံးဖြတ်သောစိတ်... (၀ုဋ္ဌောထိ အာရုံများ မထင်ရှားသေး ခံစားမှု ထိထိမိမိ မသိသေးသေး)

ဇော= ဇ၀န= အရသာပေါ်အောင် အရှိန်ကောင်းကောင်းနှင့် ကာမဇော ၂၉-ပါးမှ တစ်ပါးပါးသော
ဇောစိတ်သည် ၇-ကြိမ်တိုင်တိုင်စောသည်။ နှလုံးသွင်းကောင်းလျှင် ကုသိုလ်ဇော...
နှလုံးသွင်းမကောင်းလျှင် အကုသိုလ်ဇော... ရဟန္တာဖြစ်လျှင် ကြိယာဇော...
ဖြစ်သည်။

ရုံ= တဒါရုံ= ဇောနောက်လိုက်၍ အာရုံ၏အရသာကို ထပ်မံ ခံစားခြင်း...

ဘွင်= ဘ၀င်= ဥပပတ္တိဘ၀၏အကြောင်း... (အတိတ်ကံကြောင့် လူသေမသွားအောင် စိတ်ကလေး ဆက်ဖြစ်ပေးနေခြင်း ဖြစ်သည်)

မရှင်းသေးလျှင် သည်ဥပမာနဲ့ လေ့လာကြည့်ကြမယ်...

သရက်ပင်အောက်က လူတစ်ယောက် ခေါင်းမြီးခြုံ အိပ်နေသည်= ဘ၀င်ကျ...

သရက်သီးကြွေကျ= အာရုံနှင့် ဒွါရ တိုက်ဆိုင်သည်နှင့် တူပါသည်...

လူနိုးလာသည်= ပဉ္စဒွါရာဝဇ္ဇာန်း ဖြစ်ပုံနှင့် တူပါသည်...

ခေါင်းမြီးခြုံဖွင့်ကြည့်= စက္ခုဝိညာဏ်စိတ် ဖြစ်ပုံနှင့် တူပါသည်...

သရက်သီးလှမ်းယူ= သမ္ပဋိစ္ဆိုင်း ဖြစ်ပုံနှင့် တူပါသည်...

မှည့် မမှည့် နှိပ်ကြည့်= သန္တီရစဏ ဖြစ်ပုံနှင့် တူပါသည်...

မှည့်သည်ဟု ဆုံးဖြတ်= ၀ုဋ္ဌော ဖြစ်ပုံနှင့် တူပါသည်...

ကိုက်စား အရသာခံစား= ဇော ဖြစ်ပုံနှင့် တူပါသည်...

ခံတွင်းရှင်း၍ မျိုချ= တဒါရုံ ဖြစ်ပုံနှင့် တူပါသည်...

ခေါင်းမြီးခြုံ ပြန်အိပ်= ဘ၀င်ပြန် ဖြစ်ပုံနှင့် တူပါသည်...

အရှိန်အဟုန်ကောင်းကောင်းနှင့် ကုသိုလ်စိတ် အကုသိုလ်စိတ်များ ဖြစ်လာပြီဖြစ်၍ ဇော... ဇော ၇-ကြိမ်၏ အကျိုးတရားတို့မှာ...

(၁) ပထမဇောသည်... ပဋိသန္ဓေကျိုးကိုမပေး ယခုလက်ရှိ ပ၀တ္တိကျိုးကိုပေးနိုင်၏
ချက်ချင်းလက်ငင်း ထီပေါက်နိုင်သည် ကိုယ်လိုချင်တာရနိုင်မည်
ရွှေအိုးကြီးများရနိုင်သလို... ခြေကျိုး လက်ကျိုး သေချင်းဆိုးနှင့်
သေစေနိုင်သော စွမ်းအားများပါရှိသည်... သူက အကျိုးမပေးက ဘယ်သောအခါမှ
အကျိုးမပေးတော့ အဟောသိကံ... ပထမဇောကံအကျိုး ပျက်၏...

(၇) သတ္တမဇော(သို့)နောက်ဆုံးဇော... သူသည်ကား ဒုတိယ-လာမည့်ဘ၀ ပဋိသန္ဓေကျိုးကို
အကျိုးပေးနိုင်သည့်...ပြင်... ပ၀တ္တိကျိုးကိုလည်း ပေးနိုင်သည်...
ကုသိုလ်ဇောသည် လူ-နတ် ဖြစ်စေနိုင်သလို... အကုသိုလ်ဇောသည်ကား အပါယ
အပါယ်လေးဘုံသို့ ရောက်စေနိုင်ပေသည်...

(၂-မှ-၆) ဒုတိယဇောမှဆဋ္ဌမဇောထိ... အကျိုးပေးပုံကား... တတိယဘ၀မှ စတင်၍
ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့ကို ဘ၀သံသရာ မပြတ်မခြင်း
အကျိုးပေးတော့မည် ဖြစ်ပေသည်...

