HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

 
ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။

၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။

၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ ရှိခဲ့ပါသည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။

၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။

ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။

ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။

ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။ ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။

ဂင်းနစ်ဘီယာကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။

ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု ဖြစ်ကြပါသည်။

၎င်းအငြင်းအခုံမှာ
မည်သည့် ငှက်သည် အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားပါသည်။

ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။

စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့်နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။

၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များ ကိုရယူပြီး စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။

ပြီးနောက် ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။

ယခုအခါ ထိုစာအုပ်သည် ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။ တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။

ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကို စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။ ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။

ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။

အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။

ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ

 
‘မင်္ဂလာတရား’ ဆိုသည်မှာ ‘ကောင်းသောတရား’ ဟု ဘာသာပြန်ပါက သင့်တော်ပေမည်။ မင်္ဂလာတရားသည် တိုးတက်ကြီးပွား ချမ်းသာများခြင်း၏ အကြောင်းဖြစ်၏။ အလုံးစုံသော မကောင်းမှုကို ပယ်ဖျောက်တတ်သောကြောင့် မင်္ဂလာဟု ခေါ်ပါသည်။

၁)         ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး
၂)         နေရေး ထိုင်ရေး မင်္ဂလာ ၃-ပါး
၃)         သင်ကြားရေး မင်္ဂလာ ၄-ပါး
၎)         ၀တ္တရားကျေပွန်ရေး မင်္ဂလာ ၃-ပါး
၅)         လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄-ပါး
၆)         ရှောင်ကြဉ်ရေး မင်္ဂလာ ၄-ပါး
၇)         စိတ်ထားပြည့်ဝရေး မင်္ဂလာ ၅-ပါး
၈)         သည်းခံရေး မင်္ဂလာ ၄-ပါး
၉)         ခြိုးခြံရေး မင်္ဂလာ ၄-ပါး
၁၀)       စိတ်ဓါတ်ကြံ့ခိုင်ရေး မင်္ဂလာ ၄-ပါး

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊ ကောင်းကျိုးစည်ပွင့် တဝေေ၀။
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရ ကျိန်းသေမလေ။
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလပန်းခိုင်တွေ။

မှတ်ချက်။
၁-မှ ၃၂-အထိ လောကီ မင်္ဂလာ။ ကျန် ၆-ပါး လောကုတ္တရာ မင်္ဂလာ။
၁-မှ ၃၃-အထိ အကြောင်း မင်္ဂလာ။ ကျန် ၅-ပါး အကျိုး မင်္ဂလာ-ဟု မှတ်ပါ။


( ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး )
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( နေရေး ထိုင်ရေး မင်္ဂလာ ၃-ပါး )
ကုသိုလ်ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( သင်ကြားရေး မင်္ဂလာ ၄-ပါး )
တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။

 
မြန်မာ ပြက္ခဒိန် စံနစ် ၏ မူလအရင်းခံသည်  အိန္ဒိယ ပြက္ခဒိန်စံနစ်ကို အခြေခံပါ သည်။ ရှေးမြန်မာ ဘုရင်များ လက်ထက်တွင် အိန္ဒိယမှ နက္ခတ္တပညာ ရှင်များ မြန်မာပြည်တွင်း ဝင်ရောက် အခြေချရာမှ မြန်မာ နှင့် ကိုက်ညီသည့် ပြက္ခဒိန် စံနစ်တစ်ခုကို ဆင့်ပွားတီထွင် မွေးစားခဲ့ ကြဟန် ရှိပါသည်။ အထူးသဖြင့် မြန်မာ ပြက္ခဒိန်သည် ဗုဒ္ဓဘာသာ ကိုးကွယ် ယုံကြည်မှုနှင့် နက်ရှိုင်းစွာ ဆက်စပ် နေသည်ဟု ဆိုနိုင်ပါသည်။ သံဃာတော်များ ဝါဝင် ဝါထွက် တွက်ချက်မှုသည် အရေးကြီးသော ကဏ္ဍ တွင် ပါဝင်ပါသည်။

မြန်မာပြက္ခဒိန် စံနစ်တွင် သက္ကရာဇ် ခုနစ်ကို သတ်မှတ် ရာတွင်မူ (၃) မျိုး ကွဲပြားနေပါသည်။ ငှင်းတို့မှာ

ဦးဇင်း ကျမ်းတင်ဖို့ ခေါင်းစဉ်ကို တက္ကသိုလ်က Professor ပါမောက္ခချုပ်နဲ့ သုံးရက်တိုင်တိုင် သွားဆွေးနွေးရတယ်။ ဦးဇင်းက ကိုယ်ရေးချင်တဲ့အကြောင်းလေးကို ဒီလိုလေး ပြောပြလိုက်ပါတယ်။

Dear Sir,

I want do research for Master of Philosophy degree these two topics. Can you choose them one of for me please? These are my research titles.

1.    A study of Buddhist social characteristics of five precepts

2.    The analyses of the universal characteristics of preserving five precepts

I think that someone become part of one’s life. There are five important aspects of life. This era some children very bad and they don’t know about religion exactly. If they know about religion will be abstain from killing, stealing, sexual misconduct, lying and drink that cause heedlessness. And then, what they observe characteristics to be gentleman the present life. If they observance of the fifth precepts not only contributes to happiness in the life and peace in society, it also prepares a person for the practice of Mental Development.

I think that according to the teachings of the Buddha, in order to understand the five precepts exactly one must clearly observe and abandon the latent tendencies. Later, he will free from all suffering. So, I want this era children to give knowledge and to know the five precepts are very important for the universal people and go to free from suffering.

That why, you want me to confirm about this research title for my master of philosophy degree.

