Print
PDF
ကဲ ကဲ... တောင်သမုဒ္ဒရာမှာ ကြေးပြဿဒ်နဲ့ ယနေ့တိုင်သတင်းသုံးတယ်တဲ့... ရဟန္တာသည်လည်း သက်တမ်းအားဖြင့် ၁၀၀ မကျော်ပါ... ရှင်ဥပဂုတ္တရဲ့ သမိုင်းလည်းဖတ်ဖူးပါတယ်... ပုံမှန် လူတွေလို မွေးရိုးမွေးစဉ်လည်းမဟုတ်ပါ... ဘုရားအပါအ၀င် ပစ္စေကဗုဒ္ဓနဲ့ရဟန္တာအားလုံးသည် တခြားသူများ နတ်သကြားများဟုတ် အထင်မမှားရအောင် သာမာန်မွေးဖွားမှုမျိုးနဲ့ပဲမွေးဖွားရပါတယ်... ဥပဂုတ္တသမိုင်းဆိုတာ သပ်သပ်တော့ရှိပါတယ် ဒါပေမယ့် သင်္ဂါယနာတင်ခဲ့သော အဆက်ဆက်သော ကျမ်းတွင်မတွေ့ခဲ့ရပါ ထို့ကြောင့် ရှင်ဥပဂုတ္တ ရှိသည်ဆိုခြင်းကို ပယ်ပါသည်...။
သာမန္လူအမ်ားစုသည္ရွင္ဥပဂုတ္မေ
နှင့် တောင်နံရံတွင် ကပ်ချည်ထားနိုင်လောက်အောင်တန်ခိ
သမုဒ္ဒရာအလယ် ပြဿဒ်ကျောင်းဆောင်တွင် ယနေ့တိုင် သီတင်းသုံးနေသည်ဟု ယုံကြည်ကြ၏ ။ အလှူအတန်း
ကိစ္စ ၊ ပွဲလမ်းသဘင်ကိစ္စများတွင် မိုးတားပေးရန်အတွက် ပွဲထိုးပြီး လျှောက်သောအခါ မထေရ်မြတ် ကြွရောက်
စောင့်ရှောက်ပေးတော်မူသည် စသည်ဖြင့် ယုံကြည်ကြ၏ ။
အရှင်ဥပဂုတ်အကြောင်း ရှေးဆရာတော်ကြီးအချို့လည်း လူအများ မေးလျှောက်ကြသဖြင့် မကြာခဏ
ဖြေဆိုတော်မူနေကြရဟန်တူလေ၏ ။ မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီးက သမန္တစက္ခုဒီပနီကျမ်းတွင် ဖြေဆို
ခဲ့သည်မှာ သဒ္ဒါကျမ်းများ၌ ဝေါဟာရစကားလုံးတစ်ခုအဖြစ်ပါဝင်ေ
သို့ရာတွင် မိလိန္ဒပဥှာပါဠိတော်၌ အလျဉ်းမပါရှိချေ ။ ယိုးဒယားမူ၌ရှိလေဟန် ဆိုကြပြန်လေ၏ ။ " နောက်ဆုံး
ဇေတ၀န်ဆရာတော်ဘုရားကြီးက အရှင်ဥပဂုတ်၏ အတ္ထုပ္ပတ္တိ ၀တ္ထုထုံးစံများကို ခိုင်ခိုင်ခံ့ခံ့ ဒဠီကမ္မဥာပကပြု၍
မှတ်သားလောက်အောင် ကျမ်းဂန် မတွေ့ဖူးချေ " ဟု ဆုံးဖြတ်တော်မူခဲ့၏ ။ ( မှတ်ချက် - ကျမ်းဂန်ဆိုသည်မှာ
သင်္ဂါယနာတင် ဆရာအစဉ်အဆက် အလေးမူသော ကျမ်းဂန်ကို ဆိုလိုပေ၏ )
ပါဠိ ၊ အဋ္ဌကထာ ၊ ဋီကာကျမ်းပေါင်း တစ်ရာကျော်တွင် မည်သည့်နေရာ၌မျှ အရှင်ဥပဂုတ်အကြောင်း
အရိပ်အမြွက်မျှပင် မပါရှိပဲ ၀ိနည်းဋီကာ ၀ဇီရဗုဒ္ဓိ ( ၆၃ - ဝေရဉ္ဇာခန်းအဆုံး ) ၌သာ အရိပ်အမြွက်တွေ့ရပေရာ
အလွန်အံ့သြမိလေ၏ ။ ဋီကာဆရာ မူလရေးရင်းမှ ဟုတ်ပါလေစဟု သံသယဖြစ်ဖွယ် ရှိ၏ ။ မုံရွေးဇေတ၀န်
စသော အလွန်ကျမ်းဂန်နှံ့စပ်သည့် ဆရာတော်ကြီးများ ထိုမျှထင်ရှားသော ကျမ်းမှာပါသည်ကို မတွေ့ဘဲမရှိ
တန်လေရာ ဟု ထင်မိ၏ ။
ဋီကာဖွင့်ပြထားသည်မှာလည်း ဝေရဉ္ဇာကဏ္ဍဆုံးခါအလွတ် ( ပါဠိပုတ္တက ) သဘောမျိုး ဖွင့်ပြခြင်းဖြစ်၏ ။
ဖွင့်ပြသည့်အဓိပ္ပာယ်မှာ မြတ်စွာဘုရား ဝေရဉ္ဇာပြည်၌ ၀ါကပ်လျှင် မာရ်နတ်နှောင့်ယှက်သည်ကို ဖျက်ဆီးနိုင်
သော အစွမ်းမရှိသလော ။ ရှိပါ၏ ။ သို့ရာတွင် နောက်ကာလ ဥပဂုတ်လက်ထက်၌ သာသနာကြည်ညိုမှုရရန်
အကြောင်းရှိ၍ သည်းခံတော်မူသည်ဟု ဖွင့်ပြသည်မှာ အလွန်မဆီမဆိုင်လွန်းလှ၏ ။
ယင်းဋီကာစာမျက်နှာ ( ၃၁ ) ၌ပင် ဝေရဉ္ဇာပြည် ၀ါကပ်ရခြင်း၏အကြောင်းများကို ထောက်ပြရာတွင်
အရှင်မောဂ္ဂလာန် ၏ တန်ခိုးအာနုဘော် ၊ အရှင်သာရိပုတ္တရာ ၏ ၀ိနည်းပညတ်ရန် အကြံဖြစ်ပေါ်မှုပြရန် ၊ဝေရဉ္ဇာ
ပုဏ္ဏားကြီးအား ချီးမြှောက်ရန် ၊ သာသနာဝင်အစဉ်အဆက် အာဟာရအပေါ်သည်းခံနိုင်မှုသင်ခန်း
စသော ရှေ့နားမှာ ပြခဲ့သည့် အကြောင်းပြချက်များကိုပါ ပေါ့ပျက်သွားစေ၏ ။ အကယ်၍ မာရ်နတ်အကြောင်း
ဖွင့်ပြလိုလျှင်လည်း ရှေ့နားကပင်လျှင် ဖွင့်ပြသင့်၏ ။ ယခုမူ ပြီးမှ ပြန်၍ ပြောနေခြင်းမှာ စဉ်းစားစရာဖြစ်၏ ။
ယင်းဋီကာ၏ မှီရာ ပါရာဇိကဏ်အဋ္ဌကထာ ( ၁ - ၁၄၇ ) ၌ အဋ္ဌကထာဆရာကြီးကိုယ်တိုင် ဝေရဉ္ဇာပြည်
ကြွရောက်ဝါကပ်ရာ၌ မာရ်နတ်နှောင့်ယှက်မည်ကို မသိရာသလော ဟု မေးခွန်းထုတ်က - မသိ၍မဟုတ် ၊ ထို
အချိန်က မာရ်နတ်သည် အလွန်ရန်ငြိုးကြီးနေချိန်ဖြစ်၍ မြတ်စွာဘုရား တာဝတိံသာ သို့ ၀င်ကြွ၍ ၀ါကပ်သော်
လည်း နှောင့်ယှက်မည်သာ ဖြစ်သည်ဟု ဖွင့်ပြထားသော စကားနှင့် နှိုင်းယှဉ်ပြန်သော် ဋီကာဆရာ၏စကားသည်
ပို၍ စဉ်းစားစရာ ဖြစ်ပေ၏ ။
ဋီကာဆရာပြောသကဲ့သို့လည်းကောင်း ယခုအခါ လူအများထင်မှတ်နေကြသကဲ့သို့လည်း
အရှင်ဥပဂုတ်လို တန်ခိုးကြီးသော ရဟန္တာကြီးတစ်ပါး တတိယသင်္ဂါယနာခေတ်က အမှန်တကယ် ဖြစ်ထွန်းခဲ့ပါ
လျှင် ၊ သို့မဟုတ် ထေရ၀ါဒ၌ အမှန်တကယ် စံပြုလောက်သော တကယ့်ပုဂ္ဂိုလ်ကြီးသာ ဟုတ်ရိုးမှန်ခဲ့ပါလျှင်
အဋ္ဌကထာဆရာကြီးများသည် တစ်နေရာရာ၌ မလွဲမသွေ ဖော်ပြသင့်ခဲ့ပေ၏ ။
အထူးသဖြင့် တတိယသင်္ဂါယနာတင်ခန်း၌ကား မဖော်ပြပဲ မနေသင့်ပေ ။ တစ်ဖန် တန်ခိုးက္ကဒ္ဓိပါဒ်ကြီး
မားသော ပုဂ္ဂိုလ်များကို စံတင်ညွှန်းပြရာတွင်လည်း သီဟိုဠ်ခေတ်က ပုဂ္ဂိုလ်ထူးများကိုပင် ဖော်ပြခဲ့သေးရာ
အရှင်ဥပဂုတ်အား မည်သို့မျှ မေ့လျော့နေရန် ၊ ခြွင်းချန်ခဲ့ရန်အကြောင်း မရှိပါချေ ။ ၀ဇီရဗုဒ္ဓိဋီကာဆရာသည်
( မူလရေးရင်း အမှန်ဖြစ်ခဲ့သော် ) အဋ္ဌကထာဆရာကြီးများကိုပင် ကျော်လွန်ရာ ကျပေ၏ ။
စင်စစ် အရှင်ဥပဂုတ်သည် သာသနာစောင့်မထေရ်ကြီးများ အဆက်ဆက် အလေးမူသော ကျမ်းဂန်များ
တွင် အလာမရှိ ။ သာသနာနှင့်ဆန့်ကျင်သောအယူဝါဒမျာ
ဆရာအစဉ်အဆက် အလေးမမူသော လောကပညတ္တိကျမ်းတွင်သာ ရှိ၏ ။
ရာဇ၀င်ကြီးကိုပြုစုသောဆရာများနှ
မသုံးသပ်ပဲ သဒ္ဓါတရားဖြစ်ပွားစေရန်လောက်ကို
လောကပညတ္တိကျမ်းမှယူ၍ မှန်နန်းရာဇ၀င်ကြီး ၊ ဇိနတ္ထပကာသနီ နှင့်မဟာဝင်ဝတ္ထုများတွင် ဖော်ပြခဲ့မိကြလေ
၏ ။
မြန်မာစာပေအနေဖြင့် ကျီးသဲလေးထပ်ဆရာတော် စီရင်တော်မူသော ဇိနတ္ထပကာသနီကျမ်းနှင့် ဦးကုလား
မဟာရာဇ၀င်ကြီး တို့တွင် ထည့်သွင်းဖော်ပြထား၏ ။ပါဠိစာပေအနေဖြင့် ၀ဇီရဗုဒ္ဓိဋီကာဆရာတော်အရှင်ဝဇီ
မထေရ်၏ဋီကာကျမ်းတွင် " အရှင်ဥပဂုတ်၏တန်ခိုးသည် ၀ိကုဗ္ဗနိဒ္ဓိ မဟုတ် ၊ အဓိဋ္ဌာနိဒ္ဓိသာ ဖြစ်ကြောင်း "
အကျဉ်းမျှ ထည့်သွင်းမိန့်ဆိုထား၏ ။ ကစ္စည်းသဒ္ဒါကျမ်း၌လည်း " ဥပဂုတ္တေန မာရော ဗန္ဓော " ဆိုပြီး သဒ္ဒါပြယုဂ်
ထုတ်ပြထား၏ ။ နောက် မဟာဝံသဋီကာ၌လည်း ထိုအကြောင်းအရာကိုပင် ပြဆိုထား၏ ။
မဟာဝံသဋီကာ သည် အရှင်ဥပဂုတ်အကြောင်း ဖော်ပြထားခြင်းကြောင့် ထိုရာဇ၀င်ကျမ်း၌လည်း ထည့်
သွင်းဖော်ပြရခြင်းဖြစ်သည် ဟုလည်း မှတ်ချက်ပြုထားသော ဦးကုလားရာဇ၀င်၌ တွေ့ရလေ၏ ။ မြန်မာစာပေ
တွင် အရှင်ဥပဂုတ်မထေရ်အကြောင်း ရေးသားဖော်ပြကြရာ၌ မဟာဝံသဋီကာ တွင်ပြဆိုထားခြင်း ဖြစ်သော
ကြောင့် အစဉ်အဆက် ဖော်ပြကြတာဖြစ်ကြောင်း နားလည်နိုင်ကြလိမ့်မည် ဖြစ်၏ ။
သို့ရာတွင် မဟာဝံသဋီကာ ၌ပြဆိုထားသော အရှင်ဥပဂုတ် အကြောင်းအရာများသည် မြောက်ပိုင်းဖြစ်
ကျမ်းတစ်စောင်ဖြစ်သော " ဒိဗျာဝဒါန " ကျမ်းလာ စကားရပ်အား အခြေခံထားကြောင်း ၊ ထို ဒိဗျာဝဒါနကျမ်း
သည်လည်း သူ့ထက် ရှေးကျသော မြောက်ပိုင်းဖြစ် " ကလ္ပနာ ဟဏ္ဍီတိကာ" ကျမ်းမှ ကူးယူ ဖော်ပြတာဖြစ်
ကြောင်း သုတေသီများ လေ့လာ ဖော်ထုတ်ထားကြပြီးဖြစ်၏ ။ထို့ကြောင့် အရှင်ဥပဂုတ်အကြောင်းအရာတွေ
သည် ဘယ်ကဆင်းသက်လာသည့် အကြောင်းအရာ ဖြစ်ကြောင်း ထင်ထင်ရှားရှား တွေ့မြင်နိုင်၏ ။
ကျီသဲလေးထပ်ဆရာတော်ကြီးကား ၁၉၂၁ - ခုနှစ်က ပုံနှိပ်သော ၀ိမတိစ္ဆေဒနီကျမ်း ( ၉၃ ) ၌ပင် အင်္ဂလိပ်
လောကဓာတ်ဆရာများ ပင်လယ်အတွင်း၌ ကြေးပြာဿဒ်ကြီးကို မြင်တွေ့ရကြောင်း ၁၂၂၅ - ခုနှစ် သတင်းစာ
ပါ သတင်းကိုပင်ဖော်ပြထားသေး၏ ။ထိုအခါမှစ၍ မြန်မာပြည် ထေရ၀ါဒသာသနာဝင်တို့ လောက၌ အလှူမဏ္ဍပ်
ထိုးရာမှအစ အရှင်ဥပဂုတ်သည် ကန်တော့ပွဲတစ်ပွဲ ရတော်မူလေ၏ ။
သီးခြားကျောင်းဆောင် ရေကန်နှင့် သမင်လည်ပြန် ကာယိနြေ္ဒမဲ့သော ရုပ်တု ထုလုပ်ကိုးကွယ်ကြ၏ ။
အထက်ပါကျမ်းများသည် အသုံးတွင်ကျယ်သော ကျမ်းများဖြစ်၍ မူရင်း မဟာဝင်၌ ပါလေဟန် ပါဠိအဋ္ဌကထာ
လာ ဖြစ်လေဟန် ထင်မှားကုန်ကြလေ၏ ။
နောက်ဆုံး ကိုးကွယ်မှုနှင့်ပတ်သက်ပြီး သတိပြုသင့်သော အချက်တစ်ခုရှိ၏ ။ ယင်းမှာ ထေရ၀ါဒ
ဗုဒ္ဓဘာသာ၏ ကျောရိုးသည် သီလ ၊ သမာဓိ ၊ ပညာ ဖြစ်၏ ။ ထို့ကြောင့် သီလ ၊ သမာဓိ ၊ ပညာ ကို ဦးတည်သော
ကိုးကွယ်မှုသာလျှင် အနှစ်သာရရှိသော ကိုးကွယ်မှု ၊ လောကီ ၊ လောကုတ္တရာ ကောင်းကျိုး အမျိုးမျိုးအား
သယ်ပိုးပေးမည့် ကိုးကွယ်မှု ဖြစ်၏ ။ ကျွန်ုပ်တို့ရရှိထားသော လူ့တစ်ဘ၀သည် အချိန်တိုတောင်းလွန်းလှ၏ ။
သက်တမ်းတစ်ရာဆိုသော်လည်း ထိုတစ်ရာပြည့်အောင် နေနိုင်သူကား အလွန်ရှားပါးလွန်း၏ ။ အချိန်တိုတောင်း
လွန်းသည့်အပြင် စားရေး ၊ ၀တ်ရေး ၊ နေရေး ၊ ကျန်းမာရေး ၊ လူမှုရေး အစရှိသော အရေးပေါင်းများစွာအတွက်
အချိန်ဖဲ့ပေးရသည်ဖြစ်၍ ဘာသာရေးအတွက် အချိန်သည် အထူးနည်းပါးလွန်းလှ၏ ။ အထူးနည်းပါးသောအချိန်
အား အနှစ်သာရ ရရှိတာသေချာသော လုပ်ဆောင်ချက်များဖြင့် အသုံးချသွားနိုင်ခြင်းသည်သာ အရေးကြီးဆုံး
ဖြစ်၏ ။ ။
ကျမ်းကိုး --
မေတ္တာရှင် ( ရွှေပြည်သာ ) သညာသိနှင့်ပညာသိ
အရှင်နန္ဒသေနာလင်္ကာရ
Friday, July 29, 2011
ရှင်ဥပဂုတ် ရှင်းလင်းချက်...
zmo zmo | 9:46 AM | ဘာသာရေး | ရှင်ဥပဂုတ်
Wednesday, July 27, 2011
ဘုရားရှင်တို့၏ တူညီသောအချက်များ...
