Saturday, March 29, 2025

HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

တစ်လကိုးသီတင်း - ဟူသော ဝေါဟာရကို မြန်မာမှုနယ်ပယ်တွင် သူရောငါပါ အသုံးတွင်ကျယ်စွာ ပြောဆိုနေကြပါသည်။ ဘာကို ဆိုလိုပါသနည်း?။ မေးလာလျှင်ကား ဖြေဆိုဖို့ ခပ်ခက်ခက်ပင်။           တစ်လကိုးသီတင်းကို အဓိပ္ပာယ်ဖွင့်လျှင် တစ်လ + ကိုးသီတင်း ဟုပင် ဖွင့်ဆိုရပါမည်။ တစ်လဟူသည်မှာ ယေဘုယျအားဖြင့် ရက်ပေါင်းသုံးဆယ်ကာလ၊ ရက်သတ္တပတ်အားဖြင့် လေးပတ်တာကာလကို

အမေး။ ။ အရှင်ဘုရား….သိမ်နဲ့ပတ်သက်ပြီး မေးချင်ပါတယ်ဘုရား။ သိမ် ဘယ်နှစ်မျိုးရှိပါသလဲဘုရား။ ဘာလို့ သိမ်ကွဲပြားတာလဲ၊ ခဏ္ဍသိမ်ဆိုတာ ဘာကိုခေါ်တာလဲဘုရား၊ ဘယ်သိမ်က ဘယ်လိုအာနိသင်ရှိပါလဲ၊ သိမ်ဝင်အပ်၊ ချည်တွေက ဘယ်လိုများ စွမ်းပါသလဲဆိုတာ ရှင်းပြပေးပါဘုရား။ သိမ်သမုတ်မယ်ဆိုရင် သာသနာရေးဦးစီးဌာန ခွင့်ပြုစာ မြေစာရင်းဦးစီးဌာနတွေလည်း ပါရတယ်ဆိုတာ ကြားမိပါတယ်ဘုရား၊ ဒါနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ

  တစ်ခါက....ဈေးရှိတဲ့ ရွာကြီးတစ်ရွာမှာ ဈေးဖိတ်နေ့ညနေပိုင်းရောက်တဲ့အခါမှာ နောက်နေ့ရောင်းချဖို့အတွက် အမဲသက်လေ့ရှိပါတယ်….. အဲဒီအခါမှာ နောက်နေ့နွားသက်ဖို့ ၀ယ်လာတော့ နွားမကြီးတစ်ကောင်ဖြစ်နေတယ်အဲဒီနွားမကြီးဝယ်လိုက်တော့ နို့မပျက်သေးတဲ့ နွားငယ်လေးတစ်ကောင်ပါလာတယ်။နွားမကြီးကို နွားသက်ကုန်းပေါ်ခေါ်လာတော့ နွားငယ် သားလေးလည်း ဘာမသိညာမသိနဲ့လိုက်ပါလာတော့တာပေါ့။ နွားသက်ကုန်းနဲ့ မနီးမဝေးမှာတော့

  အိန္ဒိယပြည်မှာဗုဒ္ဓဘာသာဘာကြောင့်ကွယ်သွားရတာလဲဆိုတာ ဘုန်းကြီးတို့ လေ့လာလို့ ရသလောက် ပြောရရင် အခြေခံအကြောင်း ၃-ခုကို တွေ့ရပါတယ်။ ၁။ ဇာတ်ဝါဒ အလွန်ပြင်းထန်ခြင်း၊ (လူတန်းစား ခွဲခြားမှု့) ၂။ အတ္တ၀ါဒ အလွန်ပြင်းထန်ခြင်း၊ (အစွဲကြီးမှု့) ၃။ သဒ္ဓါတရားနည်းပါးခြင်းတို့ကြောင့် အိန္ဒိယပြည်မှာ ဗုဒ္ဓသာသနာ ကွယ်ခဲ့ရပါတယ်။ အပြည်အစုံအကျယ်ကို သိရှိလိုလျှင် အနှစ်ကိုးပါးတရားတော်

