HAZY LIFE

ဘုရားနှစ်မျိုးရှိပါတယ်…

သဏ္ဍန်တော် ဘုရားနဲ့  ဥာဏ်တော် ဘုရား ပါ..

အားလုံးမြင်နေ ။ တွေ့ နေ ပူဇော် နေကြတဲ့ .ဘုရား က သဏ္ဍန်တော် ဘုရား ဖြစ်ပါတယ်..

စေတီတော်။ရုပ်တုတော်။ပုံတော် စသဖြင့် ပေါ့ ..လူတိုင်းပုဂ္ဂိုလ်တိုင်း

မြင်တွေ့ ဖူးခွင့် ရနေတာ သဏ္ဍန်တော် ဘုရားပါ...
သက်တော်ထင်ရှား ရှိခဲ့ တဲ့  ဘုရားရှင် သည် လည်းပဲ ..

သဏ္ဍန်တော် ဘုရား ပါပဲ…

ဥာဏ်တော် ဘုရားကိုတော့..အရိယာ ပုဂ္ဂိုလ်များ သာ ဖူးတွေ့ ခွင့်ရကြပါတယ်…

သောတာပန် အရိယာ ဆို ရင် ဥာဏ်ဘုရားတစ်ဆူ ပွင့် ပါတယ်..

သကဒါဂမ် အရိယာဆိုရင် ဥာဏ်ဘုရား နှစ်ဆူ ပွင့် ပါတယ်..

အနာဂမ် အရိယာ ဆိုရင် ဥာဏ် ဘုရား သုံးဆူ ပွင့် ပါတယ်..

ရဟန္တာ ဆိုရင်တော့ ဥာဏ် ဘုရား လေးဆူ ပွင့် ပါတယ်..

သမီးတော် တို့  မြတ်စွာ ဘုရား ရှင် ကိုယ်တော်မြတ် က

လက်အုပ်ချီမိုး ပူဇော်ခြင်းထက် မြတ်သော ပူဇော်ခြင်းနဲ့  ပူဇော် တတ် ဖို့ 

ဥာဏ် နဲ့  ပူဇော် တတ် ဖို့  ကို အလေးအနက် ထား ဟောကြားတော်မူခဲ့ တယ်..


ဥာဏ်ဘုရားကို ပူဇော် ခွင့် ရဖို့ ဆိုရင် ၀ိပဿနာကိုရှုမှတ်မှ ရမှာပါ

ဒါဟာ သိတ်ကို အရေးကြီးလွန်း လို့  မြတ်စွာဘုရားက အကြိမ်များစွာ မှာကြားတော်မူခဲ့ပါတယ်..

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ြ
ကီး က(၄၅ )၀ါပတ် လုံး စကားတခွန်းကို မှာကြားတော်မူတာ(၁၇၉၂)ကြိမ် ပါ ..

``ဈာယထ  ဘိက္ခဝေ``

ဆိုတဲ့စကားကို အရေးကြီးလွန်းလို့ မြတ်စွာဘုရားက

(၄၅)၀ါပတ်လုံးမှာ (၁၇၉၂)ကြိမ် မှာတယ် ဆိုတော့ တွက်ကြည့်လိုက်ရင် တစ်လ မှာ (၄)ကြိမ်နီးပါးမှာတော်မူခဲ့တာ ဖြစ်ပါတယ်။

ဘိက္ခဝေ=ချစ်သား-ချစ်သမီးတို့ 

ဈာယထ=၀ိပဿနာရှုကြလော့

လို့ မှာကြားတော်မူခဲ့ပါတယ် နော်…

မြတ်စွာဘုရားကိုအမှန်တကယ် ကြည်ညိုကြရင်ဖြင့် အရေးကြီးဆုံးမှာကြားခဲ့တာကို မြန်မြန်ဆန်ဆန်

လိုက်နာကျင့်သုံးကြပါတော့ လို့ …တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်..…

အားလုံးပဲ..သောတာပန်။သကဒါဂမ် စသည့် အရိယာ သူတော်စင်တွေ ဖြစ်ကြပါစေ..

အပ္ပါယ်တံခါး ကိုပိတ် လို့  နိဗ္ဗာန်တခါး ကိုဖွင့်ပြီး ပျော်ပျော် ကြီးနေနိုင်ကြပါစေ..

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလဲ မှန်ကန်သောပူဇော်ခြင်း။မြတ်သောပူဇော်ခြင်းတွေ နဲ့ 

ပူဇော်နိုင်ကြပြီး အားလုံးရဲ့ရင်မှာ ဥာဏ်ဘုရားအဆူဆူပွင့်လို့ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ကြပါစေနော်…


(ဆရာတော် အရှင်ဣန္ဒက ၏ ``မှာတမ်းတော်``တရားခွေမှတရားေ
တ်ာကို ကောက်နုတ်ဖေါ်ပြပါသည်)။

http://goldenmyanmarparadise.ning.com/profiles/blogs/5620648:BlogPost:1138396

မှ သမီးတော်ရေးသားထားသော ပိုစ့်ကို ပြန်လည်ဖော်ပြပါသည်။ 

4 Responses so far.

  1. ဟိုက်...အဲ့ဒါဘယ်ကနေ ရတာလဲ ပြောပြပေး အင်တာနက်ချစ်သူကလား..
    ဘယ်သူရေးတာလဲဆိုတာလေး ထဲံ့ရေးပေးပါလားဟင်

  2. http://internetchitthu.ning.com/profiles/blogs/2751287:BlogPost:585075

  3. ရွှေမြန်မာဥယျာဉ် ကရတာကိုး...သိပြီ...
    မျှဝေတာကိုပဲ ကျေးဇူးတင်လိုက်တော့မယ် နော်..
    သမီးတော်ကိုယ် တိုင်ရေးထားတာပါရှင်..
    http://goldenmyanmarparadise.ning.com/profiles/blogs/5620648:BlogPost:1138396

  4. သဘောထားကြီးကြီး ခွင့်လွှတ်ပေးတာကျေးဇူးတင်ပါတယ်ခင်ဗျ...
    နောက်ပို့စ်တွေရှိသေးရင်လည်း ပြောပေးပါ... ကျွန်တော်အခုပဲ ref: ပေးလိုက်ပါမယ်...
    တွေ့ရတာလည်း ၀မ်းသာပါတယ်လို့ ဒီနေရာလေးကနေ နှုတ်ဆက်ပါတယ်ဗျ...

Leave a Reply