HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label ပါရမီဖြည့်မြောက်ဦးခရီးစဉ်. Show all posts
Showing posts with label ပါရမီဖြည့်မြောက်ဦးခရီးစဉ်. Show all posts



ရသမျှ အချိန်တွေ အားလုံးနီးနီး ဖြစ်ညစ်ရေးထားရတဲ့ စာအုပ်လေးတစ်အုပ်တော့ ပြီးသွားပါပြီ... vote ကိုလေးစားတဲ့အနေနဲ့ တကယ့်ကို vote အတိုင်းပဲ လုပ်မယ်လို့ ဆုံးဖြတ်ထားတာပါ... ebook လုပ်ဖို့ vote များတဲ့အတွက် ebook အရင်ဆုံးတင်လိုက်ပါတယ်... နောက်ပိုင်းမှာ post အနေနဲ့လည်း ထပ်တင်သွားပေးပါ့မယ်...အားလုံး စာမျက်နှာ ၉၃ မျက်နှာတည်းပါတာပါ... ၉၃ မျက်နှာအတွက် ညဘက်တွေလည်း တော်တော် အိပ်ရေးပျက်ခဲ့ရပါတယ်... သမိုင်းတွေမှားသွားမှာစိုးတဲ့စိတ်... စေတီပုထိုးဘုရားတွေအကြောင်းမှားမှာ စိုးတဲ့စိတ်နဲ့ စာအုပ်တွေလည်း တော်တော်ဖတ်ပြီးမှ ရေးခဲ့ရတာပါ... အမှန်အတိုင်းပြောရင် အရင်စာအုပ်တွေကို ကျွန်တော် သိပ်ပြီး စိတ်မပူဘူး... ဘာလို့လဲဆိုတော့ ဘုရားတစ်ဆူ စာအုပ်တစ်အုပ် အဲလိုရေးခဲ့တာကိုး... အားလုံးကလည်း စာမျက်နှာ ၂၀ ထက်မပိုဘူး... ကျွန်တော့်အတွက်လည်း သမိုင်းကြောင်း လက်လှမ်းမှီတဲ့ ဘုရားစေတီတွေဖြစ်တော့ မခက်ခဲ့ဘူး... ဒါပေမယ့် အခု မြောက်ဦးခရီးစဉ် စာအုပ်ကတော့ ကျွန်တော် စိတ်တော်တော်လေးလည်း ပင်ပန်းရသလို တော်တော်လည်း စိတ်ပူရတယ်...
ကိုယ့်ဗုဒ္ဓဘာသာရဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်တာကတစ်ကြောင်း... ကျွန်တော်ပုဂ္ဂိုလ်ရေး ခံစားချက်အရ... ဘာသာရေး နဲ့ လူမျိုးရေး မှာ ကျွန်တော်လေးစားရတဲ့ အစွမ်းသတ္တိတွေနဲ့ ပြည်စုံနေတဲ့ ရခိုင်သူရခိုင်သားအားလုံးရဲ့ သမိုင်းဝင် သာသနာ့နယ်မြေ ဖြစ်နေတာကတစ်ကြောင်း... အဲဒါတွေကြောင့် စိတ်ပူပင်ခဲ့ရတာလည်းပါပါတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော့် ဒီဆိုဒ်လေးမှာ လူတွေ လာရောက်လည်ပတ် ကြတာ တစ်နေ့တစ်ခြားများလာတဲ့အတွက် ကျွန်တော် စာအုပ်တွေရေးရတာလည်း အားရှိပါတယ်... ဗုဒ္ဓဘာသာအတွက်ဆိုရင်လည်း လက်မနှေးကြတဲ့ ဆရာတော်အရှင်သူမြတ်တွေ... သူငယ်ချင်းမိတ်ဆွေတွေ... ဒီဆိုဒ်မှာရော... ဖေ့ဘုတ်မှာရော... G+ မှာပါ... မားမားမတ်မတ်တည်ရှိနေကြတဲ့အတွက်... ကျွန်တော် ဘာလုပ်လုပ် အင်အားရှိနေတာ အမှန်ပါ... မှားလည်း အားမနာတမ်းထောက်ပြမဲ့သူတွေရှိနေသလို မှန်လည်း အားပေးမဲ့သူတွေ ရှိနေတဲ့အတွက်
ကျွန်တော် အပင်ပန်းခံရကျိုးနပ်မယ်ဆိုတာ မျှော်လင့်ပြီးသားပါ... အားလုံး အဆင်မပြေတာရှိရင် ပြောပေးကြပါဦး.. ကျွန်တော် ဒေါင်းလုပ်လုပ်နည်းလေးပါ