HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label အဆိုးဆုံးရောဂါ. Show all posts
Showing posts with label အဆိုးဆုံးရောဂါ. Show all posts

အမေး။ ။ ဒီကနေ့ခေတ် လူတွေမှာ အသဲစီပိုးရောဂါ၊ ကင်ဆာရောဂါ၊ လူတုတ်ကွေးရောဂါစတဲ့ ရောဂါများခံစားကြရပါတယ်။ ခေတ်ပေါ်ရောဂါများလို့လည်း ပြောနိုင်တာပေါ့ဘုရား။ ဒီရောဂါများနဲ့ သေဆုံးကြရတဲ့သူများလည်း ကမ္ဘာတစ်ဝန်း များပြားလှပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဒီလိုရောဂါမျိုး ဘုရားရှင်လက်ထက်က ဖြစ်ဖူးခဲ့ပါသလားဘုရား။ ဒီထက်ဆိုးတဲ့ရောဂါမျိုးကော ရှိပါသလား၊ လောကမှာ အဆိုးဆုံးရောဂါဟာ ဘာရောဂါမျိုးလဲဆိုတာ သိချင်ပါတယ်ဘုရား။

မနွယ်နွယ်အေး
ရန်ကုန်



အဖြေ။ ။ ဘုရားရှင်လက်ထက်တော်က ဒီကနေ့ခေတ်ပေါ်ရောဂါများ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာတော့ တပ်အပ်သေခြာ မပြောနိုင်ဘူး။ ဒါပေမဲ့ အနာမျိုး(၉၆)ပါးထဲမှာတော့ ပါကောင်းပါဝင်နိုင်ပါတယ်။ ယခုခေတ်မှာ လူတို့ရဲ့ ဖန်တီးမှုကြောင့် ရောဂါအမျိုးစုံပေမဲ့လို့လည်း ဘုရားရှင်လက်ထက်က ရောဂါလောက် ကြောက်စရာ မကောင်းသေးပါဘူး။ ဒီကြောက်စရာကောင်းတဲ့ ရောဂါရဲ့နာမည်က “ယင်းနာရောဂါ”လို့ ခေါ်တယ်။ ပါဠိလိုကတော့ (အ၀ိဟာတ)ရောဂါလို့ ခေါ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဓမ္မပဒအဋ္ဌကထာ ကုမ္ဘဃောသက ၀တ္ထုမှာ လာတဲ့အတိုင်း ဖေါ်ပြပေးပါ့မယ်။

ဘုရားရှင်လက်ထက်တော်က ရာဇဂြိုလ်ပြည်မှာ ရာဇဂြိုလ်သူဌေးဆိုတာရှိခဲ့ဖူးတယ်။ တစ်နေ့ သူ့အိမ်မှာ ကူးစက်တတ်တဲ့ (အ၀ိဟာတ) ယင်းနာရောဂါတစ်မျိုး ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဒီရောဂါ စတင်ဖြစ်ပေါ်တာက တိရစ္ဆာန်ကစတာပါ။ သေးငယ်တဲ့ တရစ္ဆာန်ကနေ စတင်ဖြစ်ပွားပြီး ကူးစစ်လာတာ အကောင်ကြီးတဲ့ နွားများအထိ ကူးစက်လာပါတယ်။ နွားကနေတစ်ဆင့် လူတွေဆီမှာ ကူးစက်တော့တာပဲ။ (၀က်တုတ်ကွေးရောဂါလို) တိရစ္ထာန်ကနေ လူကို အကူးစက်ခံခဲ့ရတာပါ။ ဒီရောဂါ ကူးစက်ခံနေရပြီဆိုတာကို သိလိုက်တာနဲ့ တပြိုင်နက် ပြေးနိုင် ရှောင်နိုင်မှ လွတ်မှာပါ။ တကယ်လို့ မပြေးနိုင်မရှောင်နိင်တဲ့ လူအိုများမှာတော့ မကြာခင် အချိန်တွင်းမှာ ထိုရောဂါ အကူးစက်ခံရပြီး သေဆုံးကြရပါတော့တယ်။

အဲဒီမှာ ရောဂါအကူးစက်ခံရတော့ သူဌေးကြီးနဲ့သူဌေးကတော်ကြီးတို့က မပြေးနိုင်တော့ဘဲ မျက်ရည်ကျကာ “ချစ်သား ဒီရောဂါဖြစ်ပြီဆိုရင် အိမ်နံရံကိုဖေါက်ပြီး ပြေးမှ အသက်ရှင်နိုင်ပါတယ်။ ချစ်သား ငါတို့ကို မငှဲ့ဘဲ ထွက်ပြေးပါတော့၊ နေရာတစ်ခုမှာ ချစ်သားအတွက် ငါတို့ဥစ္စာများကို မြုပ်နှံထားခဲ့တယ်၊ ရောဂါ ကင်းရှင်းတဲ့အချိန်ကျမှ ဒီနေရာမှာ ပစ္စည်းများပြန်လာယူနော်၊ သားရေး ပြေးပေတော့”လို့ သားဖြစ်သူ ကုမ္ဘဃောသကကို မိဘများကပြောတဲ့အခါ