zmo zmo | 1:55 PM | ဘာသာရေး
Print
PDF
ဘုရားရှင်တို့တွင် တူသော အချက်များ (၃၀) ရှိပါသည် ။
(၁)
အလောင်းတော်သည် နောက်ဆုံးသောဘ၀၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ
နေတော်မူသည်။ ( ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။
အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ
နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင်
ကာမဂုဏ်ကို ရွံမုန်းတဲ့ စိတ်အထုံ လူ့ပြည်ကို ပါလာမယ် ။
အဲလိုဆိုရင်အိမ်ထောင်ပြုမှာ မဟုတ်ပါဘူး ။ အလောင်းတော်တွေဟာ ဒီလို
စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို
တွေ့ဖို့ခက်မယ် လို့ ဆိုပါတယ် ။)
(၂) မယ်တော်ဝမ်း၌
ထက်ဝယ်ပလ္ဘင် ဖွဲ့ခွေ၍ အရှေ့သို့မျက်နှာမူပြီးနေပါသည် ။ ( အလောင်းတော်တွေဟာ
သာမန်လူတွေရဲ့ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါဘူး ။
အတည့်ပဲနေပါတယ် ။ မယ်တော်ရဲ့ ၀မ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။
မယ်တော်ဟာ ကိုယ့်ကိုယ့်သန္ဓေသားကို ကိုယ် ဗိုက်ကနေ
ကောင်းကောင်းမြင်နေနိုင်ပါတယ် ။ ချဉ်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း
မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။
)
(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားပါသည် ။ (
ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါတယ် ၊ နောက် (၇) ရက်မှာတော့
မိခင် ကံတော်ကုန်ရပါတယ် ။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု
အဓိပ္ပာယ်ရသည့် အတိုင်း မွေးပြီးပြီးချင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါတယ် ။
(၄) တောအရပ်၌သာ ဖွားတော်မူပါသည်။
(၅)
ဖွားပြီးပြီးခြင်း မြောက်အရပ်သို. ခြေ (၇) လှမ်းကြွကာ…… “ဤလောက၌ ငါသာ
အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း ၊နောက်ထပ် ပဋိသန္ဓေ
နေစရာ မလိုတော့ပြီ “……ဟု ကြုံးဝါးတော်မူပါသည်။ (ထိုကာလတွင် အကိုးကွယ်ခံ
ဘ၀သို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟု ဆို၏ ။
ဂေါတမ ဘုရားလောင်းသည် ဘ၀ပေါင်း (၃) ခု၌ ဖွားစမှာပင် စကားပြော၏ ။ မဟောသဓါ ၊
ဝေဿန္တရာ နှင့် နောင်ဆုံးဘ၀ – (သုခမှတ်စု))
(၆)
သူအို၊သူနာ၊သူသေ ၊ရဟန်း နိမိတ် (၄)ပါးမြင်ပြီး ၊ သား(၁)ယောက်ဖွားသော ညမှသာ
တောထွက်တော်မူကြသည်။ ( ထိုနိမိတ်ပြသော နတ်သားကို ဘုရားလောင်း၏ ဆရာ
၅-ယောက်တွင် ၁-ယောက် အပါအ၀င်ဟု သတ်မှတ်ပါတယ် ။ )
(၇) အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ရယူပြီးမှ ဒုက္ကရစရိယ ကျင့်သည်။
(၈)
ဘုရားဖြစ်မည့်နေ့တွင် နွားနို့ဃနာဆွမ်း ဘုန်းပေးတော်မူကြသည်။ (
ထိုဆွမ်းတွင် နတ်သြဇာပါတတ်ပြီး ဘုရားဖြစ်ပြီး (၇) ပတ် ၊ (၄၉) ရက်စာ အာဟာရ
ဖြစ်သည်။ ဘုရားရှင်၏ ၀မ်းထဲတွင် အစာခြေလည်း မမြန် ၊ မြန်မြန်လည်း
မဆာလောင်ဘဲ သမာပတ်ဝင်စားခြင်း ၊ တရားတော်များကို
ဆင်ခြင်သုံးသပ်ခြင်းများအတွက် ကောင်းစွာ ထောက်ပံ့တယ်။ )
(၉) မြက်အခင်းတွင် ထိုင်တော်မူလျက် ဘုရားဖြစ်သည်။
(၁၀)
အာနပါန ကမ္မဌာန်းကို စီးဖြန်းတော်မူကြသည် ။ ( ဘုရားရှင်တို့သည် အာနပါန
ကမ္မဌာန်းဖြင့်သာ သဗ္ဗညုတဥာဏ်တော်ကို ရရှိကြသောကြောင့် ဂေါတမ
ဘုရားရှင်သည်လည်း အာနပါန ကို လွန်စွာ ချီးမွမ်းတော်မူသည်။ ပါဠိတော်တွင်လည်း
- ၁/ မဟာသတိပဌာနသုတ် ( ဒီ-၂ ၊ ၃၁ ) ၂/ မဟာသတိပဌာနသုတ် ( မ-၁ ၊ ၇၀ )
၃/တတိယပါရာဇိက ပါဠိ ( ၀ိ-၁ ၊ ၈၉ ) ၄/ အာနာပါနဿတိ သုတ် ( မ-၃ ၊ ၁၂၂ ) ၅/
မဟာရာဟုလောဝါဒသုတ် ( မ-၂ ၊ ၈၈ ) ၆/ ကာယဂတာသတိသုတ် ( မ-၃ ၊ ၁၃၀ ) တို့၌
ဟောတော်မူခဲ့သည် ။
(၁၁) မာရ်စစ်သည်ကို အောင်တော်မူသည် ။
(၁၂) ဗောဓိပလ္လင်၌သာ ၀ိဇ္ဇာ(၃)ပါးစသော ဆအသာဓာရဏ …အစရှိသော ကျေးဇူးတရားအပေါင်းကို ရတော်မူကြပါသည်။
(၁၃)
ဗောဓိပင်ရဲ့ ထက်ဝန်းကျင်၌သာ သတ္တ သတ္တာယကျင့်တော်မူကြပါတယ်။ (၇) ဌာနကို
ပို့စ်သက်သက် တင်ထားပါတယ်…. ဒီမှာ တင်လိုက်ရင် အရမ်းရှည်နေမှာ စိုးလို့ပါ ။
(၁၄)
တရားဦးဟော စိမ့်သောငှာ ဗြဟ္မာမင်းက လျှောက်ရသည် ။ ( ၇ -သတ္တဟ အပြီး
၅၀-ရက်မြောက်နေ့မှာ အဘယ်သူအား တရားဟောရမည်နည်း ၊ အဘယ်သူသည် ခက်ခဲနက်နဲသော
ဤတရားများကို ခေတ်ကာလ၏ အယူဝါဒများမှ ခွဲထွက်၍ လျင်မြန်စွာ
နားလည်နိုင်မည်နည်း ဟု ဆင်ခြင် ကြည့်တော်မူပါတယ် ။ မဟာစည်ဆရာတော်ဘုရားကတော့
ဒီနေရာမှာ မြန်မြန်တရားထူးရမယ့် သူကို ရှေးဦးစွာ ဟောဖို့ ရည်ရွယ်ချက်
ဖြစ်တယ် ။ ဆင်ခြင်တဲ့ နေရာမှာ ဘုရားရှင်တွေဟာ ပကတိမျက်စိကိုပဲ
သုံးတော်မူကြတယ်လို့ ဟောပါတယ် ။ ဘာကြောင့် ဗုဒ္ဓစက္ခု ( ဣန္ဒြိယပရောပရိယတ္တ ၊
အာသယာနုသယ ဥာဏ် (၂)ပါး ) ကို မသုံးတာလဲ ဆိုတာ မသိပါဘူး ။ ပကတိမျက်စိနဲ့ပဲ
ကြည့်တော့ ပထမမှာ ဒီလောက် ခက်ခဲနေတဲ့ တရားတွေကို နားလည်သဘောပေါက်ပြီး
စောစောစီးစီး တရားထူးရမယ့် သူကိုမတွေ့ဘူးလို့ ဆိုပါတယ် ။ ဒီအခါ ဘုရားရှင်ဟာ
မချိတင်ကဲနဲ့ တစ်လောကလုံး အန္ဓတွေကြီးပါလား လို့ ညည်းတွားတော်မူပါတယ်။
ကိလေသာထူပြောလွန်းတဲ့ လောကကို တရားမဟောတော့ဘူး၊ တစ်ကိုယ်တည်း
ဖိုလ်ချမ်းသာနဲ့ နေတော့မယ် ဆိုတဲ့ စိတ်အကြံလည်း ဖြစ်ပါတယ် ။ ဒီအခါမှာ
ဗြဟ္မာမင်းက တရားဦးဟောရန် လျှောက်ရပါတယ်။ ဂေါတမဘုရားရှင်ကိုတော့ မဟာသဟမ္ပတိ
ဗြဟ္မာမင်းက တောင်းပန်တယ် လို့ဆိုပါတယ်။ ဒီဃနိကယ် မှာတော့ ၀ိပဿီ
ဘုရားရှင်လည်း ဒီလို ဖြစ်ခဲ့တယ်လို့ အတိအလင်းရေးထားပါတယ်။ )
(၁၅) ဣတိပတနမိဂဒါဝုန်တော ၌သာ ဓမ္မစကြာတရားဦးကို ဟောတော်မူကြပါတယ်။
(၁၆) တပို့တွဲ လပြည့်နေ့၌သာ ပါတိမောက် ပြတော်မူကြပါတယ် ။
(၁၇) ဇေတ၀န်မည်သော ကျောင်းတော်၌သာ သီတင်းများကြသည်။
(၁၈)
သာဝတ္ထိမြို့၌ သာ ယမိုက်ပြာဋိဟာပြတော်မူပါသည် ။ ( ယမိုက် + ပြာဋိဟာ =
အစုံစုံ + တန်ခိုး ။ ရေအစုံ၊ မီးအစုံ ဟုဆိုအပ်သော အစုံလိုက် အစုံလိုက်
ဖြစ်ပေါ်စေသော တန်ခိုးတော် )
(၁၉) တာဝတိံသာ၌သာ
အဘိဓမ္မာတရားဟောပါတယ် ။ မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန်မှာ
ဝါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါတို့ကို ရာဇဂြိုဟ်ပြည်
ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါကို ဝေသာလီပြည်၊ ဆဋ္ဌ၀ါကို မကုဠတောင် စသည့်
နေရာဌာနများ၌ ၀ါကပ်တော်မူသည်။ သတ္တမ၀ါကို တာဝတိံသာနတ်ပြည်၌ ၀ါကပ်တော်မူပြီး
မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတ နတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို
ဝါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူသည်။
အဘိဓမ္မာ
သင်တန်းမှာ မှတ်သားမိတာကတော့ ၀ါတွင်း ( ၃ ) လ မှာ - ၁။ ဓမ္မသင်္ဂဏီကျမ်း ကို (
၁၂ ) ရက် ၂။ ၀ိဘင်္ဂ (၀ိဘင်းကျမ်း)ကို ( ၁၂ ) ရက် ၃။ ဓာတုကထာကျမ်းကို ( ၆ )
ရက် ၄။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်ကျမ်း)ကို ( ၇ ) ရက် ၅။ ကထာဝတ္ထုကျမ်းကို ( ၈ )
ရက် ၆။ ယမက (ယမိုက်ကျမ်း)ကို ( ၂၀ ) ရက် ၇။ ပဋ္ဌာန (ပဋ္ဌာန်းကျမ်း)ကို ( ၂၅ )
ရက် ဟောတော်မူခဲ့သည်။
နတ်ပြည်မှာ ဘုရားရှင် ရဲ့
နှုတ်ထွက်စကားပြောနှုန်း မြှင့်ပြီးဟောလို့ရတာဟာလည်း အကြောင်းတစ်ခုလို့
ဆိုပါတယ်။ ကျွန်တော် တွက်ကြည့်တာကတော့ လူ့ပြည် (၁၀၀) နှစ် = တာဝတိသာ(၁) ရက်
ယမိုက်ကျမ်း-အရ
လူ့ပြည် (၁) နှစ် = လူ့ပြည် (၁၂) လ = တာဝတိသာ ( ၀.၂၄ ) နာရီ လူ့ပြည် (၃) လ
= တာဝတိသာ ( ၀.၀၆ ) နာရီ = တာဝတိသာ (၃.၆) မိနစ် နတ်တွေအတွက်တော့ (၃.၆)
မိနစ် ပဲကြာပါတယ် ။ သူတို့ရဲ့ အချိန်အတိုင်းအတာတွေ ကျွန်တော်တို့နဲ့
ရေတွက်ပုံ တူရင်ပေါ့လေ။ (၆၀) မိနစ် = (၁)နာရီတွေ ဘာတွေ၊ မရှိရင်တော့
ဒီလိုတွက်လို့ မရနိုင်ဘူးပေါ့ ။ ကျွန်တော်လည်း လူ့ပြည်ရောက်တာကြာပြီဆိုတော့
မေ့ကုန်ပြီ ။( ဟီး )
(၂၀) သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူပါတယ် ။
(၂၁) ဖလသမာပတ်ကို မပြတ်ဝင်စားတော်မူပါတယ် ။
(၂၂) နံနက်အခါ ၊ ညဉ့်အခါ တို့၌ ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရှုတော်မူပါသည်။ ( နေ့ (၃) ခါ ၊ ည (၃)ခါ ..၆ ခါ ကြည့် ပါတယ် )
(၂၃) အကြောင်းရှိမှ ၀ိနည်းတရားတို့ကို ပညတ်တော်မူပါသည်။
(၂၄) အတ္ထုပ္ပတ္တိ နဲ့ တိုက်ဆိုင်မှုရှိလျှင် အတိတ်မှ ဇာတ်တရားများကို ဟောပါသည်။
(၂၅) ဆွေတော် ၊ မျိုးတော်တို့၏ အစည်းအဝေး တရားပွဲများတွင် ဗုဒ္ဓ၀င်ကိုသာ ဟောတော်မူကြသည်။
(၂၆) ဧည့်သည်ရဟန်းတို့နှင့် တရားစကား ပြောတော်မူကြသည်။
(၂၇) ဒါယကာတို့ ဖိတ်၍ ၀ါဆိုတော်မူသော် ၊ ၀ါကျွတ်လျှင် ဒါယကာတို့အား ပန်ကြားပြီးမှသာ ထွက်ခွာကြွသွားတော်မူကြသည်။
(၂၈)
နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါးကို ပြုတော်မူသည်။ ( ဗုဒ္ဓကိစ္စငါးပါး ။ ။
၁/ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင် တို့အား
အခွင့်အားလျော်စွာ မနုမောဒနာပြုခြင်း ကိစ္စ။ ၂/ ပစ္ဆာဘတ္တကိစ္စ = နေလွဲအခါ နဲ့
ညနေပိုင်း၌ ပူဇော်ရန်လာသူတို့၏ အပူဇော်ခံပြီး သင့်တော်သော
တရားဟောခြင်းကိစ္စ။ ၃/ ပုရိမယာမ ကိစ္စ = ညဉ့်ဦးယံ၌ ရဟန်းတို့အား
တရားဟောခြင်း၊ကမ္မဌာန်းပေးခြင်း စသော ကိစ္စ။ ၄/ မဇ္စိုမယာမကိစ္စ = သန်းခေါင်ယံ ၌
စကြာဝဠာ တိုက်တစ်သောင်းမှ လာရောက်ကြကုန်သော နတ်၊ဗြဟ္မာတို့၏
အမေးပုစ္ဆာပြဿနာတို့ကို ဖြေဆိုတော်မူခြင်းကိစ္စ။ ၅/ ပစ္ဆိမယာမ ကိစ္စ =
မိုးသောက်ယံ ၏ ၃ ပုံ ၊ ၁ ပုံ တွင် – ပထမတစ်ပုံ၌ စင်္ကြံကြွတော်မူခြင်း ၊
ဒုတိယတစ်ပုံ၌ သီဟသေယျဖြင့် လက်ယာနံတောင်း လျောင်းစက်တော်မူခြင်း၊ တတိယအပုံ၌
မဟာကရုဏာဖြင့် စတုတ္ထဈာန်သမာပတ်ကို ၀င်စားတော်မူ၍ ထိုကရုဏာသမာပတ်မှ
ထတော်မူသောအခါ (အရုဏ်တက်ခါနီး) ယနေ့ ချွတ်ထိုက်သော သတ္တ၀ါကို ဗုဒ္ဓစက္ခုဖြင့်
လောက(၃)ပါးကို ကြည့်တော်မူခြင်း ကိစ္စ ။ သုတ်သီလက္ခန် အဌကထာ – မှ )
(၂၉) ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်။
(၃၀) သမာပတ်ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်။
သရဏီယတရား...
zmo zmo | 1:53 PM | ဘာသာရေး
Print
PDF
နေ့ စဉ်မြင်တွေ့ ကြားနာ ပြောဆိုနေကြရသမျှ တွင်သရဏီယတရား( ၆-ပါး)
အားစွဲကိုင်၍သတိ ဆောင်နိုင်ကြမည်ဆိုပါအကျိုးတရား များပြားလှပြီး
လူဘ၀နေထိုင်မှူ အတွက်ထောက်အကူများ စွာရှိကြောင်း ကျင့်ကြံ သူတိုင်း
သိရှိကြပေမည်။
" သရဏီယ" ပါဠိစကား၏မြန်မာအနက်မှာစက္ကန့် တိုင်း(သို
့)အချိန်တိုင်းသတိတရရှိခြင်းဟု အနက်ပြန်သည်။ "သရဏီယ" တရားတော်မှ
ချစ်ခင်နှစ်လိုဖွယ် အရည်အသွေး( ၆-မျိုး)ကိုဗုဒ္ဓတရား တော်လာအတိုင်း၊
ဗုဒ္ဓကိုပမာ စံထားရေးသား သွားပါမည်။
သရဏီယ တရားစွဲမြဲသူတိုင်း
ကိုချစ်ခင်နှစ်လိုသူ ပေါများကြပြီး၊ ထိုသူရောက်မလာနိုင်သော
အရပ်တွင်သူသာရှိလျှင် ကောင်းလိမ့်မည်ဟု တမ်းတကြရ စမြဲဖြစ်သည်။
အဆိုပါပုဂ္ဂိုလ် နှင့်တွေကြုံဖူးသူ တိုင်းကမကြာမကြာ သတိတရရှိ
နေကြပေလိမ့်မည်။ လူမှူဆက်ဆံရေးဖြင့် အဓိကရပ်တည်ထား သောလူသား၏
သဘောသဘာဝအတိုင်း မိမိကိုအမှတ်ရ နေခြင်းကို ဆန္ဒရှိလိုကြပေမည်။
စီးပွားရေး၊
လူမူရေး ၊ပညာရေး မည်သည့်နယ်ပယ် အသိုင်းအ၀န်းအတွက်မဆို လူထုအများ
၏ချစ်ခင်ကြည်ညိုလေးစားခြင်း မခံရသော သူများသည်အောင်မြင်မှူ အစစ်အမှန်ကို
ချဉ်းကပ်နိုင် မည်မဟုတ်ပေ။ စစ်မှန်သောအောင်မြင်မှူ၏ ဇစ်မြစ်
တည်တံ့မွေးဖွားရာသည် " သရဏီယ "တရားမှာ သာအခြေပြုကြပေသည်။
ရိုသေလေးစားမှူတွင်
ချစ်ကြောက်ရိုသေ နှင့်မုန်းကြောက်ရိုသေ နှစ်မျိုး အနက် "သရဏီယ" တရား
ဖြင့်ပြည့်စုံသူများ ရရှိသော ရိုသေလေးစားမှူမျိုးမှာ ချစ်ကြောက်ရိုသေဟု
သတ်မှတ်ရပေမည်။
မိမိလုပ်ငန်းကိစ္စများ အတွက်အခြားသူတို့ ၏
လိုလားစွာ ပူးပေါင်းမူများစွာလိုအပ်ပါက သရဏီယ တရားသည် အကောင်းဆုံး
စည်းရုံးရေးဖြစ်သည်။ ချစ်ခင်ရင်းနှီးသူများအကြား
ငြင်းခုံမှုမဖြစ်စေရန်ထိန်းကွပ် ပေးနိုင်သော အကောင်းဆုံးနည်းလမ်းကောင်း
လည်းဖြစ်ပေသည်။ ညီညွတ် မျှတမှူများ ကို ရှေးရှုစေသော
အကောင်းဆုံးကျင့်စဉ်မည်၏။အလွန်ကောင်းမြတ်လှသော ဗုဒ္ဓသြ၀ါဒတစ်ခုအဖြစ် သရဏီယ
တရား( ၆-ပါး)ကိုအစဉ်တိုင်း ပြောမည်ဆိုပါက-
(၁) ချစ်ခင်မြတ်နိုးဖွယ် ကိုယ်အမူအရာရှိခြင်း
(၂) ချစ်ခင်မြတ်နိုးဖွယ် နှူတ်အမူအရာရှိခြင်း
(၃) ချစ်ခင်မြတ်နိုးဖွယ် လိုက်လျှောတတ်ခြင်း
(၄) ချစ်ခင်မြတ်နိုးဖွယ် မျှတဝေဖန်မှူရှိခြင်း
(၅) ချစ်ခင်မြတ်နိုးဖွယ် ကိုယ်ကျင့်သိက္ခာရှိခြင်း
(၆) ချစ်ခင်မြတ်နိုးဖွယ် အသိပညာရှိခြင်းတို့ ပင်ဖြစ်ပါသည်။
Monday, July 25, 2011
ဗုဒ္ဓ သဘာဝဓမ္မအား သိပ္ပံပညာဖြင့် ချဉ်းကပ်လာနိုင်ခြင်း...
zmo zmo | 5:59 PM | ဘာသာရေး
Print
PDF
မှတ်ကျောက်တင်ခံမည့် ထေရ၀ါဒ ဗုဒ္ဓဘာသာ...
