HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label အရှင်ဝိမဝံသ. Show all posts
Showing posts with label အရှင်ဝိမဝံသ. Show all posts

ဖြစ်ဖြစ်သမျှ အရာဝတ္ထုအစုစုသည် တစ်နေ့ကျလျှင် ဧကန်မုချ ပျက်ရမည့် အနိစ္စတရားသာဖြစ်ပါတယ်။ထို့ကြောင့်သတ္တဝါတို့ နေရာဤကမ္ဘာလောကကြီးလည်း ထိုအနိစ္စနယ်ပယ်မှာ ပါဝင်နေတာဖြစ်လို့ ခိုင်မြဲတည်တံ့နေမှာမဟုတ်ပဲ တစ်နေ့ကျလျှင် ဧကန်မုချပျက်ရမှာဖြစ်ပါတယ်။ကမ္ဘာလောကပျက်ဖို့ရာ အကြောင်းတရားသုံးမျိုးရှိပါတယ်။အဲဒါကဘာတွေလဲလို့ဆိုတော့ မီး၊ကြောင့်ပျက်စီးခြင်း၊ရေကြောင့်ပျက်စီးခြင်း၊လေကြောင့်ပျက်စီးခြင်းတို့ဖြစ်ပါတယ်။

မီးဖျက်သည့် ကမ္ဘာ(၇)ကမ္ဘာ၊ထိုနောက် ရေဖျက်သည့်ကမ္ဘာ(၁)ကမ္ဘာ၊ထို့နောက် မီးဖျက်သည့် ကမ္ဘာ(၇)ကမ္ဘာ၊ထို့နောက်ရေဖျက်သည့်ကမ္ဘာ(၁)ကမ္ဘာ၊ဤသို့သောနည်းအားဖြင့် မီးဖြင့်ဖျက်သောကမ္ဘာ(၅၆)ကြိမ်၊ရေဖြင့်ဖျက်သောကမ္ဘာ(၇)ကြိမ်၊ပေါင်းလိုက်တော့(၆၃)ကြိမ် ၊ထို့နောက်(၆၄) ကြိမ်မြောက်မှာလေဖြင့်ဖျက်သော ကမ္ဘာဖြစ်ပါတယ်။ဆိုလိုတာက မီးကြောင့်(၇)ကြိမ်ပျက်ပြီးလျှင် ရေကြောင့်တစ်ကြိမ်ပျက်ပါတယ်။နောက်မီးကြောင့် (၇)ကြိမ်ပျက်ပြီးလျှင် ရေကြောင့် (၁)ကြမ်ပျက်ပြန်တယ်။အဲလိုနည်းနဲ့ မီးကြောင့်(၅၆)ကြိမ်၊ရေကြောင့်(၇)ကြိမ်။အားလုံးပေါင်းတော့(၆၃)ကြိမ်၊ ထိုနောက်(၆၄)ကြိမ်မြောက်ရောက်ရင် လေကြောင့်တစ်ကြိမ်ပျက်မယ်လို့ဆိုလိုဖြင်းဖြစ်ပါတယ်။ကမ္ဘာပျက်ခြင်းသုံးပါးမှာ မီးကြောင့်ပဌမဈာန်သုံးဘုံးပျက်ပါတယ်။ရေကြောင့် ဒုတိယဈာန်သုံးဘုံပျက်ပါတယ်။လေကြောင့်တတိယဈာန်သုံးဘုံးပျက်ပါတယ်။ဒီနေရာမှာ(၃၁)ဘုံကို ထည့်ပြောဖို့လိုပါတယ်။

ဗြဟ္မာဘုံ နှစ်ဆယ်

ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ ၊ (ရူပ ပထမဈာန် ၃- ဘုံ)

ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ၊ (ရူပ ဒုတိယဈာန် ၃- ဘုံ)

ပရိတ္တာသုဘာ၊ အပ္ပမာဏာသုဘာ၊ သုဘကိဏှာ၊ (ရူပ တတိယဈာန် ၃- ဘုံ)

ဝေဟပ္ဖိုလ် ၊ အသညသတ် ၊ အဝိဟာ ၊ အတပ္ပါ ၊သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ၊ (ရူပ စတုတ္ထဈာန် ၇- ဘုံ)

အာကာသာနဉ္စာယတန၊ ၀ိညာဏဥစ္စာယတန၊ အာကိဉ္စာညာယတန၊နေဝသညာနာသညာယတန (အရူပဈာန် ၄- ဘုံ)

နတ်ပြည် ခြောက်ထပ်

စတုမဟာရာဇ် ၊ တာဝတိံသာ ၊ ယာမာ ၊ တုသိတာ ၊ နိမ္မာနရတိ ၊ ပရနိမ္မိတ၀သ၀တ္တီ

လူ့ဘုံ တစ်ဘုံ
လူ့ဘုံ

အပါယ် လေးဘုံ

ငရဲဘုံ ၊ တိရစ္ဆာန်ဘုံ ၊ ပြိတ္တာဘုံ ၊ အသူရကာယ်ဘုံ။ဆိုပြီး ဗုဒ္ဓဘာသာအရ (၃၁)ဘုံဖြစ်ပါတယ်။

မီးကြောင့်ပျက်စီးရမည့် ကမ္ဘာကြီးမှာ ပျက်ချိန်တန်လျှင် ရှေ့ဦးစွာ နေ(၇)စင်းအနက်က နေ(၂)စင်းပေါ်လာမှာပါ။ရိုးရိုးသာမန်နေက နေ့အခါထွက်ပြီး၊အသစ်ဖြစ်ပေါ်လာတဲ့ နေက ညအခါဆက်လက်ထွက်ပေါ်လာသဖြင့် ညဥ့်အခါဟူ၍ပင်မရှိတော့ပါ။ထို နေအသစ်ရဲ့ပူလောင်မှုကြောင့် မြစ်ငယ်၊ချောင်းငယ်များမှာရှိတဲ့ ရေတွေခန်းခြောက်လာပါတယ်။အဲဒီနောက်မှာ (၃)စင်းမြောက်နေထွက်လာမှာပါ။အဲဒီနေကြောင့် နေကြောင့် မြစ်ကြီးများမှာရှိသော ရေတွေခန်းခြောက်လာမှာပါ။နောက်(၄)စင်းမြောက် နေအသစ်ထွက်ပေါ်လာပြန်တော့ ဟိမဝန္တာအတွင်းမှာရှိတဲ့ အိုင်ကြီး(၇)အိုင်မှ ရေများလည်းခန်းခြောက်လာမှာပါ။နောက်(၅)စင်းမြောက်နေအသစ်ထွက်ပေါ်လာပြန်တော့ သမုဒ္ဒရာအတွင်းမှ ရေများခန်းခြောက်မှာပါ။နောက်(၆)စင်းမြောက်နေအသစ်ထွက်ပေါ်လာပြန်တော့