HAZY LIFE

ဒီနေ့ post အရှည်ရေးဖို့ အချိန်မရနိုင်ခဲ့ဘူး... ဒါပေမယ့် ကိုယ့် ဘလောခ့်မှာ အမှတ်တရကော အငြိုးအတေးပါ ဖြစ်အောင် တင်ထားလိုက်တယ်... ၂၈.၁၁.၂၀၁၂ မှာ လက်ပတောင်းကြေးနီစီမံကိန်း သံဃာထု နဲ့ လူထု (အထူးသဖြင့် ဘုရားသားတော်တွေ) ကိုဖြိုခွင်းပုံ ရင်ထဲ အသည်းထဲက နာကျဉ်းတယ်... ဒီနေ့ကို ငါဘယ်တော့မှ မမေ့ဘူး... တခါတည်းဒီနေရာကနေပြောလိုက်ပါတယ်... သံဃာနဲ့ဒကာ ဆိုတာခွဲမရပါဘူး... ဒကာတွေ ခံစားနေရတဲ့ ဒုက္ခတွေကို သံဃာတွေက ၀င်ပါပေးနေတာပါ... အကယ်၍ ဟိုအာချောင် ဒီအာချောင် လုပ်ချင်တဲ့သူတွေ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်... ပြောချင်တယ်ဆိုရင် တခါတည်းစဉ်းစားဖို့လာဖို့က ဒကာဆိုတာ သံဃာမရှိလို့ဖြစ်မလား... သံဃာ ဆိုတာ ဒကာမရှိရင်ရောဖြစ်မလား ဆိုတာပါပဲ...

အစိုးရရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်ကိုလည်း လုံးဝ အထင်မကြီးသလို စိတ်လည်းမ၀င်စားပါဘူး... အကယ်၍ ယခု ထုတ်သုံးလိုက်တဲ့ ပစ္စည်းတွေသာ ရခိုင်အရေးမှာ ချက်ခြင်းထုတ်သုံးမယ်ဆိုရင် ရခိုင်အရေးအခင်း မဖြစ်ပေါ်လာနိုင်ဘူးဆိုတာ ဒီလူတွေသိကြပါရဲ့လား... မဆီမဆိုင် ဆွဲတွေးတယ်ထင်ရင်လည်း ဂရုမစိုက်ပါဘူး...အခုသုံးလိုက်တဲ့ ပစ္စည်းတွေရဲ့ ပြင်းထန်မှုကို
ပြောချင်တာပါ...

သမ္မတဦးသိန်းစိန် ကိုယုံကြည်ခဲ့မိတာတွေ ဒီကိစ္စမှာ လုံးဝကို သဲထဲရေသွန်ဖြစ်သွားပါပြီ... ခြေမ မကောင်းခြေမ လက်မ မကောင်းလက်မပါပဲ... ဒီကိစ္စကြောင့် လုံးဝအယုံအကြည်မဲ့သွားပါပြီ...

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မုံရွာကို ရောက်သွားပြီး ညှိနှိုင်းမှုတွေ ပြုလုပ်ပေးမယ်... မိန့်ခွန်းပြောမယ် ဆိုတာ သိရလို ၀မ်းသာမိပေမယ့်... အခါနှောင်းသွားခဲ့ပါပြီ...

ဒီနေ့ မကျေနပ်ခြင်းတွေ အပြည့်နဲ့ ဒီပိုစ့်ကိုတင်ပါတယ်... အမှတ်တရ မှ အငြိုးအတေးဆီသို့...

(ဓါတ်ပုံများကို ဒီနေရာကနေပဲ ခွင့်တောင်းပါတယ်... အားလုံး ခွင့်ပြုပေးကြပါ...)
















အားလုံးကိုလဲ ဒီဓါတ်ပုံလေးတွေ သိမ်းထားစေချင်ပါတယ်... တစ်ချိန်ချိန်လိုအပ်လာရင် ထုတ်ပြပြီးရှင်းဖို့ လိုတဲ့အခါ သုံးကြရအောင်ပါ...။

သူငယ်ချင်းအားလုံးရဲ့...

ဇင်မျိုး...

2 Responses so far.

  1. Anonymous says:

    When the same things are applied to hurt other people in Rakhine, it is wisdom of U Thein Sein, and when those same things are applied to your own people, it is mean of U Thein Sein. What's the difference between a lay man and a monk's (who are suppose to be having myittar on people). Or may be you have myittar only for your own people, which is so easy and everyone can have. I don't think you need to go through a lot of difficult practices for that.....
    though I am not practicing Buddhism I can have a little bit of myittar than you people on those who are not one of us. :) time to re-evaluate oneself I believe.

  2. Unknown says:

ဲပြုသူအသစ် ခံရသူအဟောင်း လို့မှတ်သားဘူပါတယ်။ပစ္စုပ္ပန်မှာ သင်္ခါရတရားတွေဟာ ခုဖြစ် ခုချူပ် လို့ကြားနာဘူးပါတယ်။

Leave a Reply