HAZY LIFE



ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း ဆိုတဲ့ လူမျိုးစု (၈) စု ထဲကမှ ကျွန်တော် ဒီနေ့ရေးပေးချင်တဲ့ အကြောင်းကတော့ ကျွန်တော်လက်ရှိ အလုပ်တာဝန်နဲ့ ရောက်ရှိနေတဲ့ မြန်မာပြည် အနောက်ဘက် အခြမ်းမှာ တည်ရှိတဲ့ ရခိုင်ပြည်နယ် နဲ့ အဲ့ဒီရခိုင်ပြည်နယ်တွင်း ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်လူမျိုး ကိုယ့်ဇာတိ ကိုယ့်ဘာသာ သာသနာ တို့အတွက် စိတ်ဓါတ် ခန္ဓာ ကြံ့ခိုင်စွာနဲ့ နေထိုင်ကြတဲ့ ရက္ခိတ လို့ခေါ်တဲ့ ရခိုင်လူမျိုးတွေနဲ့ ပတ်သက်တဲ့အကြောင်းပါပဲ… ဘာလို့ ဒီနေ့မှာ ဒီပို့စ်လေးကိုတင်လဲဆိုတော့ ဒီနေ့ဟာ ရခိုင်လူမျိုးတို့ရဲ့ အမြတ်တနိုး တန်ဖိုးထားရာနေ့တစ်နေ့ဖြစ်တဲ့ ရခိုင်ပြည်နယ်နေ့ ဖြစ်နေလို့ပါပဲ… ဒီပို့စ်ကို ရေးလိုက်ခြင်းဟာလည်း ရခိုင်လူမျိုးတို့ရဲ့ ဘာသာတရားကိုချစ်မြတ်နိုးစိတ် မျိုးရိုးဂုဏ်ကို ချစ်မြတ်နိုးစိတ် သည်းခံသင့်တာကိုသည်းခံပြီး သည်းမခံသင့်တာကို ပြတ်ပြတ်သားသား ခုခံတွန်းလှန်တဲ့စိတ် အစရှိတာတွေ ကိုလေးစားလို့လည်းဖြစ်သလို ကိုယ့်မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလူမျိုးစုတစ်စု ဖြစ်တဲ့အတွက်လည်း စိတ်ထဲပိုရင်းနှီးသလိုရှိလို့ရေးလိုက်ခြင်းဖြစ်ပါတယ်…

ကျွန်တော် ရခိုင်ပြည်နယ်ကိုရောက်တာ (၂) နှစ်ကျော်ခဲ့ပါပြီ… ရခိုင်လူမျိုးတွေရဲ့ စိတ်ဓါတ် ဓလေ့ ဘာသာစကား ကိုးကွယ်ရာဘာသာ အစရှိတဲ့ အရာတွေကိုလည်း များစွာလေ့လာခဲ့ပြီးပါပြီ…

စိတ်ဓါတ်ပိုင်းကို စပြောရမယ်ဆိုရင် ရခိုင်လူမျိုးတွေရဲ့စိတ်ဟာ စိတ်ဓါတ်ညီမျှတဲ့ထဲမပါပါဘူး… ကျွန်တော်ဆိုလိုချင်တာကတော့ စိတ်ဓါတ်ပျော့ပြောင်းခြင်း စိတ်ဓါတ်မာကျောခြင်း ဆိုတဲ့ (၂) ခုကိုပါ… ရခိုင်လူမျိုးတွေရဲ့ စိတ်ဓါတ်က ပျော့ပြောင်းမှု နည်းပါးပါတယ်… အလွန်တရာ မာကျောတဲ့ စိတ်ဓါတ်အခံရှိပါတယ် အထူးသဖြင့် ဘယ်လိုအချိန်တွေမှာ ပိုသိသာသလဲဆိုရင် ဘာသာခြားတွေနဲ့ ပတ်သတ်လာရင် ရခိုင်လူမျိုးတွေရဲ့ စိတ်ဓါတ်ဟာ သံရေကျိုစက်မှာ အငွေအလျှံလျှံတောက်လောင်နေတဲ့ သံရေပူတွေနဲ့တူပါတယ်… ကိုယ့်လူမျိုး ကိုယ့်ဘာသာအတွက် အရာရာကို စတေးပစ်ဖို့ ပြင်ဆင်ထားတဲ့ အဆင့်အထိ စိတ်ဓါတ်မာကျောပါတယ်… ဒါကြောင့်လဲ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ ရခိုင်လူမျိုးများဟာ ဘာသာခြားလူမျိုး များအတွက် သံရေပူလို ပူလောင်စေပြီး သံမဏလိုမာကျောမှုနဲ့ တွန်းကန်အားအပြည့်ရှိတယ်လို့ မြင်မိပါတယ်…

