Wednesday, April 02, 2025

HAZY LIFE


“ဒီကိုယ်တော်ကြီးက ဒုလ္လဘကြီးပါကွာ”၊ ဒီဦးဇင်းက ဒုလ္လဘရဟန်း ခနဝတ်တာ”။
ဒုလ္လဘရဟန်းများအပေါ်တွင် အထင်သေးသည့်လေသံဖြင့် မိမိတို့ကိုယ်တိုင်ပြောဆိုဖူးကြပေလိမ့်မည်၊
သို့တည်းမဟုတ် သူတစ်ပါး ပြောဆိုတာကို ကြားဖူးကြပေလိမ့်မည်။ တကယ်တော့ ဒုလ္လဘဆိုသောစကား
လုံးမှာ လေးနက်လွန်းလှပေသည်။ တန်းဘိုးရှိလှပါသည်။ မဖြစ်နိုင်သေးတဲ့အရာ၊ ခက်ခဲတဲ့အရာတွေကို ရရှိဖြစ်တည်နေ၍ဒုလ္လဘဟုခေါ်ဆိုရခြင်းဖြစ်သည်။ဘုရားပွင့်ဖို့၊လူဖြစ်ဖို့၊ရှင်ရဟန်းဖြစ်ဖို့၊သဒ္ဓါတရားစစ်စစ်ဖြစ်ဖို့၊
သူတော်ကောင်းတရားတွေ ကြားနာရဖို့ ဆိုတာ တကယ်ပင်ခက်ခဲလှပါသည်။ ထိုခက်ခဲသောဒုလ္လဘတရားငါးပါးထဲတွင် ခေတ္တခနဝတ်သောရဟန်းတော်သည်ပင် ဒုလ္လဘတရားလေးပါးကိုပိုင်ဆိုင်ထားသူဖြစ်ပါသည်။ အပျော်ဝတ်၊ အပျင်းပြေဝတ်မဟုတ်ဘဲ သာသနာစိတ် ဘာသာစိတ်ဖြင့် ရဟန်းဝတ်သော ဒုလ္လဘများကို များစွားလေးစားကြည်ညိုသင့်ပါသည်။ ကိုယ်မလုပ်နိုင်တဲ့အရာကို ပြုလုပ်နိုင်၍ ဝမ်းမြောက်ဝမ်းသာကြည်ညိုသင့်ပါသည်။
ခနဝတ်တဲ့ရဟန်း၊ ဒုလ္လဘရဟန်းဟု အထင်မသေးသင့်ပါ။
မလေးရှားရောက်မြန်မာတွေအနေဖြင့်နှစ်စဉ်ဆိုသလို အလုပ်ရက်ရှည်ပိတ်သောတရုတ်နှစ်ကူးမှာ ဒုလ္လဘရဟန်းဝတ်ခွင့်ရကြပါသည်။ မြန်မာဘုန်းကြီးကျောင်းများ များစွားရှိနေခြင်းကလည်း အလုပ်ပိတ်ရက်မှာရဟန်းဝတ်ဖို့ အခွင့်အရေးတစ်ခု ရရှိနေခြင်းဖြစ်ပါသည်။ တစ်နှစ်ပတ်လုံး လောကဓံအလုပ်တွေကြားမှာနေထိုင်လာခဲ့သည့်မိမိတို့ဘဝလေးကို ဘာသာရေးအရိပ်ဖြင့် ခနတာလွှမ်းခြုံခွင့်ရကြပါသည်။ ဘာသာရေးသည် ကိုယ်ဆင်းရဲမှုဒုက္ခ၊စိတ်ဆင်းရဲမှုဒုက္ခတွေကို
အေးငြိမ်းအောင်ပြုလုပ်ပေးတတ်ပါသည်။ ဘယ်နေရာပဲရောက်ရောက် ဘာသားရေးနဲ့ မကင်းသင့်ပါ။ မဆိုင်သလို မနေသင့်ပါ။ဆရာများက ရှေ့သွားဖြောင့်လျှင် ဒကာများက နိုင်သည့်ဝန်ကိုထမ်းပြီး တည့်တည့်မတ်မတ်လိုက်သင့်ပါသည်။ဆရာများကလည်းဒကာများအပေါ် စေတနာရှေ့ထားပြီး ဖြောင့်ဖြောင့်တန်းတန်းသွားသင့်
ပါသည်။ ဘာမှမလုပ်ရင် ဘာမှမဖြစ်နိုင်ပါ။ အလုပ်လုပ်ဖြစ်မှသာ အကောင်းအဆိုးအကြောင်းအကျိုးတွေကို
လက်တွေ့ခံစား သိရှိနိုင်ပြီး ဘဝသင်္ခန်းစာတွေ အများကြီးရရှိနိုင်မှာဖြစ်ပါသည်။ ဘဝသင်္ခန်းစာတွေအများ
ကြီးရမှ ဘဝတိုးတက်မှာသေချာပါသည်။ ကိုယ်လုပ်လိုက်တာ အဆင်ပြေတယ်ဆိုလျှင် နားထင်သွေး
မရောက်ဖို့၊ အဆင်မပြေဘူးဆိုလျှင် စိတ်ဓာတ်မကျဖို့လိုပါသည်။ အဆင်ပြေမှု မပြေမှုသည် အလုပ်လုပ်
ခြင်း၏ ရလဒ်ဖြစ်ပါသည်။ ကောင်းတာတွေလုပ်တဲ့အခါမှာ အဆင်မပြေ၍ စိတ်ဆင်းရဲစရာများ ကြုံရတတ်
ပါသည်။ အနှောက်အယှက်များ ဝင်လာတတ်ပါသည်။ ဒီလိုအဆင်မပြေမှုမျိုးကို လောကနိယာမဟု သဘောထားနိုင်ရပါမည်။ ကျော်လွှားနိုင်ရပါမည်။ ဒီလိုကျော်လွှားနိုင်မှသာ မိမိလုပ်သောအလုပ်သည် အောင်မြင်မှုရမှာသေချာပါသည်။ အောင်မြင်မှုရဖို့ဆိုတာကလည်း စေတနာကောင်းအရင်းခံဖို့ လိုပါသည်။စေတနာကောင်းနဲ့အလုပ်လုပ်လျှင် မအောင်မြင်နိုင်စရာ အကြောင်းမရှိပါ။
ဒီနှစ်မိမိကျောင်းမှာ ဒုလ္လဘရဟန်း(၃၄)ပါး၊ကိုရင်(၃)ပါးဝတ်ကြပါသည်။ မဟာစည်ဆရာတော်ကြီး၏

