HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label ကမ္ဘာတည်ခြင်း. Show all posts
Showing posts with label ကမ္ဘာတည်ခြင်း. Show all posts

 
 
အမေး။    ။အရှင်ဘုရား..ကမ္ဘာတည်သမျှကာလပတ်လုံး တည်မြဲနေမယ့် အရာငါးခု ရှိပါတယ်လို့ ကြားဖူးပါတယ်ဘုရား၊ အဲဒီ ငါးမျိုးက ဘာတွေလဲ၊ ဘာကြောင့်တည်မြဲနေတာလဲ ဆိုတာ သိချင်ပါတယ်ဘုရား။
ကိုပေါက်
Portland Oregon State. USA
 
အဖြေ။    ။ ကမ္ဘာတည်သ၍ တည်မြဲနေမယ့်အရာတွေ ကမ္ဘာပတ်လုံးတည်မယ့်အရာတွေကို ပါဠိလို ကပ္ပဌိတိ လို့ခေါ်ပါတယ်။ အဲဒါက ငါးမျိုးတော့ မကြားမိပါဘူး။ လေးမျိုးပဲ ကြားဖူးပါတယ်။အဲဒါတွေက ငုံး+အိမ်+ကျု+လ တို့ပါပဲ။
(၁)  ငုံး။  ။အလောင်းတော်ငုံးမင်း သစ္စာပြုတဲ့နေရာမှာ တကမ္ဘာပတ်လုံး မီးကွင်းရှောင်တယ်။
            ရှေးအခါက မဂဓတိုင်းအတွင်းမှာ ဘုရားအလောင်းတော်ဟာ ငုံးမျိုး ဖြစ်ခဲ့ဖူးပါတယ်။ အမိဝမ်းမှ မွေးဖွားပြီး ဥခွံကွဲကာ လောကအလယ်သို့ ရောက်ခဲ့ပါတယ်။ မိဘများက အသိုက်မှာပဲနေစေကာ သူတို့ရဲ့နုတ်သီးနဲ့အစာတွေ ဆောင်ယူလာပြီး ကျွေးမွေး ပါတယ်။ အဲဒီအချိန်တုန်းက အရွယ်ငယ်လွန်းတဲ့အတွက် ဘုရားအလောင်း ငုံးမင်းဟာ အတောင်ကိုဖြန့်ပြီး ကောင်းကင်ကိုလဲ မပြန်နိုင်ပါ။ ခြေကိုကြွပြီး မြေကြီးပေါ်မှာလဲ မသွားလာနိုင်ပါ။ အဲဒီအရပ်ကြီးမှာလဲ နှစ်တိုင်းဆိုသလို တောမီးလောင်ပါတယ်။ တစ်နေ့ တောမီးကြီးလောင်တဲ့အခါ ငှက်တွေဟာ သေဘေးကို ကြောက် ကြတဲ့အတွက် အော်ဟစ်ပြီး အသိုက်ကနေ မီးလွတ်ရာကို ထွက်ပြေး ကြပါတယ်။ ထို့အတူ ငုံးမင်းရဲ့ မိဘများက သားကိုပစ်ပြီး မီးလွတ်ရာကို ထွက်ပြေး ကြတယ်။အသိုက်ထဲမှာ တစ်ကောင်ထဲ ကျန်ရစ်ရှာတဲ့ ဘုရားအလောင်းငုံးမင်းဟာ “ငါ့မှာ ပျံနိုင်တဲ့အစွမ်း၊ ခြေနဲ့သွားနိုင်တဲ့အစွမ်းရှိရင်တော့ ဒီကနေ ထွက်ပြေးလို့ရပါရဲ့ အခုတော့ ငါ့မှာ ပျံလဲမပျံနိုင်၊ သွားလဲမသွားနိုင်၊ ငါ့မိဘတွေကတော့ သေဘေးကို ကြောက်ပြီး ထွက်ပြေးသွားကြပြီ၊ အခုအခါမှာ ငါ့အတွက် အားကိုးစရာဆိုလို့ ဘာမှမရှိတော့၊ ငါဘာလုပ်ရမှာလဲ ” လို့တွေးပါတယ်။
            အဲဒီအခါက ဘုရားအလောင်းငုံးမင်းက “ငါ့မှာ ပျံစရာအတောငှ်ရှိနေပါရက်နဲ့ ငယ်သေးလို့ မပျံနိုင်ခဲ့။ သွားစရာခြေ ရှိပါရက်နဲ့ မသွားနိုင်ခဲ့၊ မိဘတို့ကလဲ သေဘေးကို ကြောက်လို့ ငါ့ကို စွန့်ခွါ ထွက်ပြေးသွားကြပြီ ၊ ထိုသစ္စာစကား မှန်ကန်ရင် အခုလောင်နေ တဲ့ တောမီးကြီး ငြိမ်းပျောက် ပါစေသတည်း” လို့ သစ္စာပြုလိုက်ရာ လူစကားနားလည်တဲ့အတိုင်း တောမီးကြီးဟာ တစ်ဆယ့်ခြောက်ပယ်စာ ပတ်လည် ငြိမ်းပျောက်သွားပါတော့တယ်။
            အဲဒီအချိန်ကစလို့ တောမီးတွေဘယ်လောက်ပဲ လောင်နေပါစေ၊ ဘုရားလောင်းငုံးမင်းရဲ့ သစ္စာအစွမ်းကြောင့် တစ်ဆယ့်ခြောက် ပယ်စာ အရပ်ဟာ တကမ္ဘာပတ်လုံး မီးမလောင်ဘူးလို့ ဆိုပါတယ်။(ဇာ၊ဋ္ဌ၊၁၊၂၂၉။)
 
