ဗုဒ္ဓဘုရားရှင်အပေါ်ကို စော်ကားပြောဆိုထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို
အင်တာနက်မှာဖတ်မိပြီး ဒီဆောင်းပါးလေး ရေးချင်စိတ်ဖြစ်သွားတာနဲ့
ရေးဖြစ်သွားတယ်။ ပြန်လည်ပြီးတိုက်ခိုက်ပြောဆိုဖို့ရာ မဟုတ်ပါဘူး၊
ဘာဖြစ်လို့လဲဆိုတော့ စွတ်စွဲပြောဆိုသူရဲ့ စကားလုံးတွေက ကြမ်းတမ်းပြီးတော့
တစ်ခုမှလည်း မမှန်ကန်လို့ပါ။ ဗုဒ္ဓဘာသာတွေဘက်ကလည်း
ပြန်လည်တိုက်ခိုက်ပြောဆိုတာတွေ ရှိပါတယ်။ အဲဒီလိုတွေ အပြန်အလှန်
ပြောဆိုနေကြရင်ဖြင့် ဘယ်တော့မှလည်း အဖြေမှန်ကို ရမှာမဟုတ်ပါဘူး။ အဓိက
ငြင်းခုန်နေကြတာကတော့ ငရဲ ရှိမရှိဆိုတာနဲ့ နိဗ္ဗာန်ရှိမရှိဆိုတာတွေပါပဲ။
ငရဲဆိုတာ ဗုဒ္ဓဘာသာတွေရဲ့ မရောက်ချင်ဆုံးသော နေရာတစ်နေရာ ဖြစ်သလို ထို့အတူပဲ
နိဗ္ဗာန်ဆိုတာဟာလည်း ဗုဒ္ဓဘာသာတိုင်းရဲ့ ပန်းတိုင်ပါပဲ။ လူတစ်ဦးတစ်ယောက်ရဲ့
အသက်လောက်ယုံထားတဲ့ ယုံကြည်ချက်ကို တစ်ခြားတစ်ယောက်ကပုတ်ခတ်ပြောဆိုခွင့်
မရှိပါဘူး။ ဒါဟာ ဘယ်ဘာသာရယ်မှ မဟုတ်ဘဲ ဘာသာအားလုံးရဲ့ ဥပဒေသပါ။ လောကမှာ
မြတ်စွာဘုရား ပွင့်တော်မူလာတာဟာ ရည်ရွယ်ချက်သုံးပါး ရှိပါတယ်။ ဗုဒ္ဓဘာသာတွေ
သိပြီးသားဖြစ်ပေမယ့် နားမလည်သေးတဲ့ သူတွေ အတွက် ရှင်းပြချင်ပါတယ်။
ဒီရည်ရွယ်ချက်တွေနဲ့ ဆက်စပ်ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေကို စာရေးသူလည်း
ဟိုတုန်းက သိပ်နားမလည် မရှင်းလင်းခဲ့ပါဘူး။ တောင်ငူမြို့
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဟောကြားရှင်းလင်းပြသည့်
တရားတော်ကို နာကြားပြီးကတည်းက သဘောတော်တော်ကျသွားပါတယ်၊ ဘုရားအပေါ်ကို
ယုံကြည် ကြည်ညိုတဲ့စိတ်လည်း ပိုပိုပြီး ဖြစ်ပေါ်လာခဲ့ပါတယ်။
ရည်ရွယ်ချက်သုံးပါးက (၁) အတ္တ (၂) ဟိတ (၃) သုခ တို့ပါပဲ၊ အတ္တ ဆိုတာ
အကျိုးများဖို့ ဟိတ ဆိုတာ အစည်းအပွားဖြစ်ထွန်းဖို့နဲ့ သုခဆိုတာ
ချမ်းသာဖို့လို့ အဓိပ္ပါယ်ရပါတယ်။ လူတွေရဲ့ အကျိုးစည်းပွားအတွက်ဆိုတာ
လူများစုအတွက်ပါ၊ ပါဠိလိုတော့ ဗဟုဇနဟိတ ဗဟုဇနသုခလို့ပါပါတယ်။
အကုန်လုံးတော့လည်း မတတ်နိုင်ပါဘူး။ ဒီနေရာမှာ ဘုရားရှင်ပွင့်လာတာနဲ့
လူတွေစည်းပွားဖြစ်သွားပါပြီလား လူတွေချမ်းသာသွားပါပြီလား မေးစရာရှိလာပါတယ်၊
မေးလည်းမေးပါ။ ဗုဒ္ဓ၀ါဒကိုက ၀ိဘဇ္ဇ၀ါဒ ဝေဘန်စီစစ်ခံတဲ့ဝါဒဖြစ်ပါတယ်။
ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ လူအများစု ဘာလို့ဆင်းရဲသလဲ၊
မေးပါ-မေးလည်းမေးနေကြပါတယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ထိုမေးခွန်းတွေရဲ့
အဖြေအတွက် ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ကုသမှုမှာအင်မတန်
ကျွမ်းကျင်တော်မူတဲ့ ဆေးပါရဂူတစ်ယောက်နဲ့ ဥပမာပေးတော်မူခဲ့ပါတယ်။
ဆေးပါရဂူတစ်ယောက်ဟာ သူ့ထံကို လူနာလာမကုချင်ရင်ဖြင့်လည်း နေပါ။
နေလို့ရပါတယ်၊ လာကုလှည့်ပါလို့ မပြောပါဘူး။ သူ့ကို ယုံလို့ လာပြီးဆေးကုတဲ့
လူတွေကတော့ဖြင့် သူ့စကားကို သေသေချာချာ နားထောင်ရပါမယ်။ ဒီအစားအစာကို
မစားနဲ့လို့ သူကပြောရင် မစားဘဲ နေရမှာပါ။ ဒီနေ့မှ ရေချိုးဆိုရင် ထိုနေ့ကျမှ
ရေချိုးရပါမယ်။ စသည်စသည်ဖြင့် သူ့စကားကို သေချာနားထောင် ရမှာပါ။
နားထောင်ရဲ့သားနဲ့မှ ရောဂါမပျောက်ရင်ဖြင့် ဆေးဆရာရဲ့ တာဝန်ပါပဲ။
ကိုယ်ကတော့ဖြင့် ဆေးဆရာရဲ့ စကားကို နားထောင်ချင်တဲ့ စကားကိုကြ
နားထောင်လိုက်မယ်-ကိုယ်မကင်းနိုင်တဲ့ အရာကိုတော့
စေတီပုထိုးပုံတော်များ
Showing posts with label ဆုံစည်းရာ. Show all posts
Showing posts with label ဆုံစည်းရာ. Show all posts