မေး။ ။ အရှင်ဘုရား တပည့်တော်တို့စိတ်မှာ မရှင်းလင်းတဲ့ကိစ္စတစ်ခု မေးလျှောက်ခွင့် ပြုတော်မူပါဘုရား။ လူတွေက အတိတ်ကံ၊ ၀ဋ်ကြွေးကို မလွန်ဆန်နိုင်ကြဖူးလို့ တပည့်တော်သိထားပါတယ်။ ဥပမာ-မောင်ဖြူဆိုတဲ့လူတစ်ယောက်ဟာ သူများအသတ်ကိုသတ်ခဲ့ဖူးတဲ့ အကုသိုလ်ကံကြောင့် သူ့ကိုလည်း သူများကသတ်ခဲ့ရင် သူဟာသူ့ကံကြောင့်သေရတာဖြစ်ပေမဲ့ မောင်နီဆိုတဲ့ သတ်တဲ့သူကလည်း မောင်ဖြူရဲ့ကံအကြောင်းတရားကြောင့်

ဗုဒ္ဓဘာသာဝင်များအတွက် စေတီ ၄ မျိုးကို ဖော်ပြပေးလိုက်ပါတယ်...။ ဓာတုစေတီ (ဘုရား...ရဟန္တာတို့၏ ဓာတ်တော်များ...) ဓမ္မစေတီ (ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ...) ပရိဘောဂစေတီ (ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သုံးဆောင်ခဲ့သော အသုံးအဆောင်များ...) ဥဒ္ဒိဿကစေတီ (ဘုရားရှင်ကို ရည်မှန်းပြီး ထုလုပ်ထားသော ရုပ်ပွားဆင်းတုတော်များ...) မသိလို့ပြောပြပေးပါဆိုတဲ့ လူငယ်တွေအတွက်ပါ... မေးခွန်းများအတွက်

(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း အမှတ်အဖြစ်

အမေး။ ။ အရှင်ဘုရား တပည့်တော် ဒါနကုသိုလ်နဲ့ပတ်သက်ပြီး မရှင်းလင်းသည့်အတွက် မေးလျှောက် ခွင့်ပြုတော်မူပါဘုရား။ တပည့်တော် မှတ်သားဖူးသည်မှာ တိရစ္ဆာန်ကို ဒါနပြုဖူးတဲ့သူ ဘ၀ပေါင်း(၁၀၀)၊ လူမိုက်ကို ဒါနပြုဖူးရင် ဘ၀ပေါင်း(၁၀၀၀)စတဲ့ ချမ်းသာကို ခံစားရတယ်လို့ ကြားနာခဲ့ရဖူးပါတယ်ဘုရား၊ တပည့်တော် သိချင်တာက ချမ်းသာခံစားရတဲ့အပေါ်မှာ လှူဒါန်းမှုက တစ်နပ်စာလား၊ တစ်ဘ၀စာလား၊ စားမကုန်လို့ အကြွင်းအကျန်လား၊

ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း ဆိုတဲ့ လူမျိုးစု (၈) စု ထဲကမှ ကျွန်တော် ဒီနေ့ရေးပေးချင်တဲ့ အကြောင်းကတော့ ကျွန်တော်လက်ရှိ အလုပ်တာဝန်နဲ့ ရောက်ရှိနေတဲ့ မြန်မာပြည် အနောက်ဘက် အခြမ်းမှာ တည်ရှိတဲ့ ရခိုင်ပြည်နယ် နဲ့ အဲ့ဒီရခိုင်ပြည်နယ်တွင်း ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်လူမျိုး ကိုယ့်ဇာတိ ကိုယ့်ဘာသာ သာသနာ တို့အတွက် စိတ်ဓါတ် ခန္ဓာ ကြံ့ခိုင်စွာနဲ့ နေထိုင်ကြတဲ့ ရက္ခိတ လို့ခေါ်တဲ့

