HAZY LIFE



မြန်မာလ (၁၂) လ ရှိသည့်အနက် ၀ါဆိုလသည် စတုတ္ထမြောက်လဖြစ်သည်။ ၀ါဆိုလသည် မြန်မာနိုင်ငံ၏ နွေရာသီနှင့်မုတ်သုံရာသီ ကာလအပိုင်းအခြားတွင်ဖြစ်ပြီး၊ အင်္ဂလိပ်လ ဇွန်၊ ဇူလိုင်လအတွင်းတွင် ကျရောက်လျှက်ရှိသည်။ (၁၂) လရာသီရှိသည့်အနက်မှ ၀ါဆိုလပြည့်နေ့သည် အရေးပါသောနေ့တစ်နေ့ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ အစိုးရရုံးပိတ်ရက်များတွင်လည်းပ
ါဝင်သည်။ ၀ါဆိုလ၏ဆိုလိုရင်းမှာ ၀ါ သည်နေထိုင်ခြင်း ၊ ဆိုသည် ရွတ်ဆိုခြင်းဟု အနက်ဖွင့်ဆိုကြသည်။ မိုးတွင်းသုံးလပတ်လုံး ရဟန်းတော်များသီတင်းသုံးရာကျောင်း၌ နေထိုင်ပါ မည်ဟုအဆိုပြုသောလကို ၀ါဆိုလဟုခေါ်ဆိုသည်။ တစ်နည်းအားဖြင့် ၀ါဆိုလကိုပုဂံခေတ်ဦးတွင် မယ်တာ ဟုရေးသားအသုံးပြုခဲ့ကြသည်။ ပုဂံခေတ်နှောင်းပိုင်းတွင် မယ်တာ မှ နွေတာဟု ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။ မယ်တာဟူသောစကားလုံး၏အဓိပ္ပါယ်မှာ မယ် သည်လယ်ယာ ၊ မိုး ၊ မြေ ကိုကိုယ်စားပြုပြီး ၊ တာ ဆိုသည်မှာတိုင်းတာခြင်းဟု အနက်ဖွင့်ဆိုသည်။ ထို့ကြောင့် လယ်ယာမိုးမြေကိုတိုင်းတာသောလဟုလည်းဆိုနိုင်ပါသည်။ ၀ါဆို လ၏ ယေဘုယနေထွက် ချိန်မှာ နံနက် ၄ နာရီ ၄၈ မိနစ်ဖြစ်ပြီး၊ နေ၀င်ချိန်မှာ ညနေ ၇ နာရီ ၁၂ မိနစ်ဖြစ်သည်။ ၁၂ လရာသီအနက် ၀ါဆိုလသည် နေ့ တာအရှည်ဆုံးလဖြစ်သည်။ ၀ါဆိုလကိုကိုယ်စားပြုသောရာသီမှာ မြန်မာအခေါ် ကရကဋ် ၊ ပါဠိ အခေါ်အားဖြင့် ကက္ကဋ ဖြစ်သည်။ မြန်မာအခေါ်ဝါဆိုလကို ဥရောပတိုက်တွင်ရာသီအားဖြင့် ကင်ဆာ (Cancer) ဟုခေါ်သည်။ ကိုယ်စားပြုသောရုပ်ပုံမှာ ပုဇွန်လုံး သို့မဟုတ် ကဏာန်းကောင် ဖြစ်သည်။ ရုပ်ပုံအားဖြင့်ပုဇွန်လုံးနှင့် ရာသီအားဖြင့် Cancer ဟူသောအမည်သည် ဆက်စပ်နေသည်။ ပုဇွန်လုံးသည်ခြေထောက်များစွာဖြင့် နေရာမျိုးစုံသွားသကဲ့သို့ Cancer ခေါ်သည့်ရောဂါသည်လည်းဖြစ်သည့်နေရာတွင်မက အခြားနေရာများသို့
ကူးစက် စေသည့်အဓိပ္ပါယ်ကို ဖေါ်ညွှန်းခြင်းဖြစ်ပါသည်။ TN_CancerA ၀ါဆိုလ သို့မဟုတ် ကရကဋရာသီကိုကိုယ်စားပြုသည့် ပုဇွန်လုံး မြန်မာနိုင်ငံသည် တောတောင်အင်းအိုင်ပေါများသည့်နိုင်ငံဖြစ်သည့်အလျောက် သစ် သီးပန်းမန်တို့သည်လည်း ၁၂ ရာသီမပြတ်ဖူးပွင့်ဝေဆာနေကြပေသည်။ ၀ါဆိုလတွင် ပွင့်သောပန်းမှာ ပုန်းညက်ပန်းဖြစ်သည်။ မြတ်လေးပန်းသည်လည်း ၀ါဆိုလတွင်ပွင့်သောပန်းဟု ရှေးစာဆိုများစပ်ဆိုခဲ့သည့် ကဗျာလင်္ကာများအရမှတ်သားနိုင်ပါသည်။ ပုန်းညက်ပင်သည် အမြင့်ပေ ၈၀ ကျော်၊ လုံးပတ် ၁၀ ပေကျော်သည်ထိကြီးထွားနိုင်သော အပင်ဖြောင့်သစ်ပင်မျိုးဖြစ်သည်။ ပုန်းညက်ပန်းမှာ အဖြူရောင်ဖြစ်ပြီးနူးညံ့ ညက်ညောသည်။ ၀တ်ဆံမှာအ၀ါရောင် ဖြစ်ပြီး အခိုင်လိုက်ပွင့်ကာမွှေးကြိုင်သောရနံ့ရှိသည်။ 800px-Starr_010309-0546_Calophyllum_inophyllum ၀ါဆိုလတွင်ပွင့်သောပုန်းညက်ပန်း ၀ါဆိုလသည်မြန်မာလူမျိုးများအတွက် ဘာသာရေးနှင့်ဆက်နွယ်သော အထွက်အမြတ်ထားရာလပင်ဖြစ်သည်။ ဘုရားအလောင်းတော် တုသိတာနတ်ပြည်မှစုတေ၍ လူ့ပြည့်၌ပဋိသန္ဓေတည်သည်မှာ ၀ါဆိုလပြည့်နေ့ပင်ဖြစ်သည်။ နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်သည့်နေ့မှာလည်း ၀ါဆိုလပြည့်နေ့ပင်ဖြစ်သည်။ ဘုရားဖြစ်တော် မူပြီးနောက် ဓမ္မစကြာတရားဦးကို ဟောကြားတော်မူသည့်နေ့မှာလည်း ၀ါဆိုလပြည့်နေ့ပင်ဖြစ်သည်။ သာဝတ္ထိပြည် သရက်ဖြူပင်ခြေရင်း၌ တိတ္ထိတို့ကိုနှိမ်နင်း၍ တန်ခိုးပြာ ဋိဟာပြသောနေ့မှာလည်း ၀ါဆိုလပြည့်နေ့ပင် ဖြစ်ပါတော့သည်။ ထိုသို့ထူးခြားချက်များနှင့်ပြည့်စုံနေသောကြောင့် ဗုဒ္စဘာသာမြန်မာလူမျိုး တို့အနေဖြင့် ၀ါဆိုလပြည့်နေ့ကို နေ့ထူးနေ့မြတ်အဖြစ်သတ်မှတ်ခံယူထားကြခြင်းဖြစ်သည်။ damasayar ၀ါဆိုလပြည့်နေ့တွင်ဗုဒ္စမြတ်စွာမှပဉ္စ၀ဂ္ဂီငါးပါးကို ဓမ္မစကြာတရားဦးဟောနေဟန်(ပန်းချီ) ၀ါဆိုလတွင်ကျင်းပသောပွဲတော်မှာ ပဉ္စင်းတော်ခံပွဲဖြစ်သည်။ ပဉ္စင်းတော်ခံပွဲကျင်းပရခြင်းနှင့် ၀ါဆိုလဟုခေါ်ဆိုရခြင်းမှာစပ်ဆပ်နေပါသည်။ ၀ါဆိုလသည်မိုးရာသီဖြစ်၍ သစ်ပင်မြက်ခင်းတို့ စိမ်းလန်းစိုပြည်စွာပေါက်ရောက်သည်။ ဘုရားရှင်လက်ထက်ကရဟန်းသံဃာတော်များ ၀ါဆိုလတွင်ဒေသစာရီကြွချီကြရာ၌ လူတို့စိုက်ပျိုးထားသော သစ်ပင်ပန်းမန်တို့ပျက်စီးခြင်းသို့ရောက်ရ၏။ လူတို့ကလည်း မိုးတွင်း၌ရဟန်းသံဃာတို့ခရီးသွားကြရာတွင် စိမ်းဆိုသောမြက်ခင်းတို့ကိုနင်း၍ ပိုးမွှားသတ္တ၀ါတို့ကို သေကျေခြင်း သို့ရောက်ရှိစေသည်ဟု ပြစ်တင်ဝေဖန်ကြသည်။ထို့ကြောင့် ဘုရားရှင်သည် ၀ါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ၀ါတွင်းသုံးလပတ်လုံးသီတင်း သုံးရာကျောင်း၌ ၀ါကပ်၍ သံဃာအကျင့်သီလတို့ကိုစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည်။ ထို့ကြောင့် ၀ါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့ထိ ရဟန်းသံဃာအပေါင်းသည် ကျောင်းဆောင်တွင်အစုံအလင်ရှိကြလေသည်။ ထို့ကြောင့် ဒါယကာ၊ ဒါယိကာမအပေါင်းတို့ သည်လည်း ပဉ္စင်းတော်ခံပွဲကို ရဟန်းသံဃာအစုံနှင့်ကျင်းပကြရာမှ ၀ါဆိုလတွင် ပဉ္စင်းတော်ခံပွဲကျင်းပသည့် အစဉ်အလာဖြစ်ပေါ်လာခဲ့ရသည်။ ရဟန်း၊ သံဃာ၊ ကိုရင်များသည်လည်း ၀ါတွင်း(၃)လတွင် ရဟန်းခံ၊ ရှင်ပြု၊ နားသလုပ်ကာ သာသနာတော် တည်တံ့ခိုင်မြဲရေးအတွက် အပတ်တကုတ်ကြိုးစားအားထုတ်တော်မူရသည်။ လူပုဂ္ဂိုလ်များသည်လည်း ၀ါတွင်း(၃)လအတွင်း ဥပုလ်သတင်းသီလ ဆောက်တည်ကြသည်။ ၀ါဆိုလပြည့်နေ့တွင် သံဃာတော်များအား ၀ါဆိုသင်္ကန်း၊ ဖယောင်းတိုင်၊ ပန်း စသည့်လှူဖွယ်ပစ္စည်းများကို ကပ်လှူပူဇော်ကြသည်။ မြန်မာတို့၏အယူအဆအရ ယခုဘ၀တွင် ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ခဲ့ပါက နောင်ဖြစ်လေရာဘ၀ဆက်တိုင်းတွင် အ၀တ်အစားနှင့်ပတ်သက်၍ ပူပင်စရာမရှိဟုယူဆကြသည်။
 
ကိုးကား – ၁၂ လရာသီ (မောင်ထင်) 
ဖေ့ဘုတ်မှကူးယူဖော်ပြသည်။

One Response so far.

  1. ဟုတ်ကဲ့..နားထောင်သွားတယ်...

Leave a Reply