လူသားအားလုံးနဲ့ဆိုင်သော ငါးပါးသီလကိုယ်ကျင့်တရားများကို ခွဲခြမ်းစိတ်ဖြာတင်ပြခြင်းဆိုတဲ့ ခေါင်းစဉ်ကို ရေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သီလနဲ့ပတ်သတ်ပြီး လူငယ်တွေ သိပ်နားမလည်ကြလို့ပါ။ တကယ်လို့ သီလအကြောင်းကို လူငယ်တွေနားလည်မယ်ဆိုရင် သူတို့ဟာ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းကြလိမ့်မယ်။ အဲဒီလို စောင့်ထိန်းမယ်ဆိုရင် သူတို့ရဲ့ မျက်မှောက်ဘ၀မှာလည်း လူတော်လူကောင်းလေးတွေဖြစ်မယ်။ နောက်ဘ၀တွေမှာလည်း ချမ်းသာသုခနဲ့ပြည့်စုံပြီး နောက်ဆုံး မဂ်ဖိုလ်နိဗ္ဗာန်ကိုပါ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် သီလအကြောင်းကို ဦးဇင်းအနေနဲ့

“အရှင်ဘုရား၊ တပည့်တော် ဖခင်ကြီးက သူများတွေလို ဘုရားလဲ မရှိခိုးဘူး၊ ပုတီးလဲ မစိပ်ဘူး၊ တရားလဲ မထိုင်ဘူး ဘုရာ့။ အဲဒါကို တပည့်တော် ဘယ်လိုယူဆရမလဲ။ ဗုဒ္ဓဘာသာအရဆိုရင် မိစ္ဆာဒိဋ္ဌိလို့ ခေါ်ရမလား။ သူ့ကို ဘုရားရှိခိုး ပုတီးစိပ် တရားထိုင်ဖို့ပြောတိုင်း သူက သူများတွေလို ဘုရားတရားအလုပ် မလုပ်ပေမယ့် စိတ်ကောင်းရှိရင် ပြီးတာပဲ၊ ဘုရားတည် ကျောင်းဆောက်ပြီး ဘုရားဒကာအမည်ခံ၊ ပုတီးကြီး လက်မှာ အမြဲချိတ်၊ အော်ကြီးဟစ်ကျယ်နဲ့ ဘုရားကို ရှိခိုးပြီး ဆုတောင်းနေပေမယ့်၊ တရားရိပ်သာဝင်ပြီး ဉာဏ်စဉ်တရားတွေ နာခဲ့ပြီးပြီ၊ ဆယ်ရက်တရားစခန်း ဘယ်နှကြိမ် ဝင်ပြီးပြီလို့ ဆိုပေမယ့် စိတ်ကောင်း မရှိရင်၊ လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယတွေ များနေမယ်ဆိုရင် အလကားပါပဲလို့ ပြန်ပြောတယ် ဘုရာ့။ အဲဒါ အယူများ မှားနေသလား ဘုရာ့”ဟု မေးလျှောက်ရာ - “အေး .. သူ့ရဲ့ အယူအဆကို မှားတယ်လို့ ပြောလို့ မရဘူးကွဲ့။ ဘာကြောင့်လဲဆိုတော့ ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား ဆိုသလို အပြောတမျိုး အလုပ်တမျိုးနဲ့ လူတွေကို မြင်တော့ လူမြင်ကောင်းအောင် ဟန်ဆောင်နေတာထက်စာရင် ဟန်မဆောင်ဘဲ စိတ်ကောင်း နှလုံးကောင်း ထားတာက ပိုကောင်းတယ်ဆိုတဲ့ အယူအဆနဲ့ ပြောတာဖြစ်ပါလိမ့်မယ်”ဟု ဖြေသိမ့်လိုက်ရသည်။

မှန်ပါသည်။

ဘုရားဒကာဟု အမည်ခံ၍ ဘုရား တရား သံဃာကို မရိုမသေ ဆက်ဆံလျှင်၊ တရားအားထုတ်ပြီးသားပါဟု ဆို၍ လောဘ ဒေါသ မောဟ မာန်မာနတွေကို သာမန်လူတွေလောက် မထိန်းသိမ်းနိုင်လျှင်၊ ပုတီးကို လက်မှာ ချိတ်ပြီး စိတ်ယုတ်မာဖြင့် သူတပါးကို ပြစ်မှား ပြောဆိုနေလျှင် မည်သူမဆို ‘မလုပ် မပြော၊ လုပ်မှ ပြော၊ သဘောစင်လှစေ၊ အပြောသာချဲ့ အလုပ်မဲ့ ကဲ့ရဲ့မလွတ်ချေ’ ဆိုသည်နှင့်အညီ အကဲ့ရဲ့ အဝေဖန် ခံရမည်ပင် ဖြစ်ပါသည်။

ဘာသာရေးလုပ်သည်ဟု ဆိုသော်လည်း လက်တွေ့တွင် ယဉ်ကျေးမှုမရှိသူများကို တွေ့သောအခါ အချို့သူများသည် ‘စိတ်ကောင်းရှိဖို့သာ ပဓာန၊ ဘာသာရေးလုပ်စရာ မလိုပါ’ဟု ယူဆကာ ဘာသာရေးဆိုင်ရာ လုပ်ဆောင်ဖွယ်ရာများကို မလုပ်တော့ဘဲ နေတတ်ကြသည်။

ဘာသာရေးလုပ်သည် ဆိုသည်မှာ ဘာသာတရားလာ ဆိုဆုံးမချက်များကို မသိ,သိအောင် လေ့လာခြင်း၊ လေ့လာပြီးသည့်အတိုင်း မပြုလုပ်သင့်သည်တို့ကို မပြုလုပ်ခြင်း၊ ပြုလုပ်သင့်သည်တို့ကို ပြုလုပ်ခြင်းပင် ဖြစ်သည်။


