ကျွန်တော် စစ်တွေကို အလုပ်တာဝန်နဲ့သွားပြီး အပြန်မှာ ရုံးက အကိုတစ်ယောက်ရဲ့ ကူညီပေးမှုကြောင့် ဒီ ဗုဒ္ဓပါဒခြေတော်ရာ ကိုရောက်ရှိခဲ့ပါတယ်... ဒီ ဗုဒ္ဓခြေတော်ရာတည်ရှိရာ (ခြေရာတော်ရွာ) နေရာက
စစ်တွေ ကနေ ဘူးသီးတောင် သွားတဲ့ရေလမ်းခရီး ၄ ပုံ ၁ ပုံလောက်မှာရှိတာပါ... ပုံမှန်အားဖြင့် အသွားအလာအရမ်းနည်းသလို ရောက်ဖို့လည်း ခဲရင်းလှပါတယ်... တစ်နှစ်မှာတစ်ကြိမ် ခြေတော်ရာ
ဘုရားပွဲဆိုပြီး စည်စည်ကားကားရှိလှပေမယ့်... သာမန်အချိန်တွေမှာဆို ဘုရားဖူးသူမရှိသလောက်ရှားပါး
ပါတယ်... ဒါကြောင့် ဗုဒ္ဓခြေတော်ရာကို ရောက်ရှိခဲ့တာ အလွန်ပဲကံထူးတယ်လို့ ကိုယ့်ကိုကိုယ်ယူဆမိပါတယ်... အဲဒါကြောင့် ထုံးစံအတိုင်း အများသူငှာ ကြည့်ရှု့နိုင်ဖို့အတွက် ကင်မရာ တစ်ပြင်ပြင်ရဲ့ ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ခဲ့ပါတယ်... အားလုံး ကြည့်ရှု့ အားပေး သွားကြပါဦး... အောက်ဆုံးမှာ ထူးထူးခြားခြား ဗွီဒီယိုဖိုင်လေးတစ်ခုကိုလည်း တင်ထားပေးပါတယ်...
(အောက်ဖော်ပြပါ ဓါတ်ပုံများသည် ကျွန်တော်ကိုယ်တိုင်ရိုက်ကူးထားသော ပုံများဖြစ်သောကြောင့် ကျေးဇူးပြု၍ Refer လုပ်ပြီးဖြန့်ဝေပေးဖို့
တောင်းဆိုပါတယ်ခင်ဗျာ...)
အဝေးတစ်နေရမှ... |
မြင်ကွင်းအစုံ ဖူးမျှော်ရပါပြီ... |
အ၀င်မုခ်ဦး... |
ဝယ်သူမရှိတဲ့ ဈေးတန်းလေး... |
လက်ယာဘက် နဂါးရုံဘုရား... |
လက်ဝဲဘက် နဂါးရုံဘုရား... |
ဗုဒ္ဓပါဒခြေရာတော် မုခ်ဦး... |
ခြေရာတော်သို့ သွားရာလမ်း (သာယာလွန်းပါသည်...) |
လမ်းတစ်လျှောက် ဘေးဝဲယာမှ အနားယူရန် ကျောက်ထိုင်ခုံများ... |
လမ်းတစ်လျှောက် ဘေးဝဲယာမှ အနားယူရန် ကျောက်ထိုင်ခုံများ... |
တောင်ပေါ်စေတီသို့ တက်ရောက်ဖူးမျှော်ရန်... |
ပဉ္စ၀ဂ္ဂီ ၅ ဦးအား မြတ်စွာဘုရားမှ တရားဦးဟောကြားချီးမြင့်နေပုံ... |
နဂါး လာရောက်ဖူးမျှော်ဟန်... |
ခြေတော်ရာ (၁)... |
ခြေတော်ရာ (၂)... |
ခြေတော်ရာ (၃)... |
ခြေတော်ရာ (၄)... |
ခြေတော်ရာ (၅)... |
ခြေတော်ရာ၏ ထူးဆန်းအံ့ဖွယ်များ... |
မြွေနှင့်ဖား ခြေတော်ရာထဲတွင် ချစ်ချစ်ခင်ခင်... |
ခြုံငုံ ဖူးမျှော်စေချင်လို့ပါ... |
အပြန်လမ်းကွေ့လေးတစ်နေရာ... |
နဂါးရုံဘုရားနှင့် စေတီသာ... |
နောက်ဆုံးအနေနဲ့ ဗီဒီယိုလေးတစ်ခုထည့်ပေးလိုက်ပါတယ်... အားလုံးစိတ်ဝင်စားမယ်လို့လည်းမျှော်လင့်ပါတယ်... ကြည့်ဖြစ်အောင် ကြည့်သွားပေးကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်...