(၂) အိမ်။             ။ကဿပဘုရားရှင်လက်ထက်က ဃဋိကာရအိုးထိန်းသည်ဟာ သာသနာနဲ့အလွန်ရင်းနှီးကျွမ်းဝင်သူဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာ ကဿပဘုရားရှင်ဟာ သူသီတင်းသုံးတော်မူတဲ့ ဂန္ဓကုဋိတိုက် မိုးမလုံဖြစ်နေတာကြောင့် ဃဋိကာရအိမ်ကိုသွားပြီး မြက်သက်ငယ် ရှိ မရှိ စုံစမ်းခိုင်းတယ်။ ရဟန်းတော်များက ဃဋိကာရအိမ်မှာတော့ မြက်သက်ငယ် မရှိပါ။ ဒါပေမယ့် သူအလုပ်လုပ်နေတဲ့ တဲအိမ်ရဲ့အမိုးမှာတော့ သက်ငယ်မိုး ရှိပါတယ် လို့ ဘုရားရှင်အားလျှောက်ထားကြတယ်။ ဘုရားရှင် ဒီလိုဆိုရင် ဃဋိကာရအိမ်ရဲ့အမိုး မြက်သက်ငယ်များကို သွားဖြုတ်ခိုင်းပါတယ်။ ရဟန်းများလဲ ဃဋိကာရအိမ်က မြက်သက်ငယ်မိုးတွေကို သွားဖြုတ်ကြတယ်။ အဲဒီအခါမှာ အိမ်မှာရှိတဲ့ မျက်မမြင် မိဘနှစ်ပါးက “ဟဲ့ အခုအမိုးလာဖြုတ်နေတာ ဘယ်သူတွေတုန်း”လို့မေးတော့ ရဟန်းတော်များကလဲ မြတ်စွာဘုရားကျောင်းတော်က ရဟန်းတွေ လို့ပြန်ပြောတယ်။ ဒါဆိုရင်တော့ လိုသလောက်သာ ဖြုတ်ယူကြပေတော့ လို့ ကြည်ကြည်ဖြူဖြူ ပေးရှာတဲ့အတွက် ရဟန်းတော်များ အမိုးကို ဖြုတ် ယူသွားကြပါတယ်။
တစ်နေရာကပြန်လာတဲ့ ဃဋိကာရက အမိုးတွေ ဘယ်သူများ ဖြုတ်တာလဲ ဆိုပြီး အမေအိုကြီးကို မေးတော့ ရဟန်းတော် များ ဖြုတ်ယူသွား တယ်ဆိုတဲ့အကြောင်း အမေကြီးက ပြန်ပြောတယ်။ ဒီစကားကြားရတဲ့ ဃဋိကာရဟာ “အော်…ငါ့အတွက် အရတော်လိုက် တာ ..ငါ့ကို မြတ်စွာဘုရားက အလွန်ရင်းနှီးကျွမ်းဝင်တာပဲ” ဆိုပြီး  အမိုးဖြုတ်တာနဲ့စပ်လို့ ၀မ်းမြောက်ဝမ်းသာ ပီတိသောမနဿတွေဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ မိုးဘယ်လောက်ပဲ ရွာရွာ ဃဋိကာရဲ့နေအိမ်တ၀ိုက် မိုးလုံးဝမစိုတော့ပါ။ ဒါဟာ တကမ္ဘာပတ်လုံး တည်သွားမယ့်အရာ တစ်ခုပါ။
(တိပိဋကဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ၏ ဟောစဉ်တရား တတွဲ၊နှာ၊၃၄။မဇ္ဈိမပဏာသပါဠိတော်၊နှာ၂၄၃)
ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင် ဃဋိကာရ မိသားစုရဲ ထက်သန်တဲ့စေတနာကြောင့် အခုလို ဖြစ်ရတာပါ။
(၃)ကျု။   ။ရှေးအခါက ရေကန်ကြီးတစ်ခုရှိခဲ့ဖူးတယ်။အဲဒီမှာ ဘီလူးတစ်ကောင်လဲ စောင့်နေတယ်။ အဲဒီရေကန်ရဲ့ပတ်လည်မှာ ကျုပင်တွေ ပေါက်ရောက်နေပါတယ်။ ဒီရေကန်ထဲကိုဆင်းပြီး ရေသောက်သုံးကြတဲ့သူမှန်သမျှကို ဘီလူးကြီးက အလစ်မပေး၊ ၀ါးမျိုစားသောက် လိုက်ပါတယ်။