စိတ်ကို မကောင်းစေတာ ကိလေသာ

သူတပါးအသက်ကို သတ်ခြင်း၊ ခိုးယူခြင်း၊ မိမိ၏အိမ်ထောင်ဖက်အပေါ် သစ္စပျက်ခြင်း၊ မုသားဆိုခြင်း၊ ကြမ်းတမ်းရိုင်းပျစွာ ပြောဆိုခြင်း၊ တယောက်အပေါ်တယောက် အထင်အမြင်လွဲအောင် မဟုတ်တရား သတင်းလွှင့်ခြင်း၊ အကျိုးမရှိ ရောက်တတ်ရာ စကားများကို ဗလွတ်ရွှတ်တ ပြောဆိုခြင်း၊ သူတပါးစည်းစိမ်ဥစ္စာကို မတရား ရယူရန် ကြံစည် ကြိုးစားခြင်း၊ သူတပါးတို့ တရားသဖြင့် ရှာဖွေရရှိထားသော စည်းစိမ်ဥစ္စာ ရာထူးဂုဏ်သိရ်ကို ပျက်စီးစေရန် ကြံစည် ကြိုးစားခြင်း ဟူသည့် မကောင်းမှု ဆယ်မျိုးမှ ကင်းဝေးနေသဖြင့် စိတ်ကောင်းရှိသည်ဟု ဆိုနိုင်ပါ၏။
သူတပါးကို ကူညီခြင်း၊ ကျွေးမွေး ပေးကမ်းမှု ရက်ရောခြင်းတို့ကြောင့် စိတ်ကောင်းရှိသည်ဟု ဆိုနိုင်ပါ၏။
သို့သော် စိတ်ကို ညစ်နွမ်းစေသည့် ကိလေသာတရားများ စိတ်ထဲတွင် ရှိနေသေးလျှင် ထိုစိတ်ကို


လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်လောက်က တကယ့်ဖြစ်ခဲ့တဲ့ ဇာတ်လေးတစ်ပုဒ်ကို
အရင်ပြောပြရအောင်ပါ။

                ကာလအနေနဲ့ပြောရင် မြတ်စွာဘုရားပွင့်တော်မူနေတဲ့ ကာလပါ။ ပြည်က
  ဝေသာလီပြည်မှာပါ။

                အဲဒီကာလ အဲဒီဝေသာလီပြည်မှာပဲ မ၀ိမလာလို့ အမည်ရတဲ့ အမျိုးသမီးလေးတစ်ယောက်
  ရှိခဲ့ဖူးပါတယ်။ ၀ိမလာရဲ့အဓိပ္ပာယ်က အညစ်အကြေးကင်းစင်သူ၊ သန့်ရှင်းစင်ကြယ်သူပါ။ ဒါက တင်စား
  ထားတဲ့ ရုဠီ နာမည်ပါ။ တကယ့်အရှိ အနွတ္ထအမည် မဟုတ်ပါဘူး။

                ၀ိမလာဟာ ဝေသာလီပြည်မှာ အလှဆုံးစာရင်းဝင်တစ်ယောက်ပါ။ သူ့ရဲ့ ထူးခြားချက်ကတော့
  အမေဖြစ်သူက ပြည့်တန်ဆာမတစ်ယောက်ဖြစ်တဲ့အတွက် သူလည်း အရွယ်ရောက်လာတဲ့အခါ မိခင်ရဲ့
  အလုပ်ကို ဆက်လုပ်ရပါတယ်။

                ၀ိမလာဟာ ဝေသာလီပြည်သားတွေရဲ့ ပါးစပ်ဖျားမှာလည်း " ၀ိမလာ ၀ိမလာ " ဆိုပြီး ရေပန်း
  စားနေပါတယ်။ ၀ိမလာရဲ့ဆီကို သူဌေးသူကြွယ်တွေလောက်ပဲ သွားနိုင်ပါတယ်။ ကျန်တဲ့ သာမန်လူတွေ
  တော့ မသွားနိုင်ပါဘူး။ ၀ိမလာ ကိုယ်တိုင်ကလည်း သူ့ရဲ့အလှ သူ့ရဲ့အောင်မြင်ကျော်ကြားမှုအပေါ် သိပ်ပြီး
  ဂုဏ်ယူပါတယ်။

                ဒီလိုနဲ့ တစ်နေ့မှာတော့ အရှင်မဟာမောဂ္ဂလာန် ဟာ ဝေသာလီပြည်ထဲကို ဆွမ်းခံကြွလာ
  ပါတယ်။ ကြွလာရင်း ၀ိမလာ ရဲ့ အိမ်ရှေ့ရောက်လာတော့ တိုက်တိုက်ဆိုင်ဆိုင် ၀ိမလာက အိမ်ထဲကနေ
  အပြင်ကို ထွက်အကြည့်နဲ့ ဆုံသွားပါတယ်။ ၀ိမလာက အရှင်မဟာမောဂ္ဂလာန် ကို မြင်လိုက်တာနဲ့
  တစ်ပြိုင်နက် ရင်ခုန်သွားပါသတဲ့။ ပြီးတော့ ချစ်တဲ့စိတ်လည်း ဖြစ်သွားပါသတဲ့။

                တစ်စုံတစ်ယောက်ကိုချစ်မိရင် အဲဒီသူဆီက အချစ်ကိုလည်း ပြန်လိုချင်တာက ဓမ္မတာပါ။
  ၀ိမလာဟာ အရှင်မဟာမောဂ္ဂလာန်ဆီက အချစ်ကိုရဖို့အတွက် အပြင်းအထန် စဉ်းစားပါတယ်။ ကိုယ့်ကိုယ်
  ကို ပြန်ကြည့်လိုက်တော့ သူ့ရဲ့ ထူးခြားတဲ့အလှကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် အိမ်မှာရှိတဲ့ အ၀တ်တွေ
  ထဲက ကောင်းပေ့ဆိုတဲ့အ၀တ်တစုံကို ထုတ်ဝတ်လိုက်ပါတယ်။ တန်ဖိုးအကြီးဆုံး လက်ကောက်တို့၊ ဆွဲကြိုး

