HAZY LIFE

မနေ့က (၆.၁၁.၂၀၁၁) ကျွန်တော်တို့ မောင်တောမြို့မှာရှိတဲ့ UN/NGOs ကလူတွေနဲ့ သစ်တောရွာကျေးရွာ မိသားစုတွေစုပေါင်းပြီးတော့ သစ်တောရွာဆိုတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ကထိန်ခင်းဖြစ်ခဲ့ကြပါတယ်... အဲ့ဒီကထိန်နဲ့ပတ်သက်တဲ့ဓါတ်ပုံတွေလည်း ထုံးစံအတိုင်းရိုက်ထားဖြစ်တယ်ဆိုတော့ အားလုံးအဆင်ပြေပြေ ကြည့်လို့ရအောင်လို့ တင်ပေးလိုက်ပါတယ်ခင်ဗျာ... အားလုံး ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ...

(တစ်ချို့ပုံတွေကို စိတ်ပါလက်ပါ ကူညီရိုက်ကူးပေးတဲ့ ကိုဒယ်နီ ကိုကျေးဇူးအများကြီးတင်ပါတယ်...)

(ဓါတ်ပုံတွေဟာ ကိုယ်တိုင်ရိုက်ဖြစ်တဲ့အတွက် ယူသုံးမယ်ဆို Refer ပေးစေချင်ပါတယ်...)

ကြိုတင်ပြင်ဆင်ထားခြင်း... (နောက်ခံစာလုံးများကို ညသန်းခေါင်အချိန်ထိ ၀ိုင်းဝန်းကူညီကြတဲ့ ညီအကိုအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...)
ဒါကတော့ ကထိန်လျာသင်္ကန်းတွေပါ...
အော်ဂနိုက်ဇာ ၂ ယောက်နဲ့ မန်ဘာများ :D :D :D
ဒါကတော့ ဥပုသ်သည် အမျိုးသမီးဘက်အခြမ်းပါ... (မနက် ၉း၃၀ စပြီးကျွေးမွေးလှူဒါန်းပါတယ်...)
ဒါကတော့ ဥပုသ်သည် အမျိုးသားဘက်အခြမ်းပါ... (မနက် ၉း၃၀ စပြီးကျွေးမွေးလှူဒါန်းပါတယ်...)
ကထိန်းခင်းမဲ့ လှူဖွယ်ပစ္စည်း ပဒေသာပင်...
ကထိန်ခင်းမဲ့ ၀တ္ထုငွေ ပဒေသာပင်...
ကထိန်မသင်္ကန်း...
အားပေးဖို့စောင့်နေတဲ့ ဆရာတွေ...
ဒါကတော့ ၀က်သားဆီပြန်ပါ... (သွားရေများ ထိန်းတော်မူကြပါကုန်... :D )
ငပိကြော်/ငံပြာရည်ကြော်
ခရမ်းသီးနှပ်...
ငါးခြောက်အာလူး...
သခွါးသီး တို့စရာ...
အသီးအရွက်အစုံကြော်/အစိမ်းကြော်...
ကြက်သားဆီပြန်...
ပုဇွန်အချိုချက်...
ဒါကတော့ အော်ဂနိုက်ဇာကြီး ကိုဝေဇင် အလှူခံနေပုံပါ... (ဘုန်းကြီးကျောင်း ခေါင်းမိုးများ အပေါက်များစွာ ဖာထေးဖို့ရန်အတွက်...)
ဘုန်းကြီးဆွမ်းပွဲအတွက် အပြင်အဆင်...
နေ့ဆွမ်းကပ်လှူကြပြီ...
သံဃာတော်များ ဆွမ်းဘုန်းပေးချိန်...
ဒါကတော့ ဒုတိယမြောက်ဝိုင်းက သံဃာတော်များ...
ကိုရင် ဆွမ်းဝိုင်း...
အချိုပွဲ ကပ်လှူနေစဉ်... (ဒီတစ်ခေါက်တော့ အချိုပွဲအင်အား နည်းလွန်းခဲ့တယ်...) :(
အားပေးကြပါတယ်...
ခေါင်းမဖော်ဘူး... ဘယ်သူလဲ မမေးနဲ့တော့... :P
အောင်ဗလကျောင်းတိုက်ဆရာတော်မှ သီလပေးနေချိန်...
ဒါကတော့ ကြွရောက်လာသူများအား ထောင့်တစ်နေရာမှ ရိုက်ကူးထားတာပါ...
အားလုံး ငါးပါးသီလ ဆောက်တည်နေကြပြီ...
သက်တော် ၀ါတော်ကြီး ဘုန်းဘုန်းကြီးတစ်ပါး...
အော်ဂနိုက်ဇာကြီး ၂ ယောက် ကထိန်မသင်္ကန်းကို မထားပြီ... :D
ကထိန်မသင်္ကန်းအား သစ်တောရွာကျောင်းတိုက်ဆရာတော်သို့ ကပ်လှူနေစဉ်...
ကထိန်းအလှူအတွက် သစ်တောရွာ ရွာသူရွာသားတွေရဲ့ အလှူပါစုပေါင်းလိုက်သောအခါ...
သစ်တောရွာမှ အလှူဒါယကာများ ကထိန်ပဒေသာပင် ကပ်လှူနေစဉ်...
ဒါကတော့ ဆွမ်းထမင်းဟင်း ချက်ရာ၌ မမောတမ်း ကူညီပေးကြသော ဝေယျာဝစ္စကုသိုလ်ရှင်များအဖွဲ့အတွက် ဆုတော်ငွေ...
ဒါကတော့ ပွဲလည်းအပြီး ပြန်ခါနီး အကလေးနဲ့ သိမ်းလိုက်တယ်...







အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်းနှင့် ကထိန်အလှူတော်အတွင်းပြုလုပ်၍ ရရှိသော ကုသိုလ်အဖို့အ၀၀ကို ကျွန်တော်နဲ့ဆိုင်သော မဆိုင်သော ရသင့်ရထိုက်သူ အားလုံးကို ညီတူညီမျှ ရရှိစေဖို့ အမျှဝေလိုက်ပါတယ်...

အားလုံးအမျှ အမျှ အမျှ... ယူတော်မူကြပါကုန်... သာဓု သာဓု သာဓု... 

သူငယ်ချင်းများအားလုံးရဲ့...

ဇင်မျိုး...

Leave a Reply