HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label ရွတ်ဖတ်ပူဇော်ရန်. Show all posts
Showing posts with label ရွတ်ဖတ်ပူဇော်ရန်. Show all posts

ဘုရားဂုဏ်တော် (၉)ပါး...


(၁) အရဟံ ဂုဏ်တော်
ကိလေသာမှဝေးကွာခြင်း၊ ကိလေသာရန်သူကို သတ်တတ်ခြင်း၊ သံသရာလည်ပတ်ခြင်းကို ဖျက်စီးတတ်ခြင်း၊ အပူဇော်ခံထိုက်ခြင်း၊ ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို မပြုခြင်း။

(၂) သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်
တရားအားလုံးကို ဆရာ မ၇ှိဘဲ ပါရမီစွမ်းအားကြောင့် မိမိအလိုလို မှန်ကန်စွာ သိတော်မူခြင်း။

(၃) ၀ိဇ္ဇာစရဏ သမ္ပန္န ဂုဏ်တော်
အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့် ပြည့်စုံခြင်း။

(၄) သုဂတ ဂုဏ်တော်
နိဗ္ဗာန်သို့ ကောင်းစွာ သွားတတ်ခြင်း၊ ကောင်းစွာဟောပြောတတ်ခြင်း။

(၅) လောက၀ိဒူ ဂုဏ်တော်
သတ္တ၀ါ (သတ္တလောက)၊ သတ္တ၀ါတို့၏ တည်နေရာ (ဩကာသလောက)၊ အရာအားလုံး တို၏ ဖြစ်ပျက်မှု (သင်္ခါရလောက)၊ ဤလောက အကြောင်းတို့ကို သိခြင်း။

(၆) အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်
မယဉ်ကျေးသူ၊ ဆုံးမထိုက်သူတို့ကို ယဉ်ကျေး သိမ်မွေ့အောင် ဆုံးမတတ်ခြင်း။

(၇) သတ္တာ ဒေ၀မနုဿာနံ ဂုဏ်တော်
နတ် လူ အားလုံးတို့၏ ဆရာဖြစ်ခြင်း။

(၈) ဗုဒ္ဓ ဂုဏ်တော်
အမှန် (သစ္စာ) တရား လေးပါးကို သိခြင်း။

(၉) ဘဂ၀ါ ဂုဏ်တော်
ဘုန်းအမျိုးမျိုးရှိခြင်း။


တရားဂုဏ်တော် (၆)ပါး...


(၁) သွာက္ခာတ ဂုဏ်တော်
မြတ်စွာဘုရားရှင်ကောင်းစွာဟောကြားထားခြင်း။

(၂) သန္ဒိဌိက ဂုဏ်တော်
ကျင့်ကြံသူအတွက် မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင် ရှုမြင်နိုင်သည့် စွမ်းအားရှိခြင်း။

(၃) အကာလိက ဂုဏ်တော်
ရှုပွားနေသော ယောဂီအတွက် မဂ်ပြီးလျှင် ဖိုလ်တရားသည် အချိန်မဆိုင်းဘဲ ဖြစ်ပေါ်နိုင်ခြင်း။

(၄) ဧဟိပဿိက ဂုဏ်တော်
လာလော၊ လက်တွေ့ကျင့်ကြည့်လော ဟု တရားတော်နှင့် ပတ်သက်၍ ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ခံနိုင်ခြင်း။

(၅) ဩပနေယျိက ဂုဏ်တော်
မိမိသန္တာန်၌ အစဉ်အမြဲ ကပ်၍ ဆောင်ထားသင့်ခြင်း။

(၆) ပစ္စတ္တံ ဝေဒိတဗ္ဗ ဂုဏ်တော်
မဂ်၊ ဖိုလ်၊ နိဗ္ဗာန် တရားအရသာကို အ၇ိယာ သူတော်ကောင်း တို့သည် အသီးသီးလက်တွေ့ ခံစားနိုင်ခြင်း။


သံဃဂုဏ်တော်(၉)ပါး


(၁) သုပ္ပဋိပန္နော
အကျင့်မြတ်ကို ကောင်းစွာ ကျင့်ကြံတော်မူပါပေသောအရိယာသံဃာတော်။

(၂) ဥဇုပ္ပဋိပန္နော
အကျင့်မြတ်ကို ဖြောင့်မတ်မှန်ကန်စွာ ကျင့်ကြံတော်မူပါပေသော အရိယာသံဃာတော်။

(၃) ဥာယပ္ပဋိပန္နော
နိဗ္ဗာန်အကျိုးငှာသာ ကျင့်ကြံတော် မူပါပေသောအရိယာသံဃာတော်။

(၄) သာမီစိပ္ပဋိပန္နော
ရိုသေမှုနှင့် လျော်ကန်အောင် ကျင့်ကြံတော်မူပါပေသောအရိယာသံဃာတော်။


(၅) အာဟုနေယျော
အဝေးမှဆောင်ယူပြီး လှူဒါန်းအပ်သော ပစ္စည်း ၀ထ္တုတို့ကိုလည်းကောင်းစွာခံတော်မူတတ်ပါပေသော အရိယာသံဃာတော်။


