ကျောင်းသားဘဝက .. စာမေးပွဲအောင်ဖို့ သူရဿတီဂါထာကို အကြိမ်ကြိမ်ရွတ်ဆိုခဲ့ဖူးပါတယ်။ ရွတ်ဆိုလို့လား ကိုယ့်အားထုတ်မှုကြောင့်လား ရှင်းရှင်လင်းလင်းတော့ မပြောတတ် စာမေးပွဲတွေလည်း အလီလီအောင်မြင်ခဲ့ဖူး ပါတယ်။ ထူးဆန်းတာက ယုံကြည်မှုရှိလာရင် ယုတ္တိရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ.. စွမ်းအားတွေ ၊ သတ္တိတွေဖြစ်လာတာကတော့ အမှန်ပါပဲ။ အသက်အရွယ်အရ စဉ်စားတတ်တဲ့ အချိန်ရောက်မှ သူရဿတီ ဘယ်ကစလို့ ကိုးကွယ်ခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။
သူရဿတီဆိုတာ အန္ဒိယသူပါ… အိန္ဒိယသူဆိုပေမယ့် တကယ့် လူသားစင်စစ် မဟုတ်ပါဘူး မြစ်တတစ်ရဲ့ အမည်နာမပဲဖြစ်ပါတယ်။ အဲဒါကိုပဲ အမျိုးသမီးပုံလှလှလေးနဲ့ ဟင်္သာပေါ်မှာ ပိဋကတ်သုံးပုံကိုင်ပြီး ၊ စာပေစောင့်နတ်ဟုဆိုကာ မည်သူက ပါဠီဖြင့် တီထွင်လိုက်သည်မသိ သူရဿတီဂါထာ
( စာမေးပွဲ အောင်ဂါထာဆိုပြီး ) မြန်မာပြည်မှာ ထင်ရှားပါတယ်။
သူရဿတီ ဘယ်ကစ ?
ဗြဟ္မဏဝါဒမှာ ဝေဒကျမ်းလာ .. ဝေဒလေးပုံရှိပါတယ်။
1.ရိဂ်ဝေဒ ( Rig Veda)
2.ယဇုဝေဒ ( Yajwar Veda)
3. သာမဝေဒ ( Sama Veda)
4. အာထဗ္ဗဏဝေဒ (Athave Deda)
သူရဿတိအကြောင်းကို ဣသျှဝေဒခေါ် (ဣရုဝေဒ) ထဲမှာ စတင်ပါဝင်တာကို လေ့လာတွေ့ရှိရပါတယ်။
အဲဒီဝေဒကျမ်းမှာနက္ခတ်ပညာ၊ ဗေဒင်ပညာသာမက ရှေးအရိယာန်မျိုးနွယ်စုတွေရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု၊ အတွေးအခေါ်တွေ အများဆုံးပါဝင်နေပါတယ်။
သူရဿတိအကြောင်းပါဝင်တဲ့ ရိဂ်ကျမ်းဟာ ရှေးအလွန်ကျပြီး သက်မဲ့ တော၊တောင်၊ ရေ၊မြေ လေ၊ မီး၊ မိုးကောင်းကင်၊ လျှပ်စီး၊ နေ၊ နက္ခတ်၊ တာရာစတဲ့ သက်မဲ့ အဝိညာဏကတွေကော ၊ လူတွေရဲ့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ ရွံခြင်း စတဲ့ စိတ္တဇနာမ်တွေကိုပါ သက်ရှိနတ် ဒေဝတာတွေ၊ ဒေဝီတွေ၊ တန်ခိုးဣဒ္ဓိပါဒ်ရှင်တွေအဖြစ် မှတ်ယူကြောက်လန့် ကိုးစားခဲ့တဲ့ ခေတ်လောက်က စတင်ပေါ်ပေါက်လာခဲ့ပါတယ်။
သမိုင်းပညာရှင်များကတော့ ဘီစီနှစ်ထောင် ဝန်ကျင်းလောက်မှာ “ရိဂ်ဝေဒ” ကျမ်း စတင်ပေါ်ပေါက်လာကြောင်း ခန့်မှန်းကြပါတယ်။
သဘာဝတရားအားလုံးလိုလို နတ်ဘုရားတွေ အဖြစ်ယူဆပြီး စိတ်ကူယဉ် နာမည်မျိုးစုံနဲ့ ထောပနာပြုတဲ့ လင်္ကာ ၊ ဂါထာပေါင်း ( ၁၀၂၈) ပုဒ်အထိ ရိဂ်ကျမ်းမှာ ပါဝင်တာတွေ့ရပါတယ်။ စိတ်ကူးယဉ်နတ်သား ၊ နတ်သမီးတွေမှာတောင် အဆင့်အတန်းသတ်မှတ်တဲ့အခါ နတ်သမီးများက တန်းခိုးအနိမ့်ဆုံး နတ်သားများနှင့် တန်းတူသတ်မှတ်ကြပါတယ်။ နတ်သမီးတွေ အဆင့်နိမ့်တဲ့ အထဲမှာ သရဿတီ