
မေး။ ။ ဘုရားအလိုကျ အမျှပေးဝေနည်းကိုလည်း တင်ပြပေးပါဘုရား။ ဖြေ။ ။ ပထမဦးဆုံးအနေနဲ့ ရေစက်ချခြင်းအကြောင်းကို ကျမ်းဂန်များတွင် လာရှိတာကို ဖော်ပြပေးပါမယ်။ ကျမ်းဂန်များတွင် အလှူရှင်မှ အလှူခံလက်ထဲသို့ ရေစက်သွန်းချလှူလိုက်ပြီး အလှူခံပုဂ္ဂိုလ်သည် အလှူရေစက်ကို လက်ဖြင့်ခံယူကာမျှဖြင့် အလှူဝတ္ထု သက်ရှိသက်မဲ့အရာအားလုံး အလှူခံပုဂ္ဂိုလ်ပိုင်ဆိုင်သွားပါတယ်။ (ဝိ၊ဋ္ဌ၊၃၊၄၁၆) ဗိမ္ဗိသာရမင်း