အမေး။ ။ ရဟန်းတော်များဟာ လူ/သာမဏေများနဲ့အတူ ဆွမ်းဘုဉ်းပေးတာဟာ အပ်/မအပ် သိချင်ပါတယ်ဘုရား။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ၀ိနည်းတော်မှာ ချွင်းချက်အနေနဲ့ရော ရှိပါသေးလားဆိုတာ သိချင်တဲ့အတွက် လျှောက်ထားပါတယ်ဘုရား။ သုခ ရုရှားဖက်ဒရေးရှင်း အဖြေ။ ။ ရဟန်းတော်များနှင့် လူသာမဏေများ တစ်ဝိုင်းထဲစားကြတာကို မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များရဲ့မျက်စိတွင် ရိုင်းနေမည်၊ အရုပ်ဆိုးနေပေလိမ့်မည်။ ထိုအကြောင်းနဲ့ပတ်သက်ပြီး

ဗုဒ္ဓဘာသာဝင်များ နေ့စဉ် ခါးဝတ်ပုဆိုးလို မြဲမြံ နေရမယ့် ငါးပါးသီလ ထဲမှာ ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်လည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ ကာမဂုဏ် များမှာ ဖော်လွဲ ဖောက်ပြန် ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ ဒီသိက္ခာပုဒ်ဟာ တစ်လင် တစ်မယား စနစ်ကို အကောင်အထည် ဖော်ပေးထားတာ ဖြစ်ပါတယ်။ ကာမဂုဏ် မှီဝဲတာကို ရှောင်နိုင်ရင် ကောင်းပေမယ့် မရှောင် နိုင်ရင်တော့ ကိုယ့်အိမ်သူ

အမေး။ ။ အရှင်ဘုရား တပည့်တော်သူငယ်ချင်းက သူ့အမြင်နဲ့ အမေးတစ်ခုမေးလာပါတယ်၊ သူ့အမြင်က မြန်မာနိုင်ငံရဲ့ အထင်ကရ ဘုရားစေတီများ၊ ထီးတော်၊ ငှက်မြတ်နားတော်များ၊ ကျောင်းများ စတာတွေမှာ စိန်၊ရွှေ၊ကျောက်သံပတ္တမြား၊ ၀တ္တုကြေးငွေတို့ကို အများကြီးအကုန် အကျခံပြီး ပေးလှူထားတာတွေ တွေ့မြင်ရပါတယ်။ ချမ်းသာတဲ့သူများက အကုန်ခံနိုင်တယ်ထားဦးတော့။ ဆင်းရဲတဲ့သူများကလည်း တတ်နိုင်သလောက်ပေးကမ်းတာ တွေ့ရပါတယ်။

နီပေါနိုင်ငံသည် အိန္ဒိယပြည်၏ မြောက်ဘက်၌ နယ်နမိတ်ချင်း ဆက်စပ် တည်ရှိနေသော နိုင်ငံဖြစ်၏၊ ဗုဒ္ဓရှင်တော်မြတ်၏ ခမည်းတော် မယ်တော်တို့ တည်ရှိနေသော နိုင်ငံဖြစ်၏။ ဗုဒ္ဓရှင်တော်မြတ်၏ ခမည်းတော် မယ်တော်တို့ နေထိုင်ရာ ကပိလ၀တ်ပြည်နှင့် ဘုရားလောင်းဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်တို့သည် နီပေါနိုင်ငံအတွင်း၌ တည်ရှိကြ၏။ ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်ရှိပြီးနောက် တစ်နှစ်မြောက်အချိန်တွင်