သို့အတွက် သူတော်ကောင်းအပေါင်းတို့ ကုသိုလ်အကျိုးပေးနှင့် အကုသိုလ် အကျိုးပေးတို့သည်ကား ပြဒါးတစ်လမ်း
သံတစ်လမ်းဖြစ်ပေသည်... ကုသိုလ်၏ အကျိုးပေးကား ချိုမြိန်လှသော မချစ်စု
သရက်သီး စားရသလို... အကုသိုလ်၏ အကျိုးပေးသည်ကား... ခါးသီးလှပေသည်တကား...
ကျွန်ုပ်အတွက်တော့ အမေပေးသောအသည်း အစိမ်းသက်သက် အလှီးခံလိုက်ရပေပြီ...
အကုသိုလ် ပ၀တ္တိအကျိုးသည်ကား ခါးသီးလှပေ၏... အသိ သတိရှိကြပါကုန်...
သင်တို့မှာလည်း နောက်တွဲတွေ အများကြီး ရှိပေဦးမည်... ရှေ့ဆက်၍ ကောင်းမှု
ကုသိုလ်တွေ ကြိုးစားနိုင်ကြပါစေ... သူတော်ကောင်းတရားတွေ
လွမ်းခြုံနိုင်ကြပါစေ... သာသနာကို စောင့်ရှောက်နိုင်သော အမျိုးကောင်း
သားသမီးများ ဖြစ်ကြပါစေ...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ


ဗုဒ္ဓဘာသာအဖြစ်ကို အသက်ထက်တန်ဖိုးထားခဲ.သော အီတလီဘုန်းတော်ကြီးဦးလောကနာထသည်

ဗုဒ္ဓသာသနာ ကမ္ဘာအနှံ.ပြန်.အောင် မနားမနေသာသနာပြုရင်း ပြင်ဦးလွင်မြို.တွင် ပျံလွန်တော်မူခဲ.ပါသည် ။ ပျံလွန်တော်မမူမီ တခုသောရက်က သာသနာရေးဦးစီးဌာန ၊ သုသေသနအရာရှိ ဦးဟန်ဌေးအား နိုင်ငံခြား ၊ ဘာသာခြားများ ဗုဒ္ဓဘာသာကိုတန်ဖိုးထားပုံ ၊ မြန်မာနိုင်ငံဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဘာသာကို တန်ဖိုးထားမှုနည်းပုံနှင်.ပတ်သက်၍ ၇င်ဖွင်.ပြသွားသောသြ၀ါဒစကားလေးမှာ -

"ဒါယကာကြီး ရှင်ဘုရင်ရဲ.သားဟာ ခမည်းတော်နတ်ရွာစံပြီး အလိုလို ဘုရင်.အရိုက်အရာကိုရရှိလာတော. ဘုရင်ဖြစ်ရတဲ. တန်ဖိုးကိုလဲမသိဘူး ။ ဒီလိုပဲ ဒါယကာကြီး မွေးကတည်းက ဗုဒ္ဓဘာသာ ဖြစ်လာတဲ.သူတွေဟာလည်း ရတနာသုံးပါးရဲ.တန်ဖိုး ၊ သိက္ခာသုံးရပ် ရဲ. တန်ဖိုး အစွမ်းသတ္တိတွေကိုနားမလည်ကြဘူး ။

ဆင်းရဲသားက ရှင်ဘုရင်ဖြစ်သွားတဲ.လူကျတော. ဘုရင်.တန်ဖိုးပိုသိတာပေါ. ၊ ဘ၀မှာ သဒ္ဒါ ၊ သတိ ၊ ၀ီရိယ ၊ သမာဓိ ၊ ပညာစတဲ. စိုက်ထုတ်ခဲ.ရတဲ. တန်ဖိုးတွေဘယ်လောက်ကြီးမားတယ်ဆိုတာ ကိုယ်တိုင်သိမြင်ခဲ.ရတဲ.အခါကျတော. မိုက်စရာရှိတာတောင် မမိုက်ချင်တော.ဘူး ။ အနစ်နာခံခဲ.ရတာတွေ ၊ ဆုံးရှုံးခဲ.ရတာတွေ ၊ စွန်.လွှတ်ခဲ.ရာတာတွေ ဘယ်လောက်များတယ်ဆိုတာ သူပဲသိတယ် ။

ဒီတော. ရတနာသုံးပါးကိုကြည်ညိုရတိုင်း ပီတိဖြစ်တာပေါ. ၊ ဒီလိုပဲ ဒါယကာကြီး အခြားဘာသာအယူဝါဒကနေ ထေရ၀ါဒဗုဒ္ဓဘာသာဝင်အဖြစ်ကို ကူးပြောင်းရောက်ရှိလာသူတိုင်းဟာ ဆင်းရဲသားကနေ သန်းကြွယ်သူဌေးဖြစ်တဲ.လူလိုပဲခံ
စားရတယ် "

(အီတလီဘုန်းတော်ကြီးဦးလောကနာစာအုပ်မှ)