HAZY LIFE

နေ့ စဉ်မြင်တွေ့ ကြားနာ ပြောဆိုနေကြရသမျှ တွင်သရဏီယတရား( ၆-ပါး) အားစွဲကိုင်၍သတိ ဆောင်နိုင်ကြမည်ဆိုပါအကျိုးတရား များပြားလှပြီး လူဘ၀နေထိုင်မှူ အတွက်ထောက်အကူများ စွာရှိကြောင်း ကျင့်ကြံ သူတိုင်း သိရှိကြပေမည်။

" သရဏီယ" ပါဠိစကား၏မြန်မာအနက်မှာစက္ကန့် တိုင်း(သို့ )အချိန်တိုင်းသတိတရရှိခြင်းဟု အနက်ပြန်သည်။ "သရဏီယ" တရားတော်မှ ချစ်ခင်နှစ်လိုဖွယ် အရည်အသွေး( ၆-မျိုး)ကိုဗုဒ္ဓတရား တော်လာအတိုင်း၊ ဗုဒ္ဓကိုပမာ စံထားရေးသား သွားပါမည်။

သရဏီယ တရားစွဲမြဲသူတိုင်း ကိုချစ်ခင်နှစ်လိုသူ ပေါများကြပြီး၊ ထိုသူရောက်မလာနိုင်သော အရပ်တွင်သူသာရှိလျှင် ကောင်းလိမ့်မည်ဟု တမ်းတကြရ စမြဲဖြစ်သည်။ အဆိုပါပုဂ္ဂိုလ် နှင့်တွေကြုံဖူးသူ တိုင်းကမကြာမကြာ သတိတရရှိ နေကြပေလိမ့်မည်။ လူမှူဆက်ဆံရေးဖြင့် အဓိကရပ်တည်ထား သောလူသား၏ သဘောသဘာဝအတိုင်း မိမိကိုအမှတ်ရ နေခြင်းကို ဆန္ဒရှိလိုကြပေမည်။

စီးပွားရေး၊ လူမူရေး ၊ပညာရေး မည်သည့်နယ်ပယ် အသိုင်းအ၀န်းအတွက်မဆို လူထုအများ ၏ချစ်ခင်ကြည်ညိုလေးစားခြင်း မခံရသော သူများသည်အောင်မြင်မှူ အစစ်အမှန်ကို ချဉ်းကပ်နိုင် မည်မဟုတ်ပေ။ စစ်မှန်သောအောင်မြင်မှူ၏ ဇစ်မြစ် တည်တံ့မွေးဖွားရာသည် " သရဏီယ "တရားမှာ သာအခြေပြုကြပေသည်။

ရိုသေလေးစားမှူတွင် ချစ်ကြောက်ရိုသေ နှင့်မုန်းကြောက်ရိုသေ နှစ်မျိုး အနက် "သရဏီယ" တရား ဖြင့်ပြည့်စုံသူများ ရရှိသော ရိုသေလေးစားမှူမျိုးမှာ ချစ်ကြောက်ရိုသေဟု သတ်မှတ်ရပေမည်။

မိမိလုပ်ငန်းကိစ္စများ အတွက်အခြားသူတို့ ၏ လိုလားစွာ ပူးပေါင်းမူများစွာလိုအပ်ပါက သရဏီယ တရားသည် အကောင်းဆုံး စည်းရုံးရေးဖြစ်သည်။ ချစ်ခင်ရင်းနှီးသူများအကြား ငြင်းခုံမှုမဖြစ်စေရန်ထိန်းကွပ် ပေးနိုင်သော အကောင်းဆုံးနည်းလမ်းကောင်း လည်းဖြစ်ပေသည်။ ညီညွတ် မျှတမှူများ ကို ရှေးရှုစေသော အကောင်းဆုံးကျင့်စဉ်မည်၏။အလွန်ကောင်းမြတ်လှသော ဗုဒ္ဓသြ၀ါဒတစ်ခုအဖြစ် သရဏီယ တရား( ၆-ပါး)ကိုအစဉ်တိုင်း ပြောမည်ဆိုပါက-

(၁) ချစ်ခင်မြတ်နိုးဖွယ် ကိုယ်အမူအရာရှိခြင်း
(၂) ချစ်ခင်မြတ်နိုးဖွယ် နှူတ်အမူအရာရှိခြင်း
(၃) ချစ်ခင်မြတ်နိုးဖွယ် လိုက်လျှောတတ်ခြင်း
(၄) ချစ်ခင်မြတ်နိုးဖွယ် မျှတဝေဖန်မှူရှိခြင်း
(၅) ချစ်ခင်မြတ်နိုးဖွယ် ကိုယ်ကျင့်သိက္ခာရှိခြင်း
(၆) ချစ်ခင်မြတ်နိုးဖွယ် အသိပညာရှိခြင်းတို့ ပင်ဖြစ်ပါသည်။

Categories:

Leave a Reply