လောကမှာ ကျင်လည်ကျက်စားနေကြတဲ့ သတ္တ၀ါမှန်သမျှဟာ သတိလက်လွတ်မှုကြောင့် မမှားသင့်တဲ့ အမှားလေးတွေ မှားနေကြပါတယ်။ တချို့အမှားလေးတွေကျတော့ မိမိဘက်က မှန်တယ်ထင်ရပေမဲ့ အများအမြင်မှာတော့ မှားတဲ့အရာဖြစ်နေပါတယ်။ ယနေ့ခေတ်တွင် လူငယ်များဟာ ကာမကိစ္စများနဲ့ပတ်သတ်ပြီး မှားသင့်တဲ့အရာလား၊ မမှားသင့်တဲ့အရာလားဆိုတာ ခွဲခြားဝေဖန်ခြင်း လေ့လာခြင်းမရှိဘဲ စိတ်ကိုအလိုလိုက်ကာ အလွယ်တကူ မှားယွင်းနေကြပါတယ်။

အမေး။ ။ ဥပုသ်ဆောက်တည်တဲ့အခါ တချို့က ဘုရားဆောင်အရှေ့မှာ သီလယူကြပါတယ်။ တချို့က သံဃာတော်များအရှေ့မှာ သီလယူကြပါတယ်။ တချို့က လူတွေအရှေ့မှာလည်း ယူကြတယ်။ တပည့်တော်သိချင်တာက ဘယ်သူ့ဆီမှာ သီလယူရင် အကောင်းဆုံးဖြစ်ပါသလဲဘုရား။ ပြီးတော့ ဥပုသ်ဆောက်တည်ရာမှာ အချိန်ကန့်သတ်ချက်နှင့် အကြုံးဝင်တဲ့ အချိန်ကာလ အပိုင်းအခြားကိုလည် သိချင်ပါတယ်။ ဥပုသ်ဆောက်တည်ခြင်းဖြင့်လည်း ဘယ်လိုအကျိုးများ ရရှိနိုင်ပါသလဲဘုရား။ အဖြေ။

အမေး။ ။ ဘုန်းဘုန်းဘုရား။ သံဃာတော်တွေအတွက် သပိတ်ကို အမဲရောင်အဖြစ် ဘယ်သူသတ်မှတ်တာလဲ ဘုရား။ သတ်မှတ်တဲ့အချိန်ကာလနှင့် ရည်ရွယ်ချက်ကို တပည့်တော်သိလိုပါတယ် ဘုရား။ နောက်ပိုင်းမှာ မြသပိတ်လို အစိမ်းရောင်တွေ ပေါ်လာတာလေးလည်း တပည့်တော်သိလိုပါတယ်ဘုရား။မောင်ပြည့်စုံအောင်။ရုရှား အဖြေ။ ။ သပိတ်အကြောင်းနဲ့စပ်ပြီး အကျယ်တ၀င့် ပြောချင်တယ်။ ဘုရားအလောင်းတော် တောထွက်တော် မူတော့ ဃဋိကာရဗြဟ္မာကြီးက

တရား ခုနစ်မျိုးတို့ကို ဖျက်ဆီးအပ်ပြီး ဖြစ်သောကြောင့် ရဟန်းမည်၏။ အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ- ၁။ ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု {သက္ကာယဒိဋ္ဌိ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။ ၂။ မဝေခွဲနိုင်မှု {၀ိစိကိစ္ဆာ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။ ၃။ ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု {သီလဗ္ဗတပရာမာသ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။ ၄။ စွဲမက်မှု {ရာဂ} ကို ဖျက်ဆီးအပ်ပြီး

ကြည်ညိုထိုက်သော ရဟန်းတော်များ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်၌ ရဟန်းတော်များ များစွာရှိပါသည်။ ထိုရဟန်းတော်များအနက် ဘယ်လိုရဟန်းတော်များကို ကြည်ညိုရမလဲ ဆိုတာကို အချုပ်အားဖြင့် ပြောပြရလျှင် ဓုရနှစ်ပါးကို ကြိုးစားအားထုတ် ပြုလုပ်နေကြတဲ့ ရဟန်းတော်များကို ကြည်ညိုကြရမယ်။ ( ရဟန်းအလုပ် - ဓုရ ၂-ပါး ) မြတ်စွာဘုရားက မိမိ၏ သာဝကရဟန်းတော်များ အားထုတ်ဖွယ် ရဟန်းတို့အလုပ်=ရဟန်းတို့တာဝန် ကို (၁)

