“သြကာသ” ဟူသည်မှာ “ရှိခိုးပါရစေ၊ ခွင့်ပြုတော်မူပါ” ဟုဆိုသောစကား။ ပိုမိုလေးနက်စေရန် သုံးကြိမ်ရွတ်ဆိုသည်။
ကံသုံးပါးဟူသည်မှာ ကိုယ်ဖြင့် ပြုအပ်သော အမှု “ကာယကံ”၊ နှုတ်ဖြင့်
ပြုအပ်သော အမှု “၀စီကံ” နှင့် စိတ်ဖြင့်ပြုအပ်သော အမှု “မနောကံ” ဟူသတည်း။
အပါယ်ဟူသည်မှာ “အပါယ” ဟူသော ပါဠိမှ ဆင်းသက်သည်။ အပါယ်လေးပါးဟူသည်ကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသတတ်။
ကပ်သုံးပါးဆိုသည်မှာ
(၁) သတ္တန္တရကပ် - တုတ်၊ ဓား၊ သေနတ်စသော လက်နက်အားဖြင့် ပျက်စီးရသော ခောတ်ကာလ။
(၂) ရောဂန္တရကပ် - ကျောက်ရောဂါ၊ ၀မ်းရောဂါစသော ရောဂါအားဖြင့် သေကြေပျက်စီးရသော ခောတ်။
(၃) ဒုဗ္ဘိက္ခန္တရကပ် - ငတ်မွတ်ခေါင်းပါး အစာရှား၍ သေကြေပျက်စီးရသော ခောတ်။
ရပ်ပြစ်ရှစ်ပါးဟူသည်ကား
၁-၂-၃။ ဘုရားပွင့်တော်မူနေစဉ် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ(အသူရကာယ်ကား ပြိတ္တာဘုံတွင် ထည့်ရေသည်) ဟူသော အပါယ်ဘုံ၌ ဖြစ်ရခြင်း။
၎။ ဘုရားရှင်ပွင့်တော်မူစဉ် အသက်ရှည်သော အသညသတ်ဘုံနှင့် အရူပဘုံ၌
ဖြစ်နေရခြင်း (အသညသတ်ဗြဟ္မာများသည် ရုပ်ခန္ဓာသာရှိ၍ စိတ်ဝိညာဉ်မရှိ၊
အရူပဗြဟ္မာများသည် စိတ်ဝိညာဉ်သာရှိ၍ ရုပ်မရှိ၊ ထို့ကြောင့် သူတို့သည်
ဘုရားကိုလည်း မဖူးနိုင် တရားကိုလည်း မနာနိုင်ကြပေ)
၅။ ပစ္စန္တရစ်ခေါ်သော ပြည်နယ်စွန်းများနှင့် လူရိုင်းများ၏ အရပ်ဒေသ၌ ဖြစ်နေရခြင်း။
၆။ ဘုရားရှင်ပွင့်တော်မူနေစဉ် မိစ္ဆာဒိဌိဖြစ်နေရခြင်း။
၇။ ဘုရားရှင်ပွင့်တော်မူနေစဉ် တရားကို သိနိုင်လောက်သည့် ဥာဏ်မရှိဘဲ ထူထူ အအ ဖြစ်နေရခြင်း။
၈။ မဇ္ဈိမဒေသ၀ယ် တတ်သိနားလည်သည့် ဥာဏ်ရှိသူဖြစ်သော်လည်း ဘုရားမပွင့်သောအခါ၌ လူဖြစ်ရခြင်း။
ရန်သူမျိုးငါးပါးဆိုသည်ကား ရေ၊ မီး၊ သူခိုး၊ အမွေခံသားးဆိုးသမီးဆိုးနှင့် မင်းဆိုးတို့တည်း။
ဝိပတ္တိတရားလေးပါးဆိုသည်ကား