မေး။ ။ အရှင်ဘုရား ကျန်းခံသာလို့မာပါစဘုရား။ မြတ်စွာဘုရားရှင် လက်ထက်တော်က စိပ်ပုတီးစိတ်တာ ရှိခဲ့ပါသလားဘုရား။ အဘယ့်ကြောင့် ထိုသို့မေးရသည့်အကြောင်းရင်းမှာ မြတ်စွာဘုရားရှင် ရုပ်ပွားတော်များတွင် စိပ်ပုတီးကို မတွေရသောကြောင်း ဖြစ်ပါသည်ဘုရား။ ယနေ့ခေတ်တွင် သံဃာတော်များသည် သက်သက်လွတ်စားကြသည်ကို မြင်နေတွေနေရပါသည် ဘုရား။ ဘုရားရှင်လက်ထက်တော်က  သက်သက်လွတ်စားခြင်းရှိခဲ့ပါသလားဘုရား။ ဟောကြားခဲ့သော တရားတော်များ၊ သာဓကများရှိခဲ့ပါသလား အရှင်ဘုရား။ ရှင်းလင်းပြသ ပေးသနားတော်မူပါဘုရား။

သီဟအောင်၊ ဧဒင်ဥယျာဉ်ဆိုဒ်

ဖြေ။ ။ စိပ်ပုတီးနဲ့ပတ်သတ်ပြီး ဦးဇင်းသိသလောက်ပြောပြရမယ်ဆိုရင် စိပ်ပုတီးဟာ မြတ်ဗုဒ္ဓမပွင့်ခင်ကတည်းက သမထကျင့်စဉ်ကို ကျင့်ကြတဲ့ ရသေ့တွေရဲ့ အသုံးအဆောင် ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိပ်ပုတီးစိပ်ခြင်းဟာ စိတ်ငြိမ်အောင် ပြုလုပ်ခြင်းဖြစ်လို့ သမထကျင့်စဉ်ဖြစ်ပါတယ်။ ဒါပြင် ဟိန္ဒူစတဲ့ တန္တရ၊ မန္တရဂိုဏ်းသားတွေဟာလည်း မန်းမုတ်ခြင်းတွေကို အသုံးပြုတဲ့အတွက် ခေါက်ရေမှတ်မိအောင် ပုတီးကိုအသုံးပြုကြပါတယ်။ အဲဒီတော့ စိတ်ပုတီးဟာ ထေရ၀ါဒတို့ အသုံးအဆောင်မဟုတ်ဘဲ မဟာယာန၊ ဟိန္ဒူ၊ တန္တရ၊ မန္တရဘာသာတို့ရဲ့ အသုံးအဆောင်သာ ဖြစ်ပါတယ်။

ဒါပေမဲ့ ခုခေတ်မှာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များတွင်လည်း ၀ိပဿနာဖြစ်တဲ့ ထွက်သက်ဝင်သွက်၊ ရုပ်ခန္ဓာကိုယ်ကြီးရဲ့ အမြဲမရှိခြင်း၊ ဆင်းရဲခြင်း၊ စိတ်ကုန်စရာတွေနဲ့ပြည့်နေခြင်း၊ မိမိဖြစ်ချင်တိုင်း အစိုးမရတဲ့ခန္ဓာကိုယ်ကြီးပါလားလို့ ၀ိပဿနာကို မရှု့နိုင်သေးတဲ့ပုဂ္ဂိုလ်များအနေနဲ့ဖြင့် သမထကျင့်စဉ်ဖြစ်တဲ့ စိတ်ငြိမ်အောင်ပြုလုပ်ခြင်း၊ ဗုဒ္ဓါနုဿတိဂုဏ်တော်ပွားများခြင်းတို့၌ စိပ်ပုတီးကို အသုံးပြုနေတာ တွေ့ပါတယ်။ ၀ိပဿနာကို တိုက်ရိုက်ချက်ခြင်း မရှု့မှတ်နိုင်သေးလို့ စိပ်ပုတီးနဲ့ သမထကျင့်စဉ်ကို စတင်ကျင့်တာဟာ ကောင်းပါတယ်။ ဒါပေမဲ့ သမထလောက်နဲ့ပဲ ကျေနပ်မနေဘဲ ၀ဋ်ဒုက္ခမှလွတ်မြောက်မဲ့ ၀ိပဿနာကျင့်စဉ်ကိုပါ အဆင့်တတ်ရန် မမေ့ဖို့လည်း လိုပါတယ်။ စိပ်ပုတီးနဲ့ပတ်သတ်ပြီး ဒီလောက်ဆို ရှင်းမယ်ထင်ပါတယ်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

“လူမှာအမျိုး၊ ကြက်မှာအရိုး”  “ငှက်ပျောပင်စိုက်၊ မိလိုက်ဖပါ” ဆိုတဲ့စကားတွေကို လူတိုင်းလိုလိုကြားဖူးပါလိမ့်မယ်။ ဆိုလိုတဲ့ အဓိပ္ပါယ်ကတော့ လူတစ်ယောက်အတွက် သူဆင်းသက်လာခဲ့တဲ့မျိုးရိုးက အလွန်အရေးကြီးတယ်လို့ ဆိုလိုတာပါ။ 

   လူကောင်းသူကောင်း မျိုးရိုးသန့်က မွေးဖွါးလာတဲ့သူဟာ လူကောင်းသူကောင်းလေးဖြစ်ပြီး။ လူဆိုးလူမိုက်တွေက မွေးဖွါးလာတဲ့သူက လူဆိုးလူမိုက်ဖြစ်မယ်လို့ ဆိုလိုတာပါ။

   ဒါပေမဲ့မျိုးရိုးတစ်ခုထဲကြောင့် လူကောင်းသူကောင်းမဖြစ်နိုင်သလို လူဆိုးလူမိုက်         တစ်ယောက်လည်းမဖြစ်နိုင်တာကို သူတော်ကောင်းတွေဆီရောက်သွားလို့ သူတော်ကောင်းဖြစ်သွားတဲ့ ကျေးနှင့်လူဆိုးသူခိုးတွေဆီရောက်သွားလို့ ဆိုးသွမ်းသွားတဲ့ ကျေးညီနောင်နဲ့ ဥပမာ ပေးကြပါတယ်။
“ရွှေပင်နားတော့ ရွှေကျေး၊ ငွေပင်နားတော့ ငွေကျေး၊” လို့ လဲစာဖွဲ့ကြပါတယ်။