ဓလေ့ကတော့ ကျွန်တော်တို့ဟာ တိုင်းရင်းသားညီအကိုမောင်နှမတွေ ဖြစ်ကြတဲ့အတွက် ကွာခြားမှု များများစားစားမတွေ့လှပါဘူး… လူမျိုးဓလေ့ အရပ်ဓလေ့အနေလောက်ပဲ ကြွဲ့ပားတာပါပဲ… ဒီနေရာမှာ တစ်ခု ပြောချင်တာကတော့ ရခိုင်လူမျိုးတွေဟာ ရခိုင်လူမျိုးဖြစ်ရတာကို အမြဲဂုဏ်ယူတတ်သလို အမြဲတမ်းလည်း အမျိုး သီလ (၂) ဋ္ဌာနကို စောင်ထိန်းဖို့ ကြိုးစားနေကြတဲ့လူတွေလည်းဖြစ်ပါတယ်… ဘာကြောင့်လဲဆိုတော့… ရခိုင်လူမျိုးတွေသုံးတဲ့ ရက္ခိတ ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကိုက အမျိုးသီလ (၂) ဋ္ဌာနကို စောင့်ထိန်းသူလို့ အဓိပ္ပါယ်ရလို့ပါပဲ…

ဘာသာစကားကိုပြောရမယ်ဆိုရင် မြန်မာစကားနဲ့ များစွာကွာခြားမှုမရှိလှပါဘူး… ရခိုင်လူမျိုးတွေရဲ့… စကားပြောအသံထွက်က ပါဠိအသံထွက်နဲ့ ပြောတာများပါတယ်… မြန်မာစကားနဲ့ရခိုင်စကား အဓိကကွာခြားချက်ကတော့ (ကျွန်တော့်အမြင်ပါ) ရခိုင်လူမျိုးတွေက ရကောက် ကို Ra လို့အသံထွက်ပါတယ်… ယရစ်နဲ့ရေးတဲ့ စာလုံးတွေကို
ယရစ်အသံထွက်အတိုင်းပြောပါတယ်… ကြောက်တယ် ဆိုတဲ့စကားကို ရခိုင်လိုဆိုရင် ကရောက်တေ လို့ပြောပါတယ်… လေယူလေသိမ်း ကွာခြားချက်နဲ့ စကားအသုံးအနှုန်းကွာခြားချက်က တခြားသော တိုင်းရင်းသားလူမျိုးတွေနဲ့စာရင်  သိပ်ပြီး မကွာလှပါဘူး… ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ့်အတင်းကို ကိုယ့်ရှေ့ထိုင်ပြောတာတောင် မသိတဲ့အထိဖြစ်ခဲ့ပါတယ်… (အခုချိန်မှာတော့မရတော့ဘူးနော် ရောက်ခါစတုန်းကကိုပြောတာပါ :D)