(၆) ပါဟုနေယျော
ဧည့်သည်အလို့ငှာ စီမံထားအပ်သော ပစ္စည်းဝထ္တုတို့ကိုလည်း ကောင်းစွာခံတော်မူတတ်ပါပေသော အရိယာသံဃာတော်။

(၇) ဒက္ခိဏေယျော
တမလွန်ဘ၀အတွက် ရည်မှန်းလျက် လှူဒါန်းအပ်သောအလှူကောင်း အလှူမွန်တို့ကိုလည်း ကောင်းစွာ ခံယူတော်မူတတ်ပါပေသော အရိယာသံဃာတော်။

(၈) အဉ္ဇလိကရဏီယော
လက်အုပ်ချီမိုး ရှိခိုးခြင်းငှာလည်း ကောင်းစွာခံယူတော်မူထိုက်ပါပေသော အရိယာသံဃာတော်။


(၉) အနုတ္တရံပုညက္ခေတ္တံလောကဿ
လောကသားတို့၏ ကုသိုလ်ကောင်းမှု မျိုးစေ့စုကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ်
ဖြစ်တော်မူအပ်ပါပေသောအရိယာသံဃာတော်။

ခင်ပွန်းကြီးဆယ်ပါးကန်တော့ခန်း

ဘုရားတပည့်တော်သည်သံသရာအစမှစ၍ ယနေ့ တိုင်အောင်


၁။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ် ၌ လည်းကောင်း၊

၂။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ်၌လည်းကောင်း၊

၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သောသာဝကရဟန္တာအရှင်ကိုယ်တော်မြတ်ကြီး တို့ ၏အပေါ်၌လည်းကောင်း၊
 
၎။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂ္ဂသာဝက၊မဟာသာဝကရဟန္တာအရှင်ကိုယ်တော်မြတ်ကြီး တို့ ၏အပေါ်၌လည်းကောင်း၊

၅။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ်၌လည်းကောင်း၊

၆။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့ ၏ အပေါ်၌လည်းကောင်း၊

၇။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့ ၏အပေါ်၌လည်းကောင်း၊

၈။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သောဆရာသမားတို့ ၏
အပေါ်၌လည်းကောင်း၊

၉။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တို့ ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ရဟန်းပုဂ္ဂိုလ်၊အရိယာပုဂ္ဂိုလ် တို့ ၏အပေါ်၌လည်းကောင်း၊

၁၀။ထမင်းတစ်လုတ် ရေတစ်မုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့ ၏အပေါ်၌လည်းကောင်း၊
ကာယကံ၊၀စီကံ၊မနောကံတစ်ပါးပါးဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါက ထိုအပြစ်တို့ ကို
ပျောက်ပါစေခြင်း အကျိုးငှာရိုသေမြတ်နိုးလက်အုပ်မိုး၍ ရှိခိုးပူဇော်ကန်တော့ပါ၏ အရှင်ဘုရား။

ဤသို့  ရှိခိုးပူဇော်ဖူးမျှော်မာန်လျော့ကန်တော့ရသော ကောင်းမှုကံစေတနာတို့ ကြောင့် အလုံးစုံသော
ဘေးရောဂါအန္တရာယ်အပေါင်းတို့ မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော
သစ္စာလေးပါးမြတ်တရားကိုကောင်းစွာသိမြင်၍နိဗ္ဗာန်သို့ စံဝင်နိုင်သောကိုယ်ဖြစ်ရပါလို၏ အရှင်ဘုရား။
လောကီမင်္ဂလာအဖြာအဖြာတို့ သည်လည်း စိတ်ကြံတိုင်း၊တောင်းတတိုင်းလွယ်ကူလျင်မြန်စွာပြည့်စုံ၍
နှလုံးစိတ်ဝမ်းအေးချမ်းရပါလို၏ အရှင်ဘုရား။




ခင်ပွန်းကြီး ( ၁၀ ) ပါးအားပြစ်မှားသူတို့ကြုံရမည့်ဒဏ် ( ၁၀ )ပါး

၁။ ပြင်းထန်သော ဦးခေါင်းနာ စသည့် ဝေဒနာများဖြစ်ခြင်း
၂။ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း
၃။ လက်၊ ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါပျက်စီးခြင်း
၎။ ကုသလို့ မရနိုင်သော ကြီးလေးသည့်ရောဂါများဖြစ်ခြင်း
၅။ ရူးသွပ်ခြင်း၊ စိတ်မတည်ငြိမ်ဖြစ်ခြင်း
၆။ မင်းပြစ်၊ မင်းဒဏ်ခံရခြင်း
၇။ မတရားသဖြင့် စွပ်စွဲခံရခြင်း
၈။ ဆွေမျိုးကောင်း မိတ်ဆွေကောင်းမရှိခြင်း
၉။ စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း
၁၀။ နေရာ တိုက် အိမ်မီးလောင်ပျက်စီးခြင်း

ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
( ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ် )

အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
( တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြု၊ အာရမ္မဏခေါ် )

အဓိပတိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
( စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ် )

အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)

အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)

နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)

ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)

ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)

ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)

အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။)

ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)

ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)

အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)

ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)

ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)

မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)

သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)

ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)

အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)

နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)

ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)

အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)

ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

မှတ်ချက်။ အရှင်သုနန္ဒာလင်္ကာရ မှမျှဝေပါသည်