HAZY LIFE

 ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ အသက်သွေးကြောဖြစ်သော သရဏဂုံဆောက်တည်ခြင်း အကြောင်းကို ဖော်ပြလိုက်ပါတယ်...။

ဘုရား တရား သံဃာ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်ခြင်းသည် သရဏဂုံတည်ခြင်း ဖြစ်ပါသည် ။ သရဏဂုံတည်ခြင်း အကျိုး (၅) မျိုးရှိပါတယ်။

(၁) ဘယ - ဘေးရန်ကင်းရှင်း စေပါသည် ။

(၂) သန္တာသ - ကြောက်ရွံမှု ပူလောင်မှု မှန်သမျှကို ပျောက်ကင်းစေပါသည် ။

(၃) ဒုက္ခ - ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းကိုလည်း ပျောက်ကင်းစေပါသည် ။

(၄) ဒုဂတိ - အပါယ်လေးဘုံ ကျရောက်မည့် ဘေးကိုလည်း ပယ်ပျောက်စေပါသည် ။

(၅) ပရိကိလေသ - မိမိစိတ်၏ ညစ်နွမ်းမှု မှန်သမျှတွေကိုလည်း ပယ်ပျောက်စေပါသည် ။

သရဏဂုံ ဆောက်တည်ရခြင်းအကြောင်း ကတော့ လေးမျိုးရှိပါတယ်။

(၁) မိမိကိုယ်တိုင် ယုံကြည်မှု မရှိပဲ အမျိုး အမှတ်ဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမမြောက်ပါ ။

(၂) ဘေးအန္တရာယ်ကို ကြောက်သောအားဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမမြောက်ပါ ။

(၃) လာဘ် လာဘ ကိုမျှော်ကိုးပြီး ကိုးကွယ်ခြင်းဟာလည်း သရဏဂုံမမြောက်ပါ ။

(၄) မြတ်သောအလှူကိုခံတော်မူထိုက်သောအားဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမြောက်ပါတယ် ။

အပေါ်က ရေးသားထားတဲ့ သရဏဂုံဆောက်တည်ရခြင်းအကြောင်း လေးမျိုးထဲက မိမိတို့ ဘယ်ကိုးကွယ်မှုထဲမှာ ပါတယ်ဆိုတာကို ဆင်ခြင်နိုင်အောင် ရေးသားဖော်ပြလိုက်ပါတယ်ခင်ဗျာ..မှန်ကန်တဲ့ ကိုးကွယ်ခြင်းနဲ့ သရဏဂုံမြဲတဲ့ သူတော်ကောင်းများဖြစ်ကြပါစေ...။

Categories:

Leave a Reply