     အဲ့ဒါ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်(၀ါ) သတ္တ၀ါတစ်ကောင်ရဲ့ အမူအကျင့်၊ စိတ်ထားတွေဟာ ရုပ်ခန္ဓာပေါ်တွင်သာမက စိတ်ခန္ဓာ နှစ်မျိုးလုံးပေါ်မှာမူတည်နေလို့ပါပဲ။ 

          ဒါကြောင့် ဓမ္မဘေရီ ဆရာတော် အရှင်ဝီရိယ(တောင်စွန်း) ရဲ့တန်ဖိုးရှိလှတဲ့ ပဋ္ဌာန်းတရား တော်၊  ကမ္မပစ္စည်းအခန်းမှာ၊ “ဗီဇနဲ့ ပတ်ဝန်းကျင်” ဘယ်ဟာအဓိကကျသလဲ ဆိုတဲ့ ပြဿနာကို သပြေကန် ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ မထေရ်ကြီးကို ကိုးကားပြီး ပစ္ဆိမဘဝိကပုဂ္ဂိုလ်ဆိုတဲ့ မုချသေချာတဲ့ ဆုကြီးပန် နိယတပစ္ဆိမဘဝိက များမှာသာ ဗီဇက ပိုအရေးကြီးပြီး၊ဆုကြီး ပန်မဟုတ်တဲ့ အနိယတပစ္ဆိမဘဝိက ပုဂ္ဂိုလ် များမှာတော့ ပတ်ဝန်းကျင်က ပိုအရေးကြီး တယ်လို့ ရှင်းလင်းပြထားပါတယ်။

ကျမ အခုဖေါ်ပြမဲ့ မျိုးရိုးဗီဇ (Genetics) ဆိုတာကတော့ အဲ့ဒီလောက်မရှုပ်ထွေး၊ မခက်ခဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်သက်သက်ကိုသာသိတဲ့ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်မို့ပါပဲ။

   ကျမတို့ရဲ့ရုပ်လက္ခဏာတွေဟာ အမိအဖတို့ရဲ့ မျိုးရိုးဗီဇ (Genes) တွေကရတာ          ဖြစ်ပြီး၊ ကျမတို့ရဲ့



အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှ
အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကိုနာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာအိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုးရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ်
လေ့လာခွင့်ရခဲ့ပါတယ်။
ထိုင်းဘုန်းတော်ကြီး ၂-ပါး မရှိတော့တဲ့နောက်ပိုင်း သူဟာ ဗုဒ္ဓဝါဒကိုဆက်လက်လေ့လာဖို့ သိပ်ပြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ သူက
တိဗတ်ဘုန်းတော်ကြီး ဒလိုင်းလားမားရှိရာကို သွားရောက် အရိုအသေပေးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာဖို့ဆုံးဖြတ်ပြီးစားဝတ်နေရေးအတွက် နိုင်ငံခြားသား ခရီးသွားတွေများတဲ့ ဒေသတစ်ခုမှာ
ဒိုင်ဗင်ပစ်၊ ရေကူး နည်းပြလုပ်ခဲ့ပါတယ်။ သူ့ဘဝဟာအတိုင်းအတာတစ်ခုပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။ သူဟာ
လောကီဥစ္စာပြည့်စုံမှုတွေ မှာ ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့ နောက်ပိုင်းလက်ရှိအလုပ်ကို စွန့်လွှတ်ပြီး အမိခင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။
မိသားစုနဲ့ ဆွေမျိုးတွေက သူ့ကို ခရီးဆောင်အိပ်ကြီးသယ်ဆောင်ပြီး ပြန်လာမဲ့အောင်မြင်တဲ့ စီးပွားရေး သမားကြီးအဖြစ် မျှော်လင့်ခဲ့ကြတာပါ။သူ့ကိုတကယ်တွေ့လိုက်ရတော့ ဗုဒ္ဓဘာသာစာအုပ်တွေနဲ့ ဒိုင်ဗင်ပစ်၊ ရေးကူးရာမှာ
သုံးတဲ့ ပစ္စည်းတွေသယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့ ယောဂီတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ အခြားလူတွေအတွက်တော့ ရေကူးစရာ ပင်လယ်မရှိ တရားဆွေးနွေးစရာဗုဒ္ဓဘာသာဝင် မရှိတဲ့ နိုင်ငံကို

 
၁။ဘုရားအလောင်းတော် ယောင်္ကျားမြတ်ကို ဖွားမြင်သောခဏ၌ လောကဓာတ်တစ်သောင်း တုန်လှုပ်
၏။(ဤလောကဓာတ် စကြာဝဠာတိုက် တစ်သောင်း၌ တုန်လှုပ်ခြင်းသည်ကား အလောင်းတော်
ယောင်္ကျားမြတ်၏ သဗ္ဗညုတဥာဏ်တော်ကို ထိုးထွင်းမြင်သိ ရရှိအံ့သော ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်
ဖြစ်ပေ၏)။