စကားဦး။ ။ ဗုဒ္ဓ၏ သဘာဝဓမ္မဒေသာနာတော်များကို သိပ္ပံပညာဖြင့် နှိုင်းယှဉ်၍
လူ့သဘာဝဓမ္မဖြစ်သော ရုပ်အဖွဲ့အစည်းနှင့် စိတ်အဖွဲ့အစည်း တို့၏
ဖြစ်ပေါ်ပြောင်းလဲနေသော သဘာဝတရားအား ထိုးထွင်းသိမြင်နိုင်ရန် အာသီသပြုလျက်
ဆရာကြီး ဦးဌေးအောင် ဟောကြားဆုံးမချက်များကို ဒေါက်တာတစ်ဦး၏
စုစည်းမူ့ဖြင့် တင်ပြထားသော စာအုပ်ကို ကိုးကားဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည်
သဗ္ဗညုတ ညဏ်တော်၊ အာသ၀က္ခယညဏ်တော်တို့ဖြင့် သိတော်မူသော
သဘာဝအမှန်တရားများကို လူသားတို့ နားလည်နိုင်သော နယ်အတွင်းမှ
ဟောကြားတော်မူခဲ့ပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာဘုရားရှင်၏
ဒေသနာတော်များသည် သဘာဝဓမ္မ ပညာပင် ဖြစ်ပါသည်။ ယင်းသဘာဝဓမ္မဒေသနာတော်ကို
ဟောကြားရာတွင် အကြောင်းယုတ္တိ ခိုင်လုံသည် သက်သေ သာဓက ပြည့်စုံသည်။
မည်သည့်နည်းနှင့်မဆို စမ်းသပ်ခံနိုင်သည်။ ထို့ကြောင့် ယခု သိပ္ပံပညာ၏
ဘဘာဝတရား ဖြစ်ပေါ်ပြောင်းလဲမူ့ တွေ့ရှိချက်များသည် ဗုဒ္ဓဟောကြားခဲ့သော
ဒေသနာတော်များနှင့် တစ်ထပ်တည်းကြလာကြောင်းကို တွေ့ရှိနေရပါသည်။
ဗုဒ္ဓမြတ်စွာဘုရားက
ညဏ်မျက်စိဖွင့်ပေးသဖြင့် အမှန်တကယ် မရှိသော်လည်း ထပ်တလဲလဲ စွဲခဲ့ကြသော ငါ၊
သူတစ်ပါး ဟူ၍ ယုံကြည်စွဲမြဲနေသော သမုတ္တိနယ်မှ ခံယူထားသော သဘာဝတရားထက်
ကျော်လွန်ကာ ပရမတ္တနယ်မှ သဘာဝအမှန်တရားများ ရှိကြောင်း သိခဲ့ရပါသည်။
ပရမတ္တနယ်မှ အမှန်တရားသည် လူတွင် ရုပ်တရားနှင့် နာမ်တရား ဟူ၍
နှစ်မျိုးသာရှိကြောင်း ရှင်းပြခဲ့ပါသည်။
ရုပ်တရား(ရူပက္ခန္ဓာ)နှင့်
နာမ်တရား( နာမက္ခန္ဓာ) တို့ပူးပေါင်း၍ စဉ်ဆက်မပြက် လုပ်ငန်း လုပ်နေသော
သဘာဝအမှန်တရား(သစ္စာတရား)ကို စိတ်(နာမ်တရား)က တိုက်ရိုက်သိအောင် ၀ိပဿနာဖြင့်
လေ့ကျင့်ရပါတယ်။
ရှေးဦးစွာ ရုပ်တရားကို ပိုင်ခြားကြည့်ခြင်းကို
ရူပက္ခန္ဓပရိစ္ဆေဒပညာ ဟုခေါ်ပါသည် ယနေ့ခေတ် ဆေးပညာက ခန္ဓဗေဒပညာ (Anatomy)
ဟုခေါ်ပါသည်။ ရုပ်တရားတွင် အရိုး၊ အသွေး၊ အသား၊ စသည်တို့ကို ဖုံးအုပ်ထားသော
အရေပြား ရှိပါသည်။ ယင်းမှတစ်ဆင့်တက်၍ ရူပက္ခန္ဓပစ္စယပရိဂ္ဂဟပညာဖြင့် ဖော်ပြပါ
အစိတ်အပိုင်းတို့သည် အချင်းချင်း ရိုင်းပင်း၍ လုပ်ငန်းလုပ်နေကြပုံများကို
လေ့လာရသည် ယင်းကို ယနေ့ဆေးပညာက ဇီဝကမ္မဗေဒပညာ ဟုခေါ်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည်
ရုပ်တရားတွင် ရုပ်ခန္ဓာကို ဖွဲစည်းထားသော အစိတ်အပိုင်းများ အချင်းချင်း
ရိုင်းပင်း၍ ရှင်သန်ရေးလုပ်ငန်း လုပ်ကိုင်နေပုံကို ဆင်ခြင်ပြီး ရုပ်ခန္ဓာကို
ဖွဲစည်းတည်ဆောက်ထားသည့် အခဲသဘောရှိသော အစိတ်အပိုင်း (၂၀)မျိုး၊
အရည်သဘောရှိသော အစိတ်အပိုင်း (၁၂)မျိုး၊ လေသဘောရှိသော အစိတ်အပိုင်း
(၆)မျိုး၊ အပူသဘောရှိသော အစိတ်အပိုင်း(၄)မျိုး၊ ဟူ၍ ကောဋ္ဌာသ
အစိတ်အပိုင်းများကို (၄၂)မျိုး ခွဲ၍ လေ့လာနည်းကို ပေးထားသည်။ ရုပ်ခန္ဓာကို
ဖွဲ့စည်းထားသော ပထ၀ီ၊ အာပေါ၊ ၀ါယော၊ တေဇော၊ ဆိုတဲ့ ဓာတ်ကြီးလေးပါးကို
သိရန်ဖြစ်ပါတယ်။ ထိုဓာတ်လေးပါးကို ပိုင်းခြား၍ ဆင်ခြင်သော ကမ္မဋ္ဌာန်းကို
စတုဓာတု၀၀တ္တာန် ကမ္မဋ္ဌာန်းဟု ခေါ်ဆိုပါသည်။
ယနေ့သိပ္ပံ ပညာက
ဖော်ထုတ်ပြသဖြင့် ကလာပ်စည်များ အကြောင်းကို သိလာသောအခါ အခဲ၊ အရေ၊ လေ၊
အပူတို့သည် ရုပ်ခန္ဓာကို ဖွဲ့စည်းထားသော အခြေခံ(ယထာဘူတ) ဓာတ်ကြီးလေးပါး
ဖြစ်သည်ဟု လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်က ဗုဒ္ဓမြတ်စွာဘုရား၏
သင်ကြားမူ့သည် မည်မျှလေးနက်၍ သိမ်မွေ့နက်နဲသည်ကို သိကြရပါသည်။
အခဲသဘောရှိသော
အစိတ်အပိုင်းကိုလေ့လာလျှင် မာသော သဘောရှိသည်။ ထင်ရှားသော အပိုင်းကို
ပြရလျှင် အရိုးသည် အမာဆုံးဖြစ်သည် မာသောဂုဏ်သတ္တိ ရှိခြင်းကြောင့်
ခန္ဓာတစ်ခုလုံးကို ထိန်းထားနိုင်ကြောင်းကို ဗုဒ္ဓ၏ ရူပက္ခန္ဓာ ပရိစ္ဆေဒပညာတွင်
ဖော်ပြထားပါသည်။ ယနေ့ ဆေးပညာတွင်လဲ လက်ခံထားပါသည်။ အရည်သဘောရှိသော
အစိတ်အပိုင်းများတွင် သွေး၊ ချွေး၊ ဆီး၊ မျက်ရည်၊ နှာရည်
စသည်တို့ပါဝင်ပါသည် အရည်သည် စီးဆင်းခြင်း သဘောရှိပြီး သေးငယ်သော
အပေါက်တွင်းသို့ စိမ့်ဝင်ထွက်နိုင်သော ဂုဏ်သတ္တိရှိသည်။ ဤအရည်ပိုင်းတွင်
အရေးကြီးဆုံးဖြစ်သော သွေးသည် ရုပ်ခန္ဓာ အနံအပြားသို့ ရောက်ရှိပြီး
ကလာပ်စည်များ၏ အမြေးပါးကို ဖြတ်၍ အသက်ရှင်သန်ရေးအတွက် လိုအပ်သော အဟာရနှင့်
အောက်ဆီဂျင်တို့ကို ရုပ်ခန္ဓာတစ်ခုလုံးသို့ ပေးပို့နိုင်သည်။ လေသဘောရှိသော
အစိတ်အပိုင်းတွင်လဲ တွန်းကန်နိုင်ခြင်း လှုပ်ရှားနိုင်ခြင်း၊
ဖိအားပေးနိုင်ခြင်း ဂုဏ်သတ္တိရှိပါသည် ထို့ကြောင့် အစာမျိုရာတွင်
ဖိအားပေးခြင်း၊ ချောင်းဆိုးသည့်အခါ အညစ်အကြေားစွန့်သည့်အခါ အတွင်းမှ
တွန်းကန်အားပေးခြင်း တို့ လုပ်ပေးနိုင်သည်။ အပူသဘောသည် ရုပ်ခန္ဓာတွင်
အပူငွေ့ရှိပါသည် ၄င်းသည် အပူစွမ်းအင်အဖြစ်တည်ရှိပြီး အပူစွမ်းအင်ကို
ကလာပ်စည်များရှင်သန်ရေလုပ်ငန်းများမှ ရရှိသည်။ အခဲ၊ အရည်၊ လေ တို့သည်
အပူဓာတ်များရာတွင် ပြန့်ကားပြီး အပူဓာတ်နည်းလျှင် ကျုံ့ဝင်ကြပါသည်။
တစ်သမတ်တည်ရှိသော အပူဓာတ်က ထိုသို့မဖြစ်အောင်ထိန်းသိမ်းပေးသည် ရုပ်ခန္ဓာတွင်
အပူစွမ်းအင်အပြင် လျှပ်စစ်စွမ်းအင်၊ များရှိသည်ဟု သိပ္ပံပညာက
တွေ့ရှိခဲ့ပါသည်။ ရုပ်တရားတစ်ခုလုံးကို စီစစ်ကြည့်လိုက်ရင်
ဓာတ်ကြီးလေးပါးမှ လွဲ၍ ဘာမှမရှိ ယင်းဓာတ်ကြီးလေးပါးတစ်မျီုးစီတွင်
ကိုယ်ပိုင် ဂုဏ်သတ္တိ တစ်မျိုးစီ ရှိနေကြပြီး အချိုးညီညီ လုပ်ငန်းများ
လုပ်နေခြင်းကြောင့် ရုပ်ခန္ဓာ ရှင်သန်နေခြင်း ဖြစ်ပါသည်။ ဖော်ပြခဲ့သော
အကြောင်းအရာများကို လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ရုပ်ခန္ဓာ၏ အခြေခံဓာတ်ကြီးလေးပါးနှင့် ပက်သက်၍
လေးလေးနက်နက်ပိုင်းခြား ကြည့်တတ်ရန် နည်းလမ်းပေးထားခဲ့ပြီး ဖြစ်ပါသည်။
တစ်ဖန်
ဆေးပညာက ယောက်ျားနှင့် မိန်းမ ဖြစ်စေသော ဘာဝရုပ်တို့သည်(ဆေးပညာခေါ်
chromosome) အဖမျိုးဥခေါ် အဖဖက်မှ ယောက်ျားဖြစ်စေသော ဘာဝရုပ်နှင့်
အမိမျိုးဥတို့ အကြောင်းအားလျော်စွာ ပေါင်းစပ်မိလျှင် ယောက်ျားဖြစ်ပြီး
အဖဖက်မှ မိန်းမဖြစ်စေသော ဘာဝရုပ်နှင့် အမိမျိုးဥတို့ ပေါင်းစပ်မိသောအခါ
မိန်းမဖြစ်ကြောင်းကို ဖော်ပြခဲ့ပါသည်။ ယောက်ျား၊ မိန်းမဖြစ်ခြင်းသည်
အမိမျိုးဥနှင့် အဖမျိုးဥတို့ အကြောင်းအားလျော်စွာ ပေါင်းစပ်မိခြင်းကြောင့်
ဖြစ်သည်ဟု ဆိုပါသည်။
ဗုဒ္ဓ၏ လူ့သဘာဝဓမ္မပညာတွင် ပဋိသန္ဓေ တည်ဆဲခဏတွင်
ယောက်ျားဖြစ်စေသော အကြောင်း ကမ္မသတ္တိကထောက်ပံလျှင် ယောက်ျားဖြစ်ပြီး၊
မိန်းမဖြစ်စေသော ကမ္မသတ္တိက ထောက်ပံ့လျှင် မိန်းမဖြစ်ကြောင်း
ရှင်းပြထားပါသည်။ ပဋိသန္ဓေတည်ပြီးချိန်မှစ၍ လူ၏ ဗီဇနိယာမ(ဆေးပညာခေါ် genetic
law) အတိုင်း ကလာပ်စည်များ အဆင့်ဆင့် တိုးပွားလာရာ အရွယ်ရောက်သည့် အချိန်၌
ကလာပ်စည်ပေါင်း ကုဋေတစ်သိန်းကျော်ရှိသည်။ ယင်းမှာ ရုပ်၏ ဗီဇနိယာမအတိုင်း
အစိတ်အပိုင်း(ကောဋ္ဌာသ) ဖြစ်အောင်ဖွဲစည်းသည်။ ဆေးပညာက ကလာပ်စည်များသည်
တစ်စက္ကန့်တွင် ငါးကုဋေ ပျက်စီးနေကြပြီး ငါးကုဋေ အသစ်ဖြစ်ကြောင်း
ကိန်းဂဏန်းဖြင့်ဖော်ပြသည်။ ဗုဒ္ဓ၏ ဓမ္မပညာတွင် ဖော်ပြသော ရုပ်နှင့်နာမ်
တို့သည် ဖြစ်ခြင်း၊ တည်ခြင်း ပျက်ခြင်း၊ အစဉ်ကို မှန်ကန်ကြောင်း ဆေးပညာက
ထောက်ခံနေခြင်းဖြစ်သည်။ ဤကဲ့သို့ ပျက်ခြင်းနှင့် အသစ် ဖြစ်ခြင်း အစဉ်သည်
ရုပ်ကလာပ်စည်တို့၏ မတည်မြဲခြင်းသဘော ၀ိပရိဏမ ဒုက္ခဟုခေါ်ပါသည်၊ ၀ိပရိဏမ
ဒုက္ခသည်လည်း ဒုက္ခသစ္စာအနက် တစ်ခက်ဖြစ်၍ သင်္ခါရ ဒုက္ခကဲ့သို့ ညဏ်ပညာဖြင့်သာ
သိနိုင်သော ခန္ဓာဒုက္ခသစ္စာဖြစ်ပါသည်။ ကလာပ်စည်းများ ဖြစ်ခြင်းပျက်ခြင်း
ရပ်စဲသောအခါ သေခြင်း မရဏ ဖြစ်ပေါ်သည်။ သေးငယ်သော ပရမာနုမြူခေါ် ကလာပ်စည်များ
ဖြစ်ပျက်ပုံကို ဥပမာပေးရသော် တီဗီဖန်သားပြင်အား
ကြည့်ရှူ့ခြင်းဖြင့်သိနိုင်သည် သေးငယ်သောအစက်ပြောက်လေးများ
ပြောင်းလည်းလှုပ်ရှားခြင်ကြောင့် အရုပ်ပုံများလှုပ်ရှားနေခြင်း အဖြစ်
ကျနောတို့ အမြင်အာရုံတွင် ထင်လာပါသည်။
ဗုဒ္ဓသဘာဝဓမ္မသည်
ပရမတ္ထတရား (၄)ပါးရှိကြောင်းဟေားကြားခဲ့ပါသည် သိပ္ပံပညာသည် ရုပ်တရား
ရုပ်တရားတပါးကိုသာ သိနိုင်သည် ကျန်တရား သုံးပါးကို မသိနိုင်ပါ။ နောက်ပြီး
ဒီပရမတ္ထတရား အပေါင်းတို့ရဲ့ ဖြစ်ပျက် ဆက်နွယ်ပုံကို ရှင်းပြဖို့ နိယာမတရား
ငါးပါး ရှိပါတယ်။
၁။ ဥတုနိယာမ။ ။ ရုပ်ပိုင်းဆိုင်ရာနိယာမများ၊
၂။ ဗီဇနိယာမ။ ။ ဇီဝဆိုင်ရာ နိယာမများ၊
၃။ စိတ္တနိယာမ။ ။ စိတ်တို့၏ ဖြစ်မြဲသဘော၊
၎။ ကမ္မနိယာမ။ ။ ကံတရားတို၏ ဖြစ်မြဲသဘော၊
၅။ ဓမ္မနိယာမ။ ။ သဘာဝဓမ္မတို့၏ ဖြစ်မြဲသဘော၊
ဤသို့
လောကကြီးတွင် အမှန်တကယ်ရှိသော နိယာမငါးပါးတွင် သိပ္ပံပညာသည် (၁) နှင့် (၂)
ကိုသာ သိနားလည်နိုင်ပြီး ကျန်နိယာမ တရားကို မသိနားမလည်ပါ။
ကမ္ဘာကျော် သိပ္ပံပညာရှင် အိုင်စတိုင်းပြောသွားသော စကားရှိပါသည်။
Religion is lame without science and is blind without religion.
သိပ္ပံပညာမပါသော ဘာသရေးသည် အကျိုးဖြစ်ပြီး ဘာသာရေးမပါသော သိပ္ပံပညာသည် အကန်းဖြစ်သည်။
မှန်ပါသည်
ယခုမျက်မှောက်ခေတ်တွင် လူသားများ စားဝတ်နေထိုင်ရေးအတွက် သိပ္ပံပညာသည်
အမှန်တကယ်လိုအပ်ပါတယ် သို့သော် သိပ္ပံပညာသည် ခြေလက်သန်စွမ်းသည့်
မျက်မမြင်သူနှင့် အလားတူနေသဖြင့် မျက်စိနှင့်တူသော ဗုဒ္ဓသဘာဝဓမ္မသည် ပို၍ပင်
လိုအပ်ပါသည်။
ဂရိတွေးခေါ်ရှင် (Socrates)ဆိုကရေးတီးကလည်း
လူသားတို့သည် အမှန်တရားကို သိအောင် ရှာကြံရမည်။ အမှန်တရားကိုသိမှ အမှားကို မည်သူမျှ ပြုလုပ်တော့မည်မဟုတ်'
ဟု
ဆိုခဲ့ပါတယ်။ မှန်ပါသည် အမှန်တရားကို အမှန်တကယ်သိပါက အမှားတရားသည်
လှည့်စားလို့မရအောင် ရှင်းရှင်းလင်းလင်း ထင်ပေါ်နေမည်ဖြစ်ပါသည်။ ယင်းသို့
အမှန်တရားကို အမှန်တကယ်သိနိုင်ရန် ဗုဒ္ဓသဘာဝဓမ္မကို သင်ယူလေ့လာ
လိုက်စားခြင်းဖြင့်သာ ဆောင်ရွက်နိုင်ပါသည်။ဆိုကရေးတီးကပင်All i know is that i know nothing ကျွှနုပ်၏ သိမြင်ချက်အားလုံးကို သတ္ထုချလိုက်လျှင် ကျွှနုပ်သည် ဘာမှမသိခြင်းဟူသော အဖြေကိုသာရသည်
ဟု
ပညာရှိပီပီ ၀န်ခံခဲ့ပါသည်။ (Plato)ပလေတိုက အစစ်အမှန်တရားဟုသည်မှာ
(Form)ပုံစံ သဘောဆောင်သော နာမ်လောကဖြစ်သည် ရုပ်လောကသည် ပုံ၏အသွင်လက္ခဏာဖြစ်၍
အမှန်ရှိသော လောကမဟုတ်ဟုဆိုခဲ့ပါသည်။ ပလေတို့၏ တပည့်ဖြစ်သူ
(Aristotle)အရစ္စတိုတယ်ကလဲ ရုပ်လောကနှင့် နာမ်လောကသည် ခွဲမရအောင် ဒွန်တွဲ
ဆက်စပ်နေပြီး အခြေအနေအရ ပြောင်းလဲနေသည်ဟု ဆိုပါသည်။ တွေးခေါ်ပညာရှင်တို့သည်
ဆင်ခြင်းခြင်အဓိက၀ါဒ(Rationalism) ကိုဦးစားပေးကြတယ်။ ထို့ပြင် ယခုအခါ
စိတ်ချင်းဆက်သွယ်သည့် တယ်လီ၏ပသီ (Telepathy)၊ စိတ်စွမ်းအင်အားဖြင့်
အရာဝတ္ထုများကို ရွှေ့လျားစေနိုင်သော တယ်လီကိုင်းနက်ဆစ်(Telekinesis)၊
ဖုံးကွယ်နေသော အရာများနှင့် ဝေးလံသည့်အရပ်ဒေဒ၌ရှိသော အရာများကို
မြင်တွေ့နိုင်သည့် ကလယ်ဗိုးယင့်(Clairvoyance)၊ အနာဂတ်တွင်ဖြစ်လာမည့်
အကြောင်းအရာတို့ကို ကြိုတင်မြင်နိုင်သော ပရီကော့နီရှင်း(Precognition)၊
စသည့် မရစိတ်ပညာ(Parapsychology) တန်ခိုးများ ရှိကြောင်းကိုလဲ
စိတ်ပညာရှင်များနှင့် သိပ္ပံပညာရှင်များက လက်ခံထားကြပါတယ်။ သို့သော်
အဘယ်ကြောင့် ဤကဲ့သို့သော ထူးခြားသည့် စွမ်းရည်များ ရှိကြောင်းကိုကား
မရှင်းပြနိုင်ကြပါဘူး။ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သဘာဝဓမ္မပညာက စိတ်ဖြစ်ပုံ၊
ပျက်ပုံ၊ စိတ်ကြောင့်ရုပ်ဖြစ်ပုံ၊ စိတ်ကိုခြယ်လှယ်နေကြသော
စေတသိက်များကြောင့် စိတ်အမျိုးမျိုးပြောင်းလဲပုံ၊ ကုသိုလ်စိတ်နှင့်
အကုသိုလ်စိတ်ဖြစ်ပုံ၊ ယင်းစိတ်တို့နှင့် ယှဉ်ပြီး အကုသိုလ်ကံ၊ အကုသိုလ်ကံ
စေတနာကြောင့် သုဂတိနှင့် ဒုဂ္ဂဘ၀များ ဖြစ်ပေါ်ပုံ၊ ဈာန်အဘိညဏ်ရအောင်
အားထုတ်လျှင် တယ်လီပသီ၊ ကလယ်ဗိုးယင့်၊ ပရီကော့နီရှင်း စသည့်တို့ထက်
အဆများစွာပိုပြီး အစွမ်းထက်သော ညဏ်ပညာရရှိုနိုင်ပုံ၊ ဘ၀ကို
တက်မက်တွယ်တာတတ်သည့် တဏှာကို ၀ိပဿနာပညာဖြင့် ပယ်သတ်နိုင်ပုံ၊ ထိုသို့
ပယ်သက်လိုက်သည့်အခါ အချမ်းသာဆုံးဖြစ်သော သန္တိသုခကို ခံစားရပုံ
အလုံးစုံတို့ကို တိတိကျကျ ဟောကြားထားပါသည်။
ကမ္ဘာတွေးခေါ်ပညာရှင်ကြီးများသည်
