HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label ဘလော့ခ်. Show all posts
Showing posts with label ဘလော့ခ်. Show all posts

အဟောင်းကိုပြန်သုံးရတာ အားနာပါတယ်ဗျာ... ဒါပေမယ့် Cbox အကောင့်တွေ ဖောင်းပွတာအဆင်မပြေလို့... ဒီအကောင့်လေးနဲ့ပဲ ဆက်လက် အသက်သွင်းလိုက်ပါတယ်... အားလုံးလည်း အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်...
အားလုံးလွတ်လပ်ပျော်ရွှင်စွာ ရေးသားဝေဖန်ကြပါ...
ဆဲဆိုခြင်းကိုတော့ လုံးဝမပြုလုပ်ရင် မေတ္တာရပ်ခံပါတယ်ခင်ဗျာ...။

သူငယ်ချင်းများအားလုံးရဲ့...

ဇင်မျိုး

အခုလေးတင်ပဲဆုံးဖြတ်ချက်ချလိုက်ပါတယ်... ကိုယ်တိုင်ရေးတွေပဲတင်တယ်ဆိုပေမယ့်... ဘာသာရေးနဲ့ပတ်သက်ရင်တော့ ကိုယ်တိုင်ရေးနိုင်တဲ့အဆင့်လုံးဝမရှိလို့... အားလုံး ကူးယူပြီးဝေမျှမယ်လို့ ဆုံးဖြတ်လိုက်ပါပြီ... ထေရ၀ါဗုဒ္ဓသာဘာသာဝင်တစ်ယောက်အနေနဲ့ သိသင့်တာတွေကို အတတ်နိုင်ဆုံး စုဆောင်းကူးယူတင်ပြီး အတတ်နိုင်ဆုံးလည်း သိသမျှအားလုံးကို Credit ပေးသွားပါ့မယ်...

ဘလော့ခ်ရေးသားခြင်းကို မထိတွေ့တာ ကြာသွားတဲ့ ကျွန်တော့်အတွက်ကတော့ ဒီ ဘလော့ခ်လေးဟာ တကယ့်ကို ပျော်ရွှင်စရာတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်... ဘလော့ခ်လေးကို စလုပ်ကတည်းက Domain ၀ယ်ဖို့လည်း ဆုံးဖြတ်ထားခဲ့ပြီးသားပါ... ဘာလို့လဲဆိုတော့ ကျွန်တော့်ကို ပင်တိုင်အားပေးနေမယ် ၂ ယောက်... ၃ ယောက်သော သူငယ်ချင်းတွေ အတွက်ပါပဲ... အောင်မြင်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်သလို သူတပါးကိုလည်း တိုက်ခံ ဝေဖန်မယ် ဘလော့ခ် တစ်ခုမဟုတ်ဘူးဆိုတာလည်း တစ်ခါတည်း ပြောထားပါရစေ... ဒီဘလော့ခ်လေးဟာ ကျွန်တော် စိတ်ကူး/ရူး ပေါက်ရင်ပေါက်သလို အတွေးအမြင် စိတ်ကူး/ရူး ပျော်စရာ ၀မ်းနည်းစရာ ဒေါသ လောဘတွေ အမြဲကြီးစိုးနေတဲ့ ကျွန်တော့် စိတ်ရဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ ပြုလုပ်ထားတဲ့ ဘလော့ခ်လေးပါ... လာလည်မယ်ဆိုလည်း ၀မ်းသာအားရ ကြိုဆိုလျက်ပါ... ဒီဘလော့ခ်တွင် အရေးကြီးလွန်းလှသော သတင်းအချက်အလက်များမှအပ... ကျန်သော မည်သည့် ကိစ္စရပ်ကိုမဆို ကိုယ်တိုင်ရေး (own tune) များကိုသာ အဓိကထားရေးသား သွားမှာပါ... ဘာတွေ ပါဝင်နိုင်သလဲဆိုတော့... ကိုယ်တိုင်ရေး ဆောင်းပါတွေ... ၀တ္တုတိုတွေ... ကဗျာတွေ... သီချင်းတွေ... အလျင်သင့်သလို ပါဝင်သွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်... အပေါ်မှာပြောထားသလိုပဲ အားပေးသူမရှိတောင် အမာခံ ၂ ယောက်... ၃ ယောက်သော သူငယ်ချင်းတွေကတော့ ဘာရေးရေး ဘာတင်တင် ငြင်းလိမ့်မှာမဟုတ်ဘူးဆိုတာ ယုံကြည်ထားတဲ့အတွက် ဒီဝက်ဆိုဒ်လေးကို ရဲရဲတင်းတင်း ရှေ့ဆက်လိုက်ပါတော့မယ်... (Domain အလှူရှင်ကိုလည်း မျှော်နေပါတယ်လို့ :D )

သူငယ်ချင်းများ အားလုံးရဲ့...

ဇင်မျိုး