HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label ရှင်အရဟံ. Show all posts
Showing posts with label ရှင်အရဟံ. Show all posts

အမေး။ ။ ရှင်အရဟံက အနော်ရထာမင်းကို ပထမဆုံး ဟောတဲ့တရားဦးများရှိရင် သိပါရစေပါဘုရား။

Dr. တင့်ဇင်ဦး

Men sfield, Endland



အဖြေ။ ။ ရှင်အရဟံရဲ့ တရားဦးကိုပြောမယ်ဆိုရင် ရှင်အရဟံနဲ့ အနော်ရထာမင်းတို့ တွေ့ဆုံကြပုံ စိတ်ဝင်စားစရာ ကောင်းပါတယ်။ စာဖတ်သူများလည်း ဗဟုသုတဖြစ်အောင် သူတို့နှစ်ဦးတွေ့ဆုံပုံလေးကို အကျဉ်းမျှ ဖေါ်ပြပေးလိုက်ပါတယ်။

အခါတစ်ပါး မြန်မာပြည်မှာ သာသနာထွန်းကားနိုင်ရန်အတွက် အရှင်အရဟံဟာ ပုဂံပြည်သို့ ကြွလာကာ မြို့နဲ့မနီးမဝေး တောအုပ်တစ်ခုမှာ သီတင်းသုံးနေပါတယ်။

ထိုအခါသိကြားမင်းက ဘုရင်အနော်ရထာနဲ့ အရှင်အရဟံ တွေ့ဆုံနိုင်အောင် တောလယ်နေတဲ့ မုဆိုးတစ်ယောက်နဲ့ အရှင်အရဟံကိုတွေ့ဖို့ ဖန်တီးပေးလိုက်ပါတယ်။ သူတို့နှစ်ဦး တွေ့ကြတဲ့အခါ မုဆိုးက ဒီလူဟာ ဘီးလူးလား၊ လူရိုင်းလား တစ်ခုခုဖြစ်နိုင်တယ်။ ဘုရင်ကို ဆက်သရရင်ကောင်းမယ်ဆိုပြီး၊ အရှင်အရဟံကို ဖမ်းယူကာ ဘုရင်ထံ ဆက်သလိုက်ပါတယ်။

အနော်ရထာမင်းက အရှင်အရဟံကို မြင်ကတည်းက ဣနြေ္ဒနဲ့ပြည့်စုံနေတာ မြင်ရတဲ့အတွက် ဒီပုဂ္ဂိုလ်ဟာ လူရိုင်းမဟုတ်နိုင်ဘူး၊ မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်နိုင်တယ်လို့ ယူဆမိပါတော့တယ်။

အနော်ရထာမင်းက အရှင်အရဟံအား အရှင်နဲ့သင့်လျော်မဲ့နေရာမှာ နေနိုင်ထိုင်နိုင်ပါတယ်လို့ ပြောတော့ အရှင်အရဟံက ရာဇပလ္လင်ပေါ်မှာ နေတော်မူလိုက်ပါတယ်။ အနော်ရထာက ဒီပုဂ္ဂိုလ်ဟာ သာမန်ပုဂ္ဂိုလ် မဖြစ်နိုင်ဘူး။ မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်နေတာ သေချာပါတယ်လို့တွေးပြီး အရှင်အရဟံကို မေးပါတယ်။

ဘုရင်။ ။ “ငါ့ရှင်က ဘယ်အမျိုးအနွယ်ဖြစ်ပါသလဲ၊ ဘယ်အရပ်က ကြွတော်မူလာခဲ့ပါသလဲ၊ ဘယ်သူရဲ့ အဆုံးအမကို ခံယူပါသလဲ”

ရှင်အရဟံ။ ။ ငါ့ရဲ့ အမျိုးအနွယ်က ဘုန်းတော်ခြောက်စုံ ဘဂဂုဏ်နဲ့ ပြည့်စုံတော်မူကာ အစိန္တေယျလေးပါးနဲ့ပြည့်စုံတဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ရဲ့ အမျိုးအနွယ်ဖြစ်တယ်။ ငါ့ရဲ့ဥပဇ္ဈာယ်ဆရာ အပေါင်းသံဃာတော်များရှိရာအရပ်က လာခဲ့ပါတယ်။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်အရဲ့ အဆုံးအမကို ခံယူပါတယ်။

ဘုရင်။ ။ ဒါဆိုရင် ဘုရားရှင် ဟောကြားတော်မူတဲ့ တရားတော် တစိတ်တဒေသထဲက တစ်ချို့ကို ဟောပြတော်မူပါဘုရား။

ရှင်အရဟံ။ ။ အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။ အပ္ပမတ္တာ နမိယန္တိ၊ ယေပမတ္တာ ယထာမတာ။

(အပ္ပမာဒ မမေ့မလျော့တဲ့ သတိတရားရှိသူဟာ မသေရာဖြစ်တဲ့နိဗ္ဗာန်ရဲ့ အကြောင်းဖြစ်တယ်။ မေ့လျော့တဲ့သူက သေခြင်းရဲ့ အကြောင်းဖြစ်တယ်။ မမေ့မလျော့နေသူဟာ မသေကြပါ။ မေ့လျော့နေသူကျတော့ အသက်ရှင်သော်လည်း သေသောသူနဲ့ မခြားပါ။)လို့ အရှင်အရဟံက အပ္ပမာဒတရားတော်ကို အနော်ရထာမင်းအား ရှေးဦးစွာ ဟောကြားတော်မူခဲ့ပါတယ်။ (သာသနာလင်္ကာရစာတမ်း)

ဦးကောဝိဒ(မြိတ်) http://venkawwida.com