ပရမတ်တရားအထိ တွေးခေါ်မြော်မြင်နိုင်ကြသည်ဟု တစ်ချို့ပညာရှိတို့က
အဆိုပြုစေကာမူ မရမတ်နယ်တို့ အမှန်တကယ်မရောက်ကြပါဘူး ၊ သိပ္ပံပညာက ရုပ်ကို
အက်တန်၊ မောလီကျူးများ အဖြစ်သို့လည်ကောင်း၊ အီလက်ထရွန်၊ ပရိုတွန်၊
နယူထရွန်၊ အဆင့်ထိလည်ကောင်း အသေးစိတ် ခွဲခြမ်းစိတ်ဖြာနိုင်စေကာမူ၊
စိတ်၊စေသသိက်၊ နိဗ္ဗာန် တို့၏အကြောင်းကို မသိမြင်ကြပါ ထိုပြင့်
ယင်းပရမတ်တရားတို့ အချင်းချင်းဆက်နွယ်နေပုံကိုလည်း မသိနားမလည်နိုင်ကြပါဘူး။
ဒါကြောင့် သိပ္ပံပညာက ပုဂ္ဂိုလ်ရှိသည်၊ ယောက်ျားရှိသည်၊ မိန်းမရှိသည်၊
ခွေးကြောင်၊ မော်တော်ကား၊လေယာဉ် ရှိသည် ဆိုသော ပညတ်အမြင်များကို
မပြောင်းလဲစေနိုင်ပါ ပညတ်လောက အတွက်မူ ယင်းမှာ အတိုင်းအသာတစ်ခုထိ
ငြင်းစရာမရှိအောင်မှန်ပါသည် သို့သော် ဗုဒ္ဓသဘာဝ ပရမတ်တရားအရမှာမူ
ထိုပညတ်ချက်များမရှိပါ။ ဥပမာ လူဟုသတ်မှတ်ထားသော လောကီအမှန်တရားကို
ဆံပင်၊မွေးညှင်း၊ ခြေသည်း၊လက်သည်း၊ အသား၊အရေ အကြော၊အရိုး ဟု
ခွဲခြမ်းစိတ်ဖြာလိုက်ပါက လူမရှိတော့ပေ ကောဋ္ဌာသ ၃၂
ပါးဖြင့်ဖွဲ့စည်းထားခြင်းသာဖြစ်သည်။ ထို့အတူ လူ၏ အစိတ်အပိုင်းအဖြစ်
သတ်မှတ်ထားသော ခံစားမူ့ဖြစ်သော ဝေဒနက္ခန္ဓာ၊ မှတ်သားမူ့ဖြစ်သော သညှာက္ခန္ဓာ၊
စေ့ဆော်မူ့ဖြစ်သော သင်္ခါရက္ခန္ဓာ၊ သိမူ့ဖြစ်သော ၀ိညာနက္ခန္ဓာ၊
ဤနာမ်ခန္ဓာလေးပါးကို လူဟု မသတ်မှတ်နိုင်ပါ၊ ရူပက္ခန္ဓာဆိုသော ရုပ်အစုနှင့်
ပေါင်းစပ်လိုက်သောအခါမှသာ လူဟူသောပညတ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မော်တော်ကား၊
လေယာဉ် စသည်တို့မှာလဲ ထိုးနည်းလည်းကောင်းပင်ဖြစ်ပါသည်။
တစ်စစီဖြုတ်လိုက်ပါက ပညတ်အမှန်တရားသည် ပျောက်ကွယ်သွားပါသည်။ ဗုဒ္ဓ၏
သဘာဝဓမ္မပညာသည် စကြ၀ဠာအလုံးစုံ၌ ရှိကြသော သက်ရှိသက်မဲ့ အလုံးစုံတို့ကို
အခြေခံအကျဆုံး ဖြစ်သည့် ပရမတ္ထ တရားများဖြင့် အရှိကိုအရှိအတိုင်း
သဘာဝအမှန်အတိုင်း ခွဲခြမ်းစိတ်ဖြာကာ ဝေဖန်စီစစ်ပြထားသော ပညာ ဖြစ်ပါသည်။
အတွင်းစိတ်(မနောဝိညဏ်)
အပြင်စိတ်ငါးမျိုးသည်
သိ သဘောသက်သက်သာပါသည့် စိတ်များဖြစ်ပါသည်။ အပြင်စိတ်များဖြစ်ပြီးတိုင်း
နောက်မှ ကပ်၍လိုက်ပြီး အဓိပ္ပါယ်ဖော်သော အလုပ်လုပ်သည့် စိတ်များသည်
အတွင်းစိတ်(မနောဝိညဏ်)များ ဖြစ်ကြသည်။ အတွင်းစိတ်၏ တည်ရာသည် အတွင်းဒွါရ
ဖြစ်ပြီး မှီရာအာရုံသည် အတွင်းအာရုံ(ဓမ္မာရုံ) ဖြစ်သည်။
အပြင်စိတ်များအာရုံကို အတွင်းစိတ်က ခံယူ၍ အတွင်းစိတ်၏ ဖြစ်လာသော အာရုံကို
ဓမ္မာရုံ ဟုခေါ်သည်။ ထို့ကြေင့် အပြင်နှင့်အတွင်း ပေါင်းလျှင်
အာရုံခြောက်မျိုး ဒွါရခြောက်ပေါက်နှင့် စိတ်(၀ိညဏ်) ခြောက်မျိုးရှိသည်။
အပြင်စိတ်တွင် သုခဝေဒနာနှင့် တွဲ၍ဖြစ်လျှင် အတွင်းစိတ်သည် သောမနဿဝေဒနာနှင့်
တွဲ၍ဖြစ်သည်။ အပြင်စိတ်သည် ဒုက္ခဝေဒနာနှင့် တွဲ၍ဖြစ်လျှင် အတွင်းစိတ်သည်
ဒေါမနဿဝေဒနာနှင့် တွဲ၍ဖြစ်သည်။ အပြင်စိတ်သည် အဒုက္ခမသုခ ဝေဒနာနှင့်
တွဲ၍ဖြစ်လျှင် အတွင်းစိတ်သည် ဥပေက္ခာဝေဒနာနှင့် တွဲ၍ ဖြစ်သည်။ အပြင်စိတ်များ
ဖြစ်ပြီးတိုင်း အတွင်းစိတ်သည် နောက်မှလိုက်၍ မြင်စိတ်၊ ကြားစိတ် စသည်တို့
အပြင် ၄င်းတစ်မျိုးတည်းလည်း အလုပ်လုပ်ပါသည်။ စိတ်ထဲတွင်
တွေးတောကြံစည်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းတို့သည် အတွင်းစိတ်လုပ်ငန်း
ဖြစ်သည်။
ဗုဒ္ဒ၏ လူ့သဘာဝဓမ္မပညာက မျက်စိတစ်မှိတ်တွင် စိတ်ပေါင်း
ကုဋေတစ်သိန်းဖြစ်သည်ဟု ဖော်ပြသည်။ မျက်စိတစ်မှိတ် ဟူသော အချိန်နှင့်
ပတ်သက်၍ မြန်မာတို့ တွက်ချက်ပုံကို သိရန်လိုသည်။
မျက်စိ ၁၀ မှိတ် = တစ်ခဏ
၁၀ ခဏ = တစ်ခရာ
၁၀ခရာ = တစ်ပြန်
၆ပြန် = တစ်ဗီဇနာ
၁၅ ဗီဇနာ = တစ်ပါဒ်
၎ ပါဒ် = တစ်နာရီ
၆၀ နာရီ = တစ်ရက်
အထက်ပါနည်းနှင့်
တွက်လျှင် တစ်စက္ကန့်တွင် မျက်စိ ၂၅၀မှိတ်ရှိကြောင်း တွက်၍ရသည်။
သို့ဖြစ်ပါ၍ ဗုဒ္ဓ၏ လူ့သဘာဝဓမ္မပညာက ဖော်ပြသော စိတ်၏ဖြစ်နှုန်းသည်
တစ်စက္ကန့်တွင် ကုဋေ (၂ဒသမ၅)ကုဋေ ဖြစ်သည်ဟု တွက်၍ရသည်။ ထို့ကြောင့်
လူ့သဘာဝဓမ္မပညာက ဖော်ပြသော စိတ်၏ဖြစ်နှုန်းကို သိပ္ပံက တွက်ပြသော
တစ်စက္ကန့်တွင် အလင်းလှိုင်းများ မျက်စိအကြည်ရုပ်ကို ရိုက်ခတ်သည့်နှုန်း ကုဋေ
(၃) ကုဋေနှင့် နှိုင်းယှဉ်နိုင်သည်။ ထိုသို့ အလွန်လျင်မြန်စွာ ဖြစ်၍
ပျက်နေကြသော မြင်သိစိတ်လေးများ၏ ဖြစ်တည်ပျက် အစဉ်အတန်းက မြင်မှုကို
တစ်ဆက်တည်းဟု ထင်ရအောင် လုပ်ပေးသည်။
ဗုဒ္ဓဘာသာရဲ့အနှစ်ချုပ်...
zmo zmo | 5:54 PM | ဘာသာရေး
Print
PDF
တစ်ခြားဘာသာဝင်တွေကဗုဒ္ဓဘာသာရဲ့အနှစ်ချုပ်ကဘာလဲလို့
လာမေးခဲ့ရင်သူငယ်ချင်းတို့ဘယ်လိုဖြေကြမလဲ..............
ဒါဟာစဉ်းစားစရာပါ.......................
ရုတ်ရက်တော့.....ဘာဖြေရမှန်းမသိအကျပ်ရိုက်သွားမှာအသေအချာပါပဲ...
ဒီမေးခွန်းဟာဗုဒ္ဓဘာသာကိုကိုးကွယ်ကြတဲ့ဘာသာဝင်တွေသာမက၊
ဗုဒ္ဓဘာသာကိုစိတ်ဝင်စားကြတဲ့၊လေ့လာချင်ကြတဲ့
အခြားသောဘာသာဝင်များအတွက်ပါသိသင့်တဲ့မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။
အဲဒီမေးခွန်းကိုတစ်ခါကဂျပန်နိင်ငံရောက်နေတဲ့ဗုဒ္ဓဘာသာ
သာသနာပြုဆရာတော်တစ်ပါးဖြေပေးခဲ့ဘူးပါတယ်......ဒီလိုပါ.........
................................................................
ဂျပန်နိင်ငံကိုဗုဒ္ဓဘာသာပြန့်နှံ့ရောက်ရှိစအချိန်....
ဂျပန်နိုင်ငံမှာနဂိုရှိပြီးသားကိုးကွယ်မှုဂိုဏ်းဂဏတော်တော်များများက
နောက်မှရောက်လာတဲ့
ဗုဒ္ဓဘာသာကိုစိတ်ဝင်စားကြပါတယ်။သိလည်းသိချင်ကြပါတယ်။
အဲဒီအချိန်(...)ဂိုဏ်းကဂျပန်ဘုန်းတော်ကြီးတစ်ချို့နဲ့ကိုရင်တွေဟာ
ဗုဒ္ဓဘာသာသာသနာပြုဘုန်းတော်ကြီးကျောင်းကိုရောက်လာပြီး
ဗုဒ္ဓဘာသာရဲ့လိုရင်းအနှစ်ချူပ်ဟာဘာလဲဆိုတာကိုသိချင်ပါ
သတဲ့။
အဲဒီတော့သာသနာပြုဘုန်းတော်ကြီးကအတိုဆုံးဖြေကြားခဲ့ပါတယ်။
...............................................................
ဗုဒ္ဓဘာသာရဲ့လိုရင်းအနှစ်ချုပ်ဟာ...
(မကောင်းမှုမှန်သမျှကိုမပြုလုပ်ခြင်း)
(ကောင်းမှုမှန်သမျှကိုပြုလုပ်ခြင်း)
(မိမိ၏စိတ်ကိုဖြူစင်အောင်ထားခြင်း)
တို့ဖြစ်ပါတယ်တဲ့................
....................................................................
ဒီအခါမှာဂျပန်းဘုန်းတော်ကြီးတွေကဝိုင်းပြီးရယ်ကြပါတယ်။
ဒါလေးများကွာတဲ့.....ငါတို့ကျောင်းကဟိုကိုရင်လေးတောင်
ဒီလောက်တော့သိပါတယ်။။။။။။။လို့ပြောပါတယ်........
.....................................................
အဲဒီတောင်မြန်မာဘုန်းတော်ကြီးကဘာပြန်ပြောသလဲဆိုတော့..
ဟုတ်ပါတယ်...ဒီအကြောင်းအရာကိုသိတာဖြစ်နိင်ပါတယ်။။။။
ဒါပေမယ့်.........ငါ့ရှင်........အသင်ဒီအသက်ဒီအရွယ်ရောက်တဲ့အထိ......
မကောင်းမှုတွေမပြုပဲရှောင်ကျဉ်နိင်ခဲ့ပြီလား
ကောင်းမှုတွေအမြဲပြုလုပ်နိုင်ပါရဲ့လား
မိမိစိတ်ကိုဖြူစင်အောင်ထားနိုင်ပါပြီလား...........
လို့မေးတဲ့အခါ........ပြန်ပြောနိင်စရာစကားမရှိခဲ့ပါဘူး.......
...............................................................................
ဟုတ်ပါတယ်......
ဗုဒ္ဓဘာသာမှာသိနေရုံတစ်ခုတည်းနဲ့ပြီးပြည့်တာမဟုတ်၊
သိထားတာတွေကိုလက်တွေ့ကျင့်ကြံအားထုတ်မှသာ
ပြီးပြည့်စုံတဲ့ဘာသာဝင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။
မြတ်စွာဘုရားပွင့်တော်တဲ့အကာလကိုကြည့်မယ်ဆိုရင်လည်း၊
ဘုရားဖြစ်တော်မူသည်မှပရိနိဗ္ဗာန်စံသည်အထိဟောကြားသမျှတရားတွေအားလုံးဟာ။
ဒီ(၃)ချက်ကိုပဲဦးတည်ရည်ရွယ်ဟောကြားခဲ့တာဖြစ်ပါတယ်။
.................................................................................
မကောင်းမှုမှန်သမျှကိုရှောင်ကျဉ်ခြင်းဆိုတဲနေရာမှာ
စိတ်နြဲ့ပုတဲ့မကောင်းမှု
ကိုယ်နဲ့ပြုတဲ့မကောင်းမှု
နှုတ်နဲ့ပြုလုပ်တဲမကောင်းမှု
ဆိုတဲ့မကောင်းမှုတွေအားလုံးမှေ၇ှာင်ကျဉ်နိုင်ဖို့ဆိုလို့တာပါ။
ကောင်းမှုတွေမှန်သမျှပြုလုပ်ခြင်းဆိုတဲ့နေရာမှာလည်း
စိတ်နြဲ့ပုတဲ့ကောင်းမှု
နှုတ်နြဲ့ပုတဲ့ကောင်းမှု
ကိုယ်နြဲ့ပုတဲ့ကောင်းမှု
ဆိုပြီးလုပ်နိုင်သမျှသောကောင်းမှုတွေကိုအမြဲမပြတ်လုပ်နိုင်
ကြဖို့ဆိုလိုခြင်းဖြစ်ပါတယ်။
မိမိစိတ်ကိုဖြူစင်အောင်ထားခြင်းဆိုတဲ့နေရာမှာ
စိတ်ဆိုတာမကောင်းမှုမှာပျော်မွေ့တတ်တဲ့သဘောရှိလေတော့
အဲဒီစိတ်ကလေးကိုအသိ၊သတိနဲထိမ်းပြီးဘဝကိုပဲ့ကိုင်သွားလေ
ဖို့ဆိုလိုခြင်းဖြစ်ပါတယ်။.
.....................................................................
အပြောလွယ်သလောက်အလုပ်ရခက်ခဲပါတယ်။
လူလောကထဲမှာပုံစံအမျိုးအမျိုးနဲ့ရပ်တည်နေရတဲ့လူသားဘဝမှာ
အဲဒီလိုမကောင်းမှုတွေကရှောင်ကျဉ်နိုင်ဖို့ဆိုတာ.....
မဖြစ်နိင်ဘူးလို့လွယ်လွယ်ပြောကြတယ်။တကယ်တော့မဖြစ်နိုင်ဘူးဆိုတာ
မရှိ..ဖြစ်နိုင်ပါတယ်။လွယ်တော့မလွယ်ကူဘူးပေါ့ဗျာ။ဦးနှောက်ကိုသုံးပြီး
မကောင်းတဲအလုပ်တွေမလုပ်ဖြစ်အောင်။ကောင်းတဲ့အလုပ်တွေလုပ်ဖြစ်နေအောင်။
မိမိစိတ်ကလေးကိုဖြူစင်သန့်ရှင်းနေအောင်လုပ်ဖို့ဆိုတာတကယ်တမ်းလုပ်ဖို့ဖြစ်နိုင်ပါတယ်။
လုပ်နိုင်ဖို့အတွက်
ဒါတွေဟာမကောင်းမှု၊ဒါတွေဟာကောင်းမှု
ခွဲခြားသိနိုင်မယ့်ဘာသာရေးဗဟုသုတလိုအပ်တယ်။
သိတဲ့အတိုင်းရှောင်ကျဉ်ဖို့၊လိုက်နာကျင့်သုံးနိင်ဖို့
ဘာသာအပေါ်ယုံကြည်
တဲ့သဒ္ဓါတရားလိုအပ်တယ်။
...................................................................
နောက်ဆုံးပိတ်ပြောချင်တာလေးက
ဗုဒ္ဓဘာသာဟာယုံကြည်နေရုံသက်သက်မပြီး၊
လိုက်နာကျင့်သုံးမှသာပြီးပြည့်စုံတဲ့ကိုယ့်အားကိုယ်ကိုးဘာသာတစ်ခု
ဖြစ်တယ်ဆိုတာပါပဲ။
.................................................................
မိုးရွာတဲအခါ
မိုးရေမစိုအောင် ထီးဆောင်း ရပါမယ် ..........
ဒီလိုသိထားပြီး...........
တကယ်တမ်းမိုးရွာတဲ့အခါ
ထီးပါဖို့လိုပါတယ်၊မိုးမစိုအောင်ပါလာတဲ့ထီးကို ဖွင့်ဆောင်းဖို့လည်းလိုပါတယ်။
ထီးပါနေရုံနဲ့မရပါဘူး။ အရာရာအားလုံးဟာ သင့်အပေါ်မှာပဲမူတည်ပါတယ်။
ကမ္ဘာတကယ်ပျက်မှာလား...
zmo zmo | 5:52 PM | ဘာသာရေး
Print
PDF
ကမ္ဘာပျက်တော့မယ်ဆိုပြီးတွေးကြောက်နေတဲ့သူတွေအတွက်ပါ...
ဘလော့ ဂ်တွေပေါ်မှာတော့ သူများတွေပြောနေ၊ရေးနေကြတာတွေ့ ဖူးပါတယ်...
၂၀၁၂ မှာ ကမ္ဘာပျက်မယ်၊ ဘာဖြစ်မယ်၊ ညာဖြစ်မယ်နဲ့ .....
ဒါနဲ့ ကိုယ်ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားကဒီအကြောင်းနဲ့ ပါတ်သက်ပြီးဘယ်လို
များဟောထား၊ပြောထားတာတွေများရှိ သလဲလို့ လေ့ လာကြည့် လိုက်တော့ ဒီလို
ကမ္ဘာပျက်တာနဲ့ ပါတ်သက်တာလေးတွေတွေ့ ရလို့  ဒီတက်ဂ်ထားတာလေးမပြောခင်ဗဟုသုတ
အနေနဲ့ အရင်ပြန်ပြောချင်ပါသေးတယ်...
အခုလိုပဲ ကမ္ဘာကြီးပျက်တော့ မယ်တို့ ၊ ဘာတို့ ဆိုပြီးမဖြစ်သေးတာတွေဖြစ်တော့ မယ့် အ
ကြောင်းသတင်းစကားတွေကို တစ်ဦးစနှစ်ဦးစကနေ လူအများစုပေါင်းပြီးပြောဆိုကြတာကို
ကောလာဟလ လို့ ခေါ်ပါတယ်...
တစ်ကယ်အမှန်ဖြစ်ပေါ်လာမယ့် အရာတွေရှိသလို ဟုတ်မလိုလိုနဲ့ ဖြစ်မလာတာတွေလည်း
ရှိသပေါ့ ...ဒါကအရပ်ထဲကကောလာဟလ ပေါ့ ...( အရပ်စကားနဲ့ ပြောယင်ကောလဟာလ
လို့ အများစုက ဆိုကြပါတယ်...)
အဲဒီကောလာဟလ ကလည်းငါးမျိုးတောင်ရှိဆိုပဲ....
(၁) ကပ္ပကောလာဟလ
ကမ္ဘာပျက်မည့် ကောလာဟလ
(၂) စက္ကဝတ္တိကောလာဟလ
စကြ၀တေးမင်းပေါ်ပေါက်လာမည့် ကောလာဟလ
(၃)ဗုဒ္ဓကောလာဟလ
မြတ်စွာဘုရားပွင့် ထွန်းပေါ်ပေါက်လာမည့်  ( ဘုရားဖြစ်အောင်ကျင့် ကြံအားထုတ်မည့် သူ
ပေါ်ပေါက်လာမည့် ) ကောလာဟလ
(၄)မင်္ဂလကောလာဟလ
(ပရိတ်ကြီး ၁၁ သုတ်ထဲက ) မင်္ဂလသုတ္တန်ပေါ်ပေါက်လာရန်အတွက် ကြိုတင်ပြီးဖြစ်ပေါ်သော
ဘယ်အရာကမင်္ဂလာရှိတယ်...စသည်ဖြင့် ပြောဆိုကြသော ကောလာဟလ
(၅)မောနေယျကောလာဟလ
ကျင့် နိုင်ခဲ သော ဘုရားသာသနာတွင်၊ကျင့် နိုင်ခဲသော မဂ်ဖိုလ်နိဗ္ဗာန်သို့ မျက်မှောက်ပြုစေ
နိုင်သောအကျင့် တရား ကောလာဟလ
တို့ ဖြစ်ပါတယ်....
ဒီနေရာမှာတော့  ကမ္ဘာပျက်မယ့် အကြောင်းမို့  ကမ္ဘာကြီးတစ်ကယ်ပဲပျက်တော့ မည်လော...
ကမ္ဘာတစ်ခုဟာ ဘယ်လောက်ကြာကြာတည်တံ့ သလဲဆိုတာလေးကိုပဲ ဗဟုသုတအဖြစ်ပြန်
လည်တင်ပြချင်ပါတယ်...
အခုလက်ရှိ ကမ္ဘာကို ဗုဒ္ဓတရားတော်များအရ ဘဒ္ဒ ကမ္ဘာလို့ ခေါ်ပါတယ်....
ဗုဒ္ဓဘုရားငါးဆူပွင့် မယ့် ကမ္ဘာပေါ့ ....
