HAZY LIFE



ရသမျှ အချိန်တွေ အားလုံးနီးနီး ဖြစ်ညစ်ရေးထားရတဲ့ စာအုပ်လေးတစ်အုပ်တော့ ပြီးသွားပါပြီ... vote ကိုလေးစားတဲ့အနေနဲ့ တကယ့်ကို vote အတိုင်းပဲ လုပ်မယ်လို့ ဆုံးဖြတ်ထားတာပါ... ebook လုပ်ဖို့ vote များတဲ့အတွက် ebook အရင်ဆုံးတင်လိုက်ပါတယ်... နောက်ပိုင်းမှာ post အနေနဲ့လည်း ထပ်တင်သွားပေးပါ့မယ်...အားလုံး စာမျက်နှာ ၉၃ မျက်နှာတည်းပါတာပါ... ၉၃ မျက်နှာအတွက် ညဘက်တွေလည်း တော်တော် အိပ်ရေးပျက်ခဲ့ရပါတယ်... သမိုင်းတွေမှားသွားမှာစိုးတဲ့စိတ်... စေတီပုထိုးဘုရားတွေအကြောင်းမှားမှာ စိုးတဲ့စိတ်နဲ့ စာအုပ်တွေလည်း တော်တော်ဖတ်ပြီးမှ ရေးခဲ့ရတာပါ... အမှန်အတိုင်းပြောရင် အရင်စာအုပ်တွေကို ကျွန်တော် သိပ်ပြီး စိတ်မပူဘူး... ဘာလို့လဲဆိုတော့ ဘုရားတစ်ဆူ စာအုပ်တစ်အုပ် အဲလိုရေးခဲ့တာကိုး... အားလုံးကလည်း စာမျက်နှာ ၂၀ ထက်မပိုဘူး... ကျွန်တော့်အတွက်လည်း သမိုင်းကြောင်း လက်လှမ်းမှီတဲ့ ဘုရားစေတီတွေဖြစ်တော့ မခက်ခဲ့ဘူး... ဒါပေမယ့် အခု မြောက်ဦးခရီးစဉ် စာအုပ်ကတော့ ကျွန်တော် စိတ်တော်တော်လေးလည်း ပင်ပန်းရသလို တော်တော်လည်း စိတ်ပူရတယ်...
ကိုယ့်ဗုဒ္ဓဘာသာရဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်တာကတစ်ကြောင်း... ကျွန်တော်ပုဂ္ဂိုလ်ရေး ခံစားချက်အရ... ဘာသာရေး နဲ့ လူမျိုးရေး မှာ ကျွန်တော်လေးစားရတဲ့ အစွမ်းသတ္တိတွေနဲ့ ပြည်စုံနေတဲ့ ရခိုင်သူရခိုင်သားအားလုံးရဲ့ သမိုင်းဝင် သာသနာ့နယ်မြေ ဖြစ်နေတာကတစ်ကြောင်း... အဲဒါတွေကြောင့် စိတ်ပူပင်ခဲ့ရတာလည်းပါပါတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော့် ဒီဆိုဒ်လေးမှာ လူတွေ လာရောက်လည်ပတ် ကြတာ တစ်နေ့တစ်ခြားများလာတဲ့အတွက် ကျွန်တော် စာအုပ်တွေရေးရတာလည်း အားရှိပါတယ်... ဗုဒ္ဓဘာသာအတွက်ဆိုရင်လည်း လက်မနှေးကြတဲ့ ဆရာတော်အရှင်သူမြတ်တွေ... သူငယ်ချင်းမိတ်ဆွေတွေ... ဒီဆိုဒ်မှာရော... ဖေ့ဘုတ်မှာရော... G+ မှာပါ... မားမားမတ်မတ်တည်ရှိနေကြတဲ့အတွက်... ကျွန်တော် ဘာလုပ်လုပ် အင်အားရှိနေတာ အမှန်ပါ... မှားလည်း အားမနာတမ်းထောက်ပြမဲ့သူတွေရှိနေသလို မှန်လည်း အားပေးမဲ့သူတွေ ရှိနေတဲ့အတွက်
ကျွန်တော် အပင်ပန်းခံရကျိုးနပ်မယ်ဆိုတာ မျှော်လင့်ပြီးသားပါ... အားလုံး အဆင်မပြေတာရှိရင် ပြောပေးကြပါဦး.. ကျွန်တော် ဒေါင်းလုပ်လုပ်နည်းလေးပါ
ထည့်ရှင်းပြပေးထားပါတယ်... Mirrorcreator (multiupload) ကနေ ဒေါင်းလုပ်ဘယ်လိုဆွဲမလဲဆိုတာ Mirrorcreator ထဲက mediafire နဲ့စမ်းပြထားပါတယ်...

