အမေး။ ။ အရှင်ဘုရား အသက်ရှင်နေတာ ကိုယ့်အတွက်လား၊ သူများအတွက်လား ကိုယ့်အတွက်ရော သူများအတွက်ရောလားဆိုတာသိချင်ပါတယ်ဘုရား။
သန်းသန်းအေး
ရန်ကုန်
အဖြေ။ ။ ဒီအတွေး ဒီအမေးဟာ လူငယ်အတော်များများ တွေးတတ်၊ မေးတတ်တဲ့အရာတစ်ခုပဲ။ အသက်ရှင်နေတာဟာ ကိုယ့်အတွက်ဖြစ်သလို သူများအတွက်လည်းပါတယ်လို့ ဆိုရပါမယ်။ သူများအတွက်ဆိုတာက အများကောင်းကျိုးအတွက် အသက်ရှင်နေတာကို ပြောတာပါ၊ တခါက ဆရာတော်ကြီးတစ်ပါးကို ဒကာတစ်ဦးက “အရှင်ဘုရား…တရားကောအားထုတ်ရဲ့လား”လို့ လျှောက်ထားတော့ ဆရာတော်က “ အေး…ဘုန်းကြီး တရားအားမထုတ်သေးဘူး၊ တကယ်လို့ တရားအားထုတ်လို့ မတော်တဆ ရဟန္တာဖြစ်သွားရင် အခုလုပ်နေတဲ့ ဆေးရုံလုပ်ငန်း၊ ရေအလှူလုပ်ငန်း၊ တက္ကသိုလ်လုပ်ငန်းတွေကို ဘယ်သူမှလုပ်တဲ့သူ ရှိမှာမဟုတ်ဘူး”ဆိုပီး ပြောခဲ့ပါသေးတယ်။ ဆရာတော်ဘုရားကြီးဟာ ပရဟိတ အများကောင်းကျိုးအတွက် အလုပ်လုပ်နေတယ်ဆိုပေမဲ့ သူ့အတွက်လည်း ရပီးသားဖြစ်သွားပါတာပါ။
“အများအကျိုးဆောင် ကိုယ့်အကျိုးအောင်”ဆိုတဲ့ စကားအတိုင်းပေါ့။ ဒါကြောင့် အသက်ရှင်နေရတာဟာ
သူများအကျိုးအတွက်လည်းဖြစ်သလို ကိုယ့်အတွက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူတစ်ပါး အကျိုးအတွက်လည်းမပါ ကိုယ့်အတွက်လည်းမပါတဲ့ အသက်ရှင်ခြင်းမျိုးတော့ လုံးဝမဖြစ်သင့်ပါ။
အသက်ရှင်ခြင်းနဲ့ပတ်သက်ပြီး ဓမ္မပဒအဋ္ဌကထာ၊ သဟဿဝဂ္ဂမှာ ဘုရားရှင်ဟောတော်မူထားတာ ရှိပါတယ်။ လမ်းမှန်ရောက်ဖို့အတွက် ဖေါ်ပြပေးပါ့မယ်။
သံကိစ္စသာမဏေရ၀တ္ထု
အကြင်ပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်သီလမရှိ၊ တည်ကြည်မှုမရှိဘဲ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် သီလနဲ့ပြည့်စုံပြီး၊ တည်ကြည်မှု ဈာန်တရား ရှိတဲ့သူရဲ့ တစ်ရက်၊ တစ်ခဏမျှ အသက်ရှင်ရခြင်းက ပိုမြတ်ပါတယ်။
ခါဏုကောဏ္ဍညတ္ထေရ၀တ္ထု
အကြင်ပုဂ္ဂိုလ်ဟာ ပညာမရှိ၊တည်ကြည်မှုမရှိဘဲ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် ပညာရှိ၊