ကိုးကွယ်ရာဘာသာသည်လည်း ထေရ၀ါဒ ဗုဒ္ဓဘာသာပင်ဖြစ်ပါတယ်… ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေ တော်တော်များများတွေ့ရတတ်တဲ့ အယူလွဲမှားပြီး မဟာယနဆန်တဲ့ ယုံကြည်ကိုးကွယ်မှု အမှားများစွာကိုလည်း တွေ့နေရပါတယ်… ဗေဒင်ယုံကြည်လွန်းပါတယ် အဓိဋ္ဌာန်ဆိုတာမျိုးလည်း ယုံကြည်လွန်းပါတယ်… ဒါပေမယ့် ကောင်းတာတစ်ခုကတော့ နတ်ယုံကြည်မှု တော်တော်လေးကို နည်းပါးပါတယ်… ရွှာတော်ရှင်မလို နတ်မျိုးကလွဲရင် မြန်မာလူမျိုးတွေမှာလို အတွင်းအပြင်အပေါ်အောက် ၃၇ မင်းလိုမျိုးတွေ မရှိပါဘူး… ကိုးကွယ်ရာဘာသာတရားနဲ့ ပတ်သက်ရင် အထင်ကရရှိတဲ့ နေရာကတော့ မြောက်ဦး ဆိုတဲ့မြို့ပဲဖြစ်ပါတယ်… မြောက်ဦးမှာ ဘုရားတွေ ဘယ်လောက်များသလဲဆိုရင် မြန်မာလူမျိုးများရဲ့ သမိုင်းဝင် ပုဂံဘုရာများဖြစ်တဲ့ လှည်းဝင်ရိုးသံ တစ်ညံညံ ပုဂံဘုရားပေါင်း ဆိုတဲ့ (၄၄၄၆၇၃) အရေအတွက်ထက်များတဲ့ သဇင်ပန်းခိုင်တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း ဆိုတဲ့ (၆၃၅၂၇၅) ဆိုရိုးကိုသာကြည့်ပါ… ကျွန်တော်ကတော့ ရခိုင်ပြည်နယ်ကိုရောက်ကတည်းက မြောက်ဦး မရောက်ရင် ရခိုင်မြေက မပြန်ဘူးလို့ ဆုံးဖြတ်ချက်ချထားပါတယ်… အခုထိလည်း မရောက်ဖူးသေးပါဘူး… (၃) ခါ စီစဉ်ပြီးပါပြီ… (၃) ခါလုံး ပျက်ခဲ့ပါတယ်… သွားဖို့ ကံမပါသေးလို့မရောက်ပေမယ့် ရောက်အောင်သွားဖို့တော့ ဆုံးဖြတ်ပြီးသားပါ…

တကယ်ရေးမယ်ဆိုရင် ရေးလို့လည်းကုန်မှာမဟုတ်ပါဘူး အဲဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီနေ့ ဒီပိုစ့်လေးမှာ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ကျွန်တော်အခုရေးတဲ့ထဲမှာ အမှားပါရင် ကွန့်မန့်မှာ ဝေဖန်ပေးပါ… မြန်မာပြည်မြေပုံမှာကြည့်ရင် အနောက်ဘက်ခြမ်းကျတဲ့အတွက် မြန်မာပြည်အနောက်ဘက်မှာ တည်ရှိနေတဲ့ ရခိုင်ရိုးမနဲ့အတူ လာသမျှသောရန်သူတွေကို ခုခံတော်လှန်ရင်း ရခိုင်ပြည်အတွက်သာမက မြန်မာပြည်ကြီး တစ်ခုလုံးအတွက်ပါ သံမဏိတောင်တန်ကြီးများသဖွယ် ကိုယ့်အမျိုး နဲ့ သီလ (၂) ဋ္ဌာနကို စောင့်ထိန်းနေကြတဲ့ သံမဏိလူ့တံတိုင်းကြီးများဖြစ်တဲ့ ရက္ခိတ (ခေါ်) ရခိုင်လူမျိုးများကို ကျွန်တော် အရမ်း လေးစား ဂုဏ်ယူသလို အရမ်းလည်း ချစ်ပါတယ် လို့ နိဂုံးချုပ်ရင်း ဒီပိုစ့်လေးမှတဆင့် ရခိုင်ပြည်နယ်နေ့ နဲ့ ရခိုင်သူရခိုင်သားများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်…

၁၅.၁၂.၂၀၁၁ (၃၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အမှတ်တရ...

