HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label ခြေတော်ရာ. Show all posts
Showing posts with label ခြေတော်ရာ. Show all posts


ကမ္ဘာတစ်လွှား၌ ဗုဒ္ဓခြေတော်ရာချခဲ့သည့် နေရာမှာ (၁၀)နေရာဖြစ်ကြောင်းကို လေ့လာသိရှိရပေသည်
============================

၎င်းတို့မှာ...

(၁) အိန္ဒိယပြည်၊ ဘုံဘိုင်မြောက်ပိုင်း၊ နမ္မဒါမြစ်ထဲ၌ ခြေတော်ရာတစ်ဆူ...။

(၂) အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက် သစ္စပန်တောင်ပေါ်၌ ခြေတော်ရာတစ်ဆူ...။

(၃) အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ ခြေတော်ရာတစ်ဆူ...။

(တရုတ်ဘုန်းတော်ကြီး ဖာယီယန်၏ မှတ်တမ်းအရ)

(၄) အိန္ဒိယပြည်၊ ပါတလိပုတ်မြို့တော်၏ တောင်ဘက်သုံးလိအကွာ၌ ခြေတော်ရာတစ်ဆူ...။
(ဖာယီယန်၏ မှတ်တမ်းအရ)


(၅) သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သုမနကုဋ(SriPada) တောင်ထိပ်၌ ခြေတော်ရာတစ်ဆူ...။

(၆) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မယူကမ်းပုံစည်းကျွန်း၊ သာစည်ထောင့်ရွှာအနီး၌ ခြေတော်ရာတစ်ဆူ...။

(၇) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုလားတန်းမြစ်ဝရှိ ဖရုံကာကျွန်းစု၊ မြေငူကျွန်း၊ဆံတော်ရှင်ဓာတ်တော် အနီးရှိ ခြေတော်ရာတစ်ဆူ...။

(၈) မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းချောင်း(မန်းရွှေစက်တော်)၌ အောက်,အထက်ခြေတော်ရာနှစ်ဆူ...။

(၉) မြန်မာနိုင်ငံမြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက်ဘက် တောင်စောင်း၌ ခြေတော်ရာတစ်ဆူ...။

(၁၀) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မဟီ(မအီ)မြစ်အတွင်း၌ အထက် အောက် ဝဲယာ ခြေတော်ရာတစ်စုံ...။

စသည်တို့ ဖြစ်ကြကြောင်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောက်ရပ်၊ မဟာသုခပါဠိတက္ကသိုလ်မှ

ဆရာတော် ဦးအရိယာဝံသ၏ ရခိုင်ပြည်နယ်၊ မအီစက်တော်ရာသမိုင်း စာအုပ်တွင် မှတ်တမ်းပြုထားပါသည်...။

မြတ်စွာဘုရားရှင်သည်...မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် ရဟန္တာငါးရာနှင့်တကွ

သုနာပရန္တ ယောနကတိုင်း (ယခု မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မကုမြို့နယ်

လယ်ကိုင်းကျောင်းတော်ရာ ဒေသ)သို့လည်း ကြွရောက်ခဲ့တော်မူ၏...။

ဘုရားရှင်သည်...သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ပြန်အကြွ နမ္မဒါမြစ် (ယခု မန်းချောင်း) အနီးသို့

ရောက်သည်တွင် နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်ကြောင့် မြစ်ကမ်းနဖူး ကျောက်ဖျာထက်တွင်

လက်ဝဲခြေတော်ရာကို ချပေးခဲ့၏...။ ယင်းကို အောက်ခြေတော်ရာဟု ခေါ်ဆိုကြသည်...။

ဆက်လက်၍ ကြွမြန်းစဉ် ထိုမြစ်အနီး သစ္စဗန္ဓကတောင်ပေါ်သို့ ရောက်ပြန်သော် ရသေ့၏

လျှောက်ထားတောင်းပန်ချက်ကြောင့် မကုလမြေကျောက်ပေါ်တွင် လက်ဝဲဘက်ခြေတော်ရာကို

တံဆိပ်ခတ်နှိပ်ပေးခဲ့ပြန်သည်...။ ထိုအထက်ခြေတော်ရာကို အထက်စက်တော်ရာဟု သမုတ်ခဲ့ကြသည်ဟုဆိုကြသည်။

သို့ဖြင့် ထိုနေရာများတွင် စေတီများ တည်ထားကာ နှစ်စဉ်ခြေတော်ရာဖူးရင်း စေတီများတွင်

ပွဲတော်များ ကျင်းပခဲ့လေသည်...။ အဆိုပါ ခြေတော်ရာသည် ကာလအတန်ကြာ ကွယ်ပျောက်နေခဲ့ပြီး

တောင်ဖီလာ ဆရာတော်ကြီး (ဓားမကူးဆရာတော်)၏ ဖော်ထုတ်မှုဖြင့်
ပွင့်ပေါ်လာခြင်းဖြစ်ကြောင်းမှတ်သားရပါသည်...။