ဒီနေ့တော့ လူသစ်တွေရောက်လာလို့ ၀ိပဿနာလက်တွေ့လုပ်နည်းကိုစပြီး ဟောရလိမ့်မယ်။ ၀ိပဿနာအလုပ်စမယ်ဆိုရင် မိမိစိတ်ဟာ အဓိပတိ ၃-ပါး အားထားရမယ်။(အဓိပတိသုံးပါးကို တရားအားထုတ်ရာ၌ ရှေးဦးမှတ်ဖွယ်တွင် ဖော်ပြပေးပါမယ်)။ တရားထိုင်တဲ့အခါ ဆိတ်ငြိမ်တဲ့နေရာမှာထိုင်ပါ။ ဆိတ်ငြိမ်တဲ့နေရာဟာ တောပါပဲ။ ဘုရားကို ရှိခိုးကန့်တော့၊ မိမိခန္ဓာကို တရားမထိုင်မီ ဘုရားကိုလှူထားပါ။ ပြီးတော့ သမ္မာဒေ၀- နတ်ကောင်းနတ်မြတ်တွေကို

အမေး။ ။ ဆရာတော်ဘုရား…. တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါတယ်ဘုရား။ မြတ်စွာဘုရားရှင်က မာဂဓဘာသာစကားနှင့် သတ္တ၀ါများကို တရားရေအေး တိုက်ကျွေးခဲ့တယ်ဆိုတာ သိရပါတယ်ဘုရား။ တပည့်တော်သိချင်တာက မာဂဓဘာသာစကားနှင့် ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ တရားတော်များကို ပါဠိဘာသာစကားသို့ အဘယ်အချိန်က ပြောင်းလဲခဲ့ပါသလဲဆိုတာ အဖြေပေးတော်မူပါဘုရား။လင်းလင်း။ ထိုင်ဝမ် အဖြေ။ ။ ဘုရားရှင်ဟာ မာဂဓဘာသာစကားနှင့်

ဘုရားရှင်ဟာ သာမန်အချိန်မှာ ပကတိလူသားထက်ပိုပြီး မြင့်နိုင်စရာမရှိပေမဲ့လို့ ခန္ဓာကိုယ်ကို ကြီးချင်ရင် သူတကာထက်ပိုပြီး ကြီးလို့ရသလို ငယ်ချင်ရင်လည်း ငယ်ချင်သလောက် ငယ်လို့ရတယ်ဆိုတဲ့ ဘုရားရှင်ရဲ့ တန်ခိုးတော်အရာလည်း ရှိပါသေးတယ်။ သာဓကတစ်ခုပြောချင်ပါသေးတယ်။ တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ ဘုရားရှင်ရဲ့ အရပ်တော်ကို သိချင်တဲ့အတွက် သူ့အိမ်အရှေ့ ဘုရားရှင် ဆွမ်းခံကြွရာနေရာမှာ ၀ါးလုံးတစ်လုံး

(က)  အရှင်ဘုရား.. ဘာသာခြားများက မေးလာတဲ့မေးခွန်းကို သေချာဖြေနိုင်အောင် ကူညီပါဦးဘုရား။  သူတို့မေးတာက သရဲ တစ္ဆေတွေ ကိုယ်တိုင် အလှူအတန်း မလုပ်ပါဘဲ သာဓုခေါ်လိုက်ရုံနဲ့ ကွတ်လွတ် သွားရောလား၊ သာဓု ဆိုတာဘာလဲ။ အဲလောက်စွမ်းလား လို့ မေးကြတယ် ဘုရား၊တပည့်တော်မတို့က အခြောက်အလှန့်ခံရရင် အမျှပေးလိုက်ပါ .. သာဓုခေါ်ခိုင်းလိုက်ပါ လို့ ပြော ပြောနေကြတာကိုးဘုရား .. (ခ)