၂။လောကဓာတ် စကြာဝဠာတိုက်တစ်သောင်း၌ နေကြကုန်သော နတ်ဗြဟ္မာတို့သည် ဤစကြဝဠာ
တစ်ခုတည်း၌ ပေါင်းဆုံစည်းဝေးကြကုန်၏။
(ဤလောကဓာတ် စကြဝဠာ တိုက်တစ်သောင်း၌ နေကြကုန်သော နတ်ဗြဟ္မာတို့ ဤစကြဝဠာ တစ်ခု
တည်း၌ ပေါင်းဆုံစည်းဝေးခြင်းသည်ကား ဓမ္မစကြာတရားတော်ကို ဟောတော်မူသောအခါ၌ ထိုနတ်
ဗြဟ္မာအပေါင်းတို့ တစ်ပြိုင်နက်စုဝေး၍ တရားတော်ကို နာယူရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၃။ဖွားမြင်လာသော အလောင်းတော်ယောင်္ကျားမြတ်ကို ရှေ့ဦးစွာ နတ်ဗြဟ္မာတို့က ခံယူကြကုန်၏။
(ထိုသို့ ရှေ့ဦးစွာ ဗြဟ္မာနတ်တို့ ခံယူကြခြင်းသည် ရူပါဝစရဈာန်တရား လေးပါးတို့ကို ရဖို့ရန် ရှေ့ပြေး
အကြောင်း ပုဗ္ဗနိမိတ်ကြီးဖြစ်ပေ၏။)
၎။ဖွားမြင်လာသော အလောင်းတော်ယောင်္ကျားမြတ်ကို ဗြဟ္မာနတ်တို့ခံယူပြီးနောက် လူတို့ခံယူကြကုန်
၏။(ထိုသို့ဗြဟ္မာနတ်တို့ ခံယူကြပြီးနောက် လူတို့ခံယူခြင်းသည် အရူပါဝစရဈာန်လေးပါးကို ရရှိဖို့ရန်
ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၅။ညှို့ကြိုးဖြင့်ဖွဲ့ယှက် စီရင်အပ်သော စောင်းညှင်းတို့သည် မတီးခတ်ရဘဲ အလိုအလျောက်မြည်ကုန်၏
(ထိုသို့ စောင်းညှင်းများ မတီးခတ်ရဘဲ အလိုအလျှောက် မြည်ကြခြင်းသည် အစဉ်အတိုင်း ဝင်စားအပ်
သည့် ရူပါဝစရသမာပါတ်(၄)ပါး၊အရူပါဝစရသမာပါတ်(၄)ပါး၊နိရောဓသမာပတ်အားဖြင့် ဤကိုးပါး
သော အနုပုဗ္ဗဝိဟာရ သမာပတ်တို့ကို ရရှိဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၆။သားရေဖြင့် ဖွဲ့ယှက်ကျက်အပ်သော စည်ကြီးစည်ငယ်(ဗုံကြီး ဗုံငယ်)တို့သည် မတီးမခတ်ရဘဲ အလို
အလျှောက် မြည်ကြကုန်၏။
(ထိုစည်ကြီး စည်ငယ်များ မတီးခတ်ရဘဲ အလိုအလျှောက်မြည်ကြခြင်းသည် အလွန်မြတ်သော တရား
စည်တော်ကြီး ရိုက်တီးယွမ်းဆော် လူနတ်တို့ကို ကြားလှုံ့ဆော်စေတော်မူမည့် ရှေ့ပြေးအကြောင်း
ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

၇။လူတို့အား သွင်းနှောင်တုတ်ချည်အပ်ကုန်သော နှောင်အိမ် နှောင်ကြိုးတို့သည် အပိုင်းပိုင်းပြတ်ကုန်ပါတယ်။
(ထိုသို့ပြတ်ခြင်းသည် ငါတည်းဟူသော မာန်မာနကို အကြွင်းမဲ့အမြစ်ပြတ် ပယ်သတ်နိုင်ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၈။ကြေးနီ၌ ငြိတွယ်တင်ကပ်သော အညစ်အကြေးကို အချဉ်ရေဖြင့် ဆေးကြောလိုက်သကဲ့သို့ ရောဂါ
ရှိနေသော ရောဂါသည်တို့၌ စွဲကပ်လျက်ရှိသော ရောဂါခပ်သိမ်းတို့ ပျောက်ငြိမ်းကြကုန်၏။
(ထိုသို့ ရောဂါခပ်သိမ်း ပျောက်ငြိမ်းကြခြင်းသည် လူများအပေါင်း၏ အလုံးစုံသော ဝဋ်ဒုက္ခ ရောဂါ၏
ကင်းငြိမ်းမှုဖြစ်သော သစ္စာလေးပါးတရားကို သိမြင်ဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၉။အမိဝမ်းတွင်းမှပင် မျက်စိကွယ်ခဲ့ကြသော သူတို့သည် အဆင်းရူပါရုံကို ပကတိလူကဲ့သို့ပင်မြင်ကြကုန်၏။
(ထိုသို့ မြင်ကြခြင်းသည် လူအများအပေါင်းတို့ ဒိဗ္ဗစက္ခုဥာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၀။အမိဝမ်းတွင်းမှပင် နားပင်းခဲ့ကြသော သူတို့သည် အသံ သဒ္ဒါရုံ ပကတိလူတို့ကဲ့သို့ပင် ကြားကြကုန်၏။
(ထိုသို့ ကြားခြင်းသည် လူများအပေါင်းတို့ ဒိဗ္ဗသောတဥာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၁။ခြေဆွံ့သဖြင့် မသွားနိုင်ကုန်သော သူတို့သည် ခြေကောင်းသန်စွမ်းလာကာ သွားနိုင်ကြကုန်၏။
(ထိုသို့သွားနိုင်ကြခြင်းသည် ဣဒ္ဓိပါဒ်လေးပါးကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၂။အမိဝမ်းတွင်းမှာပင် ဆွံ့အသဖြင့် စကားမပြောနိုင်သောသူတို့သည် သတိတရားဖြစ်ပွားလာကာ စကားပြောဆိုတတ်ကုန်၏။
(ထိုသို့ လူအများ စကားပြောတတ်လာခြင်းသည် သတိပဋ္ဌာန်လေးပါးတရားကို ရရှိဖို့ရန်၊ရှေ့ပြေး အကြောင်းပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၃။ကြောက်မက်ဖွယ်ရာ ဘေးကြမ်းထူပြောသော အရပ်တစ်ပါးသို့ ရောက်ရှိနေကြသော လှေ၊သဘောင်္
တို့သည် ဘေးရန်ကင်းကွာ မိမိတို့ဆိပ်ကမ်းသို့ ချမ်းသာစွာ ရောက်ကုန်၏။
(ထိုသို့ ရောက်ကြခြင်းမှာ ပဋိသမ္ဘိဒါဥာဏ်လေးပါးကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၄။ကောင်းကင်၌တည်သော ရတနာအမျိုးမျိုး၊မြေ၌တည်သော ရတနာအမျိုးမျိုးတို့သည် မိမိတို့၏..
အလွန်ထွန်လင်းသော အရောင်အဝါတို့ဖြင့် တောက်ပကုန်၏။
(ထိုသို့ ရတနာအမျိုးမျိုးတို့ မိမိတို့အရောင်ဖြင့် တောက်ပခြင်းသည် တရားတည်းဟူသော အရောင်..
တရားတည်းဟူသော အလင်းကို ရဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။တရားအလင်းရောင်ကို
ဝေနေယျတို့အား ပေး၍ ကိုယ်တော်မြတ်၏ ဘုန်းတန်ခိုးရောင်ဖြင့် တောက်ပြောင်းခြင်း၏ ရှေ့ပြေး
အကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၅။ရန်သူဖြစ်သော သတ္တဝါတို့ အချင်းချင်း ချစ်ခင်သည့် မေတ္တာစိတ်ကိုရကြကုန်၏။
(ထိုသို့ မေတ္တာစိတ်ကို ရကြခြင်းသည် ဗြဟ္မာ့ဝိဟာရတရားလေးပါး(ဗြဟ္မစိုရ်)တရားလေးပါးကို ရရှိဖို့ရန်
ရှေ့ပြေးအကြောင်း နိမိတ်ဖြစ်ပေ၏)။

