HAZY LIFE

 

“ပါဠိဘာသာ စကား”
••••••••••••••••••

ဘုရားရှင်လက်ထက်တော်က သာမန်လူများ ပြောဆိုကြသော
စကားရပ်သည် ပါဠိဘာသာစကားပင် ဖြစ်ပါသလား။
ယင်းဘာသာစကားကို ယခုခေတ် ဘယ်အရပ်ဒေသတွင် ပြောပါသလဲ၊
ယခုကာလ၌ ရွတ်ဖတ်နေသော ပရိတ်ပါဠိတော်များသည်
ဘုရားရှင်လက်ထက်တော်က အတိုင်းပင် ဖြစ်ပါသလား၊
ယင်းပရိတ်တော်များကို အခြားသော ထေရ၀ါဒ နိုင်ငံများက
ရဟန်းများ ရွတ်ဖတ်ပါက မြန်မာ ရဟန်းတော်များ
ရွတ်ဖတ်သည့်အတိုင်းပင် တူညီပါသလားဘုရား။
( ဦးဆွေ-အရှေ့ရန်ကင်း၊ ရန်ကုန် )

( ဖြေ )
မြတ်စွာဘုရားသည် မဇ္ဈိမဒေသ (ယခု-ဘီဟာနယ်၊
အိန္ဒိယ အရှေ့မြောက်ဒေသ) ၌
ပွင့်တော်မူသည်။ထိုအချိန်က အိန္ဒိယတပြည်လုံးတွင်
၁။ သက္ကတဘာသာ
၂။ ပြာကရိတ်ဘာသာ
၃။ မာဂဓဘာသာ တို့သည် အရပ်သုံး ဘာသာများ ဖြစ်ကြ၏။
(၁)-မှာ ထီးသုံး နန်းသုံး။
(၂)-မှာ အထက်တန်းလွှာသုံး ဖြစ်ပြီး
(၃) -မှာ လူတန်းစားအားလုံး သုံးသောဘာသာဖြစ်၍
မြတ်စွာဘုရားသည် ၄င်းအမှတ် ၃-(မာဂဓ) ဘာသာဖြင့်
အများ နားလည်အောင် ဟောပြောလေ့ရှိပါသည် ။
မြတ်စွာဘုရား၏ တရားတော်ကို စောင့်ရှောက်သော
ဝါ-တရားတော်နှင့် ကိုက်ညီသော ဘာသာဖြစ်၍
“မာဂဓဘာသာ”ကို “ပါဠိဘာသာ”-ဟု ခေါ်ပါသည်။
ထိုပါဠိဘာသာမှာ မည်သည့်အခါမှာမျှ ကွယ်ပျောက်မည်မဟုတ်
နတ်ပြည် ဗြဟ္မာ့ပြည်များမှာလည်း ထိုဘာသာကိုပင် သုံးစွဲပါသည်။
မြတ်စွာဘုရား၏ တရားဒေသနာများ ပရိတ်ပါဠိတော်ကဲ့သို့သော
သုတ်တော်များမှာ မာဂဓဘာသာ (ပါဠိဘာသာ)ဖြင့်သာ
မြတ်စွာဘုရား ဟောကြားတော်မူခဲ့၍ အခြားဘာသာဖြင့်
ပြန်ဆိုထားလျှင် ကြာရှည်လည်း မတည်နိုင်။
မြတ်စွာဘုရား၏ အလိုတော် ၀ါ-အနက်အဓိပ္ပါယ်ကိုလည်း
မထိမိနိုင်၊ ပါဠိဘာသာမှသာလျှင် အလိုတော်နှင့် ကိုက်ညီ ထိမိနိုင်သည်။
ထေရ၀ါဒနိုင်ငံတိုင်းပင် ဤပါဠိဘာသာကိုသာ သုံးပါသည်။
ပါဠိဘာသာတတ်လျှင် အတူတကွ ပြောဆိုနှီးနှောနိုင်သည်။
ဒေသသံမျှသာ ကွာခြား၍ အများအားဖြင့် တူညီပါသည်။

-【ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ)】

Dhamma Dãna Source ►

www.facebook.com/youngbuddhistassociation.mm

Categories:

Leave a Reply