နည်းနာနိဿယအတိုင်း(၂၃)ရက်နေ့မှစတင်ပြီး(၂၇)ရက်နေ့အထိစတုတ္ထအကြိမ်မြောက်(၅)ရက်တရားစခန်း
ဖွင့်လိုက်ပါသည်။ ပြီးခဲ့သည့်နှစ်တွေက ဒုလ္လဘရဟန်းဆယ်ပါးကျော်ကျော်လောက်နဲ့
သာတရုတ်နှစ်ကူးကို ကုန်လွန်ခဲ့ပါသည်။ မိသားစုတရားစခန်းလေးသဖွယ်သာ ပြုလုပ်ခဲ့ပါသည်။ပုထုဇဉ်
ခေါင်းဆောင်မှန်သမျှ မိမိ၏အခြံအရံပရိသတ် များပြားချင်သည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။မိမိသည်လည်း
အခြံအရံပရိသတ်ဒကာ ဒကာမများပြားတာကို အလိုရှိပါသည်။ သို့သော် မိမိနေထိုင်ရသောနေရာသည်
လူမျိုးခြား ဘာသာခြားတို့၏ နေရာဌာနဖြစ်နေ၍ အစစအရာရာ သတိထားရပါသည်။ နားလည်မှုနဲ့သီတင်းသုံးနေထိုင်ရသောနေရာတွေဖြစ်၍ကောင်းတာလုပ်တာမှန်ပေမယ့် ကောင်းကျိုးထက်ဆိုးကျိုးကပိုများလာမလားဆိုတာကို အမြဲတမ်းစဉ်းစားရပါသည်။ဘာသာခြားတွေကသံဃာတွေအများ
ကြီးကို မျက်မွှေးများစူးမလား၊ တရားဓမ္မအသံတွေကို နားညံတယ်လို့များ ပြောလားမလားလို့
တွေးတောရပါသည်။ ပူပန်ရပါသည်။ ဘာသာခြားတိုင်းပြည်ဖြစ်၍ ပရိသတ်များအောင်လုပ်
ဆောင်ကြသော ခေါင်းဆောင်များလည်း ဒုက္ခရောက်ခဲ့ကြဖူးပါသည်။ ရှေ့ရေးကိုကြည့်ပြီး
အရင်နှစ်တွေက သံဃာ့ပရိသတ်အနည်းအကျဉ်းကိုသာ လက်ခံခဲ့ခြင်းဖြစ်ပါသည်။

ဖေ့ဘုတ်မှ ကူးယူဖော်ပြပါသည်...။

Leave a Reply