အခုထက်ထိ ဘုရားပေါင်းလေးဆူပွင့် ခဲ့ ၊ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ ပြီးတာမို့ နောက်ထပ် ဗုဒ္ဓဘုရား
တစ်ဆူ ( အရိမေတ္တိယျ ဘုရား ) ပွင့် ထွန်းပေါ်ပေါက်ဖို့ ကျန်ပါသေးတယ်...
အဲဒီအတွက် ဒီကမ္ဘာကြီးဟာလုံးဝ ကိုပျက်စီးသွားဖို့ မရှိပါ....
လူအမြောက်အများ သေကြေပျက်စီးမယ့်  သဘာဝဘေးအန္တရယ်တွေ၊ စစ်ပွဲတွေ၊ ရောဂါဘေး
အန္တရာယ်တွေ၊ အငတ်ဘေးတွေတော့ ဖြစ်မှာပါ...သို့ သော် သက်ရှိလူသား၊တိရိစ္ဆာန်တွေ တစ်
ဦးတစ်ယောက်မျှမကျန်ရအောင် အလုံးစုံပျက်စီးခြင်းကတော့ မဖြစ်နိုင်သေးပါဘူး...
ကျွန်တော့် အထင်တော့ လူတွေရဲ့ ကိုယ်ကျင့် သီလတွေ အကြီးအကျယ်ချိုးဖောက်ကြတဲ့ အခါ၊
ကာမဂုဏ်အာရုံတွေကို အလွန်အမင်း၊အကြီးအကျယ် မှားမှားယွင်းယွင်းခံစားသုံးဆောင်ကြတဲ့
အခါ၊မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာ စတဲ့  ဗြဟ္မစို တရားတွေအကြီးအကျယ်ခေါင်းပါးလာတဲ့ 
အခါတွေမှာ လူတွေသံဝေဂတရားတွေရစေဖို့ ဒီလိုကောလာဟလ တွေပေါ်ပေါက်လာရတယ်
လို့ ပဲထင်ပါတယ်...
ကဲ....
ကမ္ဘာပျက်မယ့် ကောလာဟလအကြောင်းလေး ပါဠိတော်ဘာသာပြန်ကတော့ ဒီလိုဆိုထားပါတယ်...
ကပ္ပကောလာဟလ
ကမ္ဘာကြီး ပျက်တော့မည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို ကပ္ပကောလာဟလဟူ၍ခေါ်ဆို၏။
ကမ္ဘာပျက်လုနီးလာသော အခါ မပျက်မီနှစ်ပေါင်းတသိန်းက ကြိုတင်၍ လောကဗျူဟာ အမည်ရှိ
သောကာမာဝစရနတ်တို့သည် နီမြန်းသောအဝတ်တို့ကို ဝတ်ဆင်ကြပြီးလျှင် ဆံပင်ကိုဖားယားချ
ကုန်၍ ငိုယိုသောမျက်နှာမှ မျက်ရည်တို့ကို သုတ်ကာသုတ်ကာအလွန်မသက်သာသော အသွင်အ
ပြင် အခြင်းအရာတို့ဖြင့် လူတို့သွားလာရာ ခရီးလမ်းတို့၌ လှည့်လည်ကြကုန်လျှက်
အချင်းတို့….
ဤနှစ်မှစ၍နောက် အနှစ်တသိန်းလွန်သော အခါ၌ ဤကမ္ဘာလောကကြီးသည်ပျက်စီးတော့ပေမည်၊
မဟာသမုဒ္ဒရာ သည် ခန်းခြောက်တော့မည်၊မဟာသမုဒ္ဒရာသည်လည်းခြောက်ခန်းတော့မည်၊
ပထ၀ီမြေကြီးသည်၎င်း၊မြင်းမိုရ်တောင်မင်းသည် ၎င်း၊ဤအလုံးစုံတို့သည်(မီးဖျက်မည့်ကမ္ဘာဖြစ်လျှင်)
မီးလောင်၍ပျက်စီးကုန်လိမ့်မည်၊(ရေဖျက်မည့်ကမ္ဘာဖြစ်လျှင်)ရေလွှမ်းမိုး၍ ပျက်စီးကုန်လိမ့်မည်၊
(လေဖျက်မည့်ကမ္ဘာဖြစ်လျှင်)လေပြင်းလေကြမ်းတိုက်ခတ်၍ ပျက်စီးကုန်လိမ့်မည်၊မြင်းမိုရ် သမုဒ္ဒရာ
တို့၏ တည်ရာ ဤမဟာပထဝီမြေကြီးမှသည် ဗြဟ္မာ့ပြည်တိုင်အောင် ဤကမ္ဘာလောကကြီး ပျက်စီးလိမ့်မည်၊
အိုအချင်းတို့…
သင်တို့ သည် မေတ္တာတရားကိုပွားများကြကုန်လော့၊ကရုဏာတရားကိုပွားများကြကုန်လော့၊မုဒိတာ
တရားကိုပွားများကြကုန်လော့၊ ဥပေက္ခာဗြဟ္မစိုရ် တရားကိုပွားများကြကုန်လော့။အမိ အဖတို့ကို
ရိုသေစွာ ပြုစုလုပ်ကြွေးကြကုန်လော့၊သက်ကြီးသူအို ရိုသေထိုက်သူတို့ကို ရိုသေကြကုန်လော့၊
ကုသိုလ်ကောင်းမှုတို့၌ အစဉ်နှိုးကြားကြကုန်လော့၊မမေ့မလျော့ကြကုန်လင့်…. ဟူ၍ အနှံ့အပြား
လူအပေါင်းတို့ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏၊ဤသို့ကြွေးကြော်သည်ကို အကြောင်း
အစပြူ၍ ကမ္ဘာကြီးပျက်တော့မည်တဲ့…ကမ္ဘာကြီးပျက်တော့မည်တဲ့ ဟူ၍ လူအများစုရုံးကာ
နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းကို ကပ္ပကောလာဟလ
ဟူ၍ခေါ်ဆိုကြပါသည်။
ကမ္ဘာပျက်မယ့် ကောလာဟလတော့ သိရပြီ....
ကျွန်တော်တို့ နေထိုင်ရာဒီကမ္ဘာကြီးဘယ်လောက်သက်တမ်းရှည်သလဲ၊ရှည်မလဲဆိုတာကိုရော
ထိုထိုပါဠိတော်များမှာဘယ်လိုပြောထားသလဲဆိုတော့ ....
ပဗ္ဗတသုတ်
သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏၊
ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာ ဘုရားကို ရှိခိုးလျက်
တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား...
အရှင်ဘုရား ကမ္ဘာသည် အဘယ်မျှလောက် ရှည်ပါသနည်း ဟု လျှောက်၏။
ရဟန်း ကမ္ဘာသည် ရှည်လျားလှ၏၊ ထိုကမ္ဘာကို ဤမျှသော နှစ်တို့ ဟူ၍ လည်းကောင်း၊
ဤမျှသော နှစ်အရာတို့ ဟူ၍ လည်းကောင်း၊ ဤမျှသော နှစ်အထောင်တို့ ဟူ၍
လည်းကောင်း၊ ဤမျှသော နှစ်အသိန်းတို့ ဟူ၍ လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်ဟု
မိန့်တော်မူ၏။
အရှင်ဘုရား ဥပမာကို ပြုခြင်းငှါ တတ်ကောင်းပါ၏လောဟု လျှောက်ပြန်၏။ ရဟန်း
တတ်ကောင်း၏ ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း ဥပမာသော်ကား
မကွဲမပြတ်သော အခေါင်းမရှိသော တစ်ခဲနက်ဖြစ်သော ကျောက်တောင်ကြီးသည်
အလျားအားဖြင့် တစ်ယူဇနာ အနံအားဖြင့် တစ်ယူဇနာ အစောက်အားဖြင့်
တစ်ယူဇနာ ရှိ၏၊ ထို ကျောက်တောင်ကြီးကို ယောက်ျားသည် အနှစ်တစ်ရာ အနှစ်
တစ်ရာ လွန်သောအခါ၌ ကာသိတိုင်းဖြစ် အဝတ်ဖြင့် တစ်ကြိမ်တစ်ကြိမ်သာ
ပွတ်တိုက်ရာ၏၊ ရဟန်း ထိုကျောက်တောင်ကြီးသည် ဤလုံ့လဖြင့် လျင်စွာသာလျှင်
ကုန်ခြင်းဆုံးခြင်းသို့ ရောက်ရာ၏၊ ကမ္ဘာသည် ကုန်ခြင်းဆုံးခြင်းသို့ မရောက်ရာ။
ရဟန်း ကမ္ဘာသည် ဤသို့ ရှည်လှစွာ၏၊ ရဟန်း ဤသို့ ရှည်လျားလှသော ကမ္ဘာတို့၏
တစ်ခုသောကမ္ဘာ ဟူ၍ မပြောဆိုအပ်၊ ကမ္ဘာတစ်ရာ ဟူ၍ မပြောဆိုအပ်၊ ကမ္ဘာ
တစ်ထောင် ဟူ၍ မပြောဆိုအပ်၊ ကမ္ဘာတစ်သိန်း ဟူ၍ မပြောဆိုအပ်။
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း-
ရဟန်း ဤသံသရာ၏အစကို မသိနိုင်၊ ရှေ့အစွန်းသည်။ပ။ ရဟန်းတို့ ဤသို့လျှင် အလုံးစုံသော
သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှသည် သာလျှင်တည်း၊ တပ်ခြင်း ကင်းခြင်းငှါ သင့်လှသည်
သာလျှင်တည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှသည် သာလျှင်တည်းဟု ဟောတော်မူ၏။ 128
ပဗ္ဗတသုတ်၊ ပဌမဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။
ဒါကတော့ လက်ရှိကမ္ဘာကြီးရဲ့ အကြောင်းပေါ့ ....
ဒီလက်ရှိကမ္ဘာကြီးမတိုင်မီကလည်း တစ်ခြားကမ္ဘာတွေလည်းရှိခဲ့ သေးသလို၊ ဒီကမ္ဘာကြီးပျက်စီး
ပြီးသွားယင်လည်းနောက်ကမ္ဘာအသစ်တွေပေါ်လာဦးမှာပါပဲ...ဤသို့ ဖြစ်လာလိုက်၊ပျက်သွားလိုက်
သည်ကိုပင်လျှင်၊ ဘ၀တွေအကြိမ်ကြိမ်ဖြစ်နေရသည်ကိုပင်လျှင် သံသရာဟုခေါ်ရသည် မဟုတ်ပါ
လား....
ကဲ...
ကြုံကြိုက်လို့ တစ်ဆက်တည်းပဲ ကုန်လွန်ပျက်သုန်းခဲ့ ပြီးသောကမ္ဘာများအကြောင်းလဲ လောက
ဗဟုသုတ၊ ဓမ္မဗဟုသုတအဖြစ်ဖတ်လိုက်ပါဦး...
သာဝကသုတ်
သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏၊
ထိုအခါ၌ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးလျှင်။ပ။ မြတ်စွာဘုရားအား အသျှင်ဘုရား ရှေး၌ ကျော်လွန်ကုန်ပြီးသော ကမ္ဘာတို့သည် အဘယ်မျှလောက် များပါကုန်သနည်းဟု လျှောက်၏။ ရဟန်းတို့ ရှေး၌ ကျော်လွန်ကုန်ပြီးသော ကမ္ဘာတို့သည် များလှကုန်၏၊ ထိုလွန်ကုန်ပြီးသော ကမ္ဘာတို့ကို ဤမျှသော ကမ္ဘာတို့ ဟူ၍ လည်း
ကောင်း၊ ဤမျှသော ကမ္ဘာအရာတို့ဟူ၍လည်းကောင်း၊ ဤမျှ သော ကမ္ဘာအထောင်တို့ ဟူ၍လည်းကောင်း၊ ဤမျှသော ကမ္ဘာအသိန်း တို့ ဟူ၍ လည်းကောင်း ရေတွက် ခြင်းငှါ မလွယ် ဟု မိန့်တော်မူ၏။
အသျှင်ဘုရား ဥပမာကို ပြုခြင်းငှါ တတ်ကောင်းပါ၏လောဟု လျှောက်ပြန်၏။ ရဟန်းတို့
တတ်ကောင်း၏ ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်းတို့ ဤသာသနာတော်၌
အနှစ် တစ်ရာ အသက်တမ်းရှိသည် ဖြစ်၍ အနှစ်တစ်ရာ အသက်ရှည်ကုန်သော တပည့်
'သာဝက' လေးယောက်တို့သည် နေ့တိုင်း နေ့တိုင်း ကမ္ဘာကပ်ပေါင်းတစ်သိန်း ကမ္ဘာကပ်ပေါင်း
တစ်သိန်းကို အောက်မေ့ကုန်ရာ၏၊ ထိုသို့ အောက်မေ့စဉ် အနှစ်တစ်ရာ အသက်တမ်း ရှိသည်
ဖြစ်၍ အနှစ်တစ်ရာ အသက်ရှည်ကုန်သော ဤတပည့် 'သာဝက' လေးယောက်တို့သည်
အနှစ်တစ်ရာ
ကို လွန်သောအခါ၌ သေခြင်းကို ပြုကုန်ရာ၏၊ ရဟန်းတို့ ထိုတပည့် 'သာဝက'
လေးယောက်တို့သည် ကမ္ဘာတို့ကို ကုန်အောင် မအောင့်မေ့နိုင်သည်သာတည်း။
ရဟန်းတို့ ရှေး၌ ကျော်လွန်ကုန်ပြီးသော ကမ္ဘာတို့သည် ဤသို့ များလှကုန်၏၊ ထိုကမ္ဘာတို့ကို
ဤမျှသော ကမ္ဘာတို့ ဟူ၍ လည်းကောင်း၊ ဤမျှသော ကမ္ဘာ အရာတို့ဟူ၍ လည်းကောင်း၊
ဤမျှသော ကမ္ဘာအထောင်တို့ ဟူ၍ လည်းကောင်း၊ ဤမျှသော ကမ္ဘာအသိန်းတို့ ဟူ၍
လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်ကုန်။
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း-
ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ပ။
လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင်တည်း ဟု ဟောတော်မူ၏။
သာဝကသုတ်၊ ပဌမဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။
ကဲ...ဒါတွေကတော့ ကမ္ဘာကြီးပျက်မှာနဲ့ ဆိုင်တဲ့ ဗဟုသုတတွေပဲပေါ့ ...
အထက်ပါဗဟုသုတများကို ဆရာလေးတစ်ပါးရဲ့ သုခကာမိဘလော့  နဲ့  ဆရာတော်
ဦးလောကနာထရဲ့ ဓမ္မစာမျက်နှာများ မှရယူပြီးပြန်လည်တင်ပြပါတယ်...
လောကသုတ၊ ဓမ္မသုတ များတိုးတက်ပွားများနိုင်ပါစေ...
Friday, July 22, 2011
နိဗ္ဗာန်ဟူသည်...
zmo zmo | 11:30 AM | နိဗ္ဗာန် | ဘာသာရေး
Print
PDF
နိဗ္ဗာန်ဆိုတာ ဘာလဲဟုမေးလျှင် အဖြေမရှိတတ်သော ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များအတွက် ရည်ရွယ်ပါသည်။ နိဗ္ဗာန်ကို တခြားသော ဘာသာများမှလည်း သူတို့၏ ကောင်းကင်ဘုံ နှင့် တူသယောင်ယောင် ရေးသားပြောဆိုချက်များလည်း ငြင်းခုန်ခဲ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် အခု Post လေးနဲ့ပဲ အတော်များများ သိရှိသွားခဲ့မယ်ဆိုရင်ပဲ ကျေနပ်ပါပြီ...