            တောအုပ်တစ်ခုမှာလဲ ဘုရားအလောင်းတော် မျောက်မင်း နေထိုင်ပါတယ်။ ထိုမျောက်မင်းဟာ မျောက်ပေါင်း ရှစ်သောင်းလေးထောင် အခြံအရံ ရှိသူဖြစ်တယ်။ တစ်နေ့မှာ ဘုရားလောင်းမျောက်မင်းက “အမောင်တို့…ဒီတောထဲမှာ အဆိပ်ပင်တွေလဲ  ရှိတတ်တယ်။ ဘီလူးစောင့်တဲ့ရေကန် တွေလဲ ရှိကြတယ်။ ဒါကြောင့် ဘယ်ကိုပဲသွားသွား အသီးကိုတွေ့ရင် ချက်ခြင်း မစားပါနဲ့၊ ရေကန်တွေ့တိုင်း ရေမသောက်ကြပါနဲ့၊ တကယ်လို စာချင်တယ်သောက်ချင်တယ်ဆိုရင် ငါ့ကိုပြောပါ ” လို့ မျောက်များကို သြ၀ါဒပေး ပါတယ်။ ဒီလိုနဲ့ မျောက်များဟာ တောထဲသွားလာရာကနေ ရေကန်တစ်ခုကိုတွေ့တဲ့အခါ ရေသောက်ချင်ကြတယ်။ ဒါပေမယ့် ဘုရားအလောင်းတော်အလာကို စောင့်ဆိုင်းနေကြတယ်။ ဘုရားအလောင်းရောက် လာတဲ့အခါ မျောက်များက သူတို့ဖြစ်ချင်တာ ကိုပြောကြတယ်။ ဘုရားအလောင်းက ရေကန်ကို စူးစမ်းကြည့်တဲ့အခါ ရေကန်ထဲကို ဆင်းတဲ့ခြေရာသာ မြင်ရပြီး ပြန်တက်လာတဲ့ခြေရာ မမြင်ရတဲ့အတွက် ဒီရေကန်ဟာ ဘီလူးစောင့်တဲ့ရေကန်သာဖြစ်မယ်။ ဒါကြောင့် မသောက်ကြနဲ့လို့ ပြောပါတယ်။
  အဲဒီအခါမှာ ရေကန်ထဲ ဆင်းတဲ့သူကို စားဖို့စောင့်နေတဲ့ ဘီလူးကြီးက မျောက်တွေ ရေကန်ထဲမဆင်းတာကို သိတဲ့အတွက် ဒေါသ ထွက်ပြီး ရေပေါ်တက်လာပါတယ်။ ဘာကြောင့် ရေကန်ထဲမဆင်းတာလဲလို့ ဘီလူးကြီးကမေးတဲ့အခါ ဘုရားအလောင်းမျောက်မင်းက တကယ်လို့ ရေကန်ထဲဆင်းရင် သင်ရဲ့အစာဖြစ်သွားမှာပေါ့၊ ဒါကြောင့် မဆင်းကြတာပါ။ ရေကန်ထဲမဆင်းရဘဲနဲ့ ရေကို သောက်နိုင်အောင် လုပ်မယ်ဆိုပြီး ရေကန်နံဘေးမှာ ပေါက်နေတဲ့ ကျုပင်ကို နုတ်ပြီး  ကျုပင်ရဲ့အခေါင်းထဲမှာ အဆင့်မရှိဘဲ ဟိုဘက်ဒီဘက် ဟင်းလင်းပေါက် ဖြစ်စေသတည်းလို့ သစ္စာအဓိဋ္ဌာန်ပြီး ပါးစပ်နဲ့မှုတ်လိုက်တာ ကျုပင်များဟာ အဆစ်မရှိတော့ ဘဲ ခေါင်းပေါက်ကြီး ဖြစ်သွားပါတော့တယ်။ အဲဒီအခါကျမှ မျောက်အပေါင်းလဲ  အခေါင်းကြီး ဖြစ်နေတဲ့ ကျုတွေကို ရေကန်ထဲ ထိုးချကာ ရေကို စုတ်ယူပြီး သောက်ကြရပါတယ်။  (ဇာ၊ဋ္ဌ၊၁၊၁၈၆)
အဲဒီအချိန်ကစလို့ အများအကျိုးစီးပွားကို လိုလားတဲ့ ဘုရားအလောင်းမျောက်မင်းရဲ့ သစ္စာအဓိဋ္ဌာန်ကြောင့် ကမ္ဘာတည်သမျှကာလပတ်လုံး ထိုရေကန်နံဘေးမှာ ပေါက်ရောက်နေတဲ့ ကျုရိုးတွေဟာ အခေါင်းကြီးဖြစ်နေပါတော့တယ်။
(၄) လ။     ။လ၀န်းမှာ ယုန်အရုပ်ရေးထားတာကို ပြောတာပါ။ ဒါနဲ့စပ်လို့ နားလည်သဘောပေါက်အောင် ပြည့်ပြည့်စုံစုံ တင်ပြပါ့မယ့်၊ စာချစ်သူများက သီးခံပြီး ဖတ်ပေးစေလိုပါတယ်။
