(ဗုဒ္ဓနှစ် ၂၆၀၀ ပြည့်သည် သာသနာတော်နှစ် ၂၅၅၅နှစ်နှင့် ဗုဒ္ဓဘုရားအဖြစ်ဖြင့် ၄၅နှစ်တို့ပေါင်းထားခြင်းဖြစ်သည်...။ အင်္ဂလိပ်သက္ကရာဇ် ၂၀၁၂ ခုနှစ်တွင် ပြည့်ခဲ့ပြီးဖြစ်သည်...)
မဟာသက္ကရာဇ် ၁ဝ၃ခုနှစ်၊ ‘ကဆုန်
လပြည့်ဗုဒ္ဓနေ့’ညဥ့်၏ နောက်ဆုံးမိုးသောက် ယံ၌ အလောင်းတော်သိဒ္ဓတ္ထမင်းသားသည်
သဗ္ဗညုတဥာဏ်တော်ကိုရ၍ လောကသုံး ပါး၌ ဘုရားအဖြစ်သို့ ရောက်တော်မူ၏။
ဘုရားအဖြစ်သို့ ရောက်ခြင်းသည် လောက
သုံးပါး၌အကြီးဆုံး၊အမြတ်ဆုံး၊အမြင့်ဆုံးအားဖြင့် အနှိုင်းမဲ့အဖြစ်သို့
ရောက်ခြင်း ပင်ြ ဖစ်သည်။ဘုရားအဖြစ်သို့ ရောက်ရန် အရေးကား လွယ်ကူသည်မဟုတ်။
ဒီပင်္ကရာဘုရား၏ ခြေတော်ရင်း၌နိယတဗျာဒိတ်ကို ရတော်မူ ချိန်မှစ၍
လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်းတို့ ကာလပတ်လုံးပါရမီဆယ်ပါးကို မနားမနေ
ဖြည့်ကျင့်ခဲ့ရ၏။ဗုဒ္ဓဟူသည် တစ်ပြိုင်တည်းနှစ်ဆူပွင့်
ထွန်းလာသည့်အစဉ်အလာမရှိ၊ သက်တော် ထင်ရှားဘု ရားနှစ်ဆူမရှိ၊ အားလုံးသော သတ္တ
ဝါတို့အား ကောင်းကျိုးချမ်းသာဖြစ်ထွန်းပွား များစေခြင်းငှာ ‘ဗုဒ္ဓ’သည်
ပြိုင်ဘက်မရှိ တစ် ဆူတည်းသာ ပွင့်တော်မူလာခြင်းဖြစ်သည်။ ယင်းသို့
သတ္တဝါတို့အကျိုးအတွက် ပွင့်ထွန်း လာသော ဗုဒ္ဓဘုရားရှင်သည် လွယ်ကူစွာ ပွင့်
ထွန်းလာခြင်းမဟုတ်၊ ကာလရှည်လျားခက်ခဲ စွာ ကျင့်ကြံအားထုတ်ခဲ့ရသည်။
ဘုရားတစ်ဆူ၏ရှေ့မှောက်၌’ဧကန်ဘုရား ဖြစ်လတ္တံ့’ဟူ၍ ဘုရားရှင်၏ ဗျာဒိတ်ပေးခံ ရသော ဗုဒ္ဓလောင်းလျာသည် ပညာဓိက ဘုရားလောင်းလျာဖြစ်အံ့၊ လေးအသေ င်္ချနှင့် ကမ္ဘာတစ်သိန်း။ သဒ္ဓါဓိကဘုရားလောင်း လျာဖြစ်အ၊ံ့ ရှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း။ ဝီရိယာဓိက ဘုရားလောင်းလျာဖြစ်အံ့၊ တစ်ဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာ တစ် သိန်းကာလပတ်လုံး
-စည်းစိမ်ဥစ္စာသားမယားနှင့်တကွ ကိုယ်လက် ခန္ဓာအသက်ကိုပါ စွန့်လွှတ်လှူဒါန်းခြင်း၊
-ခန္ဓာပျက်ကြွေအသက်ပင်သေရသော်လည်း အကျင့်သီလ မပျက်ရအောင်စောင့်ထိန်းခြင်း၊
-အသက်အန္တရာယ်ကို ပြုတတ်သော လော ကဓံတရားများနှင့် ကြုံတွေ့ရသော်လည်း သည်းခံမှုခန္တီကျင့်စဉ်မပျက်စီးခြင်း။
-အသက်သေရအံ့ဟူသောအကြောင်းကြောင့် ပင်လျှင် အမှန်သစ္စာတရားကို မစွန့် ခြင်း။
-အသက်ပင် ပျက်စီးရသော်လည်း အဓိဋ္ဌာန် မပျက်စီးရဘဲ မတုန်မလှုပ်ဆောက်တည်ခြင်း။
-မိမိအသက်ကို နှိပ်စက်ဖျက်ဆီးမည့် သတ္တဝါ တို့၌သော်လည်း မေတ္တာမပျက်ခြင်း။