၁၆။ငရဲမီး ငြိမ်းအေး၏။
(ထိုသို့ ငရဲမီးငြိမ်းအေးခြင်းသည် လောဘ ၊ ဒေါသ ၊စသော မီး(၁၁)မျိုးတို့ ငြိမ်းအေးဖို့ရန်၊ရှေ့ပြေး
အကြောင်းနိမိတ်ဖြစ်ပေ၏။)

၁၇။မှောင်အတိကျနေသော လောကန္တရက် ငရဲတို့၌ အရောင်အလင်းသည် ထင်လင်းစွာဖြစ်ပေါ်၏။
(ထိုသို့ဖြစ်ပေါ်ခြင်းသည် အဝိဇ္ဇာတည်းဟူသော အမိုက်အမှောင်ကို ပယ်ဖြိုခွင်း၍ အလင်းဥာဏ်ပညာ
ဝိဇ္ဇာကို ပြုနိုင်ပေးနိုင်ရေး၏ ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၈။စီးမြဲသော မြစ်ရေအယဉ်သည် မစီးတော့ဘဲ တန့်ရပ်၏။
(ထိုသို့တန့်ရပ်ခြင်းသည် စတုဝေသာရဇ္ဇဥာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၉။မဟာသမုဒ္ဒရာ၌ ရှိသမျှသောရေသည် ချိုမြိန်ကောင်းမွန်သော အရသာရှိ၏။
(ထိုသို့ မဟာသမုဒ္ဒရာ၌ရှိသမျှသော ရေ ချိုမြိန်ခြင်းသည် ကိလေသာတို့ ငြိမ်းအေးမှုတည်းဟူသော

ဒီနေ့ (၂၄.၂.၂၀၁၂) မှာ မနက်စောစော ဖေ့ဘုတ်ကနေပြီးတော့ လင့်ခ်တစ်ခုတွေ့လိုက်တယ်... ခေါင်းစဉ်ကြောင့် ချက်ခြင်းပဲ ဖွင့်ကြည့်မိတယ်... အားလုံးပဲ စိတ်ဝင်စားတယ်ဆိုရင် ဗီဒီယိုဖိုင်လေး လင့်ခ် ချိတ်ထားပေးပါတယ်... ကြည့်လို့အဆင်ပြေမယ်ဆို တိုက်ရိုက်ကြည့်သွားနိုင်ပါတယ်... အကယ်၍ ကွန်နက်ရှင်ကြောင့် အဆင်မပြေဘူးဆိုရင်လည်း ကျွန်တော် ပြီးခဲ့တဲ့အခေါက်က ၀ိမုတ္တိရသ ဆိုဒ်လေးက ကုသိုလ်ပြု အပင်ပန်းခံ စာရိုက်တင်ပြတာကို အတုယူပြီး ကျွန်တော်လည်း ကျွန်တော့် ဆိုဒ်လေးကနေ တင်ပေးလိုက်ပါတယ်...

 

ကြေငြာချက်...

ဆရာနည်းနည်းကြေငြာစရာလေးရှိတယ်လို့... ဤပလ္လင်က ဘုရားရဲ့ ဘုန်းတော်အတွက်ပဲဖြစ်တယ်လို့ ပြောချင်တယ်... ဘုရားသခင်ရဲ့ ဘုန်းတော်ကိုထောက်ပြီးစကားပြောကြရအောင်လို့... အေမင်...
ဘုရားသခင် ဘုန်းတော်ကိုထောက်ပြီးစကားပြောကြရအောင်လို့... တခါတလေမှာ ဒီပလ္လင်ကိုသုံးပြီးတော့မှ
ပြောတာမှားတဲ့အတွက်ကြောင့် မြောက်မြားစွာသောသူတွေ ခက်ခဲ့မှုတွေရောက်တတ်တယ်...

