ယောဂီတို့ကထူးချင်တာလား၊ ရူးချင်တာလား။ ထူးချင်တာနော်။ ထူးချင်တယ်ဆိုရင် ဘာလုပ်ရမလဲ။ ထူးအောင်လုပ်ရမယ်။ ထူးမှထူးတဲ့။ ရှင်းရှင်းလေးပဲနော်။ ထူးတဲ့စိတ်ဓါတ်မွေးရမယ်။ ထူးတဲ့စိတ်ထား ထားရမယ်။ ထူးတဲ့အတွေး တွေးရမယ်။ ထူးတဲ့အပြော ပြောရမယ်။ ထူးတဲ့အလုပ် လုပ်ရမယ်။ ထူးတဲ့အကျင့် ကျင့်ရမယ်။ ဒါဆိုရင် ထူးပြီပေါ့။ ထူးချင်ရင်ဘာမှမခက်ပါဘူး။ ထူးလိုက်ရုံပဲပေါ့။ ကောင်းမှကောင်း ဆိုတဲ့စကားကလည်း
ကျောင်းသားဘဝက .. စာမေးပွဲအောင်ဖို့ သူရဿတီဂါထာကို အကြိမ်ကြိမ်ရွတ်ဆိုခဲ့ဖူးပါတယ်။ ရွတ်ဆိုလို့လား ကိုယ့်အားထုတ်မှုကြောင့်လား ရှင်းရှင်လင်းလင်းတော့ မပြောတတ် စာမေးပွဲတွေလည်း အလီလီအောင်မြင်ခဲ့ဖူး ပါတယ်။ ထူးဆန်းတာက ယုံကြည်မှုရှိလာရင် ယုတ္တိရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ.. စွမ်းအားတွေ ၊ သတ္တိတွေဖြစ်လာတာကတော့ အမှန်ပါပဲ။ အသက်အရွယ်အရ စဉ်စားတတ်တဲ့ အချိန်ရောက်မှ သူရဿတီ