အမေး။ ။ အရှင်ဘုရား..ဗုဒ္ဓသာသနာသည် နှစ်(၅၀၀၀)၊ ယခုကာလသည် အရိယာများစွာ ပေါ်ထွန်းနေရမည့် ကာလဟူ၍ ဘယ်သူကဆိုခဲ့ပါသလဲ၊ အဖြေပေးတော်မူပါဘုရား။ငြိမ်းလွင်။ Mosscow အဖြေ။ ။ ဒါနဲ့ပတ်သက်ပြီး မြတ်စွာဘုရားက အရှင်အာနန္ဒာအား “အာနန္ဒာ…မာတုဂါမများ သာသနာအတွင်း ၀င်လာတဲ့အတွက်ကြောင့် သာသနာဟာ အနှစ်ငါးရာသာ တည်လိမ့်မယ်။ (ဂရုဓံတရားရှစ်ပါး ပြဋ္ဌာန်းပေးထားတဲ့ အတွက် အနှစ်တစ်ထောင် တည်မြဲလိမ့်မယ်)လို့

အမေး။ ။ အရှင်ဘုရား…မွေးခါစမှာ စကားပြောကြတဲ့ ဘုရားအလောင်းတော် ဘယ်နှစ်ဦး ရှိပါသလဲဘုရား။ ထိုသူတို့ရဲ့ မွေးခါစမှာ ပြောတဲ့စကားများကို ပါဠိလိုမြန်မာလို နှစ်ဘာသာဖြင့် ဖော်ပြပေးပါရန် တပည့်တော် ရိုသေစွာ လျှောက်ထားပါတယ်ဘုရား။ပြည့်စုံအောင်။ စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း အဖြေ။ ။မွေးဖွားခါစ စကားပြောဖူးသောသူများမှာ ဘုရားအလောင်းတော်များဖြစ်ကြတဲ့ ဝေဿန္တရာ၊ မဟောသဓာ၊ သိဒ္ဓတ္တမင်းသားတို့ဖြစ်တယ်။

မနေ့က 17.11.2011 ဖေ့ဘုတ်ကနေတဆင့် သတင်းတစ်ပုဒ်ရလိုက်ပါတယ်... အဲဒီသတင်းလေးဖတ်ရင် တော်တော်စိတ်မကောင်းလည်းဖြစ်မိတယ်... စင်ကာပူနိုင်ငံနေ မြန်မာအမျိုးသမီးငယ်တစ်ဦး တိုက်ပေါ်မှခုန်ချသတ်သေ တော်တော်လည်း သံဝေဂရမိပါတယ်... လောကမှာလူတိုင်းက စိတ်ဖိစီးမှုဆိုတာရှိတာပါပဲ... ငွေကြောင့်... မိသားစုကြောင့်... ပတ်ဝန်းကျင်ကြောင့်... အချစ်ကြောင့်... အမုန်းကြောင့်... ဘာသာရေးကြောင့်... လုပ်ချင်တာမလုပ်ရတာကြောင့်...

အမေး။ ။ အရှင်ဘုရား….အနောက်တိုင်းသားတွေရဲ့အယူအဆက ဘုရားရှင်ဟာ အစာအိမ်ကင်ဆာနဲ့ ဆုံးတယ်လို့ ယူဆကြပါတယ်။ ၀မ်းတော်လားတယ်ဆိုတော့လည်း အစာအိမ်နဲ့ နည်းနည်းပတ်သက်တယ်ထင်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရှင်းပြပေးတော်မူပါဘုရား။ကိုကိုအောင်။ အမေရိကန် အဖြေ။ ။ အများအမြင်မှာ ဘုရားရှင်ဟာဝမ်းတော်လားတဲ့အတွက် ပရိနိဗ္ဗာန်စံတယ် ထင်ကြတယ်။ အမှန်က ဘုရားရှင်ဟာ ဒီအချိန်ကျရင် ၀မ်းတော်မလားလည်း