              ရှေးအခါက ဘုရားအလောင်းဟာ ယုန်မျိုးဘ၀မှာ ဖြစ်ခဲ့တယ်။ ထိုယုန်ဘ၀မှာ မျောက်၊ မြေခွေး၊ဖျံ မိတ်ဆွေသုံးဦးရှိတယ်။ ယုန်မင်းဟာ အလှူကိုလဲ ပေးလှူတတ်သလို သီလစောင့်ထိမ်းပြီး ဥပုသ်ဆောက်တည်တာတွေ ပြုလုပ်ခဲ့တယ်။ မိတ်ဆွေသုံးဦးကိုလဲ အခါအားလျော်စွာ ဟောပြောဆုံးမလေ့ရှိတယ်။ နက်ဖြန်ဆိုရင် ဥပုသ်နေ့ဖြစ်တယ်။ ဥပုသ်စောင့်ကြဖို့နဲ့ အလှူခံလာရင်လဲ ကိုယ်ရထားတဲ့ အစာကို ခွဲဝေလှူပြီး ကျန်တာကို စားသုံးကြဖို့ ယုန်မင်းက သြ၀ါဒစကားပြောကြားတယ်။  မိတ်ဆွေသုံးဦးကလဲ ကောင်းပါပြီ ဆိုပြီး ၀န်ခံကတိထားခဲ့ကြတယ်။
          နောက်တစ်နေ့ရောက်တဲ့အခါ  မိတ်ဆွေဖြစ်တဲ့ ဖျံဟာ အစာရှာထွက်လာပါတယ်။ တစ်နေရာရောက်တော့ ငါးကြင်း ခုနှစ်ကောင်ကို ကြိုးနဲ့သီပြီး သဲပြင်အောက်မှာ ဖုံးအုပ်ထားပါတယ်။ ဖျံက ပိုင်ရှင်ရှိ/မရှိဆိုတာကို စုံစမ်းတဲ့အနေနဲ့ အသံ သုံးကြိမ်ပြုလိုက်တယ်။ ဒါပေမယ့် ပိုင်ရှင် မပေါ်လာတဲ့ အတွက် ငါးခုနှစ်ကောင်ကို ယူပြီး ချုံတစ်ခုထဲမှာ ထားကာ“ နေမွန်းမတည့်မီ အချိန်မှာ စားတော့မယ်” ဆိုကာ မိမိရဲ့သီလကို ဆင်ခြင်နေပါတယ်။
         မြေခွေးကလဲ အစာရှာထွက်လာရာ လယ်တဲတစ်ခုအတွင်း အမဲစို့နှစ်ခု၊ ဖွတ်ကင်တစ်ခု၊ နို့ဓမ်းတစ်အိုးကို မြင်တာနဲ့ အရှင်ရှိမရှိဆိုတာ သိရအောင် သုံးကြိမ်တိတိ အသံပြုပြီးနေပါတယ်။ ပိုင်ရှင်မရှိမှန်း သိတဲ့အခါ  အမဲစို့နှစ်ခု၊ ဖွတ်ကင်တစ်ကောင်နဲ့အတူ နို့ဓမ်းအိုးကိုပါ မိမိနေရာ လုံခြုံတဲ့နေရာမှာ ထားလိုက်ပြီး သီလကို ဆင်ခြင်နေပါတယ်။
         မျောက်ကလဲ တောအုပ်ကို ၀င်ကာ သရက်ခိုင်ကို ခူးယူပြီး မိမိနေရာ ချုံထဲမှာ သိမ်းထားလိုက်ပါတယ်။ နေမွန်းမတည့်မီ စားမယ်လို့ဆိုကာ ကိုယ့်သီလကို ကိုယ် ဆင်ခြင်နေပါတယ်။
          ဘုရားအလောင်းတော် ယုန်မင်းဟာ အချိန်ရောက်မှ နေရာကထွက်လာပြီး  “နေဇာမြက်ကို စားတော့မယ်” လို့ဆိုကာ မိမိသီလကို ဆင်ခြင်နေပါတယ်။ ယုန်မင်းက “ငါ့ထံရောက်လာတဲ့ အလှူခံတွေကို ငါစားတဲ့ မြက်ပင်များကို လှူရင် ကောင်းမှာမဟုတ်ဘူး။ နှမ်း ဆန်စတဲ့ပစ္စည်းတွေလဲ ငါ့မှာ မရှိ၊ တကယ်လို့ အလှူခံ လာမယ်ဆိုရင် ငါ့ အသားကို လှူဒါန်းမယ်” လို့ ရဲဝံ့စွာ ဆုံးဖြတ်လိုက်တယ်။ ယုန်မင်းရဲ့သီလကြောင့် သကြားမင်းရဲ့ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာကြီးလဲ ပူလာပါတော့တယ်။ သကြာမင်းက အကျိုးအကြောင်းဆင်ခြင်ပြီး သိတဲ့အခါ ယုန်မင်းကို စုံစမ်းမယ် ဖို့အတွက် လူ့ပြည်ကို ပုဏားအသွင် နဲ့ ရောက်လာပါတယ်။