ကျွန်တော် စစ်တွေကို အလုပ်တာဝန်နဲ့သွားပြီး အပြန်မှာ ရုံးက အကိုတစ်ယောက်ရဲ့ ကူညီပေးမှုကြောင့် ဒီ ဗုဒ္ဓပါဒခြေတော်ရာ ကိုရောက်ရှိခဲ့ပါတယ်... ဒီ ဗုဒ္ဓခြေတော်ရာတည်ရှိရာ (ခြေရာတော်ရွာ) နေရာက
စစ်တွေ ကနေ ဘူးသီးတောင် သွားတဲ့ရေလမ်းခရီး ၄ ပုံ ၁ ပုံလောက်မှာရှိတာပါ... ပုံမှန်အားဖြင့် အသွားအလာအရမ်းနည်းသလို ရောက်ဖို့လည်း ခဲရင်းလှပါတယ်... တစ်နှစ်မှာတစ်ကြိမ် ခြေတော်ရာ
ဘုရားပွဲဆိုပြီး စည်စည်ကားကားရှိလှပေမယ့်... သာမန်အချိန်တွေမှာဆို ဘုရားဖူးသူမရှိသလောက်ရှားပါး
ပါတယ်... ဒါကြောင့် ဗုဒ္ဓခြေတော်ရာကို ရောက်ရှိခဲ့တာ အလွန်ပဲကံထူးတယ်လို့ ကိုယ့်ကိုကိုယ်ယူဆမိပါတယ်... အဲဒါကြောင့် ထုံးစံအတိုင်း အများသူငှာ ကြည့်ရှု့နိုင်ဖို့အတွက် ကင်မရာ တစ်ပြင်ပြင်ရဲ့ ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ခဲ့ပါတယ်... အားလုံး ကြည့်ရှု့ အားပေး သွားကြပါဦး...  အောက်ဆုံးမှာ ထူးထူးခြားခြား ဗွီဒီယိုဖိုင်လေးတစ်ခုကိုလည်း တင်ထားပေးပါတယ်...

(အောက်ဖော်ပြပါ ဓါတ်ပုံများသည် ကျွန်တော်ကိုယ်တိုင်ရိုက်ကူးထားသော ပုံများဖြစ်သောကြောင့် ကျေးဇူးပြု၍ Refer လုပ်ပြီးဖြန့်ဝေပေးဖို့
တောင်းဆိုပါတယ်ခင်ဗျာ...)

အဝေးတစ်နေရမှ...

မြင်ကွင်းအစုံ ဖူးမျှော်ရပါပြီ...

အ၀င်မုခ်ဦး...

ဝယ်သူမရှိတဲ့ ဈေးတန်းလေး...

လက်ယာဘက် နဂါးရုံဘုရား...

လက်ဝဲဘက် နဂါးရုံဘုရား...

ဗုဒ္ဓပါဒခြေရာတော် မုခ်ဦး...

ခြေရာတော်သို့ သွားရာလမ်း (သာယာလွန်းပါသည်...)

လမ်းတစ်လျှောက် ဘေးဝဲယာမှ အနားယူရန် ကျောက်ထိုင်ခုံများ...

လမ်းတစ်လျှောက် ဘေးဝဲယာမှ အနားယူရန် ကျောက်ထိုင်ခုံများ...

တောင်ပေါ်စေတီသို့ တက်ရောက်ဖူးမျှော်ရန်...

ပဉ္စ၀ဂ္ဂီ ၅ ဦးအား မြတ်စွာဘုရားမှ တရားဦးဟောကြားချီးမြင့်နေပုံ...

နဂါး လာရောက်ဖူးမျှော်ဟန်...

ခြေတော်ရာ (၁)...

ခြေတော်ရာ (၂)...

ခြေတော်ရာ (၃)...

ခြေတော်ရာ (၄)...

ခြေတော်ရာ (၅)...

ခြေတော်ရာ၏ ထူးဆန်းအံ့ဖွယ်များ...

မြွေနှင့်ဖား ခြေတော်ရာထဲတွင် ချစ်ချစ်ခင်ခင်...

ခြုံငုံ ဖူးမျှော်စေချင်လို့ပါ...

အပြန်လမ်းကွေ့လေးတစ်နေရာ...

နဂါးရုံဘုရားနှင့် စေတီသာ...


နောက်ဆုံးအနေနဲ့ ဗီဒီယိုလေးတစ်ခုထည့်ပေးလိုက်ပါတယ်... အားလုံးစိတ်ဝင်စားမယ်လို့လည်းမျှော်လင့်ပါတယ်... ကြည့်ဖြစ်အောင် ကြည့်သွားပေးကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်...

 
Chay Taw Yar from zmozmo on Vimeo.

သူငယ်ချင်းများအားလုံးရဲ့...

ဇင်မျိုး...