HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label ကာမေသုမိစ္ဆာစာရကံ. Show all posts
Showing posts with label ကာမေသုမိစ္ဆာစာရကံ. Show all posts

“လူမှာအမျိုး၊ ကြက်မှာအရိုး”  “ငှက်ပျောပင်စိုက်၊ မိလိုက်ဖပါ” ဆိုတဲ့စကားတွေကို လူတိုင်းလိုလိုကြားဖူးပါလိမ့်မယ်။ ဆိုလိုတဲ့ အဓိပ္ပါယ်ကတော့ လူတစ်ယောက်အတွက် သူဆင်းသက်လာခဲ့တဲ့မျိုးရိုးက အလွန်အရေးကြီးတယ်လို့ ဆိုလိုတာပါ။ 

   လူကောင်းသူကောင်း မျိုးရိုးသန့်က မွေးဖွါးလာတဲ့သူဟာ လူကောင်းသူကောင်းလေးဖြစ်ပြီး။ လူဆိုးလူမိုက်တွေက မွေးဖွါးလာတဲ့သူက လူဆိုးလူမိုက်ဖြစ်မယ်လို့ ဆိုလိုတာပါ။

   ဒါပေမဲ့မျိုးရိုးတစ်ခုထဲကြောင့် လူကောင်းသူကောင်းမဖြစ်နိုင်သလို လူဆိုးလူမိုက်         တစ်ယောက်လည်းမဖြစ်နိုင်တာကို သူတော်ကောင်းတွေဆီရောက်သွားလို့ သူတော်ကောင်းဖြစ်သွားတဲ့ ကျေးနှင့်လူဆိုးသူခိုးတွေဆီရောက်သွားလို့ ဆိုးသွမ်းသွားတဲ့ ကျေးညီနောင်နဲ့ ဥပမာ ပေးကြပါတယ်။
“ရွှေပင်နားတော့ ရွှေကျေး၊ ငွေပင်နားတော့ ငွေကျေး၊” လို့ လဲစာဖွဲ့ကြပါတယ်။

     အဲ့ဒါ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်(၀ါ) သတ္တ၀ါတစ်ကောင်ရဲ့ အမူအကျင့်၊ စိတ်ထားတွေဟာ ရုပ်ခန္ဓာပေါ်တွင်သာမက စိတ်ခန္ဓာ နှစ်မျိုးလုံးပေါ်မှာမူတည်နေလို့ပါပဲ။ 

          ဒါကြောင့် ဓမ္မဘေရီ ဆရာတော် အရှင်ဝီရိယ(တောင်စွန်း) ရဲ့တန်ဖိုးရှိလှတဲ့ ပဋ္ဌာန်းတရား တော်၊  ကမ္မပစ္စည်းအခန်းမှာ၊ “ဗီဇနဲ့ ပတ်ဝန်းကျင်” ဘယ်ဟာအဓိကကျသလဲ ဆိုတဲ့ ပြဿနာကို သပြေကန် ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ မထေရ်ကြီးကို ကိုးကားပြီး ပစ္ဆိမဘဝိကပုဂ္ဂိုလ်ဆိုတဲ့ မုချသေချာတဲ့ ဆုကြီးပန် နိယတပစ္ဆိမဘဝိက များမှာသာ ဗီဇက ပိုအရေးကြီးပြီး၊ဆုကြီး ပန်မဟုတ်တဲ့ အနိယတပစ္ဆိမဘဝိက ပုဂ္ဂိုလ် များမှာတော့ ပတ်ဝန်းကျင်က ပိုအရေးကြီး တယ်လို့ ရှင်းလင်းပြထားပါတယ်။

ကျမ အခုဖေါ်ပြမဲ့ မျိုးရိုးဗီဇ (Genetics) ဆိုတာကတော့ အဲ့ဒီလောက်မရှုပ်ထွေး၊ မခက်ခဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်သက်သက်ကိုသာသိတဲ့ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်မို့ပါပဲ။