        ရှေးဦးစွာ ဖျံရဲ့နေရာကိုသွားတယ်။ ဖျံက “ဘာအတွက်လာတာလဲ”မေးတော့ သကြားမင်းက “အဟာရတစ်ခုခုကို ရလို့ရှိရင် ဥပုသ်စောင့်ပြီး နေချင်တယ်” လို့ပြောတယ်။ ဖျံက “ကောင်းပါပြီ….ငါ အာဟာရ တစ်ခုခုကို ပေးပါ့မယ်” လို့ပြောတော့ သကြားမင်းက “ ခဏနေပါဦး ၊ စောသေးတယ်၊ နောက်မှပဲ စားကြတာပေါ့”လို့ပြောပါတယ်။ တခါ မြေခွေးရဲ့နေရာ ကိုသွားပြန်တယ် ။ ရှေးနည်းအတိုင်းပဲ မြေခွေးဆီမှာ အလှူခံတယ်။  မြေခွေးက သူ့မှာရထားတဲ့ ငါးကြင်းကင်နဲ့နို့ဓမ်းကိုပေးလှူပါတယ်။ သကြားမင်းက ခဏနေပါဦး ၊စောသေးတယ်၊ နောက်မှစားမယ် လို့ပြောပြီး မျောက်ရှိတဲ့နေရာကို တခါသွားပြန်တယ်။ ရှေးနည်းအတိုင်း သကြားမင်းက အလှူခံတဲ့အခါ မျောက်က သူ့မှာ ရှိတဲ့ သရက်ခိုင်ကို လှူတယ်။ သကြားမင်းက ခဏနေပါဦး စောပါသေးတယ်၊ နောက်မှလာစားမယ် လို့ဆိုကာ ဘုရားအလောင်းတော် ယုန်မင်းထံကို သွားပြန်တယ်။ သကြားမင်းက  ယုန်မင်းဆီမှာ အာဟာရတစ်ခုခု လိုချင်တယ်၊ပြီးရင် ဥပုသ်စောင့်နေချင်တယ် လို့ ပြောတော့ ယုန်မင်းက “သင်ဟာ သီလရှိတဲ့သူပဲ၊ ဒီနေ့ ငါမလှူဖူးတဲ့ အလှူကို လှူမယ်၊ ဒါကြောင့် အသင်ပုဏား…မီးပုံကြီးတစ်ပုံကို မီးမွှေးပေးပါ၊ ပီးရင် ငါ့ရဲ့ခန္ဓာကိုယ်ကို မီးထဲခုန်ချလိုက်လို့ ကျက်ရင် ငါ့ရဲ့အသားကို စားပြီး သင် ရဟန်းတရားကို ကျင့်ပါ” လို့ဆိုတယ်။ သကြားမင်းက မိမိဘာနုဘောနဲ့ မီးတစ်ပုံ ချက်ခြင်းဆိုသလို မွှေးပေးပါတယ်။ ယုန်မင်းဟာ သူ့ခန္ဓာကိုယ်ရဲ့ အမွှေးတွေထဲမှာ ၀င်ခိုနေကြတဲ့ ပိုးမွှားလေးတွေ သေကုန်မှာစိုးလို့  ကိုယ်ကို သုံးလေးကြိမ် ခုန်လိုက်ပြီးမှ မီးပုံထဲကို စိတ်လက်ပျော်ရွှင်စွာနဲ့ ခုန်ချလိုက်ပါတယ်။ အဲဒီအခါမှာ မီးလျံတွေ ယုန်မင်းရဲ့ခန္ဓာကိုယ်နဲ့ထိတွေတဲ့အခါ နှင်းတွေနဲ့ ထိရသလို အေးမြနေတယ်။ ယုန်မင်းက “သင်မွှေးတဲ့မီးက မပူဘဲ အေးနေတာပဲ ဘာကြောင့်ဒီလိုဖြစ်တာလဲမသိ” လို့ သကြားမင်းကိုပြောတော့ “ငါဟာ ပုဏားမဟုတ်၊ သကြားမင်းပါ၊ သင့်ကို စုံစမ်းချင်လို့ လာတာဖြစ်တယ်” လို့ သကြားမင်းပြောပါတယ်။
      သကြားမင်းက “ ယုန်ပညာရှိ….သင်ရဲ့ ဂုဏ်ကျေးဇူးတွေ တကမ္ဘာပတ်လုံး ထင်ရှားပြီး တည်နေစေရမယ်” လို့ဆိုကာ တောင်ကိုညစ်ပြီး တောင်ဆီကိုယူကာ လမှာ ယုန်အရုပ်ကို ရေးပါတယ်။ အဲဒိအချိန်ကစလို့ လမှာ ယုန်အရုပ်ဟာ ခုချိန်ထိတည်ရှိနေတဲ့အပြင် တကမ္ဘာပတ်လုံး တည်သွားမယ့်အရာဖြစ်တယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင် ဘုရားအလောင်းယုန်မင်းရဲ့ မိမိအသက်နဲ့ခန္ဓာကို အခြားသူအား ရဲဝံ့စွာ ပေးလှူရဲတဲ့ ဒါနပါရမီအစွမ်းကြောင့် ဖြစ်တယ်လို့ ပြောရမှာပါ။
 