အားလုံးကိုကျေးဇူးတင်ပါတယ်...

ဇင်မျိုး...

5 Responses so far.

  1. အခု ရခိုင်မှာ ရှိသေးတယ်လား
    တစ်လပိုင်းကို ရခိုင် မြောက်ဦးကို သွားဖို့သွားဖို့ စီစဉ်ထားလို့
    အဲဒီချိန်ဆို ရာသီဥတု ပူသလား အေးသလား.
    မြောက်ဦးကို စစ်တွေကနေ သဘောင်္နဲ့သွားရင် ခရီးလမ်း အဆင်ပြေရဲ့လား
    သိချင်ပါတယ်.

  2. zmozmo says:

    ရခိုင်မှာ ရှိနေပါသေးတယ်... မြောက်ဦး သွားမယ်ဆိုရင် ဆောင်းရာသီတွင်းက အကောင်းဆုံးလို့ ကျွန်တော်ထင်ပါတယ်... ဇန်န၀ါရီသွားမယ်ဆို၇င် တော်တော်ကောင်းပါတယ်... အားပေးပါတယ်ဗျာ...
    ဒီအချိန်ဆို အေးနေပါပြီ... အနွေးထည်လိုပါလိမ့်မယ်... စစ်တွေ - မြောက်ဦး သင်္ဘောခရီးစဉ် တစ်ပတ်ကို တနင်္လာ ဗုဒ္ဓဟူး သောကြာ ဆိုပြီး ၃ ရက်ရှိပါတယ်.. အပြန်လည်း အဲလိုပဲ အင်္ဂါ ကြာသပတေး စနေဆိုပြီး ရှိပါတယ်... ကားလမ်းနဲ့သွားရင် သင်္ဘောထက်နည်းနည်းပိုပင်ပန်းပါ့မယ်... သင်္ဘောလမ်းရော ကားလမ်းပါ အန္တရာယ်ကင်းပြီး အဆင်ပြေပါတယ်... သဘောင်္နဲ့သွားမယ်ဆိုရင်တော့ ကျောက်တော်မှာ၇ှိတဲ့ မဟာမြတ်မုနိကို ဖူးရမှာမဟုတ်ပါဘူး... မေးစရာရှိရင် အားမနာနဲ့ချောရေ... အီးမေလ်သာပို့လိုက်ပါ...

  3. Anonymous says:

    အင်း...ဟုတ်တယ်...ကားနဲ့သွားတာ နည်းနည်းတော့ ပင်ပန်းတယ်..လမ်မှာက ဖုန်တွေ၇ှိလို့လေ..လမ်းလည်းသိပ်ကောင်းဘူး...လွန်ခဲ့တဲ့ ၄နှစ်က အဲကွန်းကားမ၇ှိတာလား..မသိတာလားမသိဘူး...ဖုန်တွေနဲ့ဆိုတော့ စိတ်ညစ်၇တာပေါ့...သဘောင်္ာနဲ့က ပိုကောင်းမယ်ထင်တယ်...၇ာသီဥတုကတော့ ဆောင်းတွင်းအေးနေတာပဲ..၇န်ကုန်မှာ မကြုံ၇တဲ့ ဆောင်းအ၇သာ ခံစားလို့၇တယ်...
    ဟိုးအ၇င်ဆို၇ိုးတွေအ၇ ဘု၇ားက ပု၈ံထက်ပိုများပေမယ့်..အခုတော့ ဖူးစ၇ာသိပ်မ၇ှိတော့သလိုပဲနော်...ဆယ်ဂဏန်းကျော်ပဲ ၇ှိမလားပဲ....

  4. now that you 'd written your myauk oo trip, automatically realised that you fulfilled your wish for the trip. our family without me went on a trip to myauk oo last november. my sister arranged it before she went back from her duty . she worked in maung taw with msf. but they couldn't visit myauk oo thoroughly like you ,i guess. i hope we all can visit it next time thoroughly.

  5. thz for your comment. thapyaynyo.

    I wish, you have a big chance to go to Mrauk Oo with your family very happily.

Leave a Reply