-အသက်၌တွယ်တာ ကပ်ငြိသော တဏှာ လောဘကို ဖြတ်တောက်၍ တောထွက်ခြင်း စသော
ဗုဒ္ဓပါရမီကျင့်စဉ်တို့ကို ဘဝအမျိုးမျိုး၊
ရုပ်အဆင်းသဏ္ဌာန်အမျိုးမျိုးပြောင်းလဲ၍ပါရမီရင့်ကျက် ပြည့်စုံသည်အထိ ကြိုး
ကုတ်အားထုတ်ခဲ့ရသည်။ဘုရားတစ်ဆူ၏ရှေ့မှောက်၌’ဧကန်ဘုရား ဖြစ်လတ္တံ့’ဟူ၍ ဘုရားရှင်၏ ဗျာဒိတ်ပေးခံ ရသော ဗုဒ္ဓလောင်းလျာသည် ပညာဓိက ဘုရားလောင်းလျာဖြစ်အံ့၊ လေးအသေ င်္ချနှင့် ကမ္ဘာတစ်သိန်း။ သဒ္ဓါဓိကဘုရားလောင်း လျာဖြစ်အ၊ံ့ ရှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း။ ဝီရိယာဓိက ဘုရားလောင်းလျာဖြစ်အံ့၊ တစ်ဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာ တစ် သိန်းကာလပတ်လုံး
-စည်းစိမ်ဥစ္စာသားမယားနှင့်တကွ ကိုယ်လက် ခန္ဓာအသက်ကိုပါ စွန့်လွှတ်လှူဒါန်းခြင်း၊
-ခန္ဓာပျက်ကြွေအသက်ပင်သေရသော်လည်း အကျင့်သီလ မပျက်ရအောင်စောင့်ထိန်းခြင်း၊
-အသက်အန္တရာယ်ကို ပြုတတ်သော လော ကဓံတရားများနှင့် ကြုံတွေ့ရသော်လည်း သည်းခံမှုခန္တီကျင့်စဉ်မပျက်စီးခြင်း။
-အသက်သေရအံ့ဟူသောအကြောင်းကြောင့် ပင်လျှင် အမှန်သစ္စာတရားကို မစွန့် ခြင်း။
-အသက်ပင် ပျက်စီးရသော်လည်း အဓိဋ္ဌာန် မပျက်စီးရဘဲ မတုန်မလှုပ်ဆောက်တည်ခြင်း။
-မိမိအသက်ကို နှိပ်စက်ဖျက်ဆီးမည့် သတ္တဝါ တို့၌သော်လည်း မေတ္တာမပျက်ခြင်း။
-အသက်၌တွယ်တာ ကပ်ငြိသော တဏှာ လောဘကို ဖြတ်တောက်၍ တောထွက်ခြင်း စသော
အထူးမှာ
ဗုဒ္ဓလောင်းလျာ ကျင့်စဉ်များ ကို ဘုရားလောင်းလျာမှအပ အခြားပုဂ္ဂိုလ်
သတ္တဝါများ မကျင့်နိုင်ကြ၊ အားမထုတ်နိုင်ကြ၊ ဗုဒ္ဓလောင်းလျာ
ပါရမီကျင့်စဉ်အတိုင်း ကျင့် ကြံအားထုတ်သောပုဂ္ဂိုလ်သာလျှင်’ဗုဒ္ဓ’ဘုရား
ဖြစ်လာနိုင်သည်။ ဗုဒ္ဓဘုရားလောင်းလျာ ပါရမီကျင့်စဉ်တို့ကို အောင်မြင်စွာ
ဖြည့်ကျင့် ဆည်းပူးအားထုတ်မှုကြောင့် ‘ဗုဒ္ဓ’ဂုဏ်ရည်နှင့် ပြည့်စုံသော
ဘုရားသည်သာလျှင် ‘ဗုဒ္ဓ’
ဘုရားစင်စစ်ဖြစ်တော်မူသည်။ထို့ကြောင့်..ရုပ်အဆင်းဣနြေ္ဒ အသွင်
လက္ခဏာအရာ၌လည်းကောင်း၊ ကြည်ညို ဖွယ်ရာ လုံးရပ်တော်ပမာဏအရာ၌လည်း ကောင်း၊
သီလ၊သမာဓိ၊ပညာကြီးမြတ်ခြင်း အရာ၌လည်းကောင်း၊ အသံတော်ကြည်လင်
ချိုသာခြင်းအရာ၌လည်းကောင်း၊ ကြီးမြတ် သော မဟာကရုဏာ၊ မေတ္တာတော်အရာ၌
လည်းကောင်း၊ တရားတော်ဟောကြားခြင်း အရာ၌ လည်းကောင်း၊ ဘုန်းတန်ခိုး၊အာနု
ဘော်အရာ၌လည်းကောင်း ၊ မြင့်မြတ်သော သည်းခံခြင်းအရာ၌လည်းကောင်း၊ ထူးခြား သော