http://www.venkawwida.net/2014/09/blog-post.html <<< မှ ကူးယူဖော်ပြပါသည်...။

ဖြစ်ဖြစ်သမျှ အရာဝတ္ထုအစုစုသည် တစ်နေ့ကျလျှင် ဧကန်မုချ ပျက်ရမည့် အနိစ္စတရားသာဖြစ်ပါတယ်။ထို့ကြောင့်သတ္တဝါတို့ နေရာဤကမ္ဘာလောကကြီးလည်း ထိုအနိစ္စနယ်ပယ်မှာ ပါဝင်နေတာဖြစ်လို့ ခိုင်မြဲတည်တံ့နေမှာမဟုတ်ပဲ တစ်နေ့ကျလျှင် ဧကန်မုချပျက်ရမှာဖြစ်ပါတယ်။ကမ္ဘာလောကပျက်ဖို့ရာ အကြောင်းတရားသုံးမျိုးရှိပါတယ်။အဲဒါကဘာတွေလဲလို့ဆိုတော့ မီး၊ကြောင့်ပျက်စီးခြင်း၊ရေကြောင့်ပျက်စီးခြင်း၊လေကြောင့်ပျက်စီးခြင်းတို့ဖြစ်ပါတယ်။

မီးဖျက်သည့် ကမ္ဘာ(၇)ကမ္ဘာ၊ထိုနောက် ရေဖျက်သည့်ကမ္ဘာ(၁)ကမ္ဘာ၊ထို့နောက် မီးဖျက်သည့် ကမ္ဘာ(၇)ကမ္ဘာ၊ထို့နောက်ရေဖျက်သည့်ကမ္ဘာ(၁)ကမ္ဘာ၊ဤသို့သောနည်းအားဖြင့် မီးဖြင့်ဖျက်သောကမ္ဘာ(၅၆)ကြိမ်၊ရေဖြင့်ဖျက်သောကမ္ဘာ(၇)ကြိမ်၊ပေါင်းလိုက်တော့(၆၃)ကြိမ် ၊ထို့နောက်(၆၄) ကြိမ်မြောက်မှာလေဖြင့်ဖျက်သော ကမ္ဘာဖြစ်ပါတယ်။ဆိုလိုတာက မီးကြောင့်(၇)ကြိမ်ပျက်ပြီးလျှင် ရေကြောင့်တစ်ကြိမ်ပျက်ပါတယ်။နောက်မီးကြောင့် (၇)ကြိမ်ပျက်ပြီးလျှင် ရေကြောင့် (၁)ကြမ်ပျက်ပြန်တယ်။အဲလိုနည်းနဲ့ မီးကြောင့်(၅၆)ကြိမ်၊ရေကြောင့်(၇)ကြိမ်။အားလုံးပေါင်းတော့(၆၃)ကြိမ်၊ ထိုနောက်(၆၄)ကြိမ်မြောက်ရောက်ရင် လေကြောင့်တစ်ကြိမ်ပျက်မယ်လို့ဆိုလိုဖြင်းဖြစ်ပါတယ်။ကမ္ဘာပျက်ခြင်းသုံးပါးမှာ မီးကြောင့်ပဌမဈာန်သုံးဘုံးပျက်ပါတယ်။ရေကြောင့် ဒုတိယဈာန်သုံးဘုံပျက်ပါတယ်။လေကြောင့်တတိယဈာန်သုံးဘုံးပျက်ပါတယ်။ဒီနေရာမှာ(၃၁)ဘုံကို ထည့်ပြောဖို့လိုပါတယ်။

ဗြဟ္မာဘုံ နှစ်ဆယ်

ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ ၊ (ရူပ ပထမဈာန် ၃- ဘုံ)

ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ၊ (ရူပ ဒုတိယဈာန် ၃- ဘုံ)

ပရိတ္တာသုဘာ၊ အပ္ပမာဏာသုဘာ၊ သုဘကိဏှာ၊ (ရူပ တတိယဈာန် ၃- ဘုံ)

ဝေဟပ္ဖိုလ် ၊ အသညသတ် ၊ အဝိဟာ ၊ အတပ္ပါ ၊သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ၊ (ရူပ စတုတ္ထဈာန် ၇- ဘုံ)

အာကာသာနဉ္စာယတန၊ ၀ိညာဏဥစ္စာယတန၊ အာကိဉ္စာညာယတန၊နေဝသညာနာသညာယတန (အရူပဈာန် ၄- ဘုံ)

နတ်ပြည် ခြောက်ထပ်

စတုမဟာရာဇ် ၊ တာဝတိံသာ ၊ ယာမာ ၊ တုသိတာ ၊ နိမ္မာနရတိ ၊ ပရနိမ္မိတ၀သ၀တ္တီ

လူ့ဘုံ တစ်ဘုံ
လူ့ဘုံ

အပါယ် လေးဘုံ

ငရဲဘုံ ၊ တိရစ္ဆာန်ဘုံ ၊ ပြိတ္တာဘုံ ၊ အသူရကာယ်ဘုံ။ဆိုပြီး ဗုဒ္ဓဘာသာအရ (၃၁)ဘုံဖြစ်ပါတယ်။

မီးကြောင့်ပျက်စီးရမည့် ကမ္ဘာကြီးမှာ ပျက်ချိန်တန်လျှင် ရှေ့ဦးစွာ နေ(၇)စင်းအနက်က နေ(၂)စင်းပေါ်လာမှာပါ။ရိုးရိုးသာမန်နေက နေ့အခါထွက်ပြီး၊အသစ်ဖြစ်ပေါ်လာတဲ့ နေက ညအခါဆက်လက်ထွက်ပေါ်လာသဖြင့် ညဥ့်အခါဟူ၍ပင်မရှိတော့ပါ။ထို နေအသစ်ရဲ့ပူလောင်မှုကြောင့် မြစ်ငယ်၊ချောင်းငယ်များမှာရှိတဲ့ ရေတွေခန်းခြောက်လာပါတယ်။အဲဒီနောက်မှာ (၃)စင်းမြောက်နေထွက်လာမှာပါ။အဲဒီနေကြောင့် နေကြောင့် မြစ်ကြီးများမှာရှိသော ရေတွေခန်းခြောက်လာမှာပါ။နောက်(၄)စင်းမြောက် နေအသစ်ထွက်ပေါ်လာပြန်တော့ ဟိမဝန္တာအတွင်းမှာရှိတဲ့ အိုင်ကြီး(၇)အိုင်မှ ရေများလည်းခန်းခြောက်လာမှာပါ။နောက်(၅)စင်းမြောက်နေအသစ်ထွက်ပေါ်လာပြန်တော့ သမုဒ္ဒရာအတွင်းမှ ရေများခန်းခြောက်မှာပါ။နောက်(၆)စင်းမြောက်နေအသစ်ထွက်ပေါ်လာပြန်တော့