၁။ အပါယ်ဘုံသို့ ရောက်ရခြင်း။ ၂။ လူဖြစ်လျှင် မိန်းမ(သို့) အခြောက်ဖြစ်ရခြင်း။ ၃။ အများက မုန်းတီးရွံရှာခြင်း။ ၄။ ရန်သူများခြင်း။ ၅။ စိုးရိမ်ကြောင့်ကြများခြင်း။ ၇။ ချမ်းချမ်းသာသာ မနေရခြင်း။ ၈။ ချစ်သူနဲ့ခွဲရခြင်း၊ အိမ်ထောင်မမြဲခြင်း။ ၉။ မျက်နှာမကြည်လင်ခြင်း။ ၁၀။ အင်္ဂါလက္ခဏာ သေးသိမ်ခြင

အမေး။ ။ ပါရာဇိကလေးပါးမှာ တစ်ပါးပါးကို ကျူးလွန်မိတဲ့ရဟန်းတစ်ပါးအနေနဲ့ သာသနာတော်မှာ ဆက်နေချင်သေးရင် ဘာတွေလုပ်ရသလဲဘုန်းဘုန်း။ တကယ်လို့ အဲဒီရဟန်းဟာ လူထွက်သွားတယ်။ ကိုယ်တိုင် ပါရာဇိကကျူးလွန်တာကို ကျူးလွန်မှန်းမသိရင် ဘာဖြစ်တတ်ပါသလဲ ဘုန်းဘုန်း။ တကယ်လို့ သိခဲ့ရင်ကော အဲဒီလူထွက်ထားတဲ့ ပုဂ္ဂိုလ်အနေနဲ့ အပြစ်ကို ဘယ်လိုချေဖျက်လို့ ရနိုင်ပါသလဲ ဖြေကြားပေးတော်မူပါဘုရား။ပြည့်စုံအောင်။

ဖြစ်ဖြစ်သမျှ အရာဝတ္ထုအစုစုသည် တစ်နေ့ကျလျှင် ဧကန်မုချ ပျက်ရမည့် အနိစ္စတရားသာဖြစ်ပါတယ်။ထို့ကြောင့်သတ္တဝါတို့ နေရာဤကမ္ဘာလောကကြီးလည်း ထိုအနိစ္စနယ်ပယ်မှာ ပါဝင်နေတာဖြစ်လို့ ခိုင်မြဲတည်တံ့နေမှာမဟုတ်ပဲ တစ်နေ့ကျလျှင် ဧကန်မုချပျက်ရမှာဖြစ်ပါတယ်။ကမ္ဘာလောကပျက်ဖို့ရာ အကြောင်းတရားသုံးမျိုးရှိပါတယ်။အဲဒါကဘာတွေလဲလို့ဆိုတော့ မီး၊ကြောင့်ပျက်စီးခြင်း၊ရေကြောင့်ပျက်စီးခြင်း၊လေကြောင့်ပျက်စီးခြင်းတို့ဖြစ်ပါတယ်။ မီးဖျက်သည့်

ကျွန်တော် စစ်တွေကို အလုပ်တာဝန်နဲ့သွားပြီး အပြန်မှာ ရုံးက အကိုတစ်ယောက်ရဲ့ ကူညီပေးမှုကြောင့် ဒီ ဗုဒ္ဓပါဒခြေတော်ရာ ကိုရောက်ရှိခဲ့ပါတယ်... ဒီ ဗုဒ္ဓခြေတော်ရာတည်ရှိရာ (ခြေရာတော်ရွာ) နေရာက စစ်တွေ ကနေ ဘူးသီးတောင် သွားတဲ့ရေလမ်းခရီး ၄ ပုံ ၁ ပုံလောက်မှာရှိတာပါ... ပုံမှန်အားဖြင့် အသွားအလာအရမ်းနည်းသလို ရောက်ဖို့လည်း ခဲရင်းလှပါတယ်... တစ်နှစ်မှာတစ်ကြိမ် ခြေတော်ရာ ဘုရားပွဲဆိုပြီး စည်စည်ကားကားရှိလှပေမယ့်...