Wednesday, April 02, 2025

HAZY LIFE


နှစ်သစ်ဆုတောင်းစာ

သူငယ်ချင်းမိတ်ဆွေတွေ အားလုံးပဲ နှစ်သစ်မင်္ဂလာပါလို့ ဆုတောင်းပေးပါတယ်... ဒီနှစ်သင်္ကြန်ရက်အတွင်းမှာ စိတ်ညစ်စရာ စိတ်ပျက်စရာ စိတ်အနှောက်အယှက်ဖြစ်စရာ သတင်းတွေ မကြားရ မသိရ မမြင်ရတာ ဒီနှစ်သစ်အတွက် ထူးထူးခြားခြား မင်္ဂလာပါပဲ... ကျွန်တော်ကတော့ သင်္ကြန်တွင်း ကာလပတ်လုံး ဒုလ္လဘရဟန်းဘ၀နဲ့ပဲ နေထိုင်ခဲ့ပါတယ်... ဘုန်းကြီးကျောင်းမှာနေရင်း ဆေးရုံးကားသံတွေခဏခဏ ကြားမိတာတော့ စိတ်ထဲသိပ်ပြီးတော့ မပျော်လှပါဘူး... ကျွန်တော်တို့နေထိုင်ရာ မြန်မာပြည်ကြီးနှင့် ကမ္ဘာမြေကြီးက ၃၁ ဘုံကျင်လည်ကုန်သော သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာ ချမ်းသာကြပါစေလို့ နှစ်သစ်တောင်းဆုချွေပေးလိုက်ပါတယ်... ပျော်ရွှင်စွာနဲ့ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်
ကို ကြိုဆိုကြရအောင်ပါ...။

တောင်းပန်စာ

ကျွန်တော်လည်း ဒီ Blog အသုံးပြုထားတဲ့ email ပြဿနာ (သူတစ်ပါးနှောက်ယှက်မှု)ကြောင့် blog မှာတင်ထားတဲ့ ဓါတ်ပုံတွေ အားလုံးအဖျက်ခံလိုက်ရပါတယ်... အကုန်လုံးပါပဲ... တစ်ပုံမှမကျန်ပါဘူး... ကျွန်တော် စိတ်ဓါတ်တွေကျနေပြီး ပိုစ့်လည်းမတင်ဖြစ်တော့ပါဘူး... ဒါပေမယ့် ကျွန်တော်မှ ပြန်မတင်ရင်လည်း ဒီ blog လေးဟာ မကြာခင်သေဆုံးသွားတော့မှာကို မြင်ယောင် လာပါတယ်... အဲလိုတော့ အဖြစ်မခံနိုင်ဖူးဆိုတဲ့ စိတ်ကိုတင်းပြီး ကျွန်တော် ဒီ blog လေးကို ဒီကနေ့ကစ တဖြည်းဖြည်း ပုံတွေ update ပြန်လုပ်ပါ့မယ်... အကုန်လုံး အရင်အတိုင်းဖြစ်အောင် ပြန်ပြုလုပ်ရင်း update post တွေကိုလည်း တတ်နိုင်သလောက်တင်သွားပြီးပါ့မယ်လို့ ဒီ blog ကိုဝင်ရောက်လည်ပတ်ကြတဲ့ မိတ်ဆွေတွေကို တောင်းပန်ရင်း ကတိပေးပါရစေ...

(ဓါတ်ပုံကို ကူးယူဖော်ပြခွင့်ပေးတဲ့ ကိုရဲအောင်သူ (YAT Photography) ကိုကျေးဇူးတင်ရှိပါသည်။)

Leave a Reply