အမေး။ ။ What does Buddhism believe how the world was made? ဗုဒ္ဓဘာသာမှာ ကမ္ဘာကို ဘယ်ကစတာလဲလို့ ယုံကြည်ပါသလဲဘုရား။

မောင်တိုးနန္ဒ
Sydney, Australia


အဖြေ။ ။ တစ်ခြားခြားသော ဘာသာများက ကမ္ဘာကြီးကို ထာဝရဘုရားက ဖန်ဆင်းတယ်လို့ ပြောပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကတော့ ကမ္ဘာကြီးကို ဘယ်သူမှ ဖန်ဆင်းတာ မဟုတ်ပါဘူး၊ သဘာဝတရားက ဖြစ်လာတာပါလို့ ပြောရပါ့မယ်။ လူသားများဟာ ဘယ်ကစတင်ဖြစ်တယ်ဆိုတာ မမြင်နိုင်သလို ကမ္ဘာကြီးဟာ ဘယ်ကစဖြစ်တာလဲဆိုတဲ့ အမေးအတွက် အဖြေမရှိပါဘူး၊ ကြက်ဥအစရှာမရသလိုပါပဲ။ ဒါပေမဲ့ မြတ်စွာဘုရားက ကမ္ဘာကြီး ဖြစ်ပေါ်လာပုံကိုတော့ မိန့်တော်မူထားတာရှိပါတယ်။ အဲဒါကို ခေတ်နဲ့လျော်ညီအောင် ပြောပေးပါမယ်။

မှောင်မိုက်မဲမဲ ဟင်းလင်းပြင်ကြီးအတွင်း တစ်နေရာမှာ ကမ္ဘာစတင်ဖြစ်ဖို့အတွက် ရှေးဦးစွာ ကမ္ဘာပြုမိုးလို့ခေါ်တဲ့ မိုးဖွဲလေးများကျ လာပါတယ်။ ဒါကြောင့် ကမ္ဘာအစမိုးဖွဲကလို့ ပြောရမလိုလိုပင်။ ထိုမိုးဖွဲလေးများဟာ တစတစနှင့် ကြာရိုးလောက်ကြီးလာပါတယ်။ ကြာလာတော့ ၀ါးလုံးလောက် ကြီးလာပါတယ်။ ၀ါးလုံးလောက်ကနေ၊ ကျည်ပွေ့လောက်ကြီးလာပါတယ်။ ကျည်ပွေ့မှတဆင့် ထန်းပင်လုံးလောက် မိုးရေအယဉ်ကြီးပြီး အဆက်မပြတ်ရွာသွန်းတဲ့အခါ ယခင်က ကမ္ဘာမီးလောင်ခဲ့တဲ့နေရာမှာ ရေများပြည့်လာပါတယ်။

ထိုရေများကို အောက်သို့ မဆင်းသွားရလေအောင် “အဇဋာကာသ”လို့ အောက်ဖက်ကောင်းကင် မှ လေအဟုန်ထပြီး အထက်သို့ပင့်တိုက်တင်ထားသလို၊ ရေအယဉ်များ နံဘေးသို့ မထွက်အောင် လေများ ပတ်လည်တိုက်ပြီး တားဆီးပေးထားတယ်။ ရေအယဉ်များဟာ လေကြောင့် အောက်သို့ လည်းမကျ နံဘေးကိုလည်းမထွက်ဘဲ ပဒုမ္မာကြာရွက်ပေါ်က ရေပေါက်များလို တစ်လုံးတစ်ခဲတည်း တည်နေပါတော့တယ်။ ကာလကြာတဲ့အခါ ကမ္ဘာဖြစ်မဲ့ ရေအယဉ်လုံးကြီးဟာ တဖြည်းဖြည်း အောက်သို့လျှောချ ခန်းခြောက်လာပြီး ယခင်က ကမ္ဘာမြေကြီး တည်ရာအရပ်ကိုရောက်တဲ့အခါ အလွန်အားကြီးတဲ့ လေအဟုန်ကြီး တစ်ခု ဖြစ်ပေါ်လာပါတယ်။

ဥပမာ-မတ်ခွက်ကို ဖင်အောက်မှာ အပေါက်ဖေါက်ထားပြီး မတ်ခွက်ထိပ်ကို ပိတ်ထားလိုက်