   ကျမတို့ရဲ့ရုပ်လက္ခဏာတွေဟာ အမိအဖတို့ရဲ့ မျိုးရိုးဗီဇ (Genes) တွေကရတာ          ဖြစ်ပြီး၊ ကျမတို့ရဲ့



ဗုဒ္ဓဘာသာဝင်များ နေ့စဉ် ခါးဝတ်ပုဆိုးလို မြဲမြံ နေရမယ့် ငါးပါးသီလ ထဲမှာ ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်လည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ ကာမဂုဏ် များမှာ ဖော်လွဲ ဖောက်ပြန် ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ ဒီသိက္ခာပုဒ်ဟာ တစ်လင် တစ်မယား စနစ်ကို အကောင်အထည် ဖော်ပေးထားတာ ဖြစ်ပါတယ်။ ကာမဂုဏ် မှီဝဲတာကို ရှောင်နိုင်ရင် ကောင်းပေမယ့် မရှောင် နိုင်ရင်တော့ ကိုယ့်အိမ်သူ သက်ထား၊ ကိုယ့်လင်ယောက်ျား နဲ့ပဲ မှီဝဲ နေထိုင် နိုင်ကြောင်း ခွင့်ပြု ထားခြင်း ဖြစ်ပါတယ်။ အိမ်ထောင်သည် မှန်သမျှ ကာမဂုဏ် ကိစ္စမှာ ကိုယ့်လင်ယောကျာ်း၊ ကိုယ့်ဇနီးမယားက လွဲပြီး ကျန်တဲ့ ဘယ်သူ့ အပေါ်မှာကိုမှ ဘယ်လို အကြောင်း ပြချက်နဲ့ပဲ ဖြစ်ဖြစ် မဖောက်ပြန် ရဘူးလို့ တားမြစ်ထားခြင်း ဖြစ်ပါတယ်။

ဒီကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်ဟာ အိမ်ထောင်သည် များကို ရည်ညွန်းပါတယ်။ အထူးသဖြင့် အိမ်ထောင်သည် အမျိုးသား/ ယောက်ျားများ အတွက် ပိုပြီး တားမြစ် ခြင်း ဖြစ်ပါတယ်။ အမျိုးသား/ ယောက်ျားများ အတွက် ကာမေသုနဲ့ ပတ်သက်ပြီး မသွားလာအပ်တဲ့ မိန်းမ (၂၀)ရှိကြောင်း ပါရာဇိကဏ် အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။ အဲဒီ ၂၀က

လောကမှာ ကျင်လည်ကျက်စားနေကြတဲ့ သတ္တ၀ါမှန်သမျှဟာ သတိလက်လွတ်မှုကြောင့် မမှားသင့်တဲ့ အမှားလေးတွေ မှားနေကြပါတယ်။ တချို့အမှားလေးတွေကျတော့ မိမိဘက်က မှန်တယ်ထင်ရပေမဲ့ အများအမြင်မှာတော့ မှားတဲ့အရာဖြစ်နေပါတယ်။ ယနေ့ခေတ်တွင် လူငယ်များဟာ ကာမကိစ္စများနဲ့ပတ်သတ်ပြီး မှားသင့်တဲ့အရာလား၊ မမှားသင့်တဲ့အရာလားဆိုတာ ခွဲခြားဝေဖန်ခြင်း လေ့လာခြင်းမရှိဘဲ စိတ်ကိုအလိုလိုက်ကာ အလွယ်တကူ မှားယွင်းနေကြပါတယ်။ တကယ်ဆို ကာမအမှုဟာ မိမိအတွက် အပြစ်နဲ့အကျိုး ဘယ်ဟာက ပိုများသလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။