အောင်မြင်ခြင်းအရာ၌လည်းကောင်း၊ ဝန်ဆောင်ခြင်းအရာ၌လည်းကောင်း၊
ထိုးထွင်းဥာဏ်စွမ်း အား သတ္တိအရာ၌လည်းကောင်း၊ ခွန်အားဗလအရာ၌လည်းကောင်း၊
ပါရမီ တော်အရာ၌လည်းကောင်း၊ ဤသို့အစရှိ သော အရာအာလုံးတို့၌ ဗုဒ္ဓဘုရားရှင်အား
တုဖက်ယှဉ်ပြို င်နိုင်သော ပုဂ္ဂိုလ်ဟူ၍လည်း ကောင်း၊
ဗုဒ္ဓဘုရားရှင်နှင့်တူညီသော ပုဂ္ဂိုလ် ဟူ၍လည်းကောင်း ဤလောက၌ မရှိနိုင်ပေ။
ဗုဒ္ဓဘုရားရှင်သည် လောက၌ တစ်ဆူတည်း သာပွင့်ထွန်းလာသည်ဖြစ်သောကြောင့်’အတု
မရှိဗုဒ္ဓ’ဟူ၍အလေးအမြတ်ပြုကြရသည်။ကြည်ညိုသဒ္ဓါတရားပွားများ ကြရသည်။ ယုံ
ကြည်မြတ်နိုး ကိုးကွယ်ဆည်း ကပ် ကြရသည်။ ‘ေဝေနယ် သတၱဝါမ်ားဘက္ကသာ
မြတ်စွာဘုရားကို မေ့ချင်မေ့မည်။ မြတ်စွာ ဘုရားဘက်ကမူ ဝေနေယျသတ္တဝါအများကို
မည်သည့်အခါမှ မေ့လိမ့်မည် မဟုတ်။ ဤကဲ့ သို့ မမေ့တတ်သော အကျင့်ကိုရအောင်ပင်
မြတ်စွာဘုရားသည် လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်းတိုင်အောင် ပါရမီအကျင့်
မြတ်တို့ကို ဖြည့်ကျင့်တော် မူခဲ့ခြင်းဖြစ်လေ၏။ ဓမ္မတာ အားဖြင့်လည်း
မြင့်မြတ်သူဖြစ်လေ၊ လောက အပေါ်ကြင်နာသူဖြစ်လေပင်ဖြစ်ပါ၏’
မြတ်ဗုဒ္ဓဘုရားရှင်သည် (၄၅ဝါ)နှစ်ပတ် လုံး သတ္တဝါေ ဝနေယျတို့အား တရားအမြိုက်
ဆေးတိုက်ကျွေး၍ ပရိနိဗ္ဗာန်ဝင်စံတော်မူပြီး ခဲ့သည့်နှစ်မှ
ပြန်လည်ရေတွက်ပါလျှင် ယခု ၁၃၇၄ခုနှစ်၊ကဆုန်လပြည့်(၅.၅.၂ဝ၁၂) ဗုဒ္ဓနေ့ သည်
သာသနာတော်နှစ်(၂၅၅၅)နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။သာသနာတော်နှစ်
၂၅၅၅နှစ်နှင့် ဗုဒ္ဓဘုရားအဖြစ်ဖြင့် ၄၅နှစ်တို့ပေါင်းလိုက်ပါ က
မြတ်ဗုဒ္ဓပွင့်တော် မူခဲ့သည့်နှစ်ပေါင်း (၂၆ဝဝ)ပြည့်တော့မည်ဖြစ်သည်။
အတိုချုပ် ခေါ်ဆိုရလျှင် (ဗုဒ္ဓနှစ်-၂၆ဝဝပြည့်နှစ်) ဖြစ်ပါ သည်။
ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ သည် မြတ် ဗုဒ္ဓ၏ ကျေးဇူးတော်အနန္တကို
သတိတရအောက်မေ့ဆင်ခြင်၍ မည်သို့နေ ထိုင်ကျင့်ကြံအားထုတ်ပူဇော်သင့်သည်ကို
သတိချပ်သင့်လှသည်။ကျွန်ုပ်တို့၏ ကိုးကွယ်အား ထားရာ မြတ် ဗုဒ္ဓသည်
သတ္တဝါဝေနေယျများအပေါ်၌ သနားကြင်နာတော်မူ၏။ မေတ္တာတော်ကြီး မားလှ၏။
ဆင်းရဲဒုက္ခတို့၏ ကုန်ဆုံးရာ နိဗ္ဗာန် ချမ်းသာကို ရှာဖွေပေး ၊လမ်းညွှန်ပြသပေး
တော်မူ၏။ ကျွန်ုပ်တို့အပေါ်ဝယ်..ကျေးဇူး တော်အနန္တတင်ရှိလှ၍ ဗုဒ္ဓကျေးဇူးကို
မမေ့ သင့်အပ်၊ အစဉ်အောက်မေ့ဆပ်သင့်လှပါ ကြောင်း ရေး
သားနှိုးဆော်လိုက်ရပေသည်။
အောင်မြင့်မြတ်(ပြည်ရွှေဘို)