S.Gum Aung ကိစ္စ

ဆရာဒီနေ့ဘာပြောချင်သလဲဆိုတော့ ကျန်ခဲ့တဲ့ ၅ ရက်နေ့တုန်းက S.Gum Aung နဲ့ပတ်သက်ပြီးမှ နည်းနည်းလေး ပြောပြချင်တယ်... ဒီမှာရှိတဲ့ အသင်းသူ အသင်းသားတွေကော ကမ္ဘာတစ်လွှားရှိတဲ့ ၀က်ဆိုဒ်မှာကြည့်ပြီး ခွန်အားယူတဲ့ ညီအကိုမောင်နှမတွေအယောက်တိုင်းကို စကားပြောချင်တယ်... ဒီဆရာရဲ့ သွန်သင်ချက်တွေ ဒီတစ်ခါ သက်သေခံချက်ပေါ့ သွန်သင်ချက်မပါပါဘူး... သူသက်သေခံသွားတဲ့ အရာပေါ်မှာ အားလုံးခွန်အားရပြီးတော့မှ အကြီးအကျယ် ၀မ်းမြောက်ကြတယ်... စိတ်လှုပ်ရှားကြတယ်... တကယ်ကောင်းတဲ့ ဇာတ်လမ်းဖြစ်တယ်လို့ ခံယူမိခဲ့ကြတယ်... သို့သော် MCA အသင်းတော်က အသင်းတော်တပါးတည်းပဲ မဟုတ်ပဲနဲ့ လုပ်ဖော်ဆောင်ဖက်တွေက ကမ္ဘာနဲ့အ၀ှမ်းရှိနေကြတယ်... MCA ကိုလည်း ချစ်တယ် ထိုအသင်းတော်များကိုလည်း ချစ်ကြတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် မိသဟတွေ မြောက်မြားစွာ ရှိတဲ့အတွက်ကြောင့် အသင်းတော် တော်တော်များများက သင်းအုပ်ဆရာများ လုပ်ဖော်ဆောင်ဖက်တွေပေါ့နော်...
တစ်ချို့က စာရေးလာပြီးတော့မှ  ဆရာရဲ့ ဆရာ S.Gum Aung နဲ့ပတ်သက်ပြီးတော့မှ



ရသမျှ အချိန်တွေ အားလုံးနီးနီး ဖြစ်ညစ်ရေးထားရတဲ့ စာအုပ်လေးတစ်အုပ်တော့ ပြီးသွားပါပြီ... vote ကိုလေးစားတဲ့အနေနဲ့ တကယ့်ကို vote အတိုင်းပဲ လုပ်မယ်လို့ ဆုံးဖြတ်ထားတာပါ... ebook လုပ်ဖို့ vote များတဲ့အတွက် ebook အရင်ဆုံးတင်လိုက်ပါတယ်... နောက်ပိုင်းမှာ post အနေနဲ့လည်း ထပ်တင်သွားပေးပါ့မယ်...အားလုံး စာမျက်နှာ ၉၃ မျက်နှာတည်းပါတာပါ... ၉၃ မျက်နှာအတွက် ညဘက်တွေလည်း တော်တော် အိပ်ရေးပျက်ခဲ့ရပါတယ်... သမိုင်းတွေမှားသွားမှာစိုးတဲ့စိတ်... စေတီပုထိုးဘုရားတွေအကြောင်းမှားမှာ စိုးတဲ့စိတ်နဲ့ စာအုပ်တွေလည်း တော်တော်ဖတ်ပြီးမှ ရေးခဲ့ရတာပါ... အမှန်အတိုင်းပြောရင် အရင်စာအုပ်တွေကို ကျွန်တော် သိပ်ပြီး စိတ်မပူဘူး... ဘာလို့လဲဆိုတော့ ဘုရားတစ်ဆူ စာအုပ်တစ်အုပ် အဲလိုရေးခဲ့တာကိုး... အားလုံးကလည်း စာမျက်နှာ ၂၀ ထက်မပိုဘူး... ကျွန်တော့်အတွက်လည်း သမိုင်းကြောင်း လက်လှမ်းမှီတဲ့ ဘုရားစေတီတွေဖြစ်တော့ မခက်ခဲ့ဘူး... ဒါပေမယ့် အခု မြောက်ဦးခရီးစဉ် စာအုပ်ကတော့ ကျွန်တော် စိတ်တော်တော်လေးလည်း ပင်ပန်းရသလို တော်တော်လည်း စိတ်ပူရတယ်...
ကိုယ့်ဗုဒ္ဓဘာသာရဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်တာကတစ်ကြောင်း... ကျွန်တော်ပုဂ္ဂိုလ်ရေး ခံစားချက်အရ... ဘာသာရေး နဲ့ လူမျိုးရေး မှာ ကျွန်တော်လေးစားရတဲ့ အစွမ်းသတ္တိတွေနဲ့ ပြည်စုံနေတဲ့ ရခိုင်သူရခိုင်သားအားလုံးရဲ့ သမိုင်းဝင် သာသနာ့နယ်မြေ ဖြစ်နေတာကတစ်ကြောင်း... အဲဒါတွေကြောင့် စိတ်ပူပင်ခဲ့ရတာလည်းပါပါတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော့် ဒီဆိုဒ်လေးမှာ လူတွေ လာရောက်လည်ပတ် ကြတာ တစ်နေ့တစ်ခြားများလာတဲ့အတွက် ကျွန်တော် စာအုပ်တွေရေးရတာလည်း အားရှိပါတယ်... ဗုဒ္ဓဘာသာအတွက်ဆိုရင်လည်း လက်မနှေးကြတဲ့ ဆရာတော်အရှင်သူမြတ်တွေ... သူငယ်ချင်းမိတ်ဆွေတွေ... ဒီဆိုဒ်မှာရော... ဖေ့ဘုတ်မှာရော... G+ မှာပါ... မားမားမတ်မတ်တည်ရှိနေကြတဲ့အတွက်... ကျွန်တော် ဘာလုပ်လုပ် အင်အားရှိနေတာ အမှန်ပါ... မှားလည်း အားမနာတမ်းထောက်ပြမဲ့သူတွေရှိနေသလို မှန်လည်း အားပေးမဲ့သူတွေ ရှိနေတဲ့အတွက်
ကျွန်တော် အပင်ပန်းခံရကျိုးနပ်မယ်ဆိုတာ မျှော်လင့်ပြီးသားပါ... အားလုံး အဆင်မပြေတာရှိရင် ပြောပေးကြပါဦး.. ကျွန်တော် ဒေါင်းလုပ်လုပ်နည်းလေးပါ