နိဗ္ဗာန်ဟူသော တရားသည် တကယ်ပင် ရှိပါသလားဘုရား။ အကယ်၍ ရှိပါက ထိုတရားသည် အဘယ်မှာနည်း။ မည်သည့်တရားနှင့် တူပါသနည်း ဘုရား။
(လျှောက်ထား မေးမြန်းသူ- ဘုံပိုင်မြို့ ပွဲစားကြီး မစ္စတာ လက်(က်) ဒါဝါလား၊ ဖြေဆိုသူ ဆရာတော် အရှင် အရိယဓမ္မ)
အရှင်
အရိယဓမ္မ။ ဒကာကြီးရဲ့ အမေးပုစ္ဆာဟာ တစ်ချက်ခုတ် သုံးချက်ပြတ် မေးခွန်းပဲ
ဒကာကြီးရဲ့။ မေးခွန်းကို ဖြေရာမှာ ဦးပဉ္ဇင်းဟာ တာဝန်သုံးခုကို တခါတည်း
ထမ်းဆောင်ရလိမ့်မယ်။
ပထမတာဝန်က နိဗ္ဗာန်ဆိုတဲ့ တရားဟာ တကယ်ရှိကြောင်း ပြဖို့ ဖြစ်တယ်။
ဒုတိယ တာဝန်ကတော့ နိဗ္ဗာန်ဟာ ဘယ်နေရာမှာ ရှိတယ်ဆိုတာ ပြဖိုဖြစ်တယ်။
တတိယ တာဝန်ကတော့ နိဗ္ဗာန်ရဲ့ အသွင်အပြင် လက္ခဏာ ကို ဖော်ထုတ်ပြဖို့ဖြစ်တယ်။
ပထမဆုံး
တာဝန်ဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့ တရားဟာ တကယ်ရှိကြောင်း ပြဖို့ရာ ဒကာကြီးကို
ဦးပဉ္ဇင်းက ပြန်ပြီး မေးရလိမ့်ဦးမယ်။ ကဲ ဒကာကြီးကလည်း ဖြေပါဦး။
ဆရာတော်။ ယနေ့ ကမ္ဘာပေါ်မှာ ရှိနေကြတဲ့ လူတွေ အားလုံးဟာ အသက် ၁၀၀ ထိအောင် နေကြရပါ့မလား။
ဝါးလား။ အသက် ၁၀၀ ထိအောင် နေကြရမှာ မဟုတ်ပါဘူး ဆရာတော်။
ဆရာတော်။ သူတို့ တတွေ ဘာဖြစ်ကုန်ကြပါမလဲ ဒကာကြီး
ဤတွင်
ဆရာတော်က သင်ပုန်းပေါ်တွင် တဖက်မှ နိဗ္ဗာန်ဟူသော တရား တကယ်တန်း
တည်ရှိနေပုံနှင့် အခြားတဖက်မှ စကြာဝဠာ ကြီးနှင့် တကွ ဤစကြာဝဠာ ကြီးပေါ်တွင်
ရှိရှိသမျှသော သတ္တ၀ါတို့၏ မတည်မမြဲ ဖောက်ပြန်တတ်သည့် သဘောတို့ကို
အောက်ပါအတိုင်း နှိုင်းယှဉ်ရေးသားပြပါသည်။
စကြာဝဠာကြီး
ဆန့်ကျင်ဘက်နိဗ္ဗာန်
သေခြင်းတရား ရှိ၏။
သေခြင်းတရား မရှိ။
အိုခြင်းတရား ရှိ၏။
အိုခြင်းတရား မရှိ။
နာခြင်းတရား ရှိ၏။
နာခြင်းတရား မရှိ။
ဒုက္ခနှင့် ဆင်းရဲခြင်း ရှိ၏။
ဒုက္ခနှင့် ဆင်းရဲခြင်း တို့မှ ကင်းငြိမ်းသည့် တကယ့်ချမ်းသာသုခ ရှိ၏။
မတည်မြဲ။
တည်မြဲ၏။
စိတ်နှင့် ကံတို့၏ ဖန်ဆင်းမှု။
စိတ်နှင့် ကံတို့က မဖန်ဆင်း။( အသင်္ခတဓာတ်)။
ပျက်စီး၏။(အနိစ္စ)
မပျက်စီးနိုင်။(နိစ္စ)
အစအဆုံး ရှိ၏။
(အာဒိအနန္တ)
အစအဆုံး မရှိ။
(အနာဒိအနန္တ)
မသန့်ရှင်းချေ။
သန့်ရှင်း၏။
မွေးဖွားကြရ၏။(ဇာတိ)
မွေးဖွားကြရခြင်း မရှိ။(အဇာတိ)
မသိမမြင်ခြင်၊
စွဲလမ်းခြင်း၊ လိုချင်တပ်မက်ခြင်း၊ စိတ်ဆိုးခြင်း၊ ကြမ်းတမ်းခြင်း၊
ရန်ငြိုးဖွဲ့ခြင်း စသည့် တရားများ ရှိ၏။(အ၀ိဇ္ဖာ၊ ဥပါဒါန်၊ လောဘ၊ ဒေါသ)
ဤ တရားများ အားလုံးမှ ကင်းစင်၏။
သံယောဇဉ်ကြိုး (၁၀) ချောင်းဖြင့် နှောင်ဖွဲ့ထား၏။
မည်သည့် သံယောဇဉ်ကြိုးမျှ မရှိ။
အနှောင်အဖွဲ့ရှိ၏။
လွတ်လပ်၏။
သံသရာ အတွင်း၌ရှိ၏။
သံသရာမှ လွတ်မြောက်၏။
အရသာများ ရှိ၏။
လွတ်မြောက်သည့် အရသာ တစ်ခုတည်းသာ ရှိ၏။
အာသာပြေမှု မရှိ။
အာသာပြေလျက်ရှိ၏။
ချိုးနှိမ်၍ ရ၏။(သံဝရ သဘောရှိ၏)
ချိုးနှိမ်၍ မရ။(အသံဝရ သဘောရှိ၏)
အကန့်အသတ်ရှိ၏။
အကန့်အသတ် မရှိ။
ခံစားခြင်း(ဝေဒနာ) နှင့် တပ်မက်ခြင်း (တဏှာ)တရားတို့ဖြင့် အီနေ၏။
ဝေဒနာနှင့် တဏှာတရားတို့မှ လွတ်မြောက်၏။
တကယ်မရှိ။( ပရမတ် မဟုတ်)၊ မမြဲ။
တကယ်ရှိ၏။(ပရမတ်)၊ မြဲ၏။
စကြာဝဠာသည် တကယ်မရှိ။
နိဗ္ဗာန်သည် တကယ်ရှိ၏။
ဆရာတော်။
(အထက်ပါအတိုင်း သင်ပုန်းကြီးပေါ် ၌ ရေးသားပြပြီးနောက်) ကဲဒကာကြီး ၊ အခု
ဦးပဉ္ဇင်း ရေးပြထားတဲ့ ဆန်းစစ်ချက်အရ နိဗ္ဗာန်ဆိုတဲ့ တရားဟာ တကယ်တမ်း
ရှိတယ်ဆိုတာကို လက်ခံနိုင်ရဲ့လား။
ဝါးလား။ နိဗ္ဗာန်ဆိုတဲ့
တရားဟာ တကယ်ရှိတယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ ဆရာတော် ရှင်းပြတဲ့
အချက်အားလုံးကို တပည့်တော် လက်ခံပါတယ်။ ဒါပေမယ့် သတ္တ၀ါတွေမှာ ဇာတိတရား
ချုပ်ငြိမ်းသွားရတယ် ဆိုတဲ့ အချက်ကိုတော့ တပည့်တော် ဦးခေါင်းထဲမှာ
မရှင်းသေးဘဲ ဖြစ်နေပါတယ် ဆရာတော်။
ဆရာတော်။ ဒါဖြင့် ဦးပဉ္ဇင်းက
ရှင်းပြရသေးတာပေါ့။ ဒကာကြီး၊ မွေးဖွားခြင်း(ဇာတိတရား) ဆိုတာဟာ သေခြင်းရဲ့
အကြောင်းတရားပဲ။ နိဗ္ဗာန်ရောက်ပြီးမှ သတ္တ၀ါ တစ်ဦးဦးဟာ ဖွားရဦးမယ်ဆိုရင်
ထိုသတ္တ၀ါဟာ သေရမှာ အမှန်ဖြစ်တယ်။ အဲဒီလို သေခြင်းတရား ရှိနေရင် နိဗ္ဗာန်ဟာ
မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ တရားတွေ ချုပ်ငြိမ်းရာ
တရားမဟုတ်တော့ဘူး။ မြစ်တစ်စင်းဟာ မြစ်ဖျားခံရာ ဒေသမှာ မွေးဖွားပြီးတော့
မြစ်ဝအထိဟာ ဒီမြစ်ရဲ့ တသက်တာ ဘ၀ပဲ။ ဒီနည်းတိုင်းပဲ သတ္တ၀ါ တစ်ဦးဦးရဲ့
ဘ၀တစ်သက်တာဟာ မွေးဖွားတဲ့ အခါက စပြီး သေတဲ့ အခါမှာ အဆုံးသတ်ရတယ်။ ဒါကြောင့်
နိဗ္ဗာန်ဆိုတဲ့ တရားထဲမှာ မွေးဖွားခြင်းဆိုတဲ့ တရားမရှိတော့ဘူး။
မွေးဖွားခြင်းနဲ့ သေခြင်းဟာ ကြိုးတချောင်းတည်းဘဲ။ အစတဖက်က
မွေးဖွားခြင်းဆိုတာဖြစ်ပြီး ကျန်အစ တဖက်က သေးခြင်းပဲ။ သည့်အပြင်
အချက်တချက်လည်း ရှိသေးတယ်။ အဲဒါက မွေးဖွားခြင်းနဲ့ သေခြင်းတို့ဟာ
ဒုက္ခတရားတွေလည်း ဖြစ်တယ်။ မြဲလည်း မြဲတဲ့ တရားတွေလည်း မဟုတ်ကြဘူး ဒကာကြီး။
ဝါလား။
ဆရာတော်ရဲ့ ရှင်းလင်းချက်ဖြင့် မွေးဖွားခြင်းနှင့် သေခြင်းတရားတို့
အကြောင်းကို တပည့်တော် ရှင်းရှင်းလင်းလင်း နားလည်ပါပြီ ဆရာတော်။
နိဗ္ဗာန်ဆိုတဲ့ တရားဟာလည်း မွေးဖွားခြင်း၊ သေခြင်းဆိုတဲ့ တရားတို့ရဲ့
ကင်းငြိမ်းရာ ဖြစ်တယ်ဆိုတာကိုလည်း သိမြင်နားလည်ပါပြီ ဆရာတော်။
ဆရာတော်။
အခု ဒကာကြီးက နိဗ္ဗာန်ဆိုတဲ့ တရားဟာ အဟုတ်အမှန် ရှိကြောင်းကို
ယုံယုံကြည်ကြည်နဲ့ လက်ခံပါပြီဆိုတော့ ဦးပဉ္ဇင်းက နိဗ္ဗာန်ဆိုတဲ့ တရားဟာ
ဘယ်နေရမှာ ရှိပါသလဲဆိုတဲ့ ဒုတိယ အဆင့်မေးခွန်းကို ဖြေကြားရဦးမယ်။
အထက်က
ဦးပဉ္ဇင်းရှင်းလင်းပြခဲ့တဲ့ အချက်အလက်များအရ နိဗ္ဗာန်ဆိုတဲ့ တရား
ကိန်းဝပ်ဘို့ရာ နေရာဌာနရှိလို့ မဖြစ်တော့ဘူး။ အကယ်၍ နေရာဌာန တစ်ခု
ရှိခဲ့လျှင် ထိုနေရာဌာနရဲ့ မူလ ဗီဇ တရားရှိရမယ်။ မူလဗီဇ တရားရှိတာနဲ့
တပြိုင်နက် ထိုတရားဟာ ပျက်စီး ချုပ်ငြိမ်းသွားရမယ်။ အမှန်ကတော့
နိဗ္ဗာန်ဆိုတဲ့ တရားဟာ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဆိုတဲ့
မဟာဘုတ်ကြီးလေးပါးနဲ့ ဘာမျှ မပတ်သက်ဘူး။ ကင်းလွတ်တယ်။
ဒီမဟာဘုတ်ကြီးလေးပါနဲ့ ကင်းလွတ်လိုက်တာနဲ့ တပြိုင်နက် ဘာတရားမျှ မရှိဘူး။
ဘာရုပ်ဝတ္ထုမျှ မရှိဘူး။ ဘာအသွင်သဏ္ဌာန်မှလဲမရှိဘူး။ ဘယ်နေရာဌာနမှလဲမရှိဘူး။
ဒီမဟာဘုတ်ကြီးလေးပါး စုပေါင်းဖြစ်ပေါ်ရတဲ့ တရားဟူသမျှမှာ
ပျက်စီးချုပ်ငြိမ်းရတာကြီးဘဲ။ ဘာပြုလို့လည်းဆိုတော့
စတင်ဖြစ်ပေါ်ခြင်း(ဇာတိ)၊တိုးတက်ဖွံ့ဖြိုးခြင်း၊ပျက်စီးယိုယွင်းခြင်း၊ချုပ်ငြိမ်းခြင်း
ဆိုးတဲ့ တရားတွေဟာ ဒီမဟာဘုတ်ကြီးလေးပါးတို့ရဲ့ မူလဗီဇကပါလာတဲ့
သဘောတွေဖြစ်လို့ဘဲ။ ဒါကိုကြည့်ခြင်းအားဖြင့် နိဗ္ဗာန်ဆိုတဲ့တရားတည်ရှိ
ဘို့အတွက် နေရာဌာနဆိုတာ မလိုဘူးဆိုတဲ့ အချက်ဟာ ထင်ရှားသွားပြီ ဒကာကြီး။
ဝါးလား။ ဒီလိုနှိဗ္ဗာန်တရားကိန်းဝင်ဘို့ နေရာဌာနရယ်လို့ မရှိရင်
ဒီတရားဟာ ဘယ်လိုလုပ်ပြီးရှိနိုင်ပါ့မလဲဘုရား။
ဆရာတော်။ ကဲဒါဖြင့်ရင် ဒကာကြီးကို ဦးပဉ္ဇင်းက ပြန်မေးရဦးမယ်။
ဝါးလား။ မှန်ပါ့ ဆရာတော်။
ဆရာတော်။ လောကမှာ “ဥာဏ်ပညာ” ဆိုတဲ့ တရားရှိပါသလား ဒကာကြီး။
ဝါးလား။ ရှိပါတယ် ဆရာတော်။
ဆရာတော်။ ဒကာကြီး ဒီ “ဥာဏ်ပညာ” ဆိုတဲ့ တရားကို မြင်ဖူးသလား။
ဝါးလား။ မမြင်ဖူးပါဘူး ဆရာတော်။ ဒီတရားဟာ မမြင်နိုင် မမြင်အပ်တဲ့ တရားပါ ဆရာတော်။
ဆရာတော်။ ဒါဖြင့်ရင် ဒီ “ဥာဏ်ပညာ” ဆိုတဲ့ တရားဟာ ရှိတယ်လို့ ဒကာကြီး ဘယ်လိုလုပ်ပြီး သိပါသလဲ။
ဝါးလား။ “ဥာဏ်ပညာ” ဆိုတဲ့ တရားကို စိတ်အာရုံနဲ့ သညာသဘောနဲ့ သိပါတယ် ဆရာတော်။
ဆရာတော်။ “ဥာဏ်ပညာ” ဆိုတဲ့ တရားဟာ အဘယ်အရပ် အဘယ်ဒေသမှာ ကိန်းဝပ်ပါသလဲ ဒကာကြီး။
ဝါးလား။
“ဥာဏ်ပညာ” ဆိုတဲ့ တရားဟာ ဘယ်နေရာ ဘယ်ဌာနမှ မကိန်းဝတ်ပါဘူး ဘုရား။
ဒါပေမယ့် အဲဒီတရားဟာ ပေါ်ပေါက်လိုက်၊ ပျောက်ကွယ်လိုက်၊ တဖန်ပေါ်ပေါက်လိုက်နဲ့
အစဉ်တစိုက် ဖြစ်ပျက်နေပါတယ် ဘုရား။
ဆရာတော်။ “လေ” ဆိုတဲ့တရားဟာ ရှိသလား။
ဝါးလား။ လေ ဆိုတဲ တရားဟာ ရှိပါတယ်။ ဒီလေဆိုတဲ့ တရား မရှိဘဲနဲ့ တပည့်တော်တို့ဟာ အသက်ရှင်မနေနိုင်ပါဘူး ဆရာတော်။
ဆရာတော်။ ဒကာကြီး လေကို မြင်ရသလား။
ဝါးလား။ မမြင်ရပါဘူး ဆရာတော်။ လေဟာ မြင်နိုင်တဲ့ တရားမဟုတ်ပါဘူး။
ဆရာတော်။ လေဟာ ရှိတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိအောင်လုပ်သလဲ ဒကာကြီး။
ဝါးလား။
လေကို တပည့်တော်ရဲ့ ခန္ဓာကိုယ်ရဲ့ အတွင်းမှာရော အပြင်မှာပါ လေရဲ့ အားကို
စမ်းသပ် တွေ့ထိခြင်းအားဖြင့် လေဆိုတဲ့ တရားဟာ တကယ်ရှိတယ်ဆိုတာ သိရပါတယ်
ဆရာတော်။
ဆရာတော်။ ဒါဖြင့် လေဟာ ဘယ်မှာ ကိန်းဝပ်နေသလဲ ဒကာကြီး။
ဝါးလား။ “ဥာဏ်ပညာ” ဆိုတဲ့ တရားလိုပါပဲ ဆရာတော်။ လေဟာလည်း အဆက်မပြက် ဖြစ်ပေါ်ကွယ်ပျောက်နေတဲ့ တရားပါပဲ ဘုရား။
ဆရာတော်။
“ဥာဏ်ပညာ” တို့ ၊ “လေ” တို့ ဆိုတဲ့ တရားတွေဟာ တကယ်တမ်း ရှိပါလျက်နဲ့
ဘယ်နေရာ ဘယ်ဒေသမှာ ကိန်းဝပ်လျက် ရှိတယ်လို့ မပြနိုင်သလိုဘဲ နိဗ္ဗာန်ဆိုတဲ့
တရားဟာလည်း တကယ်ရှိသော်လည်း ဘယ်နေရာ ဘယ်ဒေသမှာ ကိန်းဝပ်တယ်လို့ မပြနိုင်ဘူး
ဒကားကြီး။ “ဥာဏ်ပညာ” ဆိုတဲ့ တရားနဲ့ “လေ” ဆိုတဲ့ တရားတို့ တကယ်တမ်း
ရှိတယ်ဆိုတာကို အာရုံခံစားခြင်း၊ တွေထိခြင်း ဆိုတဲ့ သဘောတို့နဲ့သာ
သိနိုင်နားလည်နိုင်သလို နိဗ္ဗာန်ဆိုတဲ့ တရားဟာ တကယ်ရှိတယ်ဆိုတာကိုလည်း
အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရနေကြတဲ့ ပုဂ္ဂိုလ်များရဲ့ လောကုတ္တရာဥာဏ်၊
အာသ၀က္ခယဥာဏ်တို့ဖြင့်သာ သိမြင်နားလည်နိုင်တယ်။ ကဲ ဒကာကြီး ကြေနပ်ပြီလား။
ဝါးလား။
ကျေနပ်ပါပြီ ဆရာတော်။ “ဥာဏ်ပညာ” နဲ့ “လေ” ဆိုတဲ့ တရားတွေလိုပဲ
နိဗ္ဗာန်ဆိုတဲ့ တရားဟာ တကယ်ရှိသော်လည်း ဘယ်နေရာ ဘယ်ဌာနမှာ ကိန်းဝပ်တယ်လို့
ပြလို့ မဖြစ်နိုင်တာကိုလဲ သဘောပေါက်ပါပြီ ဆရာတော်။
ဆရာတော်။ ကဲ
ဒုတိယ ပြဿနာ ရှင်းသွားပြီ ဆိုရင် တတိယ ပြဿနာဖြစ်တဲ့ နိဗ္ဗာန်ဟာ
မည်သည့်တရားနဲ့ တူပါသလဲဆိုတဲ့ အချက်ကို ဆက်ရှင်း ကြရလိမ့်ဦးမယ်။
နိဗ္ဗာန်ဆိုတဲ့ တရားဟာ အထက်က ရှင်းပြခဲ့ သလိုပဲ ဒီလောကကြီးနဲ့ သတ္တိ၊
အရည်အချင်း၊ အသွင်အပြင်၊ ဂုဏ်လက္ခဏာတို့ မှစ၍ ဘယ်ဘက်ကမျှ မတူဘဲ လုံးလုံး
ဆန့်ကျင်နေတဲ့ တရား ဖြစ်နေလေတော့ နိဗ္ဗာန်ကို ယ္ခု တွေ့မြင်နေကြတဲ့
အရာဝတ္ထူတွေ ရုပ်ဝတ္ထူတွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်ပြလို့တော့ မဖြစ်ပေဘူး
ဒကာကြီးရဲ့။ ဒါပေမယ့် ဥပမာလေး တစ်ခုနဲ့ တော့ ရှင်းပြရလိမ့်မယ် ဒကာကြီး
နားထောင်ပေတော့။
ဝါးလား။ မှန်ပါ့ နာလျက်ပါ ဆရာတော်။
ဆရာတော်။
ရှေးက ဘုရင်ကြီးတပါးရှိသတဲ့။ ဒီဘုရင်ကြီးဟာ အခြားဘုရင် အဆူဆူ ကကြောက်ရွံ့
ရိုသေပြီး လက်ဆောင်ပဏ္ဏာတွေ ကြို့ရလောက်အောင် ဘုန်းတခိုး ကြီးသတဲ့။ ရွှေ ငွေ
ကျောက် သံ ပတ္တမြား တွေဆိုတာကလည်း ခန့်မှန်းရေတွက်လို့ မရနိုင်အောင်
ပေါသတဲ့။ စစ်သည်အင်အားကလည်း အလွန်ကြီးမားတောင့်တင်း သတဲ့။ သူ့ကို
လုပ်ကျွေးပြုစုကြတဲ့ မောင်းမ မိဿံကလည်း ထောင်သောင်းမကဘူးတဲ့။ အချက်အပြုတ်
အကျော်အမော်တွေကလည်း ရသာမျိုးစုံတဲ့ ခဲဘွယ်ဘောဇဉ် ချိုချဉ်ယမကာတွေကို
အမျိုးပေါင်း မရေမတွက်နိုင်အောင် စီမံပြီး ပွဲတော်များ ဆက်သကြရသတဲ့။ ဒီလို
အမျိုးမျိုးသော စည်းစိမ်ချမ်းသာတွေကို ခံစားစံစား နေရတဲ့ ဘုရင်ကြီးဟာ
တနေ့ကြတော့ ကုဋ္ဌနူနာရောဂါ စွဲကပ်လာသတဲ့။ ဒီရောဂါ စွဲကပ်လာတာနဲ့ တပြိုင်နက်
ဘုရင်ကြီးဟာ အထက်ကပြောခဲ့တဲ့ စည်းစိမ်တွေကိုလဲ မခံစားနိုင်တော့ဘူး။
မောင်းမမိဿံတွေနဲ့လဲ မပျော်ပါးနိုင်တော့ဘူး။ နောက်ဆုံး အာရုံငါးပါးမှာ
ဘယ်အာရုံမှ မခံစားနိုင်တော့ဘူး။ ဒီစက်ဆုတ်ရွံရှာဖွယ်ကောင်းလှတဲ့ ရောဂါအတွက်
အချိန်ရှိသ၍ရွေ့ စိတ်နှလုံး ဆင်းရဲနွမ်းရိနေရသတဲ့။ နောက်ဆုံးတော့
ဘုရင်ကြီးဟာ ကျန်းမာရေးနဲ့ ထီးနန်းစည်းစိမ်ကို လဲပစ်ရသည်အထိ ကျန်းမာအောင်
လုပ်မယ်ဆိုပြီး သံန္နိဋ္ဌာန်ချလိုက်သတဲ့။ အဲဒီလို သံန္နိဋ္ဌာန် ချပြီးတဲ့နောက်
“ဘယ်သူမဆို သူ၏ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်လိုရှိရင်
ထီးနန်းစည်းစိမ်နဲ့တကွ သူ့ရဲ့ ရတနာ ရွှေငွေတွေကိုပါ ဆုလာဘ်အဖြစ်နဲ့
ရလိမ့်မယ်” လို့ တိုင်းပြည်အတွင်း ကျေငြာလိုက်သတဲ့။ သူကိုယ်တိုင်ကတော့
ရောဂါဝေဒနာ ကင်းရှင်းသွားပြီး အရင်ကလို ကျန်းမာလာတာနဲ့ တပြိုင်နက်
ထီးန်းကို စွန့်ပြီး ရသေ့အသွင်နဲ့ တောရမှီနေတော့မယ်လို့ စိတ်ကို
ပိုင်းဖြတ်ထားသတဲ့။ ဒီလို ကျေငြာလိုက်တော့ တိုင်းပြည်အတွင်း အလွန်နာမည်
ထင်ရှားကျော်ကြားလှတဲ့ သမားတော်ကြီးတွေဟာ ဘုရင်ကြီးရဲ့ ရောဂါကို
လာရောက်ကုသကြသတဲ့။ ဒါပေမယ့် သမားတော်ကြီးများစွာဟာ ဘုရင်ကြီးရဲ့ ရောဂါကို
ပျောက်ကင်းအောင် မကုသနိုင်ကြရှာဘူးတဲ့။ နောက်ဆုံးသမားတော်ကြီး
တစ်ဆူရောက်လာပြီး ဘုရင်ကြီးရဲ့ရောဂါကို “သုံးလနဲ့ ပျောက်ကင်းအောင်
ကုသနိုင်ပါတယ်။ တကယ်လို့ သုံးလနဲ့ ပျောက်ကင်းရင်
အရှင်မင်းမြတ်ကတိထားတော်မူတဲ့ အတိုင်း ထီးနန်းကိုသာ ပေးပါ။ မပျောက်ကင်းရင်
ကျွန်တော်မျိုးရဲ့ ဦးခေါင်းကို ဖြတ်ပစ်ပါ ဘုရား ” လို့ လျှောက်ထားပြီး
ကုသတဲ့။
ဒီသမားတော်ကြီးဟာ တကယ့်ကို ကျွမ်းကျင်တတ်မြောက်တဲ့
သမားတော်ကြီးဆိုတော့ ပြောတဲ့အတိုင်းပဲ သုံးလလဲကြာရော ဘုရင်ကြီးဟာ
ပကတိအတိုင်း ကျန်းမာသွားသတဲ့။ ရောဂါနဲ့ ပတ်သတ်လို့ ဘာအငုတ်အရင်း မှ
မရှိတော့ဘူးတဲ့။ ဒါနဲ့ ဘုရင်ကြီးက သူ့ကတိအတိုင်း ထီးနန်းနှင့်တကွ ရတနာ ရွှေ
ငွေ တွေကို သမားတော်ကြီး လက်ထဲအပ်ပြီး တောထွက်ကာ ရသေ့ဘ၀နဲ့ သစ်တပင်ရင်း
ဝါးတပင်အောက်မှာ ကျောင်းသင်္ခမ်း ကလေး ဆောက်ပြီး တရားကျင့်နေသတဲ့။
သူ့ရဲ့စိတ်ဓာတ်ဟာလည်း ချမ်းသာသုခနဲ့ အလွန်ပြည့်စုံနေသတဲ့။ ဒီတော့
ဘုရင်ကြီးဟာ ထီနန်းစည်းစိမ်နဲ့တကွ ရတနာ ရွှေ ငွေ တွေထက် ကျန်းမာရေးဟာ
တကယ်ကြတော့ တယ်ပြီးအဖိုးတန်ပါကလားလို့ ကိုယ်တွေ သိမြင်နားလည်လာပြီး “ အော်
လောကတွင် ကျန်းမာခြင်းထက် အဖိုးတန်းတဲ့ ရတနာကား မရှိချေ တကား ” လို့
ဥဒါန်းကျူးလိုက်သတဲ့။
(ထို့နောက် ဆရာတော်က မစ္စတာ လက်ကဒါ ၀ါးလားအား)
ကဲဒကာကြီး
ကျန်းမာခြင်းဆိုတဲ့ တရားဟာ ဒီဘုရင်ကြီး ဥဒါန်းကျူးသလို လူတဦး တယောက်အား
စိတ်ဓာတ်အားဖြင့် ချမ်းသာသုခနဲ့ ပြည့်စုံအောင် ဖန်တီးနိုင်ရဲ့လား။ ဒီတရား
အမှန်ကော ရှိရဲ့လား။
ဝါးလား။ ဒီဘုရင်ကြီးပြောသလို တကယ်ဘဲ
လူတွေရဲ့ စိတ်ဓာတ်ကို ချမ်းသာသုခ ပေးနိုင်တဲ့ အဖိုးဖြတ်လို့ မရကောင်းတဲ့
ကျန်းမာခြင်းဆိုတဲ့ တရားရှိကြောင်းကို ကိုယ်တိုင်အတွေ့အကြုံနဲ့ ၀န်ခံပါတယ်
ဆရာတော်။
ဆရာတော်။ ကဲ ဒါဖြင့် ဒီကျန်းမာခြင်းဆိုတဲ့ တရားဟာ ဘယ်လိုပုံပန်း သဏ္ဌာန်ရှိတယ်ဆိုတာကို ပြောပြနိုင်ပါ့မလား။
ဝါးလား။
ဒီကျန်းမာခြင်းဆိုတဲ့ တရားမှာ အသွင်သဏ္ဌာန် ရုပ်ဒြပ် ရယ်လို့ မျက်စိနဲ့
ကြည့်လို့တော့ မမြင်ရပါဘူး ဘုရား။ ဒါပေမယ့် ဒီတရားရဲ့
အကျိုးကျေးဇူးကိုတော့ ဘယ်သူမျှ မငြင်းပယ်နိုင်ပါဘူး ဘုရား။
ဆရာတော်။
အဲ ဒကာကြီး ပြောတဲ့အတိုင်း ကျန်းမာခြင်းဆိုတဲ့ တရားဟာ တကယ်ရှိပြီး
ဒီတရားရဲ့ အကျိုးကျေးဇူးကို လူသားတွေဟာ ခံစာနေရသော်လဲ ဘယ်သူကမျှ
ကျန်းမာခြင်းဆိုတဲ့ တရားဟာ ဘာနဲ့ တူတယ်၊ ဘယ်လို ကိုင်တွယ်စမ်းသပ်လို့ ရတယ်၊
ဘယ်လို အဖိုးတန်တယ် ဆိုတာကို ကိုင်တွယ် ပြသလို့ မဖြစ်သလိုဘဲ
နိဗ္ဗာန်ဆိုတဲ့ တရားဟာလဲ စကြာဝဠာကြီးအတွင်းမှာ ရှိတဲ့ သတ္တ၀ါ အနန္တတို့
ခံစားနေကြရတဲ့ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း ဆိုတဲ့
ဆင်းရဲ ဒုက္ခတွေနဲ့ တကွ အခြားဒုက္ခတွေကပါ လွတ်ငြိမ်းအောင် ဖန်တီးနိုင်တာကတော့
မှန်ပါတယ်။ ဒါပေမယ့် ဒီနိဗ္ဗာန်ဆိုတဲ့ တရားဟာ ဖြူတယ်၊ ၀ါတယ်၊ နီတယ်၊
ညိုတယ်လို့လည်း ပြောပြလို့ မဖြစ်နိုင်ဘူး။ လုံးတယ်၊ ပြားတယ်၊ ရှည်တယ်၊
တိုတယ်လို့လည်း ပြောပြလို့ မဖြစ်ဘူး။ ဒီတရားကို ရတဲ့လူမှဘဲ ကိုယ်တိုင်
တွေ့ကြုံခံစားစားပြီး သိအပ်တဲ့ တရားပဲ ဒကာကြီးရဲ့။ ကဲ နိဗ္ဗာန်ဟာ ဘယ်လို
အဆင်းသဏ္ဌာန်နဲ့ ပြည့်စုံသလဲဆိုတဲ့ ဒကာကြီးရဲ့ ပုစ္ဆာနဲ့ ပတ်သတ်ပြီး ဒကာကြီး
ရှင်းသွားပြီလား။
ဝါးလား။ မှန်ပါ့ ဆရာတော်။ ယ္ခု ပြလိုက်တဲ့ ဥပမာနဲ့ဘဲ ရှင်းသွားပါပြီ ဆရာတော်။
၁၉၇၄ ခုနှစ် ပုံနှိပ်ခဲ့သော ဘိက္ခူအရိယဓမ္မ (B.A) ၏ ဗုဒ္ဓ ၀ါဒပြဿနာများ စာအုပ်မှ ကူးယူဖော်ပြပါသည်။
၂၄ ပစ္စည်း (၀ါ) ပဋ္ဌာန်းဒေသနာ...