Download Link များ...

MirrorCreator (multiupload)
ifile.it
Mediafire
Google Docs
Scribd

မျှားပြထားတဲ့ နေရာတွေကနေ နှိပ်ပြီးဒေါင်းနိုင်ပါတယ်...
Mirrorcreator ထဲကိုရောက်နေပါပြီ... အဲဒီအမှားပြထားတာတွေကို မနှိပ်ပဲ အောက်ကိုသာ ဆက်ဆင်းသွားပါ...
Click Here ဆိုတာတွေနဲ့ နှိပ်ပြီးသွားနိုင်ပါတယ်... ကျွန်တော် Mediafire ကိုနှိပ်လိုက်ပါပြီ...
နောက်ထပ် Tab တစ်ခုပွင့်သွားပြီး အခုလို http://www.mediafire.com/xxxxxx..x.xx.. အဲလိုပေါ်ပါမယ်... နှိပ်လိုက်ပါ...
ဒီအဆင့်ရောက်ပြီဆိုရင် download (12.82 MB) ဆိုတဲ့ စာသားကို နှိပ်လိုက်ရင် ပြီးပါပြီ...




ifile မှ ဒေါင်းလုပ်လုပ်နည်း... (ညီနေမင်း)
z share မှ ဒေါင်းလုပ်လုပ်နည်း... (ညီနေမင်း)
ziddu မှ ဒေါင်းလုပ်လုပ်နည်း... (ညီနေမင်း)

အားလုံးပဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်... အဆင်မပြေတာတွေရှိရင်လည်း ၀င်ရောက် comments ပေးသွားကြပါလို့...

သူငယ်ချင်းများအားလုံးရဲ့...

ဇင်မျိုး...

9 Responses so far.

  1. Direct Link Download:
    http://199.91.154.106/w93kogrj23gg/7du5x6crryyz9ta/Mrauk_Oo.pdf

    အစ်ကိုရေကျွန်တော်အားပေးနေပါတယ်..နောက်လည်းဗုဒဘာသာနဲ့ပတ်သက်တဲ့တရားစာဘုရားစာတွေ
    ထပ်တင်ပေးပါဦးဗျာ....
    ကျေးဇူးတင်ပါသည်

  2. ပထမဆုံး ကွန့်မန့်ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်... ကျေးဇူးလည်းတင်ပါတယ်ဗျာ...

  3. ဒေါင်းသွားပါပြီဇင်မျိုးရေ
    အကုန်ဖတ်ပြီးရင်အကြောင်းပြန်ပါမယ့်

    ခင်မင်လျှက်

    ဒိုးကန်

  4. အိမ်တွေလိုက်လှည့်ကြော်ငြာတုန်းရှိသေးတယ် မကြီးဒိုးကန် ရောက်လာတယ် ကျေးဇူးပါဗျာ...

  5. ရောက်တယ်နော်တစ်ခါထဲဖတ်ဖြစ်တယ် ဒီနေ့အားနေလို့
    ဒေါင်းသွားသေးတယ်----
    ကောင်းတယ် ရခိုင်ဗုဒ္ဓ သူငယ်ချင်းတွေများတယ် ခုလက်ရှိရောပဲ သူတို့မသိတာလားစကားမစပ်လို့လားမသိဘူး မပြောမိဘူးလေ
    ခုတော့ အစုံအလင်သိရလို့ကျေးဇူးပါရှင်
    ကျွန်မဘလော့ကို ဒုတိယမြောက်ကွန်မက်ရေးခဲ့တာ မမေ့ပါဘူးမှတ်ထားပါတယ်
    ခင်မင်တဲ့ sis jasmine

  6. ကျေးဇူး မဂျက် ရေ... reader ကနေပဲ ထိုင်ဖတ်နေတာများတော့ ၂ ပတ်တစ်ခါလောက်ပဲ ဘလောခ့်တွေ ၀င်ဝင်လည်ဖြစ်နေတယ်... အခြေအနေပေးရင် ပြန်ဖြန့်ဝေပေးပါဥိးဗျ...

  7. Anonymous says:

    ဒေါင်းသွားပြီဗျာ..ဗဟုသုတရအောင် အပင်ပန်းခံပြုစုပေးတဲ့စေတနာကိုလေးစားမိပါတယ်

  8. ကျေးဇူးအများကြီးတင်ပါတယ် ကိုစွယ်စုံ ရေ...

  9. ကျေးဇူးတင်ပါတယ်ရှင်တကယ်ကိုရောက်သွားသလိုခံစားမိပါတယ်
    မသိတာလေးတွေလည်းသိခွင့်ရပါတယ်...
    တနေ့တော့ရောက်အောင်သွားအုံးမယ်
    ကျေးကျေးပါ

Leave a Reply