ဒါပြင် ယခုခေတ်လူငယ်များ ကျုးလွန်နေကြတဲ့ ကာမမှုများဟာ များသောအားဖြင့် ကာမေသုမိစ္ဆာစာရကံနဲ့ မကင်းဘူးဖြစ်နေပါတယ်။ မိမိတို့ဟာ ဘယ်လိုမိန်းမယောက်ျားနဲ့ ကျုးလွန်ရင် ကာမေသုမိစ္ဆာစာရကံ ထိုက်မလဲဆိုတာ သေချာမသိကြပါ။ တချို့ကျတော့လည်း သိသိကြီးနဲ့ မိုက်နေကြတာလည်း ဖြစ်ပါမယ်။ အဲဒီလိုမိုက်နေတာဟာ ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးများကို မိမိတို့က သေချာမစဉ်းစား မလေ့လာထားလို့ပါ။ တကယ်တမ်း လေ့လာဆင်ခြင် စဉ်းစားမယ်ဆိုရင် ဒီကာမေသုမိစ္ဆာစာရကံရဲ့အကျိုးဟာ မျက်မှောက်တမလွန်နှစ်ဘ၀လုံးအတွက် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ သိပါလိမ့်မယ်။

ခုတော့ အဲဒီလိုမသိတဲ့အတွက် ယနေ့ခေတ်လူငယ်များဟာ ကာမကိစ္စကို အလွယ်တကူ ဘာမှမဖြစ်ဟုထင်နေပြီး ကျုးလွန်နေကြပါတယ်။ ဒါဟာလည်း တခြားနိုင်ငံက ကံတရား အကျိုးပေးကို မယုံကြည်ကြတဲ့လူတွေရဲ့ လုပ်ရပ်များကို အတုယူလို့လည်း မမှားသင့်တာ မှားနေကြတာပါ။ မိန်းကလေးများကလည်း မိမိတို့ဣနြေ္ဒသိက္ခာကိုမထိန်းဘဲ ဒီလိုပြုကျင့်ခံရတာဟာ ထည့်တွက်စရာမလိုပါလို့ထင်ထားသော် လည်း နောက်ပိုင်းမဖုံးနိုင်မဖိနိုင်ဖြစ်လာတဲ့အခါ သူတစ်ပါးအသက်ကို အလွယ်တကူသတ်ဖြတ်ကြပါတယ်။ အဲဒီတော့ တစ်မှုကနေ နှစ်မှုထိ အဆင့်တိုးကာ မကောင်းမှုများ ဖြစ်လာပါတယ်။ အဲဒီလို လူသားတိုင်းမှာ မကောင်းမှုတွေများလာမယ်ဆိုရင် သဘာဝကပ်ဆိုးတွေကလည်း ဖြစ်လာမှာပါ။ အဲဒီတော့ သဘာဝကပ်ဆိုးတွေက လွတ်ကင်းပြီး နောက်နောင်ဘ၀တွေမှာလည်း ဆင်းရဲဒုက္ခမရောက်ရအောင် ကာမအမှုအမှားများမှ ရှောင်ကြဉ်ရပါမယ်။

ယနေ့ခေတ်လူငယ်များ ကာမကိစ္စကျုးလွန်တဲ့အခါ မိမိကျုးလွန်တဲ့လူဟာ ကာမေသုမိစ္ဆာစာရကံ ထိုက်မထိုက်ကို သေချာသိရှိနားလည်ဖို့အတွက် ကာမေသုမိစ္ဆာစာရကံ ထိုက်ကြောင်း



၁။ အပါယ်ဘုံသို့ ရောက်ရခြင်း။

၂။ လူဖြစ်လျှင် မိန်းမ(သို့) အခြောက်ဖြစ်ရခြင်း။

၃။ အများက မုန်းတီးရွံရှာခြင်း။

၎။ ရန်သူများခြင်း။

၅။ စိုးရိမ်ကြောင့်ကြများခြင်း။

၇။ ချမ်းချမ်းသာသာ မနေရခြင်း။

၈။ ချစ်သူနဲ့ခွဲရခြင်း၊ အိမ်ထောင်မမြဲခြင်း။

၉။ မျက်နှာမကြည်လင်ခြင်း။

၁၀။ အင်္ဂါလက္ခဏာ သေးသိမ်ခြင်း။