zmo zmo | 11:24 AM | ဘာသာရေး | ရွတ်ဖတ်ပူဇော်ရန်
Print
PDF
ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
( ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ် )
အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
( တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြု၊ အာရမ္မဏခေါ် )
အဓိပတိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
( စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ် )
အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)
အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)
နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)
ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)
ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)
ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)
အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။)
ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)
ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)
အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)
ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)
ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)
မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)
သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)
ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)
အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)
နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)
ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)
အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)
ဣတိ၊
ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ
မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
မှတ်ချက်။ အရှင်သုနန္ဒာလင်္ကာရ မှမျှဝေပါသည်
အရိမေတ္တေယျဘုရားကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ...
zmo zmo | 11:22 AM | ဘာသာရေး
Print
PDF
ဒီပို့စ်လေးရဲ့ အမှားအမှန်များကို လွတ်လပ်စွာထောက်ပြဖေ၀န်နိုင်ပါသည်။
၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမမြတ်စွာဘုရား သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ
သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဠိပတ်သာသနာပြုတဲ့ ပုဂ္ဖိုလ်။
၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို
ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဖိုလ်။
၃။ မိခင်ဖခင်တို့ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ
ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဖိုလ်။
၎။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။
၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်
စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဖိုလ်။
၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဖိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဖိုလ်။
၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဖိုလ်၊
အရုဏ်ဆွမ်း နေ့ဆွမ်း လောင်လှူသော ပုဂ္ဖိုလ်။
၈။ ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့သော ပုဂ္ဖိုလ်။
၉။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဖိုလ်
အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊ အရိမေတ္တေယျဘုရားရှင်ကို
ဖူးမြော်ရပြီး နိဗ္ဖာန်ကိုရမယ်။
အရိမေတ္တေယျဘုရား
ကျွန်တော်တို့ဟာ တကယ်လို့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြမယ်ဆိုရင် ဟောဒီကမ္ဘာမှာ
နောင်ပွင်တော်မူမဲ့ မြတ်စွာဘုရားအကြောင်းကို သိချင်ကြမယ်လို့ထင်ပါတယ်
တချို့လည်း သိပြီးဖြစ်နေကြမှာပါ မသိရသေးတဲ့ သူတွေအတွက်
ဒီပိုစ့်လေးကိုတင်လိုက်တာပါ ဒီမေးလ်လေးကို ပို့ပေးတဲ့ အရှင်ဝိမလ၀ံသကို
အထူးကျေးဇူးတင်ပါသည်ဘုရား။ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင် ကို
ရှိခိုးကန့်တော့လိုက်ပါတယ် ဘုရား
ကျွန်တော်တို့ နေထိုင်သောဟောဒီကမ္ဘာမှာဘုရားငါးဆူပွင့်မယ်လို့
မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူးပွင့်ထွန်းပြီးပါပြီ
နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။
ဗုဒ္ဓဘာသာတိုင်းရဲ့ ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ်
“အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး
ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗာန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။”
အဲဒီအတွက် ကျွန်တော်တိုဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်း လိုက်လုပ်ဖို့
လိုပါတယ် …သုံးချက်ထဲပါ
၁။ မကောင်းမှု ကိုရှောင်ရမယ် ။
၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်နေရမယ် ။
၃။ စိတ်ကို ဖြူစင်အောင်ထားရပါမယ် ။
ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ
သီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရ
အရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂတ်ကာလမှာ
အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော် မူပါတယ်။
အရိမေတ္တေယျဘုရားလောင်းက တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း
ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာရှိနေမယ်။
နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း
အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက်
ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင်
ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။
ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-
(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ
အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်-
၁၀၀အထက်)
(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း
(၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ
(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး
(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီးခုနစ်ရက်သာနေရခြင်း
ပဋိသန္ဓေယူုခြင်း
ကေတုမတီပြည်………..သင်္ခစကြဝတေးမင်းနှင့်တိုင်ပင်ကြံစည်ဘက်ကိုးကွယ်ရာဖြစ်သော
အတိတ် အနာဂတ်ကိုသိမြင်နိုင်ပြီးပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော
သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။
ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော်
ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင်
သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက်
မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူ
တစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော် ၁၈
ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။ အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။
ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး
ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။
ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး “ယခုဘဝကား
ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ အာသဝေါကင်းသည်
ဖြစ်သောကြောင့်ငြိမ်းအေးလတံ္တ့”
ဟူသောစကားကိုအရပ်လေးမျက်နှာကိုကြည့်ပြီးပြောဆိုလိမ့်မယ်။
ပြာသာဒ်လေးဆောင်ပေါ်လာခြင်း
အဇိတမင်းသားလောကစည်းစိမ်ခံစားဖို့ရာနေမင်း၏ရောင်ခြည်ကဲ့သို့လူသားတွေမျက်စိဖြင့်စိန်းစိန်းမကြည့်ဝံ့တဲ့
အရောင်တလက်လက်ဖြင့်
ရတနာအရောင်ထွန်းလင်းပြောင်တဲ့တင့်တယ်ခံ့ညားသောပြာသာဒ်လေးဆောင်ပေါ်ပေါက်လာလိမ့်မည်။ပြာသာဒ်လေးဆောင်ကို
တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့တိုက်ခန်းက ခုနစ်ထောင်စီ
တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသောနဝရတ်ကိုးပါးနဲ့ ပြည့်စုံသော
ပလ္လင်ခုနစ်ထောင်စီ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ
ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက
ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀
ရှိမယ်။ ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။
ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကား
မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး
ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။
ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း
တစ်ထောင်ဖြင့် မောင်းနှင်ရသောရထားခုနစ်ရာ
မောင်းမပေါင်းတစ်သောင်းခြောက်ထောင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ
ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ဖြင့်ဖျော်ဖြေကြလိမ့်မည်။
အဇိတမင်းသားအိမ်ထောင်ပြုခြင်း
အချိန်တန်လို့အရွယ်ရောက်တဲ့အခါ
စန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း
သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား
စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့
နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ
အရောင်တဝင်းဝင်းထိန်နေမယ်။
အရိမေတ္တေယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ
ရှင်ဘုရင်မဟုတ်ဘဲနဲ့
အဇိတမင်းသားဘဝလောက်ရှိတာတောင်မှသင်္ခစကြဝတေးမင်းနှင့်တကွ
မြို့ပေါင်းရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေနတ်သားတွေက
ဝေယျဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။
အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ
ဆင်မြင်းရဲမက်ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။
သားတော်ဖွားမြင်ခြင်း
အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ
အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့
သားယောကျာ်းလေးမွေးဖွားလိမ့်မယ်။
နိမိတ်လေးပါးမြင်ခြင်း
ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့
ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း
နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေရလာပြီးတော့
တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့်မည်။ ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇)
မှာပြဆိုထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကို မြင်ရပြီး
သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။
ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။ အဇိတမင်းသား
တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ
အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော
ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေး
သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး
နေကြလိမ့်မယ်။ နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ
ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ်
မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံခြံရံခစားနေကြလိမ့်မယ်။ လူ့ဘဝ
ကာမဂုဏ်ထဲမှာပျော်အောင်ဖြေဖျော်နေကြတာ။
အဇိတမင်းသားတောထွက်တော်မူခြင်း
အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ
တိုင်းသူပြည်သား လုတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက်
ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့
နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ
မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွ
စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့
ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။
တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ
ဘုရားလောင်းတန်ခိုးတော်ကြာင့်လည်းကောင်း
စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့
တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာင်္မင်းပျံသကဲ့သို့
ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့်
တောထွက်သွားကြလိမ့်မယ်။ နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း ကောင်းကင်ယံ ဟသာင်္ပျံ
ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။
သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု
သုံးကြိမ်ခေါ်ပြီးလိုက်မယ်။ သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်။
တုသိတာနတ်သားက ပတ္တမြားယပ်ကိုကိုင်ပြီးလိုက်မယ်။ ပဉ္စင်္သိခနတ်သားက
စောင်းကိုကိုင်မယ်။ လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။
နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်။
နတ်သမီးတွေက ရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့
နတ်တို့၏ တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော
ဆီမီးကိုကိုင်မယ်။ ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က
စောင်းတီးပြီးလိုက်မယ်။ ဟသာင်္ပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့
လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့
ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့
ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။
အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ။
ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ
ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို
ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။
စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ပြည့်စုံတဲ့
နွားနို့ဆွမ်းလှုလိမ့်မယ်။
သဗ္ဗညုတဥာဏ်ရသည့်အချိန်
ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး
ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့
ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ်
ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကိုကြည့်ပြီး နတ်ပရိသတ်နဲ့
လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့ရန်ကိုအောင်မြင်လိမ့်မယ်။ ညဉ့်ဦးယံမှာ
ပုဗ္ဗေနိဝါသနုဿတိဥာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ်ကိုရမယ်။
မိုးသောက်ယံအချိန် အာသဝက္ခယဥာဏ်တွေရပြီးတော့
နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး
သဗ္ဗညုတဥာဏ်ကိုရမယ်။
ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့
အတောင်ခုနစ်ဆယ်ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။
ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကိုဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။
ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး
ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ
ကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။
ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တိုင်း သတ္တဝါတိုင်း
ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။ ဗြဟ္မာမင်းက
တရားဟောရန် တောင်းပန်ခြင်း အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ
သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ
ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်းအစဉ်အလာအရ
ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။ ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက
ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။
ဘုရားမပွင့်မီ ဗာဟိရကာလမှ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း
ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။ တလောကလုံးက
အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု
ညွှတ်တွားကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို
အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု
ယူလိုက်တာလို့ခေါ်တယ်။
ဓမ္မစကြာတရားဟောကြွခြင်း
ဗြဟ္မာမင်းထံမှ တရားဟောရန်ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့
ဓမ္မစကြာတရားဟောဖို့ရန်ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ
မြေကြီးကိုခွင်းပြီး အတောင်သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး ၂၄ တောင်ရှိတဲ့
ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။
လူပရိသတ် ရှစ်ယူဇနာ နတ်ပရိသတ် စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံး
အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော်
ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း
နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။
ဘုရားရှင်၏တန်ခိုးတော်
ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း
ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့်
ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက်သည်
ဓမ္မစကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင်
နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီးနေမယ်။
အရိမေတ္တေယျဘုရား နေသန့်စင်သောအခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီး
ရတနာသုံးပါးနှင့်ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့
ရွှေမဏ္ဍပ်ကြီးပေါ်ပေါက်လိမ့်မယ်။ ဘုရားရှင်တန်ခိုးတော်ကြောင့်
မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ
ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာဟောမယ်ဆိုရင် အိမ်ပေါက်ဝ
ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ မြို့မှာဟောမယ်ဆိုရင် မြို့မှာ
တောမှာဟောမယ်ဆိုရင် တောမှာ စတဲ့ ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး
အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ လိုက်ပါနေမှာ။
ရုပ်မြင်သံကြားမေတ္တေယျဘုရား
အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ်
အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့
တရားဟောအသံကိုကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်။
ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း
မရဘူး။ မကြားချင်လို့နားပိတ်ထားလည်းမရဘူး။
ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ ဘုံအကာအရံမရှိ
ဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး
ဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့
ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင်
အကုသိုလ်တွေပြုရဲဖို့မရှိတော့ဘူး။
အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောကျာ်းဆိုရင် နတ်သားလို
မိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချော
အင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။
အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ
အိမ်ထောင်ပြုကြလိမ့်မယ်။ ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ ပြဿနာမရှိ
ကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်။
အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက်
ခြေကျင်းစသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ။
ရွှေမဝတ်နိုင်တဲ့သူမရှိဘူးတဲ့။ စားစရာပဒေသာပင်တွေမှာ
ယူစားချင်တဲ့အချိန်ယူစားလို့ရတယ်။ ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်လည်း
ဘာရောဂါမှကိုမရှိဘူး။ နေ့ညခွဲမရ အရိမေတ္တေယျဘုရားရှင်ရဲ့
တန်ခိုးတော်ကြောင့် ကမ္ဘာလောကြီးဟာ နေ့အခါ ညအခါရယ်လို့မရှိ နေ့ရောညပါ
အမြဲတမ်းလင်းထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း
ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး နေ့ညခွဲယူရလိမ့်မယ်။
ပရိနိဗ္ဗာန်စံမည့်အရွယ် မြတ်စွာဘုရားရှင်ဟာ
ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော ပရိသတ်တို့ကို
ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ
ပရိနိဗ္ဗာန်စံဝင်လိမ့်မယ်။ ဒါပေမယ့် သာသနာတော်က
အနှစ်နှစ်သိန်းခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင်
ပျက်ပြီး ကမ္ဘာတစ်သိန်းကာလလုံး ဘုရားမပွင့်တော့ဘူးတဲ့။ ဘုရားမပွင့်တဲ့
ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ ဥတ္တရာမမင်းသည်
ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မယ်။ ပသေနဒီကောသလမင်းက ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။
အဲဒီ မဏ္ဍကမ္ဘာမှာဘုရားနှစ်ဆူပွင့်ပြီးပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး
အဘိဘူဘုရားတစ်ဆူသာပွင့်လိမ့်မယ်။ သာရကမ္ဘာပျက်ပြီး
ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ
ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား၊ သုဘလုလင်
တောဒေယျပုဏ္ဏား ၊ နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့ အစဉ်အတိုင်း
ဘုရားဖြစ်လိမ့်မယ်။ အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ်
ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ ကိုယ်တိုင်
ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ်
မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း
ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ် မိခင်ဖခင်ကျေးဇူးရှင်တွေကို
ဝတ်ကျေတမ်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ်
သရဏဂုံသီလမပြတ်ဆောက်တည်သောပုဂ္ဂိုလ် ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး
စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ်
အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ် ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ်
ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ် ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ်
တံတာြး့ပုပြင်သောပ္ဂိုလ် အရုဏ်ဆွမ်း နေ့ဆွမ်းမပြတ်လောင်းလှုသောပုဂ္ဂိုလ်
ရဟန်းတို့အားပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှုဒါန်းသောပုဂ္ဂိုလ်
ကမ္မဌာန်းဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်…. အဲဒီ
ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲ
အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။ အဲဒါက
ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။
အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့…..
မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည်
ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း
စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို
ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍
ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို
မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား
အရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်။
Wednesday, July 20, 2011
နိဗ္ဗာန်အကြောင်းသိချင်လျှင်...
zmo zmo | 3:05 PM | နိဗ္ဗာန် | ဘာသာရေး
အဲဒီလို မိမိတို့တစ်ခါမှမရောက်ဖူးသည့်ေ
သို့သော် စာရေးသူအား မိမိတို့ဗုဒ္ဓဘာသာဝင်များ၏ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်အကြောင်းကို မေးလာသဖြင့် နိဗ္ဗာန်ကိုရောက်အောင်ကြိုးစားခဲ
စာရေးသူအား မေးထားတဲ့ မေးခွန်းလေးကတော့
ကျနော်တစ်ခုလောက်မေးချင်ပါတယ်။ နိဗ္ဗာန်ဝင်တော့မဲ့ အရိယာပုဂ္ဂိုလ်တစ်ယောက်သည် သှုပရိနိဗ္ဗာန်ပြုခါနီးမှာ နိဗ္ဗာန်ကိုကြိုပြီး မြင်ရပါသလား။ ဘယ်လိုမြင်ရပါသလဲ။ ဘာကြောင့်နိဗ္ဗာန်လို့ပြောနိင်တာ
ခုမေးထားတဲ့ မေးခွန်းများကို အစအဆုံးနားလည်အောင် ဘယ်လိုပြုလုပ်လျှင် ဘယ်လိုရမယ်၊ ဘယ်လိုမြင်မယ်၊ဘယ်လိုခံစားရတယ်
ပထမဦးဆုံး နိဗ္ဗာန်ကို သိမြင်ခံစားရောက်ရှိဖို့ရန်အတွ
အဲဒီလိုခန္ဒာကိုယ်ဆက်မဖြစ်တော့တဲ
ရဟန္တာပုဂ္ဂိုလ်သည် စုတိစိတ်ကျပြီးတဲ့နောက် နောင်ခန္ဓာ နောင်ဇာတိတွေမရတော့ဘဲ ဒုက္ခသိမ်းလို့ ဒုက္ခငြိမ်းသွားပါတယ်။ ပုထုဇဉ်များစုတိစိတ်ကျပြီးရင်ေ
ရဟန္တာပုဂ္ဂိုလ်စုတိပြီးနောက် ဘယ်ကြွသွားလဲဆိုရင် သူ့ဒုက္ခတွေ သူ့မဂ်ဉာဏ်နဲ့ သူသိမ်းသွားပြီး ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်သွားပါတယ်။ ဒုက္ခသဘောမှ သုခသဘောသို့ သက်ရောက်သွားတာ၊ ဒုက္ခချုပ်၍ သုခပေါ်လာတာကို နိဗ္ဗာန်လို့ ခေါ်ဆိုရပါတယ်။ ပုထုဇဉ်ကတော့ ဒီဘ၀ အသေဒုက္ခပြီး အနေဒုက္ခနဲ့ ပြန်ဆက်ရတယ်။ ရဟန္တာပုဂ္ဂိုလ်က ဒုက္ခသိမ်းတဲ့ပုဂ္ဂိုလ်၊ ပုထုဇဉ်က ဒုက္ခဆက်တဲ့ပုဂ္ဂိုလ်ပါ။ ဒါကြောင့် ဦးဇင်းတို့သတ္တ၀ါများသည် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရအောင်လုပ်နေကြခြင်း
နိဗ္ဗာန်ဘယ်မှာရှိသလဲဆိုတာကို ရှင်းလင်းထင်မြင်အောင် ဥပမာလေးနဲ့ ပြောပြပါမယ်။ မီးလောင်းနေတဲ့အခါ လောင်းနေတဲ့မီးတွေငြိမ်းသွားလျှ
တဖန် နိဗ္ဗာန်ချမ်းသာနဲ့ပတ်သတ်ပြီး ဘယ်လိုဒုက္ခငြိမ်းခြင်းတွေ ခံစားရသလဲဆိုတာကိုလည်း ဦးဇင်း ဥပမာလေးနဲ့ ပြောပြပေးပါမယ်။ ကင်ဆာရောဂါကဲ့သို့ ဆင်းရဲခြင်းဒုက္ခများစွာ ခံစားနေရသော လူနာတစ်ယောက်သည် သူ့ဒုက္ခများကို မခံစားနိုင်တဲ့အခါ ဆရာဝန်ဖြစ်သူက သူ့အား ချမ်းသာမှုလေးအနည်းငယ်တော့ ရပါစေဆိုပြီး အိပ်ဆေးထိုးပေးလိုက်ပါတယ်။ အဲဒီလူနာဟာ အိပ်ဆေးထိုးပေးလိုက်တဲ့အချိန်
ဒါပေမဲ့ သူနိုးလာတဲ့အချိန်မှာတော့ အနာရောဂါရဲ့ နာကျင်မှုဒုက္ခတွေ ခံစားရပြန်ပါတယ်။ ဒါ့ကြောင့် ကိလေသာများကုန်အောင် လုပ်ထားတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဘယ်လိုငြိမ်းချမ်းမှုချမ်းသာကို ခံစားရသလဲဆိုရင် လူနာအိပ်ဆေးထိုးထားတဲ့အချိန်၌ ခံစားမှုမရှိဘဲ ဆင်းရဲဒုက္ခတွေငြိမ်းနေတဲ့ ချမ်းသာမှုမျိုးကို နိဗ္ဗာန်ချမ်းသာလို့ ဥပမာတင်စားပြောရပါမယ်။ ဒါက အားလုံးနားလည်အောင် ဥပမာနှိုင်းယှဉ်ပြီး ရေးလိုက်ရတာပါ။ နိဗ္ဗာန်ချမ်းသာဟာ ဒီထက်မက သာလွန်မှာတော့ အမှန်ပါပဲ။ ဒီလောက်ဆို မေးထားတဲ့ မေးခွန်းများထဲက နိဗ္ဗာန်ကို ကြိုတင်မြင်နိုင်သလား၊ ဘယ်လိုမြင်ရတာလဲဆိုတာ နားလည်လောက်မည် ထင်ပါတယ်။
သတ္တ၀ါတိုင်းဟာ ဆင်းရဲဒုက္ခအမျိုးမျိုးမှ ချုပ်ငြိမ်းရာကိုတော့ လိုချင်ကြပါလိမ့်မည်။ အဲဒီလို လိုချင်လျှင်တော့ ဆင်းရဲဒုက္ခတွေငြိမ်းပြီး ချမ်းသာမှုသာရှိတဲ့ နိဗ္ဗာန်ကိုရအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုမလုပ်ဘူးဆိုရင်တော့ ဆင်းရဲဒုက္ခတွေ ဆက်တိုက်ဖြစ်ပျက်နေတဲ့ သံသရာစက်ဝိုင်းကြီးထဲမှာ ကျင်လည်ကျရဦးမှာပါ။ ဒါ့ကြောင့် အားလုံး ဒုက္ခတွေထပ်မဖြစ်အောင် ကိုယ့်ဒုက္ခသူများဒုက္ခရောက်မည့်
အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။
မဂ္ဂင်(၈)ပါးတရားတော်...
zmo zmo | 10:01 AM | ဘာသာရေး
Print
PDF
မဂ္ဂင်(၈)ပါးတရားတော်များကို လွယ်ကူသည်ဟု ဝေဖန်ကြသော တခြားဘာသာဝင်များ သိရင်အလို့ငှာ (၀ါ) မသိသေးသော ဗုဒ္ဓဘာသာဝင်များ သိစေရန်အလို့ငှာ တင်ပြအပ်ပါသည်။
မဂ္ဂင်(၈)ပါးတရားတို့မှာ-
သမ္မာ ဒိဋ္ဌိ ( ကောင်းစွာယုံကြည်ခြင်း)
သမ္မာ သင်္ကပ္ပေါ ( ကောင်းစွာကြံစည်ခြင်း)
သမ္မာ ၀ါစာ( ကောင်းစွာပြောဆိုခြင်း)
သမ္မာ ကမ္မန္တော (ကောင်းစွာပြုမူခြင်း)
သမ္မာ အာဇီဝေါ(ကောင်းစွာအသက်မွေးခြင်း
သမ္မာ ၀ါယါမော(ကောင်းစွာအားထုတ်ခြင်း)
သမ္မာ သတိ (ကောင်းစွာသိရှိခြင်း)
သမ္မာ သမာဓိ (ကောင်းစွာတည်ကြည်ခြင်း) တို့ဖြစ်လေသည်။
မြတ်စွာဘုရားရှင်ဟောကြားတော်မူ
၁။ မှန်စွာယူခြင်း
(က) အလုပ်နှင့် အလုပ်၏အကျိုးပေးကို လက်ခံယုံကြည်ရန်။
(ခ) မနာလို၊ မကျေနပ်မဖြစ်ရန်၊ မုဒိတာပွားရန်။
(ဂ) ၀န်တို၊ ကပ်စေးနဲမလုပ်ရန်၊ ၀န်မတို၊စေတနာထားရန်။
(ဃ) ဆိုဆုံးမခက်ခြင်းမလုပ်ရန်၊ ဆိုဆုံးမလွယ်ခြင်းလုပ်ရန်။
(င) အယူသည်းခြင်းမလုပ်ရန်၊ အယူမသည်း အမှန်ကိုလက်ခံရန်၊ ဒုက္ခ သမုဒယ နိရောဓ မဂ္ဂ သစ္စာ များကို သိမြင်အောင် လုပ်ရန်။
၂။ မှန်စွာကြံခြင်း
(က)သူပျက်ရန်ကြံ/ကိုယ်ပျက်ရန်ြ
(ခ) ဒေါသထွက်ခြင်း မလုပ်ရန်၊ သနားခြင်းလုပ်ရန်။
(ဂ) ရန်ငြိုးဖွဲ့ခြင်းမလုပ်ရန် (ခွင့်လွှတ်)မေတ္တာထားခြင်းလုပ်
(ဃ) သူကျေးဇူးကို ချေဖျက်ခြင်း မလုပ်ရန်၊ ကိုယ့်ကျေးဇူးကို ချေဖျက်ခြင်း လုပ်ရန်။
၃။ မှန်စွာပြောခြင်း
(က) ဆဲဆိုမပြောရန်၊ သာသာလေးပြော၊ ကောင်းကောင်းပြောရန်။
(ခ) ကုန်းတိုက်မပြောရန်၊ ချီးမွမ်းပြောရန်။
(ဂ) အနှစ်မဲ့စကားမပြောရန်၊ အနှစ်ရှိစကားပြောရန်။
(ဃ) လိမ်လည်မပြောရန်၊ အမှန်ပြောရန်။
(င) မိမိအပြစ်ကို ဖုံးကွယ်လှည့်ပတ် မပြောရန်၊ သူ့အပြစ်ကို တတ်နိုင်သရွေ့ ဖုံးကွယ်ပေးပြီး ပြောရန်။
၎။ မှန်စွာပြုခြင်း
(က) ညှင်းဆဲခြင်း မပြုရန်၊ ကြင်နာခြင်း၊ ယုယခြင်းပြုရန်။
(ခ) သတ်ခြင်းမပြုရန်၊ ကယ်တင်ခြင်းပြုရန်။
(ဂ) မေထုန်မှုပြုခြင်း(မူးယစ်သာယြာ
(ဃ) ဂုဏ်ကြီးသူနှင့် ဖက်ပြိုင် (အရိုအသေမပြုနိုင်) ခြင်းမပြုရန်၊ ဂုဏ်ကြီးသူနှင့် မဖက်ပြိုင် (အရိုအသေပြု) ခြင်းပြုရန်။
(င) သူတစ်ပါးကို အထင်သေးခြင်း၊ နှိမ့်ချခြင်းမပြုရန်၊ သူတစ်ပါးကို ဂုဏ်ဖော်ပေးခြင်း ပြုရန်။
(စ) မိတ်ဆွေတုနှင့် ပေါင်းခြင်းမပြုရန်၊ မိတ်ဆွေစစ်နှင့် ပေါင်းခြင်းပြုရန်။
၅။ မှန်စွာအသက်မွေးခြင်း
(က) ခိုးယူခြင်းမပြုရန်၊ ပေးကမ်းခြင်းပြုရန်။
(ခ) သူ့ဥစ္စာကို ရရန်ကြံခြင်းမလုပ်ရန်၊ ကိုယ့်ဥစ္စာကို ရရန်ကြံရန်။
(ဂ) မှားစွာအလုပ်လုပ် (စီးပွားရှာ)ခြင်း မလုပ်ရန်၊ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုခု၌ ကျွမ်းကျင်ခြင်း ပြုရန်။
(ဃ) အလုပ်တာဝန်မကျေခြင်းကို မလုပ်ရန်၊ အလုပ်တာဝန်ကျေခြင်းကို လုပ်ရန်။
၆။ မှန်စွာအားထုတ်ခြင်း
(က) အကြားအမြင်နည်းအောင် အားမထုတ်ရန်၊ အကြားအမြင်များအောင် အားထုတ်ရန်။
(ခ) ၀ိပဿာနာပညာမဲ့ (အကျိုးအကြောင်းမသိ) အောင် အားမထုတ်ရန်၊ ၀ိပဿနာပညာရှိ (အကျိုးအကြောင်းသိ) အောင် အားထုတ်ရန်။
(ဂ) ကုသိုလ်ပြု၍ရသည်ကို မပြုအောင် အားမထုတ်ရန်၊ အကုသိုလ်ပြု၍ ရသည်ကို မပြုအောင် အားထုတ်ရန်။
(ဃ) ဘ၀တာဝန်မကျေခြင်းကို မလုပ်ရန်၊ ဘ၀တာဝန်ကျေခြင်းကို လုပ်ရန်။
၇။ မှန်စွာ သတိရှိခြင်း
(က) ပျင်းရိခြင်းမလုပ်ရန်၊ တက်တက်ကြွကြွနေရန်။
(ခ) စိတ်ပျံ့လွင့် သတိနည်းပြီး ထိုင်းမှိုင်းခြင်း မလုပ်ရန်၊ စိတ်ကိုစုစည်း သတိကြီးကြီး လန်းဆန်းအောင် လုပ်ရန်။
(ဂ) သတိမေ့လွယ်ခြင်း မလုပ်ရန်၊ ရုပ်၊ စိတ်၊ ဝေဒနာ ၊သဘောတရား လေးမျိုးကို သတိရှိနေအောင် လုပ်ရန်။
(ဃ) မှားစွာသိခြင်း (အသိမှားခြင်း) မလုပ်ရန်၊ အဖြစ်မှန်သိအောင် လုပ်ရန်။
(င) မှားစွာ စားခြင်းမလုပ်ရန်၊ မှန်စွာစားခြင်းပြုရန်။
(စ) မှားစွာအိပ်ခြင်းမပြုရန်၊ မှန်စွာအိပ်ခြင်း ပြုရန်။
၈။ မှန်စွာစိတ်တည်ခြင်း
(က) ဟန်ဆောင်ပလွှား(အလွန်အထင်ကြီး) ခြင်းမပြုရန်၊ အရှိအတိုင်း ရိုးရိုးသားသား (နှိမ့်ချပုံမှန်)နေရန်။
(ခ) တင်းကြပ်လွန်းခြင်း မလုပ်ရန်၊ တင်းသင့်သည်ကိုသာ တင်းခြင်းလုပ်ရန်။
(ဂ) လျော့လွန်းခြင်း မလုပ်ရန်၊ လျော့သင့်သည်ကိုသာ လျော့ခြင်းလုပ်ရန်။
(ဃ) ကြံစည်ခြင်း၊ သုံးသပ် ဆင်ခြင်ခြင်းမရှိ မပြုရန်၊ ကြံစည်ခြင်း၊ သုံးသပ်ဆင်ခြင်ခြင်း ရှိအောင် ပြုရန်။
(အောင်မြေဘလော့မှ ကူးယူမှီငြမ်းပါသည်။)
Monday, July 18, 2011
ထေရ၀ါဒနှင့်မဟာယာန ကွာခြားချက်...
zmo zmo | 2:20 PM | ဘာသာရေး
Print
PDF
ထေရ၀ါဒ နှင့် မဟာယာနဆိုတာ တူမယောင်နဲ့ တော်တော်ကွဲပြားပါတယ်... ဒါကြောင့် လက်ရှိ ထေရ၀ါဒ ဗုဒ္ဓဘာသာတွေအယူသည်းနေတာတွေ ကြောက်လို့ကိုးကွယ်နေတာတွေဟာ မဟာယာနက လာတယ်ဆိုတာ ပြောပေါင်းလည်းမနည်းပါဘူး... ပြင်တာမပြင်တာကတော့ စာဖတ်သူအပိုင်းပါပဲ...
မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့်
ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း
တိုင်းတပါးကို ရောက်လာ
တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊
နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့
လိုအပ်လာတယ်၊ စာရေးသူတို့ ဘုရားသားတော် ရဟန်းတွေမှာတောင်
မြန်မာပြည်မှာတုံးက မလိုအပ်ဖူးလို့ ထင်ခဲ့မိတယ်၊
အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ်
ကိုးရီးယား ဂျပန်လူမျိုးတွေကို တွေ့လာ၇တဲ့ အခါမှာတော့
သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊ သူ့တို့ဘာသာကို အစအဆုံး ဘုရား
တရားက အစ လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာလူမျိုး
သိက္ခာတော်တော်ကျနေပြီ၊ သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို
မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊ သူတို့နဲ့ စကားပြောလို့
အနိုင်လိုချင်၇င် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ (
နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။
အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာ မဟာယာန ဗုဒ္ဓဘာသာ ဆိုတာ
တရုတ်ဘုန်းကြီးကျောင်းတွေမှ
ာသာ ရှိတာမို့ ရဟန်းသံဃာတွေရော ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလိုက်ပါတယ်၊
ထေရ၀ါဒ ဗုဒ္ဓဘာသာ - မည်ပုံ
ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈ )ခုနှစ်
ကဆုန်လပြည့်နေ့မှနောက် ၃ လလွန်မြောက်ပြီးသောအခါ အရှင်မဟာကဿပဦးဆောင်သော
ရဟန္တာမထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏ တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊
ထုတ်နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း
တသွေမတိမ်း ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။
အချုပ်အားဖြင့်
ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ
ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း
သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ
( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု
မှတ်နိုင်ပါသည်။
ဒုတိယ သင်္ဂါယနာ
မြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်
တပည့်များ )မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည့်
အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ်
ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက်
ကိုင်တွယ်အသုံးပြုနိုင်တယ် —
စသဖြင့် တောင်းဆိုခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်အား
ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် ထိုရန်သူတို့အား ကာကွယ်ရန် ဒုတိယအကြိမ်
သင်္ဂါယနာတင်ရပြန်သည်။
(၂) သာသနာနှစ် (၁၀၀)နှစ်
(၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် (၈) လ
အရှင်ယသ၊
အရှင်ရေ၀တ အရှင်သဗ္ဗကာမီ ဦးဆောင်သော ၇ဟန္တာများ ဝေသာလီပြည်၌
သင်္ဂါယနာတင်နေစဉ် ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊ မင်းပရိသတ်ထု၊
ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊ ထိုရဟန်းပျက် များကာ
တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။
ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်
ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။
ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော အင်အားရှိသဖြင့်
မဟာသံဃိကဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာန၀ါဒ ဖြစ်လာသည်။
ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀၀ )အဖွဲ့အား ဟီနယာနဂိုဏ်း
သေးငယ် သောဂိုဏ်း ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။
ထိုဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ ငါတို့က ရွာရဲ့
မြောက်ပိုင်းမှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလို
မပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း မဟာယာန ၀ါဒီ တို့သည် ဟီနယာန ဟု
သုံးစွဲခဲ့ကြလေသည်၊
အိန္ဒိယ
တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာ(ထေရ၀ါဒ)
ဟုလည်းအလွယ်တကူ မှတ်နိုင်ပေသည်။ ယခုအချိန်အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊
ကမ္ဘောဒီယား၊ လာအို နိုင်ငံတို့တွင် သာသနာထွန်းကားနေဆဲမို့ ထေရ၀ါဒ ၅
နိုင်ငံ ဟု အများက အသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။
မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည် မြောက်ပိုင်း ဟိမ၀န္တာကနေ
ပြန့်ပွားခဲ့သောကြောင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟု
မှတ်နိုင်သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အအတောအတွင်း မဟာယာန ၀ါဒ
စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်၊ မဟာယာနတို့၏ Saddharma Pundarika Sutra
သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjuna
နာဂဇုန သည် သူ၏ သုညတ၀ါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်၊ အေဒီ ၎
ရာစုလောက်တွင်တော့Asanga အသင်္ဂ နှင့် Vasubandhu ၀သုဗန္ဓု တို့ လက်ထက်တွင်
မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင် ပြန့်ပွားခဲ့သည်ဟု
ဆိုရပါမည်။
( မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ )
ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန သည် တရုတ်ပြည်၊ တိဗက်၊
ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန် စသော တောင် အာရှ
နိုင်ငံများအထိ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ပြန့်ပွားခဲ့သည်၊
ထိုနိင်ငံတို့တွင် ထေရ၀ါဒ ဘာသာ အားကောင်းစွာ ပျံ့နှံ့သည်ဟူ၍
မကြားဖူးခဲ့ပေ။ အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန်
ကိုးရီးယား တို့၏ ဘာသာရေး အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း၊ ဖယောင်းတိုင်
အမွှေးတိုင် ထွန်းခြင်း သေသူအား ရည်စူးကာ စက္ကူများအားမီးရှို့ ပြာချခြင်း
စသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပ
တူညီနေကြပေသည်။
ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာ
နောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များ
အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊ တချို့အရက်သောက်ကြတယ်၊ တချို့က
မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်၊ တချို့က မစားကြဘူး၊ ဒါကြောင့်
ယခုအချိန်မှာ ကိုးရီးယား ဂျပန် ဘုန်းကြီးတော်တော်များများဟာ
အိမ်ထောင်ရှိကြတယ်၊ အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့
နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့
မကြားမိပါဘူး၊ ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့
ယူဆ၇မှာပါ။ သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲ
ဘုရားရှင်လက်ထက်တော်အခါကတည်းက
အရှင်ဒေ၀ဒတ်က တောင်းဆု ငါးပါးထဲမှာ ရဟန်းတော်များသက်သက်လွတ် စားဖို့
သိက္ခာပုဒ်ပညတ်တော်မူပါဘုရား - ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က
ခွင့်မပြုခဲ့ဘူး။
အရင်းစစ်တော့ အမြစ်မြေက - ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒ
ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မ၀ါဒက နေ ဆင်းသက်လာတာမို့
အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။
လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်
ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -
၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊
၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။
မဟာယာန ဘာသာတွင်လည်း -
Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊
Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊
Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။
ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊
(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။
Mahayana and Theravada
Now, what is the difference between Mahayana and Theravada?
I have studied Mahayana for many years and the more I study it, the
more I find there is hardly any difference between Theravada and
Mahayana with regard to the fundamental teachings.
1- Both accept Sakyamuni Buddha as the Teacher.
2- The Four Noble Truths are exactly the same in both schools.
3- The Eightfold Path is exactly the same in both schools.
4- The Paticca-samuppada or the Dependent Origination is the same in both schools.
5- Both rejected the idea of a supreme being who created and governed this world.
6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.
အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ
ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား
ဖြစ်နေတယ်။
ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ
ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့်
ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။
ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်
သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။
ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊
မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ
နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊
သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ
ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။
ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊
ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊
နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊
ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ
ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။
(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဥာဏ်သည် ဘယ်လိုအကြောင်း
ကြောင့်မှ မပျက်စီးနိုင်တော့ပေ။
(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး၊
(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။
ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။
မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊
အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော
တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို
ရောက်နေပါပြီ။ စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ
ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ
တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ —
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M A ( ပန်းကမ္ဘာ )
ကိုးကား —
စူဠ၀ါပါဠိတော်
အနတ္တလက္ခဏသုတ်တော်
ဖားအောက် တရားတော်








